ဘန်ကောက်ထိုင်းယုရင်ကြီးမွေးနေ့မှာဖျော်ဖြေတဲ့မြန်မာအငြိမ့်
https://youtu.be/99cAEReHOqY?si=ZgnXMkHRjEN6dpCy
သီးလေးသီး ပျက်လုံး
https://youtu.be/E0WsE6mE5i0?si=fIvbywnDtzLLcF0P
သီးလေးသီးအငြိမ့်
https://youtu.be/vS-ehuwcGtM?si=WeBKY-kDlEPDWge0
စိန်သီးအငြိမ့်
https://youtu.be/a6eweoKFCMA?si=XpcfKVbPS8ZEdr91
ဿီးေ လးသီနဲ့ဇာဂနာတို့ အငြိမ့်
https://youtu.be/Ca6i-_gODsc?si=jfjsp_GdhdFhVrW1
ဟားငါးကောင်ရဲ့တော်လှန်ရေးအငြိမ့် မင်းသမီး ဆောင်းဝတီ
https://youtu.be/IwtOxfXrr-w?si=bcCt4piiwvDQCfuJ
မမများနဲ့ပွဲကမယ်
https://youtu.be/4VcetRv6AUE?si=KlRfyLvpEIylZzgp
ဟား၅ကောင် တော် လှန်ရေး သမားကျွန်မရည်းစား
https://youtu.be/2X36olXxRio?si=cS3oRL_s9BmqP0Hi
ဗိုလ်ချုပ်သမိုင်းရုပ်ပုံလွှာ
https://youtu.be/DC0PoVRGU2g?si=pfhWTAaJvUXsJRn-
တော်လှန်အနုပညာ
https://youtu.be/geIW8t7ZEqk?si=gbrPpUWe4WkXeJVI
သမိုင်းကပေးတဲ့တာဝန်
https://youtu.be/IjsXcxzr_0Y?si=PzlIx5wjCh5pikSe
မေတ္တာအရောင်လင်း
https://youtu.be/Mzy0YBgEvhs?si=AvZzn-FABhrOXr1L
မြေလတ်သားတို့ပွဲကစို့
https://youtu.be/zdvWQ2g_76c?si=hWBRdkdxMnuCB88P
စန်းသီတာဝင်း
https://youtu.be/PFN0iK7SXn8?si=jRQqSgQlR99A-gPf
မိုးနတ်သူဇာ အငြိမ့်
https://youtu.be/W11Iwe7PIMg?si=bwguNspTdDOXXm8D
https://youtu.be/qyb4XRwCNmI?si=GDKkMOWC4F7gh4ww
လေဘာတီ မမြရင် နှစ် ၁၀၀ ပြည့်
https://youtu.be/qV56v1pAl6c?si=nx0HLTt9f5JaSfIX
မန္တလေးအငြိမ့်သဘင်
https://youtu.be/hpqtSzrQZyE?si=XeYphnRwArgixqoQ
ရန်သူ့ မင်းသားကို သိမ်းသွင်းခဲ့တဲ့ ပန်ထွာဘုရင်မနှင့်ရာဇဝင်
မြန်မာ့သမိုင်းမှာ နိုင်ငံ့ပြိုင်ဘက်ကို အနိုင်ယူပြီးမှ လက်ထပ်ခဲ့တဲ့ ဘုရင်မ တစ်ပါးရှိခဲ့ဖူးပါတယ်။ သူမဟာ ကိုယ်ပိုင်မြို့ကို တည်ထောင်၊ စစ်တပ်ကို ဦးဆောင်ခဲ့ပြီးမှ အာဏာကို စစ်ပွဲနဲ့ မယူဘဲ မေတ္တာနဲ့ ချည်နှောင် ဖို့ ရွေးချယ်ခဲ့သူပါ။ ဒါပေမယ်လည်း သူမရဲ့ အချစ်ဆုံး ခင်ပွန်း ဟာ စစ်ပွဲတွေရဲ့ ဖိအား၊ နန်းတွင်းက ဖိစီးမှုတွေကြောင့် ရူးသွပ်သွားတဲ့အခါ၊ ဒီထက်ခက်ခဲတဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့ရပါတယ်။ ပန်ထွာဘုရင်မ ဟာ ပျူခေတ် ရဲ့ အလှဆုံး၊ အစွမ်းအထက်ဆုံးနဲ့ ဝမ်းနည်းဖွယ်အကောင်းဆုံး အမျိုးသမီး ခေါင်းဆောင်တစ်ဦးအဖြစ် ဘယ်လို ရပ်တည်ခဲ့သလဲဆိုတာကို ဆက်ပြီး လေ့လာကြည့်လိုက်ရအောင်။
https://youtu.be/fxhWeOns4kM?si=_iSB3-toNgTrfMxy
ပန်ထွာဘုရင်မနှင့် ယနေ့အချိန်ထိမပျက်ပြယ်သေးသော သူမ၏ကျိန်စာ
https://youtu.be/7kQ8jql2IyQ?si=KSGTwOPxq-fsAu5P
ဗိဿနိုးဧကရီ ပန်ထွာဒေဝီ ဆုပန်ထွာ
ဒါရိုက်တာ – စာရေးဆရာ မင်းသီဟ ၊သီဟမင်းညီ/
ကျော်ဇောဟိန်း ၊ မင်းသူ ၊ ဆုပန်ထွာ
ရာဇဝင်ကား #ကြောင်ကမ္ဘာ #catworldmovie
https://youtu.be/gdr-cn_GY5M?si=5V3csTHC2ps0FoXd
ရာဇဝင်သမိုင်းထဲက ပန်ထွာဘုရင်မကြီးနဲ့ ဗိဿနိုးမြို့ဟောင်း (Vlogs-12) ကျိန်စာ၊ စက္ကန့်တွေလွမ်းခြုံနေတဲ့ ဗိဿနိုးပျူမြို့ဟောင်းကြီးထဲမှာ ဗိဿနိုးနန်းတော်မြို့ရိုးကြီးတွေ၊ ဘုန်းတော်ကြီးကျောင်း၊ ပျူခေတ်သစ်ကျွန်းတွေကို လေ့လာရမှာပဲဖြစ်ပါတယ်…. သမိုင်းအကြောင်းအရာတွေကို ဗဟုသုတရအောင် လေ့လာချင်တယ်ဆိုရင်တော့ Vlogလေးကို အဆုံးထိကြည့်ပေးကြပါခင်မျာ…..
maungmoe #vlogs
ပန်ထွာဘုရင်မ ဗိဿနိုး
ပျူမြို့ဟောင်းTaungdwingyi
#ရာဇဝင် သမိုင်း
တောင်တွင်းသား တောင်တွင်းသူ pyu
https://youtu.be/xStjnVNbjms?si=MnuQGXiGg9d39hoQ
ငါလာမှသီး ငါလာမှကြီး – ပန်ထွာဘုရင်မ သမိုင်း ဒဏ္ဍာရီ
https://youtu.be/WB9Mrghj5bI?si=_uiHeMp2gOQSd18s
Myanmar Traditional Zat PWE မြန်မာ့ရိုးရာဇာတ်ပွဲ
ရွှေမန်း သဘင်
https://youtu.be/-0AQZFwK8WQ?si=pkUm4LX1XY4b0_wc
ရွှေမန်း သဘင်
Zat-pwe, a stylized dance theatre is deeply rooted in the traditions of Myanmar, drawing on the music and songs as well as court dramas of Myanmar’s monarchial past. Zats or stories depicted in a Zat-pwe performance are drawn from ancient Buddhist scriptures but the dance is also highly improvisatory and dancers perform intricate and highly energetic sequences characterised by quick, agile movements and dramatic, angular poses, drawing inspiration from a range of sources – from marionettes to birds in flight to the supposed movement of spirits in the spirit realm.
Traditionally, Zat-pwe performances would last all-night combining dance with melodrama, comedy and acrobatics and would coincide with Buddhist pagoda festivals and ceremonies. The dancers are accompanied by a live percussion and gong ensemble known as a Hsaing Wang, which can be both lyrical and stately or accelerate into dizzyingly fast, percussive tempos. The dance and the music together offer an exhilarating experience, defying expectations of symmetry or steady tempo. The dancers are elaborately dressed, with flowered headdresses, pearl chokers, floral garlands and long pink skirts with gleaming threads.
One of Myanmar’s most revered traditional performing arts troupes, Shwe Man Thabin Dance Theatre of Myanmar are heirs to an artistic lineage that stretches back through the centuries, yet effortlessly contemporary in their approach, the members of Shwe Man Thabin are a living link to Myanmar’s rich past, who also ensure that this legacy of court and popular folk traditions will be an integral component of Myanmar’s future.
လေဘာတိမမြရင် အငြိမ့် ကြီး ရာပြည့် Part 2 46:37 min
https://youtu.be/3DoGMPiZpjk?si=oby19iGJgqt-T05K
သက်ကြီးအငြိမ့် ၁
https://youtu.be/u5CjzNk793I?si=9QkoJhzTF1tOSLni
နန်းခင်မွှေဂအငြိမ့်
https://youtu.be/iDfHQB4zf88?si=_3U5Ogw-rNqx6vGU
မြန်မာ့အငြိမ့်သဘင်
https://youtu.be/SU7xASpT6m4?si=GJAFEonW4OgR7ZQA
ရွှေမန်းသဘင်
Shwe Mum Tha Bin” Burmese Traditional Dancers Group
(Win Bo, Aung Than Tin, Thi Dar Win, Shwe Kae, Ko Tet Tun) on Myanmar TV. Backing Vocalists were Win Bo and Mar Mar Aye.
