SINGER စိန်ပါတီ

ထွက်ရပ်ပေါက် စစ်ကြိုခေတ် ဟောင်းသီချင်း။ https://youtu.be/QJJHhJrBfdw?si=WEizBV8Ek8NWkDyU

တို့ဆွေမျိုး ရေး ရွှေ တိုင်ညွန့်။ https://youtu.be/5IWrDt8j_oQ?si=Wjhe1msPEgAI1jyF။

ကောက်စိုက်မ။ တေးပြုစာို ဂီတာသောင်း။ ၁၉၃၆။ https://youtu.be/92kH_sGA4zg?si=BrKX4Pp-BUfX-rIp

ရွှေ ပြည်ကြီး – တေးရေး – နန်းတော်ရှေ့ ဆရာတင် ၊ ဆို – စိန်ပါတီ https://youtu.be/8QMHp863qjk?si=Aoy–KF_m2LLqnxn။ အရှင်နှစ်ပါး ပါတော်မူ၍ တစ်တိုင်းတစ်ပြည်လုံး သူ့ကျွန်ဘဝရောက်စဉ် ကိုယ်တိုင်ခံစားရသော အတွေ့အကြုံအား နန်းတော်ရှေ့ ဆရာတင်မှ ရေးစပ်ကာ အဆိုတော်ကြီး စိန်ပါတီ၏ ဂရုဏာသံဖြင့် သီဆိုထားသော ပါတော်မူတမ်းချင်း။ ကိုလံဘီယာကုမ္ပဏီမှ စစ်ကြိုခေတ်တွင် ထုတ်လုပ်ရောင်းချခဲ့ပါသည်။ ရွှေပြည်ကြီး (ရေး)နန်းတော်ရှေ့ဆရာတင် (ဆို)စိန်ပါတီ။ အော် ရွှေပြည်ကြီး ဘယ်ခါမှနီးရပါ့ စည်ထီးနဲ့ကွာခဲ့ပြီ၊ အော် ဘယ်ခါမှ နီးရပါ့ စည်ထီးနဲ့ကွာခဲ့ပြီ။ သာသနာ့ ဒါယကာ ရာဇာမရှိတာကြာပြီ ယခုအခါ သူများနိုင်ငံ… ပိုင်ဆောင်ငြားတဲ့… မင်းမြတ်ရာဇာ စုံစုံညီညီ လူမျိုးများတို့ မေးသော် မြန်းသော် နန်းတော်တစ်ခုသာ မန္တလေးက နန်းတော်တစ်ခုသာ ကျန်ပါတော့သည်… ဘယ်အခါမှ ဆိုသလို နေပြည် ရွှေပြည်ကြီး… နီး… နီးချင်လှပြီ…။ အထက်လွှတ်တော်ကိုလည်း… လျှောက်လွှာထပ်မည် အောက်လွှတ်တော်ကိုလည်း… လျှောက်လွှာထပ်မည်)၂
အော်… ကျွန်ဘဝက လွတ်ကြရအောင်.. စီမံကောင်းသောလမ်းကို ကျွန်မတို့ရဲ့ ဆရာအတည် နန်းတော်ရှေ့စာစီ သာကီ မျိုးတို့ တန်ခိုးကြီးခဲ့သည် ဘယ်ခါမှနီးရပါတော့မည်…
အော်… သခင်ရေ… မျှော်ရင်းလွမ်းလှပြီ… အော်… ကိုယ်တော်ရေ… မျှော်ရင်းလွမ်းလှပြီ… ရွှေပဟိုရ်စည်သံ များ မကြားရတာကြာပါပြီ ရှစ်စုံထီးနဲ့ ရွှေပြည်တော်ကြီးဆီ…။ ။ ရွှေပြည်ကြီး… နီးအောင်ပင်လှမ်း ရိပ်လှုံ… ရွှေဘုံ ဟံသာကျွန်းဆီက ယွန်းနတ်ကယ်စီ ဒေါင်းမြီးကွက်တွေ လွှမ်းချိန်မို့ (လွမ်းပြန်ရသည်)၂
အော် သခင်ရေ . . . . . . . . . . . ရွှေပြည်တော်ကြီးဆီ…။ (ပြာဿဒ်ဖျားဆီက စိန်သွားရောင်ခြည်)၂ ဗဟိုရ်နှစ်ချက်တီးပြီထင့် (ညည်းမှိုင်မိသည်)၂
