FLOODS ဝါဆိုဝါခေါင် ရေဖေါင်ဖေါင် ဧရာဝတီတိုင်း ငဝန် မြစ် ရေကြီးမှု သတင်းစုံ ။ 2026 August August

ငဝန်တာ ဘာကြောင့်ကျိုးရလဲ

သတင်း | ဧရာဝတီ၊ ဩဂုတ် ၂၃၊ ၂၀၂၆

ဧရာဝတီတိုင်း ဟင်္သာတမြို့အထက်နားမှနေ၍ ဧရာဝတီမြစ်မှ ခွဲထွက်စီးဆင်းသည့် ငဝန်မြစ်ရေကြောင့် ဇူလိုင် ၃၀ ရက်က လေးမျက်နှာ မြစ်ကျိုးအင်းသဲကြော ထူးပေါက်ပြီး တာကျိုးခဲ့ရာ လေးမျက်နှာသာမက ဟင်္သာတ၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များတွင် ယနေ့တိုင် ရပ်ကွက်ကျေးရွာ ရာနှင့်ချီ ရေကြီးနစ်မြုပ်လျက်ရှိသည်။

ထိုမြစ်ကျိုးတာနေရာမှ ရေအလုံးအရင်းဖြင့် စီးဝင်မှုကို တားဆီးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက စက်ယန္တရားများဖြင့် အပူတပြင်းလုပ်ဆောင်နေသော်လည်း ရေစီးအားကြောင့် ပိုင်တိုင်များ ယိုင်လာသဖြင့် အချိန်ယူ ပြုပြင်မှသာ ရရှိမည်ဟု ဒေသခံများထံက သိရသည်။

လက်ရှိရေကြီးမှုသည် ၁၉၉၁ ခုနှစ် နဝတအစိုးရလက်ထက် လေးမျက်နှာ ထိန်ငူတာကျိုးခဲ့သော ဖြစ်စဉ်အပြီး နှစ်ပေါင်း ၃၅ နှစ်အတွင်း ထပ်မံဖြစ်သွားသည့် အဆိုးရွားဆုံး ရေကြီးရေလျှံမှုဟု ဆိုကြသည်။

ယခုလို မြေသားတမံကျိုးပေါက်ရခြင်းက ပြုပြင်ထိန်းသိမ်းမှု အားနည်း၍ ဖြစ်ကြောင်း လက်ရှိ တာကျိုးမှုကို ပြုပြင်နေပုံမှာလည်း လုံလောက် ထိရောက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။

ယခင်က ဆည်မြောင်းဦးစီးဌာနသည် ဧရာဝတီတိုင်းအတွင်း မြို့နယ်အလိုက် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ စိုက်ပျိုးရေ ရရှိရေးနှင့် ရေကြီးရေလျှံမှုကို ကာကွယ်ရန် မြစ်ကောချောင်းကောများကို ဆယ်ယူခြင်း၊ ရေငန်တားနှင့် ရေတားတမံများ ပြုပြင်ခြင်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဘတ်ဂျက် အသုံးစရိတ်နှင့် ပတ်သက်ပြီး ထုတ်ပြန်ခဲ့ခြင်းမရှိသဖြင့် မည်မျှသုံးစွဲသည်ကို မသိရတော့ပေ။

ဧရာဝတီတိုင်းမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတဦးက “ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက်မှာ နှစ်တိုင်း နွေရာသီဆို ဆည်မြောင်းက တာတွေကို လိုက်စစ်ပြီး လိုတဲ့နေရာ တွေပြင်တယ်။ ဆည်မြောင်းအတွက်လည်း အဲဒါက ဂွင် ပဲလေ။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းတော့ အဲဒါတွေ လုပ်တာ မရှိတော့ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် ဧရာဝတီတိုင်းလွှတ်တော်၌ ငဝန်တာနှင့် ပတ်သက်၍ လေးမျက်နှာမြို့နယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ်က “ဧရာဝတီတိုင်းအတွင်း ဧရာဝတီမြစ်ရေကာတာနှင့် ငဝန်မြစ်ရေကာတာတို့ကို မိုးရာသီ ရေကြီး၍ မကျိုးပေါက်စေရေး တာတမံများ ကြံ့ခိုင်မှုကောင်းမွန်စေရန် တိုင်းအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုတင်ခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင့်က ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွင်း တာတမံပြုပြင်ခြင်း လုပ်ငန်း ၇၇ ခုကို ဆောင်ရွက်မည်ဟု ပြောသည်ကို တွေ့ရ၏။