https://youtu.be/aPiJmXIU0s4?si=9emQFv5EX5tQqPYq
Burmese Traditional Dances မြန်မာဇာတ်ပွဲ
https://youtu.be/-0AQZFwK8WQ?si=0fM48QTj9r7UrPJd
စိမ်းရောင်စို | မာမာအေး
မန္တလေးမြို့ အကြောင်း သီဆိုဖွဲ့ဆိုထားသည့် “စိမ်းရောင်စို” သီချင်း ဖြစ်ပါသည်။
မူရင်း ‘ စိမ်းရောင်စို ‘ အားပြန်လည်ဖော်ထုတ်ခြင်း
ကျွန်တော်တို့ အားလုံးသိထားကြတဲ့ စိမ်းရောင်စို သီချင်းဟာ အငြိမ့်မိခင်ကြီး လေဘာတီဒေါ်မြရင်ရဲ့ မူရင်း စိမ်းရောင်စို မဟုတ်ဘူးဆိုတာ သိကြပါသလား။ ဒီ video လေးမှာ တော်တော်များမသိကြသေးတဲ့ မူရင်း စိမ်းရောင်စို ကိုပြန်လည်ဖော်ထုတ်ထားပြီး မူရင်း version နဲ့ ယနေ့ခေတ် version တို့ရဲ့ မတူညီကွဲပြားမှုတွေကို ဖော်ထုတ်ထားပါတယ်။ ဒီ video လေးတင်ဆက်ဖို့အတွက် ကျွန်တော်သိလိုသမျှကို ဖြေကြားပေးခဲ့တဲ့ အမေ ' ပန်တျာ ဌေးဌေးမြင့် ' ကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်ရပါတယ်။ စိမ်းရောင်စို နှစ်မူလုံးကို အမေ့ရဲ့အကလေးတွေနဲ့ အတတ်နိုင်ဆုံး အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးပေးထားပါတယ်။ ကြည့်ရှုခံစား အားပေးတော်မူကြပါဦးခင်ဗျာ။
Admin Khant
မြန်မာ့အငြိမ့်သဘင်
Credit to original music track
https://youtu.be/UrPtixjHmbY?si=Y0fNKppqSTVSUC-M
ခေတ်ငါးခေတ် မန္တလေး အငြိမ့်သဘင်
ခေတ်ငါးခေတ် မန္တလေးအငြိမ့်သဘင်
ရေး – ထပ်ဆင့်အကယ်ဒမီ စိန်မွတ္တား
ဆို – ရွှေမန်းသူ မြင့်မြင့်သန်း
က – ရွှေမန်းသူ မြင့်မြင့်သန်း၊ ရွှေမန်းပန်တျာဗေဒါရီ၊
ခင်ဝင်းနွယ် (မန္တလေး)၊ ပန်တျာ ဌေးဌေးမြင့်
စံကားဝါ အိဇင်မြင့်၊ တွယ်တာတုံ မန္တလေး မြို့တည်နန်းတည် အနှစ် (၁၅၀) ပြည့်အထိမ်းအမှတ် အနုပညာပုံရိပ်ပွဲတော်မှာ ရွာစားကျော် ထပ်ဆင့်အကယ်ဒမီ ဆရာ ဦးစိန်မွတ္တားက မန္တလေးအငြိမ့်သဘင်သမိုင်းကို ခေတ်ငါးခေတ်ခွဲ၍ ရေးဖွဲ့သရုပ်ဖော်ခဲ့ပြီး အငြိမ့်မိခင်ကြီး အမေ ရွှေမန်းသူ မြင့်မြင့်သန်းက သီဆိုခဲ့ပါတယ်။ ယခု ဒီသီချင်းလေးကို ရသတစ်မျိုးပြောင်းလဲခံစားရရအောင် ကျွန်တော်ချစ်ရသော အမေ ပန်တျာ ဌေးဌေးမြင့်၊ အမေ ခင်ဝင်းနွယ်၊ အမေ မဗေဒါတို့ရဲ့ အကများကို အတတ်နိုင်ဆုံး အံဝင်ခွင်ကျလိုက်ဖက်အောင် ကြိုးစားပြီး ပေါင်းစပ်ဖန်တီးထားပါတယ်။ သီချင်းစာသားများ မှားယွင်းမှုရှိရင်လည်း နားလည်ခွင့်လွှတ်ပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံပါရစေ။ အငြိမ့်ချစ်သူများ နားဆင် ရှုစားအားပေးတော်မူကြပါဦးခင်ဗျာ။
Admin Khant (Founder & Admin)
ရှေးအငြိမ့်ပညာဖေါ်ထုတ်ခြင်း ( အရေးတော်ပုံ အငြိမ့် ) လေဘာတီ မမြ ရင်
https://youtu.be/IoxX4YigDD0?si=9knIaq61gulYIGdA
ရှေးအငြိမ့်ပညာဖေါ်ထုတ်ခြင်း ( ရွှေပင် ငွေ ရွက် အငြိမ့် ) လေဘာတီ မမြ ရင်
ရှေးအငြိမ့်ပညာဖေါ်ထုတ်ခြင်း ( သိန်းထီ အငြိမ့် ) လေဘာတီ မမြ ရင်
https://youtu.be/Q6g_iphcRRI?si=qMU6h_2I-XftE5Ln
ရှေးခေတ်အခါက အောင်မြင်ခဲ့သော အငြိမ့်မင်းသမီးကြီးရဲ့သီချင်းကို လွမ်းမောဖွယ်နားဆင်ဖို့ရန်
လေဘာတီမမြရင် တုံးကျော်မ
နန်းတော်ရှေ့ဆရာတင်
myanmarmusic
မြန်မာသံစဥ်ချစ်သူများ
မြန်မာသံတေးသီချင်းများဆုံစည်းရာ
https://youtu.be/CWw7B-1RxoA?si=9QKkvi-8QuaNlgoY
လေဘာတီ မမြ ရင် အရေးတော်ပုံ အငြိမ့် ဓာတ်ဆီ ဓာတ်ဆံ
https://youtu.be/5x3ruTAmA5o?si=Y4hdHEH-XkGa0vAg
အလှူ့ရှင် လေဘာတီ မမြ ရင်
https://youtu.be/jHKOmi3-dVc?si=D0O_zgBFhhKJPHfQ
အလှူ့ရှင် Lyric & Music (N 7709) (March 1935)
တေးဖွဲ့သူ နန်းတော်ရှေ့ဆရာတင်
တေးဆိုသူ လေဘာတီမမြရင်
• အလှူ့ရှင် လေဘာတီမမြရင် Lyric & M…
စစ်ကြိုခေတ် ခေတ်ဟောင်းသီချင်းများ
မူရင်း နှင့် မူဟန်သွယ်သွယ် ဆို/တီး သူများ
အလှူ့ရှင် လေဘာတီမမြရင်
https://www.mediafire.com/file/1…
အလှူ့ရှင် မာမာအေး
https://www.mediafire.com/file/f…
အလှူ့ရှင် ယိုးဒယားပြန်အမာစိန်
https://www.mediafire.com/file/f…
အလှူ့ရှင် ခေတ္တရာတမာချို
https://www.mediafire.com/file/8…
https://youtu.be/jHKOmi3-dVc?si=srkyq3_pB0Pdw6dv
တေးဖွဲ့သူ နန်းတော်ရှေ့ဆရာတင်၏ ဘဝဇာတ်ကြောင်း
အထုပ္ပတ္တိ
https://youtu.be/BKaG0S6Jd78?si=IpbLDAUfZZww-bjY
အငြိမ့်မင်းသမီးကြီး ( အသံမင်းသမီး ) လေဘာတီ မမြ ရင်၏ ဘဝ ဇာတ်ကြောင်း အထုပ္ပတ္တိ
https://youtu.be/x7czhX2fuek?si=Sk3CKguNvQlp22rK
မြန်မာ့အငြိမ့်လောကတွင် သျှမ်းသျှမ်းတောက် ကျော်ကြားခဲ့တဲ့ လေဘာတီ မမြ ရင်
https://youtu.be/x7czhX2fuek?si=em-8saEH31dB9TfK
https://youtu.be/PY5il69xWFI?si=F1BEHGhFZXTbR3Sv
လေဘာတီ မမြ ရင် ရဲ့ ချစ်သူ မန်းညွန့် ဦးမောင်ကလေး
https://youtu.be/90yv2n1HX6Q?si=ZoAB3gdKMo3url7h
လေဘာတီ မမြ ရင် ( တေးသံရှင် ) 54 videos
မြန်မာ့အငြိမ့်သဘင် လေဘာတီမမြရင်သီချင်းများ
17 videos
https://youtube.com/playlist?list=PLg8E468sgG0yH8r9jo-OLsAqRB2oZNyBJ&si=cVvykDwJehMbSLgE
ခေတ္တရာတမာချို၏ လေဘာတီမမြ၇င် ၏ သီချင်းများ
12 videos
https://youtube.com/playlist?list=PLIkUkpOon6Q2fzb67i8LLjRafNeAzDWrb&si=sU6d6AcwlPHCl79s
မန္တလေးအငြိမ့်သဘင် အငြိမ့်ခန်း
မန္တလေးအငြိမ့်သဘင် အငြိမ့်ခန်း
မင်းသမီး…………. ပန္တ်ာ ဌေးဌေးမြင့်
လူရွှင်တော်များ……. ထင်ပေါ်၊ ကျော်ကြား၊ မုံရွာတက်တိုး
ဆိုင်း…………….. ရတနာပုံသန်းဌေးအောင်၊ မြို့မတူရိယာအသင်း
အသိမ်းသီချင်းအက… တွယ်တာတုံ၊ ဆုပိုပိုအောင်။
ရတနာပုံ မြို့တည်နန်းတည် နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် မန္တလေးအနုပညာပုံရိပ်ပွဲတော်တွင် ဖျော်ဖြေတင်ဆက်ထားပါသည်။
ကင်မရာ…………… လှဂုဏ်ရည်ကျော်ဝင်း၊ သီတဂူမောင်မောင်
တည်းဖြတ်………… သီတဂူမောင်မောင်
အသံဖမ်း………….. ကိုချိုလေး(သီတဂူနွေငြိမ်း)
Credit….. Leional Ayeko
https://youtu.be/hpqtSzrQZyE?si=brWvbEExXJlImg8t
လေဘာတီ မမြ ရင် ၏ နှစ် ၁၀၀ ပြည့် မန္ထလေးအငြိမ့် အလွမ်းပြေ
ဇာတ်ကားအမည် – လေဘာတီမမြင်ရင် နှစ်၁၀၀ပြည့် မန္တလေးအငြိမ့်အလွမ်းပြေ
လူရွှင်တော် – ပေါစံ၊သိန်းဆု၊ဒီပါ၊ချစ်စရာ
မင်းသမီး – ပန်တျာဌေးဌေးမြင့်၊ပန်တျာယမင်းအောင်
ဒါရိုက်တာ – ကံချွန်း
SEIN HTAY Film and Video Production & Distribution
This video is broadcasting by SEIN HTAY Film Production Channel. The copyright is owned by SEIN HTAY.
Website Link – http://www.seinhtay.com/
Facebook Page – / seinhtayvideoproduction
https://youtu.be/Znej21gc7aY?si=gk1zYOSL-nlcxPT2
အငြိမ့်မင်းသမီး ကြီး လေဘာတီ မမြ ရင် နဲ့ လူသိမခံတဲ့အချစ်ရေးနှင့် နောက်ကွယ်မှဘဝဇာတ်ကြောင်း
https://youtu.be/P-2iOBr7oL4?si=yjzRPq63_TeW_omy
အငြိမ့်မင်းသမီး ကြီး လေဘာတီ မမြ ရင် ၏ဘဝဇာတ်ကြောင်း အထုပ္ပတ္တိ
https://youtu.be/PY5il69xWFI?si=Qp1TycNZbQGEhxgU
၁
လေဘာတီမမြရင် နှစ်၁၀၀ ပြည့် မန္တလေး အငြိမ့် အလွမ်းပြေ
ဇာတ်ကားအမည် – လေဘာတီမမြင်ရင် နှစ်၁၀၀ပြည့် မန္တလေးအငြိမ့်အလွမ်းပြေ
လူရွှင်တော် – ပေါစံ၊သိန်းဆု၊ဒီပါ၊ချစ်စရာ
မင်းသမီး – ပန်တျာဌေးဌေးမြင့်၊ပန်တျာယမင်းအောင်
ဒါရိုက်တာ – ကံချွန်း
SEIN HTAY Film and Video Production & Distribution
This video is broadcasting by SEIN HTAY Film Production Channel. The copyright is owned by SEIN HTAY.
