အသံစာအုပ်များ မြန်မာစာပေလောက စာအုပ်ကောင်းများ ။သခင်တင်မြ ၏ ဘုံဘဝမှဖြင့်

ကီပီးဒီးယား မှ

သခင်တင်မြ

နိုင်ငံရေးသမားဟောင်းနှင့် သမိုင်းဆိုင်ရာဆောင်းပါးများ ရေးသားခဲ့သူ ဆရာကြီး သခင်တင်မြမွေးဖွားမောင်စံထွန်း
မွေးဖွား စက်တင်ဘာ ၉၊ ၁၉၂၄
ဓနုဖြူမြို့၊ ဧရာဝတီတိုင်းကွယ်လွန်ဖေဖော်ဝါရီ ၂၈၊ ကွယ်လွန် ၂၀၁၅(အသက် ၉၀)
ရန်ကုန်မြို့အလုပ်အကိုင်နိုင်ငံရေးသမား၊ စာရေးဆရာမိဘ(များ)ဦးဘိုးငြိမ်းနှင့် ဒေါ်အုန်းပွင့်

သခင်တင်မြ သည် မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုတွင် ကာလကြာမြင့်စွာ ပါဝင်ခဲ့သော နိုင်ငံရေးသမားတစ်ဦး ဖြစ်သည့်အပြင် နာမည်ကြီး နိုင်ငံရေးလှုပ်ရှားသူ တစ်ဦးဖြစ်သည်။

ငယ်ဘဝ

သခင်တင်မြကို ၁၉၂၄ ခုနှစ် စက်တင်ဘာလ ၉ရက်နေ့တွင် ဧရာဝတီတိုင်း ဓနုဖြူမြို့တွင် မွေးဖွားခဲ့ပြီး မူလတန်းအောင်မြင်တဲ့အထိ ပညာသင်ကြားခဲ့သည်။ မိဘများမှာ ဦးဘိုးငြိမ်းနှင့် ဒေါ်အုန်းပွင့်တို့ ဖြစ်ပြီး ငယ်မည်မှာ မောင်စံထွန်း ဖြစ်သည်။

နိုင်ငံရေးသမားဘဝ

သခင်တင်မြသည် အသက် ၁၃နှစ်အရွယ်တွင် တို့ဗမာအစည်းအရုံးကို ဝင်ရောက်ပြီး သခင်တင်မြအဖြစ် ခံယူခဲ့သည်။ ၁၉၄၁ ခုနှစ် အသက် ၁၇နှစ်အရွယ်တွင် သခင်စိုးဦးဆောင်သော ဗမာပြည် ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး မြေအောက်စည်းရုံးရေးသမားဘဝ၊ ၁၉၄၂ ပြည်တွင်းသူပုန်ခေါင်းဆောင်ဘဝ၊ ၁၉၄၄ ကွန်မြူနစ်ပါတီ ပထမအကြိမ်ကွန်ဂရက်ရဲ့ ဗဟိုကော်မတီဝင်ဘဝ၊ ၁၉၄၅ခုနှစ် ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း ၇တိုင်း နိုင်ငံရေးမှူး၊ ၁၉၄၆ခုနှစ်တွင် အလံနီပါတီ ပေါလစ်ဗြူရိုအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၉ တွင် အလံနီပါတီ နုတ်ထွက်ပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ကာ တောခိုခဲ့သည်။ ၁၉၅၈ တွင် ရန်ကုန်မြေအောက်စည်းရုံးရေး တာဝန်ခံ အဖြစ် ထမ်းဆောင်ခဲ့ပြီး အစိုးရ၏ဖမ်းဆီးမှုကို ခံခဲ့ရသည်။

ရန်ကုန်ဘောင်ဒရီစစ်အချုပ်ထဲတွင် ရှိနေချိန် ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ်က နုတ်ထွက်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံပြီး ၁၉၆၂ တွင် မဆလအမြုတေပါတီတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ လမ်းစဉ်ပါတီ၏ ဗဟိုစည်းရုံးရေးကော်မတီ အကြံပေးအဖွဲ့တွင် ဗိုလ်ရဲထွဋ်၊ ကိုချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ဗိုလ်သိန်းတန်၊ ဒေါက်တာမောင်မောင်၊ ဦးစောဦး၊ ဦးဘညိမ်၊ ဦးသီဟန်တို့နှင့်အတူ ပါဝင်ခဲ့သည်။

