https://youtu.be/dvr2bCqx5fI?is=kD1c9Tk0O4oJ3qDC
ယခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ မန္တလေးပညာရေးရဲ့မီးရှုးတန်ဆောင် သို့မဟုတ် မန္တလေးတက္ကသိုလ် ဒုတိယအဓိပတိ ဦးကိုလေး(ခ) ဇေယျာမောင်၏ နိုင်ငံရေး၊စာပေနှင့်ပညာရေးဖြတ်သန်းမှု အတ္ထုပ္ပတ္တိအားဖော်ပြပေးသွားမှာဖြစ်ပါတယ်။
🔹 In this video, we will present the biography of U Ko Lay (also known as Zayar Maung), the beacon of Mandalay education and the second Rector of Mandalay University, covering his journeys in politics, literature, and education.
#ဦးကိုလေး
ဇေယျာမောင် မန္တလေးတက္ကသိုလ်
ဝီကီပီးဒီးယား မှ


ကိုလေး (ဇေယျာမောင်)မွေးဖွားဩဂုတ် ၂၃၊ ၁၉၁၃
ဗြိတိသျှဘားမားကွယ်လွန်ဇွန် ၁၅၊ ၂၀၀၃ (အသက် ၈၉)
ရန်ကုန်မြို့နိုင်ငံလူမျိုး မြန်မာအခြား အမည်များဇေယျာမောင်အလုပ်အကိုင်စာရေးဆရာ၊ တက္ကသိုလ်ဆရာကျော်ကြားမှုအရင်းခံမန္တလေးတက္ကသိုလ် ၏ ပထမဆုံးသော ဒုတိယအဓိပတိမိဘ(များ)ဦးဘကောင်း + ဒေါ်တင်
ဦးကိုလေး (ခ) ဇေယျာမောင်(၁၉၁၃-၂၀၀၃) သည် မန္တလေးတက္ကသိုလ် တည်ထောင်သူထဲ အဓိကနေရာမှ ပါဝင်ခဲ့ပြီး ယင်းတက္ကသိုလ်၏ ဒုတိယအဓိပတိ တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။[၁] သူသည် ဘာသာရေးစာပေများနှင့် ပါတ်သတ်ပြီး ထင်ရှားသည့် စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။[၂]
ငယ်ဘဝ
စစ်ကိုင်းမြို့တွင် အဖ ဦးဘကောင်း၊ အမိ ဒေါ်တင် တို့က ၁၉၁၃ ခု ဩဂုတ်လ ၂၃ ရက်နေ့တွင် မွေးဖွားသည်။ စစ်ကိုင်းတောင်ရိုး သမိတ္တောဒယချောင် သီလရှင် ဆရာကြီး ဒေါ်မာလာရီနှင့် ဒေါ်ဉာဏစာရီ တို့ထံတွင် ကကြီး ခခွေးမှ သဒ္ဒါကြီး အထိ၊ ကြံခင်းချောင် ဆရာတော်ကြီး ဦးစိတြရာမ ထံ၌ သဒ္ဒါကြီး ရှစ်စောင်တွဲနှင့် သင်္ဂြိုဟ် ပါဋ္ဌ်များကို အသက် ၅ နှစ်မှ ၁ဝ နှစ်ကြာ သင်ယူ ခဲ့သည်။ ထို့နောက် အသက် ၁ဝ နှစ်တွင် အမျိုးသား ကျောင်းသို့ ပြောင်းသည်။ ထိုမှ စစ်ကိုင်းမြို့ အစိုးရ အထက်တန်း ကျောင်း၊ မန္တလေး ဥပစာ ကောလိပ်နှင့် ရန်ကုန် တက္ကသိုလ် တို့တွင် ပညာ သင်ကြား ခဲ့သည်။ သိပ္ပံဘွဲ့ကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် ၁၉၃၄ ခုတွင် ရရှိသည်။ ၁၉၃၆ – ၄၂ တွင် အစိုးရ ပညာတော်သင် အဖြစ် လန်ဒန် တက္ကသိုလ်မှ M.Sc. (Lon), A.I.C; D.I.C. ဘွဲ့များ ရခဲ့သည်။ ၁၉၅ဝ နှင့် ၅၆ ခုနှစ် များတွင် အမေရိကန် နိုင်ငံ ကော်နဲလ် တက္ကသိုလ်နှင့် ကိုလံဘီယာ တက္ကသိုလ် တက္ကသိုလ်များ အုပ်ချုပ်ရေး ပညာရပ်များ အတွက် ဘွဲ့လွန် သင်တန်းများ တက်ခဲ့သည်။
ဘဝဖြတ်သန်းမှု
ငွေစာရင်း မင်းကြီးရုံးတွင် အလုပ်သင် ခြောက်လခန့် (၁၉၃၄)၊ မန္တလေးတွင် ထုတ်ဝေသော “တို့ခေတ် မဂ္ဂဇင်း” တည်ထောင် သူများတွင် တစ်ဦး (၁၉၃၄)၊ ရန်ကုန် တက္ကသိုလ် ဓာတုဗေဒ နည်းပြ ဆရာ (၁၉၃၄-၃၆)၊ မန္တလေး စိုက်ပျိုးရေး ကောလိပ် စိုက်ပျိုးရေး ဓာတုဗေဒ ကထိက (၁၉၄၁ – ၄၂)၊ မန္တလေး စိုက်ပျိုးရေး ဌာန ဓာတုဗေဒ မဟာ ပညာကျော် (၁၉၄၂ – ၄၅)၊ အထက် မြန်မာနိုင်ငံ ပြန်ကြားရေးနှင့် သတင်း ဖြန့်ချိရေး အရာရှိချုပ် (၁၉၄၅ – ၄၆)၊ ရန်ကုန် တက္ကသိုလ် ဓာတုဗေဒ ကထိက (၁၉၄၆ – ၄၇)၊ မန္တလေး ကောလိပ် ကျောင်းအုပ် (၁၉၄၇ – ၅၆)၊ မန္တလေး တက္ကသိုလ် ဒုတိယ အဓိပတိ (၁၉၅၇ – ၆၃) အဖြစ် အမှု ထမ်းခဲ့သည်။ ၁၉၆၃ ခုနှစ်မှ စ၍ အငြိမ်းစား ယူခဲ့သည်။ မန္တလေး တက္ကသိုလ် စတင် တည်ထောင် ခဲ့သူလည်း ဖြစ်သည်။
စာပေဘဝဖြတ်သန်းမှု
အထက်တန်းကျောင်းသား ဘဝမှ စ၍ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို များကို သူရိယ၊ သက်စောင့်၊ ကြီးပွားရေး၊ ဒဂုံ၊ တို့ခေတ် မဂ္ဂဇင်း များတွင် ကလောင် အမည် အမျိုးမျိုးဖြင့် ရေးခဲ့၏။ မြန်မာပြည် လူဦးရေ ပြဿနာ၊ နှစ်တွဲ [ဦးကံကြီးနှင့် တွဲဖက်၍] (၁၉၃၉)၊ စက္ကူဖြူ ပြဇာတ် (ခေါ်) မြန်မာ့နိုင်ငံရေး အခြေပြ (၁၉၄၅)၊ သီပေါမင်းနှင့် နယူးယောက်တိုင်း သတင်းစာ (၁၉၆၅)၊ စာပေ ဗိမာန် စာမူဆု ပြိုင်ပွဲတွင် ဘာသာပြန် စာမူဆုများ အဖြစ် ‘လီနင်ဂရက် မြို့ကြီး ရန်သူ ဝိုင်းထားစဉ်က ရက်ပေါင်း ၉ဝဝ’ (ဒုတိယဆု၊ ၁၉၆၉)၊ ‘အဏ္ဏဝါ လောက’ (ပထမဆု၊ ၁၉ရဝပြည့်နှစ်)၊ ‘ဆီရောဇာ’ (ပထမဆု၊ ၁၉၇၁) တို့ဖြင့် သုံးနှစ် ဆက်တိုက် ရရှိ ခဲ့သည်။
အငြိမ်းစား ယူပြီးနောက် ဝေဘူ ဆရာတော်၊ ရွှေစေတီ ဆရာတော်၊ ဆရာကြီး ဦးဘခင်၊ ဆရာမကြီး ဒေါ်မြသွင်တို့ ထံမှ ဝိပဿနာ နည်း ရယူ၍ ထိထိရောက်ရောက် အားထုတ် ခဲ့သည်။ ဘာသာရေး ဆိုင်ရာ စာပေ များကို ရေးသား ခဲ့သည်။ ‘မြတ်ဗုဒ္ဓ ဒေသနာ’ (ဒေါက်တာ ဝါလ်ပိုလာ အရှင်သူမြတ်၏ What The Buddha Taught မြန်မာပြန်၊ ၁၉၇၈)၊ ‘မြန်မာ့ ဂုဏ်ဆောင် ပုဂ္ဂိုလ်ထူး ဆရာကြီး ဦးဘခင် ဟောကြား ခဲ့သော တရားများ’ (စုဆောင်း၊ ပြုစု၊ ဘာသာပြန်၊ တည်းဖြတ်၊ တင်ပြ) [၁၉၉၃]၊ ‘ကမ္ဘာ အနှံ့ ဓမ္မ အောင်လံ စိုက်ထူသော ဂုရုကြီး ဦးဂိုအင်ကာ‘ (၁၉၉၅)၊ ‘လူငယ် လူရွယ်များ အတွက် ရတနာမြတ် သုံးဖြာ – ဗုဒ္ဓ ရတနာ’ (၂ဝဝ၂၊ ဓမ္မ စာပေဆုရ)၊ အင်္ဂလိပ် ဘာသာဖြင့် မဟာစည် ဆရာတော် ဘုရားကြီး၏ ‘ဓမ္မစကြာ တရားတော်’ (Dhammacakkappavattana Sutta)၊ ‘အနတ္တ လက္ခဏသုတ် တရားတော်’ (Anattalakkhana Sutta)၊ ဆရာတော် အရှင် ဇနကာ ဘိဝံသ၏ ‘ကိုယ်ကျင့် အဘိဓမ္မာ’ (Abidhama in Daily Life)၊ ပိဋကတ် ဘာသာပြန် အဖွဲ့ အတွက် ‘ဒီဃနိကာယ်လာ သုတ္တန် တရားတော်’ (လေးသုတ်)၊ ‘မဇ္ဈိမနိကာယ်‘၊ ‘သံယုတ္တနိကာယ်နှင့် ဝိနယ ပိဋကတ် မဟာဝဂ္ဂ ပါဠိတော်များ’၊ မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီး၏ ‘မဟာ ဗုဒ္ဓဝင် ကျမ်း’ (ခြောက်တွဲ၊ ရှစ်အုပ်) [အငြိမ်းစား ပါဠိ ပါမောက္ခ ဦးတင်လွင်နှင့် တွဲဖက်၍] ပြန်ဆို ခဲ့သည်။ ပိဋကတ် သုံးပုံ လမ်းညွှန် (Guide to Tipitaka or Essence of Tipitaka)၊ ဝိပဿနာ လက်စွဲ (Manual of Vipassana) တို့ကို အင်္ဂလိပ် ဘာသာဖြင့် ကိုယ်တိုင် ရေးသား ခဲ့သည်။ ဆရာကြီး ဦးဂိုအင်ကာ နှင့်အတူ တရားပွဲ များစွာကို ဘာသာပြန် ဟောပြော ပေးခဲ့သည်။ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒ တက္ကသိုလ် တို့တွင် သာသနာ့ တာဝန်များ၊ မြန်မာစာအဖွဲ့ အဖွဲ့ဝင် အဖြစ် နိုင်ငံ တာဝန်များ ထမ်းဆောင် ခဲ့သည်။[၃]
ဇေယျာမောင်၊ မျိုးမြန်မာ၊ မျိုးချစ်မောင်၊ သိပ္ပံမောင် စသည် တို့မှာ ထင်ရှားသည့် ကလောင် အမည်ခွဲများ ဖြစ်သည်။ မဟာ သဒ္ဓမ္မ ဇောတိကဘွဲ့၊ ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု (၁၉၉၅)၊ ဝိဇ္ဇာ ပညာ ထူးချွန် တံဆိပ် (ပထမဆင့်) [၂ဝဝ၂] တို့ ရရှိ ခဲ့သည်။
ဘဝနိဂုံး
၂ဝဝ၃ ခု ဇွန်လ ၁၅ ရက်နေ့တွင် ဇေယျာရွှေမြေ ဧည့်ပါမောက္ခ ရိပ်သာ၊ သီရိ မင်္ဂလာ ကမ္ဘာအေး ကုန်းမြေ၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့တွင် ကွယ်လွန် ခဲ့သည်။
ထင်ရှားသောစာအုပ်များ
- မြတ်ဗုဒ္ဓဒေသနာ (ဘာသာပြန်)
- ဆရာကြီး ဦးဘခင် အတ္ထုပ္ပတ္တိ (ပြုစု)
- ဆရာကြီး ဦးဘခင်ဟောကြားခဲ့သော တရားများ
- ဂုရုကြီး ဂိုအင်ကာ အတ္ထုပ္ပတ္တိ
- လူငယ်လူရွယ်များအတွက် ရတနာမြတ်သုံးဖြာ-ဗုဒ္ဓရတနာ
- သီပေါမင်းနှင့် နယူးယောက်တိုင်း သတင်းစာ
- စက္ကူဖြူ ပြဇာတ်
- အဏ္ဏဝါလောက (ဘာသာပြန်)
- ဆီရောဇာ (ဘာသာပြန်) [၄]
ကိုကား
- ဒဂုန် ရွှေမျှား။ မြန်မာ နိုင်ငံ စာပေ ဆုများ။ စာ ၃၅၄ – ၃၅၆။
- မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၂ဝ၃ – ၂ဝ၄။
- နေထွတ်။ မန္တလေး အဘိဓာန်။ စာ ၁ဝ၃ – ၁ဝ၄။
- ဇေယျာမောင်။ လူငယ် လူရွယ်များ အတွက် ရတာမြတ် သုံးဖြာ – ဗုဒ္ဓ ရတနာ။
- မြန်မာ နိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့။ စာပေ ဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူး ချီးမြှင့် ခံရသူများ ချီးကျူး ဂုဏ်ပြုပွဲ၊ စာပေ ပညာရှင်များ အတ္ထုပ္ပတ္တိ (၁၇ မေ ၂ဝဝ၃)။ စာ ၁၃ – ၁၅။
- ကန်တော့ခံ သက်ကြီး စာပေ ပညာရှင်များ၏ အတ္ထုပ္ပတ္တိ (သက္ကရာဇ် ၁၃၅၇)။ စာ ၆၉ – ရဝ။
- မန္တလေး တက္ကသိုလ် ဘူမိ ဗေဒ ဌာန နှစ် ၅ဝ ပြည့် ရွှေရတု မဂ္ဂဇင်း (၁၉၅၃ – ၂ဝဝ၃)။ စာ ၁ဝ – ၁၂။
- ဆရာကြီး ဇေယျာမောင်၏သား ဦးမြင့်သိန်းထွေး (ကိုချာလီ)၏ ရေးသား ပေးချက်။
- မန္တလေး သီးခြားတက္ကသိုလ် နှစ် ၆ဝ။ BBC Burmese (၃၁ မေ ၂၀၁၈)။ ၅ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ဦးကိုလေး(ဇေယျာမောင်)၏ စာအုပ်များ။ ဓမ္မရံသီစာမျက်နှာ။ 5 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- မြန်မာစာအဖွဲ့ နောက်ခံသမိုင်း။ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာဦးစီးဌာန။ 5 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ ‘၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း’ စာအုပ်မှ
- ၁၉၁၃ မွေးဖွားသူများ
- ၂၀၀၃ ကွယ်လွန်သူများ
- မြန်မာ အမျိုးသား စာရေးဆရာများ
- မြန်မာစာအဖွဲ့ဝင်များ
- မြန်မာ စာရေးဆရာများ
