Biography : Song Writer တေးရေး ရွှေတိုင်ညွန့် သီချင်းများ

တေးရေး ရွှေတိုင်ညွန့် သီချင်းများ 175 videos

https://youtube.com/playlist?list=PLIkUkpOon6Q03uo1vilHPMoToPtOwtZG4&si=A6ClBwdClfTy3wF8

https://youtu.be/VgHs5FDtk8k?si=VlwNvh-3SaUuxAqG

မေတ္တာအရင်းခံ ရွှေတိုင်ညွန့် ၊ မအေးမိ

https://youtu.be/VgHs5FDtk8k?si=9h2_C4ImYj999s9N

မေတ္တာအရင်းခံ – စိုးစန္ဒာထွန်း

https://youtu.be/X62YOLbBnPU?si=WxOBF1DeUbk30z5-

မေတ္တာအရင်းခံ -မအေးမိ

မေတ္တာအရင်းခံ (May 1936) (စာသား စာတမ်းထိုး)
တေးပြုစာဆို ရွှေတိုင်ညွန့် တေးသံရှင် မအေးမိ

https://youtu.be/CmbqH2dfeCA?si=0GRfVWQC4EDUXUD7

Myanmar Music (စာတမ်းထိုး Closed Captions) Collection

ဓါတ်ပြားအညွန်း Columbia VE 2095 (May 1936)
ပန်းချီဓါတ်ပုံ Title Image Created by Ko Sein Mya
Lyric Typing by Mr. Thomas John
Closed Captions added by Dr. Khin Haw

မအေးမိရဲ့ အပေါ်မှာပင် ဆိုးချင်သလိုဆိုးကာ
ဆန်းချင် သလို ဆန်းပါ နှမ်းစေ့ကလေးမျှ ကျွန်မ
မေတ္တာပျက်နိုင်မယ်မထင် မောင့် သဘောကျသလို နေပါရှင်
ဪ ပျို့တစ်သက်လုံး ဘယ်တော့မှ မုန်းနိုင်မယ်မထင်

သိကြားမင်းဖျက်တောင် ပျက်နိုင်ပါဘူးရှင်
ပျို့စိတ်ထဲက သူ့ကိုသာ ချစ်ခင်
ဘယ်နည်းနှင့်မှ မေတ္တာညှိုးပေါင် တိုး၍ မောင်နှင့်ကြင်

သိကြားမင်းဖျက်တောင် ပျက်နိုင်ပါဘူးရှင်
ပျို့စိတ်ထဲက သူ့ကိုသာ ချစ်ခင်
ဘယ်နည်းနှင့်မှ မေတ္တာညှိုးပေါင် တိုး၍ မောင်နှင့်ကြင်

ဖဲရိုက်တာ မြင်းလောင်းတာ တွေစုံလင်
ဒါထက်တောင် ကဲဦးရှင် ဆယ်ဆပင်
အေးမေတ္တာ သို့ ပေတဲ့ ပျက်ပေါင်ရှင်

ဖဲရိုက်တာ မြင်းလောင်းတာ တွေစုံလင်
ဒါထက်တောင် ကဲဦးရှင် ဆယ်ဆပင်
အေးမေတ္တာ သို့ပေတဲ့ ပျက်ပေါင်ရှင်

မောင့်ကို သာပင် စိတ်ထဲကအသည်းရောအူရောခင်
ချစ်တာမှန်လျှင် ရွှေမေတ္တာ အရင်းခံပါပဲရှင်
မောင့်ကို သာပင် စိတ်ထဲကအသည်းရောအူရောခင်
ချစ်တာမှန်လျှင် ရွှေမေတ္တာ အရင်းခံပါပဲရှင်

ညအိပ်ရာထဲဝင် ဘုရားရှိခိုးလျှင်
မောင့်ကို ရည်မှန်းကာ ကျန်းမာပါစေ ချမ်းသာပါစေရှင် …

မောင့်ကို သာပင် စိတ်ထဲကအသည်းရောအူရောခင်
ချစ်တာမှန်လျှင် ရွှေမေတ္တာ အရင်းခံပါပဲရှင်
မောင့်ကို သာပင် စိတ်ထဲကအသည်းရောအူရောခင်
ချစ်တာမှန်လျှင် ရွှေမေတ္တာ အရင်းခံပါပဲရှင်

ညအိပ်ရာထဲဝင် ဘုရားရှိခိုးလျှင်
မောင့်ကို ရည်မှန်းကာ ကျန်းမာပါစေ ချမ်းသာပါစေရှင် …

အဖေရော အမေရော ဆွေမျိုးတွေရော
အကုန်လုံး ဖျက်ကြ ပါစေရှင်
မနေပေါင်မအေးမိရဲ့ ပျို့သခင်
အနှစ်ဆယ်သောင်းက ချစ်လက်ဟောင်းကို ပေါင်းသင်းမှာပဲရှင်

