ဘဝ ရေးရာ စာပဒေသာ ။ မအား အောင် နေပါ။

မှတ်ဖွယ် မှတ်ရာ

ဘဝ ရေးရာ

စာ ပ ဒေ သာ ( ၃ )

မအား အောင် နေပါ။

ရည်ညွှန်း –

တွေးမိတွေးရာ

ရေးမိရေးရာ. ( ၉ ၅ )

၀ကိုဗစ် ကာလ ဒီနေ့

ထူးခြားတဲ့ဒီနေ့

ထူးဆန်းတဲ့နေ့ ဒီနေ့

လှလိုက်တဲ့ ရက်စွဲကိန်းဂဏန်း ။

၂၂/၀၂/၂၀၂၂

WONDERFUL DATE

OF

OUR LIFE

22022022

အချိန်တွေ

အကုန်မြန်လိုက်တာ

Time Flies,

During my home stays almost all the time ,

In time of COVID 19 pandemic era .

I am now doing

All sorts of Work Loads

Only on my single small desktop

In our modern day Internet world

Of 21 st century and

In time of COVID 19 pandemic era .

My daily routine jobs.

In COVID 19 pandemic era of today.

Using –

My Laptop cum tablets :

Old 11 inches iPad Air 2 of 2015 vs, New 12.9 inches iPad Pro M1 -5 th generation of 2021,

On my desktop

for daily work loads

of

Reading papers, daily emails, some articles of interest all online,

Studying new things on YouTube as a lifelong learner ,

Writing random personal experiences sometimes ,and some EIA works for NEPS Co. intermittently,

Speaking friends and relatives around the globe on Facebook messenger ,

watching online TV news of all kinds irregularly-

BBC ,DVB,RFA ,MYITZIMA, ,sometimes CNN on YouTube ,

Always listening many Myanmar old radio songs from YouTube almost daily,

and as always –

regular Facebook watching , sharing , writing and commenting ……

Doing all things one after another

While listening to music .

In doing so,

Time is rapidly flying !

( One thing remains to follow is BUDDHISM and it’s path )

ဘဝတစ်သက်တာမှာ

တစ်ရက်ထဲသာရှိတဲ့

ထူးခြားတဲ့ နေ့ ၊ရက်စွဲ

၂၂၀၂၂၀၂၂ 22022022 zzဝzzဝzz

၂ ဂဏန်း ခြောက်လုံး ဆက် လျက်

ပြောင်းပြန် နောက်ပြန် အထက်အောက်

ကြိုက် သလို ဖတ် အတူတူ ၊

အပြောင်းအလဲ မရှိ အတူတူ ၊

အံ့ရော ။

အေးမြင့်( ညောင်တုန်း)

၂၂/၀၂/၂၀၂၂

ဘဝရေးရာ

ရည်ညွှန်းစာများ ( ပူးတွဲ )

၁။ တွေးမိတွေးရာ ရေးမိရေးရာ. ( ၉ ၄ )

အငြိမ်းစား ပင်စင်စားတွေရဲ့ နေဝင်ချိန် ဘဝ

– ၁ ( က) မိုးသစ်ထွန်း(မြင်းခြံ) ၏ နေဝင်ချိန်ဘဝများ

၂၀၁၈ သြဂုတ်လ ၉ ရက် Facebook. Post

– ၁ ( ခ ) #မိမိအပါအဝင်နေဝင်ချိန်နီးသူများအတွက်အ သိပေးခေါင်းလောင်းသံ#

၂ ။ တွေးမိတွေးရာ ရေးမိရေးရာ ( ၈၅ )

၂၀၂၀ ကိုဗစ် ကာလ မအားအောင်နေရင်း လုပ်ချင်တာတွေ လုပ်ဖြစ်ခဲ့ တဲ့ ကာလ

-၂ (က) “မအားအောင်နေပါ”

၂- ( ခ ) နှစ်(၁၀၀) ပြည့် အမျိုးသားနေ့ ဒီနေ့

၂၀၂၀ပြည့်နှစ် အမှတ်တရ စာအုပ်

——- – – –

ရည်ညွှန်းစာများ။ ( ပူးတွဲ )

ရည်ညွှန်း(၁)

တွေးမိတွေးရာ ရေးမိရေးရာ. ( ၉ ၄ )

