BIOGRAPHY ရွှေဒုံးသား အနုပညာရှင် များ။ ထူးခြားထင်ရှား ထင်ပေါ်ကြော်ကြား ညောင်တုန်းသားများ

ညောင်တုန်းမြို့သား တေးရေးဆရာ (ဦးတင် ရွှေ/ မောင်နေလင်း ၏ Facebook post )

၁၇၊ဧပြီလ။

ရေဒီယိုတခေတ်ကိုမီခဲ့ဘူးသူတိုင်း အဆိုတော် မာမာအေးဆိုခဲ့တဲ့ တင့်တင့်တို့အရွယ် ဆိုတဲ့သီချင်းကို ကြားဘူးကြမယ် ထင်ပါတယ်။သည်ဘက်ခေတ် အဆိုတော်တွေလည်း ပြန်ဆိုထားကြလို့ နားရည်ဝနေကြတဲ့ သီချင်းဖြစ်ပါတယ်။ဒီသီချင်းကို မြန်မာ့အသံမှာ ဓါတ်ပြားရအောင် ရေးပေးခဲ့တဲ့ တေးရေးဆရာကတော့ ချိုတေးဆက် ကိုအောင်ကိုး ဖြစ်ပါတယ်။

ချိုတေးဆက် ကိုအောင်ကိုးကို အဘ ဦးဘိုကြီး(ပွဲစားကြီး)၊ အမိဒေါ်ရှင်တို့က ၁၂၈၈ခုနှစ်၊ တပို့တွဲလဆန်း ၅ရက်နေ့တွင် ညောင်တုန်းမြို့၊ ၁၂လမ်း တွင်မွေးဖွားခဲ့ပါတယ်။၁၉၄၅-၄၆ခုနှစ်တွင် ရန်ကုန်သို့ရောက်ရှိပြီး တပ်မတော်မှတ်တမ်းရုံးတွင် အမှုထမ်းစဉ် ဆာဂျင်မင်းဇော် အမည်ခံပြီး မှတ်တမ်းရုံး တီးဝိုင်းအတွက် အသံလွှင့်ရန် တေးသီချင်းများ ရေးပေးခဲ့ပါတယ်။

တပ်မတော် မှတ်တမ်းရုံးတွင် တာဝန်ထမ်းဆောင်နေချိန်အတွင်း ချိုတေးဆက်ဝိုင်းကို တည်ထောင်ပြီး နှစ်ဆယ့်ငါးနှစ်တိုင်တိုင် (ငွေရတု) အထူးအစီအစဉ်ဖြင့် မြန်မာ့အသံတွင် အသံလွှင့်ခဲ့ပါတယ်။ ချိုတေးဆက် တူရိယာဝိုင်းဟာ အပျော်တမ်းဝိုင်းဖြစ်ပြီး ကိုအောင်ကိုး၏ သီချင်းစာသားရေးမှု၊ သုံးစွဲသည့်သံစဉ် လှပသာယာမှု၊ အသံ (Key) ချိန်းမှုများသည် လူတကာနားဝင်ချိုပြီး ပရိသတ်စွဲလန်းနှစ်သက်ကြပါတယ်။

ထိုအချိန်က ကက်ဆက်များ မပေါ်သေးဘဲ ရေဒီယိုပင် အိမ်တိုင်းမရှိသေးသည့် အချိန်ဖြစ်ပြီး လက်ဖက်ရည်ဆိုင်များတွင် တိုးဝှေ့နားထောင်ကြရသည့်အချိန်ဖြစ်ပါတယ်။

ချိုတေးဆက်ဝိုင်းတွင် အဆိုတော် များပြားမှုကြောင့် သီချင်းကောင်းများ အများအပြား ရေးသားနိုင်ခဲ့ပါတယ်။ ချိုတေးဆက်တွင် သီဆိုကြသော အဆိုတော်များမှာ ကိုကြည်ထွေး၊ တက္ကသိုလ်သိန်းလွင်၊ တက္ကသိုလ်ဘုန်းနွယ်၊ ကိုမင်းနောင်၊ ကိုသစ်လွင်၊ ကိုလွမ်းဝေ၊ မောင်မောင်ကြီး၊ ခင်မောင်လွင်၊ မောင်သိန်းဝင်း၊ စန္ဒယားချစ်ဆွေ၊ မေကြာညွန့်၊ လီလီကြာညွန့်၊ ဂရေ့စ်ကြာညွန့်၊ မဉ္ဇူမြင့်၊ ရီလေး၊ နွဲ့လေး၊ သိင်္ဂီအေး၊ သဇင်ကြူ၊ အေဝမ်းတင်တင်လှ၊ နွယ်နီကျင်၊ နွယ်နီမြင့်၊ ခင်မျိုးတင့်တို့ ဖြစ်ကြပါတယ်။