အဖေရော အမေရော ဆွေမျိုးတွေရော
အကုန်လုံး ဖျက်ကြ ပါစေရှင်
မနေပေါင်မအေးမိရဲ့ ပျို့သခင်
အနှစ်ဆယ်သောင်းက ချစ်လက်ဟောင်းကို ပေါင်းသင်းမှာပဲရှင်

သော်တာမြသား ငွေတိမ်စင် ကြည်ကြည်လင်လင်
နေ့စဉ် ညစဉ် ညစဉ် နေ့စဉ် သူ့ကိုသာပင်
တစ်စက္ကန့်ကလေးမျှ မမေ့နိုင် ယနေ့တိုင်ပင်

မောင့်ကို သာပင် စိတ်ထဲကအသည်းရောအူရောခင်
ချစ်တာမှန်လျှင် ရွှေမေတ္တာ အရင်းခံပါဘဲရှင်
မောင့်ကို သာပင် စိတ်ထဲကအသည်းရောအူရောခင်
ချစ်တာမှန်လျှင် ရွှေမေတ္တာ အရင်းခံပါဘဲရှင်

ညအိပ်ရာထဲဝင် ဘုရားရှိခိုးလျှင်
မောင့်ကို ရည်မှန်းကာ ကျန်းမာပါစေ ချမ်းသာပါစေရှင် ….

သဘောတော်ပါပဲ သည်းညည်းခံမယ်ရှင်
ဩော် မိန်းမမြတ် ဂုဏ်ယူချင်
အမရာ ကိန္နရီ မဒ္ဒီ သမ္ဘူလပုံသွင်
သဘောတော်ပါပဲ သည်းညည်းခံမယ်ရှင်
ဩော် မိန်းမမြတ် ဂုဏ်ယူချင်
အမရာ ကိန္နရီ မဒ္ဒီ သမ္ဘူလပုံသွင်

တရားနှင့်ယူဆောင် အားနွဲ့သူမောင် အတောင်နှစ်ဆယ်ကိုပင်
မိန်းမဆိုလျှင် မိန်းမဆိုလျှင် မှီခိုရမယ်ရှင်
ယခုခေတ်မှာပင် ယခုခေတ်မှာပင် ပေါ်ပေါ်ထင်ထင်
အေးမိပျိုခင် ဆန်းသမျှကိုထွင် ရွှေတိုင်ညွှန့်စီစဉ် …. ။

https://youtu.be/CmbqH2dfeCA?si=mZG4i1V49O1ZIEFQ

ဗောဓိပင်နှင့်ေ၇ွှပလ္လင်

https://youtu.be/-wScyPxUziA?si=zOT03agdm6NESKKk

ဗောဓိပင်နှင့်ရွှေပလ္လင် (VE 2205) (1940) Lyric & Music
တေးပြုစာဆို ရွှေတိုင်ညွန့်
တေးသံရှင် မကြည်အောင်

စစ်ကြိုခေတ် ခေတ်ဟောင်းသီချင်းများ

မူရင်း နှင့် မူဟန်သွယ်သွယ် ဆို/တီး သူများ
ဗေါဓိပင်နှင့်ရွှေပလ္လင် မကြည်အောင်
https://www.mediafire.com/file/p…
ဗေါဓိပင်နှင့်ရွှေပလ္လင် ၀င်းဦး
https://www.mediafire.com/file/c…
ဗေါဓိပင်နှင့်ရွှေပလ္လင် မာမာအေး
https://www.mediafire.com/file/c…
ဗေါဓိပင်နှင့်ရွှေပလ္လင် လွှမ်းမိုး
https://www.mediafire.com/file/9…

ဝီကီပီးဒီးယား မှ

ရွှေတိုင်ညွန့်

ရွှေတိုင်ညွန့် မွေးဖွား-အုန်းဆိုင်
မြန်မာသက္ကရာဇ် ၁၂၇၀ပြည့်နှစ်၊ ခရစ်နှစ် ၁၉၀၈/၁၉၀၉ခုနှစ်
ထီးတန်းဈေးကလေးရပ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့ကွယ်လွန် -မြန်မာသက္ကရာဇ် ၁၃၀၆ခုနှစ်၊ တပေါင်းလဆုတ် ၁၀ရက်၊ ခရစ်နှစ် ၁၉၄၅ခုနှစ်
ထီးတန်းဈေးကလေးရပ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့အခြား အမည်များ-ဝစနဆရာဆိုင်

အလုပ်အကိုင်-တေးရေးဆရာ

သားသမီး-၃ယောက်(ကိုမျိုးဆက်၊ တိုင်းကျော်၊ ထား)

