၁၂ လရာသီ ပွဲတော်များ။ ခေတ်အဆက်ဆက် သီတင်းကျွတ် လ မီးထွန်းပွဲတော် များ ။

“ခေတ်အဆက်ဆက်သီတင်းကျွတ်မီးထွန်းပွဲတော်”
‘”””””””””””””””””””””””””””””””””””””””””””‘””””””””””””””””””””””””””””””””””
“သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ
စာပုလွေခင်း၊ ပဉ္စင်းတော်ခံ
စာရေးတံနှင့်၊ မြစ်ယံပွဲကြီး
ဆီမီးထွန်းချိန်၊ ကထိန်၊ နတ်ကျင်း
မြင်းခင်းထွက်ဝင်၊ သဘင်မီးဖုံး
ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်
ဤသို့ယှဉ်သား၊ လစဉ်အမြဲ၊ ဆယ့်နှစ်ပွဲ။” အမတ် သရေသင်္ခယာ ( သာဓိန ပျို့မှ ) မြန်မာနိုင်ငံတွင် ဆယ့်နှစ်လရာသီ

အတွက် အမျိုးသားပွဲတော် ဆယ့်နှစ်ရပ်ရှိရာ သီတင်းကျွတ်လတွင် မြတ်စွာဘုရားသခင် နတ်ပြည်မှဆင်းသက်ခဲ့ဖူးသည်ကို ကြိုဆို
ပူဇော်သည့်အနေဖြင့် မီးစောင်းတန်း မီးမြင်း
မိုရ်များထွန်းညှိသည့် မီးထွန်းပွဲတော်ကို နှစ်
စဉ် ပုဂံခေတ်မှစ၍ခေတ်အဆက်ဆက် ကျင်း
ပလာခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် ကောင်းမှု့
အလှူ စာရင်း၌ “ကထိန်အလှူ ၊ပံ့သကူအလှူ ၊
မီးဖုန်းအလှူနှင့် ညောင်ရေသွန်းအလှူ “စသ
ဖြင့် တွေ့ရသကဲ့သို့ ထိုခေတ်ကရေးဆွဲခဲ့
သော ပန်းချီကားများကိုထောက်ရှု့၍လည်း ပုဂံခေတ်၌ မီးထွန်းပွဲတော်ကို ပုဂံသားတို့
ကိုယ်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း ယူဆ
နိုင်ပါသည်။ မြင်းကပါ ဂူပြောက်ကြီးဘုရာရှိ နံရံ

ဆေးရေးပန်းချီတွင် သီတင်းကျွတ်လပြည့်
နေ့၌ ဗုဒ္ဓမြတ်စွာသည် သာဝတိံသာနတ်ပြည်
မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းကြွလာပုံ
ကို ပီပြင်စွာ သရုပ်ဖော်ရေးဆွဲထားသည်ကို ကြည်ညိုဖွယ်ရာတွေ့နိုင်ပါသည်။ထိုပန်းချီ
ကားတွင် ဘုရားရှင်သည် သိကြားမင်းဖန်
ဆင်းသော ရွှေ၊ငွေ၊ပတ္တမြား စောင်းတန်းသုံး
သွယ်အနက် အလယ်ခေါင် ပတ္တမြားစောင်း
တန်းမှဆင်းသက်လာပုံကို သရုပ်ဖော်ထား
သည့်အပြင် ပဉ္စသီခမည်သော ဂန္ဓဗ္ဗနတ်
သားက နတ်စောင်းတီးကာ ပူဇော်၍လည်း
ကောင်း၊ မာတလိနတ်သားက ပန်းနံ့သာတ်ို့
ဖြင့် ရှိခိုး၍လည်းကောင်း၊ သုယာမနတ်သား
က စာမရီသားမြီးယပ်ဖြင့် ယပ်၍လည်း
ကောင်း၊ သဟံပတိဗြဟ္မာကြီးက ထီးဖြူ
တော်မိုး၍ လည်းကောင်း မြတ်စွာဘုရား
အား ခြံရံလိုက်ပါလာကြပုံကို ညွတ်နူးကြည်
ညိုဖွယ်ရာ ရေးဆွဲထားသည်။ ထို့ကြောင့် ပုဂံသားများသည် သီတင်း