ဒေသခံများအဆိုရမူ အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစ၍ ငဝန်မြစ်ကမ်းတလျောက်ရှိ ရေကာတာဘောင်များအား ပြုပြင်ထိန်းသိမ်းခြင်း ပုံမှန်စစ်ဆေးခြင်းများ လုပ်ကိုင်သည်ကို မတွေ့ရကြောင်း သိရသည်။

လေးမျက်နှာမြို့ခံ စီးပွားရေးသမားတဦးက “နောက်ပိုင်းမှာ တာဘောင်တွေ ပုံမှန်စစ်ဆေးတာ သိပ်မတွေ့တော့ဘူး၊ ပိုက်ဆံမရှိတော့တာလည်း ဖြစ်နိုင်သလို၊ အရေးကြီးတယ်လို့ မယူဆလို့လည်း ဖြစ်နိုင်တယ်” ဟု မှတ်ချက်ပြုသည်။

ငဝန်မြစ်တလျောက်ရှိ ရေကာတာအများစုသည် ၁၈၆၉ ခုနှစ်နောက်ပိုင်း ဟင်္သာတမြို့မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နဝတအစိုးရလက်ထက် ၁၉၉၁ ခုနှစ်တွင် လေးမျက်နှာမြို့နယ် ထိန်ငူတာဘောင်ပျက်စီးကာ ဆိုးရွားသည့်ရေကြီးမှုဖြစ်ခဲ့ပြီး လူသိန်းချီ ဒုက္ခရောက်ခဲ့ရပြီးနောက် ၁၉၉၂ ခုနှစ်မှစ၍ ရေကာတာအား အကြီးစား ပြုပြင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဆည်မြောင်းအရာရှိဟောင်းတဦးက “လေးမျက်နှာမှာ ကျိုးတဲ့တာက ပြုပြင်မှုမရှိလို့ဆိုတာ ဖြစ်နိုင်တယ်။ ပုံမှန်က နှစ်တိုင်း ဆည်မြောင်းက တာဝန်ယူသူတွေ ရှိကြပါတယ်။ လေးမျက်နှာမြို့နယ် AE က EE ကို ပြောမယ် EE ကနေ ဧရာဝတီတိုင်း SE ကို ပြောမယ် ဧရာဝတီတိုင်း SE ကနေ နေပြည်တော် CE ကို ပြောမယ် နောက်ဆုံးဆည်မြောင်း ဒုဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကို ပြောမယ်၊ ဒီလိုအဆင့်ဆင့် သတင်းပို့နေမယ်ဆိုရင် ဒါလိုမျိုး ဘယ်ဖြစ်မလဲ၊ ဘတ်ဂျက်ကတော့ ဝန်ကြီး ဒုဝန်ကြီး CE တို့က အဓိကပါပဲ” ဟု ဆိုသည်။

လေးမျက်မှာမြို့မှ စတင်ဝင်ရောက်သည့်ရေများသည် ရေကြည်၊ ငါးသိုင်းချောင်း၊ ဟင်္သာတ၊ ကျုံပျော်၊ ကျောင်းကုန်း မြို့နယ်တို့ရှိ မြေနိမ့်ပိုင်းနေရာများသို့ စီးဆင်းသွားပြီး ယခုလ တတိယပတ် ဒုတိယအကြိမ် ရေထပ်တက်လာချိန်တွင် ကားလမ်းများနှင့် အမြင့်ပိုင်းနေရာများပါ ရေမြုပ်သည့်အတွက် ယခင်ရွှေ့ပြောင်းထားသော ကယ်ဆယ်ရေးစခန်းမှ အရေးပေါ် ထပ်မံ ရွှေ့ပြောင်းရသည်အထိ အခြေအနေဆိုးကြောင်း သိရသည်။

