သေမင်းတမန် မီးရထားလမ်းခေါ် ထိုင်းမြန်မာမီးရထားလမ်း ကိုယ်တွေ့ ချွေးတပ် မှတ်တမ်း များ

သေမင်းတမန် မီးရထားလမ်းခေါ် ထိုင်းမြန်မာမီးရထားလမ်း ကိုယ်တွေ့ ချွေးတပ် မှတ်တမ်း၊ အစ အဆုံး ၊

စာရေးသူ လင်းယုန် သစ်လွင်

https://youtu.be/EKfptku5AmY?is=R0L16ZclNTTL9y1n

လင်းယုန်သစ်လွင် (၁၉၁၇-၁၉၉၃)

၁၂၇၉ – ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၉)ရက်၊ ခရစ်နှစ်-၁၉၁၇-စက်တင်ဘာ(၉)တနင်္ဂနွေနေ့တွင် ဧရာဝတီတိုင်း ညောင်တုန်းမြို့၌ အဖ-ဦးဖိုးလူ၊ အမိ-ဒေါ်နှင်းဦးတို့က ဖွားမြင်သည်။ ညောင်တုန်းမြို့၊ အစိုးရအထက်တန်း ကျောင်းတွင်-အဌမတန်းအထိ ပညာသင်ကြားခဲ့သည်။ စစ်မဖြစ်မီက မော်လမြိုင်မြို့မှ ထုတ်ဝေသော ခေါင်း ဆောင်သတင်းစာတွင် နယ်သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့။

၁၉၄၇ – ဟံသာဝတီနှင့် ဗမာ့ခေတ်-သတင်းစာတွင် နယ်သတင်းထောက်အဖြစ်ဆောင်ရွက်ခဲ့။

၁၉၄၉ – ရန်ကုန်သို့ရောက်ရှိပြီးလင်းယုန်သတင်းစာတွင် အလုပ်သမားသတင်းထောက်လုပ်ရာမှ လင်းယုန် သစ်လွင် ကလောင်အမည်ယူခဲ့သည်။ ထို့နောက်လင်းယုန်ဂျာနယ်၊ ပြည်တော်သစ်ဂျာနယ်၊ လူထုဂျာနယ် တို့တွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့။ ရှုဒေါင့်ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့ သည်။

၁၉၅၀ – ပြည့်နှစ်၊ စာရေးဆရာအသင်းနှစ်ပတ်လည်စာပေပြိုင်ပွဲတွင်တို့ကျေးရွာဝတ္ထုတိုဖြင့် ဝတ္ထုတိုဆုရရှိခဲ့။

၁၉၅၇ – ၅၈ – ပြည်ထောင်စု မြန်မာနိုင်ငံစာရေးဆရာအသင်း အလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့။

၁၉၆၂ – သီတာသောင်ခြေဦးလုံးချင်းဝတ္ထုဖြင့် အနုပညာစာပေ ဝတ္ထုရှည်ဆုရရှိ။

၁၉၆၈ – ယိုးဒယား မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း စာအုပ်ဖြင့် အမျိုးသားစာပေ၊ စာပ ဒေသာဆုရရှိခဲ့။

၁၉၇၁ – ဓမ္မဝိလာသ လုံးချင်းဝတ္ထုရှည်ဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရရှိခဲ့။ စာရေးဆရာကြီးလင်းယုန် သစ်လွင်သည် ၁၉၅၂-ခုနှစ်မှ ၁၉၈၆-ခုနှစ်အထိ-လုံးချင်းစာအုပ်(၇၀)ရေးသားခဲ့သည်။

၁၉၉၃ – ဩဂုတ်လ(၂၁)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ထင်ရှားသောစာအုပ်အချို့

  1. ဘုံကျွန်
  2. သေမင်းတမန်လမ်းပေါ်ဝယ်
  3. သောင်းဒီပါမြေ
  4. ဓမ္မရက္ခိတ
  5. သီတာသောင်ခြေဦး(စာပေဆုရ)
  6. ဓမ္မဝိလာသ(စာပေဆုရ)
  7. ယိုးဒယားမြန်မာမီးရထားလမ်းကိုယ်တွေ့ ချွေးတပ်မှတ်တမ်း(စာပေဆုရ)
  8. ဆားချက်မြေ
  9. ပင်လယ်တံငါ
  10. အသက်သွေးချွေးစတေး၍
  11. ယမုံနာ(ဝတ္ထုတိုပေါင်းချုပ်)

စာရေးဆရာ လင်းယုန်သစ်လွင် ရေးသားခဲ့သောစာအုပ်များစဉ်စာအုပ်အမည်ထုတ်ဝေသောခုနှစ်စာအုပ်တိုက်မှတ်ချက်