အငြိမ်းစား ပင်စင်စားတွေရဲ့

နေဝင်ချိန် ဘဝ

လူတွေအကြောင်း ကောင်းကောင်းသိတဲ့လူ ကရေးထားတယ်။

သူရေး တာအကုန်မှန်တယ်။

၂၀၁၈ က ရေးတင်ခဲ့တဲ့

မိုးသစ်ထွန်း ( မြင်းခြံ) ရဲ့ တကယ်မှန်တဲ့ အရေးအသားစာတွေ

ပင်စင်စားတွေရဲ့ဘဝ နေဝင်ချိန်ဘဝ

လူတန်းစားပေါင်းစုံ အလွှာစုံ လူမျိုးစုံ ဘဝစုံ

အကြောင်းတွေ

သူပြောတာတွေ ကောင်းလွန်းလို့ မှန်လွန်းလို့

ကိုယ်တိုင် လဲပါတယ်

သူပြောတာကွက်တိ ဒက်ထိ

ကျန်တဲ့ ပင်စင်စားတွေဖတ်ကြည့်ရင်

ကိုယ်တိုင်ထိမှာအသေအချာ

စာရေးကောင်းသူကို ချီးမွမ်းရပါတယ်

ကျေးဇူးတင်ရပါတယ်

နေဝင်ချိန် တတိယအရွယ် အဖိုးအိုတွေရဲ့ဘဝ

သံဝေဂရစရာ သတိထားစရာတွေပါဘဲ။

ထပ်ဆင့် Share လုပ်ပေးသူ RIT aကျာင်းနေဖက် ကိုကြည်ထွန်းကို

ကျေး ဇူးတင်ရတယ်

အေးမြင့် ( ညောင်တုန်း)

၂၄/၁၀/၂၀၂၁

ရည်ညွှန်း ၁ ( က)

မိုးသစ်ထွန်း(မြင်းခြံ)

