
ခင်မောင်တိုး -ဆယ်လ်မွန် ငါးတို့ အပြန် (Official Music Video ) မဇ္ဈိမ လှိုင်း တေးဂီတ https://youtu.be/M-9zszkaibc?si=E7HFdgS4ag95XSGn
မှတ်ဖွယ်မှတ်ရာ စာပဒေသာ သဘာဝ ပတ်ဝန်းကျင်ရေးရာ စိတ်ဝင်စားဖွယ်ရာ ထူးဆန်း ထွေလာ ဤမြေကမ္ဘာ Salmon Spawning ဆယ်လမွန် ငါးတို့ အိမ်အပြန် ( ၂ /၂ ) နှင့် ဆာလ်မွနိငါးတို့၏ ကြေကွဲဖွယ်ရာ သူတို့ ဘဝတွေအကြောင်း
တခေတ် တစ်ချိန်က မြန်မာ ဂီ တလောက၏ စတီရီယိုခေတ် က စတီရီယို သီးချင်းတစ်ပုဒ် ဆယ်လ်မွန်ငါးတို့အပြန် – ခင်မောင်တိုး …. Song Name – Salmon Ngar Toh A Pyan //. ဆယ်လမွန်ငါးတို့အပြန်
သီဆိုသူ Artist – Khin Maung Toe // ခင်မောင်တိုး
တေးရေး Composer – Khin One // ခင်ဝမ်း. သီချင်းဖွင့်ကြည့်နားဆင်၇န် YouTube video
https://youtu.be/GcO_LmbiFj4?si=VafHJgFwySCxNQzI. ဆာလမွန်ငါးတွေ၏ ဘဝ သက်တမ်း သဘာဝ အကြောင်း
ကနေဒါနိုင်ငံ နေ မြန်မာတစ်ဦး၏ ကွင်းဆင်းလေ့လာတွေ့ရှိချက်များ. youtube video ဖွင့်ကြည့်ရန်
Cycle of Life Of A Salmon Fish 🐟 ဆော်လမွန်ငါးများ မွေးရပ်မြေသို့ ပြန်လည်စွန့်စားခန်း. ကနေဒါနိုင်ငံ၊ မြောက်ဗန်ကူးဗား (North Vancouver) ရှိ Seymour River Heritage Park မှာ ဖြစ်ပေါ်နေတဲ့ မယုံကြည်နိုင်စရာ ဆော်လမွန်ငါးဥချတဲ့ ခရီးစဉ်ကို လာရောက်ကြည့်ရှုလိုက်ပါ။. ဆောင်းဦး ရောက်တိုင်း ဆော်လမွန်ငါး ထောင်ပေါင်းများစွာဟာ သမုဒ္ဒရာကနေ သူတို့ မွေးဖွားရာ Seymour မြစ်ကို ဥချဖို့ ပြန်လာကြပြီး သဘာဝရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ဘဝစက်ဝန်း တစ်ခုကို ပြီးမြောက်စေပါတယ်။. ဒီဗီဒီယိုမှာ ရေစီးကြောင်းကို အန်တုရင်းနဲ့ အသက်သစ်တွေ ဖန်တီးနေကြတဲ့ ဆော့ခ်အိုင်း (sockeye) နဲ့ ချမ် (chum) ဆော်လမွန်ငါးတွေ ရေဆန်တက်နေပုံကို အနီးကပ် ရိုက်ကူးထားပါတယ်။. ဒီသဘာဝဖြစ်ရပ်ဟာ ဆော်လမွန် ရေစီးဆင်းချိန် (အောက်တိုဘာလမှ နိုဝင်ဘာလ) အတွင်း မြောက်ဗန်ကူးဗားကို လာရောက်လည်ပတ်သူတိုင်း မဖြစ်မနေ ကြည့်ရှုသင့်တဲ့ မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။ 📍 တည်နေရာ: Seymour River Heritage Park, North Vancouver, BC, Original English Post
Witness the incredible salmon spawning journey at Seymour River Heritage Park in North Vancouver, Canada. Every fall, thousands of salmon return from the ocean to their birthplace in the Seymour River to spawn — completing one of nature’s most fascinating life cycles. In this video, we capture close-up footage of sockeye and chum salmon swimming upstream, battling the current, and creating new life. This natural phenomenon is a must-see for anyone visiting North Vancouver during the salmon run season (October–November). 📍 Location: Seymour River Heritage Park, North Vancouver, BC,
ကူးယူ မျှဝေပါသည် အေးမြင့်( ညောင်တုန်း)
12 December 2025

