စစ်ကိုင်းတံတားသီချင်း
https://youtu.be/iZ7NeJ4aBoM?is=hOizh9wgouKT9Mac
တံတားအကြောင်း
https://www.facebook.com/share/v/1BveKyyGq7/
တံတားကြီး၏ သမိုင်းကြောင်း နှင့် သီချင်းဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းအရာ
စစ်ကိုင်းတံတား (တရားဝင်အမည် အင်းဝတံတား) သည် ၁၉၃၄ ခုနှစ်တွင် ဗြိတိသျှတို့ တည်ဆောက်ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ပြီး၊ ထိုတံတားကြီး ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် နန်းတော်ရှေ့ဆရာတင်က ဂုဏ်ပြုရေးစပ်ခဲ့ခြင်း ဖြစ်ပါသည်။ [1, 2]တံတားကြီး၏ သမိုင်းကြောင်းနှင့် သီချင်းဖြစ်ပေါ်လာပုံ နောက်ခံအချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။စစ်ကိုင်းတံတား (အင်းဝတံတား) ၏ သမိုင်းကြောင်းတည်ဆောက်ခြင်း (၁၉၂၇ – ၁၉၃၄)။ ယခင်က ဧရာဝတီမြစ်ကို ကူးတို့သင်္ဘော၊ သမ္ဗာန်များဖြင့်သာ အဆင့်ဆင့် ဖြတ်ကူးခဲ့ရရာမှ ဗြိတိသျှအင်ဂျင်နီယာများက ၁၉၂၇ ခုနှစ်တွင် တံတားကြီးကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် မြန်မာပြည်ဘုရင်ခံ ဆာဟျူးလင်းစဒေါင်း စတီဖင်ဆင် (Sir Hugh Lansdown Stephenson) က ဖွင့်လှစ်ပေးခဲ့ပါသည်။ [1, 2, 3, 4]ဒုတိယကမ္ဘာစစ်အတွင်း ဖျက်ဆီးခံရခြင်း (၁၉၄၂)။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များ ဝင်ရောက်လာချိန်၌ ဗြိတိသျှတပ်များ ဆုတ်ခွာရင်း ၁၉၄၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် တံတားအလယ်ခန်းများကို မိုင်းခွဲဖျက်ဆီးခဲ့ကြပါသည်။ [1, 2]ပြန်လည်တည်ဆောက်ခြင်း (၁၉၅၄)။ လွတ်လပ်ရေးရပြီးနောက် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရာ ၁၉၅၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး နှစ်ပေါင်းများစွာတိုင်အောင် ဧရာဝတီမြစ်ကို ဖြတ်ကူးနိုင်သည့် တစ်ခုတည်းသော တံတားကြီးအဖြစ် ရပ်တည်ခဲ့ပါသည်။ [1, 2]ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခြင်း (၂၀၂၅)။ သက်တမ်း ၉၁ နှစ်ရှိပြီဖြစ်သော ဤသမိုင်းဝင်တံတားကြီးသည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြီးကြောင့် မြစ်အတွင်းသို့ ပြိုကျပျက်စီးသွားခဲ့ပါသည်။ [1, 2]သီချင်းဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းအရာခေတ်သစ်အံ့ဖွယ်ရာကို မှတ်တမ်းတင်ခြင်း။ ၁၉၃၄ ခုနှစ်တွင် တံတားကြီး ပြီးစီးဖွင့်လှစ်ချိန်၌ ဧရာဝတီမြစ်ကြီးကို ဖြတ်ကျော်ကာ မီးရထားရော ကားပါ တစ်ပြိုင်နက် သွားလာနိုင်သည့် သံပေါင်တံတားကြီး ဖြစ်ပေါ်လာခြင်းမှာ ထိုခေတ်ပြည်သူများအတွက် အလွန်ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်ခဲ့ပါသည်။နန်းတော်ရှေ့ဆရာတင်၏ ဖွဲ့နွဲ့မှု။ မန္တလေးမြို့သား ဂီတစာဆို နန်းတော်ရှေ့ဆရာတင် သည် တံတားကြီး၏ အတိုင်းအတာ အချက်အလက်များ (ဥပမာ- အရှည်ပေ ၃၈၆၀ ကျော်၊ မီးရထားလမ်းနှင့် ကားလမ်း ဖွဲ့စည်းပုံ) ကို ပြည်သူများ အလွယ်တကူ မှတ်မိစေရန်နှင့် တံတားကြီး၏ ခမ်းနားထည်ဝါပုံကို ဂုဏ်ပြုလိုသည့် ရည်ရွယ်ချက်ဖြင့် သီချင်းစာသားအဖြစ် ရေးစပ်သီကုံးခဲ့ခြင်း ဖြစ်ပါသည်။မူလအမည်နှင့် လူသိများမှု။ တံတား၏ တရားဝင်အမည်မှာ အင်းဝတံတား (Ava Bridge) ဖြစ်သော်လည်း၊ စစ်ကိုင်းမြို့သို့ ကူးသည့်တံတား ဖြစ်ခြင်းကြောင့် လည်းကောင်း၊ နန်းတော်ရှေ့ဆရာတင်၏ “စစ်ကိုင်းတံတား” သီချင်း အလွန်ကျော်ကြားခဲ့ခြင်းကြောင့် လည်းကောင်း ပြည်သူအများကြားတွင် စစ်ကိုင်းတံတား ဟူ၍သာ တွင်ကျယ်စွာ ခေါ်ဝေါ်ခဲ့ကြပါသည်။ [1, 2]ဤအကြောင်းအရာနှင့် ဆက်စပ်၍ ထပ်မံသိရှိလိုသည်များ ရှိပါက အောက်ပါတို့ကို ရွေးချယ်ပြောပြပေးနိုင်ပါသည်-သီချင်းစာသား အပြည့်အစုံ နှင့် စာသားပါ အချက်အလက် အဓိပ္ပာယ်များတံတားကြီး၏ ဗိသုကာပုံစံ နှင့် အသေးစိတ် တိုင်းတာမှု အချက်အလက်များနန်းတော်ရှေ့ဆရာတင် ရေးစပ်ခဲ့သည့် အခြားထင်ရှားသော မန္တလေး၊ စစ်ကိုင်း နောက်ခံသီချင်းများ
ဝီကီပီးဒီးယား မှ




အင်းဝတံတားကိုဩဒိနိတ်21°52′16″N 95°59′33″Eသယ်ဆောင်မှုရထားလမ်းတစ်လမ်း၊ ကားလမ်းနှစ်လမ်း၊ နှစ်ဖက်လူသွားလမ်းဖြတ်သန်းမှုဧရာဝတီမြစ်တည်နေရာစစ်ကိုင်းမြို့ နှင့် အင်းဝမြို့ဟောင်းအမည်အင်းဝတံတားအခြားအမည်များစစ်ကိုင်းတံတားအချက်အလက်များတံတားဒီဇိုင်းသံဘောင်ပေါင်းကူးတံတားစုစုပေါင်းအရှည်၃၉၄၈ ပေအမြင့်၁၀၂ ပေသမိုင်းကြောင်းဆောက်လုပ်သူဗြိတိသျှအင်ဂျင်နီယာများစတင်ဆောက်လုပ်ချိန်၁၉၂၇လုပ်ငန်းပြီးဆုံးချိန်၁၉၃၄ဖွင့်လှစ်သည့်နေ့၁၉၃၄ပြန်လည်တည်ဆောက်ခြင်း၁၉၅၄ (ဒုတိယကမ္ဘာစစ်ကြောင့် ပျက်စီးမှုများအပြီး)လဲပြိုသည့်နေ့၂၀၂၅ (၂၀၂၅ မြန်မာငလျင်ကြောင့်)