ပြည်သူပိုင်သိမ်းရေးအဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး အမြုတေပါတီမှ ပြည်သူ့ပါတီအဖြစ် မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)၏ ပထမအကြိမ် ပါတီညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ၁၉၇၁ တွင် ရွေးချယ်ခံခဲ့ရသည်။ ၁၉၇၇ တွင် ပါတီမှ ထုတ်ပယ်ခံရပြီး နိုင်ငံ့ဂုဏ်ရည်ပထမဆင့် ချီးမြှင့်ခံခဲ့ရသော သခင်တင်မြသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ရွှေတို့ကို ကူညီပေးခဲ့သဖြင့် ရေကြည်အိုင်တွင် ဖမ်းဆီးခံခဲ့ရသည်။

၁၉၉၂ တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီမှုဖြင့် ထောင်အနှစ် ၂ဝ ချမှတ်ခံခဲ့ရပြီး ဆီးကြိတ်ဝေဒနာကြောင့် ၁၉၉၃ တွင် ထောင်မှ လွတ်မြောက်လာခဲ့သည်။ 

စာပေရေးသားခြင်း

၁၉၄၁ ခုနှစ် မေလတွင် လျှို့ဝှက်ထုတ်ဝေသော ဗမာ့တော်လှန်မှု စာစောင်တွင် အလုပ်သမား၊ လယ်သမား သတင်းဆောင်းပါးများ စတင်ရေးသားခဲ့သည်။ ဂျပန်ခေတ်တွင် ကွန်မြူနစ်ပါတီ ဗမာပြည် (ခေတ္တ အိန္ဒိယ) အမည်ဖြင့် ငါတို့ ဘာတွေလိုနေသေးလဲ၊ လျှို့ဝှက်လှုပ်ရှားကျင့်သုံးနည်း စသော နိုင်ငံရေးစာတမ်းများ ရေးသားခဲ့သည်။

၁၉၄၅ ခုနှစ်တွင် ကွန်မြူနစ်ပါတီ မှတ်တမ်းကို ရေးသားခဲ့သည်။ ပြည်သူ့အာဏာဂျာနယ်ကို စတင်ထုတ်ဝေရာတွင် နိုင်ငံရေးဆောင်းပါးများ ရေးသားခဲ့ရာ သခင်တင်မြ ကလောင်အမည်ကို စတင်အသုံးပြုခဲ့သည်။

ထောင်မှ လွတ်မြောက်လာပြီးနောက် နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားမှု မရှိတော့ဘဲ သမိုင်းမှတ်တမ်းများကို ရေးသားပြုစုခဲ့ပြီး ၁၉၄၅ ခုနှစ်အထိ ကိုယ်တွေ့နိုင်ငံရေးမှတ်တမ်းများကို ရေးသားထားသော ဘုံဘဝမှာဖြင့် စာအုပ်အပြင်၊ ဘုံဘဝမှာဖြင့် အမှားနှင့်အမှန်၊ ဘုံဘဝမှာဖြင့် ထပ်ချပ်မကွာ၊ ဘုံဘဝကိုဖြင့် မျှော်တိုင်းဝေး၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပတ်သက်သော မှတ်တမ်းများ၊ ဗိုလ်ချုပ်သာရှိနေသေးလျှင် စသော မှတ်တမ်းများကို ရေးသားခဲ့သည်။

သခင်တင်မြသည် မကွယ်လွန်မီက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိပြုစုရေးကော်မတီတွင် ပါဝင်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ဗိုလ်ချုပ်၏ အတ္ထုပ္ပတ္တိစာအုပ်နှင့် ဘုံဘဝကိုဖြင့်မျှော်တိုင်းဝေး (၁၉၈၈ခုနှစ်အထိ) မှတ်တမ်းများကို အပြီးသတ် မပြုစုနိုင်ခဲ့ပေ။ [၁]

ကွယ်လွန်ခြင်း

သခင်တင်မြသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် အသက် ၉ဝ အရွယ်တွင် ရန်ကုန်မြို့နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ကိုးကား

  1. Kamayut Media
  2. နိုင်ငံရေးသမားဟောင်းနှင့် သမိုင်းဆိုင်ရာဆောင်းပါးများ ရေးသားခဲ့သူ ဆရာကြီး သခင်တင်မြကွယ်လွန်၊ မြန်မာ့အလင်း သတင်းစာ၊ ၁ မတ် ၂၀၁၅