ကိုအောင်ကိုးဟာ ရေဒီယိုသီချင်းများသာမက လွတ်လပ်ရေး‌နေ့ ၊ ပြည်ထောင်စုနေ့ တောင်သူလယ်သမား၊ အလုပ်သမားနေ့၊ တပ်မတော်နေ့ စစ်ရေးစစ်ချီသီချင်းများ၊ အစရှိသောသီချင်းများကို ရေးစပ်ခဲ့ပါတယ်။ ရုပ်ရှင်တေးသီချင်း အများဆုံး ရေးသားခဲ့သူလည်းဖြစ်ပြီး ရှုမဝရုပ်ရှင်၊ တော်ဝင်ထွန်းရုပ်ရှင်၊ မော်လမြိုင်ရုပ်ရှင်၊ သာဓုရုပ်ရှင်၊ပုသိမ်ရုပ်ရှင်၊ မဟာဗောဓိရုပ်ရှင်၊ ပန်းသာဖလင် ရွှေဟင်္သာရုပ်ရှင်ကုမ္ပဏီမှ အများဆုံးသုံးသော ဂီတစာဆိုဖြစ်ပါတယ်။

သူရေးသားခဲ့သော သီချင်းများအနက် အဆိုတော် ကိုကြည်ထွေးအတွက် “ပြုံးမျက်ရည်”၊ တက္ကသိုလ် ဘုန်းနွယ်အတွက် “စိမ်းလဲ့ညို”၊ တက္ကသိုလ် သိန်းလွင်အတွက် “ဘယ်မှာလဲ အချစ်ရယ်”၊ “မေပုလဲ”၊ ကိုမင်းနောင်အတွက် “ဖော်မဲ့တေးသံ”၊ “ဘဝဟူသည်”၊ ကိုသန်းလှိုင်အတွက် “မမေ့တဲ့နိုင်”၊ စန္ဒရားချစ်ဆွေအတွက် “ချစ်သူ့ဝိညာဉ်”၊ အေဝမ်းတင်တင်လှအတွက် “ခင်တို့အရွယ်”၊ မောင်မောင်ကြီးအတွက် “တန်ပါ့မဖုရား”၊ ခင်မောင်လွင်အတွက် “နှောင်းဝသန်၏ ဇာတ်သိမ်းခန်း”၊ လွမ်းဝေအတွက် “မူပိုင်မေတ္တာ”၊ မဉ္ဇူမြင့်အတွက် “စေချင်ရဲ့မယ့်စာခွေ”၊ ရီလေးအတွက် “ဘာရမလဲ သာဝရာ”၊ “သိပ်ချစ်”၊ ဂရေ့စ်ကြာညွန့်အတွက် “သီတာကြောမှာ”၊ ခင်သန်းနုအတွက် “နှောင်”၊ လီလီကြာညွန့်အတွက် “တရူမော”၊ နွဲ့လေးအတွက် “မောင်ကြီးသစ္စာ”၊ သဇင်ကြူအတွက် “မောင်ဟာမေ့အတွက်ပါကွယ်”၊ သိင်္ဂီအေးအတွက် “ဆောင်းရက်နွေဝင်”၊ မာမာအေးအတွက် “တင့်တင့်တို့အရွယ်” စသည့် သီချင်းများဟာ ပရိတ်သတ် ပါးစပ်ဖျား ရေပမ်းစားခဲ့ပါတယ်။

စန္ဒရားလှထွတ် မကွယ်လွန်မီကပြောသွားသော စကားတစ်ခွန်းမှာ” သီချင်းများကို Key ချိန်းတဲ့နေရာမှာ အဆင်ပြေဆုံးနဲ့ ချောမွေ့လှပခြင်းတွင် စန္ဒရားဆရာထဲမှာ ကို‌အောင်ကိုးဟာအလွန်ရှားတယ်”သူကိုယ်တိုင်လည်း ကိုအောင်ကိုး၏ ပညာကို တလေးတစား အတုယူကြောင်း ပြောဖူးပါတယ်။

ကိုအောင်ကိုးဟာ ၁၂-၁- ၁၉၉၇ခုနှစ်တွင်ရန်ကုန် ၊ရန်ကင်းရှိနေအိမ်၌ ကွယ်လွန်ခဲ့ပါတယ်။ ရေးသမျှသီချင်းများထဲတွင် “မမေ့တဲ့နိုင်” သီချင်းကို အကြိုက်ဆုံးဖြစ်ပြီး သူသေဆုံး၍ ဂူသွင်းသည့်အခါ “မမေ့တဲ့နိုင်”စာတမ်းထိုးပေးရန် မှာထားခဲ့သည့်အတွက် ရေဝေးသုဿာန်တွင် ဂူသွင်းကမ္ဗည်းထိုးထားကြောင်း သိရပါတယ်။

ညောင်တုန်းမြို့သား #တေးရေးဆရာ #DeltaNewAgency #DNA

လင်းယုန်သစ်လွင်၏ ဓမ္မဝိလာသ ဝတ္ထု အသံစာအုပ် အစ အဆုံး 10:13:44 hour https://youtu.be/crc82tNpRT4?si=JP4OIkFqu-femoIz

လင်းယုန်သစ်လွင်၏ သေမင်းတမန် ရထားလမိးခေါ် ဖိုင်းမြန်မာ ရထားလမ်း ကိုယ်တွေ့ချွေးတပ် မှတ်တမိး ဖြစ်ရပ်မှန် စာအုပ် ( အသံစာအုပ် – အစ-အဆုံး ) https://youtu.be/EKfptku5AmY?si=-f4u7K2HBRd1F2ls

