SOUND MIX မြို့ မငြိမ်း ။ မန္တလေး မြို့မ NEWS. မန္တလေး မြို့မ အပျော်ထမ်း တူရိယာ ( ၁၉၂၅ -၂၀၂၅ )နှစ် (၁၀၀ ) ပြည့် အခမ်းအနား

မန္တလေးမြို့မအငြိမ့် အမာစိန်

Live Recorded in MRTV 1986. Recorded on VHS tape. 4KUHD and HD Audio remastered.
I made it with the music video clip from MRTV.
This is dedicated to “All Burmese Traditional Musci Artists”.
Disclaimer
I do not own this Clip from MRTV or this song but this video.
Everything belongs to its rightful owners.
Copyright @
Original MRTV Clip Producer, Director, Songwriter, Actors, Actresses,
Singers, Music, Music Arrangement,
and
Other Rightful Owners.
No Copyright Infringement Intended.
This is personal entertainment copy.
Any commercial use of this music video is
STRICTLY FORBIDDEN.
No Commercial Use ONLY!

https://youtu.be/GCzjDZurhcE?si=8XQ8VxKHhRM8quTZ

ဘုရာစျေး တေးဆို-ကြည်စန်းလွင်(မြို့မ) ၊

အက – ယမင်းအောင်မန္တလေး မြို့မ အပျော်တမ်းတူရိယာအသင်း(၁၉၂၅-၂၀၂၅)နှစ်(၁၀၀)ပြည့် အခမ်းအနား
27.11.2025(ရတနာပုံခန်းမ)

https://youtu.be/KuI3hJsXlSU?si=gctL2Xnei2l9Gvb6

မြို့မ နှစ် ၁စစ ပြ ည့် အထိမ်းအမှတ် တေးသီချင်း အဆ်ုပြိုင်ပွဲ နောက်ဆုံးအဆင့်

https://www.youtube.com/live/ffyFMWtSRgg?si=3CqKS6EPYzZNXbOM

မြို့မန္တလေး

https://youtu.be/IKqJMnUrEQU?si=ZjN0e_EeCOicWAPp

မြိုံ့မငြိမ်း ၏တေးအလင်္ကာ Music Videos 152 videos

https://youtube.com/playlist?list=PLIkUkpOon6Q39evxUlT0FdeSlg7-4H_as&si=uC5q9_Nbd8tq_4QU

သုမောင်ပြောပြတဲ့မြို့မငြိမ်း

https://youtu.be/UhYZwcOHntA?si=QtkRD1G_ltoopWWS

ယခု‌ဖော်ပြ‌ပေးမယ့် အကြောင်းအရာလေးဆရာကြီးဦးဝင်းဖေပြောတဲ့ “ဆရာမြို့မငြိမ်းရဲ့ဂီတပါရမီနဲ့ နိုင်ငံရေးအယူအဆ”ဆိုတဲ့ အကြောင်းလေးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
@I will now be presenting the topic ‘The Musical Genius and Political Philosophy of Saya Myoma Nyein,’ as shared by Saya Gyi U Win Pe.

မြို့မငြိမ်း

မြို့မ

မြို့မငြိမ်းအကြောင်း

ဆရာမြို့မငြိမ်း၏ဂီတပါရမီ

မြို့မငြိမ်း၏ဂီတဝါသနာ

မြို့မငြိမ်း

https://youtu.be/VQW-8Rfdvts?si=uFEfC7cwj6UXG_Uc

လူထုဒေါ်အမာပြောပြတဲ့မန္တလေးသင်္ကြန်နဲ့မြို့မ

https://youtu.be/ve0fXU-iTMs?si=Kmf0_fl4K27sRLSC

မြို့မကိုပေါ

https://youtu.be/A3w1W2cJNkw?si=hBMuXZJ59FbPc14R

ကိုပေါ(မြို့မ)(၁၉၂၇-၂၀၂၂)

မန္တလေးမြို့၏ ထင်ရှားသော မြို့မတူရိယာအသင်းမှ ထင်ရှားသည့် တေးရေးဆရာနှင့် ဂီတစာဆိုကြီး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၈၉ တွင် အဖ ဦးပေါ်၊ အမိ ဒေါ်လှ တို့က မန္တလေး၊ ဒါးတန်းရပ်၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးကျော်စိုးဖြစ်သည်။ အသက် ၂၄-နှစ်အရွယ်တွင် မြို့မတူရိယာဝိုင်း၌ ဆက်ဆိုဖုန်း မှုတ်သူအဖြစ်မှ စတင်၍ ဂီတလောကသို့ ရောက်ရှိခဲ့သည်။ မန္တလေးရုပ်ရှင်ခေတ် ကင်မရာဆရာဖြစ် လုပ်ကိုင်ခဲ့၍ ၁၉၄၉-ခုနှစ်မှ သီချင်းများ စတင်ရေးသားခဲ့သည်။ ၁၉၆၁-ခုနှစ်အတွက် ကိုယ်ပိုင်မေတ္တာဇာတ်ကားဖြင့် ဓာတ်ပုံထူးချွန်ဆုကို ဦးလူကလေးနှင့် ပူးတွဲရရှိခဲ့သည်။ သင်္ကြန်မိုး ရုပ်ရှင်ကား (၁၉၈၅)မှ နှစ်ကိုယ်တူ ချစ်သမျှသီချင်းနှင့် ဒဏ္ဍာရီ(၁၉၉၁) ရုပ်ရှင်ကားမှ အောင်ဇေ မင်္ဂလာ သီချင်းများမှာ အထူးထင်ရှားခဲ့သည်။ မြို့မဝိုင်းတွင် မျိုးဆက်သစ်များအား သင်တန်းပေးဆရာအဖြစ် လုပ်ကိုင်ရင်း ဒါးတန်းရပ်၌ နေထိုင်ခဲ့သည်။[၁]

၂၀၁၇-ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကြုံခဲ့ရ ဘဝမှတ်တိုင်များ နှင့် မြို့မတူရိယာအသင်းကြီးအကြောင်း စသည့် အနုပညာ သက်တမ်းတလျှောက် ကိုယ်တွေ့အကြောင်းအရာများကို ပြန်လည်ပြောပြသည့် အတိတ်လမ်းသို့ အလွမ်းပြေ စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။

ဘဝနိဂုံး

၂၀၂၂-ခုနှစ်၊ ဩဂုတ်လဆန်းတွင် မန္တလေး ပုလင်းဝင်းအရပ် နေအိမ်မှ စန္ဒရားတီးအပြီး လဲကျရာမှ ပေါင်ကျိုးခဲ့ပြီး အိပ်ယာထဲ လဲခဲ့ရသည်။ မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ်၊ ဝါခေါင်လကွယ်(၃)ရက်၊ ခရစ်နှစ် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၂၈)ရက် ည(၁၂)နာရီ၌ ၉၆-ပါးသော ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၅)နှစ် ရှိပြီဖြစ်သည်။ [၂][၃]

ကိုးကား

  1. နေထွတ် ၏ မန္တလေးအဘိဓာန်
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 29 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2022 တွင် ပြန်စစ်ပြီး။
  3. http://burmese.dvb.no/archives/551344

