၁
မန္တလေး #မန္တလေးဆည်တော်ကြီး မှာညတွင်းချင်းရေတံခါးမျးဖွင့်ချ 5 August 2026
This video provides an informational news update and public awareness content based on publicly available sources.
The content is presented for educational and informational purposes only.
In this video, we explain recent developments related to Global public figures and trending social discussions, with a focus on facts, context, and media awareness.
မန္တလေး #မန္တလေးဆည်တော်ကြီး #mandalay #yangon #သတင်း #သတင်းစုံ2026 #burmesecelenews #internationalnews #publicawareness #publicsafety
https://youtu.be/dgjZmhV5RgA?si=xuA8JQfi1zpoLy8a
၂ (က)
သဖန်းဆိပ်ရေလှောင်တမံ

fb post SawThet Khine Win copied and shared U Myint Kyi
ခုရက်ပိုင်းအတွင်း သဖန်းဆိပ်ဆည် ဖောက်ချလို့၊ ဆည်ရေလွှတ်လို့ အောက်ပိုင်းမှာ ရေကြီးနစ်မြုတ်မှုတွေ ဖြစ်ရတယ်ဆိုပြီး online ပေါ်မှာ သတင်းမှားတွေ တွေ့နေရပါတယ်။
သဖန်းဆိပ်ဆည်ဟာ အလွန်ခိုင်ခန့်ပြီး အသားသေနေပြီဖြစ်တဲ့ မြေသားတမံကြီးပါ။ ရေစီမံခန့်ခွဲတဲ့သူတွေအနေနဲ့ El Niño ကြောင့် မိုးရွာတာ များလွန်းရင် အန္တရာယ်ဖြစ်မှာစိုးလို့ ရေ ကြိုတင်စီမံခန့်ခွဲတဲ့ လုပ်ထုံးလုပ်နည်းများအရ (ဆည်အောက်ဖက်က ကျေးရွာတွေကို ကြိုတင်အကြောင်းကြားထားပြီးမှသာ) ထိန်းညှိ လွှတ်ကြတာ ဖြစ်ကြောင်း သိရှိရပါတယ်။

မူးမြစ်ပေါ်မှာ အဆင့်ဆင့်တည်ဆောက်ထားတဲ့ သဖန်းဆိပ်ရေလှောင်တမံ၊ ကင်းတပ်ရေထိန်းတမံ၊ ကာဘိုးရေလွှဲဆည် တို့ရဲ့ (၁၁.၈.၂၀၂၆)နေ့ နာရီစဉ်ရေမှတ်များနဲ့ ဆည်များရဲ့အခြေအနေကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်။

တမံမထိခိုက်အောင် ဆည်အတွင်းရှိရေများကို ရေပိုလွှဲမှ ပုံမှန်အတိုင်းသာ ထုတ်လွှတ်ထားကြောင်း တွေ့ရပါတယ်။ ဆည်အတွင်း သဲနုန်းပို့ချမှုများ မဖြစ်စေရန် သဲထုတ်ရေတံခါးများကိုသာ ဖွင့်ထားပြီး၊ တူမြောင်းရေပေးတံခါးများကို ပိတ်ထားကြောင်း တွေ့ရပါတယ်။

သဖန်းဆိပ်ရေလှောင်တမံ နဲ့ ကာဘိုးရေလွှဲဆည် ကြားထဲမှာ မူးမြစ်ထဲစီးဝင်တဲ့ ချောင်းမကြီး (၇)ခု ရှိတာကိုလည်း တွေ့ရမှာပါ။ မုန်တိုင်းမိုးရွာသွန်းရင် မူးမြစ်ထဲ တိုးလာမယ့် ရေပမာဏကို မှန်းဆကြည့်နိုင်ပါတယ်။