မိဘ(များ)-ဦးကျင်ခဲ + ဒေါ်အေး(သိန်း)မျှင်

“ရွှေတိုင်ညွန့်က စာကိုစီ တေးသီချင်းနဲ့ ဘေးကင်းကြတော့မည်” စသည်ဖြင့် စာဆိုတော် ရွှေတိုင်ညွန့်သည် သူစပ်သော သီချင်း အတော်များများတွင် သူ့နာမည် ထည့်၍ စပ်လေ့ရှိသည်။ ဒုတိယ ကမ္ဘာစစ်ကြိုခေတ်က ထင်ရှားသော သီချင်းခပ်များများသည် စာဆိုတော် ရွှေတိုင်ညွန့်၏ လက်ရာများ ဖြစ်သည်။ ဆရာရွှေတိုင်ညွန့်​ရေးစပ်ခဲ့​သော နဂါးနီသီချင်း(ခင်​မောင်ရင်သီဆို)မှာ ယ​နေ့တိုင် နိုင်ငံတစ်ဝန်း ​​​​ကျော်ကြားလျက်ရှိ​သည်။ တပ်မ​တော်အင်အားသီချင်းမှာလည်း ဆရာ၏လက်ရာပင်ဖြစ်သည်။

ငယ်ဘဝ

ရွှေတိုင်ညွန့်ကို အဖ နိုင်ငံကျော် လူရွှင်တော် အနုပညာရှင်ကြီး ဦးကျင်ခဲ၊ အမိ ဒေါ်အေးမျှင်တို့မှ မြန်မာသက္ကရာဇ် ၁၂၇ဝ ပြည့်နှစ် တန်ခူးလတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်ရပ်တွင် ဖွားမြင်သည်။ မွေးချင်း နှစ်ယောက် ရှိသည့်အနက် ရွှေတိုင်ညွန့်သည် သားငယ်ဖြစ်၍ အစ်ကိုဖြစ်သူ မောင်အုန်းလှိုင်မှာ နာမည်ကျော် ဇာတ်မင်းသား ကျော်အုန်းလှိုင်ဖြစ်သည်။ ရွှေတိုင်ညွန့်၏ အမည်ရင်းမှာ ကိုအုန်းဆိုင် ဖြစ်သည်။

ကိုအုန်းဆိုင်သည် ဘမျိုးဘိုးတူ၊ ဝါသနာကလည်း ထုံသူဖြစ်သည့် အလျောက် ပတ္တလား၊ တရော၊ ဘင်ဂျို၊ မင်ဒလင်၊ ဆိုင်းဝိုင်း၊ စန္ဒရားစသည့် တူရိယာမျိုးစုံတို့ကို နိုင်နိုင်နင်းနင်း တီးတတ်သည့် အပြင်၊ သီချင်းကိုလည်း ပိုင်ပိုင်နိုင်နိုင် ဆိုတတ်သူ ဖြစ်သည်။ ငယ်စဉ်ကပင် မြန်မာမှု ကဗျာစုကို လေ့လာရန် ဝါသနာရှိသော ကိုအုန်းဆိုင်သည် ဖခင်ဖြစ်သူ၏ သင်ကြားပေးမှုဖြင့် သူကိုယ်တိုင်ပင် အငြိမ့် ဇာတ်ပွဲများ အတွက် သီချင်းများစပ်၊ သူကိုယ်တိုင် ဝင်၍ မောင်းတီး၊ တယောထိုး၊ ပတ္တလားခေါက်ယင်း ဇာတ်သဘင် လောကထဲသို့ ပဌမဆုံး ခြေစုံပစ် ဝင်ခဲ့သည်။ သီချင်းများ စ၍စပ်ဆိုကာစ ဝစန ဆရာဆိုင်ဟူသည့် နာမည်နှင့် စပ်ခဲ့လေသည်။ အငြိမ့်များအတွက် သီချင်းများ စပ်ဆို ရေးသားပေးခဲ့ရုံမက အငြိမ့်မင်းသမီးများကိုလည်း သီဆိုနည်း ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့လေသည်။ အငြိမ့်မင်းသမီး ယူနီဘာစီတီမြသန်းကြည်၊ ဝိဇ္ဇာမယ်၊ လေဘာတီ မမြရင်တို့သည် ကိုအုန်းဆိုင်၏ သီချင်းများဖြင့် နာမည်ကျော်ခဲ့သူများ ဖြစ်ကြသည်။ 

ရွှေတိုင်ညွန့်သည် အတန်းပညာ (၄) တန်းသာ အောင်မြင်ခဲ့သည် ဆိုသော်လည်း သူရေးသော သီချင်းစာသားများကို လေ့လာကြည့်လျင် သူသည် ဗမာစာ၊ ပါဠိ၊ ရာဇဝင်၊ နိပါတ်တော်များကို အင်မတန် နှံ့စပ် ကျွမ်းကျင်သူ တစ်ဦးဆိုသည်မှာ ထင်ရှားပါသည်။ အထူးသဖြင့် ရှေးမြန်မာဇာတ်သဘင်ဟန် ပါသော စာများ၊ နဘေ ထပ်များကို သူ့သီချင်းများမှာ လှိုင်လှိုင်ကြီး တွေ့နိုင်သည်။ ဖခင် ဦးကျင်ခဲထံက အမွေဆက်ခံပြီး သူ့ဂီတနှင့် ပေါင်း စပ်လိုက်ခြင်း ဖြစ်သည်။ သူ့သီချင်းများက အကြောင်းအရာအနေနှင့်လည်း အလွန်ခံ့ငြားပြီး အသံနေ အသံထားမှာလည်း ဗမာဆန် ပြေပြစ်လှပါသည်။