အော် သခင်ရေ . . . . . . . . . . . . ရွှေပြည်တော်ကြီးဆီ…။ ပါတော်မူ မြန်မာဂန္ထဝင် သီချင်း တေးရေး – တေးဆို စိန်ပါတီ https://youtu.be/N7aEdDhsw-U?si=PAsMV8IEf2tgZ757။ တိုင်းတပါးမှ ဖြန့်ချီခဲ့သော မြန်မာ့ပါတော်မူ တမ်းချင်း”။ လွန်ခဲ့သော နှစ်ပေါင်း ၁၃၅ နှစ်ကျော် ယခုအချိန်တွင် မြန်မာနိုင်ငံတော်သည် ထီးကျိုးစည်ပေါက်ကာ “ထီးသုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်း သုည သုဉ်းသုံးဝ….” အစချီဆီးဘန်းနီဆရာတော် ဘုရားကြီး၏ သံဝေဂ လေးချိုးကြီးအတိုင်း စည်းလုံးညီညွတ်မှုမရှိရုံမျှမက စည်းကမ်းပါဖေါက်ခဲ့ကြသဖြင့် ထီးနန်းပါပျောက်ခဲ့ရလေသည်။ ထိုသို့ နယ်ချဲ့ဗြိတိသျှတို့အောက်တွင် ဝန်းသိုစော်ဘွား ဦးအောင်မြတ်၊ ဗိုလ်မင်းရောင် စသောမျိုးချစ်သူရဲကောင်းများက ဒုတ်၊ဓါး၊ သေနတ်တို့ဖြင့်တော်လှန်နေချိန်တွင် အချုပ်တန်း ဆရာဖေတို့ကဲ့သို့ အနုပညာရှင်များစွာကလည်း ဂီတလက်နက်၊ ကလောင်လက်နက်စသော ရရာလက်နက်များကို စွဲကိုင်ကာ သူ့ကျွန်အဖြစ်မှ လွတ်မြောက်စေရန် အုတ်တချပ်သဲတပွင့် အဖြစ်ပါဝင် တိုက်ပွဲဝင်ခဲ့ကြ၏။ ပါတော်မူပြီးစ ပေါ်လာသော ဆရာဖေ၏ တေးထပ်တွင် ၎င်းက ပေါက်ကွဲခါ “မြန်မာတွေ စည်းကမ်းဖေါက်၊ ထီးနန်းပျောက်ဖြစ်ပြီ၊ မှီငြမ်းထောက် အသစ်မှီတယ်၊ ညစ်ပလီလူမျိုး။ မိပစ်လို့ ဘသွေရှောင်သည်၊ ဂွကောင်တွေခွေးဖြစ်ပေါ့ဗျိုး။” ဟူ၍ ရေးသားခဲ့လေသည်။ ၁၈၈၇ မှ အစောဆုံး လွပ်လပ်ရေးတိုက်ပွဲဝင် တေးသီချင်းတစ်ပုဒ်ဖြစ်သည့် “သီဟာပျံနန်းဘုံမြင့်မှာလ…” အစချီ မဒီကိုင် ဦဖူးညို၏ ဂရုဏာသံတွင်လည်း “ဘိလပ်ပိုင် မိန့်တော်ရင်းရယ်နှင့်၊ မြစ်တွင်းမှာ အောင်လံထူ၍၊ လွယ်တကူ ရှင်နှစ်ပါးကိုလ၊ ကြယ်ဥဂ္ဂါ နိမိတ်များငယ်နှင့် တက်သွား၍ ဆောင်တွင်းမှာ၊ လောင်ပြင်းစွာ ပြည်သူအပေါင်း။ ဆောင်ကြဉ်းလာသမျှ သည်ရေကြောင်း။ ။” ဟု အသည်းနာနာဖြင့် ရေးသားခဲ့ပါသည်။ ဓါတ်ပြားခေတ်သို့ ရောက်သည့်အခါတွင်လည်း အဆိုတော်များဖြစ်ကြသည့် ခင်မောင်ရင်၊ ဂီတာစိမ်းမောင်၊ ဥဩဘသောင်၊ စိန်ပါတီ၊ မကြည်အောင်တို့ကဲ့သို့ အနုပညာရှင်များက သခင်၊ သခင်မ ဘွဲ့များခံယူကာ လွပ်လပ်ရေး တိုက်ပွဲဝင် သီချင်းများကို သီဆိုဓါတ်ပြားသွင်းခဲ့ကြသည်။ ထိုအထဲမှ အခြားဓါတ်ပြားသီချင်းများကို ကျော်လွန်၍ တမူထူးခြားစွာ ပေါ်ထွက်လာသော သီချင်းတပုဒ်မှာ ဂီတစာဆို ရွှေတိုင်ညွန့်ရေး၍ အဆိုတော် စိန်ပါတီ၏ “ပါတော်မူ” ဓါတ်ပြားဖြစ်၏။ ဤဓါတ်ပြားအမှတ် RE.698 ကို ၁၉၃၉ ဧပြီလတွင် ကိုလံဘီယာ ကုမ္ပဏီ အိန္ဒိယစက်ရုံမှ ရိုက်နှိပ်ဖြန့်ချီခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ ထိုခေတ်က ဓါတ်ပြားများသည် တိုက်ရိုက်အသံသွင်းထားသည့် ဖယောင်းချပ်ကို တိုင်းတပါးတွင် သွားရောက် ကူးယူကာ ရိုက်နှိပ်ပြီးမှ မြန်မာပြည်သို့ ပြန်လည်ပေးပို့ကာ ဖြန့်ချီထုတ်ဝေရောင်းချရပါသည်။ သီချင်းသွင်းရာတွင်လည်း လျှပ်စစ်မပေါ်မှီက အဆိုတော်က အရှေ့ဆုံးမှနေ၍ တီးလုံးသံ အတိုးအကျယ်ပေါ် မူတည်၍ အနီးအဝေး သတ်မှတ်ကာ အော်လံကြီးရှေ့တွင် တိုက်ရိုက် အသံသွင်းခဲ့ကြရသည်။ ထိုသို့ ဖယောင်းပြားပေါ် အသံဖမ်းသည့် အဖွဲ့ကလည်း ပြည်ပမှ သီချင်းမသွင်းမှီ တပတ်အလိုတွင် ရောက်ရှိကာ ဓါတ်ပြားကုမ္ပဏီများနှင့် ရက်ချိန်းယူကာ တထိုင်ထဲ သွင်းခဲ့ကြ၏။ ထိုသို့မကူးယူခင် ရက်ပေါင်းများစွာ အချိန်ယူ၍ အဆိုတော်နှင့် တီးဝိုင်းသမားများကို သီချင်းရေးဆရာမှ အလိုက်နှင့် တေးသွားကို ချပေးရလေသည်။ ဤသို့ဖြင့် ဓါတ်ပြားသွင်းရာတွင် အမှားမပါအောင် ထပ်တလဲလဲလေ့ကျင့် သီဆိုရလေသည်။ ယခု ဂီတထံတျာ အနုပညာ အသံပြခန်းမှ ဖွင့်ပြပေးမည့် “ပါတော်မူ”ဓါတ်ပြားကို အသံသွင်းရာတွင် ပထမဆုံး အပိုဒ် ပထမအကျော့တွင် အဆိုတော် စိန်ပါတီမှ “ရွှေကညစ်နှင့် ရေးကာ စာကိုစီ” ဟုသီဆိုရမည့်အစား “ဧက္ကရာဇ် နဲ့ရေးကာစာကိုစီ” ဟုမှားယွင်းသီဆို မိခဲ့လေသည်။ သို့သော် ရောင်းတမ်း ဓါတ်ပြား အချပ်ပေါင်းများစွာ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိပြီးမှ သိရှိရသည့်အတွက် စိန်ပါတီ၏ “ပါတော်မူ” သီချင်းဓါတ်ပြားကို အမှားအတိုင်း ဖြန့်ဝေခဲ့ရ၏။ ထို့ကြောင့် ယခုကဲ့သို့ ပါတော်မူနေ့နှင့် တိုက်ဆိုင်သော အခါသမယတွင် ဂီတထံတျာ အနုပညာအသံပြခန်း နှင့် Antique Collectors Haven” Facebook စာမျက်နှာမှ ပါတော်မူ ဓါတ်ပြားအား ရတနာဂီရိရှိ မြန်မာ့နောက်ဆုံးဘုရင် သီပေါမင်း၏ နောက်ဆုံးစံအိမ်တော် စက်မှုလက်မှုကျောင်းအဖြစ်မှ ပြတိုက်အဖြစ်သို့ ပြန်လည်ပြုပြင်နေစဉ် မှတ်တမ်းတင် ရိုက်ကူးထားသော သမိုင်းဝင် ရှားပါးမှတ်တမ်းများဖြင့် ဝေဝေဆာဆာ တင်ဆက်လိုက်ရပါသည်။ သီပေါမင်း #စုဖုရားလတ် #ဒိုင်းခင်ခင်။ မှတ်ချက်။ Antique Collectors Haven နှင့် ဂီတထံတျာ အနုပညာအသံပြခန်းမှ တင်ဆက်မှုများအား လွပ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့သော် မိမိကိုယ်ပိုင်အဖြစ် တဆင့်ကူးယူခြင်းမပြုပါရန်

