
What each food does for your body https://m.facebook.com/groups/559025205033826/permalink/1921107502158916/?
Eat daily. https://www.facebook.com/reel/652543324557572?fs=e&fs=e
ထောပတ်သီး စားသုံးခြင်းနှင့် သိထားသင့်သည့် အချက်များ။ Sides Effects Of Avocado
ထောပတ်သီး စားသုံးခြင်းသည် အကျိုးကျေးဇူးများစွာရှိသော်လည်း တစ်ချို့သောသူများအတွက် စားသုံးခြင်းသည် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ တွေ ဖြစ်တဲ့ ဓာတ်မတည့်မှုများ၊ အဆီဓာတ်မြင့်မားမှုကြောင့် ဖြစ်ပေါ်လာနိုင်သော အစာခြေပြဿနာများကဲ့သို့သော ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို ဖြစ်စေနိုင်ပါသည်။ ဘယ်လိုလူ
တွေက ထောပတ်သီးကို ရှောင်ကြဉ်သင့်လဲ ဆိုတာကို သိရှိ နားလည်ခြင်းဖြင့် သင်သည် အသိပညာရှိရှိ ရွေးချယ်မှုများပြုလုပ်နိုင်ပြီး သင့်ကျန်းမာရေးကို မထိခိုက်စေဘဲ ထောပတ်သီးကို သင့်အစားအစာထဲ ထည့်သွင်းနိုင်မည်ဖြစ်ပါတယ်။
avocado #ထောပတ်သီး #ယူရစ်အက်စစ်များခြင်း #uricacid #purines #gout #ဂေါက်ရောဂါ #အဆစ်အမြစ်နာခြင်း #ကယ်လိုရီ #အဆီဓာတ် #Calories #Fat #ဆီဒီယမ် #Sodium #ကာဗိုဟိုက်ဒရိုက် #Carbohydrates #အမျှင်ဓာတ် #Fiber #
Foods Gluten 🍃ဂလူတင် (Gluten) ဆိုတာ ဘာလဲ ?
စေးကပ်တဲ့ ဓာတ်တမျိုးပါ၊ ဂျုံ၊ ဆန်၊ ဘာလီ၊ ကောက်ညှင်း၊ အစေ့အဆန်၊ စပါး၊ ရိုင်းစပါး၊ ပြောင်း တို့မှာ ပါဝင်ပါတယ်။
အသင့်စား အစားအစာတွေ၊ ဟောလစ်၊ အိုဗာတင်း၊ မိုင်လို တွေမှာလဲ ပါလေ့ရှိပါတယ်၊
ဂလူတင်ပါတာ အစားများရင် Leaky Gut ဖြစ်ပြီး ရောဂါပေါင်းစုံ (autoimmune, ဒူးနာ၊ ခါးနာ၊ အစာအိမ်) ဖြစ်တတ်ပါတယ်၊
Leaky gut လို့ခေါ်တဲ့ အူနံရံအတွင်းပိုင်းယိုစိမ့်မှူဖြစ်နေသူတွေ (Antibody များနေသူတွေ)၊ Autoimmune အော်တိုအင်မြူးရောဂါ ရှိနေသူတွေ၊
အစာအိမ်ရောဂါ၊ အစာမကြေခြင်း၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ ဝမ်းမကောင်းတတ်သူတွေ၊ လေတက်လေပွ၊ လေချဉ်တက်၊ ရောဂါဖြစ်နေစဉ်အတွင်း ရှောင်ရမည့် အစားအစာများ