Website Link – http://www.seinhtay.com/
Facebook Page – / seinhtayvideoproduction
https://youtu.be/Znej21gc7aY?si=eoeYkvdsFPP0xC7v
၂
လေဘာတီမမြရင် နှစ်၁၀၀ ပြည့် ဂုဏ်ပြု အငြီမ့် အလွမ်းပေ
Part 1
https://youtu.be/Znej21gc7aY?si=1gx21JPIbshMT6L6
Part 2
https://youtu.be/3DoGMPiZpjk?si=lE5zrtvcGBsJWo_S
၃
လေဘာတီမမြရင်၏ ရွှေပင်ငွေရွက် အငြိမ့် နှင့် ဓာတ်ဆီ ,ဓာတ် စံ
https://youtu.be/sUYWhwR6dn4?si=1q2ckJNihh3uKfLD
၄
လေဘာတီမမြရင်၏ အရေးတော်ပုံအငြိမ့် နှင့် ဓာတ်ဆီ ,ဓာတ် စံ

၅
အငြိမ့်ပညာဖေါ်ထုတ်ခြင်း
https://youtu.be/IoxX4YigDD0?si=bdNuwHJKFS99LTmm
https://youtu.be/5x3ruTAmA5o?si=tpOIA1G-_4egxbk4
၆
ဓာတ်ဆီ ,ဓာတ် စံ တို့၏ ရေနံချောင်းကဖေကံကောင်း ဟာသ
https://youtu.be/td-U5IuLZek?si=miaDYWUA77UWM74C
၇
မြန်မာ့အငြိမ့်မင်းသမီးကြီးလေဘာတီ မမြရင် အထုပ္ပတ္တိ
https://youtu.be/X3uunJXgZ3M?si=_OWWvZ6bVltLp411
၈
မြန်မာ့အငြိမ့်လောကတွင် သျှမ်းသျှမ်းတောက် ထင်ရှားကြော်ကြားခဲ့တဲ့အငြိမ့်မင်းသမီးကြီးလေဘာတီမမြရင် အကြောင်း
https://youtu.be/x7czhX2fuek?si=RG0_UiNg3Yr5CScE
၉
လေဘာတီမမြရင်၏သီချင်းများ ၅၄ ပုဒ်

https://youtube.com/playlist?list=PLIkUkpOon6Q339A1TVFvILPnqULM2iy4T&si=0FBFaM71Q2AuhqVP


၁၀
အငြိမ့်မင်းသမီးကြီး( အသံမင်းသမီး ) လေဘာတီမမြရင်၏ ဘဝဇာတ်ကြောင်း အထုပ္ပတ္တီ
https://youtu.be/PY5il69xWFI?si=ybr6F1sj23oj88qQ
၁၁
လေဘာတီမမြရင်၏အငြိမ့်တေးများအမှတ် ၁
မြန်ာ့ဂီ Burmese Music 1924
https://youtu.be/3cwwOBkOiiw?si=h-Gog10_T1kPJ2UI
၁၂
လေဘာတီ မမြ ရင်။ နှစ် ၁၀၀ ပြည့် မန္တလေး အငြိမ့် အလွမ်းပြေ။
https://youtu.be/Znej21gc7aY?si=NE1Vbnj-3HOFf2Hq ဇာတ်ကားအမည် – လေဘာတီမမြင်ရင် နှစ်၁၀၀ပြည့် မန္တလေးအငြိမ့်အလွမ်းပြေ
လူရွှင်တော် – ပေါစံ၊သိန်းဆု၊ဒီပါ၊ချစ်စရာ
မင်းသမီး – ပန်တျာဌေးဌေးမြင့်၊ပန်တျာယမင်းအောင်
ဒါရိုက်တာ – ကံချွန်း https://youtu.be/Znej21gc7aY?si=NE1Vbnj-3HOFf2Hq
၁၃
လေဘာတီ မမြရင် နှစ် ၁၀၀ ပြည့် မန္တလေး
https://youtu.be/Znej21gc7aY?si=UqV7FmHMCRY9zAOR။ အထုပ္ပတ္တိ https://youtu.be/X3uunJXgZ3M?si=NtsGfQZHDBKRdrKh။ ၁၄
အငြိမ့်မင်းသမီးကြီး ( အသံ မင်းသမီး ) လေဘာတီ မမြရင် ၏ ဘဝဇာတ်ကြောင်း ေ၇ှးလေတ် တုန်းက အဖိုးတို့ ကြွယ်ခဲ့ကြပုံက ဓူဝ့ ကြယ် ကို လောက်လေး နဲ့ ပစ်ပေူမတဲ့
https://youtu.be/_NedcK8JgvY?si=qRVlHL8N0g0qN5yA
၁၅
အထုပ္ပတ္တိ https://youtu.be/PY5il69xWFI?si=ql7xeh9gQXVOXdCC။
၁၆
လေဘာတီ မမြရင်နဲ့ လူသိမခံတဲ့ အချစ်ရေး နှင့် နောက်ကွယ်ဘမှ ဘဝ ဇာတ် ကြောင်း
https://youtu.be/P-2iOBr7oL4?si=_T0UuYdUfEzN_nC7
၁၇
အထုပ္ပတ္တိ https://youtu.be/X3uunJXgZ3M?si=cRAA5wOA25dpwhao။
၁၈
လေဘာတီ မမြရင် ၊ဓာတ်ဆီ ၊ဓာတ်စံ တို့၏ လေဘာတီ မမြရငါ အငြိမ့် ၊အရေးတော် ပုံ အငြိမ့်
https://youtu.be/5x3ruTAmA5o?si=pq_gJ7GlIinB_n2F ၁၉
လေပါတီမမြရင် အငြိမ့် သိန်းထီ အငြိမ့် လေဘာတီ မမြရင် ၊ဓာတ်ဆီ ၊ဓာတ်စံ
၂၀
လေပါတီမမြရင် အငြိမ့် သိန်းထီ အငြိမ့် ေ၇ွှပင် ငွေရွက် အငြိမ့် လေဘာတီ မမြရင် ၊ဓာတ်ဆီ ၊ဓာတ်စံ။
၂၁
မြန်မာ့အငြိမ့်လောကတွင် လျှမ်းလျှမ်းတောက် ထင်ရျား ကျော်ကြား ခဲ့တဲ့ လေဘာတီ မမြရင်
၂၂
အလှူရှင် တေးဖွဲ့သူ နန်းတော်ရှေ့ ဆရာတင်
https://youtu.be/jHKOmi3-dVc?si=jLb1Nfpph9f654I9။ အလှူ့ရှင် Lyric & Music (N 7709) (March 1935)
တေးဖွဲ့သူ နန်းတော်ရှေ့ဆရာတင်
တေးဆိုသူ လေဘာတီမမြရင်
• အလှူ့ရှင် လေဘာတီမမြရင် Lyric & M…
စစ်ကြိုခေတ် ခေတ်ဟောင်းသီချင်းများ။ မူရင်း နှင့် မူဟန်သွယ်သွယ် ဆို/တီး သူများ
၂၃
အလှူ့ရှင် လေဘာတီမမြရင်
https://www.mediafire.com/file/1…
၂၄
အလှူ့ရှင် မာမာအေး
https://www.mediafire.com/file/f…
၂၅
အလှူ့ရှင် ယိုးဒယားပြန်အမာစိန်
https://www.mediafire.com/file/f…
၂၆
အလှူ့ရှင် ခေတ္တရာတမာချို
https://www.mediafire.com/file/8..
၂၇
သခင်မ ( တေးရေး – ဝိုင် အမ်ဘီ သခင်တင် )
၂၈
ကသစ်ပန်း တေးရေး မြို့ မငြိမ်း
၂၉
ကမ္ဘောဇ။ ရေးသူ – နန်းတော်ရှေ့ ဆရာတင် တေးဆိုသူ – လေဘာတီမမြရင်။
https://youtu.be/ZsQbjSUlzyk?si=AfGTWiXSiLp5zGsO။
The Gramophone Company ,His Master’s Voice Records
Phono Catalog number N-7729 OMH-89
Released Date (1935~37)
Original Mp3 Download Link-
https://u.pcloud.link/publink/sh…
youtube DL-
• ကမ္ဘောဇ(နန်းတော်ရှေ့ဆရာတင်-လေဘာတ…
(စမ်း…စမ်း….ကြည်ကြည်လင် တောကြိုက တောကြားက စီးသွားတဲ့ ရေသွင်သွင် သနားစရာ့ တစ်နေဝင်…. ရေသွင်သွင်)၂ (ပန်းအားဖြေ ရှမ်းမလေး စိတ်အားငယ် ယဉ်ယဉ်) (ဪ)၂ … (မျှော်)၂… (မမြရင် တမ်းတလျင် ဤသို့ပုံသွင်)၂…
(ဪ)၂… (မျှော်)၂… ပဝါလေး သိုင်းလို့ ပလိုင်းကို လွယ်စေချင် နန်းရှေ့ကိုကြီးတင်က…. နှမ လေဘာတီကိုဆင်….
(သိန္နီနယ် လားရှိုးက ရွာဖြိုးအုံ့ဆင်…. ခါမိုး ဟုတ်မထင်… ရွာဖြိုးအုံ့ဆင်….)၂ ကမ္ဘောဇ ကုန်းမြတ်မဟီ ဒုဋ္ဌဝတီ…. ရွှေသီတာရေယဉ်… (သိန္နီ … ၀ ….. ဝ….. ဝ….. ရေယဉ်
(စီမံထူးခြား တောသူပီပီတောခြေတွင်… )၂ (တောစခန်းရယ် တောလမ်းရယ် တောပန်းရယ် ခင်းညံ့ညံ့ နှင်းနံ့နံ့ သင်းပျံ့ပျံ့ ခေါင်ဘုရင်….. မောင်မောင်ရှင် တောင်သဇင်ပန်းကို ရှောင်တခင်လှမ်းလို့ လက်လှမ်းယူပါရှင်……)၂ (မြပါတီရင် (အို) လှတာကြည်လင်…. ကျွန်မလေ ကြည့်တိုင်းအင်မတန်ယဉ်)၂…..
(ဪ)၂… ဝ….. ဝ….. ဝ….. လေဘာတီကိုဆင်…….
မြောင်ဖီလာ ဂန္တာစုံခြေ တောခြေကပန်းကို အစ်ကိုရေ မနမ်းကောင်းဘူးလားရှင် မာလာအိုင်တွင် ဘယ်သူကမှ မပြုမပြင်ထင် ကြာညိုနံ့ပင် အစ်ကို ရိုးရိုးလေးနဲ့ ယဉ် ……(သဒ္ဒါကြည်လင် …………ပါတီရင်…… တောထဲမှာနော် (အစတုံးကလေ) တောပျော်ပါရှင်)၂ တောစကားကို တောရောက်ရင် တောပျောက်ပါ… တဲ့)၂
ကောင်းပါပြီရှင် မောင်ပါတီရင် ကိုကိုနဲ့ တွေ့ရတယ် ဗိုလ်ကေနဲ့ တွေခဲ့ရတယ် မပြောပါဘူးရှင် (သဘောဖြူ နဂိုခင် အိုတောသူ အပျိုရင် နောက်တော့လဲ သိကောင်းပါရဲ့ရှင်)၂….