ကျွတ်လပြည့်နေ့ကိုအထူးအလေးထား
ကြောင်းသိနိုင်သလို ပုဂံရှိအခြားနံရံဆေး
ရေးပန်းချီများတွင်လည်း ဆီမီးခွက်များ
ထွန်းညှိပူဇော်နေပုံကို တွေ့ရသဖြင့် ပုဂံခေတ်
ကပင် သီတင်းကျွတ်ဆီမီးထွန်းပူဇော်ပွဲကို
ပြုလုပ်ကြမည်ဟု ယူဆနိုင်ပါသည်။
ပင်းယခေတ်၊အင်းဝခေတ်၊တောင်ငူခေတ်၊
ညောင်ရမ်းခေတ်တို့၌လည်း သီတင်းကျွတ်ဆီမီးမြင်းမိုရ်ပွဲ ခေါ် မီးထွန်းပွဲတော်ကို ဘုရင်
များကိုယ်တိုင် ဦးစီးပြုလုပ်ကျင်းပခဲ့ကြ
ပါသည်။ ထိုခေတ်က မင်းရင်ပြင်၌ အလွန်
မြင့်မားသော ပြသာဒ်ကြီးများကို တည်
ဆောက်၍ လှေကားသုံးသွယ်ဆင်ယင်ပြီး
လျှင် ဆီမီးများထွန်းညှိ ပူဇော်လေ့ရှိသည်။ ဤသို့ဆီမီးမြင်းမိုရ်ပွဲသဘင်ကို ဘုရင်ကိုယ်တော်တိုင်လေးစားစွာ ကျင်းပလေ့ရှိ

ခြင်းကြောင့် မင်းနေပြည်အပြင် အခြားမြို့
ရွာများတွင်လည်း အလားတူပွဲသဘင်များ
ဆင်ယင်ကျင်းပလေ့ရှိပါသည်။အင်းဝ
ခေတ်တွင်ကျင်းပပြုလုပ်ခဲ့သော သီတင်း
ကျွတ်မီးထွန်းပွဲအကြောင်းကို အင်ရုံဝန်ကြီး
သီရိဥဇနာ ၏ လောကဗျုဟာကျမ်းတွင်
အောက်ပါအတိုင်းဖော်ပြခဲ့ပါသည်။

“အင်းဝခေတ် တနင်္ဂနွေမင်းလက်ထက် မီးထွန်းပွဲ”
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
” သီတင်းကျွတ်လဆန်း ၈ ရက်နေ့ကစ၍ လွှတ်တော်ရှေ့တွင် ဆီမီးမြင်းမိုရ်ဝင်းခင်း
ရန် မင်းဝင်းစချီတို့ကြပ်မ၍ဝင်းတော်သား
များကလုပ်ကိုင်ရသည်။ဆီမီးခွက်များနှင့်
မီးစာတို့ကို တိုက်တော်မှထုတ်ပေး၍ လ
ပြည့်ကျော်၁ရက် ၂ရက် ၃ရက်၊ ဝင်းတော်
သားတို့က ထွန်းညှိပူဇော်ရသည်။လွှတ်
တော်ရှေ့ဝဲဘက်၌ သဘင်တော်၄တဲ၊လက်
ယာဘက်၌ သဘင်တော်၅တဲကို ဝါးသက်
ငယ်ပေး၍ သူရဲငါးဝန်သားတို့အား ဆောက်
လုပ်စေသည်။သီတင်းကျွတ်လဆန်း၁၄
ရက်မှ လပြည်ူ့ကျော် ၁ရက်နေ့အခါ၃ရက်
တွင် မြို့တွင်းရွှေစည်းခုံ၊ ကူတော်သစ်၊ မာရ်
အောင်ရတနာ၊ရွှေရင်းရဲရန်အောင်မြင်၊မဟာ
မြတ်မုနိ၊တန်တားဦး၊ မင်္ဂလာစေတီ၊ပင်းယ
ရွှေစည်းခုံ၊ တူရွင်းခြေဘုရား၊စစ်ကိုင်းချမ်း
သာကြီး၊ရှင်ဖြူရှင်လှ၊ပုညစေတီ၊ပတ္ထမြား
စေတီ၊ရာဇစူဠာမဏိ ဘုရားများ၌ ဘုရား
တစ်ဆူလျှင် ပြသာဒ်ဆီမီးခွက်၁၀၀၊မီးစာ
စုံဆီ၃ပိဿာ၊ မီးထွန်းကြပ်သွေးသောက်စု မြင်းသည်တော်ရွှေပန်းပန်၂ယောက်စီခန့်
၍ ၃ရက်ဆီမီးပူဇော်ရ၏။”

“ဘိုးတော်ဘုရားလက်ထက်မီးထွန်းပွဲ”
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား
လက်ထက်ထင်ရှားသည့်စာဆိုတော် ဦးယာ
ကလည်း…