ဆရာမကြီးက အထူးသဖြင့် ရောဂါသိစ ပထမ (၈) ပတ်လောက်မှာ အထူးရှောင်ရမှာလို့ပြောပါတယ်၊
1. Gluten ပါသောအစားအစာများ
Fast food, အသင့်စားအစားအစာများအားလုံးလိုလို၊ တာရှည်ခံအစားအစာများ (ခေါက်ဆွဲခြောက်ထုပ်များ အသင့်စား ဝက်အူ ကြက်အူချောင်း အသားပြားစသည်) (gluten free လို့ရေးမထားရင်), ကုန်တိုက်များမှာရောင်းသော မိမိဝယ်သော အစားအစာပါဝင်ပစ္စည်းများကိုကြည့်ပါ၊
2. Oat, Barley, ကွေကာအုပ်၊ museli, စသည်
3. ဂျုံနှင့် ဂျုံထွက်ပစ္စည်း အားလုံး
*ပေါင်မုန့်၊ ကိတ်မုန့် စသည်၊ (gluten free bread, sour dough bread, အချဉ်ဖောက်ထားသောပေါင်မုန့် မှလွဲ၍)
*ပလာတာ၊ နံပြား၊ အီကြာကွေး၊ ပေါက်စီစသည်၊
* ခေါက်ဆွဲ၊ ပီဇာ၊ pasta, စသည်
4. နို့နှင့်နို့ထွက်ပစ္စည်း များအားလုံး
*နွားနို့၊ နို့မှုန့်၊ နို့ဆီ၊ နို့စိမ်း၊ ရေခဲမုန့်၊ ထောပတ်၊ ချီးစ်၊ မာဂျရင်း၊
5. အစေ့အဆန်များ၊ ပဲမျိုးစုံ၊ သကြားတု
6. Night shade vegetables
* ခရမ်းသီး၊ ရုံးပတေသီး၊ ငရုတ်ပွ၊ ခရမ်းချဉ်သီး၊ စသည်
7. မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားသော (GMO- Genetically Modified) အစားအစာများ
* ပြောင်း၊ ပြောင်းမှုန့် ကော်မှုန့် (ကော်ရည်ခေါက်ဆွဲ) ပြောင်းဖူး၊ ပဲနို့ စသည်
8. အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာ စသည်
9. မှိုတက်နေသောအစာများ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးသုံးထားသော အစာများ
10. Gluten drinks
မိုင်လို၊ အိုဗာတင်း၊ စသည်
အထက်ပါအစားအစာတွေအပြင် တဦးချင်းစီက ကိုယ်နဲ့မတည့်တတ်တဲ့အစာတွေ၊ ကိုယ့်ခန္ဓာကိုယ်က လက်မခံနိုင်တဲ့အစာတွေ၊ အဆင်မပြေတဲ့အစာတွေ၊ အစာကြေဖို့ခက်ခဲတဲ့အစာတွေပါရှောင်ရမှာပါ၊သခွားသီး၊ ဖရဲသီး၊ လက်ဖက်၊ လက်ဖက်ရည် တွေက အစာမကြေတတ်လို့ရှောင်ရပါမယ်
အထက်ပါအစားအစာတွေက အစာချေစနစ်ကို ပိုဆိုးစေတတ်ပြီး အစာကြေဖို့ခက်ခဲစေလို့ မကျန်းမာတဲ့အူနံရံတွေကို ပိုဆိုးစေတတ်ပါတယ်၊
ကိုယ်စားလိုက်တဲ့ အစာကြေခဲတဲ့ အဲဒီအစာတွေကယိုစိမ့်နေတဲ့၊ မလုံခြုံတဲ့ အူနံရံအတွင်းပိုင်းကနေ သွေးထဲကိုရောက်လာပါတယ် ၊
