မှတ်ဖွယ်မှတ်ရာ စာပဒေသာ

မှတ်ဖွယ်မှတ်ရာ စာပဒေသာ

General Knowledges and Water Resources Management in Myanmar

Menu Skip to content
  • Home
  • ဘာသာစကား / မြန်မာစာ မြန်မာစကား
    • Biography အထုပ္ပတ္တိ
    • Music မြန်မာ့ ဂီတလောက
    • မြန်မာ့ ဂီတ။ မြန်မာသံစဉ် သီချင်းများ
    • မြန်မာ့ ဂီတ လောက နှင့် မြန်မာ သံစဉ် သီချင်း များ
  • သမိုင်း / မြန်မာ့သမိုင်း
  • ဆည်မြောင်းလောက
    • ဆည်မြောင်းလောက / ဆည် တမံ ရေးရာ
    • ဆည်မြောင်း လောက / ရေဘေး အန္တရာယ်
    • Water Resources Management
  • Floods
25 Feb 2023 uamyint

သူများနိုင်ငံတွေက စာဖတ်အား ကောင်းကြတဲ့။ ခလေးတွေရဲ့ စာအုပ်စာပေ လူ့မိတ်ဆွေ။

စာဖတ်အားကောင်းကြတဲ့ ခလေး ေတွ ရဲ့

မှတ်တမ်း ပုံရိပ်များ

Time Fly Photo Images of a Child

and her brothers

မှတ်ဖွယ်မှတ်ရာ

ပညာရေးရာ

စာပဒေသာ ( ၆ )

စာအုပ်စာပေ လူ့မိတ်ဆွေ

သူများနိုင်ငံတွေ

စာဖတ်အား ကောင်းကြတဲ့ခလေးတွေ

စာဖတ်သူသည်

စာမဖတ်သူထက်သာသည်

စာများများဖတ်သူသည်

စာနည်းနည်း ဖတ်သူထက်ပိုသာပါတယ်

ကမ္ဘာပေါ်မှာ

စာများများဖတ်ကြတဲ့

ခေါင်းဆောင်ကောင်း ပညာတတ် လူတော်တွေ အုပ်ချုပ်နေတဲ့

နိုင်ငံတွေက

စာဖတ်အားနည်းတဲ့ လူကြီးလုပ်နေသူတွေ

အုပ်ချုပ်နေကြတဲ့ နိုင်ငံတွေထက် အစစအရာရာသာပါတယ်

တိုးတက်ဖွံ့ဖြိုးမှုအားကောင်းတယ်

ကမ္ဘာနဲ့ရင်ဘောင်တန်းလိုက်ပြီး

တိုင်ပြည်တိုးတက်ဖွံ့ ဖြိးဘို့

စီမံခန့်ခွဲမှုအားကောင်းတယ်၊

နိုင်ငံအတွက် လုပ်တတ်ကြတယ်.