1 -Wild Salmon Survival ဆာလမွန်ငါးတွေ၇ဲ့၇ုန်းကန်ကြရတဲ့ သူတို့ရဲ့ကြေကွဲဖွယ် ဘဝတွေအကြောင်း အဂ်လိပ်စာတန်းထိုး ပညာပေး သတင်းမှတ်တမ်း 41:44 minuite. https://youtu.be/bRkD5j2qEr4?si=OeIUkdwo6kxBBX12
2-ဘာကြောင့် ဆယ် လမွန် ငါးတွေ ေ၇ဆန် ကို ပြန်တက် ကြတာလဲ Salmon Life https://youtu.be/aS5Hs0w4R2o?si=ZOBFTyUls6gfa8fc ဆယ်လ်မွန်ငါးများသည် အရှေ့ဖျားအာရှပစိဖိတ်ဒေသ၊ ဂျပန်ပင်လယ်ပြင်၊ အလက်စကားကျွန်းဆွယ်၊ မြောက်အတ္တလန်တိတ်သမုဒ္ဒရာနှင့် ဆိုက်ဘေးရီးယားဒေသတို့တွင်သာ တွေ့ရတတ်တဲ့ ငါးမျိုးစိတ်ဖြစ်ပါတယ်။. ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငန်(ပင်လယ်ပြင်)မှာ ကြီးပြင်းသော ငါးမျိုးစိတ်တစ်မျိုး ဖြစ်ပြီးတော ရေချိုမှာ ပျှမ်းမျှ ၂နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ဆီ ထွက်လာကြတာပါ။. ပင်လယ်ပြင်မှာ ၃နှစ်ခန့်အကြာ ကြင်ဖော်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကို ပြန်ကြပါတယ်။
3-ဆယ်လ်မွန် ဆိုတာ ဘယ်လို ငါးမျိုးတွေလဲ ။ https://youtu.be/jTAMoHsh4BQ?si=90pGNgXMmOb3tDkS။ Burma_SannPyar_TV_Channel။ Thank you for watching Burma SannPyar Youtube Ch
4-Salmon’s life cycle and their incredible impact on our ecosystem https://youtu.be/P_ROqvC59D4?si=TN_Y6bW4UdDQ-rDL After spending years in the open ocean, these fish return to their natal streams, where they were born. It’s thought that salmon navigate using the Earth’s magnetic field and are able to recognize the smell of their home stream – often allowing them to return within metres of where they emerged from their egg.
An adult salmon returning to spawn contains roughly 130 grams of nitrogen and 20 grams of phosphorus. These nutrients greatly benefit the ecosystem surrounding salmon-bearing waterways.
5-ဆယ်လ်မွန်ငါး ( Salmon ) အကြောင်း သိကောင်းစရာ https://youtu.be/0DBFfpde50Y?si=EWLZH4s7gO_NzDki Queed Entertainment Channel
YouTube Channel လေးကို Like and Subscribe လုပ်ထားပြီးတော့ ကမ္ဘာ့အံ့ဖွယ်အကြောင်းရာများ၊ ဗဟုသုတရာဖွယ်ရာများကို စဉ်ဆက်မဖြတ်တင်ဆက်ပေးပါ့မည်ဗျ။
6-ခက်ခဲကြမ်းတမ်းတဲ့ ဆယ်လ်မွန်ငါးတို့ အိမ်ပြန်ခရီးလမ်း https://youtu.be/kM7CiSV0PP8?si=GA18jtKU1feMUyPG
7-ဆော််လမွန် ငါးများရဲ့ ကြေကွဲ ဖွယ်ဇာတ်လမ်း https://youtu.be/srM4UV6IC88?si=x5Xxrd_txryYHx7M. ဆော်လမွန်ငါးများရဲ့ ကြေကွယ်ဖွယ်ဇာတ်လမ်းလေးကို သနားဂရုနက်သက်စေဖို့
တင်ဆက်ပေးလိုက်ရပါတယ်။. အာလုံးသတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ။
စိတ်ဆင်းရခြင်း ကင်းကြပါစေ။
ကိုယ်ဆင်းရခြင်းကင်းကြပါစေ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာဖြင့် မိမိတို့ ခန္တာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။Thank you for watching.