အဲ့ဒီအခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သဘာဝခုခံအားတွေ (အင်တီဘော်ဒီ) က သူမမြင်ဖူးတဲ့ အဲ့ဒီ
မကြေတကြေ အစာတွေကို ရန်သူဝင်လာတယ် ထင်ပြီး ထွက်တိုက်ပါတော့တယ် ၊
ဒါကြောင့် အဲ့လိုလူတွေရဲ့ သွေးကိုဖောက်စစ်ကြည့်တဲ့ အခါ ခုခံအား အင်တီဘော်ဒီ (Anti-tpo, Anti-tg, Anti-tshr) တွေများနေတာပါ
အဲ့လိုထွက်တိုက်တာကြာလာတဲ့အခါ ခုခံအား အင်တီဘော်ဒီတွေက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ရန်သူနဲ့ မိတ်ဆွေ မခွဲခြားနိုင်တော့ဘဲ လျှောက်ဖျက်ဆီးပါတော့တယ်
အဲ့ဒါကစပြီး ခန္ဓာကိုယ်နေရာအနှံ့မှာ ဒုက္ခပေးတော့တာပါဘဲ
Hashimoto သမားတွေကျတော့ ခန္ဓာကိုယ်ခုခံအားက thyriod gland ကိုရန်သူထင်ပြီးလိုက်ဖျက်စီးပါတော့တယ်၊
အရေပြားကို ဖျက်ဆီးခံရတော့ အရေပြားလေးဘက်နာ သွေးကို ဖျက်ဆီးခံရတော့ သွေးလေးဘက်နာ စသဖြင့် ခုခံအားကစဉ့်ကလျားဖြစ်တဲ့ အော်တိုအင်မြူးရောဂါ (Auto immune diseases) အမျိုးအစားပေါင်း ၁၀၀ ကျော်ရဲ့ အဓိကကျတဲ့ လက်သည်တရားခံက တော့ “အစာအိမ်နဲ့အူလမ်းကြောင်းမကျန်းမာခြင်း” Gut health ပါဘဲ
အစာလမ်းကြောင်း၊
အူလမ်းကြောင်းကောင်းလာတာနဲ့အမျှ ကျန်းမာရေးပါကောင်းလာပြီး ခံစားနေရတဲ့ အခြားရောဂါလက္ခဏာတွေပါ
အံ့သြဖွယ်ကောင်းလောက်အောင်ပျောက်ကင်းလာတာတွေ့ရပါလိမ့်မယ် လို့ဆရာမကြီးကပြောထားပါတယ်၊
ဒါကြောင့် leaky gut ဖြစ်နေတဲ့သူတွေဟာ ရောဂါခံစားနေရချိန်၊ အူကျန်းမာရေးမကောင်းသေးချိန်မှာ မတည့်တဲ့ အစားအသောက်တွေကို မစားဘဲနေမှသာ ရောဂါအမြန်သက်သာလာမှာပါ၊
အဲ့လိုသက်သာလာဖို့ မတည့်တဲ့အစာတွေ သေသေချာချာရှောင်ဖို့ အနဲဆုံး ၂ လကနေ ၆ လအထိ ကြာတတ်ပါတယ်
မတည့်တာအစားအသောက်တွေကလဲ တော်တော်များတာမို့ leaky gut သမားတွေက ဘာမှစားစရာမရှိတော့ဘူးဆိုပြီး ငြီးတွားကြရပါတယ်၊
ဟုတ်နေပေမဲ့လည်း ကျန်းမာချင်တော့လည်း ရှောင်မှသက်သာမှာပါ၊
Gluten ပါတဲ့အစာဆိုတာ အရမ်းကျယ်ပြန့်တော့ စားသင့်တာက သဘာဝအတိုင်းမပြုပြင်ထားတာတွေပါ၊
အပြင်စာတွေလဲတတ်နိုင်သမျှရှောင်ပါ၊
အိမ်ချက်ကဘဲ ကိုယ်နဲ့မတည့်တာတွေ မပါနိုင်မှာပါ၊
Protein (eg. အသား)
Fat (eg. အုန်းဆီ၊ ထောပတ်သီး၊ nuts)
