Korea မှာ အောင်ပွဲခံခဲ့ကြတဲ့ မြန်မာအကအဖွဲ့
မြန်မာ
လူပေါင်း ၄၀,၀၀၀ ကျော်ရဲ့ ရှေ့မှောက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ဖျော်ဖြေတင်ဆက်ခွင့် ရရှိခဲ့တဲ့ အခိုက်အတန့်✨️
နိုင်ငံတကာ ပညာရေးနှင့် စီးပွားရေးနယ်ပယ်မှ ရာထူးကြီးပုဂ္ဂိုလ်များ၊ VIP ဧည့်သည်တော်များရဲ့ ရှေ့မှာ မြန်မာနိုင်ငံကိုယ်စားပြု Azalea Stars အနေဖြင့် စင်မြင့်ထက်မှာ အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်ခဲ့တာက အဖွဲ့အတွက် တန်ဖိုးရှိတဲ့ အမှတ်တရတစ်ခု ဖြစ်ခဲ့ပါတယ်။ ✨
စင်မြင့်ပေါ်က မိနစ်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်တို့ရဲ့ ကြိုးစားမှု၊ စိတ်အားထက်သန်မှုနဲ့ မြန်မာ့ယဉ်ကျေးမှုရဲ့ အလှတရားကို နှလုံးသားအပြည့်နဲ့ တင်ဆက်ခဲ့ပါတယ်။
ဒီအတွေ့အကြုံဟာ Azalea Stars အတွက် ဂုဏ်ယူစရာ အမှတ်တရတစ်ခုသာမက နောက်ထပ် ပိုကောင်းတဲ့စင်မြင့်တွေဆီ ရှေ့ဆက်လျှောက်လှမ်းဖို့ အားအင်တစ်ခုလည်း ဖြစ်ပါတယ်။ 🤍🇲🇲
AzaleaStars #Myanmar #Youth #Dance #KoreaWorldCulturalDanceCompetition
https://youtu.be/F_h76ayEAHE?si=CYr0o_oiKo3__ERg
ဟား ၅ ကောင် အငြိမ့် မမမျာူနဲ့ကမယ် ပြ ်သူ့အောင်ပွဲအငြိမ့်
မမများနဲ့ ပွဲကမယ် – ပြည်သူ့အောင်ပွဲအငြိမ့် အစ/အဆုံးကိုပြည်လည် တင်ဆက်ပေးလိုက်ပါတယ်။ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။
WeSupportMM မမများနဲ့ပွဲကမယ်
WeLoveMyanmarFamily-WLMF
ဟားငါးကောင် အငြိမ့်
https://youtu.be/iMWiJyy2k2U?si=XVQD2fMo2ecwMgfP


ဟားငါးကောင်အငြိမ့်
နိုဝင်ဘာသုခုမ – စစ်ဘေးရှောင်ရံပုံငွေကံစမ်းမဲဖွင့်ပွဲနှင့် ဂီတအနုပညာ ဖျော်ဖြေပွဲ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့
https://youtu.be/k_wfJEG4yp0?si=uepxYiUS2ypSSH3f
ဟား(၅)ကောင်အငြိမ့် တော်လှန်ရေး ရံပုံငွေပွဲ
ထိုင်းနိုင်ငံ ကော့စမွေကျွန်း
တော်လှန်ရေး #တော်လှန်အနုပညာ
ဟားငါးကောင် #ဟားငါးကောင်အငြိမ့်
ဟားငါးကောင်ဟာသ #ကော့စမွေကျွန်း
https://youtu.be/My58phHudP4?si=RLMny3JREaZJNdPZ
ဟား၅ကေ င်အငြ်မ့်အမှတ်တရ
ပြည်သူ့ကိုယ်စား အမှန်တရားကို
မထောက်မညှာ ရဲဝံ့စွာဖြင့်
သည်ပိုးရွက်ဆောင် ဟားငါးကောင်
Taing_KyawH5K
https://youtu.be/Lht8ajvs2hM?si=z27FNr-gLXT2DTaZ