မန္တလေးတိုင်း မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုသက်ကြီးက “ကျနော်တို့ အခုစခန်းချနေတဲ့ ရေကြည်ကဆိုရင် အသုတ်၊ ကျောင်းကုန်းဘက်ကို သွားတဲ့လမ်းက ရေတအား ကျော်သွားပြီ။ ရေကြည်နဲ့ ငါးသိုင်းချောင်းဆိုရင်လည်း ရေကျော်သွားပြီ။ ဒီနေ့ဆို သွားလို့ အဆင်မပြေတော့ဘူး။ ကျနော်တို့ နောက်ဆုတ်နိုင်တာဆိုလို့ ကျုံပျော်လမ်းရှိပေမယ့် ကွင်းလမ်းတွေထဲ ရေစဝင်ပြီး ပြည့်တော့မယ်။ လမ်းကွင်းထဲ ရေပြည့်ပြီဆိုတာနဲ့ ကားလမ်းပေါ် ရေတက်လာမယ်။ အဲဒီ တပေါက် ပိတ်သွားရင် ရေကြည်၊ ငသိုင်းချောင်း နှစ်မြို့ကတော့ ရေဝိုင်းပြီး ဆက်သွယ်ရေး ပြတ်တောက်တဲ့ အနေအထား ဖြစ်နိုင်သွားတယ်” ဟု ပြောသည်။

ယနေ့ထုတ် အာဏာသိမ်းအစိုးရ သတင်းစာများတွင်မူ ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်ထားပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ နယ်မြေခံတပ်ရင်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့က ကူညီရှာဖွေ ကယ်ဆယ်ရေးများ လုပ်ကိုင်နေကြောင်း ဆိုထားပြီး တာကျိုးပေါက်မှုကို ထိန်းချုပ်ရန် သဲအိတ်များ၊ မျောတန်းများ၊ သံမဏိပိုင်တိုင်များဖြင့် စက်ယန္တရားသုံးကာ လုပ်ဆောင်နေကြောင်းလည်း ပါရှိသည်။

သို့သော် တာကျိုးပေါက်မှုကို ပြုပြင်ပြီးစီးပြီး ရေထိန်းနိုင်ရန်မှာ အချိန်ကြာနိုင်သောကြောင့် လက်ရှိရေကြီးနေချိန်အတွင်း ကူညီကယ်ရေး အရေးပေါ်ပြုလုပ်နိုင်ရန် နိုင်ငံတော်အစီအစဉ်ဖြင့် လူမှုကူညီရေးအဖွဲ့များထံ စက်လှေများနှင့် စက်သုံးဆီ များ အလုံအလောက် ပံ့ပိုးပေးရန် လိုအပ်ကြောင်း ဒေသတွင်း လူမှုကူညီပေးအဖွဲ့များက ပြောသည်။

မြန်မာနိုင်ငံအထက်ပိုင်းမှ မြစ်ဝကျွန်းပေါ်ထိ ဧရာဝတီမြစ် ဖြတ်သန်းစီးဆင်းရာတလျောက်တွင် အထက်ပိုင်း ရေကြီးသည့် နေရာများမှ မြစ်ရေများ တောက်လျောက်ဆင်းလာခြင်း၊ မိုးများအဆက်မပြတ်ရွာသွန်းနေခြင်းနှင့် ဒီရေတက်ချိန်တွင် ငဝန်မြစ်ရေ ထပ်တိုးနိုင်ကြောင်း သိရသည်။