သူ့ပြည်သူတွေအများစု ကလဲ

အသိ ညာဏ်ပညာ တွေ အားကောင်းကြတယ်

ပညာရေးကို အလေးပေးတဲ့ ပညာတတ်ခေါင်းဆောင် တွေက

နိုင်ငံနေ သူ့ရဲ့ ပြည်သူတွေ ဘဝလုံခြံုရေး တွေနဲ့ အတူ

သူ့နိုင်ငံစည်ပင်သာယာဝပြောရေး၊

သူ့ပြည်သူတွေ အနာဂတ် ဘဝ သာယာဖြောင်ဖြူးရေးတွေကို

ကောင်း ကောင်း လုပ်တတ်တယ် နားလည်တယ်။

ဒါကြောင့်

ယနေ့ တိုးတက်ဖွံ့ဖြိုးနေကြ တဲ့ နိုင်ငံတိုင်းလိုလိုမှာ

စာကြ ည့်တိုက် ကြီး တွေ အားကောင်းတယ်

အင်တာနက်ကမ္ဘာကြီးထဲက စာတွေနဲ့အတူ

ပြည်သူတွေ လူငယ်တွေ ခလေး တွေ

အများစုက စာဖတ်အားကောင်းကြတယ်။

ပြည်သူတွေအတွက်

နေရာရပ်ကွက်အလိုက်

ပညာရပ်စုံ ပေါတဲ့ စာကြည့်တိုက်ကြီးတွေ

တည်ထောင်ပေးထားတယ်။

၂၁ ရာစုရဲ့ ခေတ်သစ် အင်တာနက် ကမ္ဘာ့ ရွာကြီးထဲမှာ

ကွန်ပြူတာ PDF စာအုပ်တွေ ဘယ်လေက်ကောင်းကောင်း

ကိုင်ဖတ်ရတဲ့ စက္ကူစာအုပ်တွေ ကို

အမြဲလာရှာဖွေ ကြ ၊ငှါးရမ်း ဖတ်နေကြတဲ့

လူငယ်တွေ ခလေးတွေနဲ့

စာကြည့်တိုက်ကြီးတွေမှာ အမြဲ ရှိနေတာ တွေ့နေရတတ်တယ်

အခြားကမ္ဘာမှာ

စာအုပ်တွေနဲ့ မိတ်ဆွေဖွဲ့နေတတ်ကြတဲ့

ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီး တွေပါ။

စာအုပ်စာပေ

လူ့မိတ်ဆွေ

စာဖတ်အားကောင်းကြတဲ့ ခလေး ေတွ ရဲ့

ငယ် ဘဝ မှတ်တမ်း ပုံရိပ်များ ၊

Time Fly Photo Images of a Child

and her brothers ပူးတွဲလျက်

အေးမြင့် ( ညောင်တုန်း)

၂၅၊၂၊၂၀၂၃

( ၇၄ နှစ်ပြည့် မွေးနေ့ အကြို အမှတ်တရ – ၁ )

ရည် ညွှန်း စာများ

( Posted on 15 Feb 2023 17:08 ,

4 days before 74th birthday by Myanmar Calender ) ပူးတွဲ

မှတ်ဖွယ် မှတ်ရာ

ပညာရေးရာ

စာပဒေသာ ( ၅ )

အင်တာနက် ကမ္ဘာကြီးဖြစ်နေတဲ့ ယ နေ့ ကမ္ဘာ့ ရွာကြီး

လက်ရှိ ပစ္စုပ္ပာန်ကို ကြည့်ပြီး

၁၉ရာစု /၂၀ရာစု /အတိတ် သမိုင်း ေ တွကိုနောက် ပြန် လှဲ့ ကြညိ့ သင်ခန်းစာယူခါ

၂၁ ရာစု ယနေ့ လူငယ် လေး ေ တွ၊ခလေး ေ တွ ရဲ့

သူတို့လေး ေ တွ ရဲ့ နောင် အနာဂတ်ဘ ဝ ေ တွ ေ ဖြာင့် ဖြူး သာယာကြ ဘို့အ ရေး

စိတ် မ ေအးစွာဖြင့် ၊

သူ့ ရဲ့ တနိဘိုးရှိ လှတဲ့ အချိန် ေ တွ ကို ပေးခါ

စိတ်ကူးကောင်း

စာအ ရေး ကောင်းတဲ့

နိုင်ငံ ထဲက ခ ေ လးတွေပညာရေး ကို

အထူးအလေးထား စောင်းပေးခါ

စဉ်ဆက်မ ပြတ်

မနားတမ်း ေ ပြာ ဆိုရေးသား အကြံပြုေ ပး နေသူ

တကယ်တော် တဲ့

မြန်မာ ပြည်က ကျောင်း ဆရာ

လူ ေ တာ် လူ ကောင်း ပညာတတ် တစ် ေ ယာက် ။

ေ ကျာင်း ဆ ရာ ဦး တင်ညွန့် ။

ဆရာ ဦးတင်ညွန့် ယ နေ့ထောက် ပြ ေပြာ ပြ

အကြံပြ ုထားတဲ့စာ

အလွန် သ ဘောကျ အကြိုက် ေ တွ့လို့

ပြန်လည် ကူးယူ မျှ ေ ဝ လိုက်ပါသည် ။

နိုင်ငံ တည်ထေင်ရေး ထူထောင်ရေးမှာ

ဆရာဦးတင်ညွန့် ကဲ့ သို့သော

လူတော် လူ ကောင်း ပညာတတ် ဆရာကောင်းပေါင်း များစွာ လိုအပ် ေ နပါသည်။

ဆရာစာထဲမှာ အဓိက ကွေ့ရတဲ့

ယနေ့ ၂၁ ရာစု အင်တာနက် ကမ္ဘာ ရွာ ကြီးထဲက

နိုင်ငံကြီး အချို့ရဲ့ သူတို့နိုင်ငံ ထဲက

ခလေး ေ တွ ပညာရေး အတွက်

ဘာ ေ တွ ဘယ် လို လုပ် ေ နကြပုံ ဗဟုသုတ ရစရာ ေ တွ ေ တွ့ ရလို့

စိတ်ဝင်စားလို့ ကူးယူ ကောက် နုတ် ေ ဖါ်ပြပါတယ် ။

ဦးတင်ညွန့်စာကောက်နုတ်ချက်များ –

ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဖြစ်လာပြီဆိုသော်လည်း ရွာသာကြီးလောက်ကိုသာ သိသူတွေနှင့် ၂၁ ရာစုက အလုပ်မဖြစ်။