ကဏ္ဍများ

မြို့မတီးဝိုင်းကြီးနဲ့ ရွှေစာရံကို အရောက် သွားလို့လည် ထန်းရွက်ပုတီး ယခု ဧည့်ခံဖျော်ဖြေသူ ခက်ခက်မိုးဦး

https://youtu.be/yO2yYimRE6w?si=462cFxGuUDCjWsIS

မြိုဘတေးဂီတ နဲ့ သူဌေးဝါဒ ခက်ခက်မိုးရီး

https://youtu.be/3c4Tv2wiZKI?si=5PqNI2fsW7cyQ7R_။ ၃

မြို့မတီးဝိုင်းကြီးနှင့် စကားဝါမြေ ခက်ခက်မိုးဦး

https://youtu.be/35w4u15nGX0?si=orYo0Uq06fatFpqv။ https://youtu.be/wDMa2A-heEU?si=poTWZfHyYbe45B85

ဖက်ဖူးဆင် -ခက်ခက်မိုးဦး

https://youtu.be/G5l3mZP9TyQ?si=nniWiBm-d9VyvYsy ဖက်ဖူးဆင်။ တေးရေး – လင်းခေးလုလင် တေးဂီတ – မြို့မတေးဂီတ

မလေးလက်ခတ်သံ ရဲ့ မူရင်း ဂန္တဝင် အဆိုရှင် ဒေါ် ရီရီခင် https://youtu.be/nMz2zPufMYQ?si=mgN8yaHd4Yo1rNkO

ရီရီခင်အကြောင်း

https://youtu.be/sqOVWyb1Kno?si=QJNAkIUvco2kR56s

မလေး လက်ခတ်သံ – တေးရေး – မြို့မ ဦးဘိုခင် ၊ တေးဆို -ရီရီခင်။ https://youtu.be/I5ijTwYubDs?si=Ypt1Jk0olukGl3Mu

https://youtu.be/2pAcz2zao6I?si=cDkXKhCR215w5jND

ရွှေကြာငါးဆူသီချင်းများ

https://youtu.be/lWJhjw2TvZ4?si=2ef3bCFfIp0qwcIB

ရေဒီယိုသီချင်းမျ,ား

https://youtu.be/N3RDcyA-msc?si=g4-TakdjUXb5pJX1

မိုးကေသီ (သို့) ရီရီခင် https://youtu.be/sqOVWyb1Kno?si=v7RavQ4MwxqXFFaE

ရီရီခင် -အောင်မြင်ကျော်ကြား တေးသီချင်းများ (အပိုင်း -၃ ) https://youtu.be/2pAcz2zao6I?si=6lWlkmVBmt0UJx7E။ ၉

ကထိန်တော်မဟာ နှင့် အလဖျူတော်မင်္ဂလာသီချင်းများ https://youtu.be/yKeT52FERjM?si=-18gVancQjtoLtnk။ ၁၀

ပန်းလိုမွှေးပါစေ (ရီရီခင် ) https://youtu.be/H9jQIFUA1uA?si=aehgFsdnsVPMxl_d

၁၁

မြန်မာက္ကရာဇ် ၁၃၇၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက်၊ အင်္ဂါနေ့ည (၂၆.၁.၂၀၁၆)
မဟာရန်ကုန်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သော
ဦးတင်ဝင်း (ငွေစင်ပုလဲ) အသက် ၇၀ ပြည့် မွေးနေ့အခမ်းအနား
မန္တလေး မြို့မတူရိယာအဖွဲ့ကြီးမှ ချီးမြှင့်မှု။

မြို့မ Live Show အမှတ် (၁ ) Long Play Music Video

https://youtu.be/UttJgpp6JDI?si=evaJn6w_D1za-BKy။ မြို့မ Live Show အမှတ် (၁)
Long Play Music Video (59 minutes)
• မြို့မ Live Show အမှတ် (၁) Long …
တေးဂီတ မြို့မတူရိယာအဖွဲ့
Long Play (မ) Cassette/Video Collection။ ၁။ ရန်ကုန်သားနဲ့မန္တလေးသူ – ဇော်ဝမ်း + ချိုပြုံး (ရေး စန္ဒရားလှထွတ်)
၂။ တိမ်လွှာမို့မိုလွင် – ရန်အောင် (ရေး မြို့မငြိမ်း)
၃။ ကျောင်းပိတ်ရက် – ပန်းအိဖြူ (ရေး စန်းသော်တာ)
၄။ ဇာတိမာန် – အောင်ရင် (ရေး ရွှေတိုင်ညွန့်)
၅။ မျက်ဝန်းလဲ့ပြာပြာ – ညွန့်လှိုင်လှိုင် (ရေး ဘိုကလေးတင့်အောင်)
၆။ သက်ဆိုင်သူသို့ – ဟေမာနေဝင်း (ရေး ဘိုကလေးတင့်အောင်)
၇။ ပန်းတွေနဲ့၀ေ – ဖိုးသောကြာ (ရေး စန္ဒရားလှထွတ်)
၈။ ရန်ကုန်သူ – လွင်ဦး (မြို့မ) (ရေး နန်းတော်ရှေ့ဆရာတင်)
၉။ တစ်ကျော့နှစ်ကျော့တေးကိုသီ – ရွှေယမင်းဦး (ရေး ဂီတလုလင်မောင်ကိုကို)
၁၀။ လူချွန်လူကောင်း – သုမောင် (ရေး မြို့မငြိမ်း)

၁၂

အမှတ် (၂ ) Long Play Music Video မြို့မ Live Show အမှတ် (၂) https://youtu.be/JmB4nJ-TGmI?si=0s20tqERfrVncj2j.

မြို့မ Live Show အမှတ် (၂) (2007) Long Play Music Video (61 minutes)
• မြို့မ Live Show အမှတ် (၂) (2007…
၁။ ဦးဘသိန်း ၏ ရွှေမန်းဆီသို့ မေရွက်ဝါ
၂။ ဦးဘသိန်း ၏ သူကလေး ဇော်ဝမ်း
၃။ ဝင်းလွင် (အောင်တော်မူ) ၏ ချစ်အာရုံ မို့မို့ဇော်ဝင်း
၄။ စန္ဒရားလှထွတ် ၏ မန်းမြို့သူဇာမေ သန်းမြတ်စိုး
၅။ မောင်ဆွေနွယ် ၏ တက္ကသိုလ်ကျောင်းကငွေလမင်း ချိုပြုံး
၆။ ဂီတလုလင်မောင်ကိုကို ၏ အတူးနဲ့အသက် ဖိုးသောကြာ ပန်းအိဖြူ
၇။ ရွှေပြည်အေး ၏ လေးနာရီ မီမီဝင်းဖေ
၈။ မြို့မငြိမ်း ၏ မပြီးသေးသောပန်းချီကား ရာဇာဝင်းတင့်
၉။ နန်းတော်ရှေ့ဆရာတင် ၏ လက်ရည်တစ်ပြင်တည်း ထိပ်တင်ဆန်း
၁၀။ မြို့မငြိမ်း ၏ မန်းတောင်ရိပ်ခို မြို့မအဖွဲ့သူ အဖွဲ့သားများ. မြို့မ Live Show အမှတ် (၁)
• မြို့မ Live Show အမှတ် (၁) Long …

၁၃

မြို့မဧည့်ခံတေး အမှတ် (၂ ) (စီးရီး) မယ်တို့မြေ+ https://youtu.be/UROfcMtftgQ?si=r8-ysy3JMe9G0msq

၁၄

မြို့မ ဧည့်ခံတေးအမှတ် ၃ https://youtu.be/QucrdcnE5SE?feature=shared

၁၅

မြို့မစိန်ရတုသဘင် Live Show (2000 ) Long Play Music Video https://youtu.be/4idd_R1tI0A?si=M8VmrlxrSDUFUucd