“ကြော်သဲအုတ်အော်၊ပူဇော်ဆီမီး
ညီညီးဝင်းဝင်း ထွန်းလင်းရောင်ရှိန်
အာလိန်ငါးဆင့်၊ ရွှန်းရွှန်းတင့်သား
နတ်မင်းစံရာ ဝတိံသာသို့
လေးဖြာရောင်စို မြင်းမိုရ်ပွဲကြီး” ဟု
ကုန်းဘောင်ခေတ် အလယ်ပိုင်း၌ သီတင်း
ကျွတ်လမီးထွန်းပွဲကို လူးတားဖြင့် ဖွဲ့ဆိုခဲ့
သည်။ထို့ပြင် ထိုခေတ်က မီးထွန်းပွဲတော်၌
အမရပူရမြို့တော်နေ ပြည်သူတို့ လှပစွာ
ဝတ်စားဆင်ယင်ကာ မောင်မယ်စုံတွဲ၍
ဆင်နွှဲကြပုံကိုလည်းဦးယာက ဆက်လက်
မှတ်တမ်းတင်ခဲ့သည်။
“သက်မျှကြင်သူ ဆင်းရွှေအူနှင့်
အတူတကွမောင်ကတိုင်မြှောက်
မယ်ကထောက်၍ နှစ်ယောက်စုံလင်
စွယ်တော်စင်၌ ပန်းတင်ရေသွင်း
ဆုယူညွှန်းသည် ပြောင်ရွှန်း
ဆီမီးတိုင်နှင့်လေ၊ကြာခိုင်တည့်လျှံဝင်း
ကျွတ်သီတင်း။”

“မင်းတုန်းမင်းလက်ထက်မီးထွန်းပွဲ”
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မင်းတုန်းမင်းတရားကြီး လက်ထက်
တွင်လည်း သီတင်းကျွတ်လ၌ မင်းတရား
မယ်တော်က ရွှေနန်းတော်ကြီးမှသည် ခမည်း
တော်မင်းတရားကြီးကုသိုလ်တော် ဇောင်း
ကလောကန်ဦး လောကစူဠာမဏိ စေတီ
တော်အရောက် မီးစောင်းတန်းကြီးကိုလည်းကောင်း၊ တောင်ဆောင်တော်၊မြောက်
ဆောင်တော် စသည်တို့မှလည်း ရွှေနန်းတော်
ကြီးမှ ရွှေမြို့တော်လေးထောင့် ရွှေကွန်အုပ်
ဘုရား၊ရွှေစံကားဘုရား၊ရွှေလင်းပင်ဘုရား၊
ဆင်ကြိုးရွှေဂူဘုရားများသို့ အရောက် မီးစောင်းတန်းကြီးလေးသွယ်တို့ကို လည်း
ကောင်း အသီးသီးထွန်းညှိပူဇော်လေ့ရသည်။ မြန်မာရာဇဝင်များတွင် အထင်အရှား

မှတ်တမ်းတင်ခဲ့သော သီတင်းကျွတ်လ
မီးထွန်းပွဲတော်များအနက် သီပေါမင်းလက်
ထက် မြန်မာသက္ကရာဇ်၁၂၄၄(ခရစ်-၁၈၈၂)
ခုနှစ် သီတင်းကျွတ်လ၌ကျင်းပခဲ့ပုံကို
ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး၌
အောက်ပါအတိုင်း ဖော်ပြထားပါသည်။

“သီပေါမင်းလက်ထက် မီးထွန်းပွဲ”
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သီတင်းကျွတ်လအခါ ဆီမီးမြင်းမိုရ်
ထွန်းညှိပူဇော်ခြင်း၊မင်းပွဲသဘင် ဆင်ယင်
တော်မူမြဲထုံးစံအတိုင်း ဆီမီးမြင်းမိုရ်ထွန်း
ညှိပူဇော်ရန် နန်းမြို့တော်အတွင်း လွှတ်
တော်မြောက်တွင် အရှေ့မြင်းမိုရ်နှင့်ရုပ်စုံ
စင်၊အနောက်စမုတ်ဆောင်တော်ရှေ့ ယာ
ဘက်တွင် အနောက်မြင်းမိုရ်နှင့်ရုပ်စုံစင်၊
ဝင်းတော်လေးမျက်နှာတွင် ရွှေဆင်တော်
ထားရန် တန်ဆောင်းလေးရပ်နှင့် ရုပ်စုံစင်
အထူးပူဇော်တော်မူရန် မြေနန်းတော်ယာ
ဘက်တွင် ယာယီစံနန်းတော်နှင့်တကွ
အရှေ့ဝင်္ကဘာတော်၊ အနောက်စမုတ်တော်
ဝဲယာတွင် လေးကျွန်းမြင်းမိုရ်ဝင်္ကဘာတော်၊
ပွဲသဘင်ခင်းရန် တောင်နန်းတော်ဦးပွဲကြည့်
ဆောင်တော်ရှေ့တွင် စက်ယန္တယားများ
ဖြင့်လုပ်ဆောင်ရသော ပါရသီဇာတ်ရုံတော်
ကြီးနှင့် ဇာတ်ရုံရှေ့ဝဲယာခွဲဝေဖွင့်လှစ်ထား
နိုင်သော အခြေစက်ဘီးတပ် လက်ယှက်
ရုပ်စုံစင်တော်များဆောက်လုပ်ထားရှိသည်။ တစ်ဆယ့်ခြောက်ဋ္ဌာန ဘုရားရှင်များ