မင်္ဂလာ ၁၂ ပါး ( တေးရေး – ရွှေ တိုင် ညွန့် https://youtu.be/k099ZAWOkzw?si=kOFASd6z-nWSgV9D

ပါတော်မူ ( April 1939 ) တေးရေး -ရွှေတိုင်ညွန့် https://youtu.be/xPHFGp1EETk?si=RNo2jbwdVozOaDFB

မြနန္ဒာ ။ ရေး – နန်းတော်ရှေ့ဆရာတင် ဆို – စိန်ပါတီ။ https://youtu.be/Dm1v0rwIFYE?si=olUny_xkf7Ou0TAr
Columbia Graphophone Co,Ltd
Phono Catalog number RE-657 CEI-17441
Possible Released Date (1939/1)
Original Mp3 Download Link-https://u.pcloud.link/publink/sh…
YouTube ရက်ရွေးမနေပါနဲ့ ကိုကိုရယ်… အသက်ကလေးရယ်… ရှည်စေလိုရင်ဖြင့်.. (မြနန္ဒာ)၂… ရေညိုသန်းတယ်… မန်း… တောင်ရိပ်ခို… တွေးကြပါ ရှေးကစာ သည်အတိုင်းဆို… အသက်ကလေးရယ် ရှည်စေလို… မြနန္ဒာ ရေညိုသန်းတယ်… (မန်း တောင်ရိပ်)၂ ခို…
(ပေါ်ပေါ်ထင်ထင် နဲ့တန်ခိုးကြီးသည့် မန္တလာဝေးပြည် ဗဟို… ပျော်ရွှင်တဲ့ အမျိုးသမီးများ တံတျာတေးကိုဆို)၂ ကြပါသကို ကိုကိုက လာမကြို သည်မိုး သည်မိုး ဒေဝါ… မိုးတည့် မိုးဒေ ဝါဝါစိုစို ပြာပြာညိုညို ငွေလစန္ဒာလျှမ်း သလို ရွှေမြနန္ဒာသန်းတယ်… မန္တလေးက တို့တောတေးသံချို…
ရွှေနန္ဒာ မြရည်ကညိုညို… သုံးလေပါတော့ မယ်ဒေဝီပျို မန္တလေးမြို့ တောင်ရိပ်ခိုမယ် ကိုကိုရယ်… စိန်ပါတီလာရင် မောင်တို့ကြို… စိမ်းစိမ်းလန်းလန်း ရောင်ရွှင်စိုစို… ဘေးမသန်းဘဲ အေးအေးချမ်းချမ်း တေးအဆန်းကိုဆို…
(တို့မန္တလေမြို့ကြီးရဲ့ ပတ်လည်ဆို… မှိုင်ပြာပြာမှုန်ဝေဝေ ရေဇလာ နဒီမြစ်ညို)၂ ဧရာဝတီပါ အလျှံဝင်းပြောင်ညီးတဲ့ ရန်ကင်းတောင်ကြီး အမြဲခို… ဆရာကိုနန်းတော်တင် တဖန် ရှေ့ခေါင်းဆောင်ပဲ မြန်မာရွှေဒေါင်းတောင် တွေကိုင်ကာဆို… တကယ်ခေတ်ပြောင်းတော့မယ်… အမှန် ဧဝကန်ပါ တဖန်ရွှေမြနန္ဒာ ဆန်းတော့ မန်းရိပ်ခို…