ဆည်မြောင်းပညာရပ်ကို ပြည်ပတွင် သင်ယူခဲ့သည့် ဝန်ထမ်းဟောင်း ကိုလင်းဒီက “မိုးကြီးတဲ့အတွက် စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ စတဲ့တိုင်းတွေမှာ ရေပေးဝေရေးတူးမြောင်းတွေ ဒါမှမဟုတ် တာတွေ ထိခိုက်ပျက်စီးနေပါတယ်။ ဒီနေရာတွေကို အရေးပေါ် ပြုပြင်နိုင်ဖို့ လိုတယ်။ နှောင့်နှေးကြန့်ကြာမယ်ဆိုရင် တောင်သူတွေ စိုက်ပျိုးရေးမှာ ခက်ခဲမယ်၊ ဒါကြောင့် စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် လုပ်ဖို့လိုတယ်” ဟု သုံးသပ်သည်။

တာတမံများကို ထိန်းသိမ်းပြုပြင် စောင့်ရှောက်ရသည့် လုပ်ငန်းစဉ်များ၌ ယိုယွင်းပျက်စီးရသည့် အကြောင်းအရင်းကို ရှာဖွေရန်လိုသလို အထွေထွေပြုပြင်စောင့်ရှောက်ဖို့လည်းလိုပြီး မြစ်ရေကာတာအတွက် မြေကြီးလုပ်ငန်း၊ ရေကြီးစဉ် ကင်း စောင့်ခြင်း၊ ရေကြီးသောရာသီတွင် ရေကာတာများ၌သုံးရန် လိုအပ်သောကိရိယာပစ္စည်းများ ပေးအပ်ခြင်း၊ ရေကာတာများ ထိန်းသိမ်းရန် လိုအပ်သော အလုပ်သမားများနှင့် ၎င်းတို့အား ခွဲဝေခန့်ထားခြင်း၊ မြစ်ကမ်းတိုင်းယူခြင်းနှင့် ရေမှတ်တိုင်များ ရေမှတ်စာရင်းများ စာအုပ်များ တာရိုးတလျောက် ရေကြီးစဉ် ရေမှတ်များ ၎င်းတို့အား ထိန်းသိမ်းခြင်း၊ မိုးမကျမီ ထိန်းသိမ်း ပြုပြင်မှုများနှင့် တာပုံစံကျ ပြန်လည်ပြုပြင်ခြင်း တို့ပါရှိသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/08/23/415717.html

#WhatsHappeningInMyanmar

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ငသိုင်းချောင်းမြို့နယ်ကျေးရွာများ August 2026

https://www.facebook.com/reel/1104134601938671/?fs=e&fs=e

9August2026

https://www.facebook.com/reel/1211226311172007/?fs=e&fs=e

11 August 2026

https://www.facebook.com/reel/1449576103646484/?fs=e&fs=e

ချီတက်လာကြပြီ

https://www.facebook.com/reel/1232783948963200/?fs=e&fs=e

https://www.facebook.com/reel/1361511092114586/?fs=e&fs=e

August 10 လေးမျက်နှာ တာပိတ်ဆို့မှု မြင်ကွင်း

https://www.facebook.com/reel/1060421123161069/?fs=e&fs=e

ငဝန်တာကျိုးပေါက်ပိတ်ဆို့နေရာ လုပ်ငန်းခွင် ရောက်

ဦးဝင်းဌေး ညွှန်ကြားရေးမှူးမြို့ပြ

ဧရာဝတီတိုင်းဒေသကြီးဆည်မြောင်းနှင့်ေ၇အသုံးချမှုစီမံခန့်ချရေးဦးစီဌာန

မြန်မာတို့ရဲ့ဆည်မြောင်း

ဆည်မြောင်းနှင့်ေ၇အသုံးချမှုစီမံခန့်ချရေးဦးစီဌာနမှာ
ဆည်မြောင်းရေးရာ နည်းပညာတွေ မျိုးစုံရှိပြီး
နည်းမျိုးစုံသိကြတဲ့၊ တတ်ကျွမိးနားလည်ကြတဲ့
ရေပညာ၇ှင် ဆည် မြေ င်းအင်ဂျင်နီယာတွေ အများ ရှိကြပါတယ် ။


ဘာမဆိုလုပ်ရင်ဖြစ်နိုင်ကြပေမဲ့
ဝန်နဲ့အားမမျှတဲ့အခါ မဖြစ်သင့်တာတွေဖြစ်တတ်ကြတာ
ခေတ်အဆက်ဆက် မြန်မာ့ဆည်မြောင်းလောကသမိုင်းမှာ
ကြုံခဲ့ကြရ ဆုံတွေ့ကြရ ခံစားခဲ့ကြရဘူးပါတယ်