၁။စင်ကာပူနိုင်ံ

စင်ကာပူနိုင်ငံ SIT (Singapore Institute of Technology) တက္ကသိုလ်မှ ဘဝတစ်သက်တာ ပညာကို လိုလားသည့်သူများ သုတေသနလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရာတွင် Drone နည်းပညာကို ဆက်လက် လေ့လာသင်ယူနိုင်စေရန် အားပေးမည်ဆိုသော သတင်းကလည်း စိတ်ဝင်စားစရာဖြစ်သည်။

SUTD (Singapore University of Technology and Design) တက္ကသိုလ်တွင်လည်း ကျောင်းရှိကလေးများ စက်ရုပ်ဆိုင်ရာ ပစ္စည်းများ Drone များ စမ်းသပ်နိုင်ရေးအတွက် သီးသန့်နေရာတစ်ခု သတ်မှတ်ပေးထားသည့် သတင်းကိုလည်း ဖတ်လိုက်ရသည်။ အားရစရာ ကောင်းလှသည်။

၂။ အဇာ ဘိုင် ဂျန် နိုင်ငံ

အဇာဘိုင်ဂျန် ပညာရေးဝန်ကြီး အီမင် အမ်ရူလာရဗ်သည် သူတို့နိုင်ငံ ပညာရေးစနစ်အတွင်းသို့ အစ္စရေးနိုင်ငံမှ အကူအညီဖြင့် STEM (Science, Technology, Engineering, Mathematics) ပညာရပ်များကို တိုးမြှင့် သင်ကြားနိုင်ရန် စီစဉ်နေသည်။ နိုင်ငံအတွင်း ပညာသင်ကြားသည့် ဌာန ၃၀ ကို STEM ဘာသာရပ်များ သင်ကြားရန် စတင်တော့မည်ဖြစ်ပြီး Drone တွေကို သင်ကြားမှု အထောက်အကူပစ္စည်းများအဖြစ် အသုံးပြုရန် စီစဉ်နေပြီ ဆိုသည့် သတင်းက စိတ်ဝင်စားစရာဖြစ်သည်။

၃။ အမေရိကန် နိုင်ငံ

အမေရိကန် ပြည်ထောင်စုတွင် လက်ရှိအနေအထားအရ ကွန်ပျူတာသိပ္ပံဘာသာရပ်ကို ကျွမ်းကျင်သူပေါင်း ၆၉၅,၀၀၀ ခန့် လိုနေပြီး ထိုလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သေးဟုဆိုသည်။ လာမည့် ၂၀၂၈ ခုနှစ် အထိ ကွန်ပျူတာ သိပ္ပံဆိုင်ရာလုပ်ငန်းပေါင်း ၂ ဒသမ ၇၈ သန်းအထိ ရှိလာနိုင်သည်။ ဗာဂျီးနီးယားပြည်နယ်တစ်ခု တည်းတွင်ပင် ကွန်ပျူတာ အလုပ်အကိုင်အခွင့်အလမ်း ၃၁,၆၂၂ ခန့်ရှိနေပြီး ၂၆၇၉ ဦးသာ ခန့်ထားနိုင်သေးသည်။

အမေရိကန်ပြည်ထောင်စု ပြည်နယ်အတော်များများတွင် Drone ကို ကျောင်းများတွင် သင်ကြားနိုင်ရေး အတွက် သင်ရိုးသစ်တွေကို ရေးဆွဲပြဋ္ဌာန်းပေးနိုင်ရန် စီစဉ်နေကြသည်။ သင်ရိုးတွေ မရှိခင်ကတည်းကလည်း ကိုယ့်နည်းကိုယ့်ဟန်တွေဖြင့် သင်ကြားရေးတွင် သုံးနေကြသည်။ ပြိုင်ပွဲတွေ ကျင်းပနေကြသည်။

( ရည် ညွှန်း ပူး တွဲ စာ (၁) တွင်အပြည့်အစုံ ဖတ်ပါရန် ။ )

ဆရာဦးတင် ညွန့်စာဖတ်ပြီး ချက် ချင်းအ ေ တွး ဝင်လာတာက –

စင်ကာပူနိုင်ငံက SIT နည်းပညာတက္ကသိုလ်ကြီးက မကြာသေး သော ကာ လ ၂၀၀၉ နှစ် ေ တွ ကပေါ်ခဲ့တာပါ။

( Reference: SIT post and History-

Singapore Institute of Technology was started in 2009 to provide more opportunities for polytechnic graduates to further their education. Here are the 10 key moments in our journey.)