တွင် ပွဲသဘင်ခင်းကျင်းရန် ရုပ်စုံစင်တော်၊
အလုပ်အဆောင်များနှင့် မြင်းဝန်အရာရှိ
ကျီတော်အရာရှိများက လုပ်ဆောင်ကြီး
ကြပ်စေသည်။မီးပဒေသာ၊မီးဥပါ စသော
မီးမျိုးစုံတို့ကို တရုတ်၊ကုလား၊ယိုးဒယား၊
လင်းဇင်း မီးပန်းအရာရှိများက တဆယ့်
ခြောက်ဋ္ဌာနဘုရာရှင်များသို့ မီးစောင်းတန်း
သွယ်၍အထူးမီးပူဇော်ရန်။ မှန်မီးပေါင်း
ကျောက်ဖယောင်းတိုင်သေတ္တာများနှင့်
ရွှေနန်းတော်ကြီးမှ မဟာမြတ်မုနိဘုရား
တလျှောက်သွယ်တန်းသည့် မီးစောင်းတန်း
မှာ ဝဲယာဆီမီးတိုင်များ၌ တတိုင်လျှင်
တခုစီ ပန်းမျိုးစုံဖြင့်လုပ်ဆောင်အပ်သော
ပန်းထီးအမျိုးမျိုး ပန်းဆိုင်းပန်းတံခွန်
အမျိုးမျိုးများကို ရွှေတိုက်တော်အရာရှိ
တို့က အသီးသီး ပွဲတော်အခါမတိုင်မီပြီး
ပြေအောင် စရိတ်ငွေတော်ထုတ်၍ လုပ်
ဆောင်ရန်အသင့်ရှိစေပြီး သီတင်းကျွတ်လဆန်း၉ရက်မှစ၍ ၁၄ရက်နေ့အထိ ဝင်းတော်လေးမျက်နှာရုပ်စုံစင်များက ညစဉ် တပြိုင်
နက်တည်း ရုပ်စုံပွဲခင်းကျင်းပြသရသည်။ အရှေ့အနောက်မြင်းမိုရ်များ အရှေ့

အနောက်ဝင်္ကပါတော်များမှာ လပြည့်
ကျော်တစ်ရက်နေ့ညမှ သုံးရက်နေ့အထိ
တပြိုင်နက်တည်းဆီမီးပူဇော်စေသည်။
ယိုးဒယားဇာတ်ကြီးအတီးအက၊ မြန်မာ
ဇာတ်ကြီးအတီးအက၊ ကျွမ်းထိုး။တိုင်
တက်။ကြိုးတန်းလျှောက် တရုတ်နဂါး
အတီးအကအစုံ ခင်းကျင်းပြသရသည်။
တဆယ့်ခြောက်ဋ္ဌာနဘုရားများတွင်
မှုးတော်မတ်တော်အရာရှိတို့ကို ခွဲဝေ
စောင့်ကြပ်နေစေပြီး ရုပ်စုံပွဲများ ညစဉ်
ခင်းကျင်းပြသစေသည်။ရွှေနန်းတော်မှ
ဆယ့်ခြောက်ဋ္ဌာန မီးစောင်းတန်းလမ်း
တလျှောက် တညဉ့်လုံး ဗုံရှည် ဒိုးပတ်
အိုးစည် တီးမှုတ်မျိုးစုံငါးဆယ်ကျော်
အတီးအက လူငါးရာကျော်တို့ကိုတီးမှုတ်
ကခုန်မပြတ်စေရ ညစဉ် ပုဆိုး ပုဝါ
အကျီ တထည်စီနှင့် ငွေကျပ်သုံးဒင်္ဂါး
နှစ်ပြားစီ ဆုတော်အသနားခံရသည်။ အတွင်းတော် လွှတ်တော်များကလည်း