ကဏ္ဍများ

သခင်တင်မြ၏ဘုံဘဝမှာဖြင့်

https://youtu.be/IFCgW2Y_gOk?si=3qxoJBWqhCa1rrC9

သခင်တင်မြ၏ဘုံဘဝမှာဖြင့်ထပ်ကြပ်မကွာ

သခင်တင်မြ

600 Kyats ကျပ်

ကျွန်မအကြောင်း၊ မောင့်အကြောင်း၊ နိုင်ငံရေးနဲ့ နိုင်ငံရေးခေါင်းဆောင်အချို့အကြောင်းတဲ့ … ဟုတ်ပါတယ်။ ဒီစာအုပ်က သခင်တင်မြအကြောင်း၊ သူချစ်ရတဲ့ ဇနီးအကြောင်းနဲ့ သူဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်း။ ဒီစာအုပ်ကို သခင်တင်မြရဲ့ စာရေးပုံမဟုတ်ပဲ သူချစ်ရတဲ့ ဇနီးဖြစ်သူ ဖြူ ရေးသားတဲ့ပုံစံမျိုးနဲ့ ရေးထားတာပါ။ အရင်ထွက်ဖူးတဲ့ ဘုံဘဝမှာဖြင့် စာအုပ်ရဲ့ အဆက်လည်းဖြစ်ပြီး ရေးသူအတွက်လည်း နိုင်ငံရေးအတွေးအခေါ်နဲ့ နိုင်ငံရေးလမ်းစဉ်တွေရဲ့ ဖိစီးမှုလည်းလွတ်ကင်းစေတဲ့ စာအုပ်ဖြစ်တယ်လို့ ဆိုထားပါတယ်။ သခင်တင်မြအကြောင်း သိချင်သူတိုင်း ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ။


ဘုံဘဝမှာဖြင့် ဒုတိယအပိုင်း အမှားနှင့်အမှန်၊ စာအုပ်

ဘာသာစကားများ ထည့်သွင်းရန်

ကိရိယာများ

ဝီကီပီးဒီးယား မှ

သခင်တင်မြ၏ ဘုံဘဝမှာဖြင့် နောက်ဆက်တွဲ (သို့) ဒုတိယပိုင်း အမှားနှင့်အမှန် 

  • ထုတ်ဝေသည့် ခုနှစ်၊ ဧပြီ ၂၀၁၁
  • တန်ဖိုး ၈၀၀၀ ကျပ်၊
  • ပန်းရွှပြေည် စာအုပ်တိုက်

ဘုံဘဝမှာဖြင့် နိုင်ငံရေး အတွေ့အကြုံမှတ်တမ်း စာအုပ်ဖြင့် မြန်မာစာပေလောက၊ နိုင်ငံရေး စိတ်ဝင်စားသူများ အကြားလူသိများခဲ့သည့် သခင်တင်မြက သူ၏ နိုင်ငံရေး ကိုယ်တွေ့အဖြစ်အပျက်နှင့် လွတ်လပ်ရေးကြိုးပမ်းမှုခေတ် သမိုင်းဆိုင်ရာ စာအုပ်များ ကိုးကားပြီး အမှားနှင့် အမှန် ဟု ယခုနောက်ဆုံးထပ်မံ ထုတေ်ဝခဲ့သည်။ လွန်ခဲ့သည့် သင်္ကြန်ပြီး ဧပြီလကုန်တွင် စတင်ထုတေ်ဝခဲ့ခြင်းဖြစ်သည်။