(စည်မျက်နှာကဲ့သို့ ညီညာပါပေသကို… ဪမြို့တော်ကြီး၏ လေးမျက်နှာမှာတဲ့ တိမ်ပန်းတိမ်ညို သာယာစည်ပြည်စို)၂ ဗာရာဏသီပြည်လို မြန်ချာမြေကို စံရာရွှေပဟိုရ် နန္ဒာရေညိုသန်း… မန်းရိပ်ခို…
ရွှေနန္ဒာ ….. ၀ ….. ၀ ….. ၀ ….. အဆန်းကိုဆို
တို့မန္တလေး ….. ၀ ….. ၀ ….. ၀ ….. မန်းရိပ်ခို ။
Reference By
1- / 49914. .
2-မြန်မာနိုင်ငံဓါတ်ပြားသမိုင်းသုတေသနကျမ်း(သုတေသီမောင်မောင်)
3-(original Audio Track by Ko Kyaw Lwin TintOo)
4-Lyrics Typing By Sanda Hlaing on Thursday, December 6, 2012 at 9:00 AM
5- Original record label from Ko Ko Myint(Mandalay) Edit photo, restored audio and create video by AMT

အကြိုက်တွေ့ပြီ (Oct 1938 ) တေဂရေး ရွှေ တိုင်ညွန့် ) https://youtu.be/R1a43l19LVU?si=ZzUKYlqYQn9_X7vu။ စစ်ကြိုခေတ် ခေတ်ဟောင်းသီချင်းများ။ မူရင်း နှင့် မူဟန်သွယ်သွယ် ဆို/တီး သူများ
အကြိုက်တွေ့ပြီ စိန်ပါတီ
https://www.mediafire.com/file/0…
အကြိုက်တွေ့ပြီ မာမာအေး
https://www.mediafire.com/file/q…
အကြိုက်တွေ့ပြီ ချိုပြုံး
https://www.mediafire.com/file/3…
အကြိုက်တွေ့ပြီ နွဲ့ယဥ်၀င်း
https://www.mediafire.com/file/x…
အကြိုက်တွေ့ပြီ မေဆွိ
http://www.mediafire.com/file/yu…

အနန္တသူရိယ Kyric & Music (July 1939 တေးဖွဲ့သူ ရွှေတိုင်ညွန့် https://youtu.be/EO6RotKnPqA?si=4yf2NcbfpICmP6l6

အမြဲချစ်ချင်သည် ( June 1938 ) တေူရေး ရွှေတိုင်ညွန့်https://youtu.be/CSs28R-FNWE?si=z9Ehtqj2hxgS9Iqt