၂၀၁၈ သြဂုတ်လ ၉ ရက် Facebook. Post

နေဝင်ချိန်ဘဝများ

************

ဝန်ထမ်းဘဝမှာကျင်လည် ခင်တွယ်စွာနေလာရင်း

ပျင်းတခါပျော်တလှည့်

အဆင်ပြေတဲ့အခါပြေ မပြေတဲ့အခါမပြေ

တနေရာကတနေရာပြောင်း

အကောင်းတွေလဲကြုံ အဆိုးတွေလဲတွေ့

တရွေ့ရွေ့နဲ့အချိန်တွေကုန်

အတွေ့အကြုံတွေများများလာရင်း

အသက်၆၀ တင်းတင်းအပြည့်မှာပင်စင်သွားကြရ။

ပင်စင်စားဘဝ

အခြေတကျနေရသူတွေလဲရှိ

ဘယ်မှာနေလို့နေရမှန်းမသိတဲ့သူတွေလဲရှိနဲ့

ဘဝရဲ့နေဝင်ချိန်တွေမှာအချိန်တွေနဲ့သာမိတ်ဖွဲ့

အတိတ်ရဲ့ပျော်ရှ ွင်ခြင်း’ ဝမ်းနည်ခြင်းတွေကိုမေ့ထား

သားတွေသမီးတွေ မြေးတွေမြစ်တွေနဲ့အတူ

အေးအတူပူအမျှ နေကြရတဲ့သူတွေလဲရှိ။

ဘုရားရိပ်တရားရိပ်ကျောင်းရိပ်မှာခို

ဗမာအိုတော့ ကျောင်းကြိုကျောင်းကြား

ဆိတ်ငြိမ်တဲ့ နေရာသွားပြီး

တရားစခန်းဝင်သူကဝင်

ရဟန်းအသွင်နဲ့သာသနာ့ဘောင်တက်သူကတက်

သံသရာခရီးအတွက် ဓမ္မတစ်လက်နဲ့

တရားဖက်နေသူတွေလဲရှိရဲ့။

အိမ်စောင့်ခြံစောင့်

ကျီးစောင့်ကြက်နှင်ဘဝနဲ့

လာသမျှ လူ ဧည့်ခံ

ဟိုအကြံပေးသည်အကြံပေး

မြေးထိန်းလိုက် ခွေးထိန်းလိုက်

အမှိုက်ကောက်လိုက် လမ်းလျှောက်လိုက်နဲ့

ကိုယ့်အသိုက်လေးထဲမှာဘဲပျော်ပိုက်

နှစ်ခြိုက်စွာနေနေကြတဲ့ဘဝတွေလဲရှိ။

ိမိတ်ရင်းဆွေရင်း ဖေါ်တသင်းနဲ့

မနက်ခင်းမရှောင် ညနေခင်းမရှောင်

နေပူမရှောင်မိုးရွာမရှောင်

ဂေါက်ကွင်းမှာဂေါက်ရိုက်

အော်လိုက်ဟစ်လိုက် ငြင်းလိုက်ခုံလိုက်

သောက်လိုက်စားလိုက် ပျော်လိုက်ပါးလိုက်နေကြရင်း

ကြွင်းကျန်တဲ့အချိန်လေးတွေကိုဖြတ်သန်း

သက်တမ်းစေ့နေနိုင်အောင်ကျိုးစားနေကြသူတွေလဲရှိ။

နေဝင်ချိန်တိမ်မျှင်တန်းသလို

လူအိုပြီဆိုရင်လဲအတွေးတွေကအမျှင်တန်းတတ်

အရေးအဖတ်ဝါသနာပါသူတွေကလဲ

ကဗျာလေးစာလေးတွေရေးပြီးအတွေ့အကြုံတွေမျှဝေခြင်လို့

face book ပေါ်ရေးတင်သူကတင်

ရင်ထဲကခံစားချက်တွေဖွင့်သူကဖွင့်ကြနဲ့

ဘဝအဘိဓမ္မာဆန်နေသူတွေကလဲတပုံတပင်။

ကြုံရင်ကြုံသလို

ဆရာလိုလိုသမားလိုလို

ဟိုစာအုပ်ဖတ်ဖူးလား ဒီစာအုပ်ဖတ်ဖူးလား

ဟိုနိုင်ငံဝေဖန် ဒီနိုင်ငံဝေဖန်

ဟိုအဖွဲ့ကော်ဆဲ ဒီအဖွဲ့ကော်ဆဲ

သူဘဲသိ သူဘဲတတ်တဲ့ အချိုးတွေနဲ့

နိုင်ငံရေးဘိုးအေဂိုက်ဖမ်းနေသူတွေကလဲဒုနဲ့ဒေး။

မြို့ထဲ ရပ်ထဲ

ဟိုနေရာလဲပါသည်နေရာလဲပါ

နေရာတကာပါလိုက်ရမှကြေနပ်

ပါလေရာငါးပိချက်လုပ်နေရာက

အမ်ားသေဘာက်လို့

ဘုရားဂေါပကလုပ်နေကြသူတွေကလဲမနဲလှ။

ဘဝအသိအရ

ပရဟိတစိတ်ထားနဲ့

ပင်စင်စားတွေအချင်းချင်း

ပင်စင်စားအသင်းအ ဖွဲတွေ ဖွဲ့သူကဖွဲ့

လူမှုကူညီရေအသင်းအဖွဲ့တွေ ဖွဲ့သူကဖွဲ့ကြ

ဘဝရဲ့နေဝင်ချိန်မှာ ဒုက္ခရောက်နေသူတွေကိုရှာဖွေရင်း

ရိုင်းပင်းကူညီနေသူတွေလဲရှိရဲ့။

ပင်စင်သာသွားခဲ့ရ

အအားမနေခြင်ကြတဲ့သူတွေကလဲ

ကုမ္ပဏီတွေထဲဝင်လုပ်သူတွေကလုပ်

ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းတွေလုပ်သူကလုပ်ကြ

ပင်စင်လစာလေးမလောက်မငှနဲ့

သားသမီးထောက်ပံ့ရဝေးလို့

ကိုယ့်ဝမ်းတစ်ထွာ ကိုယ့်ဝမ်းစာအတွက်

အလုပ်နဲ့လက်နဲ့မပျက်ဆက်လုပ်နေကြရရှာတဲ့

