HLA Min fb post လာ Myat Zaw ၃/၈/၂၀၂၆ ၏ သူ့အဆို
တာကျိုး ၍ တာတွင်းရေဝင်ခြင်း၏ကောင်းကျိုးဆိုးကျိုး
ငဝန်မြစ်တာ သမိုင်းနှင့် ဆန်စပါးစိုက်ပျိုးရေးနှင့် လိုအပ်သည့်နုန်းမြေဩဇာ

သူ့ အဆို
…
လေးမျက်နှာရေကြီးရခြင်း(ဗဟုသုတလေး အဖြစ်)
လေးမျက်နှာရေကြီးတာကိုမပြောခင် ဧရာဝတီတိုင်း၏မြေမျက်နှာသွင်ပြင်ကို ပထမပြောပြချင်ပါတယ်
ဧရာဝတီတိုင်းလို့ပြောလိုက်ရင်မြစ်ချောင်းတွေပေါများပြီး
စပါးခင်းများနဲ့ပြည့်နေတဲ့တိုင်းဒေသလို့
အကြမ်းပြင်းနားလည်ကြပေမဲ့
သူ့ဧရိယာတခုလုံးအနေနဲ့ကတော့နေရာတိုင်းအဲ့လိုဖြစ်မနေပါဘူး
အကြမ်းအားဖြင့်
၁
အောက်ဖက် တောင်ဖက်အကျဆုံးဒီရေရောက် ကျွန်းများရှိရာအပိုင်း
(ငပုတော မြောင်းမြ လပွတ္တာ မအူပင် ဖျာပုံ )
၂
အလည်ပိုင်းဖြစ်သော
(ပုသိမ် ရေကြည် ကျုံပျော် ကျောင်းကုန်းပန်းတနော် ညောင်တုန်း ဓနုဖြူ ဇလွန်ဟသ်ာတ လေးမျက်နှာ )
၃
အညာဆန်သော မြောက်ဖက်ပိုင်း ( အဂ်ပူ မြင်အောင် ကြံခင်း )
ဤလို ၃ ပိုင်းရှိသော အပိုင်းများအနက်မြိုရွာအများဆုံး အလည်ပိုင်းသည်အဂ်လိပ် လက်အောက် မကျရောက်မှီ အထိ
မိုးစပါးကို ဟုတ်တိပတ်တိမစိုက်နိုင်ကြသေးပေ
အကြောင်းသော်က
ထို ဒေသသည် မိုးရာသီ ရောက်ပြီဆိုလျှင် ဧရာဝတီ နှင့် ငဝန်
မြစ်ရေများလျှံတက်ပြီးလယ်မြေများအားလုံးလိုလို
ရေများဖုံးလွှမ်းကုန်၍ဖြစ်ပေ၏
၁၈၅၂ ခုနှစ်အဂ်လိပ်/မြန်မာ ဒုတိယစစ်ပွဲအပြီး အောက်မြန်မာပြည်ကိုအဂ်လိပ်ကသိမ်းပိုက်လိုက်ပြီးသည့်နောက်တွင်
ဧရာဝတီ၏ အနောက်ဖက်မှပထမဦးဆုံးနှင့်အကြီးဆုံး
ခွဲထွက်လာသည့် မြစ်ခွဲဖြစ်သောငဝန်မြစ် စတင်ခွဲထွက်ရာ
ဟသ်ာတမြို့ အထက်နားမှစ၍
ဧရာဝတီမြစ်
အနောက်ဖက်ကမ်းတလျှောက်ဓနုဖြူမြို့အထိနှင့်
ငဝန်မြစ်
အရှေ့ဖက်ကမ်းတလျှောက်သာပေါင်းမြို့ တဖက်ကမ်းအထိ
အမြင့် ၁၈ ပေ ခန့်ရှိသောမြေသားတာကြီးကို ဂငယ်ပုံ
ကာလိုက်လေ၏
ထိုအခါ စ၍၄င်း ဂငယ်သဏ္ဍန် တာအတွင်း
ဝင်သွားသော ဧရာဝတီတိုင်း အလည်ပိုင်းမှ
မြို့နယ်များအားလုံး မိုးရာသီတွင်
စပါးကောင်းကောင်းစိုက်ပျိုးနိုင်လေတော့၏
သို့အတွက်ကြောင့်လည်းအဂ်လိပ်လက်ထက်တွင်
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ဆန်စပါးတင်ပို့မှုအများဆုံးနိုင်ငံ
ဖြစ်ခဲ့ရလေ၏