မီးစောင်းတန်းလမ်းတလျှောက် မီးပွင့် မီး
အိမ် မီးပုံးများအပျက်အယွင်း အငြိမ်းအစဲ
မရှိစေရန် ဝန်စုဗိုလ်စုတို့အလှည့်ကျကြည့်ရှု့
နှိုးဆော်စေရသည်။ အရှေ့အနောက် ဝင်္က
ပါတော်များသို့ အရှင်နှစ်ပါးလှည့်လည်
ကြည့်ရှု့ကြည်ညိုတော်မူရာ အနောက်ဝင်္က
ပါ နှစ်ရပ်၌ အထူးစီမံခင်းကျင်းထားသည်
မှာ ယာဘက်လေးကျွန်းမြင်းမိုရ် ဝင်္ကပါ
တော်တွင် ရှေးဦးတွေ့ရသောပထမကျွန်း၌
သစ်သီးမျိုးစုံ အခြားကျွန်းများ၌ မုန့် ယို
အချို အဆိမ့်စားသောက်ဖွယ်အမျိုးမျိုး
နှင့် အလယ်ရှိ မြင်းမိုရ်နေရာ၌သာက်ရှုသော
အခါကွဲသည့်ဗြောက်ထည့်ထားသောဆေး
လိပ်များ။ဆေး ကွမ်း လက်ဖက်ပွဲအမျိုးမျိုးခင်းကျင်းထား၏။ ဝဲဘက် လေးကျွန်းမြင်းမိုရ်တွင် ပထမ

ကျွန်း၌ မုန့်သေတ္တာများ၊ရေမွှေးဗူးမျိုးစုံစု
ပုံထားလျှက် ဒုတိယကျွန်းဋ္ဌာနတွင်ပိတ်
အုပ်အမျိုးမျိုး သက္ကလတ်ရောင်စုံထည်
များထားရှိပြီး တတိယကျွန်းဋ္ဌာနတွင် ပုံစံ
တူစက္ကူ ဗူးများအတွင်း ချည်ပုဝါအုပ်ပိုးပု
ဝါအုပ် ဖဲပုဝါအုပ်များထည့်သွင်းစုပုံထား
ကာ စတုတ္ထကျွန်းဋ္ဌာန၌ ပိုးပုဆိုး ဖဲပုဆိုး
ချည်ပုဆိုး လွန်းချိတ်ထဘီ ဗလာထဘီ သင်္ဘောချည်ထဘီများရောနှောထည့်သွင်း
စုပုံထားရှိသည်။ပဉ္စမမြင်းမိုရ်ဋ္ဌာနတွင်
ငွေဒင်္ဂါးတစ်ထောင်အိတ်၊ကြေးပိုက်ဆံ
တစ်ထောင်အိတ် ဒင်္ဂါးပိုက်ဆံရောရာ
တစ်ထောင်အိတ်များ ကျောက်ဖယောင်း
တိုင်သေတ္တာများတွင်ထည့်သွင်း စုပုံထား
စေသည်။ ရှေးဦးစွာအရှင်နှစ်ပါးထွက်တော်မူ

ပြီး ဋ္ဌာနကုန်လှည့်လည်ကြည့်ရှု့ပြီးသော
အခါ နောက်တော်ပါ သားတော်သမီးတော်
များ အပျိုတော်များ အတွင်းဝန် သံတော်
ဆင့် လက်သုံးတော်ကြီး ဝန်စု ဗိုလ်စုတို့ကို
လည်း ရောက်ရာဋ္ဌာနတိုင်းမှ စားသောက်
ဖွယ်ရာများအလိုရှိသမျှ စားသောက်ယူ
ငင်စေပြီး ဝဲဘက်ဝင်္ကဘာတော်သို့ကူး
ပြောင်းထွက်တော်မူ၍ အလိုရှိရာ ယူနိုင်
သမျှယူငင်စေရန်အခွင့်ပေးလေသည်။
အချို့လည်း ပထမဋ္ဌာန ဒုတိယဋ္ဌာနတို့မှ
သယ်နိုင်သမျှသယ်ခဲ့ကြပြီး နောက်ဌာန
များတွင်လောဘအလျှောက်ယူငင်ကြရာ
မနိုင်မနင်းအလဲလဲအပြိုပြိုရှိကြလေသည်။
အလုံးစုံယူပြီးသေတ္တာများကို အရှင်နှစ်
ပါးရှေ့မှောက်ဖွင့်ဖောက်ရာ မှုးတော်မတ်
တော်ဗိုလ်စုအချို့လည်း မိန်းမဝတ်ထဘီ
များရရှိကြပြီး မင်းသမီးအပျိုတော်များအ
ချို့လည်း ယောင်္ကျားဝတ်ပုဆိုးများရရှိ
ကွ၏။ မြို့တော်တွင်း၌လည်း တဋ္ဌာနမှ

