ဓာတ် တော်ဝေခန်း
ခင်စိုးဝင်း

ဓါတ်တော်ဝေခန်း (မြန်မာစာသားထိုး)
တေးပြုစာဆို ရွှေတိုင်ညွန့်
တေးသံရှင် ခင်စိုး၀င်း
https://youtu.be/r1hk3cSIqjo?is=05IIXwXUBBSfvogu
Myanmar Music (စာတမ်းထိုး Closed Captions) Collection
Lyric Typing by Mr. Thomas John
Lyric Closed Captions added by Dr. Khin Haw
ဤကမ္ဘာ.. ပြည်ဗဟို ကြည်ညိုဖွယ် ဖြစ်စေရမည်
ဓမ္မဿဝန ဒေသနာအညီ ..မှတ်တော်မူရန်စာတမ်းကို
ဓာတ်တော်ဝေခန်း.. ဖွင့်ရပါတော့မည် ..
မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်ပြုရှာတော့
ခုနှစ်ပြည်ထောင်မင်းတွေ မယွင်းကြွကြလေပြီ
မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်ပြုရှာတော့
ခုနှစ်ပြည်ထောင်မင်းတွေ မယွင်းကြွကြလေပြီ
ဘုရင်သနင်း ထင်အလင်း
အင်ကြင်းရဂုံမှာ ရာဇာမလ္လာအာဏာပေးပုံက
သာသနာဘာသာအရေးတော်မှန်သည် တစ်ရွေးငယ်မျှ မရရှာလေပြီ ..
မြတ်စွာဘုရား ဓာတုဓမ္မသရီ စေတီတည်ရန် စီမံထားည်
သန်လျက်ကျောက်စီဓားနဲ့ တအားခုခံမည်
ခုနှစ်ပြည်ထောင်မင်းသည် သတ္တိဗလပြရမည်
ထုံးလိုပဲခုချေ ရေကဲ့သို့နှောက်ကာ ကြိမ်းပတော်မူကြပြီ ..
ဘုရားရှင် မွေသရီ ပူဇော်ကြလိုပါသည်
မနုဿနဲ့ ခြောက်ထပ်ဘုံနတ်ပြည် ယာမာဝတီ ..
မာလာရွှေအင်ကြင်း အတွင်းရုက္ခ
ပင်နန်းမြိုင်ဆီ ခွဲဖြာစိတ်ညီ ဗျာဒိတ်တည် ..
ဒေါဏပုဏ္ဏား ဓာတ်တော်ဝေလေသည် ..
မွေသရီ အဝေမညီ စိတ်မကျေနပ်ကုန်ပြီ
ကြွလာကြသော မိတ်အများ ရာဇမာန်ပွားလို့ မတရားထင်သည်
အနွယ်တော်မှန်သည် .. ကပိလဝတ်ပြည်
အကြည်တော် မလ္လာမြတ်နဲ့ ဇာတသတ်တို့ စစ်ခင်းပြန်သည်..
ဝေဌဒီပ … ကောသလ မကျန်ပြီ
အင်မတန် ဇောကြည်လှ မောရိယ ဘုရင်သည်
ဝေဌဒီပ … ကောသလ မကျန်ပြီ
အင်မတန် ဇောကြည်လှ မောရိယ ဘုရင်သည်
သရီရမွေတော်ကို မရပြန်တော့သည်
မရပြန်တော့သည် အားမာန်လျှော့သည် ..
သူအလာနှေးပြီ မီးသွေးမျှသာ ရရှာပေတော့သည် …
ဘုရားရှင် မွေသရီ ပူဇော်ကြလိုပါသည်
မနုဿနဲ့ ခြောက်ထပ်ဘုံနတ်ပြည် ယာမာဝတီ ..
မာလာရွှေအင်ကြင်း အတွင်းရုက္ခ ပင်နန်းမြိုင်ဆီ
ခွဲဖြာစိတ်ညီ ဗျာဒိတ်တည် ..
ဒေါဏပုဏ္ဏား ဓာတ်တော်ဝေလေသည် ..
ညောင်ဗုဒ္ဓဟေ ပန်းစမုတ်အကြွနဲ့ အပရာဇိတပလ္လင်
နံ့သာရည်ဖျန်းကြပြီ အောင်သုဒ္ဓမေ ဆန်းအနုတ္တရနဲ့
သတ္တဝါရှိသမျှ သခင့်ကို ကြာလေလွမ်းလှပြီ ..
စာခွေကမ်းကာ တိုင်းခန်းဌာနီ
ဗြဟ္မာ့ပြည်နဲ့တကွ လူ့ပြည် နတ်ပြည် ဝမ်းနည်းပါသည်.. ဝမ်းနည်းလှပါသည် ..
ဘုရားရှင်ကိုယ်တော်မြတ် မရှိခဲ့တော့ပြီ ..
ကိုးကွယ်ရာရှာကြ ဓမ္မရွှေစေတီ .. ဓာတုစေတီ ..