အင်းဝတံတား (သို့) စစ်ကိုင်းတံတားသည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ နှစ်ခုအကြားတွင် တည်ရှိကာ စစ်ကိုင်းမြို့နှင့် အင်းဝမြို့ဟောင်းတို့ကို ဆက်သွယ်ပေးထားသည်။ ၁၉၃၄ ခုနှစ်တွင် ဗြိတိသျှတို့ တည်ဆောက်ခဲ့သော တံတားဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အဝင် အင်္ဂလိပ်အပြေးတွင် ဗြိတိသျှတပ်များက တံတားကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၄ ခုနှစ်တွင် တံတားကြီးကို ပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့သည်။ ၁၉၉၀ ခုနှစ်မတိုင်မီအထိ တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ခဲ့သည်။ သက်တမ်းကြာမြင့်လာမှုကြောင့် ၁၉၉၂ ခုနှစ်မှစ၍ ၁၅ တန်အောက် ကားများသာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်။ ယခုအခါ အင်းဝတံတားအနီးတွင် ဧရာဝတီတံတား (ရတနာပုံ) ကို တည်ဆောက်ဖွင့်လှစ်ထားပြီး ဖြစ်သည်။
သမိုင်းကြောင်း
စစ်ကိုင်းမြို့အနီး ဧရာဝတီမြစ်တစ်ဆစ်ချိုး နေရာတွင် တံတားကြီးတည်ဆောက်ရန် ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်ခံ ဆာ ဟာကုတ် ဘတ်တလာက အုတ်မြစ်ချခဲ့သည်။ တံတားမှာ သံပေါင်ပေါင်းကူးတံတားဖြစ်ပြီး ရက်မကြီးကိုးခု၊ ရက်မလတ်တစ်ခု၊ ရက်မငယ် ခြောက်ခုရှိသည်။ ရက်မကြီးတစ်ခုလျှင် အလျားပေ ၃၅၀ အရှည်ရှိပြီး ရက်မလတ် မှာ ပေ ၂၅၀ ရှည်သည်။ အပိုင်းဆက်ရက်မတိုမှာ ပေ ၆၀ စီရှည်ပြီး သံတန်ချိန်ပေါင်း ၁၁,၁၄၅ တန် အသုံးပြုခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးသွားသော အင်းဝတံတားကြီးကြောင့် ၇၂၄ မိုင်ရှည် ရန်ကုန်-မြစ်ကြီးနား မီးရထားလမ်းသည် မန္တလေးမှတစ်ဆင့် အကြားအလတ်မရှိ တောက်လျှောက်ဆက်သွယ်နိုင်ခဲ့၏။ ၁၉၃၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် ဘုရင်ခံ ဆာ ဟျူးစတီဗင်ဆင် Sir.Huge Stevenson က တံတားကို ဖွင့်လှစ်ခဲ့သည်။[၁]
၁၉၄၂ ခုနှစ်၊ ဧပြီ ၃ ရက်၌ မန္တလေးကို ဂျပန်လေတပ်က အကြီးအကျယ်ဗုံးကြဲပြီး နောက် အင်္ဂလိပ်စစ်တပ် မှ ဗိုလ်ချုပ် ဂျင်နရယ် ဝီလျံစတင်းသည် ၁၉၄၂ ခုနှစ်၊ ဧပြီလ ၃ ရက် ည ၁၂ နာရီထိုးရန် တစ်မိနစ်အလို၌ စစ်ကိုင်းတံတားကြီးကို မိုင်းခွဲဖျက်ဆီးကာ မြစ်ကြီးနားလမ်းအတိုင်း ဆုတ်သွားခဲ့သည်။ ထို့ကြောင့် တံတားကုန်း အမှတ်(၇)နှင့် (၈)မှာ မြစ်အတွင်း ကျိုးကျ ပျက်စီးခဲ့သည်။ လွတ်လပ်ရေးရသော်လည်း ပျက်စီးပြတ်တောက်နေသော အင်းဝတံတားကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့ချေ။ စစ်ကိုင်းဆိပ်ကမ်းနှင့် မန္တလေးဘက်မှ အမရပူရ စံရွေးဆိပ်ကမ်းကို ကူးတို့ဖြင့် ကူးကြရသည်။ မီးရထားတွဲများလည်း ကူးတို့ဖြင့်ကူးကြရ၏။[၁]