Fiber (eg. အရွက်) စားလို့ရပါတယ်၊
ပြသနာက သရေစာ စားချင်ကြတာပါ၊
စားချင်စိတ် အသာထား၊ ဗိုက်ဆာရင်တောင် အဆာပြေလေးတော့စားချင်ကြတာပဲ
ကျမတို့ရဲ့ အစာအိမ် အူလမ်းကြောင်းမှာ ဒါဏ်ရာတွေနဲ့မို့ သူတို့အတွက်ဝန်ပိစေတဲ့ အစာတွေ ဆင်ခြင်ပေးရမှာပါ၊
ဖြည့်စွက်စာဘဲသောက်ပြီး အစားမဆင်ခြင်ရင် မသက်သာနိုင်ပါဘူး၊
#Credit
✨ဂျုံနှင့် ပြုလုပ်ထားတဲ့အစားအစာများ-
ဂျုံနှင့် ပြုလုပ်ထားတဲ့အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်၊ ကိတ်မုန့်၊ အီကြာကွေး၊ ပလာတာ၊ ကွက်ကီး စသည်တို့မှာ gluten ( ဂလူတန် ) ပါဝင်ပါတယ်။ ဂလူတန်ဆိုတာ ပရိုတိန်းအုပ်စု တစ်မျိုးပါ။ ဂလူတန်မှာ gliadin နှင့် glutenin ဆိုပြီး အစိတ်အပိုင်းနှစ်ခုပါဝင်ပါတယ်။ ဂျုံ၊ ဂျုံကြမ်း၊ မုယောစပါးလို အစေ့အဆန်တွေမှာ ဂလူတန် ပရိုတိန်းကို တွေ့နိုင်ပါတယ်။ Gluten ( ဂလူတန် ) စားခြင်းက အူလမ်းကြောင်းကျန်းမာရေးအတွက် မကောင်းဘူးလို့ ဒေါက်တာ William Davis နှင့် ဒေါက်တာ David Perlmutter က ပြောခဲ့ပါတယ်။ ဂလူတန် နှင့် အူနံရံယိုစိမ့်ခြင်း(Leaky gut) က အဆက်အသွယ်ရှိပါတယ်လို့ ဒေါက်တာ Alessio Fasano က ဖော်ထုတ်တွေ့ရှိထားပါတယ်။ ဂလူတန်နဲ့ ပတ်သတ်တယ်လို့ ယူဆရတဲ့ ရောဂါ ၅၅ ခု ရှိပါတယ်။
Celiac disease ဆိုတာ gluten ( ဂလူတန် ) စားလို့မရတဲ့ အော်တိုအင်မြူးရောဂါတစ်ခုပါ။ လူပေါင်း ၁၃၃ ယောက်မှာ celiac disease ရှိတဲ့လူနာ တစ်ယောက်ရှိတယ်ဆိုပါတယ်။ နှစ် ၅၀ အတွင်း celiac disease ဖြစ်တဲ့ လူနာအရေအတွက်လည်း ၄၀၀% လောက်တိုးလာတယ်လို့ပြောပါတယ်။ Celiac disease ရှိတဲ့ လူနာတွေက ဂလူတန်ကို ရှောင်ရပါတယ်။ Celiac disease ရှိတဲ့လူနာတွေ သာမက သာမန်လူတွေပါ ကျန်းမာရေးအတွက် ဂလူတန်ကို ရှောင်သင့်ပါတယ်ဆိုတဲ့ ယုံကြည်မှုတွေလည်းရှိပါတယ်။