(ဪ)၂ ….. ၀ ….. ဝ….. ဝ….. လေဘာတီကိုဆင်…။
Reference By
1- / 49914. .
2-မြန်မာနိုင်ငံဓါတ်ပြားသမိုင်းသုတေသနကျမ်း(သုတေသီမောင်မောင်)
3-(original Audio Track by Ko Kyaw Lwin TintOo)
4-Lyrics Typing By Sanda Hlaing on Thursday, December 6, 2012 at 10:57 AM
5- Original record label from Ko Ko Myint(Mandalay) Edit photo, restored audio and create video by AMT
၃၀
ဝိသာခါ ရေးသူ – နန်းတော်ရှေ့ ဆရာတင်
https://youtu.be/IcOko-IHhpI?si=Mx-krEDe6ODSQnx6။ ဝိသာခါ Lyric & Music
(P 14725) (1939)
တေးရေး နန်းတော်ရှေ့ဆရာတင်
တေးဆို လေဘာတီမမြရင်
• ဝိသာခါ လေဘာတီမမြရင် (1939)
၃၁
စစ်ကြိုခေတ် ခေတ်ဟောင်းသီချင်းများ။ မူရင်း နှင့် မူဟန်သွယ်သွယ် ဆို/တီး သူများ
ဝိသာခါ လေဘာတီမမြရင်
https://www.mediafire.com/file/7…
ဝိသာခါ မာမာအေး
https://www.mediafire.com/file/j…
ဝိသာခါ ရီရီသန့်
https://www.mediafire.com/file/x…
၃၂
လေဘာတီမမြရင် သီချင်းများ၁၇ ပုဒ်

https://youtube.com/playlist?list=PLg8E468sgG0yH8r9jo-OLsAqRB2oZNyBJ&si=hozaYuw39rl57YKJ

၃၃
မြန်မာ့ဂီတ အလှအပတို့စုဝေးရာ ဟင်္သာတေးသ့သွင်းမှ တင်ဆက်ခဲ့သည့်
လေဘာတီမမြရင်၏တေးသီချင်းများ
ခေတ္တရာတမာချို၏ လေဘာတီမမြရင်၏ဘဝ 12 videos


https://youtube.com/playlist?list=PLIkUkpOon6Q2fzb67i8LLjRafNeAzDWrb&si=0n6goblEWEtdl-FK


ဦးသဝန် ကြောင်
https://youtu.be/CvZGaJZ9bsw?si=wtrsOXig-smQq6Dz
Wikipedia
လေဘာတီမြရင် (၁၉၀၄–၁၉၄၅) သည် ၂၀ ရာစု အစောပိုင်း မြန်မာနိုင်ငံ၏ နာမည်ကျော် အငြိမ့်မင်းသမီးနှင့် ဓာတ်ပြားအဆိုတော် ဖြစ်သည်။
လေဘာတီမြရင် ဘဝ
လေဘာတီ မမြရင်၏ ရှည်လျားသော ဆံကေသာမွေးဖွားc. ၂၁ ဧပြီ ၁၉၀၄
သာစည်မြို့နယ်, မန္တလေးတိုင်းကွယ်လွန်၂၉ ဧပြီ ၁၉၄၅
ဧည့်ပြရွာ, စဉ့်ကိုင်မြို့နယ်အလုပ်အကိုင်အငြိမ့်မင်းသမီးမိဘ(များ)မင်းသားဦးဖိုးသစ် နှင့် မင်းသမီးဒေါ်ဉာဏ်ယုံ
မာတိကာ
အစပိုင်. ဘဝ. ဣန္ဒြေရှင် အငြိမ့်မင်းသမီး လေဘာတီမြရင်
လေဘာတီ အငြိမ့်လောက လက်တွဲဖော်များ ခေတ်ပြိုင်
၂၀ ရာစုအစောပိုင်း မြန်မာ့အငြိမ့်လောကတွင် ကျော်ကြားခဲ့သော လေဘာတီ မမြရင် (၁၉၀၄–၁၉၄၅) သည် ခေတ်ပြိုင်အငြိမ့်မင်းသမီးများအကြား ထူးခြားသော ငြိမ်းညောင်းသည့် ကကွက်များ၊ သဘင်ရည်နပ်မှုများကြောင့် ထင်ရှားသူဖြစ်သည်။ [1, 2]
သူမ၏ခေတ်ပြိုင်နှင့် အငြိမ့်လောက လက်တွဲဖော်များအကြောင်းမှာ အောက်ပါအတိုင်း ဖြစ်သည် –
- ခေတ်ပြိုင်အငြိမ့်မင်းသမီးများ: လေဘာတီမမြရင်၏ ခေတ်ပြိုင်များတွင် ရန်ကုန်ရှိ ခေတ်ပြိုင်အငြိမ့်မင်းသမီးများအပြင် မန္တလေးရွှေနန်းသုံးမင်းသမီး မထွေးလေး တို့ ပါဝင်သည်။
- စစ်ကြိုခေတ် လက်တွဲဖော်များ: လေဘာတီမမြရင်သည် ထိုခေတ်က ယောင်္ကျားမင်းသားများနှင့်တွဲဖက်၍ အငြိမ့်ကပြခဲ့ပြီး သူမ၏ ဆံကေသာရှည်လျားမှုသည်လည်း သူမ၏ အမှတ်အသားတစ်ခုဖြစ်သည်။ [1, 2]
မှတ်ချက် – လေဘာတီမမြရင်သည် ၁၉၄၅ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး၊ သူမ၏ ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် နောက်ပိုင်းကာလများတွင် ရိုက်ကူးသည့် အငြိမ့်ဇာတ်ကားများတွင် လူရွှင်တော် ပေါစံ၊ သိန်းဆု၊ ဒီပါ၊ ချစ်စရာနှင့် မင်းသမီး ပန်တျာဌေးဌေးမြင့်၊ ပန်တျာယမင်းအောင်တို့ ပါဝင်ခဲ့ကြသည်။ [1, 2]
ပရိသတ်ရဲ့ အချစ် အမှတ်တံဆိပ် ပါးကအမာရွတ်
ဦးသဝန်. တုံးကျော်မ. ရွာစား စိန်ဗေဒါ နှင့် မမြရင်
ဓာတ်ပြားကုမ္ပဏီများ ဓာတ်ပြားသီချင်းများ
တေးရေးဆရာများ. နန်းတော်ရှေ့ဆရာတင်
မမြရင် အသံ ဂီတမယ် လှကလေးစိန် ပြောသော မမြရင် အသံ
လေဘာတီမမြရင်ကို ဖခင် မင်းသား ဦဖိုးသစ်နှင့် မိခင် မင်းသမီးဒေါ်ဉာဏ်ယုံတို့မှ ၁၂၆၆ (၁၉၀၄) ခုနှစ်တွင် မန္တလေးတိုင်း သာစည်နယ် ရွှေဖလားကန်ရွာ၌ မွေးဖွားခဲ့သည်။
ဇာတိရပ်ရွာ၌ မိဖများနှင့် နေစဉ်က တောင်သူလယ်သမား အလုပ်နှင့် ကြီးပြင်းခဲ့ဟန် တူသည်။ “ထမီကို တိုတိုဝတ်ကာ၊ ကျွန်မငယ်စဉ်အခါ၊ လူထဲမဝင်သေးတော့ အလှအပြင်အဆင်ချာ၊ မယ်ရင် ကုန်ကုန်ပြောမယ်၊ တော်သက်သက်မို့၊ ဘယပ်ဒွါဒယာ ရွှံ့တွေ ကပ်စီးကပ်စီး ပုတီးလုပ်ကာ ဆွဲတတ်ကာ၊ ဒေါ်လာပြားတွေ ၁၅ ပြားလောက် ဆွဲတတ်တာ၊ ကိုကိုတို့က မြှောက်စားပေမဲ့ ဟိုတုန်းကလောက် မပျော်ပါ” ဟု သူကိုယ်တိုင် သီဆိုခဲ့သော ‘ရွှေပြည်စိုး’ သီချင်းအရ သူ၏ ငယ်စဉ် ဘဝကို သိသာလေသည်။
မမြရင်သည် အသက်၂၀အရွယ်၌ မန္တလေးမှ သူဌေးသား ဦးမောင်ကလေး (သီရိပျံချီ) နှင့် အိမ်ထောင်ကျသည်။ [၁] သို့သော်လည်း အငြိမ့်သဘင်သည်ဖြစ်သောကြောင့် ဤသူကား မမြရင်၏ ခင်ပွန်းပါဟု အထင်ကရ ပြသပြောဆိုခြင်းမရှိ။ ခင်ပွန်းဖြစ်သူကလည်း ငွေကြေးချမ်းသာသော မျက်နှာကြီး ဖြစ်သဖြင့် မမြရင်မှာ သူ၏ ဇနီးဟူ၍ ကြော်ငြာပြောဆိုခြင်းမရှိဘဲ တစ်သက်လုံး သမီးရည်းစားလင်မယားဘဝနှင့် နေသွားကြရသည်။ မမြရင်ဆိုသော ဦးသဝန်ကြောင် သီချင်းမှာ လူပြက်များနှင့် ရောနှောနေထိုင်သည်ကို မကြိုက်နိုင်ကြောင်း ထိုပုဂ္ဂိုလ်က ပြောသဖြင့် နန်းတော်ရှေ့ ဆရာတင်က သိရှိပြီး အချက်ကျကျ ရေးလိုက်သော သီချင်းဖြစ်ကြောင်း သိရှိရပါ၏။ [၂]
၉၁ဋ္ဌာန၊ ရှင်တစ်ခုပဲ၊ သော့တွဲဆိုသော သီချင်းများမှာလည်း သူတို့နှစ်ဦး၏ ဘဝကို ထင်ဟပ်ပြသည့် သီချင်းများဖြစ်၍ နှစ်ပိဿခွဲ၊ ထင်သလိုနေ၊ ဖနောင့်ဗွေ သီချင်းများမှာလည်း သူ့ချစ်သူအပေါ် မကျေမနပ်ဖြစ်ရသည့် အကြောင်းများကို သီချင်းရေးဆရာအား ရင်ဖွင့်ရေးသားခိုင်းပြီး သီဆိုခဲ့သည်ဟု ဖတ်မှတ်ရသည်။
လူတိုင်းက ချစ်ခင် မြတ်နိုးသော ဣန္ဒြေရှင် မင်းသမီးလေး လေဘာတီ မြရင်သည် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာသော အခါ စစ်ပြေးရင်း ငှက်ဖျားရောဂါဖြင့် စဉ့်ကိုင်မြို့နယ်၊ဧည့်ပြရွာ၌ ၁၃၀၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် (၂၉ – ၄ – ၁၉၄၅) နေ့တွင်ကွယ်လွန်သွားခဲ့သည်။ သူသေတော့ သူ့အသက်က ၄၂ နှစ်မျှသာ ရှိသေးသည်။