ရည်ညွှန်း

တိုးဧရာရုပ်သံသတင်း 11 August 2026

https://fb.watch/IZel15oqrn/?fs=e

………………

Ayeyarwaddy Region Government fb သတင်း

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် တိုက်ရိုက်ဦးဆောင်၍ ငဝန်တာ (ပန်းတောတမံ) အရေးပေါ်ပြုပြင်ရေးနှင့် Sheet Pile ရိုက်သွင်းခြင်းလုပ်ငန်းများကို နေ့မနား ညမနား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

၂၀၂၆ သြဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခဲ့သည့် အခြေအနေကို အချိန်မီ ပိတ်ဆို့ ထိန်းချုပ်နိုင်ရေးအတွက်

(၁) ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စသည့် ပူးပေါင်းအင်အား စုစုပေါင်း ၃၈၀ ဦး တို့သည် ရေနှင့်အပြိုင် အချိန်လုကာ ညီညီညာညာ တစ်စိတ် တစ်ဝမ်းတည်း ၂၄ နာရီ နေ့ဆိုင်း/ညဆိုင်း မနားတမ်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်။

(၂) ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စီမံကြီးကြပ်မှုဖြင့် Sheet Pile စက်ယန္တရားကြီးများ ရိုက်သွင်းမှု အခြေအနေမှာ

တာတမံ ရေကျော်ဝင်ရောက်နေသည့် ပန်းတောတမံ နေရာတွင် အရှည် ၁၂ မီတာ ရှိသော Steel Sheet Pile များကို အလျား ၈၉၀ ပေခန့် အုပ်မိုး၍ ရိုက်စိုက်ခြင်း လုပ်ငန်းများ ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စီမံကြီးကြပ်မှုဖြင့် အချိန်တိုအတွင်း ပြီးစီးနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ရိုက်သွင်းပြီးစီးမှုအခြေအနေ – စုစုပေါင်း ရိုက်သွင်းရမည့် သံချောင်း ၂၈၆ ချောင်း အနက် ယနေ့အထိ ၆၉ ချောင်း အောင်မြင်စွာ ရိုက်သွင်းပြီးစီးခဲ့ပြီး ကျန်ရှိသော Sheet Pile များကိုလည်း စက်ယန္တရားကြီးများဖြင့် အရှိန်အဟုန်မပြတ် ဆက်လက် ရိုက်သွင်းလျက်ရှိသည်။

ညဘက် Welding ဆက်ခြင်းလုပ်ငန်းများ – လုပ်ငန်းခွင်အတွင်း ညပိုင်းတွင်လည်း မီးဆိုင်းကြီးများ ထွန်းညှိ၍ Steel Sheet Pile ၊များWelding လုပ်ငန်းစဉ်များကို ညဉ့်နက်တိုင်အောင် အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

(၃) Geo Bag သဲအိတ်များ ဖိသိပ်ခြင်းနှင့် ရေတား/ရေကာနံရံများ တည်ဆောက်မှု

လုပ်ငန်းခွင်အတွင်းရှိ ပူးပေါင်းအင်အား ၃၈၀ ဦးတို့က စက်ယန္တရားကြီးများနှင့်အတူ သဲအပြည့် ဖြည့်ထားသော Geo Bag အိတ်ကြီးများနှင့် သဲအိတ်များကို ရေအောက်အုတ်မြစ်အထိ စနစ်တကျ သယ်ယူဖိသိပ်ချပေးခြင်း၊ တာတမံ နိမ့်ကျသွားသည့် နေရာများနှင့် ရေဝင်ပေါက်များကို သဲအိတ်များဖြင့် အထပ်ထပ် စီရီ၍ ရေကာ/ရေတား နံရံများ အရေးပေါ် တည်ဆောက်ခြင်း တို့ကို နေ့ရောညပါ အလှည့်ကျ စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။


