၁
ရွှေပွင့်လွှာစီးရီး 10 videos
https://youtube.com/playlist?list=PLA4n5NR9GU4ITkOQlXHKk3NLAStbGerlO&si=ZCIpe9eylEy2-A5Z
၂
ဂီတနက်သန် သီချင်းများ 117 videos
https://youtube.com/playlist?list=PLA4n5NR9GU4KsElZ8fIr6SjGbLzKiCnJZ&si=sK5GqRmK60s9czXQ
………
၃
ဂီတနက်သန် ကိုစောငြိမ်း ပြန်လည်ဆန်းသစ်တေးသီချင်းများ
သုမောင် တင်တင်မြ။ 11 videos
https://youtube.com/playlist?list=PL911PGPSVHRUHREF4tqy8Ea7sme_J_IA8&si=fIMv7Aq3kL_N-Myc
………
၄
ရုပ်ရှင်မင်းသားဝင်းဦး ၏ ဂီတနက်သန် ကိုစောငြိမ်း ငွေဝန်းသော်တာစီးရီး

https://youtu.be/JhuT1FvXYqo?is=Z3-OwHt62WGwikHK
၅
ဂီတနက်သန် ကိုစောငြိမ်း
အသက် ၂၆ နှစ်ကျော်မှာ လူမှားအရိုက်ခံရပြီး ကွယ်လွန်ခဲ့ရရှာတဲ့ ထူးခြားသောဂီတပါရမီရှင် ဂီတနက်သန် ကိုစောငြိမ်း
https://youtu.be/KCE3JGtfqD8?is=piSGEb0qeGkzPQH_
၆
@ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ မြန်မာဂီတသမိုင်းတွင် အလွန်ထင်ရှားခဲ့ပြီး ယနေ့အချိန်ထိတိုင် ထင်ရှားနေဆဲဖြစ်သော သီချင်းများစွာကို ရေးသားစပ်ဆိုခဲ့သူ၊ အသက်၂၇နှစ်အရွယ်မှာပဲ လူမှားပြီးအရိုက်ခံခဲ့ရကာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်ခဲ့ရှာတဲ့ ပါရမီရှင်တေးရေးဆရာတဦးဖြစ်တဲ့ ဂီတနက်သန် ကိုစောညိန်း(၁၉၂၅-၁၉၅၂)အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
@This article will focus on the talented composer Geeta Nathan Ko Saw Nyein(1925-1952), who was very prominent in the history of Burmese music and composed many songs that are still popular today. He was beaten by thugs and died young at the age of 27.
ဂီတနက်သန်အကြောင်း
ဂီတနက်သန်တေးများ
ဂီတနက်သန်တေးဂီတ
ဂီတနက်သန်ကိုစောညိန်း
အကြွေစောခဲ့သူကိုစောညိန်း
ကိုစောညိန်း၏ဘဝနှင့်အနုပညာဖြတ်သန်းမှု
ဂီတနက်သန်ကိုစောညိန်းအကြောင်း
ကိုစောညိန်း၏ဘဝနှင့်ဂီတ
ကိုစောညိန်း၏လွမ်းမောဖွယ်ရာဘဝစာမျက်နှာ
တေးရေးပါရမီရှင်ကိုစောညိန်း