ဘုန်းရှိန်ကြွသည် .. ဥဒ္ဒိဿ ပရိဘောဂ လေးပါးတို့သည် ..
ဓာတ်တော်မွေတော်အပေါင်းကို စကြဝဠာ တစ်သောင်းက ပြန့်နှံ့သည် …
ဘုရားရှင် မွေသရီ ပူဇော်ကြလိုပါသည်
မနုဿနဲ့ ခြောက်ထပ်ဘုံနတ်ပြည် ယာမာဝတီ ..
မာလာရွှေအင်ကြင်း အတွင်းရုက္ခ ပင်နန်းမြိုင်ဆီ
ခွဲဖြာစိတ်ညီ ဗျာဒိတ်တည် ..
ဒေါဏပုဏ္ဏား ဓာတ်တော်ဝေလေသည် ..…
ကုသိနာရုံ မလ္လာမင်းနဲ့ သနင်းရာဇာ ဘုရင်များသည်
စစ်ခင်းကာသာ အစဉ်ပွားမည် ..
ဓားစက်ရောင် လွှင့်ကြတော့သည် ..
ဓာတ်တော်များကို ရလိုကြောင်းနဲ့ .. သနင်းရာဇာ ဘုရင်များသည်
စစ်ခင်းကာသာ အစဉ်ပွားမည် ..
ဓားစက်ရောင် လွှင့်ကြတော့သည် ..
ဆန်ကျိုးပမာဏ ဓာတ်တော်များသည်
ဈာန်တန်ခိုးတွေ ဖြာကာ ကလပ်ပေါ်ကြွချီ
ဆန်ကျိုးပမာဏ ဓာတ်တော်များသည်
ဈာန်တန်ခိုးတွေ ဖြာကာ ကလပ်ပေါ်ကြွချီ
မျိုးနွယ်စရိုက်ညီ သြော် .. ကိုးကွယ်ထိုက်သည်
ဦးစွာပင် အရင်ကြွချီ .. ရဟန္တာရှင် ခေမက
ကိုယ်တိုင်တော်ရောက်ပြီ ရွှေမာလာ အင်ကြင်းစုံညီ ..
ရိုသေစွာလက်အုပ်ချီ အန္တိမ ကန်တော့ပန်းဆင်သည်
ဘုန်းတော်ကြောင့်ပဲ ..သြော်-ထူးစွာလွန်ကဲ ..
အောက်လက်ဝဲခေါ် မြတ်စွယ်တော်ရသည်…
ဘုရားရှင် မွေသရီ ပူဇော်ကြလိုပါသည်
မနုဿနဲ့ ခြောက်ထပ်ဘုံနတ်ပြည် ယာမာဝတီ ..
မာလာရွှေအင်ကြင်း အတွင်းရုက္ခ ပင်နန်းမြိုင်ဆီ
ခွဲဖြာစိတ်ညီ ဗျာဒိတ်တည် ..
ဒေါဏပုဏ္ဏား ဓာတ်တော်ဝေလေသည် .. ။
ဓါတ်တော်ဝေခန်း (April 1941) (မြန်မာစာသားထိုး)
တေးပြုစာဆို ရွှေတိုင်ညွန့်
တေးသံရှင် မကြည်အောင်

https://youtu.be/MCGCnqIfOBM?is=OShVOFXPA2NrtbDQ
ဗောဓိပင်နှင့်ရွှေပလ္လင်

ဗောဓိပင်နှင့်ရွှေပလ္လင် (မြန်မာစာသားထိုး)
တေးပြုစာဆို ရွှေတိုင်ညွန့်
တေးသံရှင် မကြည်အောင်
https://youtu.be/lwRXyphH0WA?is=LXhs5WdSPhzjCd7I
Myanmar Music (Lyric Closed Captions) Collection
ဓါတ်ပြားအညွှန်း Columbia VE 2205 (1940)
ပန်းချီဓါတ်ပုံ Created by Ko Sein Mya
Lyric Closed Captions added by Dr. Khin Haw
မဟာဗောဓိပင်နဲ့ တစ်လံကွာပါသည် ….
စကြဝဠာငြိမ်သက်၍ မြက်ရှစ်ဆုပ်ကြဲတော်မူလေသည်….
တစ်ဆယ်နဲ့လေးတောင် ကျယ်ဝန်းပါတဲ့ ပလ္လင်တော်ပေါ်ထွန်းလာခဲ့ပြီ…
ဘုရားမဖြစ်သမျှ ငါ မထဟု လုံ့လဥဿဟ စုံအညီ…
ဗောဓိပင်ရွှေပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ နေတော်မူလေသည်….
ဘဂဝါ ဇိန အရှင်သည် တဏှာရှိသမျှ စင်တော်မူပြီ..
အပရာဇိတ ပလ္လင်ကိုတဲ့ အောင်မြင်တော်မူပြီ
ဘဂဝါ ဘဂဝါ ဇိန အရှင်သည် တဏှာရှိသမျှ စင်တော်မူပြီ..