ပင်စင်သွားပေမဲ့မနားရတဲ့သူတွေကလဲများလှ။

မနက်ခင်းဆို

အဖေါ်တသင်းနဲ့လမ်းလျှောက်

တုတ်ကလေးတထောက်ထောက်နဲ့

ဟိုရောက်ဒီရောက်စကားတွေပြော

တသောသောနဲ့အမောဖြေ

ညနေခင်းရောက်ရင် သောက်ခြင်တဲ့စိတ်ကထိန်းမရ

ခွက်ကလေးတဆဆ အရက်ကလေးတမျမျနဲ့

ဇရက်မင်းစည်းစိမ်’လဒမင်းစည်းစိမ်တွေခံစား

စမ်းတဝါးဝါး လမ်းမှား လျှောက်နေသူတွေလဲရှိ။

တစ်ချို့ကြပြန်တော့

အတိတ်ကံကြမ္မာအမှားကြီးတွေကြောင့်လား

တိရိစ္ဆာန်သာသာ သားသမီးတွေကြောင့်လားမသိ

သောင်ပြင်လွှတ်သည့်ခွေးပမာ

ဟိုမှာနားရမလိုလို ဒီမှာစားရမလိုလို

ဟိုသားသမီးကမကြည်ဖြူ ဒီသားသမီးကမကြည်ဖြူ နဲ့

သည်းအူပြတ်မျှခံစားနေရရှာသူတွေလဲရှိကြ။

အော်…

နေဝင်ချိန်ဘဝတွေရဲ့ပုံရိပ်များ

ဆေးသားလွင့်ပျယ် ပိတ်သားဆွေးမြေ့သွားတဲ့

ပန်ချီကားချပ်တွေပမာ

မသေချာမရေရာတဲ့ သင်္ခါရတရားတွေနဲ့သာအဖေါ်ပြု

အနောက်ဘက်ဆီကိုမျှော်ရှုလိုက်တော့

ဖျော့တော့တော့ မိုးကုတ်စက်ဝိုင်းကြီးရဲ့အောက်

တောင်စွယ်တောင်တန်းတွေရဲ့အနောက်မှာ

နေလုံးကြီးတောင်ပျောက်ကွယ်လုနီးပြန်ပေါ့။

နုနယ်ရုပ်ဆင်း

ပျိုမြစ်ခြင်းကား

အိုခြင်းနောက်ဆုံးရှိခြေ၏။

ခန္ဓာယိုယွင်း

အိုမင်းခြင်းကား

သေခြင်းနောက်ဆုံးရှိခြေ၏။

စာဖတ်သူတို့ကိုအစဉ်လေးစားလျှက်

မိုးသစ်ထွန်း(မြင်းခြံ)

၂၀၁၈ သြဂုတ်လ ၉ ရက်

photo-crdရ

——-

ရည်ညှ ွန်း ( ခ )

#မိမိအပါအဝင်နေဝင်ချိန်နီးသူများအတွက်အသိပေးခေါင်းလောင်းသံ#

CRD#

၆၀ တန်း နှင့် ၇၀ တန်း ဝင်တော့မယ့်သူများ သို့

လူကြီးတော်တော်များများဟာ

သူတို့အကုန်လုံးသိတယ် တတ်တယ်ဆိုပေမယ့်

အိုလာရင် ရင်ဆိုင်ရမှာတွေကို

အဆင်သင့် မဖြစ်ကြသေးပါဘူး။

-လူဟာ အသက်၆၀ထဲ ဝင်လာပြီဆိုရင်

စအိုပါပြီ။ နောက်လာမယ့် အချိန်တွေကို

သတိရှိနေရမယ်၊ ပြင်ဆင်ထားရမယ်၊

ဒါမွ မတုန်လှုပ် မခြောက်ခြားမှာပါ။

– ပထမဆုံးနေဝင်ချိန်

အဖော်တွေ တဖြည်းဖြည်း နဲလာတော့မယ်၊

ပြီးတော့ ကိုယ့်အထက် လူကြီးတွေက အရင်သွားနှင့်

တာတွေ ကြုံရပါပြီ။

ဘော်ဒါတွေကလဲ ကိုယ့်ဟာကိုယ် အနိုင်နိုင်ဖြစ်နေကြ

ပါပြီ။

ကိုယ့်ထက်ငယ်တဲ့လူတွေကတော့ သူ့အလုပ်နဲ့သူ

ရှုပ်နေကြတာ တွေ့ရပါ့မယ်။

ဇနီး၊ ခင်ပွန်း တို့ကလဲ သွားနှင့်တဲ့သူသွားနေကြတာ

ဖြစ်လာနိုင်တယ်။

အဲ့အချိန်မှာ ကိုယ့်အဖော်ကတော့ အထီးကျန်ရက်တွေ

ပဲ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ကိုယ်လုပ်ရမှာကတော့ တယောက်တည်း

နေထိုင်တတ်ဖို့နဲ့ အထီးက်န္ဘဝကို ရင်ဆိုင်နိုင်ဖို့ပါပဲ။

– ဒုတိယလာမယ့်နေဝင်ချိန်

ပတ်ဝန်းကျင်က ကိုယ့်ကိုသတိထားနေမယ့်ရက်တွေ

တဖြည်းဖြည်း နဲလာတော့မယ်။

အရင်လုပ်ငန်းကြီးတွေ ဘယ်လောက် အောင်မြင်ခဲ့

(အောင်မြင်ခဲ့)ဘယ်လောက်ပဲ နာမည်ကြီး (ကြီး)

အိုလာရင် ကိုယ်ဟာ သာမာန်အဖိုးကြီး၊အဖွားကြီး

နေရာရောက်သွားပါပြီ။

နောက်ပြီး…

ဒေါင့်တဒေါင့်မှာ အေးအေးဆေးဆေး နေတတ်အောင်

လဲ ကျင့်ရပါ့မယ်။

လူစုံတက်စုံနဲ့ ပျော်ပျော်ပါးပါး ပွဲတွေလဲ ကျဲလာတော့

မယ်။

ပြီးတော့..