သူ့ရုပ်သွင်

ရွှေတိုင်ညွန့်သည် လူပုံ ခပ်ပျပ်ပျပ်၊ အသားညိုညိုနှင့် ဗမာဆန်ဆန် နှစ်လိုဘွယ် မျက်နှာကျနှင့်ပါ။ တိုက်ပုံ အကျအနဝတ်၍ ဆံပင်ကို ပိနေအောင် ဖီးထားပြီး အသားညိုညိုမှာ ပေါင်ဒါ ဖုံဖုံ လိမ်းထားတတ်သည်။ ရှုးဖိနပ်ကိုလည်း ပြောင်နေအောင် တိုက်ပြီး စီးလေ့ရှိသည်ဟု ကြားသိရဘူး၏။ ရွှေတိုင်ညွန့်ဟာ အလွန် စိတ်ရင်းကောင်းသူ စိတ်ရှည်သူ ဆရာတစ်ဦးဖြစ်သည်။ စွယ်စုံတော်သည့် ဂီတပါရမီရှင် genius တစ်ဦးဖြစ်သည်။ ဂျပန်ခေတ်တွင် ဆင်းဆင်းရဲရဲနှင့် သေသွားတာကို သူ အလွန် စိတ်မကောင်း ဖြစ်မိတယ်ဟု အဆိုတော်ကြီး ဘိလပ်ပြန်သန်း က သူ့စာမှာ ဖော်ပြထားသည်။ 


လေဘာတီမမြရင် အငြိမ့်တွင် နောက်ဆုံး ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် မောင်အုန်းဆိုင်သည် အဆိုတော် မကြည်အောင်အတွက် သီချင်းများ ရေးစပ်ပေးရာမှ ထိုခေတ်က ထိပ်တန်း ဖြစ်ခဲ့သော ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီကို ပဌမဆုံးဝင်ရောက် သီချင်းရေးလာခဲ့သည်။ ဗမရည်ဝပြီး အမြော်အမြင်ရှိတဲ့ ကိုလံဘီယာက မန်နေဂျာ မစ္စတာ ကိသ် က ရွှေတိုင်ညွန့်ကို ကုမ္ပဏီ၏ ပင်တိုင် စာရေးဆရာ ခန့်လိုက်သည်။ မကြည်အောင်ကပဲ ရွှေတိုင်ညွန့်ဆိုသော နာမည်ပြောင်းပေးပြီး ထိုနာမည်နှင့် တရှိန်ထိုး ကျော်ကြားလာခဲ့သည်။ “နေရာတကာ ရောက်ပါတယ်၊ ပေတရာမှာ လျှောက်ခါလည်” အစ ရှိသော မန္တလာမြင့်သီဆိုသည့် လယ်သမားသီချင်းဖြင့် ပွဲဦးထွက် သူ၏သီချင်းကို ဓာတ်ပြားသွင်းခဲ့ရာ လူကြိုက်များခဲ့သည်။ ထိုသီချင်းမှစ၍ ရွှေတိုင်ညွန့် ဟူသော အမည်ဖြင့် ရေးသားခဲ့သည်။ `လယ်သမား’သီချင်းကို လူကြိုက် များသလောက် စပ်ဆိုရေးသားသူ ရွှေတိုင်ညွှန့်ကိုလည်း လူသိများခဲ့လေသည်။ ကိုလံဘီယာမှာပဲ မကြည်အောင်၊ မအေးမိ၊ စိန်ပါတီ၊ ဥဩဘသောင်၊ မန္တလာမြင့်၊ ဂီတ စိမ်းမောင်၊ ဘိလပ်ပြန် သန်း အစရှိသော နာမည်ကြီး အဆိုတော်များအတွက် ဓာတ်ပြား သီချင်းပေါင်း များစွာ ရေးပေးခဲ့သည်။ ထိုသီချင်းများသည် ယနေ့ထက်တိုင် မြန်မာ ပြည်သူများ၏ အသည်းစွဲ ခေတ်ဟောင်းတေးများအဖြစ် တည်တံနေခဲ့ပေသည်။ 