ဂန္ထဝင်အဆိုတော်ကြီး စည်သူ ဦးမင်းနောင် (၁၉၃၁ – ၂၀၁၉) ကို ၁၉၃၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ အနောက်ပိုင်း၌ ဖခင် ဦးဘချစ်မောင်နှင့် မယ်ဒေါ်တင့်မေတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းသည် ဦးကျော်မြင့် ဖြစ်သည်။[၁]
ငယ်ဘဝနှင့် အနုပညာစတင်ခြင်း
ငယ်စဉ်ကျောင်းသားဘဝတွင် ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ကြက်တောင်ရိုက်ခြင်းနှင့် အလေးမ အားကစားများကို ဝါသနာထုံခဲ့သည်။ ငယ်ရွယ်စဉ်ကတည်းက အနုပညာစိတ် ပြင်းပြခဲ့ပြီး စောင်းတီးခတ်ခြင်းအတတ်ကို မြတ်နိုးကာ စောင်းဦးခင်မြင့်နှင့် စောင်းဦးဘသန်းတို့ထံတွင် တပည့်ခံ သင်ယူခဲ့သည်။
၁၉၄၇ ခုနှစ်မှစ၍ စန္ဒယားသီဟ အပျော်တမ်း တူရိယာအဖွဲ့တွင် “လုံမေ”၊ “မဉ္ဇူဆွေ”၊ “နီလာ”၊ “ရွှေမိုးညို”၊ “မတိမ်းသင့်ပါဘူးမေရယ်”၊ “စိမ်း”၊ “ရွှေရည်လူး”၊ “လွမ်းစာမွဲ”၊ “ဝေးပြီခင်ရေ” စသော ကိုယ်တိုင်ရေးသီချင်းများကို စတင်သီဆိုခဲ့သည်။
ဂီတခရီးနှင့် ထင်ရှားကျော်ကြားမှု
ထို့နောက် စန္ဒယားကိုအောင်ကိုး ဦးစီးသည့် ချိုတေးဆက်အဖွဲ့တွင် ပင်တိုင်အဆိုတော်အဖြစ်ဖြင့် “ဖော်မဲ့တေးသံ”၊ “နင်လားဟဲ့ လောကဓံ”၊ “ဘဝဟူသည်”၊ “အို-စောင်းရှင်ရယ်” အစရှိသည့် သီချင်းများဖြင့် ထင်ရှားလာခဲ့သည်။
ဂီတလုလင် မောင်ကိုကိုတူရိယာအဖွဲ့ဖြင့် သီဆိုခဲ့သော ဘိုကလေးတင့်အောင် ရေးသားသည့် “တက္ကသိုလ်ကျောင်းသူတစ်ဦး”၊ “ဂျင်မလေးဂျမ်း”၊ “ဇရာ”၊ “လရောင်အောက်က သီချင်းသည်” တို့သည် နာမည်ကျော်ကြား လူကြိုက်များခဲ့သော တေးသီချင်းများ ဖြစ်ခဲ့သည်။
ထို့အပြင် “မြတ်ရွှေတိဂုံ”၊ “နတ်သျှင်နောင်”၊ “မုန်းရစ်လေဦး”၊ “ချစ်မိုးကြီး”၊ “တစ်ကမ္ဘာခြားလည်း ချစ်နေမယ်”၊ “မမေ့တဲ့နိုင်”၊ “လုလင်ငယ်သွေး” စသော ခက်ခဲနက်နဲသည့် သီချင်းများဖြင့် ဂီတအနုပညာလောကတွင် မှတ်ကျောက်တင်ခံနိုင်ခဲ့သည်။
“ပွဲကြိုက်ခင်”၊ “ဂီတအခြေခံ” စသော ဂန္ထဝင်သီချင်းများ၊ ဂီတညီအမများနှင့်တွဲဖက်၍ “သက်ဝေ”၊ “မြန်မာနာရီမှူး”၊ “သီတင်းကျွတ်ပါပြီ”၊ “ချမ်းငြိမ့်မေတ္တာ”၊ “နန်းကေသီ”၊ “နှောင်းချစ်ရက်သံသရာ” စသော စုံတွဲတေးများ၊ ရုပ်ရှင်ဇာတ်ကားများ၏ ဇာတ်ဝင်နောက်ခံတေးသီချင်းပေါင်း မြောက်မြားစွာကိုလည်း သီဆိုခဲ့သည်။
ရုပ်ရှင်လုပ်ငန်းနှင့် အခြားတာဝန်များ