နောက်ပေါက်ကလေးတွေရဲ့ ပျော်ရွှင် ဆူညံ

သောင်းကျန်းမှုတွေကို မနှစ်မြို့ခြင်း၊အပြစ်တင်ခြင်း

မျိုး မလုပ်မိအောင် စိတ်ကိုထိန်းရမယ့် အချိန်ပါ။

– တတိယလာမယ့်နေဝင်ချိန် ရှုခင်း

တတိယလာမယ့်လမ်းကတော့ အန္တရယ်တွေနဲ့ပါ။

အရိုးကျိုးနိုင်တယ်၊နှလုံးသွေးကြောတွေ ပိတ်သြား

နိုင်ပြီး မှတ်ဉာဏ်တွေ အားနည်းကာ သတိတွေ

မေ့လာမယ်။

ပြီးတော့…

ကင်ဆာအမျိုးမျိုးကလဲ ကိုယ့်ကို လာပြီး နှုတ်ဆက်

နေမှာ။

ရောဂါတွေနဲ့ သွားရမယ့်ဘဝကို ကြိုတင်ပြင်ဆင်ထား

ရမှာဖြစ်ပြီး၊ အရင်သူငယ်ချင်းတွေရဲ့နေရာမှာ ခုရောဂါ

တွေက ဘော်ဒါတွေ ဖြစ်နေတော့မှာ။

ငါဘာရောဂါမှ မရွိဘူး၊ ငါဒေါင်ဒေါင်မြည်ပဲလို့လဲ

အတွေးတိမ် မနေပါနဲ့တော့။

အတတ်နိုင်ဆုံး အားကစားလေးတွေ လုပ်ပြီး… ကိုယ့်

ဟာကိုယ် စိတ်နဲနဲလျှော့ထားလိုက်ဖို့က အဓိကပါ။

– စတုတ္ထလာမယ့်နေဝင်ချိန်

ဘဝကို ကုတင်ပေါ်မှာ ဖြတ်သန်းရတော့မယ်လို့ ကြို

တွေးထားရမယ်။

အမေပထမဆုံးခေါ်လာတဲ့ ကုတင်ပေါ်ကဘဝကို

ခုပြန်စရတော့မယ်လို့ ပြောလို့ရပြီ။

ဘဝတေလ်ာက္လုံး အပျော်တွေ၊အခက်အခဲတွေနဲ့

ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး နောက်ဆုံး နဂိုနေရာ ပြန်

ရောက်သွားတာပါ။

(အဲဒါကေတာ့ ကုတင်ပေါ်ပါပဲ) ။

ပြီးတော့..

သူများပြုစုတာကို လက်ခံရတော့မှာပါ။

ဒါပေမယ့်..

အမေပြုစုတာနဲ့တော့ တူနိုင်မယ် မထင်ဘူး။

ကိုယ်လာတုန်းကတော့ အမေ့ပြုစုမှုအောက်မှာ ကြီး

ပြင်းခဲ့ရပေမယ့်…

ကိုယ်သွားရမယ့်အချိန်ကျရင် ကိုယ့်အနားမှာ ပြုစုမယ့်

သူက ဆွေမျိုးသားချင်းတွေဖြစ်မှာ မေသခ်ာသလို၊

ရှိခဲ့ရင်လဲ..

အမေပြုစုခဲ့သလို နွေးထွေးမှာမဟုတ်ဘူးလို့ လက်ခံ

ထားပါ။

ဖြစ်နိုင်ခြေအများဆုံးကတော့..

မျက်နှာက အပြုံးလေးနဲ့စိတ်ထဲကကျိန်ဆဲနေမယ့်

လူနာပြုစုတဲ့ လူနဲ့မတွေ့နိုင်ဘူးလို့ ပြောလို့မရပါ။

ဒါပေမယ့်..