ဣန္ဒြေရှင်
လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည့်တိုင် မမြရင်က ကာလသားကြိုက်ကို အထူးမလုပ်။ ကြာမပေး။ မြူမဆွယ်။ မိန်းကလေး ပီပီ ဣန္ဒြေရရ လှလှပပလေး ကသည်။ လူရွှင်တော်များ ပြက်လုံးကြမ်းလျှင် သူက တားစမြဲ။ သူကိုယ်တိုင်လည်း အငြိမ့်စင်ပေါ်မှ နေ၍ စင်အောက် ပရိသတ်ထဲ လက်ညှိုးထိုးပြီး (ကျွန်မ ရည်းစား) ဟု ဘယ်တော့မှ မပြော။ သူ့မျက်နှာကို အငြိမ့်ကရာ လိုက်ကြည့်မှသာ မြင်ရသည်။ ကျန်သည့် အချိန်မှာတော့ မြင်ရမည် မဟုတ်။ ဗိုင်းကောင်း ကျောက်ဖိ အိမ်တွင်း ပုန်းနေတတ်သောကြောင့် ဖြစ်သည်။
သူ့ကို ကြိုက်သူတွေကား ဒုနှင့်ဒေး။ ကျောင်းသားလည်း ပါ၏။ သူဋ္ဌေးလည်း ပါ၏။ အရာရှိကြီးများလည်း ပါ၏။ ရန်ကုန်မြို့မှ မျက်နှာကြီး ဝတ်လုံတော်ရ တဦးသည် တနင်္ဂနွေနေ့တိုင်း မမြရင် အငြိမ့်ကို ငှားပြီး သူ့ခြံထဲမှာပင် ကပြစေ၏။ ရွှေဒင်္ဂါးများလည်း ဆုချ၏။ တခါတော့ မမြရင်ကို ရိုးရိုးကြည့်ရတာ အားမရ၊ ခြေအိတ်ချွတ်ပြီး ခြေသလုံးပေါ်အောင် ကပြပါ၊ ရွှေဒင်္ဂါး နှစ်ပြား ဆုချမည်ဟု သိမ်းသွင်းလာ၏။ ထိုပွဲတွင် မမြရင်က ခြေအိတ်ကို လုံးဝ မချွတ်ဘဲ ကမြဲအတိုင်းသာ ကပြ သွားခဲ့သည်။
တစ်ခါကလည်း ဘာသာခြား သူဌေး တယောက်က မမြရင်ကို ငှားပြီး သူ့တိုက်ထဲမှာပင် ကပြစေသည်။ ပွဲပြီးလျှင် မမြရင်ကို ပြန်မလွှတ်တော့ဘဲ အပိုင်သိမ်းရန် ကြံစည်လာသည်။ ထိုအကြံကို မမြရင်သိသည်နှင့် တိုက်ပြတင်းပေါက်မှ ခုန်ချပြီး ထွက်ပြေးလာခဲ့သည်။ မိန်းမသားတို့၏ ဣန္ဒြေနှင့် သိက္ခာကို တပြားဖိုးမှ အပွန်းမခံသော မြန်မာမလေးဆိုလျှင် မှားမည် မဟုတ်ပေ။
အသက် ၂ဝ အရွယ်တွင် မမြရင် အိမ်ထောင် ကျခဲ့သည်။ အိမ်ထောင်ကျသည် ဆိုသော်လည်း လိုချင်သူတွေ ဝိုင်းဝိုင်းလည် နေသည်မို့ လူသိထင်ရှား မကြေညာရဲ။ သူ့ချစ်သူကလည်း မျက်နှာကြီး ပိုက်ဆံရှိ ဖြစ်၍ ထင်ထင်ပေါ်ပေါ် လူသိမခံရဲ။ သမီးရည်းစားမက၊ လင်မယား မကျသော ဘဝမျိုးနှင့် နှစ်ဦး သဘောတူ နားလည်မှု ရှိစွာနှင့် တသက်လုံး ပေါင်းသင်း နေထိုင် သွားခဲ့ကြသည်။ သစ္စာတရားကို မြတ်နိုးသော မမြရင်သည် ပွဲကသွားလေတိုင်း သူ့ချစ်သူကို ကန်တော့ပြီးမှ သွားသည်။ သူ့ချစ်သူကလည်း မမြရင်ကို ငုံထားမတတ် မြတ်နိုးသည်။ မြတ်နိုးရုံ သာမကသေး။ သဝန် တိုတတ်လိုက်သည် ကလည်း လွန်ပါရော။ အတီးသမားတွေနှင့် ရောလျှင်လည်း မကြိုက်။ လူရွှင်တော်တွေနှင့် တရင်းတနှီး နေလျှင်လည်း မနှစ်သက်။ ထို့ကြောင့် နန်းတော်ရှေ့ ဆရာ တင်အား …
“ဘယ်ယောက်ျားမှ စကား မပြောနဲ့တဲ့ တနေ့က မှာတယ်၊ တွေ့ကြရာမယ်၊ ကသောအခါဝယ်၊ ရည်းစားတထောင် လင်ကောင်ရှင်မောင် သဝန်ကြောင် စိတ်နှလုံးဟာမို့၊ အိမ်တွင်းပုန်း ကုလားမကဲ့သို့ ကျွန်မတို့ မနေနိုင်ပေါင်ရှင်၊ ကမှဖြင့် ပွဲနောက်က အမြဲရောက်တဲ့ ကိုကိုရယ်၊ သူ့ဝတ်ခြံ ညှစ်ရမတဲ့ ဟိုညက ခိုင်းလာပါတယ်။ မရှက်ပေမဲ့ မချဉ်ပေါင်ဆရာ၊ သက်ဝေရဲ့ လင်မောင်တကာ၊ သဝန်ကြောင်တာ မြရင်အံ့တော့တာ” ဟူသော (ဦးသဝန်ကြောင်) သီချင်းကိုလည်းကောင်း၊
“အငြိမ့်မင်းသမီးများ ရည်းစားထားတော့တဲ့ လူဆိုတာမျိုးနော်၊ သဘောနည်းနည်း ကြီးအုံးမှပေါ့ သခင်ရေ၊ မီးရောင်အောက်ကို ဝင်ကာ လူပြက်တွေနဲ့ သောတော့၊ သူ့သဘောက အလွန်တရာ မကြည်မလင်” ဟူသော (အလှူ့ရှင်) သီချင်းကို လည်းကောင်း ရေးစပ်စေပြီး မမြရင်က သီဆို ကပြခဲ့ခြင်း ဖြစ်သည်။
ဣန္ဒြေရှင်မင်းသမီးလေး လေဘာတီ မြရင် အပေါ် စာရေး ဆရာမကြီး လူထု ဒေါ်အမာက အောက်ပါအတိုင်း သုံးသပ် ရေးသား ထားသည်မှာလည်း ယနေ့ အနုပညာရှင် မိန်းမသားတိုင်း မှတ်သား လိုက်နာဖွယ်ရာ ကောင်းလှသည်။
“လေဘာတီ မမြရင်က အကလည်း ကောင်းသည်၊ ရုပ်ကလည်း ချစ်စရာ ဖြစ်သည်။ ဤအရည်အချင်းမှာ မမြရင်က အငြိမ့်မင်းသမီး ဆိုပေမဲ့ မကလက်ခြင်း၊ ဣန္ဒြေရခြင်းပင် ဖြစ်သည်၊။ အသက် ၂ဝ ကစ၍ သေသည်အထိ အိမ်ထောင်နှင့် နေသွားသည်။ အငြိမ့်စင်ပေါ်၌ သူ့ကိုယ်သူ အပျိုကလေးပါဟု လူရောင်းရန် ဘယ်တော့မှ မကြော်ငြာ။ ရည်းစား ရှာခြင်းလည်း မပြု။ သို့ပါလျက် ပွဲကြည့်ပရိသတ်က သူ့ကို အပျိုကလေး ကဲ့သို့ပင် သဘောထားကြသည်။ အပျိုကလေးလိုပင် ချစ်သည်။ ဤသို့ဖြစ်အောင် ဘယ်မင်းသမီးမှ တတ်နိုင်မည် မထင်။ မမြရင်က အငြိမ့်သမ ဆိုသော်လည်း အနုပညာနှင့် ပုဂ္ဂိုလ်ရေးရာကို မရောထွေးဘဲ တကန့်စီ ထားတတ်သည်။ သူ့ကိုယ်သူ အဖိုးတန်အောင် အလွန် နေတတ် ထိုင်တတ်သည်။” [၃]
မမြရင်နှင့် တသက်လုံး တွဲလာခဲ့သော ပတ္တလား ဆရာကြီး ဦးဘစံကလည်း “မမြရင်လောက် နာမည်ကြီးတဲ့ မင်းသမီး၊ ပိုက်ဆံရတဲ့ မင်းသမီး၊ ဣန္ဒြေရှိတဲ့ မင်းသမီးမျိုး ဒီနေ့အထိ မတွေ့ဖူးသေးပါ” ဟု ပြောသွားခဲ့ဖူးသည်။ ဤမျှဆိုလျှင် လေဘာတီ မြရင်၏ ဣန္ဒြေသိက္ခာကို ခန့်မှန်း သိရှိနိုင်လောက်ပြီ ဖြစ်သည်။
အငြိမ့်မင်းသမီး လေဘာတီမြရင်
လေဘာတီမမြရင်မှာ အသက်၁၅ နှစ်အရွယ်မှ အသက်၄၂ နှစ် ကွယ်လွန်ချိန်အထိ ၂၇ နှစ်လုံးလုံး အငြိမ့်ကပြသွားသည်။ [၄]
၁၅ နှစ် အရွယ်မှစ၍ အငြိမ့်ကခဲ့သည်။ သဘင်မျိုးရိုးဖြစ်သောကြောင့် ငယ်စဉ်ကပင် သဘင်ပညာ အရပ်ရပ်နှင့် နီးစပ်ခဲ့ပြီး ဝါသနာနှင့် ပင်ကိုပါရမီတို့ကြောင့် မန္တလေးမြို့သို့ ကပြရန် ရောက်ရှိသွားသောအခါ မြို့ အငြိမ့်မင်းသမီးများနှင့် အပြိုင်အဆိုင် ကနိုင်ခဲ့သည်။
လေဘာတီ
လေဘာတီ မြရင် ဆိုသော အမည်ကို တက္ကသိုလ် ကျောင်းသားများ ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူ့အသက်မှာ ၁၇ နှစ်မျှသာ ရှိသေးသည်။ အငြိမ့်သက်တမ်း ၂၆ နှစ် တလျှောက်လုံး ပရိသတ် ပါးစပ်ဖျားတွင် လေဘာတီမှ လေဘာတီမြရင်မှ မြရင် ဖြစ်ခဲ့၏။ မန္တလေးက နာမည်ကြီး ရွှေဆိုင်တန်း ကထိန်ဆိုလျှင် မမြရင် အငြိမ့်ကို နှစ်စဉ် ငှားပြီး ဧည့်ခံခဲ့သည်။ မမြရင်ကို မရမှာ စိုး၍ ဒီနှစ် ကထိန်ပွဲ ပြီးသည်နှင့် နောက်နှစ် အတွက်ပါ စရန် ကြိုပေးထားသည် အထိ လူကြိုက်များ ခဲ့၏။ အခြားသော ပွဲများကလည်း မမြရင် အငြိမ့် အားသည့်နေ့မှ စောင့်ဆိုင်း ကျင်းပခဲ့ကြသည်။