အသက်၂၆နှစ်ကျော်မှာကွယ်လွန်ခဲ့သူ
အကြွေစောခဲ့သည့်ဂီတပါရမီရှင်
ပါရမီရှင်ကိုစောညိန်း
ဂီတနက်သန်ကိုစောညိန်း၏ဘဝဖြတ်သန်းမှု
ပါရမီရှင်ကိုစောညိန်း
ဂီတနက်သန်ခေတ်ကိုတည်ထောင်ခဲ့သူ
ကိုစောညိန်းနှင့်သူ၏အနုပညာ
ကိုစောညိန်းရေးသားသောသီချင်းများအကြောင်း
ငယ်ငယ်ရွယ်ရွယ်နဲ့ကွယ်လွန်ခဲ့သူကိုစောညိန်း
ကိုစောညိန်း၏လွမ်းမောဖွယ်ရာဘဝစာမျက်နှာ

https://youtu.be/dp-bzyBj0bc?is=AdW4j7GlNLiJ35uq
၇
ဂီတနက်သန်ကိုစောညိန်း ၏ အချစ်ဇာတ်လမ်း ၂ ပုဒ်
https://youtu.be/fNZNwZD2_0Q?is=B0oexs1j2uDRdD3u
၈
👉ဂီတနက်သန်ကိုစောညိန်း👈wiki Bio
ဂီတနက်သန် ကိုစောညိန်း (၁၉၂၅-၁၉၅၂) သည်
မြန်မာလူမျိုး ဂီတပညာရှင် ဖြစ်သည်။
ငယ်ဘဝနှင့် ပညာရေး
၁၉၂၅ ခု၊ မတ်လ ၃၁ ရက်တွင် မြင်းခြံနယ်၊ နွားထိုးကြီးအပိုင် ရွာသာရွာ၌ ဦးမောင်ကြီး၊ ဒေါ်တင်တို့မှ မွေးသည်။
မိဘများ ရန်ကုန်ပြောင်းလာရာ ၂၁ လမ်းရှိ ဦးဘိုးအေးကျောင်းတွင် ပညာသင်သည်။ (၇) တန်းအောင်ပြီးနောက် သရက်တောကျောင်း
ဦးပရမ၏ တိုင်းရင်းသားဘာသာကျောင်းတွင်
(၁၀) တန်းအထိ တက်သည်။
အနုပညာခရီး
ဒုတိယကမ္ဘာစစ်အတွင်း ခရမ်းသို့ စစ်ရှောင်စဉ် ဦးငွေစိုးထံမှ တယော၊ မယ်ဒလင်နှင့် သီချင်းရေးခြင်းကို သင်ယူသည်။
၁၉၄၈ ခုတွင် ရန်ကုန်ပြန်လာ၍ မြန်မာညွန့် ဦးချစ်မောင်၊ ဒေါ်အောင်ကြည်၊ စန္ဒယား ဆရာမြိုင်၊ စောင်း ဦးဘသောင်း၊ ဂီတာ ဦးစိမ်းမောင်၊ ရွှေတိုင်အေးတို့ထံတွင် တပည့်ခံသည်။
၁၉၅၀ ပြည့်တွင် စန္ဒယား ကိုလှသွင် ဦးစီးသော ဆန်းသစ်စ အပျော်တမ်းတူရိယာအဖွဲ့၌ သီချင်းစရေးသည်။ ဝဿန်ခါဦး (မုတ်သုန်လေဦး)၊ ငွေဝန်းသော်တာ၊ ဆောင်းနတ်မယ်၊ နွေဦး စသည်တို့မှာ ဆန်းသစ်စတွင် အသံလွှင့်ဖြစ်သော သီချင်းများဖြစ်သည်။
ထို့နောက် ဂီတနက်သန် ကို ဖွဲ့စည်းကာ ကိုလှထွန်း၊ (စာရေးဆရာ) သန်းဆွေ၊ အောင်လင်း၊ မသန်းမြင့်၊ စန်းစန်းတင့်၊ လှလှထွန်း စသူတို့ဖြင့် အသံလွှင့်သည်။
အေဝမ်းရုပ်ရှင် သက်ဝေ၊ ဗြိတိသျှဘားမားရုပ်ရှင် သည်ဆောင်းဟေမန် တို့အတွက် ဇာတ်ဝင်တေး ရေးပေးခဲ့သည်။
ရေးသားသော သီချင်းများ
သပြေရွက်ရေ နွေနှောင်းဝသန် စံပယ်
ကောက်စိုက်မယ် စိမ်းသစ္စာ နွေဦး