ကိုယ္က ဂေါင်းငုံ့ သည်းခံပြီး ပြုစုပေးမယ့်သူကို

ကျေးဇူးတင်နေ ရမွာပါ။

– ပဉ္စမလာမယ့်နေဝင်ချိန်ရှုခင်း

ဒီတခါကေတာ့ လူလိမ်တွေ စတွေ့ရတော့မယ်။

လိမ်မယ့်သူတွေက လူကြီးတွေမှာ အိုစာမင်းစာတော့

ရှိမယ် ဆိုတာသိပြီး ဖုန်းနဲ့တမျိုး၊စာတိုက်ကနေတဖုံ

နည်းမျိုးစုံနဲ့ လိမ္ဖို့ ကြိုးစားမှာပါ။

မအိုမနာဆေး၊ယတရာခြေမယ် စတာတွေနဲ့ ပိုက်ဆံကို

ကလော်ထုတ်ဖို့ ကြိုးစား ကြအုန်းမှာ…။

ဒါကြောင့်..

မိမိ အိုစာမင်းစာကို သတိနဲ့ မြဲမြဲဆုပ်ကိုင်နိုင်အောင်

ကြိုးစားပါ။

နောက်ဆုံး ညမမှောင်ခင်…။

လူ့ဘဝရဲ့ နေဝင်ချိန်လမ်းဟာ အလင်းရောင်

တဖြည်းဖြည်းနဲ့ လျော့ပါးလာပါပြီ။

လမ်းဟာ တဖြည်းဖြည်းလဲ လျှောက်ရ ခက်လာမယ်။

၆၀ကျော်တာနဲ့ အရာရာကို လကြ္လတ္ဖို့ အဆင်သင့်

လုပ္ထား ရပါ့မယ်။

ကျန်ရှိနေတဲ့ ကိုယ့်အပေါ်ကောင်းတဲ့လူတွေကို

တန္ဘိုး ထားတတ်ရမယ်။

ဘဝကြီးကို အာရုံကောင်းလေးတွေနဲ့ ခံစားသွားရမယ်။

ပတ်ဝန်းကျင်နဲ့သွားပြီး အငြင်းပွားတာတွေ မလုပ်တော့

ပဲ၊ သားသမီး မြေးမြစ်တွေနဲ့ပါ အငြင်းအခုံမဖြစ်မိ

အောင် နေရပါ့မယ်။

အဆိုးဆုံးကေတာ့..

ကိုယ့်ကိုကိုယ် မောက်မာမနေဘို့က အဓိကပါ…။

အိုတာကို လက်ခံလာရမှာဖြစ်ပြီး၊ စကားပြောဆိုရာမှာ

လဲ အမိန့်ဆန်ဆန် မပြောမိဖို့ သတိထားရမွာ..။

အဲဒီမြာ စကားလုံး အဓိပ္ပါယ်တွေက သူတပါးကို

ထိခိုက်စေမယ့် စကားလုံးတွေကို ရှောင်ကျင်တာ

အကောင်းဆုံးပါ။

အသက်ကြီးလာရင် တဖက်သားကို”ပိုလို့” တောင်

သနားညှာတာသင့်ပြီး…။

နောက်ဆုံးရက်ကျန်လေးတွေကို ပေါ့ပေါ့ပါးပါးနဲ့

ဖြတ်ကျော်နိုင်အောင် ပြင်ဆင်ထားသင့်တယ်…။

Credit #

အောင်နန္ဒာစေတီတော်)

ရည် ညွှန်း ။(၂)

တွေးမိတွေးရာ

ရေးမိရေးရာ ( ၈၅ )

၂၀၂၀ ကိုဗစ် ကာလ

မအားအောင်နေရင်း လုပ်ချင်တာတွေ လုပ်ဖြစ်ခဲ့ တဲ့ ကာလ

၂၀၂၀ အတွင်း

ကိုယ့်ဘာသာ မအားအောင်နေရင်း

လုပ်ချင်တာတွေလုပ်

ပြောချင်တာတွေပြော

ပြချင်တာတွေပြ

ရေးချင်တာတွေရေးလာခဲ့လိုက်တာ

၂၀၂၀နှစ်လဲ ကုန်ရော

စာအုပ်တစ်အုပ်ဖြစ်သွားတယ်

ဘတ်ချင်ကြ လား မဘတ်ချင်ကြလားမသိ

အကုန်ခံထုတ်ပြီး

မိတ်ဆွေတွေ သူငယ်ချင်းတွေ

လုပ်ဘော်ကိုင်ဘက်တွေ

ဆွေမျိုးတွေ

တပည့်တွေ

ဆရာတွေကို

လိုက်ဝေပေးလိုက်တာ

ရိုက်ထားတဲ့စာအုပ်တွေ

ကုန်တော့မယ်။

မောင်အေးမြင့် ( ညောင်တုန်း )

