FLOODS မြန်မာ့ရေဘေး သတင်းစုံ ၂၀၂၆

မြန်မာရိါ့းရာနတိချင်းများ

အပျိုတော်နတိသံပစ်အက

https://youtube.com/playlist?list=PLhwJd44K-ZU3-xDYPz7ONoZBc6gnO3gig&si=n_0pzvCCJE4quJfS

မြန်မာ့ရိုးရာအကအလှများကိုအစဥ်မပြတ်ကြည့်ရှုနိုင်ဖို့ Channel Mudra ကို Subscribe လုပ်ထားနိုင်ပါပြီ

channelmudramyanmar #အပျိုတော်နတ်သံပစ် အက #dance

ငဝန်ရေကာတာကျိုးမှုနောက်ကွယ်က လေးမျက်နှာမြို့ရေဘေး

ရေကြီးသတင်း 6 August 2026

https://www.facebook.com/reel/1827640215075335/?fs=e&fs=e

သတင်း 10 August 2026

https://www.facebook.com/reel/1680310809692883/?fs=e&fs=e

တကျိုးပိတ်သတင်း

https://www.facebook.com/reel/1366253234945331/?fs=e&fs=e

Ayeyarwaddy Region Government Fb post သတင်း

https://fb.watch/IZk6EY-951/?fs=e

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအများအပြား ရက်သတ္တပတ်နီးပါး ရေနစ်မြုပ်နေပြီး လူသောင်းနဲ့ချီ ရေဘေးသင့်နေပါတယ်။ ဒေသခံတွေကတော့ ဒီရေဘေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ၁၉၉၁ခုနှစ်က ထိန်ငူတာကျိုးပြီးနောက်ပိုင်း အဆိုးရွားဆုံး ရေကြီးမှုလို့ ပြောဆိုနေကြပါတယ်။

ရေကာတာကျိုးပေါက်ရာကနေ ရေတွေ ဆက်လက်ဝင်ရောက်နေသေးတာကြောင့် ရေလွှမ်းဧရိယာ ပိုမိုကျယ်ပြန့်လာနေပြီး ငါးသိုင်းချောင်းမြို့နဲ့ ကျုံပျော်မြို့နယ်ဘက်က ကျေးရွာတချို့အထိပါ ရေဝင်ရောက်နေပါတယ်။ ဒေသခံအများစုဟာ ဘုန်းကြီးကျောင်းတွေ၊ ကယ်ဆယ်ရေးစခန်းတွေနဲ့ ဆွေမျိုးအိမ်တွေမှာ ယာယီခိုလှုံနေကြရသလို အစားအသောက်၊ ဆက်သွယ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း အခက်အခဲတွေ ဆက်လက်ရှိနေပါတယ်။

စစ်အစိုးရရဲ့ ဩဂုတ် ၅ ရက် ထုတ်ပြန်ချက်အရ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၁၀ ကျော်၊ အိမ်ထောင်စု ၇,၀၀၀ ကျော်၊ လူဦးရေ ၃၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။ ကျွမ်းကျင်သူတချို့ကတော့ ရေပြန်ကျဖို့ နှစ်လကနေ သုံးလအထိ ကြာမြင့်နိုင်တယ်လို့ သတိပေးထားပြီး အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ရေအန္တရာယ်ကျရောက်နိုင်တဲ့ ဒေသတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ်။

ကိုလှိုင်း/ Myanmar Now

https://youtu.be/iSUcCGG30z0?si=x1VxdW_VuYmDf6TD

အကူအညီတွေလိုနေတဲ့ စစ်ကိုင်းရေဘေး BBC News မြန်မာ

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၁၀ခုမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတာ လေးရက်ရှိလာပါပြီ။ လူသေဆုံးမှုတွေလဲ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်တဲ့ ကျေးရွာတွေအတွက် ကူညီကယ်ဆယ်ရေးအပိုင်းတွေမှာ လိုအပ်ချက်မြင့်မားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးကို ကူညီနေတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ လူသားချင်းစာနာ ကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဦးတိုးဝေအောင်က အခုလိုဖြေကြားပါတယ်။