တဌာန တလမ်းမှတလမ်း ဆင်၊မြင်း၊ရထား
ခြေလျင်အားဖြင့် သွားရောက်လှည့်
ပတ်ကြည့်ရှု့ကြကုန်သောပရိသတ်တို့မှာ
တဦးနှင့်တဦး မလွှဲမရှောင်သာအောင်
ရှိကြသောဟူ၏။မီးစောင်းတန်းသွယ်တန်း
ပူဇော်တော်မူရန် အရပ်ရပ်မီးစောင်းတန်း
လမ်းအရှည် တာပေါင်း ၁၆၀၀၀ ရှိရာ တစ်
တာလျှင်၃လုံးကျ မီးအိမ်လုံးရေ ၄၈၀၀၀။
တစ်ညလျှင်၄ လဲကျ ၆ညသင့် ကျောက်ဖယောင်းတိုင်ပေါင်း ၁၁၅၂၀၀၀ ပန်းထီး
ပေါင်း၉၀၀၀ ပန်းတံခွန်၉၀၀၀ ကျော်ကုန်
သည်ဟု စာရင်းကိုလည်း လွှတ်တော်မှတ်
တမ်းစာရင်းများအရသိရှိရသည်။ ဘုရားရှင်တာဝတိံသာသို့ ကြွမြန်း

တော်မူပုံနှင့်သင်္ကဿပြည်သို့ ကြွဆင်းတော်
မူပုံ အခမ်းအနားဖြစ်သော တာဝတိံသာပွဲကို ကုန်းဘောင်ခေတ်မှတ်တမ်းများ၌ အသေး
စိတ်ဖော်ပြထားသည်ကိုမတွေ့ရသော်လည်း အင်းဝခေတ် ကုန်းဘောင်ခေတ်များက
အတိုင်းဗြိတိသျှကိုလိုနီခေတ် တွင်လည်း
ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ပုံကို ရွှေရိုး
အမည်ခံ အင်္ဂလိပ်စာရေးဆရာကြီး
Sir Jame George Scott က “ဗမာ”
(The Burman)စာအုပ်တွင် အသေးစိတ်
မှတ်တမ်းတင်ခဲ့ပါသည်။

” ဗြိတိသျှ ကိုလိုနီခေတ် မီးထွန်းပွဲတော် “
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
တာဝတိံသာပွဲ(သို့)ဆီမီးမြင်းမိုရ်ပွဲ
များကျင်းပရန်ရန်ကုန်မန္တလေးအစရှိသည့်
မြို့ကြီးများနှင့် အခြားမြို့ပြကျေးရွာများ
အနှံ့လည်းကျင်းပလေ့ရှိသည်။တအိမ်
တက်ဆင်းအလှူ ငွေကောက်ခံကာ ရရှိ
သည့်ငွေအင်အားကိုလိုက်၍ ပေ၂၀မှ ပေ၅၀-၆၀အထိမြင့်သော မြင်းမိုရ်တောင်
ပုံဝါးစင်မြင့်ကြီးထိုးထားသည်။ ထိပ်တွင်
ဘုံခုနှစ်ဆင့် ပြသာဒ်ထားရှိသည်။ပြသာဒ်
တွင် ဘုရားသခင်ကျိန်းဝပ်ရန်ပလ္လင်တော်
ထားရှိ၏။မြင်းမိုရ်တောင်နံပါးတွင် နဂါး
ဂဠုန် ဂုမ္ဘဏ် ယက္ခ ဂန္ဓဗ္ဗတို့အသီးသီးကင်း
စောင့်ကြသည့် အာလိန်ငါးဆင့်ထားသည်။မြင်းမိုရ်တောင်တစ်ဘက်တွင် ရွှေစောင်း
တန်းငွေစောင်းတန်းပတ္တမြားစောင်းတန်း
ဟူသော နတ်လမ်းသုံးသွယ်ထားရှိသည်။ ထိုသို့မြင်းမိုရ်တောင်လုပ်စဉ် အရပ်

ထဲမှကာလသားများက သိကြား ဗြဟ္မာ
ဝိသကြုံ ပဉ္စသီခ နဂါး ဂဠုန် ဂုမ္ဘဏ် ယက္ခ
ဂန္ဓဗ္ဗစသည့်ဇာတ်လိုက်အမျိုးမျိုးအဖြစ်
ဝင်ရောက်ကခုန်သီဆိုနိုင်ရန်လည်း ဇာတ်
တိုက်ကြရသည်။ပွဲတော်ပထမနေ့ ည၈နာ
ရီခန့်တွင် ဘုရာရှင်၏ရုပ်ပွားဆင်းတုတော်
ကို အတီးအမှုတ်အကအခုန်များဖြင်ပြင့်
ဆောင်လာကြပြီး လှပတင့်တယ်စွာဆောက်
လုပ်ထားသော တာဝတိံသာဘုံနန်းသို့ ပန်း
ရထားဖြင့် တဖြည်းဖြည်းဆွဲတင်ပင့်ဆောင်
ကြသည်။ ငြိမ့်ငြောင်းသောအတီးအမှုတ်
သံများဖြင့် သာယာစွာပူဇော်ကြကုန်၏။ တာဝတိံသာဘုံနန်းအထိမပင့်သေးပဲ မြင်းမိုရ်တောင်ခရီးတစ်ဝက်၌ တည်ရှိသည့် ယုဂန္ဓိုရ်တောင်နေရာ၌ နာရီဝက်ခန့်ခတ္တ