ရဲ့

မှတ်ဖွယ်မှတ်ရာ

စာပဒေသာ

အထွေထွေ စာအုပ် ပါ

၂၀၂၀ ဇန္နဝါရီလ ၈ရက်နေ့ကfbတင်ခဲ့တဲ့ စာပါ

၂၀၂၂ ဇန္နဝါရီလ ၈ရက် ဒီနေ့အခြေအနေက

ရေးခဲ့တဲ့စာအုပ်ကို သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်း တွေ လုပ်ဖေါ်ကိုင်ဖက် ရောင်းရင်းတွေ ဆွေမျိုးတွေ တပည့်တပန်းတွေဆရာသမားတွေကို ကျေးဇူးမမေ့တဲ့အနေနဲ့မေတ္တာလက်ဆောင် ပေးလို့ကောင်းလိုက်တာ စာအုပ် ၆၀၀ ကုန်သလောက်ဖြစ်ခဲ့တယ် ( ပေး ၃၅၀ ခန့် ရောင်း ၁၅၀ ခန့် ကျန် ၁၀၀ ခန့် )

တကယ်ဝယ်ကြဘို့ မိတ်ဆွေတွေ နဲ့ မိခင် ဆည်မြောင်းက လက်ရှိမျိုးဆက်သစ်တွေ က ဝယ်ဖတ်ဘို့မှာလာကြတော့ ရောင်း စရာ လက်ကျန်နည်းနေလို့ စာအုပ် ၅၀၀ ထပ်ရိုက်ပြီး ရောင်းဘို့ ဆက်လုပ်လိုက်ရတယ်

၁၂/၁/၂၀၂၂ နေ့မှာ မိခင်ဆည်မြောင်းရဲ့မျိုးဆက်သစ်တွေ ထပ်မှာတဲ့ စာအုပ်တွေရောင်း ပြီး သွားပါပြီ လက်ထဲမှာစာအုပ်အနည်ငယ်သာကျန်ပါတော့တယ်

စာအုပ်ရို က် နှိပ်ထုတ်လုပ်စရိတ် ကျေလုနီးပါးရပါပြီ

ဘယ်သူတွေ ဘယ်လောက် စာ ဖတ်နိုင်မယ်တော့မသိ။

စာဖတ်ပရိသ တ်အများစု လက်ဝယ် ကိုတော့ ရေးထားတဲ့ စာအုပ်တွေ

အရောက်ပိုးပေး နိုင် ခဲ့ပါပြီ။

ဘဝ အတွေ့အကြုံတွေရေးထားတဲ့ညာဏ်ပညာ ကြေးကတော ဝါသနာတူသူ စာဖတ်ဝါသနာပါသူတွေအတွက် စေတနာ နဲ့ အခမဲ့ပေါ့။

တန်ဘိုးဖြတ်လို့မရပါဘူး။

ဘဝနဲ့ရင်းခဲ့ရတဲ့ အတွေ့အကြုံတွေ ပညာတွေပါ။

ဆည်မြောင်း ကနေ အ င်ြမ်း စားပြီး သည့်တိုင်

ဆည်မြောင်းမိသား စုတွေပြီပြီ ယနေ့တိုင် ကူ ညီ ယိုင်းပင်း ပေးနေ ကြတဲ့

မိခင်ဆည်မြောင်း ဌာနကြီးကို ကျေး ဇူ းတင် နေရပါတယ် ။

အေးမြင့် (ညောင်တုန်း )

၈/၁/၂၀၂၂/

ရည်ညွှန်း.

၂၀၂၀ခုနှစ်

ကိုဗစ် ကမ္ဘာ့ကပ်ဘေးကာလ

တစ်နှစ်တာ အတွင်း

မအားအောင် နေခဲ့တာရဲ့

အကျိုး ရလဒ် တစ်ခုပါ။

—-

ရည်ညွှန်း (က)

“မအားအောင်နေပါ”

လူဆိုတာ ကိုယ့်အကျိုးအတွက်ရော အများအကျိုးအတွက်ရော မထိခိုက်စေဖို့ဆိုရင် အားမနေဖို့ လိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အားပြီဆိုတာနဲ့