စင်ကာပူ နိုင်ငံမှာ အထင်ကရ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်ကြီး ၂ခု ဖြစ်တဲ့ NUS နဲ့ NTU တို့သာ ရှိခဲ့တာ သိ တားခဲ့ရာမှ ၊ တစ်ချိန်မှာ SiT တက္ကသိုလ် အသစ် တစ်ခုနောက်ထပ်ပြီး တည်ထောင် ထား တယ်ဆိုတာသိခဲ့ချိန်မှာ SIT အနီးအနား ကို ရောက်ခဲ့လို့ ေ ကျာင်း ခေါင်မိုးထိပ်က SIT ေ ကျာင်း အမည် ဆိုင်းဘုတ်ကြီးကို အ ဝေးကနေ ေငးပြီး လှမ်း ေ မျှာ် ကြည့် ခဲ့ခါ. မိမိတို့ RIT ကို ပြန် သတိ ရ ပြီး တစ် ကိုယ် ေ တာ် ပြုံး မိ ခဲ့ ဘူးပါသေး တယ်။

RIT မှာ အင်ဂျင်နီယာပ ညာ ေ တွ ကို ၁၉၆၆ခုနှစ်မှာ ကျွန်တော် တို့ ပညာသင်ယူခဲ့ကြရ ပြီး ေ နာက်မှာ လူတစ်လုံးသူတစ်လုံး အင်ဂျင်နီယာ ေ ကာင်း ေ တွ ဖြစ်ခဲ့ကြရပါတယ်.။နောင်မှာ တတ် ကျွမ်းထားတဲ့ အင် ဂျင် နီယာ နည်းပညာ စနစ် ေ တွနဲ့ မိခင် နိုင်ငံ ဆည် ေ မြာင်းဌာနမှာ နိုင်တော် ပြည်အ ေ ရး အတွက်ရေ အရေးေ ရ ရေးရာ ဆည် ေ မြာင်း အလုပ် ေ တွမျိုးစုံကို မိမိတို့ခေတ် ေ တွမှာ စနစ်တကျ ကောင်းစွာ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ မိမိကိုယ် မိ မိ သုံးသပ် မှတ်ယူထားမိပါတယ်.။

စင်ကာပူ က SIT က၊ အမိ မြန်မာပြည် မှာ ၁၉၆၀ ပတ်ဝန်းကျင် ကာလ က တည် ထောင်ခဲ့တဲ့ နည်းပညာတက္ကသိုလ်ကြီးဖြစ်တဲ့ RIT Rangoon Institute of Technology ရန်ကုန် စက် မှု တက္ကသိုလ် ကြီး ပေါ်ပေါက် ခဲ့ပြီး ေ နာက် ၊ နှစ် ပေါင်းများစွာ ကြာ တော့ မှ တည်ထောင် ေ ပါ် ေ ပါက် လာခဲ့ တဲ့ နာမည် ဆင်တူရိုးမှားတူတဲ့ SiT နည်းပညာတက္ကသိုလ်ကြီး ဖြစ် ပါတယ်။

မြန်မာပြည် လွတ် လပ်ရေးရပြီး နောက် ပိုင်း မြန်မာ့ဒီ မို ေ ရေစီ ခေတ် ဦး ကာလ ၁၉၆၂ မတိုင်မီမှာ ၁၉၆၁ မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ Burma Institute of Technology BITကို ၁၉၆၄ ခုနှစ် မှာ Rangoon Institute of Technology RIT အဖြစ် အမည် ေ ပြာင်းေ ခါ် ခဲ့ ပြီးနောက်,။ ယ နေ့ အချိန် မှာ YTU , YIT အဖြစ် အမည် မျိုးစုံေ ပြာင်းလာခဲ့ကြ ပြီးနောက်ပိုင်းမှာ ၊ခေတ် ေ တွ ေ ပြာင်း၊ စနစ် ေ တွ ေ ပြာင်း လာ လိုက်ကြ နဲ့ မြန်မာ့ ပညာရေးစနစ် ေ တွနဲ့အတူ ၊ အင်ဂျင် နီယာ ပညာ ရေး စနစ်တေ ွ ၊ သင်ကြား လေ့ ကျင့် ပျိုးထောင် ကြ တာ ေတွဟာ သမိုင်းထဲက ၂၀ာရာစုခေတ် ကျွန် ေ တာ် တို့ ကာလ မှာ RIT ရနိကုန်စက်မှု တက္ကသိုလ် ကို တက် ေရာက် ပဉာသင်ကြားခဲ့ရတဲ့ အချိန် ေ တွ ၊ သင်ခဲရတဲ့ ဆရာ ကြီး ေ တွ နဲ့ ပုံစံ သဘာဝ ေ တွ မတူ ေ တာ့တာ ေ တွ ကိုတာ သတိ ပြုမိခဲ့ရပါတယ် ၊