ရွှေတိုင်ညွန့် ရေးသား စပ်ဆိုခဲ့သော သီချင်းများမှာ များလှသည်။ စပ်ဆိုခဲ့သည့် သီချင်းများမှာ မြန်မာနိုင်ငံ၏ ကျက်သရေမင်္ဂလာနှင့် သဘာဝပစ္စည်း ပြည့်စုံပုံ အကြောင်း၊ သဘာဝရှုခင်း လှပပုံအကြောင်း၊ ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်တို့မှ နောင်လာနောင်သားတို့ မှတ်သားဖွယ်ရာ အကြောင်းများ အထူးသဖြင့် ပါဝင်သည်။

ရွှေတိုင်ညွန့်၏ သီချင်းများအနက် သူ၏ လက်စွမ်းပြ ဟု ဆိုရမည့် သီချင်းများမှာ ဝိစိတြာနှင့် မိဘမေတ္တာတို့ ဖြစ်သည်။ ထိုသီချင်း နှစ်ပုဒ်စလုံးပင် မည်သည့် ခေတ်တွင်မှ မရိုးဘဲ၊ လူကြီးရော ကလေးပါ လက်ခံနိုင်သည့် သီချင်းများဖြစ်လေသည်။

မြန်မာနိုင်ငံ၏ သဘာဝပစ္စည်း ကြွယ်ဝချမ်းသာပုံ၊ အေးချမ်းသာယာမည့် နိမိတ်လက္ခာဏာ ရှိပုံတို့ကိုလည်း ဆရာရွှေတိုင်ညွန့်သည် အိုးဝေဝေနှင့် သီတာရတနာ သီချင်းများဖြင့် စပ်ဆိုထားလေသည်။ တောကျေးလက် သဘာဝ လှပပုံသရုပ်ပေါ် အောင်လည်း သူ၏ ဇာတိနွယ်နှင့် စုံတောမြိုင် သီချင်းများ၌ စပ်ဆိုထားသည်။ အမျိုးသားစိတ်ဓာတ် နို်းကြားရန် တိုင်းပြည်ကိုချစ်ရန် လှုံ့ဆော်သည့် နေရာ၌ ဆရာရွှေတိုင်ညွန့်၏ သခင်မျိုးဟေ့ တို့ဗမာ၊ နဂါးနီ၊ အိုလံပစ်သွားမဲ့မောင် စသော သီချင်းများသည် ထိပ်တန်းက လိုက်လေသည်။

ရွှေတိုင်ညွန့်သည် ရာဇဝင်နိပါတ်လာ အကြောင်းရပ်များကို သီချင်းစပ်ရာ၌ ပို၍ သန်သည် ဟု ဆိုသည်။ သူ၏ ဗောဓိပင်နှင့် ရွှေပလ္လင်၊ ဓာတ်တော်ဝေခန်း၊ စွယ်တော်ခိုးခန်း၊ ဓမ္မစကြာ၊ မိဂဒါဂုန်၊ တေ-ဇ-သု-နေ-မ၊ နေရဉ္ဇရာ၊ ကောသလအိပ်မက်၊ မာတင်္ဂ၊ မင်းကုသ၊ မိဖုရားမစော၊ ပါတော်မူစသော သီချင်းများသည် ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်တို့မှ ထုတ်နုတ်ချက် သီချင်းများ ဖြစ်သည်။ “သေရည်ကို မသောက်နှင့်၊ ရေကြည်ကို မနှောက်နှင့်၊ သေရည်ကို သောက်ယင် အပါယ်ငရဲကျမည်၊ ရေကြည်ကို နှောက်ယင် အနယ်ကလဲ ထမည်” ဆိုသော ရှေးစကားပုံကို တေးသွား ဖြစ်အောင် ရွှေတိုင်ညွန့်သည် သူ၏ ဦးနု စကားပုံသီချင်းတွင် စပ်ဆိုထားလေသည်။