မြို့ မစိန်ရတုသဘင် Live Show (2000) Long Play Music Video
• မြို့မစိန်ရတုသဘင် Live Show (200…
တေးဂီတ မြို့မ အပျော်တမ်း တူရိယာအဖွဲ့
၁။ စစ်ကိုင်းတောင် သုမောင်
၂။ သက်ဆိုင်သူသို့ ကေသီတိုး
၃။ ပြုံးတဲ့မေ ရာဇာဝင်းတင့်
၄။ လက်ဆောင်မွန် မီမီဝင်းဖေ
၅။ ထပ်တစ်ရာလန်း ရန်အောင်
၆။ ကသစ်ပန်း ရန်အောင်
၇။ ရွှေမန်းဆီသို့ မြင့်မြင့်ခင် ရန်အောင်
၈။ မျက်ဝန်းမှတစ်ဆင့် ရီရီသန့် ရန်အောင်
၉။ အနုပညာပန်းတိုင် စိုးမြတ်သူဇာ ရန်အောင်
၁၀။ ချစ်ခွင့်မပိုင် နီနီဝင်းရွှေ ရန်အောင်
၁၁။ ဗေဒါလမ်း နီနီဝင်းရွှေ

၁၆

မြို့မနှင့်အငြိမ့်ခနိး။ မြို့မ အပျော်တမ်းတူရိယာ ဖျော်ဖြေမှု။ https://www.youtube.com/live/gi1gP-83XrY?si=pDSirW_7JS0nbyFH

၁၇

သက်ဝေ -စန္ဒယားတင်ကိုကို ၊ ရွှေဖူးသွယ် ၊ https://youtu.be/U_CymzPx0ew?si=6R8uSi9qJ928F_Ds။ သက်ဝေ လို့အမည်ရတဲ့တေးသီချင်းကို စန္ဒယားတင်ကိုကိုမှ တီးခတ်ပြီး သမီးရွှေဖူးသွယ်နဲ့အတူ duet လေးသီဆိုဖြစ်တာလေးကို မြန်မာသံ ချစ်သောတရှင်များနားဆင်၍ ရွှင်လန်းတော်မူကြပါ

၁၈

Myoma Nyein Documentary https://youtu.be/xrTunV14DHA?si=

Myoma Nyein was a renowned Burmese musician and composer. He was a founder of Myoma Band, the longest surviving music band in the modern Burmese history. Between 1935 and 1939, he recorded over 40 albums and composed a couple of Myanmar New Year songs that became iconic, performed on Myoma’s Silver Swan parade floats, which became a trademark of Thingyan celebration in Mandalay.

၁ ။ မန္တလေး မြို့မ အပျော်တမ်းတူရိယာ။ (၁၉၂၅-၂၀၂၅) နှစ်(၁၀၀)ပြည့် အခမ်းအနား။ 3:24:39 hr မန္တလေး မြို့မ အပျော်တမ်းတူရိယာ။ (၁၉၂၅-၂၀၂၅) နှစ်(၁၀၀)ပြည့်https://www.youtube.com/live/yACwqRCFo0k?si=RRv5paizK0vGgWnI။

၂ ။ မန္တလေး မြို့မ အပျော်တမ်းတူရိယာ။ (၁၉၂၅-၂၀၂၅) နှစ်(၁၀၀)ပြည့် အ ထိမ်းအမှတ် တေးသီချင်း အဆိုပြိုင် ပွဲ နောက်ဆုံး အဆင့် ပြိုင်ပွဲ 5:31:40 hr https://www.youtube.com/live/yACwqRCFo0k?si=RRv5paizK0vGgWnI.

၃ ။ မန္တလေး မြို့မ အပျော်တမ်းတူရိယာအသင်းကြီး (၁၉၂၅-၂၀၂၅) နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် တေးသီချင်းအဆိုပြိုင်ပွဲ အပိုင်း(၁) မနက်ပိုင်း။ 2:07:39 hr https://www.youtube.com/live/FxI5vM_cluo?si=SGWpScXueA_yO2Ap.

၄ ။ မန္တလေး မြို့မ အပျော်တမ်းတူရိယာအသင်းကြီး (၁၉၂၅-၂၀၂၅) နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် တေးသီချင်းအဆိုပြိုင်ပွဲ အပိုင်း(၂) နေ့ခင်းပိုင်း 3:38: 57 hr https://www.youtube.com/live/K_BIXav0St8?si=_ztUu2KSezS8eU

ချစ်သူ့ဩဇာ ( မြို့မငြိမ်း ) မန္တလေး မြို့မ အပျော်တမ်းတူရိယာအသင်း။(၁၉၂၅-၂၀၂၅) နှစ်(၁၀၀)ပြည့် အခမ်းအနား။ https://youtu.be/5afIqvwQjhc?si=bv8bhI1blU8dvn7x။ https://youtu.be/5afIqvwQjhc?si=bv8bhI1blU8dvn7x

မြို့မငြိမိး ယောက်မ ( ယောင်းမ ) သူဇာအောင် / မန္တလေး မြို့မ အပျော်တမ်းတူရိယာအသင်း။(၁၉၂၅-၂၀၂၅) နှစ်(၁၀၀)ပြည့် အခမ်းအနား။ https://youtu.be/9xUxrOUb-T0?si=3rCkO3aHESBYQhNB

မန္တလေး မြို့မ အပျော်တမ်းတူရိယာ။ (၁၉၂၅-၂၀၂၅) နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် တေးသီချင်ူ အဆိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပြိုင်ပွဲ။ https://www.youtube.com/live/ffyFMWtSRgg?si=ZTGiB8axS_VyLiOF

မြို့မဧည့်ခံတေး အမှတ် ( ၂) စီးရီး မာမာအေး။ https://youtu.be/UROfcMtftgQ?si=7iJjwV0kFmsfcmk3

မြို့မ Live Show အမျတ် (၁ ) Long Play Music Video. https://youtu.be/UttJgpp6JDI?si=FQeItX9yCDQzUaGA. …
တေးဂီတ မြို့မတူရိယာအဖွဲ့
Long Play (မ) Cassette/Video Collection. ၁။ ရန်ကုန်သားနဲ့မန္တလေးသူ – ဇော်ဝမ်း + ချိုပြုံး (ရေး စန္ဒရားလှထွတ်)
၂။ တိမ်လွှာမို့မိုလွင် – ရန်အောင် (ရေး မြို့မငြိမ်း)
၃။ ကျောင်းပိတ်ရက် – ပန်းအိဖြူ (ရေး စန်းသော်တာ)
၄။ ဇာတိမာန် – အောင်ရင် (ရေး ရွှေတိုင်ညွန့်)
၅။ မျက်ဝန်းလဲ့ပြာပြာ – ညွန့်လှိုင်လှိုင် (ရေး ဘိုကလေးတင့်အောင်)
၆။ သက်ဆိုင်သူသို့ – ဟေမာနေဝင်း (ရေး ဘိုကလေးတင့်အောင်)
၇။ ပန်းတွေနဲ့၀ေ – ဖိုးသောကြာ (ရေး စန္ဒရားလှထွတ်)
၈။ ရန်ကုန်သူ – လွင်ဦး (မြို့မ) (ရေး နန်းတော်ရှေ့ဆရာတင်)
၉။ တစ်ကျော့နှစ်ကျော့တေးကိုသီ – ရွှေယမင်းဦး (ရေး ဂီတလုလင်မောင်ကိုကို)
၁၀။ လူချွန်လူကောင်း – သုမောင် (ရေး မြို့မငြိမ်း) မြို့မ Live Show အမှတ် (၂)
• မြို့မ Live Show အမှတ် (၂) (2007… ဤသီချင်းများ တခွေလုံးကို တရားဝင်ဝယ်ယူခြင်းအားဖြင့်
သင်ချစ်မြတ်နိုးသော တေးပြုစာဆို၊ တေးသံရှင်၊ တီးဝိုင်းအနုပညာရှင်များနှင့်
အသက်ရှင်ကျန်ရစ်နေသောမိသားစုများကိုထောက်ပံ့ကြပါစို့။
ပြည်တွင်းမှ အနုပညာသမားများ၏ခွင့်ပြုချက်အရ
မူပိုင်လုပ်ပိုင်ခွင့်၊ အကျိုးခံစားခွင့်ရရန် အကူအညီပြုပေးနေသည့်
ကိုယ်စားလှယ် အဖွဲ့အစည်းများ နှင့် ဆက်သွယ်၍ ဝယ်ယူအားပေးကြပါရန်
လေးစားစွာမေတ္တာရပ်ခံပါသည်။