သမိုင်းထဲက သင်ခန်းစာ ေ တွ ယူတတ်ကြရင်တော့ – –

ဘယ် ေ လာက် တန်ဘိုး များကြ လေမလဲ လို့ – – – –

အမှား ေတွ့ လျင် ေ ဝဖန် ထောက် ပြ ကြပါရန်

ရောင်းရင်း RIT မိတ် ေ ဆွ များ ခင်ဗျား – – –

အေးမြင့် (ညောင်တုန်း )

၁၅/၂/၂၀၂၃

ရည် ညွှန်းစာများ ။

၁။ ဆရာဦးတင် ညွန့် ၏ Facebook post ၁၅.၂.၂၀၂၃ ( ပူးတွဲ )

ရွာသာကြီး ရေတွင်းထဲက ဖားခုံညင်း

၂။ ယနေ့ခေတ် လူငယ်များပညာရေးအတွက် သိထားသိသည့် စင်ကပူပညာရေးစနစ်

အေးမြင့် ၏ မှတ်ဖွယ်မှတ်ရာ စာပဒေသာ ( ၁၀၄ ) ( ပညာရေး)

၃။ မညံ့တဲ့မြန်မာတွေထဲက တော်တဲ့ဆရာတစ်ယောက် ၊

ပညာပြည့်ဝ နှလုံးလှ သူ ဆရာသမား တစ်ဦး ။

အေးမြင့် ၏ တွေးမိ ေတွးရာ ရေးမိိ ရေးရာ ( ၁၅၅ ) ( ပညာ ရေး )

၄။ စင်ကာပူ ပညာရေး

အေးမြင့် ၏ တွေးမိတွေးရာ ရေးမိရေးရာ ( ၁၅၆ ) ( ပညာရေး )

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

ရည် ညွှန်း(၁) မူရင်း စာ ( ပူးတွဲ)

ဆရာဦးတင် ညွန့် ၏ Facebook post ၁၅.၂.၂၀၂၃

ရွာသာကြီး ရေတွင်းထဲက ဖားခုံညင်း

————————————

နေ့ပူလို့ ညချမ်းဆိုသည့်အတိုင်း နေ့ခင်းချိန်ပူလာသဖြင့် ခြံထဲဆင်းထိုင်နေမိသည်။ မီးပြတ်နေသည်မှာ ကြာပြီ။ မီးက လာချိန်လည်းမလာ၊ မလာချိန်လည်း မလာ။ တော်သေးသည် Laptop တွင် ဘက်ထရီအားရှိနေသဖြင့် ခြံထဲဆင်းကာ ပက်လက်ကုလားထိုင်တွင်ထိုင်ရင်း အင်တာနက်သုံးနေသည်။

“ဘဘကြီး ထမင်းစားပြီးပြီလား”

ခြံရှေ့ကဖြတ်သွားသော ကျောင်းကျောပိုးအိတ်နှင့် ကလေးနှစ်ယောက်က နှုတ်ဆက်သွားခြင်းဖြစ်သည်။

“အေးကွ … ဘယ်လဲကလေးတို့”

“ကျူရှင်ကို”

“ဪ”

ကလေးတွေ ကျောင်းကပြန်လာလည်း ကျောပိုးအိတ်မနိုင်မနင်းနှင့် ကျူရှင်အိမ်ကို ဆက်ပြီး ချီတက်နေကြရသည်ကို စိတ်မကောင်းစွာဖြင့် ကြည့်နေမိသည်။