မိုးသက်လေနှင် (နောက်ဆုံးအသံလွှင့်သော သီချင်း)
ငွေဝန်းသော်တာ (မှာလိုက်စမ်းပါရစေ) (ကိုယ်တိုင်ဆိုသည်)
ပွင့်ဦး သစ္စာတော်ဦး ဝသန်ခါဦး (မုတ်သုန်လေဦး)
ဆည်းဆာ ရတုဘုရင် ဝိဇယ ချစ်ကန္တာရ
မဗေဒါ ချစ်တိုင်းမညား ချစ်ပြုံးနှင်းဆီ ဝဏ္ဏပဘာ
အရုဏ် အရုဏ်ဦးမှာ သည်းကြွေလုပြီ ဆည်းဆာ
သိင်္ဂီ မြနဒီ စာဆိုရှင် မေတ္တာနှောင်ကြိုး
မယ့်ကြမ္မာ ဆောင်းညဉ့် ရွှင်မြူးညိုညို
လှိုင်းရေယာဉ်ဦး လွမ်းဓလေ့၊ သည်ဆောင်းဟေမန်
မြန်မာ့တေးသံ မိုး နှုတ်ခွန်းဆက်လွှာ
ရေးသားသော စာအုပ်
ကဗျာ၊ ဆောင်းပါးများ ရေးခဲ့ပြီး
မရဏမောင်းသံ ဝတ္ထုမှာလည်း ထင်ရှားသည်။
ဘဝနိဂုံး
၁၉၅၂ ခု၊ အောက်တိုဘာလ ၃၁ ရက်တွင်
လူမှား ရန်ပြုခံရ၍ ကွယ်လွန်သည်။
ဝီကီပီးဒီးယား မှ
crd_to_owner_with_respect
၉
ေ၇ွှပွင့်လွှာ စီးရီး 10 videos မန္တလေးသိန်းဇော်
https://youtube.com/playlist?list=PLA4n5NR9GU4ITkOQlXHKk3NLAStbGerlO&si=WlVMW-qNsntXnXC_
၁၀
ဂီတနက်သန် ကိုစောငြိမ်း သီချင်းများ 117 videos
https://youtube.com/playlist?list=PLA4n5NR9GU4KsElZ8fIr6SjGbLzKiCnJZ&si=Arg8AqkJddgzLOLX
၁၁
ဂီတနက်သန် ကိုစောငြိမ်း သီချင်းများ 11 videos
https://youtube.com/playlist?list=PL911PGPSVHRUHREF4tqy8Ea7sme_J_IA8&si=7y9ObPctdjBPO2fY
၁၂
ဂီတနက်သန် ကိုစောငြိမ်း သီချင်းများ စီးရီး
https://youtu.be/Dl3BUTqj5qs?is=jrF-2c_etfTc0evq

၁၃
https://youtu.be/VavW7QtsvxA?is=gXKWL9oupHHBTHuY
၁၄

117 videos

https://youtube.com/playlist?list=PLA4n5NR9GU4KsElZ8fIr6SjGbLzKiCnJZ&si=0rP3b9YQfHG8F7by

၁၅
နွေနှောင်းရွက်ကျန် ၊နွေနှောင်းဝသန်။ တေးရေးဂီတနက်သန် ကိုစောငြိမ်း တေးဆို မာမာအေး
https://m.facebook.com/groups/1768866713389020/permalink/4955632141379112/?

၁၆
မန္တလေးသိန်းဇော် ၏ဂီတနက်သန် သီချင်းများ 16 videos
https://youtube.com/playlist?list=PLA4n5NR9GU4KifIvtJIG7Y4zhtb_JMY_-&si=ZxKhb_xC3IAEfkEn
၁၇

https://youtu.be/JhuT1FvXYqo?is=rZ7WZz89CXl4eYJS
