ပုပ္ပါး မြန်မာအက နှင့် SINGER သုမောင်

မြန်မာသင်္ကြန် အက

သင်္ကြန်ရေအလျဥ်_Period of Burmese Thingyan(6 Era)

“သင်္ကြန်ရေအလျဉ်”

သင်္ကြန်ဆိုတာ သင်္ကန္တဆိုတဲ့ပါဠိဘာသာစကား
သင်္ကြန္တဆိုတဲ့ သက္ကတဘာသာစကားတွေကဆင်းသက်လာခဲ့တာဖြစ်ပြီး
ပြောင်းရွှေ့ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

မြန်မာသမိုင်းမှန်နန်းရာဇဝင်
ပဉ္ဇမအတွဲအရ
သင်္ကြန်ဟာ ပုဂံခေတ်က စတင်ခဲ့တယ်လို့ယူဆလို့ရနိုင်ပါတယ်။

အင်းဝခေတ်
ကုန်းဘောင်ခေတ်
ရတနာပုံခေတ်
ကိုလိုနီခေတ်
လွတ်လပ်ရေးခေတ်ရယ်ဆိုပြီး
ခေတ်အဆက်ဆက်ကျင်းပခဲ့တဲ့မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဟာ မြန်မာမှာသာမက ကမ္ဘာပေါ်မှာပါ အကြီးမားဆုံးသော ရေသဘင်ပွဲတခုဖြစ်ပါတယ်။

မြန်မာတို့ရဲ့ဂုဏ်ယူဖွယ်ရာ ရေသဘင်ပွဲတော် င်္သကြန်ပွဲတော်ရဲ့မြန်မာတိုရဲ့ထင်ပေါ်ကျော်ကြားတဲ့ခေတ်များကို ကောက်နုတ်ကာ
ခေတ်အဆက်ဆက်စီးဆင်းမှုကို ပုံဖော်ထားတဲ့ “သင်္ကြန်ရေအလျဉ်”
ဆိုတဲ့ တင်ဆက်မှုကို ရှူ့စားအားပေးကြပါအုန်းခင်ဗျာ။

ယခုတင်ဆက်မှုဟာ ၂၀၂၂ခုနှစ်က မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဒြပ်မဲ့အမွေအနှစ်အဖြစ်သတ်မှတ်နိုင်ရန် ကြိုးပမ်းနေကြစဉ်ကာလက
မီဒီယာပလက်ဖောင်းကနေ တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်စေရန်ရည်ရွယ်ပြီး ကိုယ်တိုင်ဗားဂျက်ထုတ်ပြီး mini project တစ်ခုအနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဝတ်စားဆင်ယင်မှု၊တီးလုံးတီးကွက်အပိုင်းတို့မှာ လိုအပ်ချက်များလည်းရှိနိုင်ပါတယ်။အမှားအယွင်းများပါခဲ့ပါက ချစ်သောမေတ္တာဖြင့်သာ ကြည့်ရှူ့ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။

According to the fifth volume of the history of Myanmar Thingyan can be considered to have started from the Bagan Period (AD11-13).
The celebration style of water festival in Bagan Period from the 11th to the 13th century AD can also be found in some of the murals of the Bagan Temples.So the Myanmar Tradition Thingyan is the oldest water festival in Southeast Asia and the largest in the world.

“သင်္ကြန်ရေအလျဉ်”
“Period Of Burmese Thingyan”
Cherographer – Wathone Myat Min
aye_thandar_bo
Coustume Director – Aung Kyaw Kyaw
Coustume – U Naing Lin
Aung Kyaw Kyaw
Make Up – Paing Shyan Ko
Location – The Royal Music Academy
Production Team – Art Palette

thingyan #myanmarthingyan #maharthingyan #thingyan2026 #6Era #Bangan #Inwa #Nowadays #2026 #thejourneyofwathonemyatmin #wathonemyatmin #wtmm #myanmar #reels #myanmarreels

https://youtu.be/9m3aLuskSfo?is=4BC-0EhFjP5VJrD6

ဇင်းမယ်အကအဖွဲ့

https://youtu.be/0kuac-L1Ris?is=3XgH1JW1o7EaB69L

အလှဖြာဝေ ပုပ္ပါးမြေ

၂၀၂၆ခုနှစ် ၁၇ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပွဲမှာ ဖျော်ဖြေတင်ဆက်ခဲ့တဲ့
အလှဖြာဝေပုပ္ပါးမြေ ယိမ်းအကဖြစ်ပါတယ်။

ဆရာဦးဇေယျာလင်းZayar Linn ရဲ့ကြိုးပမ်းသင်ကြားမှုနဲ့
Myanmar Cultural Association In ZinMe က
ကလေးတွေရဲ့ ကြိုးစားမှုတွေကို အတိုင်းသားမြင်ရမယ့်ယိမ်းပါ။

မိဘတွေနဲ့ ထိုင်းကို ငယ်ကတည်းကရောက်လာရပြီးမြန်မာစကားကိုတောင် လိပ်ပတ်မလည်အောင်
မပြောတတ်တဲ့ကလေးတွေ က အခုလိုထဘီအနားကို ဝဲအောင်ခတ်ပြီး
မြန်မာ့ယဉ်ကျေးမှုတွေကိုထိန်းသိမ်းတတ်ဖို့ဆိုတာ သင်တဲ့သူဘယ်လောက်သင်သင်
ရိုကျိုးစွာ နာခံလက်ခံတတ်ဖို့က လိုပါသေးတယ်။

အခုလိုခမ်းနားတဲ့ပွဲရဲ့ စင်မြင့်ထက်မှာ
သားတို့သမီးတို့ ရဲ့ အနုပညာအစွမ်းပြမှုတွေကို ချပြနိုင်ခဲ့တဲ့အတွက် ထုဆစ်ခဲ့တဲ့ ဆရာရဲ့ပီတိကတော့ အတိုင်းမသိပါကွယ်

မြန်မာအက #2026 #ပြည်သူ့ဂုဏ်ရည် #ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပွဲ #မင်းကိုနိုင် #ပုပ္ပါး #dance #myanmarculture #myanmardance #wathonemyatmin #wathone #thejourneyofwathonemyatmin

https://youtu.be/wivVgAYYY48?is=1LiL6A8lQZnVzky1

တောင်တော်ရွှေပုပ္ပါး https://youtu.be/UJScj3MNgac?si=LGZZYsLKA6dFC9Mj

သုမောင်၏ အရက်သမားအမှားတစ်ခါ ဝတ္ထုတို အသံစာအုပ်။ https://youtu.be/m0sZROVdbeA?si=H7R45tEnj1C7R3az