အငြိမ့်လောက လက်တွဲဖော်များ
သူနှင့် တွဲသော အငြိမ့်လက်စွဲ (ယခုအခေါ် လူပြက်) များမှာ ဦးဓာတ်ဆီ၊ ဦးသင်္ခါ၊ ဦးဓာတ်ခိုး၊ ဦးညှပ်ကြီး၊ ဦးဒန်ပေါက် စသည်တို့ ဖြစ်ကြသည်။ [၅] [၆] [၇]
ခေတ်ပြိုင်
သူနှင့် ခေတ်ပြိုင် ပေါ်သော အငြိမ့်သဘင် ပညာရှင်များမှာ ဥက္ကလာအေးကြည်၊ ဒဂုံခင်လှကြည်၊ ဩဘာသောင်း၊ ယူနီဗာစီတီ မြသန်းကြည် စသည်တို့ ဖြစ်သည်။
ပရိသတ်ရဲ့ အချစ် အမှတ်တံဆိပ် ပါးကအမာရွတ်
သူ့ခေတ် သူ့အခါက သူ၏ အောင်မြင်ကျော်ကြားပုံနှင့် ပရိသတ်များ ချစ်ခင် နှစ်သက်ပုံတို့မှာ ကြောက်စရာပင် ကောင်းလှသည်။ မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်၌ လေဘာတီ မြရင် အငြိမ့် ကနေစဉ်က ဖြစ်၏။ ပွဲပြီးလျှင် မမြရင်ကို လူမျိုးခြား ဘာသာခြား သူဋ္ဌေးသား တစ်ဦးက မေမြို့ (ပြင်ဦးလွင်) သို့ ကားနှင့် ခေါ်သွားမည့် အစီအစဉ် ရှိသည်ဟု သတင်း ထွက်လာ၏။ ထိုသတင်းကို မမြရင် အငြိမ့်ကရာ နောက်သို့ တကောက်ကောက် လိုက်နေသည့် ရုံတော်ကြီးမှ ကာလသား တသိုက်က ကြားသိသွား၏။ ထို့ကြောင့် လူစုပြီး ရှင်ဘို့မယ်ဘုရား အနောက်ပေါက်မှ အသင့် စောင့်ဆိုင်း နေကြသည်။ ပွဲပြီးသော် သူဋ္ဌေးသားက မမြရင်နှင့် မိခင်ဖြစ်သူ ဒေါ်ဉာဏ်ယုံကို ကားနှင့် တင်ခေါ် လာခဲ့၏။ ရှင်ဘို့မယ် ဘုရား အနောက်ပေါက် ရောက်သည်နှင့် အသင့် စောင့်နေသော ကာလသားများက ပုလင်းနှင့် လှမ်းပေါက် လိုက်သည်။ သို့သော် သူဋ္ဌေးသားကို မမှန်ဘဲ အနီးရှိ ဓာတ်တိုင်ကို သွား၍ မှန်သည်။ လွင့်စဉ်လာသော ပုလင်းကွဲက မမြရင်၏ ပါးကို ဝင်၍ မှန်လေသည်။ သို့ဖြင့် မမြရင်၏ ပါး၌ သေရာပါ အမာရွတ်ကလေး ထင်ကျန်ရစ်ခဲ့ရရှာလေသည်။
ပါးမှ ဒဏ်ရာကို ဒေါက်တာရှားမားနှင့် ကုသ၍ ပျောက်ကင်းသည့် အခါ ပထွေးဖြစ်သူ ဦးသာဒင် ရေးစပ်ပေးသည့် (သတင်းစာတွင် – လေဘာတီ မြရင် – မြရင် – မြရင် – မျှော် – မျှော်အကြောင်း ဆိုးလေခြင်းနော် – ဩော် – ဩော် – အကျိုးယုတ် ပါဘိတော် – ပုလင်းမှန်တာ – သည်ဒဏ်ရာ စီမံလာ – ဘယ်ဝဋ်ကြွေးလည်း ချင့်ထွေးနိုင်ဖူး ရှင် – ဩော် … မြစပယ်ရှယ်ရင်) ဟူသော မြစပယ်ရှယ်ရင် သီချင်းဖြင့် သီဆို ကပြရာ မြင်ရသူတိုင်း ကရုဏာ သက်ကာ ရင်ဆို့ ခဲ့ကြရသည်။
ဦးသဝန်
မမြရင်ကို ချစ်သည့် ပရိသတ်ထဲတွင် အများသူငါ တို့ထက် တပန်းသာသူမှာ မန္တလေးမှ သူဌေး မန်းညွန့် (သီရိပျံချီ) ဦးမောင်ကလေး ဖြစ်သည်။ မမြရင် အကြောင်း ပြောလျင် မပါမဖြစ်သူလည်း ဖြစ်သည်။ မမြရင် အချစ်ကို ရခဲ့သူ ဖြစ်သလို မမြရင်ကို အထူးသဝန်တို သဖြင့် မမြရင် နှင့် တေးရေးဆရာများက တေးသီချင်းများ ရေးသား စပ်ဆိုယူရသည်အထိ မမြရင်ကို ချစ်အားကြီးသူ ဖြစ်ခဲ့လေသည်။ [၈]
တုံးကျော်မ
မမြရင် ပုလင်းကွဲ မှန်သဖြင့် နန်းတော်ရှေ့ ဆရာတင်က (တုံးကျော်မ) သီချင်းကို ရေးစပ်ပေးသည်ဟု ပြောဆို နေကြခြင်းမှာ မမှန်ပါ။ ပုလင်းကွဲ မှန်ခြင်းမှာ မမြရင် ငယ်ငယ် နာမည်ကျော်စ အချိန်က ဖြစ်သည်။ တုံးကျော်မ သီချင်းက မမြရင် အသက် ၃ဝ ကျော်မှ ဆိုသည့် သီချင်း ဖြစ်သည်။ ရှမ်းပြည်နယ်သို့ ပွဲသွားကရာ ငှက်ဖျားမိပြီး လက်ခံထားသော ပွဲများ ဖျက်လိုက် ရသဖြင့် (လေဘာတီ မြရင် သေပြီ) ဟု သတင်းကျော် သွားခဲ့သည်။ ကျန်းမာ၍ ပွဲပြန်ကသော အခါ နန်းတော်ရှေ့ ဆရာတင်က –
“သေနိုင်ပါရိုးလား လေဘာတီရယ် ပေတရာဆီ လျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်။ အခြေလည်း တိုးတက် – အနေလည်း တိုးတယ် – မသေဘဲကိုးကွယ် – မျှော်တော်မူကြသည်၊ ဩော် … မမုန်းနဲ့နော် ကျွန်မအတည်၊ ရုပ်တော်တော်လှပါသည် – တုံးကျော်မ လေဘာတီ” ဟူသည့် (တုံးကျော်မ) သီချင်းကို ရေးစပ် ပေးခဲ့သည်။ ထိုသီချင်းသည် လေဘာတီ မြရင်၏ လူကြိုက်အများဆုံး သီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။
ရွာစား စိန်ဗေဒါ နှင့် မမြရင်
နေမျိုးဗလ ကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါ၏ အတီးနှင့် လေဘာတီ မြရင်၏ အဆို အက တွဲလိုက်လျှင် ကောင်းသည်ထက် ပိုကောင်း သွားတော့သည်ဟု သဘင်နယ်တွင် ပြောစမှတ် ဖြစ်ခဲ့သည်။ သို့သော် သူတို့ နှစ်ယောက်စလုံးက ထိပ်သီး ပညာရှင်များ ဖြစ်သည့်အလျှောက် ပွဲကြေးက ကြီးလှ၏။ ထို့ကြောင့် ငှားနိုင်သူက ခပ်ရှားရှား။ သို့တိုင် သူတို့ နှစ်ယောက်စလုံး၏ အဆို၊ အတီး၊ အကကို အလကား ကြည့်ရသော ပွဲတပွဲက မန္တလေးတွင် ရှိခဲ့၏။ ထိုပွဲက မန္တလေး ၃၂-လမ်းနှင့် ၃၃-လမ်းကြား၊ ၈၄-လမ်း၊ လက်ဆည်ကန်ယပ်ဝင်းဘုရားပွဲ ဖြစ်၏။
ယပ်ဝင်းဘုရားပွဲကို စိန်ဗေဒါကြီးက နှစ်စဉ် အလကား လာ၍ တီးပေး၏။ မန္တလေး မြို့ပေါ်ရှိ နာမည်ကြီး အငြိမ့် မင်းသမီးများ၊ လူရွှင်တော်များကလည်း ကိုယ့်စရိတ်နှင့် ကိုယ်လာပြီး ကူကြ၏။ ကြည့်ရခဲသော အငြိမ့်ညွန့်ပေါင်းပွဲ ဖြစ်၍ ပရိသတ်ကလည်း ကြိတ်ကြိတ်တိုး နေ၏။ ပွဲကသည့်အခါ မျက်နှာကြီးငယ် မလိုက်စတမ်း ဆိုပြီး မင်းသမီးများကို မဲချ၍ ထွက်စေ၏။ နာမည်ကြီး မင်းသမီးများ စောစော မဲပေါက်သွားခဲ့သော် သူ့နောက်မှ ထွက်ရသည့် မင်းသမီးများခမျာ ကြည့်မည့်သူ မရှိတော့ပြီ။ ထို့ကြောင့် ပြည်သူချစ်သော လေဘာတီ မြရင် တယောက်ကိုကား နောက်ချန်ပြီး မဲလိပ် ချပေးရလေသည်။
အခြားသော မင်းသမီးများမှာ မဲကျ၍ ထွက်ကရသော်လည်း စိန်ဗေဒါကြီးကို အရှိန်နှင့် လန့်နေတတ်ကြသည်။ မမြရင်ကတော့ တည်တည်ငြိမ်ငြိမ် ဣန္ဒြေရရနှင့် သူ့အလှည့်ကို ထိုင်စောင့် နေတတ်သည်။ ပြည့်သည့်အိုးမို့ ဘောင်ဘင် မခတ်တော့။ သူ့အလှည့်ရောက်သည်နှင့် “မြရင်လေး ကျွန်မ ခေါ်သံလိုလို၊ လေဘာတီကလေး … ကျွန်မ ခေါ်သံလိုလို” ဟူသော သီချင်းလေးနှင့် ပရိသတ်ကို ထ၍ နှုတ်ဆက်သည်။ စိန်ဗေဒါကြီးကိုလည်း ဦးချသည်။ ပရိသတ်များ မီးကို ရေနှင့် ဖြန်းလိုက်သလို ငြိမ်ကျသွား၏။ မမြရင် အသံက ပွဲကြည့်သူတိုင်း၏ နှလုံးသားကို စောင့်ကြည့်ရကျိုး နပ်သွားစေ၏။ စိန်ဗေဒါကြီးက အားရသော အပြုံးဖြင့် ဆိုင်းဝိုင်းထဲမှ ပတ်လုံးကလေးများကို အသံစမ်းပြလျက်။