အပရာဇိတ ပလ္လင်ကိုတဲ့ အောင်မြင်တော်မူပြီ
ရပြီ ရပြီ ဝဿ၀တီ အထက်ဆီက
အဓမ္မချီတက်ပါလို့ လက်နက်တွေကိုယ်စီ ….
စစ်သည်များစွာ ထင်လင်း စုပါလို့
ပလ္လင်ကို အတင်းလုမလို့တဲ့ ဗိုလ်ထုနဲ့ ကြံစည်…
တကယ်ပဲ မကြောက်သည်…. အပါယ်ငရဲရောက်မည်….
သြော် မှားလိုက်တဲ့ မာရ်နတ်သည် ဘဂဝါမြတ်ကို သတ်ဖို့သူကြံစည်…..
အထက်ဘဝဂ်ပါစုံအညီ…. မာန်ဟုန်ချီ…
အောက်နရက်ပါမကျန်ပြီ ဖန်လာသည်….
မာန်နတ်မင်း…. စက်ဘုန်းရောင်လှည့်လည်…
သူ့ကိုယ်မှာပင် လက်ရုံးတစ်ထောင်ရှိသည်
မာန်နတ်မင်း…. စက်ဘုန်းရောင်လှည့်လည်…
သူ့ကိုယ်မှာပင် လက်ရုံးတစ်ထောင်ရှိသည်
မြတ်ဘုရားကို အသက်ဆုံးအောင် ဖိမယ်လို့တဲ့
ရှိသမျှ သတ္တဝါတွေ အားလုံးစုသည်
ကျွန်မတို့ ဂေါတမဘုရားကို အသက်ဆုံးအောင် ဖိမယ်လို့တဲ့
ရှိသမျှ သတ္တဝါတွေ အားလုံးစုသည်
သူ့ကိုယ်သူ လောကမှာ ဘုရားလို့ မတရားကြွေးကြော်သည် ….
စောဘဂဝါနားမှာ ဒေါသတွေ ပွား၍နေလေသည်…..
မာရ်နတ်သားကို တရားနဲ့ အညီ…
မြတ်စွာဘုရားက မိန့်မြွက်ကာကြားသည်….
ဂေါတမ မြတ်စွာဘုရားက မိန့်မြွက်ကာကြားသည်
မာရ်နတ်သားကို တရားနဲ့ အညီ…
မြတ်စွာဘုရားက မိန့်မြွက်ကာကြားသည်….
ဂေါတမ မြတ်စွာဘုရားက မိန့်မြွက်ကာကြားသည်
သောဘဂဝ ဘဂဝါ ကေဝလံပစေတော့လို့ ဝေဿန္တရာ ဘဝရယ်က ဒါနပါရမီ
သောဘဂဝ ဘဂဝါ ကေဝလံပစေတော့လို့ ဝေဿန္တရာ ဘဝရယ်က ဒါနပါရမီ
သမီးသားမယားကို လှူချိန်အခါမီ…….
ဘူမြေနှစ်လွှာ… အသိမဟုတ်လောဟု
ဝိသုဒ္ဓော… ဓမ္မခံ အခြေလှစ်ပြန်တော့
မာန်ယစ်တဲ့ ရန်စစ်သည်တွေသည်
ဆံညှစ်ရေကြောမှာ မျောလေသည်….
ဝဠာတစ်သောင်း ဗြဟ္မာအပေါင်း
အောင်ကြောင်းကိုအမှန် ကြွေးကြော်ကြရပြန်လေသည် …
ဗုဒ္ဓ ဘဂဝါ အရှင်ဘုရား… စတုတ္တဈာန်ဝင်စား
ဗုဒ္ဓ ဘဂဝါ အရှင်ဘုရား… စတုတ္တဈာန်ဝင်စား
ပုဗ္ဗေနိဝါသခေါ် … ရွှေဉာဏ်ဓမ္မကိုလ
ဧကန်ရတယ်လို့ ညဉ့်ဦးယံ ချိန်ခါမီ….
ဒိဗ္ဗစက္ခုဉာဏ်ကို မှန်းဆောင်ပြန်သပေါ့
သန်းခေါင်ယံကျပြန်တော့ ရတော်မူပြန်လေသည်…..