ထို့ကြောင့် မူးမြစ်ရေကြီးခြင်းမှာ ဆည်၊တာတမံများမှပရမ်းပတာဖောက်ထုတ် ဖွင့်ချခြင်း၊ ဆည်ရေလွှတ်ခြင်းတို့ကြောင့် မဟုတ်ပါကြောင်း အများပြည်သူကို သိစေချင်ပါတယ်။


သဖန်းဆိပ်ဆည်အခြေအနေနှင့် မူးမြစ်ဘေး ရေဘေးအန္တရာယ် သတိပေးချက် made with Ai , video documentary
8 August 2026




https://youtu.be/_5af7yjGBog?si=C2lpy7DVd5qSJEHI
…………
၃
အကြီးဆုံးဆည်နဲ့အဆိုးဆုံးရေဘေးသင့် ပြန်တဲ့အညာ
People’s Spring လူထုနွေဦး 9 August 2026 သတင်း
https://youtu.be/xMcdciT8EwA?si=xtSbfwcrN-On1aD0
အကြီးဆုံးဆည်နဲ့ အဆိုးဆုံးရေဘေးသင့်ပြန်တဲ့အညာ
ကဖေး/People’s Spring မြန်မာပြည်တစ်ဝန်း ရေကြီးရေဘေးသတင်းများ
နိုင်ငံတစ်ဝန်းရေဘေးကြုံနေတဲ့ဒေသတွေထဲမှာ အဆိုးရွားဆုံးဖြစ်နေတဲ့စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၀ ခုထက်မနည်း ရေဘေးရင်ဆိုင်နေရပြီး ၂ ရက်အတွင်းအနည်းဆုံးပြည်သူ ၇ ဦး သေဆုံးခဲ့ရပြီဖြစ်ပါတယ်။
စစ်ဘေးကြောင့် ညက်ညက်ကြေနေတဲ့အချိန်မှာ မမျှော်လင့်ဘဲကြုံရတဲ့ ဒီရေဘေးစတင်ရာအရင်းအမြစ်က မြန်မာနိုင်ငံမှာ အကြီးဆုံးနဲ့အရှေ့တောင်အာရှမှာ အရှည်ဆုံး မြေသားရေလှောင်တမံဖြစ်တဲ့ သဖန်းဆိပ်ဆည်ဖြစ်ပါတယ်။
ဒေသတွင်းမှာမိုးကြီးပြီးတဲ့နောက်ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည်ဟာ ရေလျှံနေသလို မိုးလည်းဆက်ကြီးနေလို့ ဆည်အောက်ဘက်က မြို့နယ်တွေမှာ ဩဂုတ်လ ၅ရက်နေ့ကစပြီး ရေဘေးကြုံတွေ့နေတာဖြစ်ပါတယ်။
လတ်တလော စစ်ကိုင်းတိုင်းကို ရေဘေးအဆိုးဆုံးကြုံစေတဲ့သဖန်းဆိပ်ဆည်ကိုဗိုလ်ချုပ်မူးကြီးသန်းရွှေ လက်ထက် ၁၉၉၈ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၂၀၀၂ခုနစ်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဆည်တည်ဆောက်လို့ ကျွန်းလှ နဲ့ ကန့်ဘလူမြိ့နယ်က ကျေးရွာတွေ ရာချီ ရွှေ့ပြောင်းခဲ့ရပါတယ်။
