စာဖတ်ကြပါ
ပုထုဇင် လူ့လောက လူ့သဘာဝကို
ကြည့်တတ်မြင်တတ် သုံးသပ် တတ်တဲ့
မြန်မာပညာရှိ ထေရဝါဒ ဗုဒ္ဓဘာသာဝင်စစ်စစ်
ဆရာကြီးဦးရွှေအောင် ရေးခဲ့တဲ့ စာတစ်ပုဒ်။
မြန်မာ မှာ ပညာတတ်လူတော်တွေ အများအပြားရှိတယ်။
လူညံ့လူရိုင်းလူယုတ်မာအချို့လဲရှိတယ်
အကောင်းအဆိုးဒွန်တွဲနေတတ် တဲ့ ပုထုဇဉ်လူ့သဘဝလို့
ဆရာကြီးကမှတ်ချက်ချခဲ့တယ်။

ဘယ်လမ်း ဘယ်သူ့နောက်ကို လိုက်ကြမလဲဆိုတာကတော့ – – –
ဆရာ့ကြီး ဦးေရွှ အောင်ရဲ့ ဘာသာရေးစာအုပ်တွေ ဆောင်းပါးတွေက မှတ်သားစရာတွေအလွန်ကောင်းတယ်
အချိန် ယူ ကြိုးစား ဖတ်နေမိပါတယ်
ရည်ညွှန်း၊
မှတ်ဖွယ်မှတ်ရာ
ဘာသာရေးရာ
စာပဒေသာ ( ၇ )
မှတ်ဖွယ်မှတ်ရာ
ဘာသာရေးရာ
စာပဒေသာ ( ၇ )
( ၇၄ နှစ်ပြည့် မွေးနေ့ အမှတ်တရ )
စာဖတ်ကြပါ။
မိမိတို့ ၏ ဗုဒ္ဓသာသာနာ ကို
အမှန် တကယ် အဓွန့်ရှည်လိုကြပါသလား။
မိမိတို့ ၏ အမိနိုင်ငံတော်ကြီးကို
ထေရဝါဒ ဗုဒ္ဓ နိုင်ငံတော် စစ် စစ် ဖြစ်အောင်
ဘယ်လို တည်ဆောက် ကျင့်ကြံ နေထိုင် ကြမလဲ ။
ထေရဝါဒ ဗုဒ္ဓဘာသာ ဝင်စစ်စစ် ဖြစ်သော
မြန်မာ လူပညာရှိ
ဆရာကြီး ဦးရွှေအောင် မှ
လူတို့၏ စရိုက် အမူအကျင့် လူ့ သဘာဝများကို
ဘာသာရေး အမြင်ဖြင့် ရှု မြင်သုံးသပ်လျက်၊
ေ မွ့ ေ လျာ် ဖွယ် အ ေ ကာင်းဆုံး ၊
စိတ်ချမ်း ေ မြ့ဖွယ် အ ကောင်းဆုံ
အငြိမ်းချမ်းဆုံးနိုင်ငံ ဖြပေါ် လာရေး အတွက် ၊
အများစုမမြင် နိုင် သော
အတွေးအမြင် အယူအဆများဖြင့်
အဖြေများ ကို ထုတ်ပေး ထားခဲ့ ပါသည်. ။
နိုင်ငံချစ်သူ
ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား ပြည်သူအများ အတွက်
ယနေ့ အချိန် အခါ တွင် မှတ်သား လိုက်နာစရာ
ဘာသာရေးအတွေးအမြင် အယူအဆ ကောင်းများ
ဖြစ် နေပါသဖြင့် –
ပြည်သူအများ လေ့လာ ဖတ်ရှု နိုင် ကြပါရန်
ဆရာကြီး ဦး ေ ရွှ အောင် ၏
“ ထေရ ဝါဒ အုတ် မြစ် “ စာအုပ် မှ
ဆောင်းပါးအမှတ် စဉ် (၇) ပါ
“ ထေရဝါဒ ပိဋကတ် တော် များ၏ လမ်းညွှန်ချက်နှင့်
ညီညွတ်ဘို့ လို ၏ “ ဘာသာရေး ဆောင်းပါး ကို
ပြန်လည်ကူးယူ ဖေါ်ပြ လိုက် ပါ သည်။
မြန်မာပြည်သူအပေါင်း
ဘေးဘယာကင်းဝေး လျက်
စိတ်အေးချမ်းသာ ရှိနိုင်ကြ ပါ စေ ကြောင်း
ဆန္ဒ ပြုလျက် –
အေးမြင့် ( ညောင်တုန်း )
၂၆၊၂၊ ၂၀၂၃
( မွေးနေ့ အကြို / အမှတ်တရ)
ရည် ညွှန်း စာများ
၂။ ဦးရွှေအောင် ၏ အထုပ တ္တိ အကျဉ်း ( ဝီကီပီးဒီးယား မှ )
(ပူးတွဲ)