ပရမေ အရှင် ဆင်ခြင်ကာပွား တရားတော်များ ထင်ရှားသိပြီ
အလုံးစုံ မယွင်းအကြွင်း လည်းမရှိသည်
ပရမေ အရှင် ဆင်ခြင်ကာပွား တရားတော်များ ထင်ရှားသိပြီ
အလုံးစုံ မယွင်းအကြွင်း လည်းမရှိသည်
ဝိဿခါနက္ခတ် နဲ့အညီ ရက်မြတ်တဲ့ ချိန်ခါမီ
ဘုရားအဖြစ်ကို ဧကန်စင်စစ် ရတော်မူလေပြီ…….။

စွယ်တော်ခိုးခန်း (Mar 1941) (မြန်မာစာသားထိုး)
တေးပြုစာဆို နန်းတော်ရှေ့ဆရာတင်
တေးသံရှင် မကြည်အောင်
https://youtu.be/rwkt8MyoOIQ?is=zlP-ASIPOUg_le-S
Myanmar Music (Lyric Closed Captions) Collection
ဓါတ်ပြားအညွှန်း Columbia VE 2230 (Mar 1941)
ပန်းချီဓါတ်ပုံ Created by Ko Sein Mya
Lyric Closed Captions added by Dr. Khin Haw
သာသနာတော်ကြီးထွန်းကားလာမည်…
ဗုဒ္ဓဝင်ကိုရွယ်မျှော်ကိုးကာ… စွယ်တော်ခိုးခန်း တစ်မျိုးဆန်းလာပြန်သည်…
ပတ္တမြားပလ္လင် ရိပ်ဖြာနန်းဆီ… ဘုရားသခင်ဖြင့် နိဗ္ဗာန်သို့ မြန်းလေပြီ
ပတ္တမြားပလ္လင် ရိပ်ဖြာနန်းဆီ… ဘုရားသခင်ဖြင့် နိဗ္ဗာန်သို့ မြန်းလေပြီ
ရှင်အရဟံ… ဈာန်သမာပတ်နဲ့… လှမ်းကြည့်ရာ… လွမ်းမိရှာတော့သည်
ရှင်အရဟံ… ဈာန်သမာပတ်နဲ့… လှမ်းကြည့်ရာ… လွမ်းမိရှာတော့သည်
မှားလေစွ မသမာဉာဏ်ခြယ်…
သမဏာနမ်ခေါ် ပုဏ္ဏားမော်ရယ်… ပုဆိုး ကြားနံငယ် စံပယ် ဝှက်သော်…
လက်ဝဲစွယ်တော်… ပူဇော်ရန်ဖို့သာ… ဂန္ဓာလရာဇ်ပြည်… ရှင်အရဟံ ပင့်၍သာ…
ကြွေရှာပြီ… လိုရာစခန်း မြန်းပေါ့ဒေသစာရီ…
ခေါင်းပေါင်းအလယ်ကြားမှာ… စံနေတော်မူလေသည်…
လက်ယာဘက်က စွယ်တော်မြတ်တို့ကို…
တကယ် ရအောင် ဝှက်တော့ပြန်သည်…
ရှစ်ပြည်ထောင် ရာဇမဟာသီ… မင်းအများစုံညီ
ကံအားကိုမှီ… ဒေဝါနတ်များတို့သည်…
ပိုင်တော်မူသော ဘိုးတော်သိကြားမင်းသည်…
လူ့ပြည်ရှုကြည့်တော်မူသည်
ဒေါန ဤပုဏ္ဏားခေါင်းပေါင်းကြားက စွယ်တော် မြတ်ကို
ဘုရားရှိ သကဲ့သို့ စေတီတည်ဖို့လို့ ကမ္ဘာတည်အောင်ပင်
မပြုနိုင်တာမြင်ပြီ ခိုးယူဆောင်ကျဉ်းသည်
တာဝတိံသာ နတ်ပြည် ရမ္မာဝတီ
မာဃသိကြား ယူလာသည့် စူဠာမဏိစေတီတော်ကိုတည်…
ဓမ္မိဿရစောဇိနံ အမွေတော်ခံသည်
ကြံကြံစည်စည် ဒေါနပုဏ္ဏားမှာ ကြည်ညိုသဒ္ဓါပွားလွန်လွန်းသည်
မဆင်မခြင် အထင်အမြင်မှားပြီ
အောက်လကျာ်စွယ်တော်မြတ်ကို ခြေမကြားမှာ ထားကာဝှက်သည်
တစ်လောကပြည် ဘောဂဝတီ… နဂါးတွေသည်
လူ့ရွာကိုရှုကာမြင်လျှင် ဆင်ခြင်ကြည့်လေသည်…
ဥယျာဉ်ဝဆီ… ဖူးမြင်ကြသည် ကုသိန္နာရုံ မလ္လာမင်း နဲ့ အင်ကြင်းမြိုင်ဝနာမဟီ…
မကြာမီ နဂါး တန်ခိုးနဲ့ စွယ်တော်ခိုးယူပြန်လေသည်…
လိုချင်သောဇောဟဒယနဲ့ သူ့လောဘ သာ ကျန်ရှာလေတော့သည်…
ဘုံသုံးပါးမှ ဘုရားစွယ်တော်… ပင့်သွားကြလေသည်
ဘုံသုံးပါးမှ ဘုရားစွယ်တော်… ပင့်သွားကြလေသည်