၁တူပြိုင်လေကူးမယ်ပ၁၈၅၂၂သက်ဆုံးကြော့ကေခိုင်၁၉၅၃၃ဆိုက်ကားသမား၁၉၅၃၄ချစ်တုန့်မပြန်၁၉၅၄၅ဘုံကျွန်၁၉၅၄၆မေတ္တာသာလျှင်၁၉၅၅၇လက်ရွေးစင်ဝတ္ထုတိုများ၁၉၅၆၈ကရုဏာလှိုင်း၁၉၅၇၉အမွေဆိုင်ညီအစ်ကို၁၉၅၈၁၀တရားခံ၁၉၅၈၁၁လျှိ၁၉၅၉၁၂နှင်းဆီမြိုင်လူသတ်မှု၁၉၅၉၁၃ငွေရတုဂိုဏ်း၁၉၅၉၁၄ရတနာခင်နှင့်လူသတ်ဂိုဏ်း၁၉၅၉၁၅အသက်သွေးချွေး၁၉၆၀၁၆ချစ်သောမာမီ၁၉၆၀၁၇ခြေတော်တင်ခံမလေး၁၉၆၁၁၈မိုးတစ်ညဝယ်၁၉၆၁၁၉စပယ်ခြံလူသတ်မှု၁၉၆၁၂၀သီတာသောင်ခြေဦး၁၉၆၂၂၁မေတ္တာရနံ့ပြယ်လေသော်၁၉၆၂၂၂စောနန်းမွန်၁၉၆၂၂၃ဘဝဇာတ်ဆရာထံတွင်၁၉၆၂၂၄သမုဒယသံယောဇဉ်၁၉၆၂၂၅ဂလက်ဒီယေးတားဂိုဏ်း၁၉၆၂၂၆သေနတ်တစ်ချက်အသက်တစ်ချောင်း၁၉၆၂၂၇လျှို့ဝှက်ရတနာ၁၉၆၂၂၈လူသတ်ပတ္တမြား၁၉၆၂၂၉မေတ္တာပုလဲပန်း၁၉၆၂၃၀ရွှေမနိုင်ခင်လေး၁၉၆၃၃၁သွေးသောက်ဓား၁၉၆၃၃၂သိန်းထိုက်ရတနာ၁၉၆၃၃၃ချစ်ရလေမည့်မွေးရပ်မြေ၁၉၆၃၃၄မေတ္တာနှောင်ကြိုး၁၉၆၃၃၅သေမင်းတမန်လမ်းပေါ်ဝယ်၁၉၆၄၃၆သောင်းဒီပါမြေ၁၉၆၅၃၇သမုဒယနှောင်၁၉၆၅၃၈သက်စွန့်ဆံဖျား၁၉၆၅၃၉ယမုံနာတံငါဝတ္ထုတိုများ၁၉၆၅၄၀နှစ်ဦးမေတ္တာဆုံကြရာဝယ်၁၉၆၅၄၁ရတနာနဒီ၁၉၆၆၄၂ဓမင်းဆိပ်သို့ရောက်လေသော်၁၉၆၆၄၃လျှို့ဝှက်ဂေဟာ၁၉၆၇၄၄စစ်သူလျှိုဂိုဏ်း၁၉၆၇၄၅ကပ္ပဒိန်မာဒင်၁၉၆၇၄၆ယိုးဒယား-မြန်မာမီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း၁၉၆၈အတွဲ (၁) နှင့် (၂) သတင်း နှင့် စာနယ်ဇင်း ‌ော်ပို‌ေးရှင်း၊ အတွဲ (၃) ‌ောမင်းကြီးစာ‌ေမူလ (၃) အုပ်ကို (၂၀၀၃) တွင် စပယ်ဦးစာပေမှ ပေါင်းထုတ်သည်။၄၇ပင်လယ်တံငါ၁၉၇၁၄၈ဓမ္မဝိလာသ၁၉၇၁၄၉ဆားချက်မြေ၁၉၇၃၅၀ပါးစပ်လိုက်လား လက်လိုက်လား၁၉၇၃၅၁အလွှာ၁၉၇၄၅၂ဓမ္မရက္ခိတ၁၉၇၄၅၃မိုးသောက်ကြယ်၁၉၇၅၅၄အနာဂတ်အတွက်မွေးဖွားခြင်း၁၉၈၄၅၅ကျွန်းပြန်စိန်တစ်ပွ့စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်၅၆အိမ်‌ော်မြခင်စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်၅၇ကိုဖိုးဒေါင်းစာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်၅၈တို့ကျောင်းတော်သူစာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်၅၉ရွာခေါင်းဆောင်စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်၆၀ခွင့်လွှတ်ပါမောင်ရယ်စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်၆၁သည်လယ်မြေစာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်၆၂ဆောင်းလပြာသိုစာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်၆၃အဖြစ်နှင့်အမှန်စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်၆၄ငပိပဒေသာ၁၉၇၃၆၅လှေ၁၉၈၁၆၆မြန်မာ့အာဟာရငပိနှင့်ငန်ပြာရည်၁၉၈၆

Leave a comment