ဘီဘီစီမြန်မာပိုင်း #စစ်ကိုင်းတိုင်း #ရေဘေး Ti

https://youtu.be/lds_rbydpaM?si=aVVTOP9FZOo1v8-H

…………………

ဆည်ဆိုတာ လိုအပ်ချက်အမျိုးမျိုးနဲ့ ရေကို ရည်ရွယ်ချက်ရှိရှိ စုထားတဲ့ ရေလှောင်ကန်ပါ။ စိုက်ပျိုးရေးအတွက် အဓိကထားပြီး ဆောက်ကြတာလည်းရှိမယ်၊ ရေအားလျှပ် စစ်ထုတ်ဖို့ ဆောက်ကြတာလည်းရှိမယ်။

သဘာဝအတိုင်းဆို မိုးရွာတဲ့အခါ တောင်ပေါ်၊ မြေပြင်နဲ့ ချောင်းငယ်တွေကနေ ရေတွေစုပြီး မြစ်ထဲကို တစ်ဆင့်ပြီးတစ်ဆင့် စီးဝင်လာပါတယ်။ ဆည်ရှိတဲ့နေရာမှာတော့ အဲဒီရေထဲက တစ်စိတ်တစ်ပိုင်းကို ရေလှောင်ကန်ထဲမှာ ခဏထိန်းထားနိုင်တာပါ။ အဲဒါကြောင့် ဆည်ဆိုတာ ရေကို အမြဲတမ်းပိတ်ထားတဲ့အရာ မဟုတ်ဘဲ ရေဝင်ရေထွက်ကို စီမံခန့်ခွဲတဲ့ infrastructure တစ်ခုလို့ နားလည်ရင် ပိုမှန်ပါလိမ့်မယ်။

ဆည်ရဲ့သဘောတရားက သတ်မှတ်ရေ အမြင့်၊ ရေအဆင့်နဲ့ ရေလှောင်နိုင်တဲ့ ပမာဏတွေကို အခြေခံပြီး ရေပိုလာရင် ရေပိုလွှဲ (spillway) ကနေ ရေထုတ်နိုင်အောင် တည်ဆောက်ထားတာပါ။ ရေပိုလွှဲ spillway ဟာ ရေအမြင့်သတ်မှတ်အဆင့်ရောက်ရင် အလိုအလျောက် ရေလျှံကျတဲ့စနစ်ရှိသလို၊ ဂိတ်တံခါးစနစ်နဲ့ ရေကို ထိန်းချုပ်ပြီး ရေလွှတ်နိုင်တာလည်းရှိပါတယ်။

စိုက်ပျိုးရေးအတွက် ရည်ရွယ်တဲ့ ဆည်တွေမှာ မြေသားတမံတွေ အများကြီးတွေ့ရသလို၊ ရေအားလျှပ်စစ်အတွက် ဆောက်တဲ့ဆည်တွေမှာလည်း ကွန်ကရစ်တမံတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဆည်ရဲ့ ရည်ရွယ်ချက်နဲ့ တမံအမျိုးအစားက တိုက်ရိုက်တစ်ခုတည်း မသတ်မှတ်နိုင်ပါဘူး။ မြေသား၊ ကျောက်ဖြည့်၊ ကွန်ကရစ် စတဲ့ တမံအမျိုးအစားတွေကို မြေပြင်အခြေအနေ၊ အောက်ခံမြေသား၊အုတ်မြစ်နဲ့ engineering design ပေါ်မူတည်ပြီး ရွေးချယ်တည်ဆောက်ကြတာပါ။

အများနားလည်တဲ့ term နဲ့ပြောရရင် အိမ်မှာ မိုးရေခံထားတဲ့ ခွက်တစ်ခုဟာ ပြည့်သွားရင် ရေတွေ လျှံကျလာမှာပါပဲ။