Please subscribe my channel.
8-သေဖို့အတွက် အိမ်ပြန်လာကြတဲ့ ဆယ်လမွန်ငါးများ https://youtu.be/-gSlkEHwesU?si=eoOWo9d8k6aU8dAO
9-ဆယ်လ်မွန် ငါးလေးတွေက ဘာကြောင့် ရေကို ဆန်ပြီး ပြန်ကြတာလဲ။ https://youtu.be/r3_tFkeqOyI?si=RcYukHS8m26xldYQ။ Join us on an incredible journey as we dive into the awe-inspiring life cycle of the salmon fish! 🌊🐟 From their humble beginnings in freshwater, through an arduous 2,000-mile trek to the ocean, and their brave return to reproduce, salmons embody determination and sacrifice. Discover how these resilient creatures navigate natural predators and human obstacles, and learn about their profound impact on Japanese culture. Witness the story of survival, perseverance, and the cycle of life, as salmons lay thousands of eggs before completing their remarkable journey. Don’t forget to like and share this video if you found it fascinating! SalmonJourney #Wildlife #NatureDocumentary #Perseverance #OceanLife #FishMigration
10-ဆယ်လ်မွန် ငါး https://youtu.be/O9d8snP4mUA?si=e-zARDXODJVvHKXE သတ္တဝါလေးတွေရဲ့အကြောင်းက်ု စိတ်ဝင်စားရင် ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ထားကြပါဗျ❤️
11- ဆယ်လ် မွန်ငါး -အိမ်ပြန်နိုင်ဖို့ အသက် ပေး ခဲ့ကြသူများ https://youtu.be/RMBakasq3Sk?si=BuNuZ7Ltvvjmj0LD။ ဆယ်မွန်ငါး – အိမ်ပြန်နိုင်ဖို့ အသက်ပေးခဲ့ကြသူများ
သင်မသိသေးတဲ့ သူတို့အကြောင်း About Salmon Fish You Don’t Know #fish #salmonfish #underswater #ocean #naturelovers #nature
12-ဆယ်လမွန် ငါးတွေ ဘာလို့ အိမ်ပြန် ကြတာလဲ ၊ https://youtu.be/U5j9x61kQp4?si=RofDBupsqU1JvMCe ဆယ်လ်မွန် ငါးတွေဟာ လူသားတိုအတွက် အရမ်းအရေးပါတဲ့ Omega 3နဲ့ fatty acidsတို ရရှိစေနိုင်မယ့် အကောင်းဆုံးအရင်းမြစ် တွေပဲဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသောဆယ်လ်မွန် ငါးများသည် ၎င်းတို၏ဘဝအချိန် အများစုကို ပင်လယ်ပြင်ကျယ်ကြီးများနှင့် ပစိဖိတ်သမုဒ္ဒရာ အတ္တလန္တိတ်သမုဒ္ဒရာများတွင် နေထိုင်ကြပါသည်။ ဆယ်လ်မွန်ငါးတွေဟာအရွယ်ရောက်လာတဲ့အခါမှာတော့ မျိုးဥများချရန်အတွက် ၎င်းတို၏မွေးရာမြေသို ပြန်သွားရန် သဘာ၀တရားကြီးက ဖန်တီးပေးထားပါတယ် ။ဆယ်လ်မွန်ငါးတွေက ရေဆန်ကို မိုင်ထောင်ပေါင်းများစွာ ကူးခတ်ကြပြီး ဝက်ဝံများ၊ ငှက်များ၊ မြေခွေးများနှင့် လူသားများကဲ့သိုသော အန္တရာယ်များစွာကို ကျော်ဖြတ်ကာ သူတိုရဲ့ ဘဝအစပြုရာနေရာသို ပြန်သွားကြလေ့ရှိပါတယ်၊
13-The Salmon’s Journey https://youtu.be/38Rvoj_I8oA?si=BVGtUkiG5W_d1f9q
14-Pacific Salmon Migration / Alaska ‘s Vital Pulse Animal Documentaries ဆာလမွန်ငါးတွေ၏ ရုန်းကန် ခဲ့ကြရတဲ့ သူတို့ဘဝများ https://youtu.be/WCPDXjh3lfg?si=bWWiJTtvb3pnC_sI။ Pacific Salmon Migration | Alaska’s Vital Pulse #wildlife | DocuAnimals
The Pacific salmon migration reveals the vital pulse that fuels Alaska’s wildlife. This documentary shows how their epic journey nourishes bears, eagles, and entire forests, keeping the north’s wildest ecosystem alive.
