၁
လူမျိုးတုံးသတ်ဖြတ်မှု ICJ ဆုံးဖြတ်ချက်နဲ့ နိုဝင်ဘာ ၂၁ RFA အထူးအစီအစဉ်
https://youtu.be/tb72HeiKwzk?is=_01ggNEqQhMUt5SG
RFA ရေဒီယိုနဲ့ရုပ်သံ အထူးအစီအစဉ် ၂ဝ၂၆ နိုဝင်ဘာ ၂၁ ရက်၊ စနေနေ့
မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်လိုက်တဲ့အပေါ် တုံ့ပြန်ချက်တွေအကြောင်းနဲ့ ထူးခြားတဲ့ သတင်းတွေကို တင်ပြထားပါတယ်။
RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။
သတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
………………………Subscribe ▶
၂
BBC News မြန်မာ
https://www.youtube.com/live/NRxg0iO-gtc?is=hGxVo0Ac5AnfkrhP
- ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ ICJ အမိန့်ချမှတ်မှုဟာ တရားမျှတမှု မရှိဘူးလို့ နေပြည်တော် သမ္မတရုံးပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။
- ICJ အမိန့်ဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရေး အရေးပါတဲ့အပြင် ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ ဖန်တီးပေးရမယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောပါတယ်။
- အိုင်စီဂျေ အမိန့်ချခဲ့ပြီးမှာ ဒီအမှုကို နဂိုတည်းက သွားရောက် ခုခံချေပတာ မလုပ်ခဲ့သင့်ဘူးလို့ ဝေဖန်သူတွေ ရှိသလို ဒါက ချေပတာ မှန်တယ်လို့ ပြောတာတွေလည်း ရှိပါတယ်။
…………
၃
ကမ္ဘာ့သမိုင်းဝင် ICJ စီရင်ချက်နှင့် မြန်မာ့အနာဂတ်
https://youtu.be/y2Uu298y5_0?is=rWvlzQHExvx5-dRw
The Kaladan Post မှ စီစဉ်တင်ဆက်သည့် “ကမ္ဘာ့သမိုင်းဝင် ICJ စီရင်ချက်နှင့် မြန်မာ့အနာဂတ်” အထူးစကားဝိုင်းဆွေးနွေးပွဲ (၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်)
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ မြန်မာနိုင်ငံ၏ ICJ အမှု စီရင်ချက်ရလဒ်၊ ခေတ်အဆက်ဆက် တာဝန်ရှိသူများ၏ တာဝန်ခံမှုနှင့် မြန်မာ့နိုင်ငံရေး၊ ပြည်တွင်းတရားမျှတမှုနှင့် နိုင်ငံတကာဆက်ဆံရေးအပေါ် သက်ရောက်လာနိုင်ခြေများကို ကျွမ်းကျင်သူများနှင့်အတူ ဆွေးနွေးသုံးသပ်ထားပါသည်။
ပါဝင်ဆွေးနွေးသူများ (Panelists)
🔹 ဦးတိုးကျော်လှိုင် – ကောင်စီဝင်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)
🔹 Nay San Lwin – Co-Chair, Arakan Rohingya National Council (ARNC)
🔹 Sithu Maung – ပြောရေးဆိုခွင့်ရှိသူ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH Spokesperson)
🔹 တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး – ဥပဒေအကြံပေး၊ အပြည်ပြည်ဆိုင်ရာဥပဒေများကော်မရှင်
အစီအစဉ်တင်ဆက်သူ (Host)
🔸 Salai Dokhar – အယ်ဒီတာချုပ်၊ The Kaladan Post
📌 မှတ်ချက် – အစီအစဉ် ထုတ်လွှင့်စဉ် အင်တာနက်လိုင်း အခက်အခဲကြောင့် အချို့နေရာများတွင် အသံပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကြည့်ရှုနားထောင်သူများ အဆင်ပြေချောမွေ့စေရန် အဆိုပါ အသံပြတ်တောက်သည့် အပိုင်းများကိုသာ ပြန်လည်တည်းဖြတ် (Edit) ၍ တင်ဆက်ထားခြင်း ဖြစ်ပါသည်။
🔔 The Kaladan Post ၏ သတင်းနှင့် အထူးအစီအစဉ်များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရန် Channel ကို Subscribe ပြုလုပ်ထားနိုင်ပါသည်။
📌 Facebook Page: [The Kaladan Post Facebook Link ထည့်ရန်]
TheKaladanPost #ICJ #Myanmar #Justice #TalkShow #ChinMedia
……………
၄
DVB TV News
ICJ၏ သမိုင်းဝင် ICJ ဂျီနိုဆိုက် စီရင်ချက်နှင့် မြန်မာ့အနာဂတ်
https://youtu.be/Sz6Mm_jMmjI?is=MrHcqL_64gxEJZ6L
မြန်မာနိုင်ငံဟာ ၂၀၁၆ ခုနှစ်က စပြီးဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က နိုဝင်ဘာလ ၁၉ ရက်နေ့ ဒီနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။ အဲဒီလို အမိန့်ချမှတ်လိုက်တဲ့အခြေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေတစ်ဦး၊ နိုင်ငံတကာဆက်ဆံရေး ကထိက ဒေါက်တာသန်းလွင်ဦးနဲ့ ဆစ်ဒနီတက္ကသိုလ်က နိုင်ငံရေးနှင့်မူဝါဒ သုတေသီ ဒေါက်တာ စိုင်းကြည်ဇင်စိုးတို့နဲ့ DVB က စီစဉ်တင်ဆက်သူ စိုင်းခေတ်နွေက ဆွေးနွေးထားပါတယ်။
dvbtvnews #ICJ #genocideprevention #genocide #myanmar
DVB TV – 19.11.2026
📣 Support DVB – https://burmese.dvb.no/membership
📣 Subscribe – / @dvbdigital
📣 Follow – https://t.me/dvbtvnews
✅ DVB Burmese – https://www.dvb.no
✅ DVB English – https://english.dvb.no
🚨 About DVB
………………