သဘာဝမှာလည်း ဒီလိုပါပဲ။ မိုးရွာတာများလာရင် မြေကြီးက ရေစုပ်ယူနိုင်တဲ့ ပမာဏထက် ကျော်လာတဲ့ရေတွေက မြေပြင်ပေါ် စီးလာပြီး ချောင်းတွေ၊ မြစ်တွေထဲ ဝင်လာပါတယ်။ မိုးရွာသွန်းမှု intensity အရမ်းများတဲ့အချိန်မှာ ဒီရေဝင်နှုန်းက အလွန်မြန်လာနိုင်ပါတယ်။ အလွန်များလာနိုင်ပါတယ်။

ဆည်ရှိတဲ့အခါ အဲဒီရေတွေထဲက တစ်စိတ်တစ်ပိုင်းကို ရေလှောင်ကန်ထဲမှာ ခဏထိန်းထားနိုင်ပါတယ်။ ဒါပေမယ့် မိုးအရမ်းများပြီး ဝင်ရေက ဆက်တိုက်တက်လာရင် ရေ လှောင်ကန်ကလည်း အဆုံးမရှိတဲ့နေရာ မဟုတ်တဲ့အတွက် ရေကို ထိန်းချုပ်ပြီး ပြန်လွှတ်ရမှာပါ။

အဲဒီအတွက် ဆည်ရှိလို့၊ ဆည်ရေလွှတ်ချလို့ flood ဖြစ်တာလို့ တစ်ချက်တည်း ပြောလို့မရပါဘူး။ ဒါပေမယ့် ဆည်ရှိတာတိုင်း flood ကို အပြည့်အဝ ၁၀၀% တားပေးတယ်လို့လည်း မဆိုလိုနိုင်ပါဘူး။ အချိန်ကာလတစ်ခုမျှသာ တားပေးနိုင်ခြင်း ဖြစ်ပါတယ်။

ဆည်ဆိုတာ buffer/storage zone တစ်ခုလိုပဲ။ ဆည်မရှိဘဲ မိုးရေတွေ တစ်ခါတည်း မြစ်ထဲ ဝင်တာထက် ဆည်က ရေကို ခဏထိန်းထားနိုင်တဲ့အတွက် အခြေအနေပေါ်မူတည်ပြီး ရေကြီးမှုရဲ့ peak flow ကို လျှော့ချပေးနိုင်ပါတယ်။ ခနထိမ်း​ပေးထားတဲ့ သ​ဘောပါပဲ။

သို့သော်လည်း မိုးအလွန်များပြီး ရေလှောင် ကန်ထဲကို ဝင်လာတဲ့ရေက များလွန်းလို့ ရေလှောင်နိုင်တဲ့အခြေအနေကို ရောက်လာရင် ရေကို လွှတ်ချရမှာ ကမ္ဘာတစ်ဝှမ်းရှိ ဖော်မျူလာ Formularပါပဲ။

အဲဒီအချိန်မှာ downstream ရေတက်နိုင်ပါတယ်။ ဒါပေမယ့် ဆည်သာမရှိခဲ့ရင် အဲဒီရေတွေက ပိုပြီးတိုက်ရိုက် downstream ကို ဝင်လာနိုင်တာကြောင့် flood peak ပိုများနိုင်ပါတယ်။ ​ပတ်ဝန်းကျင်ကို ​ရေကြီး​ရေလျှံမှု မကြာခန ဖြစ်နိုင်သလို ပိုပြီး ထိခိုက်နိုင်ပါတယ်။