ကမ္ဘာက STEM ဆိုသည့် လမ်းကြောင်းကို Drone တွေနှင့် သင်ကြားနိုင်ရန် ဦးတည်ချက်ပြောင်းနေသည်။ မြန်မာက ကျူရှင်လမ်းကြောင်းပေါ်မှ ကလေးတွေကို ရုန်းမထွက်ခိုင်းသေး။

ကျွန်တော် အင်တာနက်သတင်းတွေကို ဆက်ဖတ်နေမိသည်။

အဇာဘိုင်ဂျန် ပညာရေးဝန်ကြီး အီမင် အမ်ရူလာရဗ်သည် သူတို့နိုင်ငံ ပညာရေးစနစ်အတွင်းသို့ အစ္စရေးနိုင်ငံမှ အကူအညီဖြင့် STEM (Science, Technology, Engineering, Mathematics) ပညာရပ်များကို တိုးမြှင့် သင်ကြားနိုင်ရန် စီစဉ်နေသည်။ နိုင်ငံအတွင်း ပညာသင်ကြားသည့် ဌာန ၃၀ ကို STEM ဘာသာရပ်များ သင်ကြားရန် စတင်တော့မည်ဖြစ်ပြီး Drone တွေကို သင်ကြားမှု အထောက်အကူပစ္စည်းများအဖြစ် အသုံးပြုရန် စီစဉ်နေပြီ ဆိုသည့် သတင်းက စိတ်ဝင်စားစရာဖြစ်သည်။

ယခုအခါ ကမ္ဘာ့ပညာရေးလမ်းကြောင်းသည် STEM ကိုပင် ဦးစားပေးသင်ကြားကြရန် မပြောင်းမလဲ ပြင်ဆင် နေကြသည်။ ထိုဘာသာရပ်ကြီးလေးခုသည် တိုင်းပြည်အနာဂတ် တိုးတက်ရေးအတွက် အထောက်အကူပြု လိမ့်မည်ဟု ယနေ့တိုင် ယုံကြည်ထားကြဆဲဖြစ်သည်။

21st CentEd Founder မှ CEO မာလွန် လင်းဆေးက

“အနာဂတ်ကို ကလေးတွေအတွက် ပြင်ဆင်ပေးရမှာ ကျွန်တော်တို့တာဝန်ပဲ” ဟုဆိုသည်။

ကျွန်တော်တို့ ကိုဗစ်ဆိုသည့် ကပ်ရောဂါဘေးကို မတွေးဆထားမိကြ။ မပြင်ဆင်ထားမိကြ။ ရုတ်တရက် ရင်ဆိုင်လိုက်ရချိန်တွင် ပညာရေးက ရပ်ဆိုင်းသွားခဲ့ရသည်။ ထို့ကြောင့် ပညာရေးတွင် စာသင်ခန်းကို သွားစရာ မလိုဘဲ ပညာရနိုင်သည့် နည်းလမ်းတွေ မရှိပြီလောဆိုကာ ရှာဖွေကြသည်။ ကပ်ရောဂါဘေးကြောင့် နောက်ကျသွားခဲ့ရသော ပညာရေးကို ဘာတွေနှင့် အစားထိုးကြမည်နည်း။ နည်းပညာ အထောက်အကူဖြင့် ပြန်ပြီး ကလေးတွေဘဝကို ထူထောင်ရန်မှလွဲပြီး အခြားနည်းလမ်းမရှိကြောင်း မြင်လာကြသည်။

ထို့ကြောင့် ပညာရေးတွင် နည်းပညာကို ထိရောက်စွာ သုံးနိုင်ရေးအတွက် စီစဉ်ကြရာ၌ STEM နှင့် Drone ကို ဦးစားပေးသင်ကြားကြရန် နည်းလမ်းရှာကြသည်။ အဘယ်ကြောင့်နည်း

လင်းဆေးအဆိုအရ

“၂၁ ရာစုအတွက် ကျွန်တော်တို့ ကလေးတွေကို ၁၀၀ ရာခိုင်နှုန်း အသင့်ဖြစ်နေအောင် လုပ်ပေးထားနိုင်ရမယ်။ ဒါကြောင့် လမ်းရိုးလမ်းဟောင်းတွေအစား လမ်းသစ်တွေနဲ့ တီထွင်မှုအသစ်တွေ ဖန်တီးနေရမယ်” ဟု ဆိုသည်။