သို့သော် တာတွင်းမြို့ရွာများ၏နေအိမ်များမှာ မိုးတွင်းရေအပြည့်ဆုံးတာထိပ်ရေတိုက်နေသောအချိန်တွင်
ရေပြင်အမြင့်သည် အိမ်ခေါင်နှင့်တတန်းတည်း ဖြစ်နေရာ
တာကျိုးရင်တော့ ဒုက္ခပါပဲဟုတွေးရင်း ရင်တုန်နေကြရ၏
ထိုအခါအခြားမြို့ရွာများတွင်နွေရာသီမီးဘေးအန္တရာယ်အတွက်
မီးကင်းစောင့်ကြရသလိုတာဘေးမြို့ရွာများတွင်
မိုးရာသီ ရေကင်းစောင့်ကြရ၏
ထိုသို့ကင်းစောင့်နေစဥ်တာ၏တနေရာရာမှ
ထူးပေါက်ခြင်း( ရေများစိမ့်ထွက်လာခြင်း )
တာမျက်နှာပြင် အိကျသွားခြင်းများဖြစ်လျှင်
အနီးဆုံးကင်းသမားကသံချောင်းခေါက်အချက်ပေးရ၏
ထိုအခါအနီးအနားရှိသူများရောက်လာကြပြီး
လိုအပ်သောပြုပြင်မှုများကိုလုပ်၍တာမကျိုးရန်လုပ်ကြရ၏
ဆည်မြောင်းဌာနမှလည်း မြို့အလိုက်ပြုပြင်ထိန်းသိမ်းရေး စခန်းများဖွင့်ထားပြီး နွေရာသီ တွင်
တာကြံ့ခိုင်ရေးကို လိုက်လံစစ်ဆေးပေးရ၏
အားနည်းသောနေရာတွေ့လျှင်ပန်းတာထပ်လုပ်ပေးရ၏
ပန်းတာဆိုသည်ကားအားနည်းသောနေရာကို
နောက်ဖက်မှ ပတ်၍တာထပ်ကာခြင်းဖြစ်၏
လေးမျက်နှာတွင် ယခုတာကျိုးခြင်းက
ရေကင်းမရှိ၍လော ပန်းတာမရှိ၍လော
ရွာခံများသာသိကြပေမည်
မြစ်ညှာမှ ရေထပ်မတိုးရင်တော့
လက်ရှိဝင်လာသောရေများ အနီးအနား
မြို့ရွာများသို့ ဆက်လက်ပြန့်ဆင်းသွားလျှင်
လေးမျက်နှာ ၌ ရေကျဖွယ်ရှိသလို
အခြားမြို့များသို့ရေများထပ်ကြီးမည့်
အန္တရာယ်လည်းရှိပေ၏
ဤနေရာတွင် နောက်တခုပြောပြချင်သည်ကား
တာပြင်မြစ်အနောက်ဖက်ဒေသ အကြောင်းပင်ဖြစ်ပါ၏
ထိုတာကြီး ပတ်မကာမှီက
မိုးရာသီ ရေတက်သောကာလတွင်တက်လာသောရေသည်
မြစ်၏အရှေ့အနောက်မျှ၍ပြန့်သွားသော်လည်း
တာကြီးပြုလုပ်ပြီးသည့်နောက်တွင်
အနောက်ဖက်တခုထဲကိုသာပြုံ၍တိုးပြီးတက်သဖြင့်
ယခင်ထက်ပိုပြီးရေတက်ရာ
ရခိုင်ရိုးအခြေနားအထိရောက်လေတော့၏
ထိုအခါမြစ်အနောက်ဖက်ရွာများသည်
ကုန်းမြင့်ရာနေရာများသာရွေး၍ရွာတည်ကြရပြီး
အိမ်ကြမ်းပြင်ကိုတာ၏မျက်နှာပြင်နှင့် လယ်ဘယ်ညှိ
ဆောက်လုပ်ထားကြရာ
၄င်းတို့လယ်များမှာရေ ဖွေးနေသော်လည်း
အိမ်များကတော့ ဘယ်တော့ အခါမှရေမမြုပ်တော့ပေ
သို့ဖြစ်ရာ ထိုရွာများသည်မိုးရာသီးတွင် စပါးမစိုက်နိုင်ကြပေ
သို့သော်
သတင်းကျွတ်မြစ်ရေအကျတွင်
ရေကျပေါက်များမှ ပိတ်ဖမ်းလျှင်