အရေးကြီးဆုံးက ဆည်ရဲ့ လက်ရှိရေအမြင့်၊ inflow (ဝင်ရေ)၊ outflow (ထွက်ရေ) နဲ့ အ လွတ်သိုလှောင်နိုင်မှုပမာဏ (flood cushion) ပါ။ ဒါတွေအပြင် ဆည်အောက်ပိုင်းမှာ မိုးဘယ်လောက်ထပ်ရွာနေသလဲ? မြစ်ရဲ့ လက်ရှိရေအဆင့် ဘယ်လောက်ရှိသလဲဆိုတာတွေလည်း အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဆည်က ရေကို ထိန်းထားနိုင်ပေမဲ့ ဆည်အောက်ဘက်မှာ တစ်ချိန်တည်း မိုးသည်းထန်နေတယ်ဆိုရင် အဲဒီဒေသရဲ့ ရေကြီးမှုကို ဆည်တစ်ခုတည်းနဲ့ ထိန်းချုပ်လို့မရနိုင်ပါဘူး။

ရေမကြီးကြီးအောင် ဆည်ကနေ ရေဖောက်ချတာလို့ ပြောတာတွေက မမှန်ပါဘူး။ ဆည်တွေရဲ့ design မှာ သတ်မှတ်ထားတဲ့ ရေအဆင့်နဲ့ သိုလှောင်နိုင်တဲ့ပမာဏ ကျော်လွန်လာတဲ့အခါ ပိုလျှံတဲ့ရေကို လုံခြုံစွာ ဖြတ်သန်းထုတ်နိုင်ဖို့ spillway နဲ့ outlet structures တွေ ထည့်သွင်း တည်ဆောက်ထားကြတာပါ။

စိုက်ပျိုးရေးအဓိက တမံတွေက စိုက်ပျိုးချိန်မှာ ရေလိုသလို ပေးဝေနိုင်ဖို့ ရေစုကြရသလို၊ လျှပ်စစ်ထုတ်တဲ့ တမံတွေကလည်း တစ်နှစ်ပတ်လုံး လျှပ်စစ်ထုတ်လုပ်နိုင်ဖို့ ရေကို စီမံသိုလှောင်ထားကြရတယ်။
ရည်ရွယ်ချက်ရှိရှိ တမင်တကာရေကြီးအောင် ဆည်ကနေ ရေဖောက်ချတာလို့ ပြောတာတွေဟာ အမုန်းစကားတွေသာ ဖြစ်ပါတယ်။

နိုင်ငံရေးကို နိုင်ငံရေးအတိုင်း ဆွေးနွေးကြပါ။ နည်းပညာကိုတော့ နည်းပညာအတိုင်း နားလည်အောင် ကြိုးစားကြရင် အားလုံးအတွက် ပိုကောင်းပါတယ်။

လူအချင်းချင်း လှည့်ပတ်ခြင်းမှ ကင်း​ဝေးကြပြီး၊ အလိမ်အညာ ပြည်ဖျက် မီဒီယာများရဲ့ တိုင်းပြည်ဖျက်မဲ့ မုသားလှိုင်းလုံးများ​အောက်က ကင်း​ဝေး​စေလိုပါတယ်။ အမှန်တရားနဲ့ လက်ရှိဖြစ်ရပ်များအ​ပေါ် ​ကောင်းစွာ စဥ်းစား​တွေး​ခေါ် လုပ်ကိုင်ကြမှသာ မြန်ပြည်ကြီး ​​ကြီးပွားချမ်းသာကာ လူထုလူတန်း စားမ​ရွေး သာယာချမ်း​မြေတဲ့ ဘဝရရှိကြမှာ ဖြစ်ပါတယ်။

Crd # Malnne Nyeine Nyeine ၏ စာကို အနည်းငယ် တည်းဖြတ်က ဗဟုသုတ မျှဝေလိုက်ပါတယ်။

Voice of Sanghāshared by Saw Thet Khine Win

12 August 2026

နတ်ချင်းနဲ့အကပဒေသာ 117 videos

https://youtube.com/playlist?list=PLhwJd44K-ZU3-xDYPz7ONoZBc6gnO3gig&si=n_0pzvCCJE4quJfS