အမေရိကန် ပြည်ထောင်စုတွင် လက်ရှိအနေအထားအရ ကွန်ပျူတာသိပ္ပံဘာသာရပ်ကို ကျွမ်းကျင်သူပေါင်း ၆၉၅,၀၀၀ ခန့် လိုနေပြီး ထိုလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သေးဟုဆိုသည်။ လာမည့် ၂၀၂၈ ခုနှစ် အထိ ကွန်ပျူတာ သိပ္ပံဆိုင်ရာလုပ်ငန်းပေါင်း ၂ ဒသမ ၇၈ သန်းအထိ ရှိလာနိုင်သည်။ ဗာဂျီးနီးယားပြည်နယ်တစ်ခု တည်းတွင်ပင် ကွန်ပျူတာ အလုပ်အကိုင်အခွင့်အလမ်း ၃၁,၆၂၂ ခန့်ရှိနေပြီး ၂၆၇၉ ဦးသာ ခန့်ထားနိုင်သေးသည်။

“၂၁ ရာစု ကလေးတွေကို ၂၀ ရာစု လူကြီးတွေက ၁၉ ရာစုခေတ်က ပညာရေးစနစ်တွေနဲ့ သင်ကြားလို့ အဆင် မပြေနိုင်တော့ဘူး” ဟု လင်းဆေးက ဆိုသည်။

အမေရိကန်ပြည်ထောင်စု ပြည်နယ်အတော်များများတွင် Drone ကို ကျောင်းများတွင် သင်ကြားနိုင်ရေး အတွက် သင်ရိုးသစ်တွေကို ရေးဆွဲပြဋ္ဌာန်းပေးနိုင်ရန် စီစဉ်နေကြသည်။ သင်ရိုးတွေ မရှိခင်ကတည်းကလည်း ကိုယ့်နည်းကိုယ့်ဟန်တွေဖြင့် သင်ကြားရေးတွင် သုံးနေကြသည်။ ပြိုင်ပွဲတွေ ကျင်းပနေကြသည်။

ကလေးတွေကို Drone အတတ်ပညာအခြေခံတွေ သင်ပေးကာ တည်ဆောက်ရေး၊ ပြင်ဆင်ရေး၊ ပို့ဆောင်ရေး လုပ်ငန်းများတွင် ကျွမ်းကျင်စွာ အသုံးချနိုင်ရေးကို သင်ကြားပေးနေပြီ။ အနာဂတ်အတွက် Drone များဖြင့် စီးပွားရေးစနစ်နှင့် ပို့ဆောင်ရေး ခေတ်တစ်ခေတ်ပြောင်းလဲသွားစေရန် စီစဉ်နေကြခြင်းမှာ သူတို့ဦးတည် ထားသည့် အနာဂတ်ပညာရေးလည်း ဖြစ်သည်။

စင်ကာပူနိုင်ငံ SIT (Singapore Institute of Technology) တက္ကသိုလ်မှ ဘဝတစ်သက်တာ ပညာကို လိုလားသည့်သူများ သုတေသနလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရာတွင် Drone နည်းပညာကို ဆက်လက် လေ့လာသင်ယူနိုင်စေရန် အားပေးမည်ဆိုသော သတင်းကလည်း စိတ်ဝင်စားစရာဖြစ်သည်။ အထက်တွင် ဆိုခဲ့သလိုပင် ၂၁ ရာစု ကလေးတွေကို ၁၉ ရာစုနည်းစနစ်တွေနှင့် ၂၀ ရာစု လူကြီးတွေ သင်ကြားပေးနေမှုများကို တော်လှန်မည့် လမ်းကြောင်းပေါ် အလှည့်အပြောင်းတွေ လုပ်နေကြပြီဟု မြင်မိ ပါသည်။

SUTD (Singapore University of Technology and Design) တက္ကသိုလ်တွင်လည်း ကျောင်းရှိကလေးများ စက်ရုပ်ဆိုင်ရာ ပစ္စည်းများ Drone များ စမ်းသပ်နိုင်ရေးအတွက် သီးသန့်နေရာတစ်ခု သတ်မှတ်ပေးထားသည့် သတင်းကိုလည်း ဖတ်လိုက်ရသည်။ အားရစရာ ကောင်းလှသည်။

တိုးတက်မှုတစ်ခုဆိုသည်မှာ အခွင့်အရေးနှင့် အခွင့်အလမ်းတွေ လိုအပ်သည်။

လူငယ်တွေ လေထဲပျံသန်းနိုင်ရန် စိတ်ကူးနေကြချိန်တွင် တောင်ရှည်ဝတ်ပြီး စက်ဘီးစီးရန် စိတ်ကူးယဉ်နေကြသည်။