In DocuAnimals, we explore the connection between ocean, river, and boreal forest. A true story of survival, sacrifice, and rebirth in Alaska’s wilderness.
15-Salmon : Conquering the Falls ,Fighting Fate to Find Your Way Home https://youtu.be/T5FdRcP7h8U?si=jcZbviL3QqSuIagK. The salmon migration is one of the most remarkable journeys in the animal kingdom.. Every year, millions of salmon leave the vast ocean and return to the rivers where they were born to perform the final ritual of their lives: breeding. This journey is not simply a migration, but a long, risky drama, from braving strong river currents to leaping over towering waterfalls. During their migration, salmon rely on their extraordinary instincts to find their way home, as if carrying a map embedded in their bodies. Many salmon die in the struggle, whether due to exhaustion, predators, or natural obstacles. However, for this species, this sacrifice is part of a life cycle that has been going on for millions of years. PLEASE NOTE: In this video, we use the terms “born” or “birth” and similar terms to refer to baby salmon that have hatched from their eggs. This is done intentionally to dramatize the story of their lives and journey; Not to distort any terms or definitions agreed upon by experts.
16-လေးစားစရာ ဆယ်လမွန်ငါးတို့အကြောင်း, https://youtu.be/1Io2IIADnvM?si=9auWVyipg5_UQWAZ
17- Discover the Amazing Life Cycle of Salmon / Learn English with Knowledge https://youtu.be/pGKdEHkueZ0?si=FjHaSedLHTiNHRos. ဆယ်လ်မွန်ငါးတို့အကြောင်း. Discover the Amazing Life Cycle of Salmon | Learn English with Knowledge. Join us as we explore the incredible life cycle of salmon and learn how these fascinating creatures journey from freshwater streams to the ocean and back. In this video, we’ll cover the stages of salmon development, their unique migration journey, and the crucial role they play in their ecosystem. Perfect for English learners, especially those in Myanmar, this video provides valuable vocabulary and insights while improving your English skills. Don’t miss out on this opportunity to learn English with knowledge and enhance your understanding of nature!