မလ္လာမင်းများနဲ့ သိကြား နတ်သား အများတို့ပင်…
အောင်စည်တီးကာ တိုင်းပြည်ကြီးသို့ ဝင်လေသည်
ပရိဘောဂစေတီ… ဥဒ္ဒိဿနဲ့ ရည်မှတ်ပူဇော်သည်…
စွယ်တော်ကိုရှင်… ခိုးယူသွားသူရဲ့ မိုးသိကြားရယ်နဲ့ ရဟန္တာ ရှင်မထေရ်
စွယ်တော်ကိုရှင်… ခိုးယူသွားသူရဲ့ မိုးသိကြားရယ်နဲ့ ရဟန္တာ ရှင်မထေရ်
နတ်နဂါးတို့သည်… ဘောဂဝတီ သို့…
နတ်နဂါးတို့သည်… ဘောဂဝတီ သို့…
ငါသာ ဝေသည်… ငါသည် ဘာမှမရပါကလား
ငါသာ ဝေသည်… ငါသည် ဘာမှမရပါကလား
ဒေါနပုဏ္ဏား ယုံစားမိသည်… အိပ်မှုန်စုံမွှား ငိုအား နဲ့ မရယ်…
သရီရ ဓာတု ဓာတုစေတီ… တည်ကာထားတဲ့
ပတ္တမြားအိုးသာ… ကျန်တာ မူလအတည်ယူရမည်… နန်းတော်ရှေ့ကစီ…။
မိုးပစ္စုန်
https://youtu.be/QFk75MWe2pE?is=_1Dq33XjDvENmop0
https://youtu.be/QFk75MWe2pE?is=wX7npfyGBtW0c86p
ဓမ္မ စင်္ကြာ

https://youtu.be/r4K0J9bsvuQ?is=iK4VarlhbNz8XA5O
သာသနာ့ဒါယကာ

https://youtu.be/lRXBop_IsMo?is=mJZbkqa4Vk8UX9HP
ပြန်လည်သီဆီု

https://youtu.be/PprlXw8MLZs?is=P-M_yvjH_MVCgmpy
မကြည်အောင်ဆိုသော သီချင်းများစုစည်းမှု 30 videos
https://youtube.com/playlist?list=PLIkUkpOon6Q0HAcRaIO8KU3vkzfN_ZlD6&si=rSrNyu3YQuFFYSTV
ကြံတိုင်းအောင် မကြည်အောင်
https://youtu.be/9Fi6tevZJ0A?is=Y-UUkubtqrA2Tsfe
မကြည်အောင်ဆိုသော သီချင်းများစုစည်းမှု 65 videos https://youtube.com/playlist?list=PLIkUkpOon6Q2yOUboLeq9a5uTxAdP-5_-&si=lBDZX6YlSxN06YKR


မကြည်အောင်ဆိုသော သီချင်းများစုစည်းမှု 65 videos
https://youtube.com/playlist?list=PLIkUkpOon6Q2yOUboLeq9a5uTxAdP-5_-&si=hlX6RMbfd9YmBewV
မကြည်အောင် 10 videos.

ရွှေ လမ်း ငွေ လမ်း ရေး နန်းတော်ရှေ့ ဆရာတင် https://youtu.be/ltLK8zkE-TM?si=BdAWBxte7YBj-yUD
ဦးနုစကားပုံ တေးရေး ရွှေတိုင်ညွန့် https://youtu.be/eJZYXOtBuZw?si=WPXozK_lEsHVtECr
ညှော်ကြမယ် တေးရေး ဦးကြင်ခဲ https://youtu.be/6yJ0jGCcfZA?si=6xbLJ9iuPaezlsjT
ကိုကြင်ခဲ ဟာသ
https://youtu.be/yAG_8ezEGjU?si=Hf95V-aQVhoGuGCN
ဦးပုဒ်သည် တေးရေး ဒဂုန် ဆရာတင် https://youtu.be/yCV6Q8p1Uqw?si=bx4hoWcphyoT4Vkw
ဇာတိပုည ဂုဖစ်မာန မကြည်အောင် တေးရေး ဒဂုံညွန့်ဆရာနှစ်။ https://youtu.be/iJEI8juzYC4?si=oYK07BkRCc4–5Jb
ဗမာ့ သွေး တေးရေး ရွှေတိုင်ညွန့် https://youtu.be/6_uBfXc49Y4?si=x19Vj4KbWJFW_D3c
ဝှတ် ဆိုတာဘာလဲ တေးရေး – ရွှေတိုင်ညွနိ့ https://youtu.be/l5rw3qNN-aY?si=WF4Jqg7N80-4y1GP
ဝါဆိုဥပုသ် ၊ တေးရေး ဆရာဖေါင်။ https://youtu.be/Sfo7iy1kXBk?si=ICQdsOdzrEVLocAJ