ရ ည် ညွှန်း စာများ
၁။ ဦး ရွှေ အောင် ( မဟာဝိဇ္ဇာ/သက္ကတ၊ ဝဋံသကာ နှင့်
သိရောမဏိ) ၏ “ ထေရဝါဒ အုတ်မြစ် “စာအုပ် ပါ
“ ထေရဝါဒ ပိဋကတ် တော် များ၏ လမ်းညွှန်ချက်နှင့်
ညီညွတ်ဘို့ လို ၏ “ ဆောင်းပါး။ ( ဓာတ်ပုံ စာ ပူးတွဲ )
- – – – – – – – – – –
ရဉ်ညွှန်း (၂)
ဦးရွှေအောင်
( ဝီကီပီးဒီးယား မှ )
မာတိကာ
ငယ်စဉ်ဘဝ
ပညာရေး
သာသနာရေးဆောင်ရွက်မှု
နှစ်အလိုက် ထုတ်ဝေခဲ့သည့် စာအုပ်များ
ထင်ရှားသောစာအုပ်များ
ကိုးကား
ဦး ရွှေအောင် ကိုယ် ရေး အကျဉ်း ၊
အမည်ရင်း ရွှေအောင်
မွေးဖွား “။ ဇွန် ၇၊ ၁၉၂၈
ပဲခူးတိုင်း ကဝမြို့နယ် ဖလေးရွာ”
ကွယ်လွန်။ ဒီဇင်ဘာ ၂၂၊ ၁၉၉၄ (အသက် ၆၆)
ရန်ကုန်မြို့”
အလုပ်အကိုင် စာရေးဆရာ၊ တွဲဖက်ညွှန်ကြားရေးမှူး
( သာသနာ ရေးဦးစီးဌာန)
ပညာရေး မဟာဝိဇ္ဇာဘွဲ့ (သက္ကတ)
စာပေ
အမျိုးအစား ဘာသာရေး (ဗုဒ္ဓဘာသာ)
ထင်ရှားသည့်
လက်ရာ ဗုဒ္ဓ-လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်
မိဘ ဦးစု၊ ဒေါ်အုန်းရှင်
ကိုးကွယ်မှု ဗုဒ္ဓဘာသာ
ဦးရွှေအောင်သည် ပဲခူးတိုင်း ကဝမြို့နယ် ဖလေးရွာတွင် အဖဦးစု အမိဒေါ်အုန်းရှင်တို့က ၁၉၂၈ ခု ဇွန်လ ၇ ရက်တွင် မွေးဖွားသည်။
အမည်ရင်းမှာ ဦးရွှေအောင် ဖြစ်သည်။
၁၉၆၅ ခုနှစ်တွင် သက်ကြီးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ဘုံဘေတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။
ဗုဒ္ဓဘာသာရေးဆိုင်ရာ စာအုပ်များကို ရေးသားပြုစု ထုတ်ဝေခဲ့သည်။
၁၉၉၄ ဒီဇင်ဘာလ ၂၂ရက်တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်သည်။ [၁]
ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]
၁၉၂၈ – ခု၊ ဇွန်လ (၇)၊ သောကြာနေ့တွင် ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ဖလေးရွာ၌ အဖလယ်သမားကြီး ဦးစု၊ အမိဒေါ်အုန်းရှင်တို့က မွေးဖွားသည်။
မွေးချင်း (၅)ယောက်တွင် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးရွှေအောင် ဖြစ်သည်။
ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ခဲ့သောကြောင့် အဘိုးအဘွားတို့နှင့် အတူနေခဲ့ရသည်။ [၁]
ပညာရေး[ပြင်ဆင်ရန်]
၁၉၃၅ ခုနှစ်တွင် ဖလေးရွာအလယ်တန်းကျောင်းတွင် ပညာသင်ခဲ့ပြီး ၁၉၄၁ ခုနှစ်တွင် ရှင်သာမဏေဝတ်သည်။