မြို့မ အပျော်ထမိးတူရိယာ ဖျော်ဖြေမှု https://www.youtube.com/live/qv355Z4slS4?si=i5JfZy4vEavMow0M

မြို့မ Live Show အမှတ် (၂) (2007) Long Play Music Video (61 minutes)
   • မြို့မ Live Show အမှတ် (၂) (2007…  
၁။ ဦးဘသိန်း ၏ ရွှေမန်းဆီသို့ မေရွက်ဝါ
၂။ ဦးဘသိန်း ၏ သူကလေး ဇော်ဝမ်း
၃။ ဝင်းလွင် (အောင်တော်မူ) ၏ ချစ်အာရုံ မို့မို့ဇော်ဝင်း
၄။ စန္ဒရားလှထွတ် ၏ မန်းမြို့သူဇာမေ သန်းမြတ်စိုး
၅။ မောင်ဆွေနွယ် ၏ တက္ကသိုလ်ကျောင်းကငွေလမင်း ချိုပြုံး
၆။ ဂီတလုလင်မောင်ကိုကို ၏ အတူးနဲ့အသက် ဖိုးသောကြာ ပန်းအိဖြူ
၇။ ရွှေပြည်အေး ၏ လေးနာရီ မီမီဝင်းဖေ
၈။ မြို့မငြိမ်း ၏ မပြီးသေးသောပန်းချီကား ရာဇာဝင်းတင့်
၉။ နန်းတော်ရှေ့ဆရာတင် ၏ လက်ရည်တစ်ပြင်တည်း ထိပ်တင်ဆန်း
၁၀။ မြို့မငြိမ်း ၏ မန်းတောင်ရိပ်ခို မြို့မအဖွဲ့သူ အဖွဲ့သားများ

မြို့မ Live Show အမှတ် (၁)
   • မြို့မ Live Show အမှတ် (၁) Long …  

ဤသီချင်းများ တခွေလုံးကို တရားဝင်ဝယ်ယူခြင်းအားဖြင့်
သင်ချစ်မြတ်နိုးသော တေးပြုစာဆို၊ တေးသံရှင်၊ တီးဝိုင်းအနုပညာရှင်များနှင့်
အသက်ရှင်ကျန်ရစ်နေသောမိသားစုများကိုထောက်ပံ့ကြပါစို့။
ပြည်တွင်းမှ အနုပညာသမားများ၏ခွင့်ပြုချက်အရ
မူပိုင်လုပ်ပိုင်ခွင့်၊ အကျိုးခံစားခွင့်ရရန် အကူအညီပြုပေးနေသည့်
ကိုယ်စားလှယ် အဖွဲ့အစည်းများ နှင့် ဆက်သွယ်၍ ဝယ်ယူအားပေးကြပါရန်
လေးစားစွာမေတ္တာရပ်ခံပါသည်။

https://youtu.be/JmB4nJ-TGmI?si=zD6YAMloOS3DGkoo

ဝီကီပီးဒီးယား မှ

အလင်္ကာကျော်စွာ

မြို့မငြိမ်း

အလင်္ကာကျော်စွာမြို့မငြိမ်း

မွေးဖွား

ဦးကျော်ငြိမ်း

မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ် ၊ တပေါင်းလဆန်း (၅) ရက် ခရစ်နှစ် ၁၉၀၉ခုနှစ်၊ ဖေ ဖော်ဝါရီလ၊ ၂၃ရက်

မန္တလေးမြို့ဗြိတိသျှဘားမား

ကွယ်လွန်

စက်တင်ဘာ ၁၅၊ ၁၉၅၅(အသက် ၄၆)

မန္တလေးမြို့မန္တလေးတိုင်းမြန်မာနိုင်ငံ

အထိမ်းအမှတ်များ

မြို့မငြိမ်းပုံတူ ကြေးရုပ်တု (မြို့မအသင်းတိုက် မန္တလေး)

နိုင်ငံလူမျိုး

မြန်မာ

အလုပ်အကိုင်

တေးရေးဆရာ၊ ဂီတပညာရှင်

အိမ်ထောင်ဖက်(များ)

မသန်း မေ

သားသမီး

၁၃ ယောက်

မိဘ(များ)

ဦးညီ + ဒေါ်ချစ်ဦး

ရရှိသည့်ဆုများ

အလင်္ကာကျော်စွာဘွဲ့(၁၉၅၆)

ဂီတခရီးလမ်း

တက်ကြွသည့်နှစ်များ

၁၉၃၁-၁၉၅၅

ပူးတွဲ ပါဝင်မှု

မြို့မအ ပျော်တမ်းတူရိယာအဖွဲ့

လက်မှတ်

ဖိုင်:Myoma Nyein’s Signature.jpg


မြို့မငြိမ်း (၁၉၀၉၁၉၅၅) သည် မြန်မာ့ဂီတ လောကတွင် ထင်ရှား ခဲ့သော အလင်္ကာကျော်စွာဘွဲ့ရ တေး ရေးဆရာ၊ဂီတပညာရှင်တစ်ဦး ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး တူရိယာအသင်းတစ်ခုဖြစ် သော မန္တလေးမြို့ဂုဏ် ဆောင် မြို့မအ ပျော်တမ်းတူရိယာအဖွဲ့ကို ဦး ဆောင်တည် ထောင်ခဲ့သူတစ်ဦးဖြစ်သည်။[၁] [၂] [၃]

ငယ်ဘဝ

မြို့မငြိမ်း၏ အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်သည်။ မန္တလေးမြို့ ပန်းယွန်းကုန်သည် ဦးညီ ၊ ဒေါ်ချစ်ဦးတို့၏ သားနှစ်ယောက်အနက် သားကြီးဖြစ်သည်။ ဦးကျော်ငြိမ်းအား ခရစ်နှစ် ၁၉၀၉ ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ် ၊ တပေါင်းလဆန်း (၅) ရက် ၊ တနင်္လာနေ့တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့သည်။

မြို့မငြိမ်းအသက် ၁၄ နှစ်သားအရွယ်တွင် ဖခင်က သူငယ်ချင်းဖြစ်သူ ဦးဘသက် (ခံစားမှုအနုပညာရှင် ပန်းချီ ဆရာကြီး ဦးဘသက်) ထံ ပညာရပ်များ ဆည်းပူးသင်ကြား ပေးရန် အပ်နှံပေးခဲ့သည်။ ၅ နှစ်ခန့်ကြာသောအခါ ပန်းချီပန်းပု နှင့် မယ်ဒလင်ဘင်ဂျိုဗျပ်စောင်း ပညာများကို သင်ကြားတတ်မြောက်ခဲ့ သည်။

