မြင့်မြင့်ဇော် ၏ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
https://youtu.be/yJZrxsNfB2s?is=sNBzxae64bwR45m6

ရေနံ့သာစိုးလှိုင် ၏ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
https://youtu.be/J5Ak8zub184?is=0XJzbVowPQBR7eL_
ကမ္ဘာကုန် ကျယ်သရွေ့ဝယ်
တေးရေး – တက္ကသိုလ်ဘုန်းနိုင်
နီလာမိုး၊ မိုးတခွင်၊ ဖြန့်ဝန်းနှံ့စင်၊ငွေမင်ရည်မြ၊ ဆွေရှင်သီတ၊ဆန်းလ ပုဏ္ဏမီ၊ မှုန်ရီပြာလဲ့၊သိုင်းဖွဲ့ဖွဲ့ဝေဝေစီ၊နဝင်းလ သင်္ခါညီ။
ပင်ထက်ဟိုဆီ၊ဘယ်ရေးကိုဆိုသည်၊ နွေတေးရှင်ငှက်မောင်တကိုယ်ရည်၊ လွမ်းတေးကိုသူပင် သီရော့မည်။ ရော်ရီမှန်းဆသည်၊အိပ်မက်ဆန်တဲ့၊ နွေညပန်းချီ နွေညပန်းချီ၊ နှင်းမြူရိပ်ကိုမြင်လျှင် အမှတ်မထင် ဝေဝေဝါး၊ဘဝပမာလေလား၊ တင်စားမိသည် (မူကွဲ-ယုံစားမိသည်) ဆီးတားကာဝှက်၊ လရက်နာရီ၊ချိန်မင်ရည်၊ အုံ့ကာဆိုင်းလို့မပီ၊တပိုင်းပြယ်လွင့် နွေအဖွင့်သို့
လေသင့်ရာလျော မြော ၊ရွှေရင့်လွှာ သိင်္ဂီ။
လွမ်းမောသီကရီ မေ့မရလေပြီ၊ ဂိမ္ဘာန်ခါတွင်းမည်၊ဆောင်းရက်ကြွင်းသည့်နှယ်
နွယ်ဦးမွန်မို့ချစ်ထွဋ်တင်သည်
ကမ္ဘာကုန် ကျယ်သရွေ့ဝယ်၊ကမ္ဘာကုန် ကျယ်သရွေ့ဝယ်၊လွမ်းရမည်၊
သံသာဝဲ ရစ်တွဲနှောင်ချည်၊နွေရတု ခုမိန်ဆီ
ညောင်းရွက်ဝါတို့၊စျာန်ယဉ်ပြောင်း ပြယ်ကောင်းလေသော၊စိတ်ဇော မနဿီမည်။
https://youtu.be/5gA9NVlkPbI?is=1sxylTNURf2-2YqN
ခင်ညွန့်ရီ၏ ဘဝမှတ်တမ်းရုပ်သံနှင့်သူမ ၏သီချင်းများ
https://youtu.be/INzxD47dfOU?si=tkpjv8n8e3vwRrad
ခင်ညွန့်ရီ၏ မြန်မာသီချင်းကောင်းများ
https://youtu.be/ez3fiS45NAg?si=TximkaSssoH9OEQG
ခင်ညွန့်ရီ၏၏ပန်းဆယ်ပွင့်နှလုံးသားအိမ်