ဝင်းဦးချစ်ခွန်းတုံ့တင်သည့် ဂီတနက်သန်ကိုစောညိန်း၏ ငွေဝန်းသော်တာစီးရီး
၁။ ဝိဇယ
၂။ မိုးသက်လေနှင်
၃။ စိန်
၄။ နွေနှောင်းဝဿန်
၅။ ပွင့်ဦး
၆။ မြနဒီ
၇။ သည်ဆောင်းဟေမန်
၈။ ငွေဝန်းသော်တာ
၉။ သစ္စာ
၁၀။ ဝဿန်ခါဦး
၁၁။ ရတုသဘင်
၁၂။ လှိုင်းရေယဉ်ဦး
ဝိဇယ
တေးရေး – ဂီတနက်သန်ကိုစောညိန်း
တေးဆို – ဝင်းဦး
သဲဆိပ်ကမ်းဆွယ် ဤဒေသမှာ ဝဲရိပ်ဆန်းကြယ် ဒီရေကျလာ
မြေကမူစွန်း သောင်ထွန်းလို့သာ ကျောက်ဆောင်ငူ လေယူလှိုင်းပုတ်လာ
ပတ်လည်ဝိုင်းလို့ ရှုတိုင်းရယ် ပင်လယ်အဏ္ဏဝါ
ကွာဝေးခဲ့ပေါ့ ရွှေပြည်တော်သာ တရူ ရည်မှန်းပါလို့ လွမ်းဖွယ်စေ ကမ်းခြေသာလှပါ
ရေယဉ်ဝန်း ကျွန်းလင်္ကာ သီဟိုဠ်မှာ မျှော်ရင်းမျှော်ရင်း တောတောင်နင်းကာ
မြေပြင်လွင်ကွင်း ဆွေးအောင်ဖန်နှင်း ဆင်းကြည်သွန်ဖြာ
စမ်းရေအိုင်သီတာ မြရောင်ရိပ်သွင်ထင်လာ
ခြွေရံများစွာရံကာ ခကာ တမေခင် မယ်ဝဏ္ဏ ကခုန်မြူးလို့ ခူးကြသလား
ပန်းမာလာ ပင်ယံထက်ဖျားမှာ ယိမ်းနဲ့နွဲ့ဘယ်ညာ လှုပ်ရှားကာ
ဆင်းရွှေဝါ လေပြေယူရာ သင်းပျံ့မွှေးတော့တာ…
ပျံကာဝဲကာနွှဲကြရှာ ရေအိုင်ထဲမှာ ကူးခတ်ကာ မ ဖို ခေါ်သံနဲ့သာ ကျူးရင့်ကြ သံပြိုင်ညီညာ၊
လူနှယ်တူစွာ မြုံသိုက်ရိပ်မှာ လည်ယှက်၍သာ ငှက်မယ်ညို ဝန်လို ဟင်္သာ
လိပ်ပြာပိတုန်း ဝတ်ရည်သုံးကာ အစာရှာကြ ပန်းစုံမြိုင်ထဲမှာ
နတ်များဖန် စီမံဆောင်ပို့ရာ ဘုန်းတေဇာ ရွှေသမ္ဘာလင်းကာ
မဟာဝိဇယ ရာဇာ ဘဂဝါဇိနသသနာ ပင့်ယူဆောင်ထိုက်သူမှန်စွာ
ဒေဝါများစွာ သိကြားပါ စောင့်ရှောက်လာ
(စာဆိုတော်နေ့ပြဇာတ်သီချင်းဖြစ်ပါသည်)။
မိုးသက်လေနှင်
တေးရေး – ဂီတနက်သန်ကိုစောညိန်း
တေးဆို – ဝင်းဦး
အနောက်တောင်ဆီက ရွာမည်ဟန်ပြင်၊ မိုးသက်လေနှင့် မုန်တိုင်းပင့်လျှင်
စစ်မျက်နှာဖွင့် တိမ်ခိုးလွှင့်ကာနှင့် မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်မှင်
ပြိုမှာလေလား မိုးရဲ့ စိုးအောင်ခုပင် အမ္ဗုန်မောင် ဖန်အားလေတဲ့အင်
လျှံရွှေစင် ပြိုးပြိုးပြက် လျှပ်စက် ရောင်ခြည်မျှင် ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင်
နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင် လွမ်းအောင်ဖော်ပြ အာကာဝေဟင်
ဘယ်ရှေးဝဋ်ကြွေး တုံ့တင်ချေပြီ ထင်ခဲ့ ခိုမီရာမဲ့ ရှုလှဲ့မြင်လဲှ့စေချင်
ချစ်တဲ့သူရဲ့ရင်ခွင် သည်မိုးမှောင်တုန်း မောင်ပုန်းပါရစေခင်
တကိုယ်ရေ အားနွဲ့နွဲ့ တုန်ပြီ ရွှေဘဝင်
ငြိုးရက်တဲ့ ဒေဝါဆွေနတ်ရှင် အော်… မိုးသက်လေနှင်
စိန်
တေးရေး – ဂီတနက်သန်ကိုစောညိန်း
တေးဆို – ဝင်းဦး
(ချစ်ရေးခင်ရေး လိုက်လေဝေးတယ် စိန်ခေါ်ပါလို့ ပြေးလေသလားကွယ်
လှမ်းလင့်သူအား မြူသလိုလိုနှယ် ယိမ်းနွဲ့လှည့်စား ရှောင်ဖယ်ရှောင်ဖယ်
မာယာတွေပိုလွန်းသူရယ် …….)၂
စိန်ပြီကွယ့် ထားသက်လယ် လွတ်အောင်သာ ရှောင်စမ်းပါ့
မောင်ဖမ်းယူ လှမ်းချူကာပွေ့မယ်
တမြေစီမှာရယ် ဝေး ဝေး ဝေးလို့သာ မပိုင်သူ အနိုင်ယူအားကိုးနဲ့ရယ်
မူနိုင်ရက်လေသမျှ နောင်ကျမှ အငြိုးကို ချေမယ်
လိုက်လေ ဝေးလေ ဝေးတယ်၊
ချစ်တဲ့အရေးကို အပြေးစိန်သူရယ်
မောင်ချူယူလက်ကမ်းမယ်၊ အလှမ်းမှီကာမှ ဘွာမကူတမ်းကွယ်။
နွေနှောင်းဝဿန်
တေးရေး – ဂီတနက်သန်ကိုစောညိန်း
တေးဆို – ဝင်းဦး
နွေနှောင်းရက်ကျန် ဝဿန်ပေါ်ဦးခါ အုံ့ပျမှိုင်းဆန်း ယုဂန်ဘွေမြနန်းမှာ
ရွှေလျှံလျှပ်နွယ်ခွေကာ မိလ္လာချပ်ဆင် ဝေမှင်မှောင်ပြာ
တိမ်တိုက်ရွှေ့ပြောင်း လေလျှင်လောင်းရာ ကြွေကာကြွေကာ မြေမှာ ကြဲလျက်
ပုလဲရည်ငွေစက် ဖျန်းပက်စွေရွာ မြူမှုန်လိမ်းကျံတဲ့ ညိုးပြောင်းရွက်ညှာ ရွှေရောင်ရော်ဝါ
သန္တာလို မြညိုရောကာ၊ ကြွေလျောကုန်လု ပုရစ်နုညှာချီ နှောင်းနွေသန်လု စက်ရာသီမှာ
လေယူဆောင်နှင်း မြေဆီမြေသင်းနံ့သာ
စိန်ခြူးအုံကြွ ကြာညောင်သဉ္စာ ပန်းကြဲတဲ့ ဖဲစက်ရာမှာ မယ့်ကိုယ်စား မွှေးမြလေသလား ထင်မြင်ယောင်တွေးမိမှားကာ
သည်းအူချာ ကြွေအောင်ဖန်လာ၊ သက်လျာဓာတုရဲ့ မြင်လှည့်ပါ
ပွင့်ဦး
တေးရေး – ဂီတနက်သန်ကိုစောညိန်း
တေးဆို – ဝင်းဦး
အသည်းလွှာမြေဝယ် အမြစ်ဖြာယှက်သွယ် အချစ်ညှာခက်ခါနွယ်မာလာပင်နန်၊ ချစ်ပန်းပွင့်ဦးစအရွယ်
ချူတော်မူလာနိုး မျှော်ကိုးကာ ပူဗျာပါကြွယ် ရည်ရွယ်သွယ်ညွှတ်ပျောင်း ကြာလေ ညှာကြွေညောင်းမျှရယ်
အရိုင်းစပယ်မို့ ပစ်ပယ် ပန်တော်မဝင်တယ် ငွေသဇင်ကြူမွှေး သူရွေးပြီထင် အားငယ်