စက်ယန္တရားကြီးများ အပြည့်အဝ အသုံးပြုမှုနှင့် ဌာနပေါင်းစုံ/တပ်မတော်သားများ၏ ညီညွတ်သော အင်အားတို့ကြောင့် ငဝန်တာတမံ ရေကျော်မှုကို အမြန်ဆုံး ခိုင်ခံ့စွာ ပိတ်ဆို့ ထိန်းချုပ်နိုင်တော့ မည်ဖြစ်ပါသည်။

ရေလွှမ်းလွင်ပြင် (floodplain

ကျော်ကြီး(MDY)က သြဂုတ် ၉ ပို့စ်၌ အောက်ပါအတိုင်းရေးထားသည်ကို ဖတ်ရပါသည်။

”ခု ပြဿနာတက်နေတဲ့ ဧရာဝတီမြစ်ထဲဖော်ဆောင်နေတဲ့ အမရပူရမြို့သစ်စီမံကိန်းအပါအဝင် တောင်သမာန်၊ တံခွန်တိုင်တောင်မြင့် အမြန်လမ်းဘေးနေရာတွေက ဧရာဝတီမြစ်ရေတက်တဲ့အချိန် ရေဝင်ရောက်တဲ့ ရေဝပ်ဧရိယာတွေဆိုတာ မန္တလေးသားအားလုံးအသိပါ။ ဒီရေဝပ်ဧရိယာတွေကို မြေတွေဖို့ပြီး အိမ်ယာစီမံကိန်းတွေ လုပ်ပလိုက်တော့ ခုလိုမြစ်ရေတက်တဲ့အချိန် ရေဝင်စရာနေရာတွေမရှိတော့ မြစ်ရေတွေက မြစ်အောက်ပိုင်း မြေနိမ့်ဒေသတွေ ဝင်ဆောင့်ပြီး အဲ့ဒေသတွေ ရေကြီးရေလျှံဒဏ် ခံရလိမ့်မယ်လို့ ၂၀၂၀ ကတည်းက ကျနော်တို့ပြောခဲ့ဖူးပါတယ်။ ခုတော့ ဒီလို ပြောမယ့်သူတွေလည်း မရှိတော့ပါဘူး။ ဒီလောက် မြေဧရိယာပေါများတဲ့ ကျနော်တို့နိုင်ငံက ဘာလို့ဒီလိုနေရာတွေကို သဘာဝအတိုင်းလေး ထားမပေးနိုင်ခဲ့ရတာလဲဆိုတာ စဉ်းစားမရဖြစ်မိတယ်။”

သူပြောသော ‘ရေဝပ်ဧရိယာ’ကို ပညာရပ်ဝေါဟာရ၌ ‘ရေလွှမ်းလွင်ပြင် (floodplain)’ဟု ခေါ်သည်။ မိုးများ၊ ရေစီးများသောအခါ မြစ်ရေများ ကမ်းပါးကိုကျော်၍ တက်လာပြီး စီးဆင်းဝင်ရောက်ဖုံးလွှမ်းသည့် မြစ်၏ဝဲယာဘေးဘီမြေပြင်သည် ‘ရေလွှမ်းလွင်ပြင်’ဖြစ်သည်။ အလွယ်ပြောရလျှင် ရပ်ကွက်ထဲရှိရေမြောင်းများ လျှံတက်လာသောအခါ စီးဆင်းဝင်ရောက်ဖုံးလွှမ်းခံရသည့် ခြံထဲကမြေကျန်နှင့် လမ်းဧရိယာကိုလည်း ‘ရေလွှမ်းလွင်ပြင်’ဟု ခေါ်နိုင်သည်။