မြို့မငြိမ်း၏ လက်ဦးဆရာများမှာ လက်ရင်းဆရာကြီး ဦးဘသက်၊ ‘မင်းကြီးဦးဆက်’ ဆိုသူ၏ ညီ ဦးချက်၊ ဦးလင်းနှင့် စောင်း ဦးမောင်မောင်လတ် (အာဠဝီ) တို့ဖြစ်ကြသည်။ ရွာစားစိန်ဗေဒါကြီးနှင့် ဒေဝဣန္ဒာ ဦးမောင်မောင်ကြီးတို့ထံမှလည်း မြန်မာ့စောင်းပညာကို သင်ကြားခဲ့သည်။

ဦးကျော်ငြိမ်းသည် ငယ်စဉ်ကပင် ပန်းချီနှင့် ဂီတကို ဝါသနာ ပါခဲ့သည်။ စောင်းတီးပညာကို ရွာစားကြီး စိန်ဗေဒါနှင့် စ စောင်း ဦးမောင်မောင်ကြီး (ဒေဝဣန္ဒာမောင်မောင်ကြီး) တို့ထံမှ ဆည်းပူး သင်ယူခဲ့သည်။ ခရစ်နှစ် ၁၉၂၈ ခုနှစ်တွင် မန္တလေးမြို့မတူရိယာအသင်း ကို ဦးတော်လုံ ဆိုသူက တည်ထောင်ခဲ့ရာ ဦးကျော်ငြိမ်းလည်း ပါဝင်ခဲ့သည်။ ဦးကျော်ငြိမ်းသည် မြို့မ အဖွဲ့သားအဖြစ် အနောက်တိုင်း တူရိယာ တီးနည်းနှင့် တူရိယာ သင်္ကေတ ပညာတို့ကို သင်ယူခဲ့သည်။ ၁၉၃၁ မှစ၍ သီချင်းများကို ရေးစပ်ခဲ့ရာ မြို့မငြိမ်း ဟူသော ဂီတစာဆို အမည်ကို ခံယူခဲ့သည်။

ဂီတစာဆို နှင့် ဂီတမှူး ဘဝ

မြို့မငြိမ်း ရေးသားခဲ့သော သီချင်းပေါင်း (၂၀၀) ခန့် ရှိသည်ဟု သိရသည်။ မြို့မငြိမ်း၏ သီချင်းများအနက် ပထမဦးဆုံး တစ်တိုင်းပြည်လုံး ကျော်ကြားခဲ့သော သီချင်းမှာ “ချစ်ထာပဓာန” သီချင်း ဖြစ်သည်။ သီချင်းရေး သက်တမ်း (၂၄) နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်းများမှာ လူချွန်လူကောင်း၊ ခင့်အိပ်မက် ၊ တစ်ချစ်ထဲ ချစ် ၊ မြင်းခင်းတော် ၊ နတ်သျှင်နောင်(ပြည်လှ ဖေဆို) ၊ မေ့ပါနိုင်(ပြည်လှ ဖေဆို) ၊ ပျို့မှာတမ်း( မေရှင်)ဆို) ၊ သက်ဝေ(ပြည်လှ ဖေနှင် မေရှင်)တွဲဖက်ဆို) ၊ ပါရမီတော် ၊ ချစ်ရဲဘော် ၊ မင်္ဂလာမောင်မယ်( မေရှင်)ဆို) ၊ ကသစ်ပန်း( လေဘာတီမမြရင်ဆို) ၊ ငွေဇင်ယော် ၊ ပြုံးတဲ့မေ ၊ လေချိုသွေး စသော သီချင်းများ ဖြစ်ကြသည်။ မြို့မငြိမ်း သီချင်း စတင်ရေးသားခဲ့သော အချိန်၌ အနောက်တိုင်း တေးသွားများကို ပုံတူကူး၍ မြန်မာစကားလုံး သွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေသော အချိန်ဖြစ်သည်။ သို့သော် မြို့မငြိမ်းသည် အနောက်တိုင်း ဂီတမှ သီချင်းစပ်နည်းကို မှီငြမ်းသော်လည်း တေးသွားကို ခိုးချခြင်း မပြုပဲ သူ၏ ပင်ကိုဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင်တေးသွားများ ရေးစပ်ခဲ့သည်။

၁၉၃၀ ခုနှစ်ခန့်က ‘တောမြိုင်ခြေလမ်းယိုးဒယားသီချင်းတစ်ပုဒ်ကို မြို့မတူရိယာအသင်းသည် ပထမဦးဆုံး မြူးဇစ်နုတ်သင်္ကေတပြု၍ စတင်စမ်းသပ် တီးမှုတ်ခဲ့ကြပြီး၊ ဒုတိယသီချင်းမှာ ‘စံရာတောင်ကျွန်း‘ ဖြစ်၍၊ ၁၉၂၅ ခုနှစ်က ယဉ်ကျေးမှုဝန်ကြီး ဦးထွန်းဖေ၊ ရွှေပြည် ဆရာကြီးဦးဘတင် (သမိုင်း)၊ ဆရာဘကလေး(မန်းပန်တျာပတ္တလား၊ စန္ဒရားနည်းပြဆရာကြီး) တို့အား မြန်မာသီချင်းကြီး၊ သီချင်းခန့်များကို သင်္ကေတ ပြု၍ ရနိုင်၊ မရနိုင်ကိစ္စနှင့် ပတ်သက်၍ နမူနာတီးပြခဲ့ကြသည်။ ၁၉၅၃-၅၄ ခုနှစ်တွင် မြို့မငြိမ်းသည် ပန်တျာ မူမှန်ပြုရေး သင်္ကေတ တင်မှတ်ရေး အကြံပေးအဖွဲ့တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

မြို့မငြိမ်း၏ ‘ကသစ်ပန်း’ သီချင်းကို အကော်ဒီယံမောင်သန့်၊ ဒါးတန်းဦးသန့် ဦးစီးသော တီးဝိုင်းဖြင့် ဓာတ်ပြားသွင်းခဲ့သည်။ ထိုထဲမှာ ဝန်ကြီးပဒေသရာဇာ၏ ‘ပုစင်းတောင်သံကြိုး‘ သီချင်းမှ မြို့မငြိမ်း မှီးယူ အသုံးပြုခဲ့သော ‘အုံ့ကာလေ တဖွဲဖွဲ၊ ရွာလေတသဲသဲ’ ဟူသော အပိုဒ်ကို ဒါးတန်းဦးသန့်က အနောက်တိုင်း တူရိယာ အကော်ဒီယံ (Accordian) ဖြင့် ဘယ်နှင့်ညာကို မြန်မာအတွဲအဖက်၊ မြန်မာမှု မြန်မာ့ဟန်အနှစ်သာရမပျက်စေဘဲ ကော့ဒ် (chord) များဖြင့် တီးခတ်ခဲ့သည်။ ထိုအပိုဒ်ငယ် (4 bars) ၄ စည်းများရှိသည်ကိုပင် စည်းရှိန်မြှင့်ကာ (8 bars) မျှ ဆန့်ထုတ်၍ မူလပင်ကို မြန်မာ့ဟန်မှ အခြေခံတေး သွားအယူအဆကို မျိုးပွားဖန်တီးခြင်း၊ (Variations on Theme) နည်းစနစ် ဖြင့် တယောအစွမ်းပြတီးခတ်ပေးခဲ့ပြီး ဖြစ်သဖြင့် ကသစ်ပန်းသီချင်းသည် ဒါးတန်းဦးသန့်နှင့် မြို့မငြိမ်းတို့၏ အနောက်တိုင်း ဝိုင်းဖွဲ့စနစ်နှင့်ပတ်သက်သော စမ်းသပ်မှုမှတ်တိုင် ဖြစ်ခဲ့သည်။