၁၉၅၃ ခုနှစ်၊ မေလ၌ ထိုစဉ်က ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် အင်းဝတံတားကြီး ပြင်ဆင်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ကြပ်မတ်ကာ မီးရထားဌာန၏ စီမံမှုတွင် မြန်မာအမျိုးသား အလုပ်သမားများ၏ လုံ့လ ဝီရိယ ဖြင့် အားကြိုးမာန်တက် ပြင်ဆင်မှုကြောင့် ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်၌ ထိုအချိန်က နိုင်ငံတော်သမ္မတကြီး ဒေါက်တာ ဘဦးကိုယ်တိုင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကုန်ကျ ငွေ ၅၇ သိန်းကျော်သည်ဟု ဆိုသည်။[၁]ငလျင်ကြောင့် ပြိုကျသွားသော အင်းဝတံတား
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် စစ်ကိုင်းမြို့အနီး မြေအောက် ၁၀ ကီလိုမီတာအနက်တွင် ဗဟိုပြုလှုပ်ခတ်သွားသော ၂၀၂၅ စစ်ကိုင်းငလျင် အတွင်း အင်းဝတံတားခေါ် စစ်ကိုင်းတံတားဟောင်း ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့သည်။
ကိုးကား
- မေ့နေကြပြီလား အင်းဝတံတား။ မဇ္ဈိမသတင်းစာ (26 June 2014)။ 14 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 December 2014 တွင် ပြန်စစ်ပြီး။
- ဧရာဝတီမြစ်ကူးတံတားများ
- မြန်မာနိုင်ငံရှိ တံတားများ
- မြန်မာနိုင်ငံရှိ ရထားတံတားများ
- ၂၀၂၅ မြန်မာငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ
ဒေါက်တာလှဘူး
စစ်ကိုင်းတံတား
Published byHlaBu1
Share
Sing
- Lyrics
- Recordings
စစ်ကိုင်းတံတား( နန်းတော်ရှေ့ဆရာတင် )
Music + vocal by Dr Hla Bu
စစ်ကိုင်းတံတားကို ဆုံးအောင်စစ်ပြန်တော့
သုံးထောင်နဲ့ ရှစ်ရာခြောက်ဆယ်ပေ
မီးရထားလမ်း အကျယ်အ၀ေးအနေမှာ
နှစ်ဆယ်နဲ့လေးပေ မပိုမစောင်း ၊
မော်တော်ကား အမြှောင်ဆွယ်ကာရယ်
အတောင်နှစ်ဆယ် သာသာ
လူသွားခုနှစ်ပေ ဆောင်း ။
အုတ်တိုင်ကြီးတွေက အကွက်သွားမြိုင်တယ်
တဆယ်နဲ့ငါးတိုင် တန်းစဥ်ထား
ဂုံးပေါင်း ၁ဆယ် လမ်းဖွင့်ရှား၍
အခန်း တဒါဇင်အား ရှိပေသည်
ကုန်စားရိတ်တွေကို အခုငွေ စစ်ပြန်တော့
တစ်ကုဋေ နှင့် ငါးသန်းကျော်လေပြီ ၊
မြေမှအမြင့် တွေးဖွယ်မျှော်လျှင်
လေးဆယ်အကျော်ငါးပေစွန်း၍
တံတားအညွှန်းရေးဖွဲ့ပါသည် တေးဖွဲ့ကဗျာစီ
နန်းတော်ရှေ့ တနာမည်မှာ
မြန်မာပြည်ချစ်ကြောင်းသာပလေး ။
တံတားဆက်ပြီးပြီ သွားမဲ့ခရီးသည်
ငှက်သမ္ဗန် ကူးတို့ဆိပ်က အိပ်ကြရှာပြီ
ငှက်သမားတလီ
တံတားဆက်ပြီးပြီ သွားမဲ့ခရီးသည်
ငှက်သမ္ဗန် ကူးတို့ဆိပ်က အိပ်ကြရှာပြီ
ငှက်သမားတလီ
ဗမာလူမျိုး အလုပ်မရှိတော့ သည်တံတားကြီးပဲ
ကြည့်ကြည့်ပြီး ငိုမိသည် ။
လာပြီ ဆန်းပေါ်သရွေ့နန်းတော်ရှေ့စီရေးသည်
လာပြီ ဆန်းပေါ်သရွေ့နန်းတော်ရှေ့စီရေးသည်
ကံဆုံရန်ကုန်မြို့ကကြည့်ရန်လာပြန်သည်
သတင်းမြတ်စကား အင်း၀တံတားဟု
နှုတ်ဖျားအောင်လံချီ ။
( အတီး )
ကံဆုံ ရန်ကုန်သူတွေ ပုသိန်ထီးဖွင့်
စိန်ဘီးနှင့် သနပ်ခါးလူးပြီးတော့
စစ်ကိုင်းတံတားကူးတော့မည်
ကံဆုံ ရန်ကုန်သူတွေ ပုသိန်ထီးဖွင့်
စိန်ဘီးနှင့် သနပ်ခါးလူးပြီးတော့
စစ်ကိုင်းတံတားကူးတော့မည်
ထပါနော် မရာကျော် နဲ့ ဂဟေဆက်
ရွှေကြက်ယက်ဘုရားဖူးပြီးတော့
စစ်ကိုင်းတံတားကူးတော့မည်
ထပါနော် မရာကျော် နဲ့ ဂဟေဆက်
ရွှေကြက်ယက်ဘုရားဖူးပြီးတော့
စစ်ကိုင်းတံတားကူးတော့မည်
နေညိုညိုငယ်ရီ ရွှေဘိုသူတွေ လာပြန်ပြီ
တံတားထိပ်မှာ ထမင်းချက်မလို့
ဟင်းရွက်ကလေးတွေ ခူးကြသည်
နေညိုညိုငယ်ရီ ရွှေဘိုသူတွေ လာပြန်ပြီ
တံတားထိပ်မှာ ထမင်းချက်မလို့
ဟင်းရွက်ကလေးတွေ ခူးကြသည်
ကဗျာစီ ဆန်းပေါ်သ၍ နန်းတော်ရှေ့စီရေးသည် ၊
လာပြီ ဆန်းပေါ်သရွေ့နန်းတော်ရှေ့စီရေးသည်
ကံဆုံ ရန်ကုန်မြို့ကကြည့်ရန်လာပြန်သည်
သတင်းမြတ်စကား အင်း၀တံတားဟု
နှုတ်ဖျားအောင်လံချီ။
( အတီး )
ကံဆုံ ရန်ကုန်သူတွေ ပုသိန်ထီးဖွင့်
စိန်ဘီးနှင့် သနပ်ခါးလူးပြီးတော့
စစ်ကိုင်းတံတားကူးတော့မည်
ကံဆုံ ရန်ကုန်သူတွေ ပုသိန်ထီးဖွင့်
စိန်ဘီးနှင့် သနပ်ခါးလူးပြီးတော့
စစ်ကိုင်းတံတားကူးတော့မည်
ထပါနော် မရာကျော် နဲ့ ဂဟေဆက်
ရွှေကြက်ယက်ဘုရားဖူးပြီးတော့
စစ်ကိုင်းတံတားကူးတော့မည်
ထပါနော် မရာကျော် နဲ့ ဂဟေဆက်
ရွှေကြက်ယက်ဘုရားဖူးပြီးတော့
စစ်ကိုင်းတံတားကူးတော့မည်
နေညိုညိုငယ်ရီ ရွှေဘိုသူတွေ လာပြန်ပြီ
တံတားထိပ်မှာ ထမင်းချက်မလို့
ဟင်းရွက်ကလေးတွေ ခူးကြသည်
နေညိုညိုငယ်ရီ ရွှေဘိုသူတွေ လာပြန်ပြီ
တံတားထိပ်မှာ ထမင်းချက်မလို့
ဟင်းရွက်ကလေးတွေ ခူးကြသည်
ကဗျာစီ ဆန်းပေါ်သ၍ နန်းတော်ရှေ့စီရေးသည် ၊
လာပြီ ဆန်းပေါ်သရွေ့နန်းတော်ရှေ့စီရေးသည်
ကံဆုံ ရန်ကုန်မြို့ကကြည့်ရန်လာပြန်သည်
သတင်းမြတ်စကား အင်း၀တံတားဟု
နှုတ်ဖျားအောင်လံချီ။
Music uploaded by Dr Hla Bu