လနှစ်ချောင်းငင် တေးရေး ဝိုင်အမ်ဘီ ဆရာတင် ဆို မကြည်အောင် https://youtu.be/xw5DY-JTZYQ?si=QKWfrw_FOea0u72I
ရာသီတော်ဦး တေးရေး နန်းတော်ရှေ့ ဆရာတင် https://youtu.be/qS7q3nDejmE?si=w-q0BBKvNUjC55fO
သုံးရောင်ခြယ် တေးရေးရွှေတိုင် ညွန့် https://youtu.be/u2pLcOkbENk?si=r3UZFpGNRjUqM5nF
အင်္ဂုလိမာလ။ ရေး – ရွှေတိုင်ညွန့်။ ဆို – မကြည်အောင်။ https://youtu.be/vpbvwiVv8BU?si=0naFKVV2lO084iGs
COLUMBIA RECORD
Phono Catalog number VE-2199 CEI-11732(40/2)(2-60)
Original Mp3 Download Link-
https://my.pcloud.com/publink/sh…
Youtube Link- • အိမ်ထောင် ညွတ်ကွင်း သံချိုင့်တွင်းမှ မလွတ်ကင်းနိုင်ကြတဲ့ ဣိတ္ထိယမိန်းမတို့သည်၊ပဋိသန္ဓေတည်ကိုယ်ဝန်နေ၍ မသွေမုချ မွေးဖွားလာရပေလိမ့်၊ခရားမှရေသွန်သလို ဝန်လေးလှတဲ့ ဤဒုက္ခမှမြတ်လှတဲ့ ပရမံ ဧကန်ရတာ ညွှန်ပြချင်ပါသည်။
သောတ္ထိနာဂဗ္ဘဝုဌာနံ၊ ယဉ္ဇသာဇေတသင်္ခဏ၊ သောတ္ထိနာချမ်းသာစွာဖြင့်၊ဂဗ္ဘဝုဌာနံ မနာမကျင် ကိုယ်ဝန်ဖွားမြင်ခြင်းသည်၊ သင်္ခဏ ထိုခဏ၌၊ယဉ္ဇသာဇေတိ ပြီးစီးနိုင် ပေသည်လို့ ဤကဲ့သို့ စောသတ္တပါရဂူသယမ္ဘူထွတ်ထားသဗ္ဗညုမြတ်စွာဘုရားသခင်သည် မဇ္ဈိမပဏ္ဍာသ၌ ထုတ်ဖော်ညွန်ကြား ဟောထားတော်မူလေသည်။
သာဝတ္တိပြည်တိုင်းရာဇာဌာနီ၊ ကောသလဘုရင် ထီးဖြူအုပ်ချုပ်မင်းလုပ်တော်မူသည်၊ထိုစဉ်အခါမှာ သမ္ဘာအရှိန်ကြွပါတဲ့ ဟိ ံသကကို သန္ဓေတည်၊ သေချာစွာ ဇာတာ စစ်တော့ ညဉ့်ကာလကို မီ၊ကောင်းကင်ဒီပါ အာကာအားလုံး အုတ်အုတ်ကျက်ကျက်ညံညံစီစီ၊မြေငလျင် တော်လဲကာတခဲနက်တော့သည်၊ အတိတ်နိမိတ်တွေအထူးပင် ဖန်လာသည်၊မိခင်မန္တာနီ အသွင်မရှုမဝတဲ့ အင်္ဂုလိကို ဖွားမြင်တော်မူသည်။
ငယ်မည် ဟိ ံသကတဲ့ အင်္ဂုလိမာလသည်၊ လူလားမြောက်ပါလို့ အရွယ်ရောက်တဲ့ အချိန်ခါမီ၊တက္ကသီလံဆရာထံ အပ်နှံလေတော့သည်၊ ပညာတွေစုံလင်ပြန်တော့ ဟိ ံသကခမျာကို မနာလိုကြသည်၊အပေါင်းအဖော်တွေစုံညီ၊ ဆရာသခင်ကြင်သက်ထားနဲ့ မှားယွင်းကြတယ်လို့ဤကဲ့သို့ လိမ်ဉာဏ်နှောက်ကာ တင်လျှောက်ကြပြန်သည်၊ မယားထိပြန်တော့ မချိအောင်နာလှသည်၊ တပည့်ကိုသေစေရန်ဉာဏ်အခြေတမျိုးနဲ့ လှံအရှည်ထိုးလို့ လက်ညှိုးတစ်ထောင် ရအောင်ဖြတ်ခိုင်းသည်။
ဆရာ့စကားကို သွေမဖယ်သပ၊ မြေဝယ်မကျအောင် သူနားစိုက်ခဲ့ပြီ၊ အားတိုက်ပင်ကြံစည်၊လူမြင်တိုင်း ညာလက်ညှိုးကို ထိုးဖြတ်တော့သည်၊ ရွာကြီးရွာငယ် အခြေပျက်လို့အသက်ဘေးကြောင့် ပြေးခဲ့ရလေပြီ၊ ထီးဘုရင်မှာ တပ်ချီထွက်၍ လက်ရဖမ်းတော့သည်၊ မွေးမိခင်မန္တာနီ၊သားအသက်ကို သေမှာနှမြောလို့ (ဇာလီယမြိုင်တောတန်းဆီ) ၂ ၊ လှမ်းခဲ့ပါပြီ၊ ပန်းနွဲ့ရှာသည်၊အင်္ဂုလိမာလသည် တထောင်သော လက်ညှိုးမှာ တချောင်းသာလိုတော့သည်။