နောက်ပိုင်းတွင် စိန်ဗေဒါကြီးသည် ဆိုင်းတီးရုံမျှနှင့် အားမရတော့။ သူကိုယ်တိုင် ဆိုတီး တီးပြီး မမြရင်ကို ကစေသည်။ သဘင်လောကမှ ထိပ်သီး နှစ်ယောက် မီးကုန် ယမ်းကုန် ကြဲကြသော ပွဲကောင်းတပွဲ ဆိုလျှင် မမှား။ မမြရင်ကလည်း စိန်ဗေဒါကြီး တီးချင်သလောက် တီးစမ်း – ကလိုက်စမ်း မဟဲ့ဆိုသော ဇွဲနှင့် ပညာကုန် ကသည်။ စိန်ဗေဒါကြီးကလည်း ရှိသမျှ ပညာစွမ်းတွေ အကုန်ထုတ်ပြီး တီးသည်။ လူရွှင်တော်တွေကလည်း မမြရင်ကို စလိုက်၊ စိန်ဗေဒါကြီးကို နောက်လိုက်၊ ပွဲကြည့်သူများကို ကလိလိုက်နှင့် အူမြူး နေကြတော့သည်။ ပွဲကြည့် ပရိသတ်များမှာ အသက်ရှူတို့ပင် မေ့နေသည့် အလား။ တုတ်တုတ်မျှ မလှုပ်ကြ။ ဒီလိုပွဲမျိုး ကြုံရခဲသည် မဟုတ်ပါလား။
စိန်ဗေဒါကြီးနှင့် မမြရင်မှာ ဤလို ပျော်စရာ ကောင်းသော မေ့မရနိုင်သည့် ပွဲမျိုး ကြုံခဲ့ရသလို၊ စိတ်ပျက်စရာ ကောင်းသော မေ့မရနိုင်သည့် ပွဲမျိုးကိုလည်း ရင်ဆိုင် ခဲ့ကြရသေးသည်။ တခါက ကြေးရတတ် တဦးက တံခွန်တိုင် အလှူပွဲသို့ လိုက်ပါ တီးပေးရန် စိန်ဗေဒါကြီးကို ငှားသည်။ လေဘာတီ မြရင်ကိုလည်း ခေါ်ခဲ့ပါ ဆို၍ စိန်ဗေဒါက မမြရင်ကိုပါ ခေါ်လာခဲ့သည်။ ညပွဲတီးပြီး၍ ပွဲသိမ်းသော အခါ အလှူရှင်က မနက်ဖြန် မနက်ပိုင်းမှာလည်း တီးပေး ဆိုပေး ကပေးပါဦး၊ တဝက်ကြေး ပေးပါမည်ဟု ဆိုသည်။ စိန်ဗေဒါက မမြရင်နှင့် လူရွှင်တော်များကို ဘယ်လိုသဘော ရသလဲဟု မေးသည်။ အားလုံးက ဆရာ့ သဘောပါဟု ပြန်ပြောကြသည်။ ဤတွင် စိန်ဗေဒါက၊ (အခုလို တဝက်ကြေးနဲ့ ခိုင်းတာကို တို့လက်ခံလိုက်ရင် နောက်တော့ တရားနာ အပြီး ကပေးရင် ငါးကျပ်၊ နောက်တော့ ငါးမတ်၊ နောက်ခြောက်မူး ဆိုတာမျိုး ဖြစ်ကုန်လိမ့်မယ်၊ တို့ပညာရဲ့ တန်ဖိုးတော့ အချမခံနိုင်ဘူး၊ မနက်ဖြန် ပွဲမအားဘူးလို့ပဲ ပြောကြ) ဟုဆိုကာ မကဘဲပြန် လာခဲ့ကြလေသည်။ စိန်ဗေဒါကြီးနှင့် မမြရင်တို့မှာ တော်သလောက်၊ ကျော်သလောက် မိမိပညာကို ဤသို့ တန်ဖိုး ထားကြသူများ ဖြစ်သည်။
ဓာတ်ပြားအဆိုကျော် လေဘာတီမြရင်
လေဘာတီ မမြရင်သည် အငြိမ့်မင်းသမီး အဖြစ်သာ မဟုတ်၊ ဓာတ်ပြား အဆိုတော် အဖြစ်လည်း နာမည်ကြီးသူ ဖြစ်သည်။
ဓာတ်ပြားကုမ္ပဏီများ
ဓာတ်ပြားသွင်းရာတွင် ရွှေလိပ်ပြာ ကုမ္ပဏီနှင့် ဓာတ်ပြား၂၄ ချပ်၊ အောင်မင်္ဂလာတွင် ၂၄ချပ်၊ His Master’s Voice (ခေါ်) ခွေးတံဆိပ်ကုမ္ပဏီ၌ အချပ် ၆၀၊ ကိုလံဘီယာကုမ္ပဏီအတွက် ၁၂ ချပ် (စုစုပေါင်း ၁၂၀) သွင်းကြောင်း လူထုဒေါ်အမာ၏ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်တွင် အတိအကျဖော်ပြပါရှိသည်။[၉]
ဓာတ်ပြားသီချင်းများ
မမြရင်အား လေဘာတီမမြရင်ဟု လျမ်းလျမ်းတောက် ကျော်ကြားစေမည့် အငြိမ့်ဓာတ်ပြား သီချင်းတစ်ပုဒ်မှာ ၁၉၃၅ မတ်လထုတ် His Master’s Voice (ခေါ်)ခွေးတံဆိပ် ကုမ္ပဏီ၏ “အလှု့ရှင်” သီချင်းဖြစ်ပါသည်။ [၁၀] မမြရင် သီဆို၍ ဓာတ်ပြား သွင်းခဲ့ပြီး သူ့ခေတ် သူ့အခါက နာမည်ကျော်ခဲ့သော သီချင်းများမှာ မွန်းလိုက်ဂလိုရီ၊ ပဒုမ္မာ ရွှေကြာ၊ ခင့်သဘော၊ မောင်မောင့် ရွှေကျေး၊ ထင်သလိုနေ၊ အိုကေ၊ စိတ်တခု ယုတ်ကိုးဆယ်၊ ဥစ္စာရင်းမှန်ပြန်၊ သော့တွဲ စသည်တို့ ဖြစ်သည်။ မမြရင် သီဆိုခဲ့သော သီချင်း များစွာမှာ ခေတ်အဆက်ဆက်၊ ဆက်လက် အောင်မြင် ကျော်ကြားဆဲ၊ ဖြစ်ပြီး အဆိုတော်ပေါင်းများစွာတို့က ပြန်လည်သီဆိုခဲ့ကြသည်။
တေးရေးဆရာများ
မမြရင်အတွက် သီချင်းရေးပေးကြသော ဆရာများမှာ ဦးသာဒင်၊ နန်းတော်ရှေ့ ဆရာတင်၊ မြို့မငြိမ်း၊ ဆရာထာ၊ ဆရာရွှေတိုင်ညွန့် တို့ဖြစ်ပြီး နန်းတော်ရှေ့ ဆရာတင်နှင့် မြို့မငြိမ်းတို့က အများဆုံးရေးသားပေးခဲ့ကြသည်။
နန်းတော်ရှေ့ဆရာတင်
နန်းတော်ရှေ့ ဆရာတင်နှင့် လေဘာတီ မြရင်ကို လမိုင်းကပ်သည်ဟု ဆိုသော်ရ၏။ အဘယ်ကြောင့် ဆိုသော် ဆရာတင် ရေးပေးသော သီချင်းကို လေဘာတီ မြရင် ဆိုလိုက်သည်နှင့် အောင်မြင် ကျော်ကြား လူကြိုက်များ သွားတတ်သောကြောင့် ဖြစ်သည်။ လေဘာတီ မမြရင် သီဆိုခဲ့သော သီချင်းများ အနက် ထက်ပေါ် ကျော်ကြားသော တေးသွားမှန်သမျှ နန်းတော်ရှေ့ ဆရာတင်၏ လက်ရာ များလေသည်။ ထို့ကြောင့်လည်း အခြားသော မင်းသမီးများက ဆရာတင်အား (လေဘာတီ မြရင် အတွက် သီချင်းရေးရင် သူများတွေ အတွက် ရေးတာနဲ့ မတူဘူး၊ စေတနာကို ပိုလွန်းတယ်) ဟုပင် ခနဲ့တဲ့တဲ့ လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဆရာတင်ကတော့ တဟဲဟဲ ရယ်လျက်။
ဆရာတင်ကလည်း သီချင်းကို အာမခံနှင့် ရေးသူဖြစ်၏။ သူ့သီချင်းကို သီဆိုပြီး ကလျှင် ထို မင်းသမီး နာမည် ကျော်စေရမည်။ သူ့သီချင်း မကျော်ခဲ့လျှင် ပိုက်ဆံ တပြားမှ မပေးနဲ့ဟု ရဲရဲ ကြီး အာမခံတတ်သည်။ အာမခံသည့် အတိုင်းလည်း မင်းသမီး အတော်များများမှာ သူ့သီချင်း ဆိုပြီး ကျော်သွား ခဲ့ကြသည်သာ ဖြစ်၏။ မမြရင်ကိုလည်း ဆရာတင်ကပင် (မင်း နာမည် ကျော်ချင်ရင် မန္တလေး လာခဲ့) ဟု သူကိုယ်တိုင် ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဆရာတင် မသေမီက ပြောသွား ခဲ့ဖူးသည်။
ဤမျှသာ မကသေး။ မမြရင်ကို ခိုးပြေးဖို့ ကြိုးစားခဲ့သေးကြောင်း မမြရင် အမေကြီး တွေ့သွား၍ ပခုံးပေါ် ထမ်းလာသော မမြရင်ကို ပြန်ချ ထားခဲ့ရကြောင်း စသည်ဖြင့် ဆရာတင် မသေမီက ပြောပြတတ် သေးသည်။ သို့သော် အများစုက ထိုစကားကို မယုံကြ။ (သူ့ဗလနဲ့လား လေဘာတီ မြရင်ကို ထမ်းနိုင်မှာ) ဟု ဆိုကြသည်။ မည်သို့ပင် ဖြစ်စေ၊ လေဘာတီ မြရင်နှင့် ဆရာ တင်တို့ နှစ်ဦး အထူးတလည် ခင်မင် ရင်းနှီးသည့်ကတော့ အမှန်ပင်။ ခင်မင် ရင်းနှီးရုံ သာမက၊ မမြရင်မှာ ဆရာတင်၏ ညှဉ်းဖတ် မင်းသမီးပင် ဖြစ်ခဲ့ရသေးသည်။ ဆရာတင် ငွေလိုတိုင်း မမြရင်ထံ လက်ဝါး လာဖြန့်တတ်သည်။ မပေးမချင်း မပြန်။ ငွေရတော့လည်း ပြန်ပေးချင်မှ ပေးသည်။ မပေးသည်က များသည် ဆို၏။