သင်္ကေတစနစ်နှင့်ပတ်သက်ပြီး ဒါးတန်းဦးသန့်နှင့် မြို့မငြိမ်းတို့၏ ဆရာများ၊ နည်းပညာပေးခဲ့သူများမှာ-မစ္စတာရီဂို၊ မစ္စတာဘော်ဘီ၊ မစ္စတာ ဒေးဗစ် စသူတို့ဖြစ်ကြသည်။ မစ္စတာ ရီဂိုသည် အယ်ဖင်စတုန်း ရုပ်ရှင်ရုံ (ရွှေတိုက်) ရုံဝင်းအတွင်း နေထိုင်သူဖြစ်ပြီး၊ ဘုရားရှိခိုးကျောင်းနှင့် ရုပ်ရှင်ရုံတွင် စန္ဒရားတီးသည်။ (ရီဂိုဗင်)ဟူသော တီးဝိုင်း Band နှင့် ဂီတသင်တန်းဖွင့် ထားသူဖြစ်သည်။ မစ္စတာဘော်ဘီမှာ ထရမ်းပက်သမားတစ်ဦးဖြစ်၍၊ တူရိယာ ပစ္စည်းမျိုးစုံနှင့် ဂီတနှင့်သက်ဆိုင်သော စာအုပ်စာတမ်းများ ရောင်းသောဆိုင် ဖွင့်ထားသည်။ မစ္စတာဒေးဗစ်မှာ မန္တလေးနန်းတွင်း စစ်ဘင်ခရာတီးဝိုင်းမှ တီးဝိုင်းခေါင်းဆောင်အဖြစ် မှတ်တမ်းတွင် တွေ့ရှိရသည်။

မန္တလေးမြို့ခံ မြို့မ အပျော်တမ်း တူရိယာအဖွဲ့

၁၉၃ဝ ခုနှစ်တစ်ဝိုက်က မန္တလေးမြို့ဟိုတယ် ပျော်ပွဲစားရုံနှင့် ကပွဲခန်းလေးများတွင် မစ္စတာရီဂိုက လာခေါ်တတ်၍ မြို့မငြိမ်း၊ ဒါးတန်းဦးသန့်တို့ လိုက်ပါ တီးမှုတ်ခဲ့ဖူးသည်။ ထိုစဉ်က မြို့မငြိမ်းမှာ ဆိုက်ဆိုဖုန်းနှင့် ကလာရီနက်တူရိယာနှစ်မျိုးကို သင်္ကေတဖတ် စနစ်ဖြင့် တီးမှုတ်ခဲ့သည်။

စစ်မဖြစ်မီကာလက မြို့မ တူရိယာအသင်း၏ သင်္ကေတသမားများ ဟု ဆိုနိုင်ကြသူများမှာ ဒါးတန်းဦးသန့်၊ မြို့မငြိမ်း၊ ဦးအေးကျော် (မန်းပန်တျာ ပန်းချီနည်းပြဟောင်း)၊ ဦးသိန်းမောင် (စမောသိန်းမောင်)၊ ချိုကြီး(ဂေါ်ချို)၊ တို့ဖြစ်သည်။ ၁၉၃၅ မှ ၁၉၃၈ အတွင်း ခေတ်ပေါ်တူရိယာများ၊ သင်္ကေ တစနစ်နှင့် ဓာတ်ပြားသွင်းယူခဲ့သော မြို့မငြိမ်း၏ သီချင်းများမှာ ချစ်တာ ပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲ၊ နန်း တော် ရှေ့ဆရာတင်၏ ဧရာဝတီ၊ အောင်ပင်လယ်၊ ထို့နောက် မြို့မငြိမ်း၏ မန်ဒါလီ၊ နှစ်ပိဿာခွဲ၊ ပျိုး၊ ကသစ်ပန်း စသည့် သီချင်းများ ဓာတ်ပြားသွင်းယူခဲ့ရာ အောင်မြင်ခဲ့သည်။

ထိုခေတ် ကမ္ဘာစစ် မီး မြန်မာပြည်သို့ ကူးစက်လောင်ခဲ့စဉ်၊ စစ်ဘေးရှောင်တိမ်းရင်း၊ ကျောက်မဲ ဘက်သို့ ရောက်သွားသည်။ သူငယ် ချင်း ဦးဘဟန် (ကားသင်း ဥက္ကဋ္ဌ) နှင့် တွေ့မှ ပြန်ခေါ်လာပြီး စစ်ကိုင်းဘက် ကူးသွားကြပြန်သည်။ ထိုမှတဆင့် ဂီတ မိတ်ဆွေများ စုစည်းမိကာ (‘ကမ္ဘာစစ်မီး လောင်ရာတွင် သူ ငါ ခိုကိုးစစ်ကိုင်း တောင်ရိုးမှပင် မြို့မအသင်းဝင် ရသမျှ စုစည်းလို့ပင် တီးဆိုရေးမပျက်၊ အား ဆေးတစ်ခွက် အသွင်’) ဟူသော မြို့မ သမိုင်းသီချင်းများ ပေါ်ထွက်လာခဲ့သည်။

ဤသို့ဖြင့် မြို့မငြိမ်းတို့ ဂီတ မိတ်ဆွေများတစ်စု၊ မန္တလေး ၈၄ လမ်း ရှိ ဘီကျင်ဟော်တယ်တွင် အဖျော်ယာမကာစုပ်ရင်း၊ အနုပညာအကြောင်း စိတ်ကူးဆွေးနွေးမှုလေး လုပ်ဖြစ်ခဲ့သည်။

၁၉၂၈၂၉ ခုနှစ်တွင် ‘ကဆုန်ညောင်ရေနှင့် တဝါတွင်း’ သီချင်းများ ရေးဖြစ်ခဲ့ရာ၊ အသင်းသား များက လက်ခံအားပေးခဲ့ကြသည်။ ၁၉၃၅ ခုနှစ်ခန့်တွင် မြို့မ တူရိယာအသင်းသည် ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီနှင့် သီချင်းများစွာ သွင်းခဲ့သည်။ နန်းတော်ရှေ့ဆရာတင်၏ ဥစ္စာရင်းမှန်၊ အလှူ့ရှင်၊ သော့တွဲ၊ ဧရာဝတီ၊ အောင်ပင်လယ် အပါအဝင် မြို့မငြိမ်း၏ ချစ်တာပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲများသည် ပထမဦးဆုံး သော ဓာတ်ပြားသီချင်းများဖြစ်ခဲ့သည်။ မြို့မငြိမ်းသည် သီချင်းရေးသက် ၁၈ နှစ်၊ အနှစ် ၂ဝ အတွင်း သီချင်းပုဒ်ရေပေါင်း ၁၅ဝ မှ ၂ဝဝ နီးပါအထိ ရေးသားပြုစုသွား ခဲ့သည်။ ၁၉၃၅ ခုနှစ်ခန့်မှစ၍ စစ် မဖြစ်မီအထိ ဓာတ်ပြားပေါင်း ၄ဝ ကျော် သွင်းခဲ့သည်။