တွက်ရေသော် ရက်တွေခြား စောင့်စားရင်းမြေမှာ ကြွေကြွေကာ နွမ်းလေပြီကွယ်
ငွေချပ်လွှာဆွေး မာလာမွှေးရနံ့ပြယ်
စပယ်ဖြူတုံးကာမှ ခင်ဖုန်းသက်ဝေရယ် ဘယ်စိတ်လည်လို့ ပေါ်လာပြန်တယ်
လှောင်တာ လေလားနော်ကွယ် ဖန်လာပုံ ခုမှဆန်းကြယ်
အချစ်ဖြင့် ဆိတ်သုဉ်း ဆုံးရှုံးခြောက်ခမ်း လောင်ကျွမ်းခဲ့ရ မောင့်ဘဝအစဉ်ဝယ်
ဆက်သွယ် သန္တတိ မမြဲသော ရုပ်နာမ် ပြောင်းလွဲသည့်နှယ်
ဖြစ်ပြန်ပျက်ပြန် အချက်မှန် တရားရယ်
မူလွန်းခဲ့သူရယ် ပွင့်ဦးကြွေမှဖြင့်ကွယ်၊ မပန်စေချင်ရက်တော့တယ်။
မြနဒီ
တေးရေး – ဂီတနက်သန်ကိုစောညိန်း (ဂီတကောင်စီအတွက် ရေးပေးခြင်း)
တေးဆို – ဝင်းဦး
နီလာမြနှယ် စိမ်းတယ် သီတာသောင်ကမ်းက ဆန်းကြယ် ဧရာကြော သာမောနဒီ လယ်
ကွေးဝိုက်ခွေလို့ ရေညိုညိုဆင်းသွယ် ကမ်းစပ်မှာ ဗေဒါတွေရယ် ဝဲပြန်ရိပ်ဝယ်
စုန်ဆန်မျောရှာပေါ့ကွယ် စီးရေညိုလယ် ရောင်စုံတွေခြယ်
ဆည်းဆာမှိန်ရီ သိင်္ဂီရွှေမှုန်ကြဲ ဇင်ယော်တွေလည်း မောင်မယ်တူနွဲ ပျံကာ ဝဲကြတယ်
ငွေသောင်ဦး ကြည်နူးဖွယ် ဒီဆိုင်ရေဆွယ် လှိုင်း လှိုင်း လှိုင်းထလို့ရယ်
ရိုယီးလေး လှော်ကြလှော်ကြ လောင်းယဉ်သာ၊ လှေငယ် ရွှေစွန်တောင် တက်ရေးဟန်လှ ရေပေါ်မှာ ဝဲကာ နွှဲကြတယ်
အဏ္ဏဝါလှိုင်းခုံဗွေဝယ် ကူးကာမြူးကာ လူးလာပြိုင်လို့ရယ်
လေရူးသုန်သုန် နှင်းဖုံဖုံ ငွေယမုန်စီး ရေညိုလယ်
ငါးတန်တွေ သောင်ခြေဦးမှာ မြူးတူးသောနွေလဝယ်
ဒေါင်းဖန်ဝါ ဟိုကမ်းသာရိပ်ဆွယ် ဂေါရာဆီ သက်ယွန်းပြီမို့ကွယ်
မိုးယံမြင့်မှာတဲ့ စန်းယုန်ပွင့်သာလျက်ကယ် လင်းရောင်ဝေလှိုင်း ရေထက်ဝယ် ရွှေရည်လက်ကာသာရယ်
ပြိုးပြိုးပြက် ယှက်ကွေးလိမ်ခွေနှယ် မြူမှုန်ငွေနှင်း သုန်သုန်ယူသွင်း တောင်လေညှင်းစဝယ်
လှေယာဉ်စီးပိုက်ကြီး ကိုတံငါတွေရယ် မျှောမျှောမျှောကြတယ်
ရိုယီးလေး လှော်ကြလှော်ကြ လောင်းယဉ်သာ လှေငယ်
ရွှေစွန်တောင် တက်ရေးဟန်လှ ရေပေါ်မှာဝဲကာ နွှဲကြတယ်
အဏ္ဏဝါလှိုင်းခုံဗွေဝယ် ကူးကာမြူးကာ လူးလာပြိုင်လို့ရယ်
လရူးသုန်သုန်၊ နှင်းဖုံဖုံ ငွေယမုန်စီး ရေညိုလယ်၊
ငါးတန်တွေ သောင်ခြေဦးမှာ မြူးတူးသော နွေလဝယ်
……………