ဒုတိယ ကမ္ဘာစစ် ဖြစ်ခါနီးကာလတွင် မြန်မာလူထုသည် လူမျိုးခြား အုပ်ချုပ်မှု နှောင်ကြိုးအတွင်းမှ ရုန်းထွက်လိုသောစိတ် ပြင်းထန်နေချိန် ဖြစ်သည်။ ထိုကြောင့် အချို့က မျိုးခြား အစိုးရကို တွန်းလှန်ရန် တောင့်တကြသည်။ အချို့ကမူ စကြာမင်းပေါ် နိုးနိုး၊ ဘိုးဘိုးအောင်မတော့ မယောင်ယောင်နှင့် သိုက်တဘောင်စနည်းတို့ကို ရွတ်၍ တမ်းတနေကြလေသည်။ ယင်းသို့သော ခေတ်တွင် ရွှေတိုင်ညွန့်သည် ခေတ်နှင့် လိုက်အောင် လူတို့အား မြှော်လင့်ချက်ပေး၍ အားတက်စေမည့်သီချင်းများကို စပ်ခဲ့သည်၊ ဘိုးဘိုးအောင်၊ စကြာတိုက်၊ သိကြားသာသနာ စသော သီချင်းများသည် ရွှေတိုင်ညွန့်၏ တပေါင်၊ စနည်းဆိုင်ရာ နာမည်ကျော်သီချင်းများ ဖြစ်သည်။ ဘိုးဘိုးအောင်နှင့် စကြာသိုက် သီချင်း ဓာတ်ပြားများကို ဗြိတိသျှအစိုးရတို့က ထုတ်မရောင်းရန်ပင် ပဌမ ပိတ်ပင်ခြင်း ခံရသည်။ ဂျပန်ခေတ်ကလည်း ရွှေတိုင်ညွန့်သည် သူ့ခေတ်နှင့်သူ လိုက်အောင် အာဏာရှင် သီချင်းကို စပ်ဆိုခဲ့လေသည်။ ရွှေတိုင်ညွန့်သည် ရာဇဝင်၊ နိပါတ်၊ သိုက်၊ တပေါင်ဆိုင်ရာ သီချင်းများ၌သာ သန်သည် မဟုတ်၊ အချစ်နှင့် စပ်လျဉ်းသော သီချင်းများကိုလည်း ပိုင်နိုင်သူ ဖြစ်သည်။ “ခခွေးယပင့် စသတ် ချစ်တော့ အနှစ်သာရလို့ ဆိုမလေ” ဟူသည့် အချစ်ဒီပနီသီချင်းသည် ရွှေတိုင်ညွန့်စပ်ဆိုသည့် ပြောင်မြောက်လှသော အချစ်သီချင်း ဖြစ်၏။ ရွှေတိုင်ညွန့်သည် သီချင်းများကို ရေးစပ်ရာ၌ မြန်မာအသံနှင့်သာ မဟုတ်၊ အနောက်တိုင်း သီချင်းသံနှင့်လည်း တော်တော်များများ စပ်ဆိုနိုင်ခဲ့သည်။ ‘ရှေးရေစက်’၊ ‘လှေကလေး’၊ ‘ဟေဝန်နန်း’၊ ‘မိန်းမမြတ်’ စသော သီချင်းများကို အနောက်တိုင်း သီချင်းသံဖြင့် စပ်ဆိုထားသည်။ ရွှေတိုင်ညွန့်၏ နာမည်ကျော် သီချင်းများ ဖြစ်ကြသည်။

ဒုတိယ ကမ္ဘာစစ်ကြိုခေတ်က နာမည်ကျော် ဓာတ်ပြားသီချင်း အများဆုံး စပ်ဆိုခဲ့ရာ တစ်ဦးဖြစ်သူ ရွှေတိုင်ညွန့်သည် မြန်မာ သက္ကရာဇ် ၁၃ဝ၆ ခုနှစ် မိုးရာသီ ကုန်ခါနီးခန့်တွင် နာမကျန်းဖြစ်လာသဖြင့် ဆေးရုံသို့ တက်ရောက်ကုသသော်လည်း နာလှန်မထူတော့ဘဲ ၁၃၁၆ ခုနှစ် တပေါင်းလဆုတ် ၁ ရက်နေ့တွင် ကြည့်မြင်တိုင် ဈေးကလေး ရပ်ကွက်ရှိ နေအိမ်၌ပင် ကွယ်လွန်လေသည်။ မကွယ်လွန်မီ ဆေးရုံတက်နေစဉ် အစာကောင်းစွာ မဝင်သော အချိန်၌ပင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗမာ့တပ်မတော် အရာရှိကြီးများ၏ တောင်းပန်ချက်အရ “တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ၊ ရဲဘော်အပေါင်းကို ကိုယ့်သွေးသားလို အစဉ် မမေ့အပ်ပေသည်” အစချီသော တပ်မတော်အင်အား သီချင်းကို စပ်ဆိုပေးခဲ့ရလေသည်။ ဤသီချင်းကား ရွှေတိုင်ညွန့်၏ နောက်ဆုံး လက်ရာ ဖြစ်လေသည်။ ၁၃ဝ၆ ခုနှစ် တန်းခူးလဆန်း ၁၅ ရက် (၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်) နေ့တွင် ဖက်ဆစ်ဂျပန်အား တော်လှန်ရန် မြန်မာ့တပ်မတော်ကြီး ချီတက်သွားစဉ်က ရွှေတိုင်ညွန့်၏ တပ်မတော်သီချင်းနှင့်ပင် အောင်နိမိတ်ဖြင့် အောင်သံကြွေးခဲ့လေသည်။ ရွှေတိုင်ညွန့် မကွယ်လွန်မီ သုံးလခန့်တွင် ထိုအချိန်က စစ်အတွင်းအစိုးရ နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော်က ရွှေတိုင်ညွန့်အား `စာဆိုတော်ဘွဲ့´ ချီးမြှင့်ခဲ့လေသည်။