ရပ်တန့်ပူဇော်ပြီးနောက် တာဝတိံသာသို့
ဆက်လက်ပင့်ဆောင်တော်မူကြသည်။
ထိုနေ့ညတစ်ညလုံး တာဝတိံသာဘုံနန်း
ပြသာဒ်ပလ္လင်တော်ပေါ် ကိန်းဝပ်စံပယ်
တော်မူပြီး ဒုတိယနေ့ည၌ အခမ်းအနား
အတိုင်းလူ့ပြည်သို့ တဖြည်းဖြည်းပြန်လည်
ကြွဆင်းတော်မူရာ ထိုနှစ်ရက်လုံးတွင်
ဘုရားရှင်၏ ရုပ်ပွားစေတီတော်များနှင့်
ရဟန်းသံဃာတော်များအား ဒကာဒကာမ
များက မရေမတွက်နိုင်အောင်များမြောင်
လှသည့် လှူ ဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ဖြင့်
လှူဒါန်းပူဇော်ကြပါသည်။ လှူ ဖွယ်များမှာ ဖယောင်းတိုင် မီးခြစ်

ဆပ်ပြာစသည့်အသေးအဖွဲပစ္စည်းများမှစ၍
ဖျာ ခြုံစောင် သင်္ကန်းငွေပဒေသာပင် စသောအဖိုးတန်ပစ္စည်းများလည်းပါဝင်သည်။သဒ္ဓါထက်သန်သူများက ထိုနေ့များ၌ တနေ့လုံး
တညလုံး စားဖွယ်သောက်ဖွယ်အမျိုးစုံ နှင့် လက်ဖက်ကွမ်း ဆေး စသည့်အရပ်လေး
မျက်နှာမှ လာသူတိုင်းအဆင်သင့်စားသုံး
နိုင်ရန် နိဗ္ဗာန်စျေးတန်းများ တည်ခင်းဧည့်
ခံကြလေသည်။ တတိယနေ့ နံနက်စောစော
တွင် ဘုရားရှင်၏ ရုပ်ပွားတော်ကို စောင်းတန်း
မှပင့်ယူတော်မူကြပြီးတစ်မြို့လုံးသို့ လှည့်
လည်အပူဇော်ခံတော်မူသည်။ထိုအခါ ဘုန်း
တော်ကြီးများက သပိတ်ကိုယ်စီပိုက်လျှက်
ရုပ်ပွားတော်နောက်မှ တန်းစီလိုက်ပါလာကြ
ရာ ဗုဒ္ဓဘာသာဝင် ဒကာဒကာမအပေါင်းက
လှူ ဒါန်းဖွယ်ရာအဖြာဖြာတို့ကို လမ်းနံဘေးမှ လောင်းလှူ ပူဇော်ကြသည်။

” လွတ်လပ်ရေး ရပြီးခေတ် မီးထွန်းပွဲတော် “
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး
နောက်ပိုင်းတွင် သီတင်းကျွတ်မီးထွန်းပွဲ
တော်ကျင်းပပုံသည် ရှေးခေတ်များနှင့်
အတော်ခြားနားသွား၏။ ဆီမီးမြင်းမိုရ်ပွဲ တာဝတိံသာပွဲများမပြုလုပ်ကြတော့ပဲ
ဆီမီးရောင်စုံ ဖယောင်းတိုင်မီးလျှပ်စစ်မီး
များကိုသာ ထွန်းညှိပူဇော်ကြပေသည်။
အများအားဖြင့် ပွဲတော်နှင့်သက်ဆိုင်သော
ကုသိုလ်အာရုံဖြစ်န်ိုင်စရာ သရုပ်ဖော်ခြင်း
ထက် ပျော်ပွဲရွှင်ပွဲများသို့အလေးပေးလာ
ကြသည်။ကျေးလက်တောရွာ နယ်မြို့များ
တွင်လည်းအိမ်တိုင်းစေ့ လျှပ်စစ်မီး
ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်လေ့
ရှိကြသည်။ ရန်ကုန်မြို့အပါအဝင်မြို့ကြီး
များ၌လမ်းအသီးသီးအလိုက် အဝင်မုခ်ဦး
များလှပစွာဆောက်လုပ်ကာ မီးထွန်းပွဲများ
ကို တေးသီချင်း သရုပ်ဖော် ကဇာတ်
များဖြင့် ပျော်ရွှင်စည်ကားစွာကျင်းပ
ကြသည်။ ၁၉၅၉ခုနှစ်သီတင်းကျွတ်လဆန်း၁၄