Wikipedia Article ငါးသေတ္တာစားဘူးသူတိုင်း ဆလ်မွန်ငါးကိုသိကြပေမည်။ ဆယ်မွန်ငါးသည် စည်သွတ်ရသော ငါးတစ်မျိုးဖြစ်သည်။ ဆလ်မွန်ငါးကို ဥရောပတိုက်အနောက်ဘက်၊ ကနေဒါနိုင်ငံအရှေ့ ဘက်၊ အမေရိကန် နိုင်ငံအရှေ့ဘက်တို့၌ရှိသော မြစ်များ၊ ပင်လယ်များတွင် အများအပြားတွေ့ရသည်။ ဆယ်မွန်ငါးသည် ရေချို အရပ်တွင် တစ်နှစ်ပတ်လုံးနေလေ့မရှိပေ။ စင်စစ်အားဖြင့် ရေချိုအရပ်တွင် မွေးသော်လည်း အသက် ၂ နှစ်ခန့် ရှိသော အခါတွင် ဆန်းကြယ်သော ပင်ကိုအသိ၏ လှုံ့ဆော်ချက်ကြောင့် ပင်လယ်ထဲသို့ လှည့်လည်ကျက်စားတတ်သည်။ နွေအချိန်တွင် မြစ်ငယ်ချောင်းငယ်များအတွင်းသို့ ဝင်ရောက်လာ၍ ဆောင်းဥတု တွင် ပင်လယ်၌ပင်နေလေ့ရှိသည်။
နွေဦးပေါက်လျှင် ဆယ်မွန်ငါးသည် အလုံးအရင်းနှင့် သမုဒ္ဒရာထဲမှ မြစ်ဝချောင်းဝများဆီသို့ သွားရောက် စုရုံးတတ် ကြသည်။ ထို့နောက် မြစ်ရေကို ခရီးရှည်လျားစွာ ဆန်တက်ကြ သည်။ လမ်း၌တွေ့ရသောအဆီးအတားများကို ဂရုမပြုတတ်ပေ။ ရေခဲတုံးကြီးများ၊ ရေတံခွန်များကို တွေ့ရသည့်တိုင်အောင် ကွေ့ ရှောင်တိမ်းဖယ်၍ မသွားဘဲ၊ လေထဲသို့ ၆ ပေ၊ ၇ ပေခန့်မျှ ခုန်တက်၍ ထိုအဆီးအတားကို ဖြတ်ကျော်လေသည်။ ရေငြိမ် သောနေရာသို့ရောက်လျှင်၊ ရက်ပေါင်းများစွာ ဆက်လက်၍ ခရီးသွားပြန်ရာ၊ မူလနေရာမှ မိုင်ပေါင်း များစွာဝေးသောအရပ် သို့ ရောက်ခါမှ ရပ်တန့်တော့သည်။ ဆယ်မွန်ငါးများသည် သွားလိုရာအရပ်သို့ အားလုံးချောမောစွာ မရောက်ကြချေ။ ထောင်ပေါင်းများစွာတို့မှာ ပိုက်ကွန်ထဲတွင် မိကုန်ကြသည်။ ဆောင်းဦးပေါက်သောအခါ ဆယ်မွန်ငါးတို့သည် အသွေး အရောင်နှင့် သဏ္ဌာန်ပြောင်းလဲကြပြန်၏။ တပြောင်ပြောင် တောက်ပလျက်ရှိသော ငွေရောင်သည် မွဲခြောက်ခြောက်ဖြစ် သွားသည်။ ထိုမျှသာမက၊ သေးသွယ်ကြော့ရှင်းသော ကိုယ်လုံး ကိုယ်ထည်မှာလည်း အကျည်းတန် အရုပ်ဆိုး၍လာလေသည်။ နံလေးသားမှာ ချောင်ကျသွား၍ နောက်ကျောမှာလည်း ပို့ကြီး သဖွယ် ကြွတက်လာပြီးလျှင်၊ နှာသီးသည် အပြင်ဘက်သို့ ရှည်ထွက်ကာ၊ အောက်မေးရိုးသည် အထက်သို့တက်လာလေ သည်။ ဤအချိန်မျိုးတွင် ဆယ်မွန်ငါးသည် အလျင်းစား၍ မကောင်းတော့ပေ။