ဆည်အောက်ဖက်က မြို့နယ်တွေအတွက် မိုးစပါး စိုက်ဧက ၅ သိန်း၊ နွေစပါး စိုက်ဧက ၃ သိန်းကျော်ကို ရေပေးဖို့ တည်ဆောက်ခဲ့တာလို့ စစ်အစိုးရက ဝါဒဖြန့်ခဲ့ပေမယ့် စီမံခန့်ခွဲမှုအလွဲတွေကြောင့် ရေအလုံအလောက်မရကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ ဆည်ရေလျှံပြီးစစ်ကိုင်းတိုင်းထဲက မြို့နယ်တွေ ရေဘေးကြုံနေရတာဖြစ်ပါတယ်။
ဆည်အမြင့် ပေပေါင်း ၁၀၈ ပေမြင့်ပြီး အလျား ၆ ဒသမ ၉ ကီလိုမီတာခန့်ရှိပြီးတော့ရေပမာဏ ၃ ဒသမ ၅ ဘီလီယံကျော်သိုလှောင်နိုင်တယ်လို့ဆိုပါတယ် ။
သဖန်းဆိပ်ဆည်ကနေဆက်တိုက်ရေလွှတ်နေပြီးရေတွေဟာ ကာဘိုးဆည်ကနေတဆင့် ရေတံခါးတွေဖွင့်ထားတာကြောင့်မူးမြစ် ထဲရောက်ကာအောက်ဘက်သို့ ဆက်လက်ဆင်းလာနေကြောင်း၊ မူးမြစ် (နတ်မူးမြစ်) ရေဟာ ယခုလက်ရှိ ရေပြင်ထက် ပိုပြီး တက်လာနိုင်တာကြောင့် မူးမြစ်ဘေး ကျေးရွာတွေ ရေဘေးအန္တရာယ်ကို သတိပြုကြဖို့နဲ့ ကောက်ပဲသီးနှံတွေကို ရေလွတ်ရာ အချိန်မီ ရွှေ့ပြောင်းကြဖို့ ရွှေဘိုခရိုင် ပြည်သူ့ကာ
ကွယ်ရေးအဖွဲ့က အသိပေးထားပါတယ်။
အဆိုပါရေတွေဟာ ဝက်လက်၊ ဘုတလင်၊ အရာတော်နဲ့ စစ်ကိုင်းမြို့နယ်တွေအထိ သက်ရောက်မှာ ဖြစ်ပါတယ်။ ဝက်လက်၊ ဘုတလင်နဲ့ အရာတော်က တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း ရေဘေးနဲ့ပတ်သက်ပြီး သတိပေးကြေညာချက်တွေ ဆက်တိုက်ထုတ်ပြန်နေကြပါတယ်။
ဆည်အောက်ဖက်ကမြို့နယ်တွေဖြစ်တဲ့ကန့်ဘလူ၊ခင်ဦး၊ရွှေဘို၊ဝက်လက်၊တန့်ဆည်၊ဒီပဲယင်း၊ဘုတလင်၊အရာတော်မြို့၊ရေဦးမြို့နယ်တွေအပြင် ဒေသတွင်းဆက်စပ်နေတဲ့ ကောလင်းနဲ့အင်းတော်မြို့နယ်တွေမှာလည်း ရေဘေးကြောင့် အခက်အခဲတွေရင်ဆိုင်နေကြရပါတယ်။
” အများပြည်သူသွားလာနေတဲ့လမ်းတွေကိုလည်း စစ်တပ်ကထိန်းချုပ်ထားပြီး ပေးမသွားတဲ့အတွက် အခြေအနေပိုဆိုးနေတယ်။ ရှောင်ကွင်းလမ်းတွေကလည်းရေမြုပ်နေပြီ။ပျက်စီးနေပြီ။အခက်အခဲတွေကတော့လူမသိသူမသိနဲ့အများကြီးဖြစ်နေတယ်”လို့ တန့်ဆည်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
တန့်ဆည်မြို့ဟာ လက်ရှိရေဘေးမှာ အဆိုးရွားဆုံးရင်ဆိုင်နေရတဲ့ မြို့နယ်တွေထဲကတစ်ခုဖြစ်ပါတယ်။ လူသေဆုံးမှုမရှိသေးပေမယ့် အိမ်မွေးတိရိစ္ဆာန်တွေရေဘေးနဲ့မျောပါသေဆုံးပြီး ကျေးရွာအများအပြားရေမြုပ်နေတယ်လို့သိရပါတယ်။