ရွှေတိုင်ညွန့်သည် တစ်နှစ်လျှင် သီချင်းအပုဒ်ပေါင်း ၈ဝ ကျော် ရေးသား စပ်ဆိုခဲ့သည်ဟု ဆိုသည်။ သီချင်းစပ် အလွန်မြန်သူ အဖြစ်လည်း ကျော်ကြားသည်။ အကြောင်းကိစ္စပေါ်တိုင်း ဦးအုံးခင်၊ ဦးနု (ထိုအချိန်က နဂါးနီစာအုပ် အသင်းလူကြီးများ)၊ တပ်မတော် အရာရှိများ စသည်တို့သည် ရွှေတိုင်ညွန့်ထံ ချဉ်းကပ်၍ သူနှင့် အလွန်ရင်းနှီးသူ စောင်းဦးဘသန်းက တီးကာ သီချင်းကို အကောင်အထည် ဖော်ပေးလေ့ရှိသည်။ ရွှေတိုင်ညွန့် ရေးစပ်သော သီချင်းများကို အဆိုကျော် မကြည်အောင်၊ မဧမိ၊ စိန်ပါတီ၊ နဂရာမယ်မြင့်၊ ဗိလပ်ပြန်သန်း၊ ဥဩဘသောင်၊ ဂီတာစိမ်းမောင်တို့ များသောအားဖြင့် သီဆို၍ ယင်းတို့အနက် မကြည်အောင်က အများဆုံး သီဆိုခဲ့လေသည်။ ရွှေတိုင်ညွန့်သည် မှီငြမ်းပြု စပ်ဆိုရာ၌ ထူးချွန်သူဖြစ်သည်သာမက တေးသွား အဟောင်းကို မှီး၍ စကားသစ်တွင် ထည့်ရေးရာ၌လည်းကောင်း၊ စကားအဟောင်းကို တေးသွားသစ်တွင် သွင်းရာ၌လည်းကောင်း ထူးချွန်သူ ဖြစ်လေသည်။

ရွှေတိုင်ညွန့်၏ လက်ရာအမြောက်ဆုံး တေးများမှာ ဘာသာရေးနှင့် ဆိုင်သော တေးများပင် ဖြစ်သည်။ ရွှေတိုင်ညွန့်၏ နောက် ထူးခြားမူ တစ်ခုက သူ့သီချင်းတိုင်းလိုလိုတွင် သူ့နာမည်ကို ထည့်စပ်လေ့ ရှိခြင်း ဖြစ်သည်။ သီချင်းထဲတွင် နာမည် ထည့်လေ့ရှိသည့် သီချင်းရေးဆရာတွေထဲတွင် ရွှေတိုင်ညွန့်နှင့် နန်းတော်ရှေ့ ဆရာတင် တို့က အထင်ရှားဆုံး ဖြစ်သည်။ ရွှေတိုင်ညွန့်သည် မြန်မာမှုပြုသည့် တေးများတွင် အင်မတန်ကျွမ်းကျင်စွာ ပြုထား၍ မူလ အနောက်တိုင်းဟန် ပျောက်ပြီး ကော်ပီသီချင်းမှန်းတောင် မသိရပါ။

ဘဝနိဂုံး

၁၉၄၁-ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်သို့ ဒုတိယကမ္ဘာစစ်မီး ကူးလာသောအခါ ဆရာ ရွှေတိုင်ညွန့်သည် မြောင်းမြသို့ ပြောင်းရွေ့နေထိုင်သည်။ ဂျပန်ခေတ် တစ်လျှောက်တွင် တစတစ ကျန်းမာရေး ချို့ယွင်းလာကာ ၁၉၄၅-ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် အသက်(၃၆)နှစ် အရွယ်တွင် အဆုပ်ရောဂါ ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်။

ရွှေတိုင်ညွန့် ကွယ်လွန်သောအခါ ဇနီး ဒေါ်သောင်းစိန်၊ ဒေါ်တင်စိန်နှင့် သားအဆိုကျော် သီချင်းရေးဆရာ မောင်မျိုးဆက်၊ သမီး မမြရင်၊ သား မောင်တိုင်းကျော်(လူရွှင်တော်)၊ သမီး ခင်မျိုးနွယ်(အဆိုကျော်ထား)တို့ ကျန်ခဲ့သည်။ ရွှေတိုင်ညွန့်သည် အပေးအကမ်း ရက်ရောသူ တစ်ဦး ဖြစ်သည်။ မိမိတွင်ရှိသမျှ ပေးချင်စိတ် ပေါက်လျှင် အကုန်ပေး၊ အကုန်ကျွေး တတ်သူဖြစ်သည်။ ငယ်စဉ်မှစ၍ ကွယ်လွန်သည့်တိုင် ဂီတ အနုပညာဖြင့်ပင် အမြတ်တနိုး အသက်မွေး ဝမ်းကျောင်းသွားသူ ဖြစ်လေသည်။