ဆောင်းဦးပေါက်လာသည်နှင့် ငါးမသည် မြစ်၏အောက် မြေပြင်ပေါ်တွင် တိမ်သောမြောင်းကလေးများကို လုပ်စပြုသည်။ မြောင်းကလေးများ ဖောက်လုပ်ပုံမှာ၊ ရေအောက်ရှိ ကျောက် စရစ်ခဲများအပေါ်တွင် လူးလိုက် လှိမ့်လိုက်ဖြင့် သဲခင်းကို ကိုယ်နှင့်တိုက်၍ ဖောက်လုပ်သည်။ ထိုမြောင်းကလေးများ ထဲတွင် ဥများအုပြီးသော် သဲဖြင့်သေချာစွာ ပြန်ဖုံးထားလေ့ ရှိ၏။ ဆယ်မွန်ငါးအုနေသော အချိန်တွင် ဆယ်မွန်ငါးထီးတို့ သည် တစ်ကောင်ကိုတစ်ကောင် ကိုက်ဖြတ်တတ်ကြသည်။ ပစိဖိတ်ကမ်းခြေတလျောက်ရှိ ဆယ်မွန်ငါးထီးများကား ငါးမ များအသိုက်လုပ်နေစဉ် စောင့်ရှောက်ပေးတတ်၏။
ဥများကို သဲထဲတွင် လုံခြုံစွာ မြှုပ်နှံကွယ်ဝှက်ထားပြီး သည့်အခါ၌ ဆယ်မွန်ငါးထီးနှင့် ငါးမတို့သည် အားအင်ချည့်နဲ့ လာသည်။ ထိုအခါ၌ ငြိမ်သက်တိတ်ဆိတ်သော ရေအိုင် တစ်အိုင်တွင် ခေတ္တခဏမျှ နားနေပြီးနောက် အနည်းငယ်မျှ သော ဆယ်မွန်ငါးတို့သာလျှင် အားအင်တစ်ဖန်ပြန်လည်ပြည့်ဝ လာကြသည်။ သို့သော်လည်း များစွာသော ငါးတို့သည် ပင်လယ်သို့မရောက်မီပင် သေကြေကုန်ကြသည်။
ဆယ်မွန်ငါးဥများသည် အစပထမ၌ အနီရင့်ရောင် ပုတီး စေ့ကလေးများကဲ့သို့ဖြစ်၍၊ ပဲစေ့ကလေးတစေ့လောက်သာရှိ သည်။ ချမ်းအေးသောဆောင်းရာသီ တစ်ရာသီလုံးတွင် ငါးဥ ကလေးများသည် ရေအောက်၌ သဲများဖုံးလွှမ်းလျက်ရှိကြသည်။ နွေဦးအခါတွင် ငါးဥထဲမှ ပေါက်လာသော ဆယ်မွန်ငါးကလေး များသည် ရွနေသောသဲခင်းကို ထိုးဖောက်၍ ထွက်လာကြသည်။ ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေတစ်လျှောက်ရှိ ဆယ်မွန်ငါး ဥများမှာ အုပြီးနောက် ရက် ၆ဝ ခန့်ကြာသောအခါ သားပေါက်လာ သည်။ နွေဦးပေါက်ချိန်တွင် ထိုငါးများသည် ပင်လယ်တွင်းသို့ ပြန်ရောက်လာကြသည်။
ဆယ်မွန်ငါးကလေးများသည် အလွန်ထူးဆန်းအံ့ဩဖွယ် ကောင်းသည်။ ကိုယ်ပေါ်တွင် အစာအိတ်တအိတ် သီးသန့်ပါရှိ သဖြင့် ငါးကလေးနှင့် မတူဘဲ၊ ဖားလောင်းကလေးနှင့်တူသည်။ ဤထူးဆန်းသော အိတ်ကလေးများမှာ ဥ၏ အနှစ်ပါရှိသော ‘အနှစ်အိတ်’များ ဖြစ်သည်။ ဥအထဲတွင်ရှိသော အနှစ်ကို မှီဝဲ ခြင်းဖြင့် မွေးခါစငါးကလေးသည် ရက်သတ္တပတ် အနည်းငယ် ကြာအောင် မည်သည့်အစာကိုမျှ မစားဘဲ အသက်ရှင်နေနိုင် သည်။ ထိုအစာကုန်ခန်းသောအခါမှပင် အပြင်သို့ လှည့်လည် သွားလာလေတော့သည်။
ထိုအခါ ဆယ်မွန်ငါးပေါက်စသည် ဖားလောင်း၏ ပုံသဏ္ဌာန် ဖြစ်လာသည်။ သို့သော်လည်း အရွယ်မှာ တစ်လက်မခန့်သာရှိသေးသည်။ ဆယ်မွန်ငါးပေါက်စသည် အဆင့်ဆင့် ကြီးရင့်လာရာ၌ အတော်ပင် လျင်မြန်ရကား၊ မကြာမြင့်မီ အလျား ၄ လက်မမှ ၅ လက်မအထိရှိသော ငါးကြီးဖြစ်လာလေသည်။
ဆယ်မွန်ငါးကလေးများသည် အရွယ်ရောက်ပြီးသော ဆယ်မွန်ငါးများကဲ့သို့ ဖြူပြာရောင်သန်းမနေပေ။ ညိုဖျော့သော အရောင်ရှိ၍၊ အရေခွံပေါ်တွင် အနီစက်များ ပါရှိသည်။ ထို ငါးကလေးများသည် ကျောက်တုံးများ၏ အကြိုအကြားဝယ် ဝင်ထွက်ကာ၊ ပိုးမွှားကို ဟပ်ယူစားမျိုတတ်သည်။ အမြဲပင် ဆာလောင်မွတ်သိပ်၍ နေတတ်သည်။