ထို့နောက် ပဲခူးမြို့ ဝိသုတာရာမကျောင်းတိုက်၌ ပညာဆက်လက်ဆည်းပူးသည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ပဲခူးမြို့၊ ရွှေအိုးရွာနေ ဦးပိန်၊ ဒေါ်အုန်းပွင့် မိသားစုက ရဟန်းဒါယကာအဖြစ် ခံယူပြီး ရွှေအိုးဆရာတော် ဦးကေလာသကို ဥပဇ္ဈယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိသည်။
ရဟန်းဘွဲ့အမည်မှာ ဦးသုနန္ဒဖြစ်ပြီး ရန်ကုန်မြို့ မင်းမနိုင်ကွက်သစ် သိပ္ပမဉ္စူကျောင်း၊ အလုံအောင်မင်္ဂလာတိုက်သစ်၊ ဗဟန်း ညောင်တုန်းကျောင်းတိုက်၊ မန္တလေးတောင်ပြင် ဘုရားကြီးတိုက်ဆရာတော် ဦးကြယ်ကျောင်းတိုက်တို့တွင် စာလိုက်သည်။
၁၉၅၃ ခုနှစ်တွင် စေတီယင်္ဂဏ ဓမ္မာစရိယ၊ သကျသီဟ ဓမ္မာစရိယ (ဝဋံသကာ)၊ အစိုးရဓမ္မာစရိယ (သိရောမဏိ) စာမေးပွဲများ အောင်၍ ဘွဲ့များရရှိသည်။
ထို့နောက် ရန်ကုန်မြို့ အိမ်တော်ရာ ဓမ္မရံသီကျောင်းတွင် စာပေပို့ချရင်း အင်္ဂလိပ်စာလေ့လာသည်။
၁၉၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပစာတန်းအောင်သည်။ ၁၉၅၉ ခုနှစ်တွင် ဖလေးရွာ အလယ်ကျောင်းနှင့် ပဲခူးမြို့ မဟာဝိသုတာရာမကျောင်းတိုက်တို့တွင် ကျောင်းထိုင်သည်။ ၁၉၆၀ တွင် လူဝတ်လဲသည်။
ပြည်သူ့ထောက်ပံ့ရေးဌာန၏ အုပ်ချုပ်ရေးအဖွဲ့ဝန်ထမ်း အလုပ်ဖြင့် သက်ကြီး တက္ကသိုလ်သို့ တက်ရောက်ကာ ၁၉၆၅ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ရရှိသည်။[၁]
သာသနာရေးဆောင်ရွက်မှု[ပြင်ဆင်ရန်]
ဗုဒ္ဓသာသနအဖွဲ့၏ လက်ထောက်အယ်ဒီတာ (၁၉၆၈) အဖြစ် ဆောင်ရွက်သည်။
၁၉၇၀ ခုနှစ်တွင် ဗုဒ္ဓသာသနအဖွဲ့အုပ်ချုပ်ရေးအရာရှိ(၁) အဖြစ် တာဝန်ထမ်းဆောင်သည်။
၁၉၇၁ တွင် ကိုလံဘိုစီမံကိန်း ပညာတော်သင်အဖြစ် အိန္ဒိယပြည်၊ ဘုံဘေတက္ကသိုလ်သို့ သွားရောက် ပညာဆည်းပူးပြီး မဟာဝိဇ္ဇာဘွဲ့ (သက္ကတ)ရရှိခဲ့သည်။
၁၉၇၂ တွင် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန၏ ပြင်ပစာစစ်သူဖြစ်သည်။
၁၉၈၀ နှစ်တွင် ရသစာပေ၏ရသ စာအုပ်ထွက်ရှိသည်။ သာသနာရေးဦးစီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူး (၁၉၈၁)၊ ဒုတိယ ညွှန်ကြားရေးမှူး (၁၉၈၂)၊ တွဲဖက်ညွှန်ကြားရေးမှူး (၁၉၈၆) တာဝန်များ ထမ်းဆောင်ခဲ့သည်။
၁၉၈၆ ခုနှစ်တွင် အတ္တဝါဒမှ အနတ္တဝါဒသို့ခရီးစဉ် စာအုပ်ထွက်ရှိသည်။
၁၉၈၇ ခုနှစ်တွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ဗဟိုအဖွဲ့ဝင်နှင့် ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့၏။