သဘာဝရေလွှမ်းလွင်ပြင်များသည် လျှံတက်လာသောမြစ်ရေကို ယာယီလက်ခံထိန်းသိမ်းပေးထားခြင်းဖြင့် မြစ်အောက်ပိုင်းသို့ စီးဆင်းသွားသောရေစီးကို လျှော့ချပေးသည်။ ထို့ကြောင့် မြစ်အောက်ပိုင်းဒေသများ၌ ရေကြီးရေလျှံသည့်ပမာဏ လျော့နည်းသွားသည်။ ယင်းဒေသများတွင် ရေကြီးမှု လျော့နည်းသွားသည်အခါမှ ဒေသအပေါ်ပိုင်းရေလွှမ်းလွင်ပြင်မှ ရေများ ဖြည်းဖြည်းချင်း ပြန်စီးထွက်လာသဖြင့် ဆိုးရွားသောရေလျှံမှုများကို မကြုံတွေ့နိုင်တော့ချေ။

လူတို့သည် သဘာဝရေလွှမ်းလွင်ပြင်များက ပေးသော ရေကြီးရေလျှံဒဏ်သက်သာစေခြင်း အကျိုးကျေးဇူးကို လျှော့တွက်မိခဲ့ကြသည်။ သဘာဝရေလွှမ်းလွင်ပြင်များပေါ်တွင် မြို့ပြနေရာအချို့ကို တိုးချဲ့တည်ဆောက်ခဲ့ခြင်းဖြင့် သဘာဝမြေပြင်ကို ‘ကျူးကျော်’မိခဲ့ကြသည်။ သဘာဝရေလွှမ်းလွင်ပြင်များပေါ်တွင် တည်ဆောက်မိခဲ့ကြသော ကမ္ဘာ့မြို့ကြီးအများအပြား ရှိရာ အချို့မှာ အမေရိကန်နိုင်ငံ နယူအော်လင်း၊ အင်္ဂလန်နိုင်ငံ လန်ဒန်၊ အီဂျစ်နိုင်ငံ ကိုင်ရိုနှင့် ထိုင်းနိုင်ငံ ဘန်ကောက်တို့ ဖြစ်ကြသည်။

ထိုသို့ သဘာဝရေလွှမ်းလွင်ပြင်များပေါ်တွင် တည်ဆောက်မိခဲ့ခြင်းသည် မှားမှန်းသိလာသဖြင့် ကမ္ဘာ့နိုင်ငံအချို့တွင် သဘာဝရေလွှမ်းလွင်ပြင်များကို သဘာဝအတိုင်းရှိနေစေရန် ထိန်းသိမ်းရုံတင်မက အခြေအနေပေးသောနေရာများတွင် ယင်းတို့ကို ”ချဲ့ထွင်”ပေးနေကြသည်။ မြစ်ရေကိုနေရာပေးခြင်း (Room for the River)ဟု ခေါ်သည်။ ရေလွှမ်းလွင်ပြင်ဧရိယာ ပိုမိုကျယ်ဝန်းလာသဖြင့် ရေကြီးရေလျှံဖြစ်သောအခါ လျှံတက်လာသောမြစ်ရေကို ယာယီလက်ခံထိန်းသိမ်းထားပေးနိုင်မှု ပိုမိုလာသည်။ မြစ်အောက်ပိုင်းသို့ စီးဆင်းသွားသောရေစီး လျော့ကျသွားသည်။ ရေကြီးရေလျှံမှုဒဏ် လျော့နည်းသည်။ ထိုသို့လုပ်ဆောင်အောင်မြင်နေကြသော ဒေသအချို့မှာ နယ်သာလန်နိုင်ငံ နင်မေဂင်မြို့၊ ဂျာမနီနိုင်ငံ မြူးနစ်မြို့နှင့် ဘယ်လ်ဂျီယမ်နိုင်ငံ ဖလန်းဒါးမြို့တို့ ဖြစ်ကြသည်။ ထိုင်းနှင့်ဗီယက်နမ်တို့တွင်လည်း Room for the River Mekong Initiatives ဖြင့် မြစ်ရေကိုနေရာပေးရန် စတင်လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံတွင်မူ သဘာဝရေလွှမ်းလွင်ပြင်များပေါ်တွင် မြို့ပြနေရာအချို့ကို တိုးချဲ့တည်ဆောက်နေဆဲ ဖြစ်ကြောင်း ဤပို့စ်၏ ဒုတိယစာပိုဒ်အရ သိရပါသည်။