သူ၏ခေတ်သူ့အခါက ရုပ်ရှင်နယ်ပယ်တွင်လည်း ရုပ်ရှင်သရုပ်ဆောင်အဖြစ် “ဘဝချင်းဆုံတွေ့ပါရစေ”၊ “ရွက်ဝါ”၊ “တစ်မိုးသောက်သော်”၊ “သမန်းကျား”၊ “ချစ်သူတို့သာပျော်ပါစေ” နှင့် “မောင်မောင်ဆိုလေထီးရိုးရှည်” အစရှိသော ဇာတ်ကား ၆ ကားခန့် ရိုက်ကူးခဲ့သည်။
၂၀၀၅-၂၀၀၆ ခုနှစ်တွင် ရုပ်ရှင်အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ တပ်မတော်နေ့ အထိမ်းအမှတ် စစ်ချီစစ်ရေးတေးသီချင်းပြိုင်ပွဲ စိစစ်ရေး အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၂၀၀၄-၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံတွင် ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။
နိုင်ငံတော်၏ နှစ်စဉ်ကျင်းပသော မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် အဆိုအကဲဖြတ် (ဗဟို) အဖြစ်လည်းကောင်း၊ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတ စိစစ်ရေးဘုတ်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ခေတ်ဟောင်းတေးရေးပညာရှင်ကြီးများ၏ တေးသီချင်းများနှင့် အတ္ထုပ္ပတ္တိမှတ်တမ်း စိစစ်ရေးကော်မတီ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ၏ နာယကအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ဂုဏ်ပြုဆုများ
၂၀၀၄ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်သော လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ကို ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်သော စည်သူဘွဲ့ ကို ရရှိခဲ့သည်။
မိသားစုဘဝနှင့် ကွယ်လွန်ခြင်း
မောင်ကျော်မြင့်သည် ၁၉၅၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် မရီရီမြင့် (တေးသံရှင် ရီလေး) နှင့် စထရင်းဟိုတယ်တွင် လက်ထပ်ခဲ့ပြီး သားသမီး ၄ ဦး ထွန်းကားခဲ့သည်။ ၎င်းတို့မှာ (၁) ချစ်သည်းအူး (ခေါ်) ကလျာမင်းမင်းဦး + ဦးဟန်စိုး၊ (၂) မိုးသီး (ခေါ်) မင်းမော် + ဒေါ်ခင်သက်မော်၊ (၃) တိုးနီ (ခေါ်) နေလင်း + ဒေါ်အေးအေး၊ (၄) အောင်အောင် (ခေါ်) အေးမင်းနောင် + ဒေါက်တာ ဒေါ်စုလဲ့ဝင်း (ခေါ်) နန်းလျံခမ်း တို့ဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။[၂]
ကိုးကား
- မြန်မာသံဂန္ထဝင်များ၏ သူတို့ပြောသော သူတို့အကြောင်း အောင်ဟိဏ်း(ကျိုက်ထော်)
- မြန်မာနိုင်ငံဂီတအစည်းအရုံး( ဗဟို ) [[ { အဌမအကြိမ် } သက်ကြီးဂီတပညာရှင်ကြီးများပူဇော်ကတော့ပွဲ ]] Edition; 19-12-2018
နန်းကေသီ သီချင်း မင်းနောင်နှင်ထား