ဆရာတင် သီချင်းနှင့် လေဘာတီ မြရင် အဆိုတို့ လူကြိုက်များ အောင်မြင်ခဲ့ခြင်းမှာ ဆရာတင် တယောက်တည်း အရေးအစပ် ကောင်း၍ချည်း မဟုတ်။ မမြရင်၏ အသံ မမြရင်၏ အဆိုကလည်း မည်သူမျှ လိုက်မမီနိုင်အောင် ကောင်းလွန်းသောကြောင့် ဖြစ်သည်။ မမြရင် အသံက အသံဝါ ဖြစ်၏။ ဆွဲတိုင်းရ၏။ ဟစ်တိုင်း ပေါက်၏။ ဘယ်သံ၊ ညာသံ လိုသလို ကူးနိုင်၏။ သူ့ခေတ်တုန်းက ယခုလို အသံချဲ့စက်တွေ မပေါ်သေး။ ပွဲခင်း တခုလုံးရှိ ပရိသတ်များ အားလုံးကြားအောင် ကြိုးစား ပမ်းစား ဆိုရ၏။ မမြရင် သီချင်း ဟစ်လိုက်လျှင် အခြားပြိုင်က နေသည့် ဇာတ်ပွဲ အငြိမ့်ပွဲဆီမှ ပရိသတ်များပါ သူ့ထံ ရောက်လာကြတော့သည်
မမြရင် အသံ
ဆရာတင် သီချင်းနှင့် လေဘာတီ မြရင် အဆိုတို့ လူကြိုက်များ အောင်မြင်ခဲ့ခြင်းမှာ ဆရာတင် တယောက်တည်း အရေးအစပ် ကောင်း၍ချည်း မဟုတ်။ မမြရင်၏ အသံ မမြရင်၏ အဆိုကလည်း မည်သူမျှ လိုက်မမီနိုင်အောင် ကောင်းလွန်းသောကြောင့် ဖြစ်သည်။ မမြရင် အသံက အသံဝါ ဖြစ်၏။ ဆွဲတိုင်းရ၏။ ဟစ်တိုင်း ပေါက်၏။ ဘယ်သံ၊ ညာသံ လိုသလို ကူးနိုင်၏။ သူ့ခေတ်တုန်းက ယခုလို အသံချဲ့စက်တွေ မပေါ်သေး။ ပွဲခင်း တခုလုံးရှိ ပရိသတ်များ အားလုံးကြားအောင် ကြိုးစား ပမ်းစား ဆိုရ၏။ မမြရင် သီချင်း ဟစ်လိုက်လျှင် အခြားပြိုင်က နေသည့် ဇာတ်ပွဲ အငြိမ့်ပွဲဆီမှ ပရိသတ်များပါ သူ့ထံ ရောက်လာကြတော့သည်
ဂီတမယ် လှကလေးစိန် ပြောသော မမြရင် အသံ
မမြရင်၏ အသံ၊ မမြရင်၏ အဆိုနှင့် ပတ်သက်၍ ဂီတမယ် လှကလေးစိန်က “မမရင် အသံက မြည်လည်း မြည်တယ်၊ ပီလည်း ပီတယ်၊ သာလည်း သာတယ်၊ ကြည်လည်း ကြည်တယ်၊ ဆိုတဲ့ နေရာမှာလည်း စာပေါင်ပဲ့တယ်၊ လျှာကိုက် နာတယ်၊ အာစောက်လည်း ရှိတယ်၊ အသံမြေကျလည်း သာတယ်၊ အဝေးကြား သိပ်ကောင်းတာဘဲ၊ မင်းသမီး ဆိုတာ အချို့က အသံပါးလို့ မအော်နိုင်ကြဘူး၊ ဉာဏ်ကွန့်ပြီး အလိမ္မာဖက် ဆိုကြရတယ်၊ မမရင်တို့ ကျတော့ လွှတ်ပြီး အော်ဆိုတဲ့ အခါ အဝေးကြီးကလည်း ကြားရတယ်၊ အင်မတန်မှလည်း သာယာတယ်၊ တကယ့်ကို ပါရမီ ရှိသူပါ” ဟု ပြောကြား သွားခဲ့သည်။
ထို့ကြောင့်လည်း မန္တလေး အမျိုးသား ကဇာတ်ရုံရှေ့ရှိ လေဘာတီ မြရင် ကြေးရုပ်တု အောက်ခြေတွင် (အသံ မင်းသမီး) ဟု မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်လေသည်။
[၁၁]
ဂုဏ်ပြု
မမြရင် ဂုဏ်ပြု အငြိမ့်များ စီစဉ်ကပြခြင်း၊ ဂုဏ်ပြု သီချင်းများ သီဆိုချင်း၊ မမြရင် အကြောင်း ဂုဏ်ပြု ဆောင်းပါး ရေးသားခြင်း များ ပြုလုပ်ခဲ့ကြသည်။ မန္တလေး အရှေ့ကျုံးလမ်းရှိ အမျိုးသားကဇာတ်ရုံ ရှေ့မျက်နှာစာတွင် တချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့သော အငြိမ့်မင်းသမီးကြီးကို ဂုဏ်ပြုသည့် အနေနှင့် ကြေးချိန် ပိဿာ ၃၀ဝ ရှိ ကိုယ်တပိုင်းပုံတူ ရုပ်တုကြီးကို ငွေကျပ် ၁.၈ သန်း ကုန်ကျခံပြီး ၃၁၊ ၈၊ ၂၀၀၂ ရက်နေ့က စိုက်ထူ ပေးထားသည်။ ပုံတူရုပ်တုကြီး၏ အောက်ခြေတွင် အသံမင်းသမီးဟူသည့် စာသား ရေးထိုး ဂုဏ်ပြု ထားသည်။
သီဆိုခဲ့သော တေးသီချင်းများ
ရွှေလိပ်ပြာ ကုမ္ပဏီနှင့် ဓာတ်ပြား၂၄ ချပ်၊ အောင်မင်္ဂလာတွင် ၂၄ချပ်၊ ခွေးတံဆိပ်ကုမ္ပဏီ၌ အချပ် ၆၀၊ ကိုလံဘီယာကုမ္ပဏီအတွက် ၁၂ ချပ် (စုစုပေါင်း ၁၂၀) သွင်းကြောင်း လူထုဒေါ်အမာ၏ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်တွင် အတိအကျဖော်ပြပါရှိသည်။ မမြရင် သီဆိုအသံသွင်းသွားသော သီချင်းဓာတ်ပြားများ ပြည့်စုံအောင် ရှာဖွေမရရှိသေးဘဲ သီချင်းပေါင်းများစွာ ပျောက်ဆုံးနေပါသေးသဖြင့် မမြရင်၏ ဓာတ်ပြားများ လက်ဝယ်ရှိသူများက နှောင်းခေတ်ဂီတဝါသနာရှင်တို့ မှတ်သားသီဆိုနိုင်ရန်နှင့် မှတ်တမ်းအဖြစ် ထားရှိနိုင်ရန် စာရင်း ထည့်သွင်း လှူဒါန်းစေလိုပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။
ကိုးကား
- မမြရင် ဘဝဖြစ်စဉ် တေးများ https://www.youtube.com/watch?v=NxaZv56Wk0Q
- လေဘာတီမမြရင်ရဲ့ချစ်သူမန်းညွန့်ဦးမောင်ကလေး https://www.youtube.com/watch?v=90yv2n1HX6Q
- ပြည်သူချစ်သော အနုပညာသည်များ၊ ပဉ္စမအကြိမ်၊ နှာ ၃၆၃
- မမြရင်အငြိမ့် မှတ်တမ်းရုပ်ရှင်တို https://www.youtube.com/watch?v=5fED0vmKZAo
- ၀၁။အရေးတော်ပုံအငြိမ့် – လေဘာတီမမြရင်၊ဓာတ်ဆီ၊ဓာတ်စံ။ https://www.youtube.com/watch?v=5x3ruTAmA5o&list=PL68ap7eDwEpcwjYty3hnCY8hieR4UWXpw&index=1
- ၀၂။ရွှေပင်ငွေရွက်အငြိမ့် – လေဘာတီမမြရင်၊ဓာတ်ဆီ၊ဓာတ်စံ။ https://www.youtube.com/watch?v=sUYWhwR6dn4
- ၀၃။သိန်းထီအငြိမ့် – လေဘာတီမမြရင်၊ဓာတ်ဆီ၊ဓာတ်စံ ။ https://www.youtube.com/watch?v=Vbwg5v4_uzg&t=4s
- လေဘာတီမမြရင်ရဲ့ချစ်သူမန်းညွန့်ဦးမောင်ကလေး https://www.youtube.com/watch?v=90yv2n1HX6Q
- ဗိုလ်ကလေး ဦးတင့်အောင် ပြုစုသည်။
- နန်းတော်ရှေ့ ဆရာတင် – အလှု့ရှင် (ဆို) လေဘာတီ မမြရင် ဂန္ထဝင် မြန်မာသီချင်း ဓာတ်ပြား သီချင်း https://www.youtube.com/watch?v=YbGFmtIqsYE
- (တင်နိုင်တိုး) မောင်မောင် (ဥပဒေ) ရဲ့ တချိန်က လျှမ်းလျှမ်းတောက် အောင်မြင် ကျော်ကြားခဲ့သော အငြိမ့်မင်းသမီးကြီး “လေဘာတီ မမြရင် (၁၉၀၄–၁၉၄၅)” အကြောင်း ရုပ်ပုံလွှာ အဖွဲ့အနွှဲ့ကို Faces မဂ္ဂဇင်း No. 38, September, 2004 ကနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပြီး၊ စာပေဗိမာန်၏ ရုပ်ပြ ဗဟုသုတဘဏ် အဖြစ် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း၊ ရန်ကုန်မြို့က ၁၉၆၃ ပဌမအကြိမ် ပုံနှိပ်ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ‘မြန်မာ့ စွယ်စုံကျမ်း၊ အတွဲ – ၉၊ အပိုင်း – ခ၊ (မောင်ဂိုမာရီ – မြည်း)’ မှာ ဖော်ပြ ပါရှိတဲ့ ‘လေဘာတီ မမြရင် (မြန်မာ ၁၂၆၆–၁၃၀၇)’ ကနေ အချက်အလက် အချို့ ထပ်မံ ဖြည့်စွက် ထားပါတယ်။
- ခေတ္တရာတမာချို လေဘာတီမမြရင် Long Play Cassette Music https://www.youtube.com/watch?v=NxaZv56Wk0Q
- လေဘာတီမမြရင် နှောင်းခေတ်သီချင်းများ https://www.youtube.com/playlist?list=PLIkUkpOon6Q339A1TVFvILPnqULM2iy4T
- လေဘာတီ မမြရင် သီချင်းများ https://www.youtube.com/playlist?list=PLg8E468sgG0yH8r9jo-OLsAqRB2oZNyBJ