ရေချိုငါးများအဆမတန်ရကြပေရာ
ရေချိုငပိကောင်းများ လှိုင်လှိုင် ထွက်ပေ၏
ထိုအပြင် မိုးရာသီတ လျှောက်
တက်ထားသောရေများကျသွားသောအခါ
၄င်းတို့ပိုင်လယ်မြေများအတွင်းမြေသြဇာအလွန်ကောင်းသည့်နှုံးများတင်ကျန်ခဲ့ကြရာ အားစိုက်ထွန်ယက်ရန်မလိုပဲ ဆောင်းသီးနှံများအောင်မြင်ဖြစ်ထွန်းကြပြန်၍
စီးပွားရေးအဆင်ပြေကြပြန်၏
တာတွင်းဒေသများကားမြစ်ရေကြီးချိန် ရေမရောက်ပေရာ
နှုံးတင်မြေနု မရကြသဖြင့်ဓါတ်မြေသြဇာကိုသာ
အားထားစိုက်ပျိုးကြရ၏
ယခု တာကျိုး၍ လောလောဆယ် အတိဒုက္ခရောက်ကြရသော်လည်း
ဝင်ရောက်လာသောရေများနှင့်အတူပါသော
နှုံးများက သဘာဝမြေသြဇာများပင်ဖြစ်ရာ
နောက်နှစ်များတွင် စပါးများအထွက်တိုးကြပေတော့မည်
ထိုကြောင့်လည်း
တာတွင်းနေလယ်သမာကြီးများကနှစ်ကြာကြာမှာတခါတော့လည်းတာကျိုးပေးဖို့ လိုပါတယ်လို့
ပြောတတ်ကြပါကြောင်း ။
မြတ်ဇော်
၃၊၈၊၂၀၂၆
Via Bamar Sayawon
ထိန်ငူတာကျိုးပေါက်စဉ်နဲ့ယခုလေးမျက်နှာတာကျိုးပေါက်စဉ်
https://www.facebook.com/reel/1732089097836460/?fs=e&fs=e
ငဝန်တာ ကျိုးပေါက်မှု ၊လေးမျက်နှာ သတင်း
https://fb.watch/IUe2HmDy0C/?fs=e
ဧရာတိုင်းတာဝန်ခဲဆည်မြောင်းညွှန်မှူး၏ ရေဘေးကာကွယ်ရေးရှင်းပြချက် MRTV သတင်း
https://www.facebook.com/reel/1786549602334677/?fs=e&fs=e
တာကျိုးသွားသည့်တာမကြီးနေရာ
https://www.facebook.com/reel/2022250469163323/?fs=e&fs=e
ငဝန်တာပိတ်ဆို့ရန်ကြိုးစားနေကြပုံ
https://www.facebook.com/reel/1353683643497096/?fs=e&fs=e
လေးမျက်နှာရေကြီးမှုအခြေအနေ နှင့် ငဝန်တာနောက်ခံသမိုင်း
Ko Kyi News 4 August 2026 Facebook
https://www.facebook.com/reel/1592636822446668/?fs=e&fs=e
6 August ငဝန်တာကျိုးပေါက်
https://www.facebook.com/reel/1064671396250011/?fs=e&fs=e
8/8/2026 ဆောက်လုပ်ရေးဌာနမှSheet Piles များကုညီပိတ်ဆို့နေ
https://www.facebook.com/reel/1378091390320583/?fs=e&fs=e
Today Trendy Facebook post
ရေစီးသန်လွန်းလို့ ကရိန်းကြီးတွေနဲ့ သံမဏိပြားတွေပါ ရိုက်စိုက်ပြီး နေ့ရောညပါ အသည်းအသန် ပြုပြင်နေတဲ့ငဝန်တာတမံ