အေဝမ်းနှင့် သွင်းယူခဲ့သော ဓာတ်ပြားများမှာ ပါရမီတော်၊ ရေခင်း တော်၊ နတ်သျှင်နောင်၊ ပျို့မှာတမ်း၊ မေ့ပါနိုင်၊ ဖူးစာပိုင်၊ မင်္ဂလာမောင်မယ်၊ သက်ဝေ၊ ချစ်လွန်းတင်၊ လှမြ ဉ္ဇူ၊ လေထဲက ဖူးစာ၊ ရွှေမင်းဝံ၊ နွဲ့မျိုးစုံ၊ ချစ်ကျိုးတော်ဆောင်တို့ ဖြစ်သည်။ သက်ဝေကို အဆိုတော်ပြည်လှဖေ နှင့် မေရှင်တို့က သီဆိုခဲ့သည်။ ချစ်ကျိုးတော်ဆောင်ကို တင်တင်အေး နှင့် သီဆိုစေခဲ့သည်။ အေဝမ်းနှင့် ဓာတ်ပြားသွင်း၍ မကြာမီ စစ်ဖြစ်ခဲ့ရာ ထို ဓာတ်ပြားများကို အချို့ စစ်မဖြစ်မီ ထုတ်၍၊ အချို့ကို စစ်ပြီးခေတ်မှ ပြန် ထုတ်ခဲ့သည်ဟု သိရှိရသည်။

ဆဋ္ဌသင်္ဂါယနာတင် မဟာနာယက ညောင်ရမ်းဆရာတော်ဘုရာကြီး၏ အန္တိမ ဈာပနသဘင်တွင် မြို့မငြိမ်းမှ မောင်းတစ်ဝိုင်း၊ ကြေးတစ်ဝိုင်းဖြင့် မြန်မာ့ဆိုင်းဝိုင်းး နှင့် အနောက်တိုင်း တူရိယာများနှင့် တွဲဖက်တီးမှုအစကို စတင် ခဲ့သည်။

မြို့မငြိမ်းသွင်းယူခဲ့သော ဓာတ်ပြားသီချင်းများမှာ ချစ်တာပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲ၊ နှစ်ပိဿာခွဲ၊ မန်ဒါလီ၊ တချစ်ထဲချစ်၊ လေချိုသွေး၊ လားတွေ ထပ်၊ ရှင်တခုပဲ၊ ဖရဲသီးနဲ့ ဘဲဥ၊ မောင့် အရည်ချင်း၊ ယောင်းမ၊ မျက်မှန်စိမ်းနှင့် မြက်ခြောက်၊ အူချင်ယောင်ယောင်၊ မေဓာဝီ၊ လက်ဝဲသုန္ဒရ၊ နှစ်ယောက်ထဲ၊ ကသစ်ပန်း၊ စစ်ကိုင်းတောင်၊ ချစ်ကဝေ၊ လင်းအာရုဏ်၊ ဒေါင်းစက်ယာဉ်၊ ခုံးမျက်စ၊ ပျိုး၊ ထီးကလေး၊ မိဖုရားစော၊ ရေပက်မဝင်၊ ငါးဘဝ၊ လောကဇာတ်ခုံ၊ လူ့ဓမ္မတာတို့ ဖြစ်သည်။

မြန်မာ့ရုပ်ရှင် ဇာတ်ဝင်တေးများ

မြို့မငြိမ်း၏ သီချင်းများသည် ရုပ်ရှင်နောက်ခံသီချင်းများ ဖြစ်ရုံမက၊ ရုပ်ရှင်ဇာတ်ကားအမည်များ အဖြစ် မှည့်ခေါ်ယူခြင်း ပြုခဲ့ကြသည်။ ရုပ်ရှင်အဖြစ် မှည့်ခေါ်ခဲ့သော သီချင်း များမှာ (၁) တိမ်လွှာမို့မိုလွင်၊ (၂) သခွတ်ပန်း၊ (၃) နှစ်ယောက်ထဲ နေချင်တယ်၊ (၄) လေချိုသွေး၊ (၅) ဓာတ်တူနာမ်တူ၊ (၆) လေထဲက ဖူးစာ၊ (၇) ခိုင်းတော့ သက်ဝေ၊ (၈) ချစ်ကျိုး တော်ဆောင်၊ (၉) ချစ်မြင်းမိုရ်၊ (၁ဝ) ယဉ်ကျေးမှု ရုပ်ရှင်မှ ကားတစ်ကား စသည်တို့ ဖြစ်သည်။

မြို့မငြိမ်း၏ ရုပ်ရှင်သီချင်းများအဖြစ် ထင်ရှားသော သီချင်းနှင့် ဇာတ်ကားများမှာ (၁) သခွတ်ပန်း (သခွတ်ပန်းဇာတ်ကား)၊ (၂) ချစ်ကျိုး တော်ဆောင် (ဆုထူးငယ်ပန်ရွယ်သွန်း ဇာတ်ကား)၊ (၃) တချစ်ထဲချစ် (အပယ် ရတနာရုပ်ရှင်)၊ (၄) တိမ်လွှာမို့မိုလွင် (တိမ်လွှာမို့မိုလွင်ရုပ်ရှင်)၊ (၅) နှစ် ယောက်ထဲ (နှစ်ယောက်ထဲနေချင်တယ် ဇာတ်ကား)၊ (၆) လေထဲက ဖူးစာ (လေထဲကဖူးစာရုပ်ရှင်)၊ (၇) ကစားစရာ အသည်းမွှာ (တခိုင်လုံးရွှေဇာတ်ကားမှ)၊ (၈) မခို့တရို့ (သားရွှေဒေါင်းတောင် ရုပ်ရှင်) (၉) မပြီးသေးသော် ပန်းချီကား (ဆောင်းအိပ်မက်ရုပ်ရှင်)တို့ဖြစ်ကြပြီး၊ ရုပ်ရှင်ထဲပါ၊ မပါ မသိရသော်လည်း မင်းသားဝင်းဦး သီဆိုခဲ့သော တံမွှာပဉ္ဇင်၊ ပြုံးတဲ့မေ၊ မပြီးသေးသော ပန်းချီကားနှင့် သစ္စာ သီချင်းများဖြစ်၍ ရုပ်ရှင်မင်းသမီး နွဲ့နွဲ့စန်း(ပျို့မှာတမ်းသီချင်း)ကို သီဆိုခဲ့ ကြသည်။

အခြားသော သီချင်းများကိုလည်း ခေတ်ဟောင်းရုပ်ရှင်မင်းသား ပြည်လှဖေခင်မောင်ရင်၊ မင်းသမီး မေရှင်တို့ သီဆိုခဲ့ကြသည်။

မြို့မငြိမ်း၏ နောက်ဆုံး မကွယ်လွန်မီ ရေးခဲ့သော သီချင်းမှာ ‘တိမ်လွှာမို့မို့လွင်‘ ဖြစ်သည်။

မြို့မငြိမ်းဂုဏ်ပြု

မြို့မငြိမ်း အကြောင်း စာအုပ်များ ဆောင်းပါးများ [၄] ရေးသားထုတ်ဝေခဲ့ကြသည်။

သင်္ကြန်မိုး ရုပ်ရှင်ထဲမှ အဓိကဇာတ်ကောင် တေးရေးဆရာ စန္ဒရားငြိမ်းမောင် မှာ ဆရာ မြို့မငြိမ်း၊ စန္ဒရားသိမ်းမောင်၊ မြို့မကိုပေါ စသူတို့၏ ဇာတ်ရုပ်များကို မှီငြမ်းသည် ဟု အဆိုရှိသည်။

မြို့မငြိမ်း မွေးနေ့ ရာပြည့်ပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က မန္တလေး မြို့မအသင်းတိုက်၌ ကျင်းပခဲ့သည်။ [၅]