လူသေဆုံးမှုက ဒီပဲယင်းမြို့နယ်မှာ သြဂုတ်လ၆ရက်နေ့လယ်ပိုင်းကကောက်စိုက်ပြန် ကောက်စိုက်သမဆယ်ဦး ၊ချောင်းကိုဖြတ်ကူးစဉ် ရုတ်တရက်ချောင်းရေတိုးပြီး ခြောက်ဦး မျောပါသေဆုံးခဲ့ပါတယ်။ ဩဂုတ်လ၇ရက်နေ့မှာတော့ ရေဦးမြို့နယ်မှာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
“ဆည်ရေလွှတ်နေတာမို့ မကူး နဲ့လို့ သတိပေးတာကို ကူးတာဗျာ။ ကယ်လို့ မရခဲ့ဘူး” လို့ ဒီပဲယင်းမြို့မှာ နေထိုင်သူတဦးကပြောပါတယ်။
သြဂုတ်လ၆ရက်နေ့လယ်ပိုင်းကလည်း ဒီပဲယင်းမြို့နယ် အင်ဘုတ်ရွာအုပ်စု၊ချောင်းရိုးကျေးရွာ မြောက်ဘက်ချောင်းထဲမှာ ကောက်စိုက်ပြန် ကောက်စိုက်သမ(၁၀)ဦး ၊ချောင်းကိုဖြတ်ကူးနေုတုန်းမှာပဲ ရုတ်တရက်ချောင်းရေတွေ တိုးလာပြီး (၁၀)ဦးလုံး မျောပါသွားခဲ့တယ်။ အဲဒီ (၁၀)ဦးအနက် (၄)ဦးပဲ အသက်ရှင်ပြီး (၆)ဦးသေဆုံးခဲ့ပါတယ်။
လက်ရှိရေဘေးမှာစစ်ကိုင်းတိုင်းအတွင်းသြဂုတ် ၈ ရက် နေ့ခင်းဘက်ရတဲ့စာရင်းတွေအထိ သေဆုံးသူခုနစ်ဦးရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ရေဘေးသင့် သူအရေအတွက်ကို စာရင်းကောက်ယူနေဆဲဖြစ်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌဦးမြင့်ထွေးကပြောပါတယ်။
“၂၀၁၄ -၁၅ ကတခါသဖန်းဆိပ်ဆည်ရေလျှံလို့ တနယ်လုံးရေဘေးရင်ဆိုင်ခဲ့ရတယ်။အခုတခါထပ်ကြုံတယ်။ အကူအညီတွေအများကြီးလိုအပ်နေပေမယ့် ကျနော်တို့ အညာဒေသကိုမလာနိုင်တာလည်းနားလည်ပါတယ်။ တတ်နိုင်တဲ့နည်းလမ်းနဲ့တော့ကူညီစေချင်ပါတယ်” လို့ ဦးမြင့်ထွေးကပြောပါတယ်။
ဩဂုတ်လလယ်အထိ ရာသီဥတု အခြေအနေအရ ရေကြီးနေတဲ့ဒေသတွေမှာ မိုးဆက်ရွာမယ့်အခြေအနေရှိနေပါတယ်။ဘင်္ဂလားပင်လယ် အော်မှာ မုတ်သုန်လေအားကောင်းနေတဲ့အတွက် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ဧရာဝတီတိုင်းမှာ မိုးဆက်ကောင်းနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။
ရေဦးမြို့နယ်က CDM ဆရာမတစ်ဦးကတော့ သူ့သားငယ်နဲ့အတူ ရေမြုပ်နေတဲ့ အိမ်ကနေ ဘေးလွတ်ရာရှောင်လာရင်းကနေ အခုလိုပြောပါတယ် ။
“စစ်တပ်ကြောင့် ဘေးအန္တရာယ်မျိုးမျိုးစုံကို ကျမတို့ နိုင်ငံသားတွေကျောကော့နေအောင် ခံခဲ့ရပြီးပြီ။ အဲ့ဒီဒုက္ခတွေထဲကနေပဲလူသားဆန်မှုကိုကျမတို့မျှော်လင့်နေပါတယ်။အတူတူရပ်တည်ပေးပါ” လို့သူမက ပြည်သူတွေကိုမေတ္တာရပ်ခံပါတယ် ။ ။
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