အော် ကျေးဇူးရှင် ခေါင်းသနင်းနဲ့ ပက်ပင်းပါဆုံ့လို့ မြိုင်ကနက်မှာ အခက်ကြုံလေပြီ၊ဟင် မိခင်လေသော ဘာလေသောလို့ ကျောကမဖြုံ တောရဂုံ တွင်းဝယ် ဓားပိုက်ကာ တအားလိုက်လေပြီ။
ထွတ်ဖုန်းခေါင် ပရမေ သုံးလူ့ဆွေသည်၊ မဟာကရုဏာမျှော်စိတ်တော်ခြွေ၍ ဇေတဝန်ဝိဟာမြတ်မှာသမ္မာပတ်နှင့် တတ်အပ်မြင်လေသည်၊ အင်္ဂုလိမာလဟိ ံသက ထိုသူသည်၊မွေးသမိခင်ပဉ္စာနန်ကြောင့် နိဗ္ဗါန်ဝေးချေတော့သည်၊ အနိမဘဝိကာမှန်ပေသောကြောင့်စောဗုဒ္ဓပရမေအရှင်သည် ဧဟိဘိက္ခုခေါ်တော်မူသည်၊ ကြည်ညိုစရာပအင်္ဂုလိမထေရ် တန်ခိုးတော်တေဇောတွေးမျှော်ကြည့်တော့ အတောဟံဘဂိနိအစရှိသည့်ဤမန္တာန်သည် အမွေးလွယ် အဖွားလွယ်တယ် ဘုရားတကယ် ဟောသည်၊ မနောစိတ်ကယုံကြည်၊မကြည်အောင်တေးကို ရွှေတိုင်ညွန့်က စီရေးလိုက်ပါသည်။
Reference by
1-https://www.facebook.com/groups/…
2- မြန်မာနိူင်ငံ ဓာတ်ပြား သမိုင်း သုတေသနကျမ်း(သုတေသီ မောင်မောင်
3-TYping By Phyoe Kyaw on Saturday, November 3, 2012 at 6:27 AM
4-(original Audio Track by Ko Kyaw Lwin TintOo)
5- Edit photo, restored audio and create video by AMT
သုံးရွေ့လယ် ရေး-နန်းတော်ရှေ့ဆရာတင်။ ဆို-မကြည်အောင်။ Columbia Graphophone Co,Ltd
Phono Catalog number VE-2237 CEI-18103
Released Date 1941 Jan
original MP3 Download Link-https://u.pcloud.link/publink/sh…။ https://youtu.be/EUXIHIHF6C4?si=Hk72RhZusQe1kkqU။ သုံးရွေ့လယ် ရေး-နန်းတော်ရှေ့ဆရာတင် ဆို-မကြည်အောင်…
YouTube Link- • သုံးရွေ့လယ် (နန်းတော်ရှေ့ဆရာတင်)… ဗဟို နဂရာမှာဖြင့် မဆိုတာကြာမြင့် ရှေးကလို အို… သာတင့်ဆုံးရယ်က သုံးရွေ့လယ်…မုန်းပေ့မယ် ဆိုပြန်ပါတော့ တား တားမှာပေါ့ရှင် ခေတ်ကြီးပြောင်းလွဲတယ်…နှောင်အသွယ်သွယ်…မကြည်အောင် ဆိုတဲ့စာတမ်း… ဆန်းဆိုတာရွေးပါလို့ ရေးစေတယ်… ကလေးတွေဝယ်…သာလို့ဝေးကြတော့မပေါ့ရှင် ရေးစေပါတယ် အခရာပိုတဲ့ တေးတွေပါပဲ… ကြာဆိုပေး… ခရာသလိုတေး စကားအသေးနဲ့ ရေးမှအကုန် (နားလည်ရှာမယ်)၂ သီချင်းကြီးမုန်းပေမယ့် စခန်းမကွာလှပါဘူး သုံးရွေ့လယ် နန်းဘမရာသနမှာလ… ပန်းကြာကြွ(အဆောင်ဆောင်တွေဝယ်)၂ … ထောင်ရောင်နေကသာ… ရွှေဘုန်းဝင်း အဲဒီ ထောင်ရောင်နေ ကမှ အဖိုးတန်တာမလွဲ…စိန်ဗေဒါရဲ့ဖေမောင်မောင်ဖေတို့ရဲ့အရိုးခံပါပဲ…ထုံးဓလေ့ငယ်…နှလုံးမွေ့တယ် ထုံးဓလေ့ငယ်…။