ဂျုံ နှင့် ပြုလုပ်ထားတဲ့အစားအစာတွေမှာ ဂလူတန်အပြင် WGA (wheat germ agglutinin ) လို့ခေါ်တဲ့ အပင်ထွက်ပရိုတိန်း တစ်မျိုးလည်းပါဝင်ပါတယ်။ Plant paradox စာအုပ်အဆိုအရ WGA က အတော်သေးတဲ့ ပရိုတိန်းဖြစ်ပါတယ်။ WGA မကောင်းဘူးဆိုတဲ့ အယူအဆ နဲ့ ပတ်သတ်တဲ့ သုသေတနထောင်ချီရှိပါတယ်။ WGA က ပရိုတိန်း ခြေဖျက်ခြင်းကို နှောက်ယှက်ပေးပါတယ်။ အူနံရံတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ ကျောက်ကပ်ရောင်ရမ်းခြင်း ဖြစ်စေနိုင်ပါတယ်။ ခုခံအားကျဆင်းစေပြီး တုတ်ကွေး နှင့် အခြား ဗိုင်းရပ်ပိုးများ အူလမ်းကြောင်းကတစ်ဆင့် ပိုမိုဝင်ရောက်စေနိုင်ပါတယ်။
WGA သွေးထဲရောက်တဲ့အခါ အင်ဆူလင်လို ပြုမူပြီး အဆီဆဲလ်တွေထဲ သကြားပို့ဆောင်ပေးပါတယ်။အဆီဆဲလ်ထဲမှာ သကြားက အဆီအဖြစ်ပြောင်းသွားပြီး ကိုယ်အလေးချိန်များလာခြင်း နှင့် insulin resistance တွေ ဖြစ်လာစေပါတယ်။ ဦးနှောက်ထဲ ဝင်ရောက်နိုင်ပြီး အာရုံကြောဆိုင်ရာ ပြသနာတွေ ဖြစ်စေပါတယ်။ သွေးကြောတွေကို ကျဉ်းစေပါတယ်။ ကြွက်သားအတွင်း သကြားဝင်ရောက်ခြင်းကို ရပ်တန့်လိုက်ပြီး ကြွက်သား သန်စွမ်းမှု လျော့နည်းစေပါတယ်။ အော်တိုအင်မြူးရောဂါတွေနှင့် ဆက်စပ်နေတယ်ဆိုပါတယ်။
ရှေးတုန်းက ဂျုံနဲ့လုပ်တဲ့မုန့်တွေစားခဲ့တာပဲလို့ မေးစရာရှိပါတယ်။ သိပ္ပံပညာထွန်းကားလာပြီး စိုက်ပျိုးရေးနည်းပညာတွေ တိုးတက်လာတဲ့အခါ ရာသီဒဏ်ခံနိုင်ဖို့၊ အထွက်တိုးဖို့ အပင်တွေကို hybrid ( မျိုးစပ်ယူ) ကြတယ်။ မျိုးစပ်ထားတဲ့ ဂျုံပင်က ထွက်တဲ့ အပင်ထွက် ပရိုတိန်းတွေက ရှေးတုန်းဘိုးဘေးတွေ စားခဲ့တဲ့ အပင်ထွက် ပရိုတိန်းတွေ မဟုတ်တော့ဘဲ အသစ်သစ်သော အပင်ထွက် ပရိုတိန်းတွေဖြစ်ပြီး ကျွန်တော်တို့အစာလမ်းကြောင်းက ဒီလို ပရိုတိန်းတွေကို ချေဖျက်ဖို့ လိုအပ်ချက်တွေရှိနေနိုင်တယ်။
ရှေးတုန်းက ရိုးရာ တစေး နဲ့ အချဉ်ဖောက်ပြီး ဂျုံမှုန့်ကို မုန့်လုပ်ကြတယ်။ အခုခေတ် မုန့်ဖုတ်တဲ့အခါ တစေးအစား transglutaminase ဆိုတဲ့ ပစ္စည်းတစ်မျိုး အသုံးပြုတယ်။ Transglutaminase က ဦးနှောက်ထဲ ဝင်ရောက်နိုင်ပြီး ပါကင်ဆန်ရောဂါကဲ့သို့သော gluten ataxia ကို ဖြစ်စေနိုင်တတယ်။ စျေးကွက်မှာရောင်းတဲ့ အသင့်စားပေါင်မုန့်တွေ ဆီချေးနံ မနံအောင် တည့်တဲ့ butyl hydroxytoluene (BHT) ကလည်း အစာလမ်းကြောင်းကျန်းမာရေး ထိခိုက်စေပါတယ်။
#Credit-Dr.Phyo Maung Maung
#Amara USA Supplements
#Yangon