ထိုနှစ်မှာပင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သာသနာရေးအထူးတာဝန်ဖြင့် သွားရောက်ခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ဝန်ထမ်းဘဝမှာ အငြိမ်းစားယူခဲ့သည်။ ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော်အားလုံးကို ဒေဝနာဂရီအက္ခရာသို့ ပြန်ရာတွင် ပါဝင်ခဲ့သည်။
ပါဏိနိသိဒ္ဓန္တကော်မုဒီ – ပထမတွဲ (၁၉၈၉)၊ ထေရဝါဒအုတ်မြစ်နှင့် ဓမ္မပဒ – ယမကဝဂ် (၁၉၉၁) စာအုပ်များရေးသားထုတ်ဝေသည်။
၁၉၉၂ ခုနှစ်တွင် သဒ္ဓမ္မဇောတိကဓဇ (သာသနာပြု)ဘွဲ့ ချီးမြင့်ခံရသည်။
၁၉၉၃ ခုနှစ်တွင် သာသနာရေးဝန်ကြီးဌာန အကြံပေးပညာရှင်များအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဗုဒ္ဓဘာသာတရားတော် – အခြေခံအဆင့် နှင့် အထက်တန်းအဆင့်ကျမ်းများ ပြုစုရေးသားရာတွင် ပါဝင်ခဲ့သည်။
နှစ်အလိုက် ထုတ်ဝေခဲ့သည့် စာအုပ်များ[ပြင်ဆင်ရန်]
ဓမ္မပဒ (စိတ္တဝဂ်)၊ အမြင်များပြောင်းလဲခြင်းနှင့် အတွေးအမြင်စာစုများ၊
ဗုဒ္ဓ – လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်) (၁၉၉၄)
ဘဝအမြင်သစ်၊ ဗုဒ္ဓ (သို့မဟုတ်) အနှိုင်းမဲ့၊ ချမ်းသာကိုရှာဖွေခြင်း (၁၉၉၅)
ကုသိုလ်နှင့် အကုသိုလ်၊ စာဖတ်သူများ၊ ဘဝအကျဉ်းသား၊ ဓမ္မပဒ (အပ္ပမာဒဝဂ်) (၁၉၉၆)
ဗုဒ္ဓဝါဒပေါ်ထွန်းခြင်း၊ ဓမ္မပဒ (ပုပ္ဖဝဂ်) (၁၉၉၇)
ဓမ္မပဒ (ဝဂ်လေးခုပေါင်းချုပ်) (၂၀၀၂)
သံဃာ့ကျေးဇူး (၂၀၀၅) [၁]
ထင်ရှားသောစာအုပ်များ[ပြင်ဆင်ရန်]
ဗုဒ္ဓ-လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့် ဗုဒ္ဓဝင်)
အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်
ထေရဝါဒအုတ်မြစ်များအဖွင့်
အမြင်များပြောင်းလဲခြင်း
ချမ်းသာကိုရှာဖွေခြင်း
စာဖတ်သူများ
ရသစာပေ၏ ရသ
ဘဝအမြင်သစ်
ဘဝအကျဉ်းသား
ဓမ္မပဒ (ဝဂ် ၄-ခုပေါင်းချုပ်) [၁]
ကိုးကား[ပြင်ဆင်ရန်]
↑�၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ချမ်းသာကို ရှာဖွေခြင်း (စတုတ္ထအကြိမ် ed.)။ ရာပြည့်စာအုပ်တိုက်။ နိုဝင်ဘာလ၊ ၂၀၀၄။ |ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
ကဏ္ဍများ: ၁၉၂၈ မွေးဖွားသူများ၁၉၉၄ ကွယ်လွန်သူများမြန်မာ အမျိုးသား စာရေးဆရာများမြန်မာ စာရေးဆရာများ
ဤစာမျက်နှာကို ၁ နိုဝင်ဘာ ၂၀၂၁၊ ၁၇:၃၉ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။