ရက် ရန်ကုန်မြို့တော်၌ ဆီမီးထွန်းညှိပူဇော်
ကြရာ မြို့တော်ခန်းမကြီးတွင် ရောင်စုံမီးလုံး၄၅၀၀ကျော်မီးချောင်း၁၀၀ ဆလိုက်
မီးများလှပစွာထွန်းညှိထားကာ ရွှေတိဂုံစေ
တီတော် နောင်တော်ကြီးစေတီတော် နှင့် စေ
တီရံများတွင် မာကျုရီမီးလုံးများ ၁၀၀၀အားဆလိုက်မီးမောင်းများထွန်းညှိပူဇော်ထား
သည်။ရင်ပြင်တော်ပေါ်တွင် ဆီမီးပူဇော်သူ
များအလွန်များပြား၍ တန်ဆောင်းများ
အပြည့် ညအိပ်ဘုရားဝတ်တက်သူများ
လည်းရှိကြသည်။ ဗိုလ်တထောင် ဆူးလေ
ငါးထပ်ကြီး ခြောက်ထပ်ကြီး ကမ္ဘာအေး
စသည့်စေတီပုထိုးများတွင်လည်း မီးပူဇော်
သူများဖြင့် အလွန်စည်ကားလှပေသည်။ အလုံ စမ်းချောင်း ကြည့်မြင်တိုင်

ကမာရွတ် ပုဇွန်တောင် ရေကျော် ဗဟန်း
စသည့်ရပ်ကွက်အသီးသီး၌လည်းကဇာတ်
တေးသရုပ်ဖော် ဟာသပြဇာတ်များ အက
ပဒေသာ ရေဒီယိုနှင့်ဓါတ်ပြားအဆိုကျော်
တို့၏ တေးသံစုံများဖြင့် ဖျော်ဖြေကြလေရာ
လူထုပရိသတ်စည်ကားလှသည်။ ဤသီတင်းကျွတ်မီးထွန်းပွဲတော်အစဉ်

အလာဓလေ့သည် ဘာသာရေးအထိမ်း
အမှတ် ရိုးရာပွဲတော်အဖြစ်ပျော်ရွှင်စွာ
ကျင်းပလာခဲ့သည်မှာ မြန်မာနိုင်ငံ သမိုင်း
တွင် ခေတ်အဆက်ဆက်ကြာမြင့်ခဲ့ပြီဖြစ်
သည်။ လွတ်လပ်ပြီးခေတ်မှစ၍ ဘာသာ
ရေးအထိမ်းအမှတ်အသွင်သဏ္ဍာန်များ
ထက် ပျော်ပွဲရွှင်ပွဲအသွင်ပိုဆောင်လာရာ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ပွဲတော်
ကျင်းပရခြင်း၏ နောက်ခံသမိုင်းကြောင်း
ကိုမမေ့သင့်ပဲ ဆီမီးထွန်းညှိပူဇော်ရာတွင်
လည်း မိမိတို့စိတ်ကို ဗုဒ္ဓမြတ်စွာ၏ ဂုဏ်
တော်သို့အရောက်ပို့ကာ ပူဇော်နိုင်ပါက
ပိုမိုအကျိုးရှိနိုင်ကာ ဘာသာရေး ရိုးရာ
ယဉ်ကျေးမှု့အထိမ်းအမှတ်ပွဲအဖြစ် မမေ့
မလျော့ ပျော်ရွှင်စွာ ဆင်နွှဲသင့်ကြပေသည်။

စာကိုး။ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး
(တတိယတွဲ) စာ၅၇၉-၅၈၀
ဇေယျ “မြန်မာ့မျက်ပွင့် လူ့ဓလေ့” အင်ရုံ
ဝန်ကြီးဆောင်းပါး
ဒေါက်တာသန်းထွန်း”နယ်လှည့်ရာဇဝင်”
တင်ထွေးမြန်မာပြန်”ဗမာ”Sir. Jame
George Scott”The Burman”
ဦးအေးနိုင်(ဘီအေ)”ဆယ့်နှစ်ရာသီမြန်မာ့
ရိုးရာ ပွဲတော်များ”

“ရွှေအိုးစည်” ရေး – အလင်္ကာကျော်စွာ
ရွှေပြည်အေး ဆို – မာမာအေး

Leave a Reply