သခင်တင်မြ ၏ ဘုံဘဝမှာဖြင့် စာအုပ်ဟာ ဒုတိယကမ္ဘာစစ် မဖြစ်မီကာလနဲ့ စစ်အတွင်း၊ စစ်ပြီးကာလ မြန်မာနိုင်ငံရေးကို စိတ်ဝင်စားသူတိုင်း ဖတ်ရှုဖူးပြီး အဆိုပါခေတ်ကာလက နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ လုပ်ကိုင်ပုံ၊ နေထိုင်ပုံ၊ လွတ်လပ်ရေးကြိုးပမ်းမှုအပေါ် သက်စွန့်ဆံဖျားကြိုးပမ်းကြတဲ့ အဖြစ်အပျက်နဲ့တကွ နိုင်ငံရေး အဖြစ်အပျက်တွေကို စွဲဆောင်မှု အပြည့်နဲ့ ဖတ်ရှုခဲ့ကြရပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှု ခေတ်မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင်တွေ များပြားပေမယ့် ထိုခေတ်ကာလအကြောင်းကို ပြည့်ပြည့်စုံစုံ ပြန်လည်ရေးသားဖို့ အခွင့်အလမ်းမရကြတဲ့အဖြစ် မျိုးတွေ့မြင်ရပါတယ်။ လွတ်လပ်ရေး တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့သူ၊ လွတ်လပ်ရေး ရပြီးနောက်မှာ နိုင်ငံရေး အယူဝါဒ၊ အုပ်စုကွဲပြားပြီး တောထဲရောက်သူ၊ ကျဆုံးသူ၊ ထောင်ကျသူ စသဖြင့် အနိမ့်အမြင့်များလွန်းတဲ့ ဘဝတွေကြောင့် သူတို့ရဲ့ အတွေ့အကြုံစာအုပ်များ နိုင်ငံရေးခေါင်းဆောင် အရေအတွက်နှင့်စာလျင် နည်းပါးလှပါတယ်။ လက်ဝဲဝါဒ ယုံကြည်သူ ခေါင်းဆောင်တွေရဲ့ အထုပ္ပတ္တိတပိုင်း၊ နိုင်ငံရေးဘဝ တပိုင်းစာအုပ်တွေ ရေးသားပြီးစီးပေမယ့် စိစစ်ရေးက ခွင့်မပြုတာကြောင့် အများပြည်သူဖတ်ရှုခွင့်ရတဲ့ အဆင့်ရောက်မလာတာမျိုးလည်း ကြားသိရဖူးပါတယ်။ ဥပမာအားဖြင့်ဆိုရင် သခင်စိုး ကိုယ်တိုင်အကျဉ်းကျခံနေရစဉ် ရေးသားတဲ့ အထုပ္ပတ္တိ စာအုပ်ကို ၁၉၈၀ ခုနှစ်ကျော်ကတည်းက စာပေစိစစ်ရေး တင်ပြထားပေမယ့် သူကွယ်လွန်သွားချိန်ထိ ထုတေ်ဝခွင့်မရခဲ့ပါဘူး။ သခင်စိုးနဲ့ ပတ်သက်ပြီး သခင်တင်မြ စာအုပ်တွေမှာ အတော်များများ ဖော်ပြပါရှိခဲ့ပေမယ့် သူကိုယ်တိုင် ရေးသားတဲ့ စာအုပ်မှာ ပါလီမန်ခေတ်နဲ့ ၁၉၆၀ ခုနှစ်ကျော် တောတွင်း လက်နက်ကိုင် ပုန်ကန်နေတဲ့ကာလတွေ အထိရေးသားခဲ့တယ်ဆိုရင် နောက်ပိုင်းမျိုးဆက်တွေအဖို့ လေ့လာ သင်ခန်းစာယူစရာ အဖိုးတန်တဲ့ အတွေ့အကြုံတွဖြေစ်မှာ မလွဲပါဘူး။ ဦးစောရဲ့ လုပ်ကြံခြင်းကို ခံလိုက်ရတဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ အတွေ့အကြုံတွေဟာလည်း အဖိုးမဖြတ်နိုင်သလို သူတို့ကိုယ်တိုင် အသက်ရှိထင်ရှားရှိခဲ့ရင် မေးမြန်းရေးသားကြလျင် သော်လည်းကောင်း ကိုယ်တိုင် ရေးသားဖြစ်ရင်သော်လည်းကောင်း သမိုင်းအတွက် တန်ဖိုးရှိတဲ့ မှတ်တမ်းတွဖြေစ်လာမှာ မလွဲပါဘူး။ သခင်ဖေဌေးရဲ့ သခင်ဖေဌေး၊ သိန်းဖမြေင့်ရဲ့ စစ်အတွင်း ခရီးသည်၊ ဦးနုရဲ့ ငါးနှစ်ရာသီ ဗမာပြည်၊ ဗိုလ်မှူးချစ်ကောင်းရဲ့ အနှစ်နှစ်ဆယ်၊ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ စတဲ့စာအုပ်တွေမှာ ထိုခေတ်ရဲ့ အဖြစ်အပျက်၊ အငွေ့အသက် ခြေရာတွေကို နိုင်ငံရေး စိတ်ဝင်စားသူ လူငယ်တွေ နောက်မျိုးဆက်တွေ မက်မက်မောမော ရှာဖွေဖတ်ရှုလေ့လာကြတာ တွေ့မြင်ကြားသိနေရပါတယ်။ ဒီနေရာမှာ ပြောစရာ သတိပြုစရာ တချက်ကတော့ ယခုစာအုပ်လို သခင်တင်မြရဲ့ ဘုံဘဝမှာဖြင့် စာအုပ်လို သမိုင်း အဖြစ်အပျက်ကိုယ်တွေ့ ရေးသားတဲ့ စာပေတွေဟာ သမိုင်းမဟုတ်သေးဖူး ဆိုတာပါပဲ။ သမိုင်းရေးသားဖို့ အထောက်အထားတွေ၊ အချက်အလက်တွေသာဖြစ်တယ် ဆိုတဲ့အချက်ပါ။ သမိုင်းဆိုတာကို သမိုင်းပညာရှင်တွေက သုတေသနပြု ဖော်ထုတ်ရေးသားကြရမှာပါ။ မြန်မာနိုင်ငံက သမိုင်းကော်မရှင်၊ သမိုင်းစာအုပ် ပြဋ္ဌာန်းရေး ကော်မီတီတွေဟာ အာဏာရှင်စနစ်ခေတ် ၂ ခေတ်အောက်မှာနကြေရလို့ လွတ်လပ်စွာရေးသား ပြုစုခွင့်မရကြပါဘူး။ သခင်တင်မြရဲ့ ဘုံဘဝမှာဖြင့်စာအုပ်နဲ့ ပတ်သက်ပြီး လက်ရှိပျဉ်းမနားမြို့မှာ နေထိုင်လျက်ရှိတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မီတီဝင်ဟောင်း တဦးရဲ့ ဇနီးဖြစ်သူက ဒီစာအုပ်ထဲမှာ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တချို့နဲ့ ပတ်သက်ပြီး အချက်အလက်တွေလွဲမှားနေတဲ့ အကြောင်း ပြောပြဖူးပါတယ်။ ထို့အတူပဲ သခင်တင်မြ ဒုတိယမြောက် ဘုံဘဝမှာဖြင့် ထပ်ကြပ်မကွာ စာအုပ်မှာလည်း ပျဉ်းမနား သခင်ဘနီနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြချက်ထဲမှာ အချို့အချက်အလက်တွေလွဲမှားနေတယ်လို့ သခင်ဘနီရဲ့ သားဖြစ်သူက ထောက်ပြဖူးပါတယ်။ ဘုံဘဝမှာဖြင့်၊ ထပ်ကြပ်မကွာ စာအုပ်တွေမှာ အင်္ဂလိပ်ခေတ်၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွေကို ဖော်ပြခဲ့ပြီးဖြစ်သလို ယခုထွက်ရှိတဲ့ စာအုပ် အမှားနဲ့ အမှန်မှာတော့ စာရေးသူ သခင်တင်မြက ၁၉၄၅ မှ ၁၉၄၈ ခုဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးရသည့်နေ့အထိ ၃နှစ် ၄ လနှင့် ၅ ရက်တာကာလကို ဖြစ်စဉ်အလိုက် စီစဉ်ပြီး ဖော်ပြထားပါတယ်။ ယခင်စာအုပ်နှစ်အုပ်လို ကိုယ်တိုင် အတွေ့အကြုံ အပေါ်မူတည်ပြီး ရေးသားတာတွေ့ရပြီး ယခုစာအုပ်က ကိုယ်တိုင် အတွေ့အကြုံထက် အခြားသူတွေရဲ့ သမိုင်းအဖြစ်အပျက်မှတ်တမ်း စာအုပ်တွေကိုပါ ကိုးကားဖြည့်စွက်ပြီး ရေးသားထားတာပါ။ ဥပမာ သိန်းဖမြေင့်ရဲ့ စစ်အတွင်း ခရီးသည်၊ လူဝီအယ်လန်ရဲ့ စစ်တောင်း တိုက်ပွဲ၊ ရဲဘော်မြရဲ့ ဖက်ဆစ်တော်လှန်ရေး ရဲခေါင်ပြောက်ကျား၊ တက္ကသိုလ် နေဝင်းရဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေး ကြိုးပမ်းမှု၊ မောင်မြဟန်ရဲ့ မြန်မာ့သမိုင်း အဘိဓာန် စတဲ့စာအုပ်တွေကို ကိုးကားထားတာ တွေ့ရ ပါတယ်။ ယခုစာအုပ် စာမျက်နှာ ၂၀ တွင် ဂျပန်ကို တိုက်ထုတ်ပြီး အင်္ဂလိပ်ပြန်အဝင် ရန်ကုန်သိမ်းသည့် ကြေညာချက်တွင် ဗိုလ်မှူးကြီး နေဝင်းနာမည်နှင့် ကြေညာချက်ရေဒီယိုမှ ကြေညာရာတွင် စစ်ဦးစီးချုပ် မဟုတ်ပဲ စစ်ဦးစီးချုပ်ဟု အမည်တပ်ကြေညာခဲ့သည့် ကိစ္စကို ဗိုလ်ချုပ်အောင်ဆန်းက ထိုသို့ကြေညာခြင်းသည် တာဝန်မဲ့လုပ်ရပ် ဟုပြောပြီး ဗိုလ်မှူးကြီးနေဝင်းကို တပ်ကထွက်ခိုင်းသည့် အဖြစ်ကို ရေးသားဖော်ပြထားသည်။ ထိုကြေညာချက်ကို ဗိုလ်မှူးကြီး နေဝင်း မသိပဲ ဗိုလ်အောင်ကြီးက သူ့သဘောနှင့် သူကြေညာခဲ့သည်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။ ထိုအဖြစ်အပျက်ဖြစ်ပြီးသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းက သခင်ဗဟိန်းကို ကာနယ် (ဗိုလ်မှူးကြီး ) ခန့်သည့်အမိန့်ထုတ်ပြီး နောက်တနေ့တွင် စစ်ရုံးလာ သတင်းပို့ရန်ပါ အကြောင်းကြားခဲ့သည်။ သို့သော် ထိုအချိန်တွင် သခင်ဗဟိန်းမှာ ငှက်ဖျားမိနပြေီး အမိန့်စာကို အံ့အားသင့်ကာ သခင်သန်းထွန်းထံ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ သခင်သန်းထွန်းက ဗိုလ်ချုပ်ထံ ချက်ချင်း သွားတွေ့ပြီး သခင်ဗဟိန်းကို ကွန်မြူနစ်ပါတီမှ မပေးနိုင်ကြောင်း၊ နေလည်းမကောင်းသဖြင့် ပါတီမှ ခွင့်ပေးထားရသည့် အကြောင်း ပြောသည်လို့ ယခုစာအုပ်မှာ ဖော်ပြထားပါတယ်။ သခင်စိုးရဲ့ အိမ်ထောင်ရေးကိစ္စ၊ ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲခြင်း၊ ဖဆပလအဖွဲ့ကြီးမှ ကွန်မြူနစ်ပါတီ ထုတ်ပစ်ခံရခြင်း ကိစ္စရပ်များ အသေးစိတ်ကို သမိုင်းစာအုပ် ကိုယ်တွေ့အဖြစ်အပျက်များနှင့် တွဲဖက်ပြီး ရေးသားထားသည်ကို ယခုစာအုပ်တွင် ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ယခုစာအုပ်တွင် အချို့သောသမိုင်းအဖြစ်အပျက်များနှင့် အတူ ထိုအဖြစ်အပျက်တွင် စာရေးသူအနဖြေင့် မည်သို့မှားခဲ့သည်ဆိုသည့်အချက်ကိုလည်း သုံးသပ်ဖော်ပြထားတာကို ဖတ်ရှုရမှာပါ။ စာရေးသူ သခင်တင်မြက ယခုစာအုပ်ကို ၂၀၀၇ ခုနှစ် ဇွန်လတွင် စတင်ရေးသားပြီး ၂၀၀၉ ခုနှစ်မတ်လတွင် ပြီးစီးတယ်လို့ ရေးသားထားပါတယ်။ စာအုပ်တန်ဖိုးကတော့ ကျပ်ရှစ်ထောင်ဖြစ်တာကြောင့် စာပေချစ်သူတိုင်း လက်လှမ်းမှီတဲ့ ဈေးနှုန်းတော့မဟုတ်သေးပါဘူး။ [၁]

ကိုးကား

  1. သန်းစိုးလှိုင်။ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် ဒုတိယပိုင်း အမှားနှင့်အမှန်။ 21 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၇ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။မတ်လ ၂၀၁၂ တွင် ပြန်စစ်ပြီး။

ကဏ္ဍ

Leave a comment