ဆောက်လုပ်ရေးမှ ကရိန်းကြီးများဖြင့် Steel Sheet Pile ရိုက်စိုက်ခြင်းအပါအဝင် ဌာနပေါင်းစုံမှ ၂၄ နာရီပတ်လုံး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း
ငဝန်တာတမံ အောက်ခံ သဲကြော ထူးပေါက်မှုကြောင့် တာနိမ့်ကျကာ ရေကျော်စီးဝင်နေမှုကို အချိန်မီ တားဆီးနိုင်ရန်အတွက် ဆောက်လုပ်ရေး အဖွဲမှ ကရိန်း (Crane) ကြီးများနှင့် စက်ယန္တရားများ အသုံးပြု၍ Steel Sheet Pile (သံမဏိ တာတားပြားများ) ရိုက်စိုက်သည့် လုပ်ငန်းများကို အရေးပေါ် အရှိန်အဟုန်မြှင့် ထည့်သွင်း ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ လုပ်ငန်းခွင်အတွင်း –
ဆောက်လုပ်ရေး၏ Steel Sheet Pile ရိုက်စိုက်မှု – ရေစီးအား သန်လွန်းသည့်နေရာများနှင့် မြေအောက်ရေစိမ့်ဝင်မှု အားကောင်းသည့် သဲကြောများကို အပြီးတိုင် ပိတ်ဆိုနိုင်ရန် ဆောက်လုပ်ရေးမှ ကရိန်းကြီးများကို အသုံးပြု၍ Steel Sheet Pile ပြားများကို ရေအောက် အုတ်မြစ်အထိ ခိုင်ခံ့စွာ ရိုက်စိုက်ပေးလျက်ရှိပါသည်။

Geo Bag များဖြင့် ထပ်ဆင့်ဖိသိပ်ခြင်း – ဆောက်လုပ်ရေးမှ ရိုက်စိုက်ပေးထားသည့် Sheet Pile ရေကာနံရံများ၏ ဘေးပတ်လည်နှင့် တာနိမ့်ကျသွားသည့် နေရာများတွင် သဲစုပ်စက်လှေ ၁၃ စီးမှ စုပ်ယူရရှိသော သဲများဖြည့်ထားသည့် Geo Bag အိတ်ကြီးများကို ထပ်ဆင့်စီရီ ဖိသိပ်ခြင်း၊
ဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု – ဆည်မြောင်း၊ မြစ်ချောင်းဖြိုး၊ ဆောက်လုပ်ရေး၊ တပ်မတော်နှင့် မီးသတ်တပ်ဖွဲဝင် စုစုပေါင်း အင်အား ၂၀၀ ကျော်တိုသည် Night Light မီးဆိုင်းများအောက်တွင် နေ့ဆိုင်း/ညဆိုင်း ၂၄ နာရီပတ်လုံး မနားတမ်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဆောက်လုပ်ရေးမှ ကရိန်းကြီးများဖြင့် Steel Sheet Pile များ စနစ်တကျ ရိုက်စိုက်ပေးခြင်းနှင့် Geo Bag များ ဖိသိပ်ခြင်းတိုကြောင့် တာတမံ ရေစိမ့်မှုနှင့် ရေကျော်မှုကို ပိုမိုခိုင်ခံ့စွာ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးမြေများနှင့် ပြည်သူများ၏ အိုးအိမ်များ ရေဘေးမှ အမြန်ဆုံးကင်းဝေးစေရေးအတွက် ဆက်လက် အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