သုံးရွေ့လယ်ဝယ်… ဆွေတော် မျိုးတော် မူးတော် မတ်တော် ရှေ့ဝယ် ကရတဲ့ မင်းသမီးအစုံရယ် သီချင်းကြီးမှ ဂုဏ်ထည်တယ်…အဲဒီအခါတွင် ဆရာဇင် ဆရာပေကြီးတို့က သိုင်းနဲ့ကျိုင်း နဲ့ ဂိုဏ်းဖွဲ့ကာရယ် ကျွန်မတို့က မြင်စမ်းချင်တယ် ရွှေနန်းတော်မှာ ကကြပါတယ်… ပန်းမြိုင်လယ်ဆိုကာပြရင် ရိုးတယ် (ထင်ကြမယ်)၂ အားလုံးက ရိုးတယ် ထင်ကြမယ်… သီချင်ခံတွေ ဆိုကာပြရင် ရိုးတယ်ထင်ကြမယ် (ရိုးတယ်)၃ လို့ပဲထင်ကြမယ် ဟယ်…ရှက်တယ် ဘယ့်နှယ်ဘယ်လိုရှိရှိ သဘင်ကို ပစ်တော့မယ် အရင်လိုခေတ်မလည် ယခုထင်သလိုဖြစ်တယ် (ပစ်မယ်)၂ ဆိုပေမယ့် ထမင်းရေးအတွက်ကွယ် သီချင်းကလေးတွေ ဆက်ရပြန်တယ် ပဒုံပျံခောတ်ပြောင်းဖွယ်… ရှေးကသီချင်းတွေရယ် ကြည်အောင်ဆိုချင်တော့တယ်… ရှေးကပန်မြိုင်လယ်… (ဆန်းပြန်လာပေးတယ် နန်းဆန်ပါပေတယ်)၂… ယခုခေတ်ကာလ တီးလုံးဆန်းတွေ ဆိုသာဆိုတယ် သီချင်းကြီးထဲက လွဲနိုင်ခဲပေတယ်…
ပုံပမာ စုံနံ့သာမြိုင်လယ် သဘင်မယ် ယဉ်တယ်…ပျိုကြည်အောင်မှာ ခမ်းခမ်းနားနား ဆိုချင်တယ် အို… တွင်ကျယ်… (မဆိုစမ်းပါနဲ့လို့ငြင်း… အဟုတ်ငြင်း… တစ်ကယ်ငြင်း)၂… မှန်ပါပေတယ် ငြင်းပေလိမ့်မယ်… တင်းပေလိမ့်မယ် တစ်ကယ့်ကိုမှန်တယ် ငြင်းပေလိမ့်မယ် တင်းပေလိမ့်မယ် နှစ်ဟောင်းခါရယ် ခေတ်ပြောင်းလာတယ် ခေတ်ပြောင်းလို့လာပါတယ် နှစ်ဟောင်းခါရယ် စုံနံ့သာမြိုင်လယ် ရှေးရှေးတုန်းက ဆိုပါတယ် ခေတ်ကြီးခါရယ် ပြောင်းလွဲလို့လာ တယ်…သို့ပေ မယ့်ရှင် သို့ပါသော်ရှင် သီချင်းကြီးထဲက လွတ်နိုင်ခဲပါပေတယ်…
XXX
(ဟိုအခါတုန်းဝယ် တီးတဲ့/တီးကြတဲ့ ဗုံရှည် ဆိုင်းတွေဝိုင်းတွေ မပေါ်သေးခင် ပြောရဦးမယ် မြင်သေးတယ်)၂… ရေအိုးကြီးလောက်ရှိတယ်… စဉ့်အိုးကြီးလောက်ရှိတယ်… ရေအိုးကြီးလောက်ရှိပေလိမ့်မယ် စဉ့်အိုးကြီးလောက်ရှိပေလိမ့်မယ်… (ဗုံရှည်ကြီးလို့ ခေါ်ပါတယ်…တီးမှကွယ်…နည်းကျတယ်)၂ (သပြေပန်းပင်ကို ဝိုင်းလို့ကတယ်…ဇာတ်သမားဟန်တွေ ပြချင်သေးတယ်/ပြချင်ပါသေးတယ်)၂ ထမီစွန်တောင်ဆွဲလ့ကို တယ်…အရောင်တင်မခြယ်… ပင်ကိုလှပါတယ် သူတို့အရောင်တင်မခြယ် နဂိုလှပါတယ်၊ ဒေါ်ဆင်ခိုးနဲ့ ခတ်ဘက်ကွယ် မယင်းတော်ဟာ ရွှေနန်းတော်မှာ နင်လား ငါလားပြိုင်ကြတော့ကာ မြင်ချင်ပါသေးတယ်၊ အဲဒါမှ ဒါမှ အာဂသဘင်သည် ရှေးခေတ်ဟောင်းကို အောက်မေ့ပါတော့ကွယ်… ။ Reference by
1- / 49914. .
2- မြန်မာနိူင်ငံ ဓာတ်ပြား သမိုင်း သုတေသနကျမ်း(သုတေသီ မောင်မောင်)
3-(original Audio Track by Ko Kyaw Lwin TintOo)
4-Lyrics Typing by Sanda Hlaing 6 DEC 2012 10:54 AM
5-Original record label from Ko Ko Myint(Mandalay) Edit photo, restored audio and create video by AMT
ပြဒါးတစ်လမ်းသံတစ်လမ်း Lyric & Music တေးရေး ဒဂုန် ဆရာတင်။ https://youtu.be/CRZdg5mmlvw?si=_UEWa1QP8hymTHZe
ဗမာ ခေတ် တေးရေး ရွှေတိုင် ညွနိ့ https://youtu.be/YY2c33CSmac?si=3Jh95mmIa0NYZf4R