ရေးသီခဲ့သော သီချင်းများ

(၁)ဘာသာရေး တေးများ

ဗောဓိပင်နှင့် ရွှေပလ္လင် (မကြည်အောင်)၊ 
နီးအောင်ပင် လှမ်း (မကြည်အောင်)၊ 
မိဘမေတ္တာ(မကြည်အောင်)၊ 
ဝိစိတြ (မကြည်အောင်)၊ 
သင်္ကန်းဂုဏ်ရည်(မကြည်အောင်)၊ 
စိတြဂီဝါ(မကြည်အောင်)၊ 
အင်္ဂုလိမာလ(မကြည်အောင်)၊ 
တေဇသုနေမ (မကြည်အောင်)၊ 
သာသနာ့အမွေခံ (မကြည်အောင်)၊ 
ပဉ္စင်းအမ(မကြည်အောင်)၊ 
ကထိန်သင်္ကန်း(စိန်ပါတီ)၊ 
ရောင်တော်ဖွင့်(စိန်ပါတီ)၊ 
မင်္ဂလာ တစ်ဆယ့်နှစ်ပါး(စိန်ပါတီ)၊ 
သုမေဓာ ရှင်ရသေ့(စိန်ပါတီ)၊ 
ကောသလ အိပ်မက်(စိန်ပါတီ)၊ 
သုဝဏ္ဏသာမ(စိန်ပါတီ)၊ 
ပဒုမ ဒေဝီ(စိန်ပါတီ)၊ 
မဟာဒုက်(ဥဩဘသောင်)၊ 
အန္တရာယ်ကင်း(ဂီတာစိမ်းမောင်
ဘာသာတရား (မန္တလာမြင့်
ဗိမ္မသာရ (မန္တလာမြင့်
ဝေဿန္တရာ (မန္တလာမြင့်

(၂)ရာဇဝင်နဲ့ ဇာတိမာန်တေးများ

တပင်ရွှေထီး(မကြည်အောင်)၊ 
သုံးရောင်ချယ်(မကြည်အောင်)၊ 
ဗမာ့သွေး (မကြည်အောင်)၊ 
ပါတော်မူ(စိန်ပါတီ)၊ 
ဇာတိမာန်(ဥဩဘသောင်)၊ 
မိဖုရားစော(ဘိလပ်ပြန်သန်း

(၃)သဘာဝ ရာသီ တောတောင်ဘွဲ့တေးများ

သပြေခက်နဲ့ ရေပက်(မကြည်အောင်)၊ 
သဲငွေသောင်(မအေးမိ)၊ 
မြညှင်းလေပြေ (မအေးမိ)၊ 
ဟေဝန်နန်း (ဘိလပ်ပြန်သန်း)၊ 
လှေကလေး(ဘိလပ်ပြန်သန်း)၊ 
မိုးဒေဝါ (ဘိလပ်ပြန်သန်း)၊ 
မြကြာယံ (ဘိလပ်ပြန်သန်း)၊ 
မြဝတ်မှုန် (ဘိလပ်ပြန်သန်း)၊ 
ဆောင်းကတ္တီပါ (ဘိလပ်ပြန်သန်း)၊ 
လာသတဲ့ည (ဘိလပ်ပြန်သန်း)၊ 
တောဓလေ့ (ဘိလပ်ပြန်သန်း)၊ 
ငှက်မောင်နှံ (ဘိလပ်ပြန်သန်း)၊ 
လယ်တောသူ (စိန်ပါတီ
အညာသားစုံတွဲ (ဥဩဘသောင်နှင့်မန္တလာမြင့်)

(၄) မေတ္တာဘွဲ့၊ မယ်ဘွဲ့ တေးများ

မေတ္တာအရင်းခံ (မအေးမိ)၊ 
မောင့်အချစ်တော် (မအေးမိ)၊ 
ယောဆရာကြီး (မအေးမိ)၊ 
လယ်သမား (မန္တလာမြင့်
တော်ဝင်သူ (ဥဩဘသောင်)၊ 
အချစ်ဒီပနီ(မောင်ဘချစ်)၊ 
မောင့်သက်လှယ် (ဂီတာစိမ်းမောင်)၊ 
စံပယ်တင်မှဲ့ (စိန်ပါတီ)၊ 
အပျိုကြီး စိတ်ကူး (စိန်ပါတီ)၊ 
မချစ်ဘဲ မနေနိုင် (မကြည်အောင်)၊ 
စွဲတဲ့မေတ္တာ (ဘိလပ်ပြန်သန်း)၊ 
ချစ်ရောင်ခြည် (ဘိလပ်ပြန်သန်း
ဘောလည်သံဆန်း (မန္တလာမြင့်
အပျော်ဆုံးနေ့ (မန္တလာမြင့်
ကိန္နရီ မောင်နှံ (မန္တလာမြင့်

(၅) အနောက်တိုင်းဟန် ခေတ်ပေါ်တေးများ

ဘိလပ်ပြန်သန်း သီချင်းများ [၁]

မှီငြမ်း ကိုးကား

  1. ဦးလှဘူး

ကဏ္ဍများ