၁။ တောင်တွေး မြောက်တွေး တွေးမယ်၊ လိုချင်မယ်။

၂။ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မယ်။

၃။ ကိုယ်ကသာတယ်ထင်ရင် ငါကွဆိုပြီး ဘဝမြင့်မယ်။

၄။ သေချာမစူးစမ်းပဲ တခြားသူတွေကို နှိမ့်ချပြီး Judge လုပ်မယ်၊ ဆရာကြီး လုပ်မယ်။

၅။ ကိုယ်က နိမ့်နေတယ်ထင်ရင် စိတ်ဓါတ်ကျမယ်။

၆။ စိတ်ရဲ့ သဘောအတိုင်း မဟုတ်တာ တစ်ခုခု လုပ်ဖို့ ကြံမယ်။

၇။ လုပ်စရာမရှိရင် ကိုယ့်မှာ ရှိတာတွေကို ကြွားမယ်၊ ဒါမှမဟုတ် လူတွေ ဂရုစိုက်ခံရအောင် လုပ်မယ်။

အစရှိတဲ့ တစ်စုံတစ်ခုကို လုပ်ကြတော့တာပါပဲ။

မြင်ချင်ရာမြင် ရေးချင်ရာရေးခွင့်ရနေတဲ့ ဆိုရှယ်မီဒီယာခေတ်မှာ ပိုဆိုးသလို ဖြစ်လာပါတယ်။

အဲဒါကြောင့် မအားအောင် နေဖို့ဆိုရင်

၁။ ကိုယ့် ဘဝနဲ့ အလုပ်နဲ့ ပတ်သက်တဲ့ Plan တွေ ရလဒ်တွေကို ပြန်သုံးသပ်ပြီး ပိုကောင်းအောင် အစီအစဉ်ချပါ။

၂။ လုပ်စရာရှိတာတွေအားလုံးချရေးပြီး ဦးစားပေးအရ တစ်ခုပြီး တစ်ခုဖြိုပါ။

၃။ လုပ်ငန်းက အဖွဲ့ဝင်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အချိန်ကို ကောင်းစွာ အသုံးချပါ၊ မဟုတ်ရင် ခရီးထွက်ပါ။

၄။ ကိုယ့်ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေမယ့် လေ့လာသင်ယူမှုတွေကို လုပ်ပါ။

၅။ ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှား အားကစားတစ်ခုခု လုပ်ပါ။

၆။ အိပ်ရင်အိပ် မအိပ်ချင်ရင် ကိုယ်ပျော်ရွှင်မယ့် ရသစာပေ သို့မဟုတ် ရုပ်ရှင်ကြည့်ပါ။

၇။ တရားထိုင်ရင်ထိုင် မထိုင်နိုင်ရင်တောင် ပါးစပ်ပိတ်ထားပြီး ဝင်လေ ထွက်လေ မှတ်နေပါ။

စာဖတ်သူများ အကောင့်ကို like/follow လုပ်ထားနိုင်ပါတယ်

#Crd

💛 စာဖတ်သူများကို လေးစားလျက်💛

ရည်ညှ ွန်း. ( ခ )

နှစ်(၁၀၀) ပြည့် အမျိ ုးသားနေ့

ဒီနေ့

၂၀၂၀ပြည့်နှစ် အမှတ်တရ စာအုပ်

မှတ်ဖွယ်မှတ်ရာ စာပဒေသာ

ယ ေ န့

အမျိုးသားနေ့မှာ

ထွက်ပါပြီ

——-

ပသုံးလုံး ဝိပဿနာ ဆရာကြီး

ဦးပဂျီငို၏”ကြီးပွားချမ်းသာရေး”စာအုပ်

ဘဝနေနည်း စာအုပ်

စတင်ရေးသားခဲ့သည့်နှစ်(၁၀၀)ပြည့်နှင့်

ရန်ကုန်တက္ကသိုလ် ရာပြည့်နှစ်ကို ကြိုဆို

ဂုဏ်ပြု ထုတ်ဝေ လိုက်သည့်

ရန်ကုန်တက္ကသိုလ် ရာပြည့် နှစ်

မြန်မာ့ ရုပ်ရှင်ရာပြည့်နှစ်

၂၀၂၀ ပြည့်နှစ် အမှတ်တရစာအုပ်

တိုးတက်ရေး

ကြီးပွားရေး

ပညာရေး

ကံ ညာဏ် ဝိရိယ

ယဉ်ကျေးသိမ်မွေ့ခြင်းအကြောင်းများနှင့်

စာရေးသူ၏ဘဝအပေါ်

လွှမ်းမိုးသက်ရောက်မှုများ

မောင်အေးမြင့်(ညောင်တုန်း)၏

“မှတ်ဖွယ်မှတ်ရာ စာပဒေသာ”

ထွက်ပါပြီ ။

၁၃၈၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၁၀ ရက်

အမျိုးသားနေ့

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၉ရက်(ဗုဒ္ဓဟူးနေ့)