ဆယ်မွန်ငါးကလေးများသည် ၇ လက်မ၊ ၈ လက်မ အရွယ်ရှိသော ငါးပေါက်စများ ဖြစ်လာသည့် အခါတွင် မြစ်ရေစီးကြောင်းတိုင်းလိုက်၍ ပင်လယ်သို့ ဆင်းကြသည်။ ငါးကလေး၏ ကိုယ်ရောင်မှာ ငယ်စဉ်ကကဲ့သို့ မွဲခြောက် ညစ်ပေခြင်းမရှိတော့ဘဲ၊ ငွေသွေးငွေရောင် တပြောင်ပြောင် တောက်ပလျက်ရှိသည်။
အရွယ်ကြီးမား၍ ဆာလောင်မွတ်သိပ်နေသော ငါးကြီး များသည် ထိုဆယ်မွန်ငါးကလေးများနောက်မှ တကောက် ကောက်လိုက်၍ ဖမ်းယူစားသောက်တတ်သည်။ စွန်ရဲများနှင့် ပင်လယ်ဇင်ယော်များကလည်း ရေကူးမကျင်လျင်သေးသော ငါးကလေးများကို အလစ်တွင်ဝင်၍ သုတ်တတ်ကြသေးသည်။ ထို့ကြောင့် ပင်လယ်သို့ အနည်းငယ်မျှသော ငါးများသာလျှင် ဘေးမသီရန်မခဘဲ၊ ချောမောစွာ ရောက်လာနိုင်သည်။ ဆယ်မွန်ငါး ပေါက်စများသည် အရွယ်ရောက်သောငါးကြီး ဖြစ်ဖို့ရန် လေးနှစ်ခန့်ကြာသည်။ ဆယ်မွန်ငါး အမျိုးပေါင်း မြောက်မြားစွာရှိ၍၊ ယင်းတို့ကို အမည်အသီးသီးဖြင့် ခွဲခြား၍ ခေါ်ကြသည်။ ဆယ်မွန်မျိုးတွင် အတ္တလန္တိတ်ဆယ်မန်ငါး၊ ပစိဖိတ်ဆယ်မန်ငါး၊ ချင်းနွတ်ဆယ်မွန်ငါး စသည်ဖြင့် အမျိုး မျိုးရှိ၏။ ဆယ်မွန်ငါးတို့သည် ကမ္ဘာ၏ မြောက်ဘက်ပိုင်းရှိ အေးမြသော ပင်လယ်တို့တွင် ကျက်စားလေ့ရှိကြသည်။ ရေချိုဆယ်မွန်ငါးလည်း ရှိသေးသည်။ ထိုငါးမျိုးကို ‘ကုန်းဆယ်မွန်ငါး’ဟူ၍လည်း ခေါ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုငါးတို့သည် အများအားဖြင့် မြောက်အမေရိကတိုက်နှင့် ဥရောပတိုက်ရှိ အိုင်ကြီးများတွင်သာ နေလေ့ရှိသောကြောင့် ဖြစ်သည်။ ထိုငါးတို့သည် အိုင်ထဲသို့စီးဝင်သော ချောင်း၊ မြောင်း၊ မြစ်စသည် တို့တွင်သာ ဝင်ရောက်ကျက်စားလေ့ရှိ သည်။ ထိုနေရာများသို့ လာရောက်ကြခြင်းမှာလည်း ငါးကလေး များမွေးရန်အတွက် သက်သက်ဖြစ်သည်။ ဤဆယ်မွန်ငါးများ သည် ပင်လယ်ဆယ်မွန်ငါးများကဲ့သို့ ကိုယ်လုံး ကိုယ်ထည် ကြီးမားခြင်းမရှိပေ။
ဆယ်မွန်ငါး ဥအုသောအချိန်မှာ အများအားဖြင့် နိုဝင်ဘာ လနှင့် ဒီဇင်ဘာလထဲတွင် ဖြစ်သည်။ ဆယ်မွန်ငါးစည်သွတ် လုပ်ငန်းသည် ငါးလုပ်ငန်းကြီးတစ်ခုလုံးတွင် အရေးပါအရာ ရောက်ပေသည်။ အထူးသဖြင့် ကနေဒါနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတွင် ဆယ်မွန်ငါးစည်သွတ်လုပ်ငန်းမှာ အရေးကြီး သော လုပ်ငန်း ဖြစ်သည်။ ဤစည်သွတ်လုပ်ငန်းအတွက် အသင့်တော်ဆုံး ဆယ်မွန်ငါးမျိုးမှာ ‘ကွင်းနက်’ငါးမျိုးဖြစ်၏။ ထိုငါးမျိုးမှာ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတွင်သာ ရှိသည်မဟုတ်ပေ။ ယခုအခါ နယူးဇီလန်ကျွန်းတွင် စမ်းသပ် မွေးမြူရာ၌ အောင်မြင်သည်ကို တွေ့ရလေသည်။[၁]
ကိုးကား
ကဏ္ဍ:
