BIOGRAPHY : SONG WRITER SINGER နန်းတော် ရှေ့ ဆရာတင်

မန္တလာမြင့် ရွှေဘိုသနပ်ခါး နန်းတော် ရှေ့ ဆရာတင်

https://youtu.be/5YeGGErHFEI?is=tm7PhDa7NO1y5K1_

နန်းတော် ရှေ့ ဆရာတင် သီချင်းများ 10 videos

https://youtube.com/playlist?list=PLdAUjcNBGghgJfdmaKCa1UYn7ASLo9O0W&si=u7GqtpmYENRBpTQh

နန်းတော် ရှေ့ ဆရာတင် သီချင်းများ 13 videos

https://youtube.com/playlist?list=PL9qY-2uohSbOMOdPnE-dLep8tRKL0l_fF&si=YwSflhnN6J9ePTYQ

နန်းတော် ရှေ့ ဆရာတင် ခေတ်ဟောင်းသီချင်းများ 11 videos

https://youtube.com/playlist?list=PLIkUkpOon6Q2f5h7jVjau-YWVkxQiRArm&si=qIaQ8MApwKksa0Fr

နနိးတော် ေ၇ှ့ဆရာတင်ရေးသော မူရင်း စစ်ကြိုခေတ် တေးသီချင်းကောင်းများ,

11 videos

https://youtube.com/playlist?list=PLIkUkpOon6Q2f5h7jVjau-YWVkxQiRArm&si=jjFpq6S5INS7m1x4

နန်းတော် ရှေ့ ဆရာတင် ရေးသော မူရင်းစစ်ကြိုခေတ်သီချင်းကောင်းများ 69 videos

https://youtube.com/playlist?list=PLIkUkpOon6Q1TQa1zUSOpsFdbuEtEOc1r&si=bbIC9Emwti1Tf0vY

မာတိကာ 69 videos

ရွှေလမ်းငွေလမိး ။ တေးရေး နန်းတော်ေ၇ှ့ ဆရာတင် ဆို -မကြည်အောင် ( ၁၉၄၁ ) https://youtu.be/ltLK8zkE-TM?si=1CVIXoAHCpEwzON6

မြနန္ဒာ ။ ရေး – နန်းတော်ရှေ့ဆရာတင် ဆို – စိန်ပါတီ။ https://youtu.be/Dm1v0rwIFYE?si=olUny_xkf7Ou0TAr
Columbia Graphophone Co,Ltd
Phono Catalog number RE-657 CEI-17441
Possible Released Date (1939/1)
Original Mp3 Download Link-https://u.pcloud.link/publink/sh…
YouTube ရက်ရွေးမနေပါနဲ့ ကိုကိုရယ်… အသက်ကလေးရယ်… ရှည်စေလိုရင်ဖြင့်.. (မြနန္ဒာ)၂… ရေညိုသန်းတယ်… မန်း… တောင်ရိပ်ခို… တွေးကြပါ ရှေးကစာ သည်အတိုင်းဆို… အသက်ကလေးရယ် ရှည်စေလို… မြနန္ဒာ ရေညိုသန်းတယ်… (မန်း တောင်ရိပ်)၂ ခို…
(ပေါ်ပေါ်ထင်ထင် နဲ့တန်ခိုးကြီးသည့် မန္တလာဝေးပြည် ဗဟို… ပျော်ရွှင်တဲ့ အမျိုးသမီးများ တံတျာတေးကိုဆို)၂ ကြပါသကို ကိုကိုက လာမကြို သည်မိုး သည်မိုး ဒေဝါ… မိုးတည့် မိုးဒေ ဝါဝါစိုစို ပြာပြာညိုညို ငွေလစန္ဒာလျှမ်း သလို ရွှေမြနန္ဒာသန်းတယ်… မန္တလေးက တို့တောတေးသံချို…
ရွှေနန္ဒာ မြရည်ကညိုညို… သုံးလေပါတော့ မယ်ဒေဝီပျို မန္တလေးမြို့ တောင်ရိပ်ခိုမယ် ကိုကိုရယ်… စိန်ပါတီလာရင် မောင်တို့ကြို… စိမ်းစိမ်းလန်းလန်း ရောင်ရွှင်စိုစို… ဘေးမသန်းဘဲ အေးအေးချမ်းချမ်း တေးအဆန်းကိုဆို…
(တို့မန္တလေမြို့ကြီးရဲ့ ပတ်လည်ဆို… မှိုင်ပြာပြာမှုန်ဝေဝေ ရေဇလာ နဒီမြစ်ညို)၂ ဧရာဝတီပါ အလျှံဝင်းပြောင်ညီးတဲ့ ရန်ကင်းတောင်ကြီး အမြဲခို… ဆရာကိုနန်းတော်တင် တဖန် ရှေ့ခေါင်းဆောင်ပဲ မြန်မာရွှေဒေါင်းတောင် တွေကိုင်ကာဆို… တကယ်ခေတ်ပြောင်းတော့မယ်… အမှန် ဧဝကန်ပါ တဖန်ရွှေမြနန္ဒာ ဆန်းတော့ မန်းရိပ်ခို…
(စည်မျက်နှာကဲ့သို့ ညီညာပါပေသကို… ဪမြို့တော်ကြီး၏ လေးမျက်နှာမှာတဲ့ တိမ်ပန်းတိမ်ညို သာယာစည်ပြည်စို)၂ ဗာရာဏသီပြည်လို မြန်ချာမြေကို စံရာရွှေပဟိုရ် နန္ဒာရေညိုသန်း… မန်းရိပ်ခို…
ရွှေနန္ဒာ ….. ၀ ….. ၀ ….. ၀ ….. အဆန်းကိုဆို
တို့မန္တလေး ….. ၀ ….. ၀ ….. ၀ ….. မန်းရိပ်ခို ။
Reference By
1- / 49914. .
2-မြန်မာနိုင်ငံဓါတ်ပြားသမိုင်းသုတေသနကျမ်း(သုတေသီမောင်မောင်)
3-(original Audio Track by Ko Kyaw Lwin TintOo)
4-Lyrics Typing By Sanda Hlaing on Thursday, December 6, 2012 at 9:00 AM
5- Original record label from Ko Ko Myint(Mandalay) Edit photo, restored audio and create video by AMT

သိန်းထီဆုကြီး ရေး – နန်းတော်ရှေ့ ဆရာတင် ဆို – နန်းတော်ရှေ့ ဆရာတင်https://youtu.be/3IFnH8jIEEg?si=ogEmyWrRuEj1GJ7B။ Odeon Record
Phono Catalog number BO-59 CEI-11787
Released Date (MAR 1940)။ Original Mp3 Download Link-https://u.pcloud.link/publink/sh…
http://www.mediafire.com/file/4m…
Youtube Link- • သိန်းထီဆုကြီး (နန်းတော်ရှေ့ဆရာတင်) ဒီတစ်ခါတော့ အိပ်မက်ကောင်းတာ… အတိတ်လဲကောင်းစွာ နိမိတ်လဲကောင်းတာ…
ထီပေါက်လိမ့်မယ် အမှန်ထင်တာ… ဗေဒင်ဆရာကိန်းပြ တစ်သိန်းရမှာ … ဧကန်ပါပဲမကြာ…
(ကိုယ်တို့လက်မှတ်ပြလို့ တစ်သိန်းရတဲ့နေ့မှာ… သံဃာတော်အပါး ငါးရာ ဆွမ်းလောင်းမယ် တစ်ခါ) ၂
မရှိနွမ်းပါးသော လူတွေကိုဖိတ်ကာ… စားကြပါ သောက်ကြပါ ထင်သလောက်ပ လှူမှာ…
ပဌနာဆုနုဲ့ သာဓု သာဓု သာဓု ပြုမယ် ဒို့ဗမာ…
(ငွေမိုးတွေရွာ … ပစ္စည်းတွေက မရှား … စပါး ရွှေ ငွေ ရတနာ . ) ၂ အလှူပေးကာ ရှင်ပြုမှာ… ဝိဟာရနှော ကျောင်းနဲ့ ဇရပ်၊ တန်ဆောင်း ပြင်ဆင်စရာတွေကိုသာ ဂရုစိုက်ရပေမှာ…
ရတီတစ်ရာကျော် စိန် အစစ်တွေးနဲ့… ရွှေဒင်္ဂါးတွေ အပြားတစ်ထောင် လုံလောက်အောင်ပင်ဝယ်မှာ (စေတီပုထိုးတော်တွေ ဖူးမြော်ချင်လို့သာ… ကမ္ဘာပေါ်မှာ လျှောက်ပါလို့ နှံ့သလောက်လယ်မှာ) ၂
(မော်တော်ကားဆိုတာကတော့ ပြောရန်မလိုရှာ… အိမ်မှာအလိုလိုရောက်ပြီးပါ) ၂ (အနီးမှာကျော်တာ အဝေးမှာကျော်တာ… သူဌေးမင်း သူဌေးကတော် မြို့ပေါ်မှာ အနှံ့ကြော်ငြာ) ၂
ကိုယ်တို့လက်မှတ်ပြလို့… ….. ….. ….. ပဌနာဆုနဲ့ သာဓု သာဓု သာဓု ပြုမယ် ဒို့ဗမာ…
သဒိသံ သဒ္ဓါလျှံ ပါကံ အကျိုးထူးကြီးကို ဇနေတီတိ ပေးပါလို၏… ဘုရား သာသနာ ဒါယိကာ
ဧကန်… ဘုရားတပည့်တော်မှာ ဖြစ်ရပါစေ အမှန်ပဲမကြာ…
ဤစေတနာဟာ စိတ်ရင်းအတိုင်းပါ မလွဲ… မလွဲ…
မွဲတဲ့လူတွေ ချမ်းသာ… မရှိတဲ့သူတွေ ချမ်းသာ… မွဲတဲ့လူတွေ သူဌေးဖြစ်ကြမှာပဲ စိတ်ချ ဒိဌယုံကြည်ပါ… ကိုယ်တို့လက်မှတ် ပြလို့… ….. ….. ….. ပဌနာဆုနဲ့ သာဓု သာဓု သာဓု ပြုမယ် တို့မြန်မာ…
(လူဆိုတာဟာ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ ဘုံဓမ္မတာကြီးမှာ စီးပွားလမ်းတက်ကြပေတော့တာ)၂ မနော မနော ပုဗ္ဗင်္ဂမံ ကိုယ့်စေတနာဟာ ဖြိုးဖြိုးငယ်မှဝေဆာ သေသေချာချာ ချမ်းသာလာမယ့်အရေး ခေတ်မှန်စွာ (ဖြစ်ပြန်လာ)၂ ခေတ်မှန်စွာ ပဒေသာ မိမိပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေဟာ သေသေချာချာ လာကာပေး မနှေး မြန်စွာ (ရှေးကံဟာ)၂ မနှေးမြန်စွာ စိတ်ရှိရာ ဣစ္ဆိတာ သိန်းထီဟာလည်း ကိန်းညီစွာ မြတ်စွာဘုရား ဒေသနာတော်အလာ…
ငွေမိုးတွေရွာ… ဝ….. ဝ….. ဝ….. ဂရုစိုက်ရပေမှာ…။ 1- / 49914. .
2-မြန်မာနိုင်ငံဓါတ်ပြားသမိုင်းသုတေသနကျမ်း(သုတေသီမောင်မောင်)
3-(original Audio Track by Ko Kyaw Lwin TintOo)
4-Lyrics Typing By Sanda Hlaing at December 6, 2012 at 09:42 AM
5- Original record label from Ko Ko Myint(Mandalay) Edit photo, restored audio and create video by AMT

နန်းတော်ရှေ့ဆရာတင်(၁၈၉၄-၁၉၄၉)သည် မြန်မာ့ဂီတလောကတွင် ထင်ရှားကျော်ကြားလှသော ဂီတစာဆိုကြီးတစ်ဦး ဖြစ်သည်။ ဆရာတင်ရေးသားခဲ့သော သီချင်းများမှာ ယနေ့တိုင် ကျော်ကြားနေဆဲဖြစ်သည်။

မွေးဖွားမောင်မောင်တင် ၁၈၉၄ ခုနှစ် 
မြန်မာသက္ကရာဇ် ၁၂၅၆ခုနှစ်
မန္တလေးမြို့[၁]ကွယ်လွန်၁၉၄၉ ခုနှစ်၊ မတ်လ ၁၂ ရက် 
မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ တပေါင်း လဆန်း ၁၄ ရက်
မန္တလေးမြို့အလုပ်အကိုင်

  • တေးရေးဆရာ။ အဆိုတော် ဇာတ်ဆရာ ဇာတ်မင်းသား
  • အငြိမ့်အဖွဲ့ခေါင်းဆောင်၊ ရုပ်သေးမင်းသမီး
  • ရာဇဝတ်အုပ် ၊ ဆေးစပ်သူ

ကျော်ကြားမှုအရင်းခံတေးရေးဆရာအိမ်ထောင်ဖက်(များ)(၄)ယောက်/(၆)ယောက်သားသမီးရွှေမန်းညွန့်လှိုင်၊ ရွှေနန်းတင်အပါအဝင်(၁၃)ယောက်မိဘ(များ)ဦးမှန် + ဒေါ်မမ

ငယ်စဉ်ဘဝ

မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်၊ ၁၈၉၄-ခုနှစ်တွင် မန္တလေးမြို့ နန်းတော်ရှေ့ရပ်နေ မြို့စားရေးမင်း ဦးမှန်နှင့် ဒေါ်မမတို့က မန္တလေးမြို့ အရှေ့ပြင်၊ စကျင်ဝအရပ်၌ မွေးသည်။[၂][၃]ငယ်အမည်မှာ မောင်မောင်တင် ဖြစ်သည်။ ဝန်စာရေးဦးကြီးမှာ ဆရာတင်၏ ဦးလေး(အဖမျိုးရိုး)ဖြစ်သည်။ (လူထုဒေါ်အမာ ရေးသားသည့် ပြည်သူချစ်သော အနုပညာသည်များစာအုပ်တွင် မန္တလေးမြို့ အရှေ့ပြင်၊ စကျင်ဝအရပ်၌မွေးသည်ဟု ပါရှိသည်။ နောက်ပိုင်း၌ ဦးသော်ဇင်ရေးသည့် နန်းတော်ရှေ့ဆရာတင် စာအုပ်တွင် ကြည့်မြင့်တိုင် ထီးတန်းရပ်တွင် မွေးသည်ဟု ဆိုသည်။) ၆ နှစ်သားအရွယ်တွင် တောင်ဒွာလောင်းရပ်ရှိ ဦးစံအေးနေအိမ် မူလတန်းကျောင်းတွင် ၄ တန်းအထိ ပညာသင်ကြားခဲ့သည်။ ထို့နောက် ဝက်စလီယံ ယောက်ျားလေးကျောင်းသို့ ပြောင်းရွှေ့ပြီး ခုနစ်တန်းအထိ ပညာသင်ကြားခဲ့သည်။ 

ဂီတစာဆို

ကွန်ပေါင်ဒါ(ခေါ်) ဆေးစပ်သူ၊ ပတ္တလားဆရာ၊ အငြိမ့်တီးဝိုင်းအဖွဲ ခေါင်းဆောင်၊ အငြိမ့်သီချင်းရေးဆရာ၊ ဓာတ်ပြားသီချင်းရေးဆရာ၊ အငြိမ့်ထောင်ဆရာ၊ စန္ဒရားဆရာ၊ အဆိုတော်၊ ဇာတ်ထောင်ဆရာ၊ ဇာတ်မင်းသားကြီး၊ ရုပ်စုံသဘင် သီချင်းရေးဆရာ၊ ရုပ်သေးမင်းသမီး၊ ရာဇဝတ်အုပ်၊ အသံတိတ်ရုပ်ရှင် သီချင်းရေးဆရာ စသည့် အလုပ်အကိုင်များ လုပ်ကိုင်ခဲ့သည်။ ဆရာတင်သည် အသက် (၂၀) မတိုင်ခင်ကပင် သီချင်းများစရေးခဲ့သည်။ ဂီတတွင် အထူးစိတ်ဝင်စားခဲ့ပြီး၊ အသက် ၂၂ နှစ်အရွယ်တွင်  မယ်အေးလေးက ပို့တဲ့မေတ္တာသီချင်းကို ပထမဆုံးရေးသား၍ ယုဇနအေးစိန်အငြိမ့်က မအေးစိန်ကို ပူဆာ၍ဆိုခိုင်းခဲ့သည်။ နန်းတော်ရှေ့ ချစ်တီးဘုရားကျောင်းအနီး နေထိုင်သူဖြစ်၍ နန်းတော်ရှေ့ဆရာတင်ဟု မအေးစိန်က အမည်ပေးခဲ့သည်။ ထိုမှ ယုဇနအငြိမ့်၌ ပတ္တလားဆရာအဖြစ် ခြေစုံပစ်ဝင်ခဲ့သည်။ 

၁၉၄ဝ ခန့်တွင် ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး၊ ၁၉၄၇ တွင် မန္တလေးသို့ ပြန်လည်အခြေချ နေထိုင်ခဲ့သည်။ နန်းတော်ရှေ့ဆရာတင်သည် သီချင်းပေါင်း ၃၀ဝ ခန့် ရေးသားခဲ့ပြီး အောင်ပင်လယ်၊ တောင်သမန်၊ ရွှေပြည်စိုး၊ မြနန္ဒာ၊ လက်ရေတစ်ပြင်တည်း၊ ရွှေမင်းဂံ၊ မြန်မာ့ဂုဏ်ရည်၊ ရွှေမိုးညို၊ ရွှေဘိုသနပ်ခါး၊ ဆင်ကြီးဂဠုန်ချီ၊ ကျွဲမကြည်အောင်၊ အလှူ့ရှင်၊ ရွှေဘိုသနပ်ခါး စသည့် သီချင်းများမှာ အထူးထင်ရှား ကျော်ကြားခဲ့သည်။ ဆရာတင်သည် ‘တောင်သမန်’ ‘သူဌေးဝါဒ’ စသည့် သီချင်းများကိုလည်း ကိုယ်တိုင်သီဆို ဓာတ်ပြားသွင်းခဲ့သည်။ 

‘အာယားမ’ သီချင်းကို တေးသံရှင်မာမာအေးက နန်းတော်ရှေ့ဆရာတင်ရေးသည်ဟု မှားယွင်းခဲ့သဖြင့် နှောင်းလူများ အမှတ်မှားနေကြသည်။ အမှန်မှာ နန်းတော်ရှေ့ဆရာတင် ရေးခြင်းမဟုတ်ဘဲ မြန်မာညွန့်ဆရာတင် ရေးသားခဲ့ခြင်းသာ ဖြစ်သည်။ မူရင်းသီဆိုသူမှာ ဥဩမယ်တင် ဖြစ်သည်။ ထိုအမှားအကြောင်းကို ဥဩမယ်တင်ပြီးလျှင် ဒုတိယမြောက်သီဆိုသည့် မန်းပန်တျာ နီနီဝင်းက (၂၀၂၃)ခုနှစ်၌ပြောခဲ့သည်။

ဘဝနိဂုံး


၁၉၄၉ ခု၊ မတ်လ ၁၂ ရက် မန္တလေးမြို့ကို ကရင်များအသိမ်းတွင် နန်းရှေ့ ခင်မကန်ကျောင်းတိုက် ဆရာတော် ဦးသုမနကျောင်းတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဆရာတင်သည် ဇနီး(၄)ယောက် (ဦးသော်ဇင် စာအုပ်တွင် ၆ယောက်)နှင့် သားသမီး(၁၃)ယောက် ရှိခဲ့သည်။ ဇာတ်သဘင်လောက၌ ရွှေမန်းညွန့်လှိုင်နှင့် ရွှေနန်းတင်တို့ နှစ်ဦးမှာ နန်းတော်ရှေ့ ၏ သားသမီးများဖြစ်ကြသည်။ ဆရာတင်မှာ ဒေါ်သင်၊ ဒေါ်တင်(မင်းသမီး ပေါ်လင်တင်)၊ ဒေါ်သိန်းမြနှင့် တံခွန်တိုင်သူ ဒေါ်မြသောင်းခင် ဟူ၍ ဇနီး ၄ ဦး ရှိခဲ့ပြီး၊ ဇာတ်မင်းသား ရွှေနန်းတင်မှာ ဆရာတင်နှင့် ဒေါ်တင် (မင်းသမီး ပေါ်လင်တင်) တို့က ဖွားမြင်သည့် သားဖြစ်သည်။အမျိုးသားဇာတ်ရုံရှိ ရုပ်တုမန္တလေး အမျိုးသား ကဇာတ်ရုံ ရှေ့ရှိ နန်းတော်ရှေ့ ဆရာတင် ရုပ်တု

ရေးသားခဲ့သော သီချင်းများ

ကိုးကား

  1. ပြည်သူချစ်​သောအနုပညာသည်များ – လူထု​ဒေါ်အမာ
  2. [လင့်ခ်သေ](စာမျက်နှာ-၄)
  3. မြန်မာ့ စွယ်စုံကျမ်း အတွဲ (၅)၊ နှာ ရ၄ တွင် မသ ၁၂၅၆
  4. နေထွတ်၏ ‘မန္တလေးအဘိဓာန်’ စာအုပ်
  1. နန်းတော်ရှေ့ ဆရာတင် (ဦးသော်ဇင်)
  2. ပြည်သူချစ်သော အနုပညာ ရှင်များ (လူထုဒေါ်အမာ)
  3. ဇာတိမာန်တေး(မုံရွာ ဝင်းဖေ)
  4. နန်းတော်ရှေ့ ဆရာတင်နှစ်တစ်ရာပြည့်( စစ်ကိုင်းလှရွှေ)ငွေတာရီ ၉/၉၄

ကဏ္ဍများ