တေးသံရှင်မေဆွိက “ရင်ထဲကမြို့မ” အမည်ရှိ သီချင်းဖြင့် မြို့မငြိမ်း နှင့် မြို့မ အဖွဲ့ကို ဂုဏ်ပြုသီဆိုခဲ့သည်။ [၆] တေးရေး တေးဆို ယူမိုး ကလည်း မြို့မငြိမ်းအကြောင်းကို “မြို့မငြိမ်း” အမည်ရှီ သီချင်းတစ်ပုဒ် စပ်ဆိုခဲ့သည်။ [၇]

၂၀၁၀ ခုနှစ်ခန့်က မန္တလေး ၂၁လမ်းx၈၆ လမ်းထောင့် မြို့မတူရိယာအသင်း တိုက်ရှေ့မျက်နှာစာတွင် မြို့မငြိမ်းကြေးရုပ် စိုက်ထူထားရှိသည်။ [၈]

မိသားစု

အသက် (၂၂) နှစ်အရွယ်တွင် မသန်းသန်း (ဒေါ်သန်းမေ) နှင့် အိမ်ထောင်ကျ၍ သားသမီး (၁၃) ယောက် ထွန်းကားခဲ့သည့်အနက် ကွယ်လွန်ချိန်တွင် (၈) ယောက် ကျန်ရစ်ခဲ့သည်။ သားသမီးများတွင် မြို့မအသင်း ဥက္ကဋ္ဌ (ဦးရွှန်းမြိုင်) [၉] ၊ ဦးသန်းအောင်ခိုင် နှင့် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာညွန့်လွင် တို့မှာ ထင်ရှားသည်။

မြို့မအသင်းပြင်ပ အသင်းအဖွဲ့များ

ရှေးသီချင်းကြီးများကို မူမှန်သတ်မှတ်ရေး အထက်မြန်မာပြည် ကော်မတီ အဖွဲ့တွင် လူကြီးတစ်ဦးအဖြစ်လည်ကောာင်း ၊ မန္တလေးရုပ်ရှင် ကုမ္ပဏီတွင် ဂီတဘက်ဆိုင်ရာ ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဘဝနိဂုံး

၁၉၅၅ ခု၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်တွင် ယမန်နေ့ညက အိမ်သို့ ပြန်မလာဘဲ ပျောက်ဆုံးနေကြောင်း မိသားစုက ညွန့်ပေါင်းဈေး ရဲဌာနထံ တိုင်ကြားသည်။ နေ့လယ်ရောက်သော် ခေါင်းအား ကားနင်းထားသည့် အမည်မသိ အလောင်းတစ်လောင်းကို သံလျက်မှော်ရပ်၊ ပတ္တာရပ်လမ်းခွတွင် တွေ့၍ ဆေးရုံကြီးသို့ ပို့လာရာ မရှုမလှဖြစ်နေသည့် မြို့မငြိမ်းအလောင်းကို တွေ့ရတော့သည်။ [၁၀]

သီကုံးရေးသားစပ်ဆိုခဲ့သော တေးသီချင်းများ

[၁၁] [၁၂] [၁၃] [၁၄]

3

ကိုးကား

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃) “မြို့မငြိမ်း”

https://achawlaymyar.com/archives/49577 အလင်္ကာကျော်စွာ ဆရာ မြို့မငြိမ်း၏ ဘဝအကြောင်း ( လူသာသေပြီး နာမည်မသေသူ )

http://sawwai.blogspot.com/2008/01/myo-ma-nyein.html မြန်မာ့ဆင်ဖိုနီ (သို့မဟုတ်) အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း

https://www.youtube.com/watch?v=t9J55227JmY သောတဧည့်ခန်း(မြို့မငြိမ်း)

https://daungzarni.wordpress.com/2009/12/26/%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%99%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8-%E1%80%9B%E1%80%AC%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B7-%E1%80%82%E1%80%AF%E1%80%8F/ မြို့မငြိမ်း အသက် ၁၀၀ ပြည့်မွေးနေ့ ဂုဏ်ပြုပွဲ

https://web.facebook.com/SweAyeMyint.MaySweet/videos/%E1%80%9B%E1%80%84%E1%80%B9%E1%80%91%E1%80%B2%E1%80%80%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%99%E1%80%B1%E1%80%99%E1%80%86%E1%80%BC%E1%80%AD/368969190249560/?_rdc=1&_rdr မေဆွိ “ရင်ထဲကမြို့မ”

https://www.youtube.com/watch?v=3NHKL3fVrMU “မြို့မငြိမ်း” ရေး ဆို ယူမိုး

ပြည်သူချစ်ရင် ကြေးသွန်းတယ် (ဧရာဝတီ ဆောင်းပါး) သန်းနိုင်ဦး 8 June 2016 https://burma.irrawaddy.com/article/2016/06/08/115889.html

https://yangonmediagroup.com/index.php/myanmar/9522-2022-12-18-09-08-37 28 May 2023 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . မြို့မငြိမ်း၏သားဖြစ်သူ ဂီတစာဆိုမြို့မရွှန်းမြိုင်(ကွယ်လွန်)

10.https://www.youtube.com/watch?v=t9J55227JmY သောတဧည့်ခန်း(မြို့မငြိမ်း)

chrome-extension://efaidnbmnnnibpcajpcglclefindmkaj/http://www.myanmarbookshop.com/PDF/Contents/KSMMMNMynTaChin1.pdf မြို့မငြိမ်း မြန်မာသီချင်းများ (ကိုရွှန်းမြိုင် မြို့မ)

12.https://www.youtube.com/playlist?list=PLIkUkpOon6Q39evxUlT0FdeSlg7-4H_as မြို့မငြိမ်း ရေးသော နှောင်းခေတ်သီချင်းများ

13.chrome-extension://efaidnbmnnnibpcajpcglclefindmkaj/http://www.myanmarbookshop.com/PDF/Contents/MyoMaNyeinNit100MatTan.pdf မြို့မငြိမ်း၏ နှစ်တရာပြည့် အနုပညာဘဝမှတ်တမ်း

14.http://moenattvilla.blogspot.com/2013/01/blog-post.html ဝင်းဦးသီချင်းများ

ဆရာရွှေပြည်အေး ဆောင်းပါး

ဦးကိုလေး (အမရပူရ) ဆောင်းပါး

ရွာစားစိန်ဟန်တင်ဆောင်းပါး

သန်းအောင်ခိုင်ရေး – မြို့မငြိမ်းနှင့် သူ့ အနုပညာစာအုပ်

[လင့်ခ်သေ]

ကဏ္ဍများ: ၁၉၀၉ မွေးဖွားသူများ၁၉၅၅ ကွယ်လွန်သူများမြန်မာ တေးရေးဆရာများ

ဤစာမျက်နှာကို ၂၅ ဩဂုတ် ၂၀၂၄၊ ၁၁:၅၂ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။ စာမျက်နှာကို Parsoid ဖြင့် လုပ်ဆောင်ထားပါသည်။

စာသားများကို Creative Commons Attribution-ShareAlike လိုင်စင်ဖြင့် ရရှိနိုင်ပြီး ထပ်ဆောင်းသတ်မှတ်ချက်များ ရှိနိုင်သည်။ အသေးစိတ်အတွက်

မြို့မငြိမ်းသီချင်းများ

https://youtube.com/playlist?list=PLIkUkpOon6Q1OcBFs67Qk5qMTN8VvZoVR&si=7IQlQ0Cy8MfvGfpC