ခေတ်မီမီ ကမ္ဘာကိုကြည့်မြင်ကာ ရှေ့ဆက်နိုင်မှ ရှေ့တန်းရောက်နိုင်မည်။

၁၉ ရာစု ဦးနှောက်ပိုင်ရှင်တွေက ရေတွင်းထဲမှာနေပြီး

“ငါတို့ကမ္ဘာကြီးကလည်း ကျယ်ပါတယ်ကွာ” အော်ကာ ပင်လယ်ကြီးကို မြင်အောင်မကြည့်နိုင်သမျှ ၂၁ ရာစု မျိုးဆက်သစ်တွေ ဒုက္ခပင်လယ်ဝေနေကြဦးမည်ဖြစ်သည်။

ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဖြစ်လာပြီဆိုသော်လည်း ရွာသာကြီးလောက်ကိုသာ သိသူတွေနှင့် ၂၁ ရာစုက အလုပ်မဖြစ်။

(Ref: The Straits Times, Trend News Agency, The Register Citizen, Suffolk News-Herald)

တင်ညွန့်

၁၅.၂.၂၀၂၃

  • Share on Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
  • Share on LinkedIn (Opens in new window) LinkedIn
  • Share on Telegram (Opens in new window) Telegram
  • More
  • Share on Tumblr (Opens in new window) Tumblr
Like Loading...

Related

  • စင်ကာပူ နိုင်ငံ ၊ လေ့လာစရာ များ ။
  • စာအုပ်စာပေ လူ့မိတ်ဆွေ
  • ပညာရေး
  • မှတ်ဖွယ် မှတ်ရာ စာပဒေသာ
  • လူနေမှုဘဝ ပတ်ဝန်းကျင် Social Environment and Livelihood

Post navigation

Previous ဘဝ ရေးရာ စာပဒေသာ ။ မအား အောင် နေပါ။
Next BUDDHISN ထေရဝါဒ အုတ် မြစ် ၊ ဦးေ၇ွှအောင် ၏ စာအုပ်

Flood. ရေဘေး (1) Language (1) မြန်မာ သံစဉ် သီချင်း များ (2) သမိုင်း / အာရှ ရေးရာ (1)

Category

Archive

  • February 2026 (4)
  • January 2026 (1)
  • December 2025 (50)
  • November 2025 (91)
  • October 2025 (78)
  • September 2025 (62)
  • August 2025 (61)
  • July 2025 (77)
  • June 2025 (75)
  • May 2025 (92)
  • April 2025 (82)
  • March 2025 (95)
  • February 2025 (56)
  • January 2025 (63)
  • December 2024 (68)
  • November 2024 (32)
  • October 2024 (50)
  • September 2024 (31)
  • August 2024 (64)
  • July 2024 (110)
  • June 2024 (144)
  • May 2024 (132)
  • April 2024 (160)
  • March 2024 (25)
  • February 2024 (64)
  • January 2024 (33)
  • December 2023 (36)
  • November 2023 (16)
  • October 2023 (9)
  • September 2023 (19)
  • August 2023 (36)
  • July 2023 (13)
  • June 2023 (22)
  • May 2023 (23)
  • April 2023 (21)
  • March 2023 (24)
  • February 2023 (50)
  • January 2023 (43)
  • December 2022 (55)
  • November 2022 (23)
  • October 2022 (33)
  • September 2022 (44)
  • August 2022 (33)
  • July 2022 (30)
  • June 2022 (9)
  • May 2022 (25)
  • April 2022 (71)
  • March 2022 (45)
February 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728  
« Jan   Mar »

ADB News

  • ADB, Pacific Islands Forum Agree to Accelerate Regional Cooperation
    20 Feb 2026
  • ADB President, Fiji Prime Minister Open Expanded Office to Strengthen Partnership and Scale Up Impact
    20 Feb 2026
  • ADB, Prima Sign Landmark Cable Deal to Boost Connectivity and Disaster Resilience in Vanuatu
    18 Feb 2026
  • ADB President Meets Vanuatu Prime Minister to Advance Partnership, Unlock Private Sector Investment
    18 Feb 2026
  • ADB President Pledges Support for Solomon Islands Development Goals in Meeting with Prime Minister
    17 Feb 2026
Blog at WordPress.com.
  • Reblog
  • Subscribe Subscribed
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Join 42 other subscribers
    • Already have a WordPress.com account? Log in now.
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Subscribe Subscribed
    • Sign up
    • Log in
    • Copy shortlink
    • Report this content
    • View post in Reader
    • Manage subscriptions
    • Collapse this bar
%d