လင်းယုန်သစ်လွင်၏ အနာဂါတ်အတွက် မွေးဖွားခြင်း https://youtu.be/RTY7pId9fOg?si=NcZnVmmA6qX75Db3 ထိုအကြောင်းသည် ရှုပ်ထွေးပွေလီလှသည့် လူ့လောကဇာတ်လမ်းဖြစ်သည်။ သည်ထက်ပိုပြီး ကြီးကြီးကျယ်ကျယ်ပြောရမည်ဆိုလျှင် ထိုကိစ္စသည် သမိုင်းကြောင်းနှင့်မကင်းရာမကင်းကြောင်း အမွေပစ္စည်းလည်းဖြစ်သည်။ စစ်စစ်ဤအဖြစ်သည် ကမ္ဘာ့သမိုင်းမှတ်တမ်းများနှင့် မြန်မာ့သမိုင်းမှတ်တမ်းကြီးများတွင် ဘယ်နေရာကမှဖော်ပြခြင်းမခံရသော်လည်း သမိုင်းအစဥ်အလာကြီးတစ်ခုတွင်မူ ( ပြောခွင့်ရမည်ဆိုပါက) သူ့လိုလူတွေဒုနဲ့ဒေး……

သီတာသောင်ခြေဦး ( ၁၉၆၂ အနုပညာစာပေ ဝတ္ထုရှည် ဆု ) https://youtu.be/qYg9fCi1LQY?si=F0o-W8hLNRdpEwlF

ကာတွန်းပညာရှင်ကြီး ဦးဘဂျမ်းရဲ့ ဘဝ ဇာတ်ကြောင်း https://youtu.be/JIuJOw-Fpe4?si=UWEjTrCc6c5UkNLf လွနိခဲ့တဲ့ နှစ်ပေါင်း ၉၀ ဖန်တီး ခဲ့သော ပထမဆုံး မြန်မာ ကာတွန်း ရုပ်ရှင် ဇာတ်ကား အကြောင်း https://youtu.be/1hGDy7QQXZ8?si=36kOv29UAz4AsgNu။ ပထမဆုံး မြန်နာကာတွန်း ရုပ်ရှင်သမိုင်း Burma Myanmar Burmese Classic Cartoon Movie Histort https://youtu.be/Vl3XoZsrCa0?si=_d9wMl5DjggdJTaq

ဦးဘဂျမ်းကာတွန်းများ စုစည်းမှု ( ၁ )။ ( ၁ )။https://youtu.be/-RVOhvxyU0I?si=x7F2qDRfPRhHB5ug

( ၂ ) https://youtube.com/shorts/WboIIlyZc8E?si=8BzDVJ_Bfh982mI_

ကာတွန်းဆရာကြီး ဦးဘဂျမ်း ( အထုပ္ပတ္တိ ၊သုတ ရသ စကားပြေ ) https://youtu.be/eQ_0DxIsMPc?feature=shared

ဇာတ်မင်းသားကြီး ဦး စိန်ကတုံး ၏ အထု ပ္ပတ္တိ။ https://youtu.be/aP3lapB2dKY?si=TY9WnF7rxx_0UJ14

အကယ်ဒမီ ဒါရိုက်တာ ရွှေဒုံးဘီအောင် https://youtu.be/V5hZMYw3xZg?si=XGzQArQhKu1Hm6uU။ ယခုဖော်ပြပေးမယ့် အကြောင်းအရာ လေးကတော့ မြန်မာပြည် ရုပ်ရှင်သမိုင်းတွင် အလွန်ထင်ရှားခဲ့သော ဒါရိုက်တာ အကယ်ဒမီရွှေဒုံးဘီအောင် အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
@This article will tell you about Academy Award-winning director Shwe Done Be Aung, who was very prominent in the history of Myanmar film.
@this background music by “Heroes” is 100% no copyright background music (royalty free )

ရွှေဒု့းဘီအောင် အကြောင်း။ https://youtu.be/-EsRPijxprM?si=YDgZrPdAV4xTWh4H

ဆယ့်နှစ်လရာသီ ( ဗိုလ်အောင်ဒင် ခေတ်ဟောင်း ရုပ်ရှင်တေး ဆို / မေမေဝင်း https://youtu.be/BMypefiZ2Pc?si=d_ht3No_izbA8OOO

ဗိုလ် အောင်ဒင် အသံထွက် ဇာတ်ကားကို ဒါရိုက်တာ အဖြစ် ပထမဆုံး ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ရွှေဒုံး ဘီအောင် 7:39 min https://youtu.be/-EsRPijxprM?si=6cAltLwaTThr57ZG။ တက္ကသိုလ်ကျောင်းသားဘ၀မှာထဲက ဗိုလ်အောင်ဒင်နဲ့ သက်ဆိုင်တဲ့ ကဗျာတွေ ၀တ္ထုတွေကိုရေးသားခဲ့ပြီး နောက်ပိုင်းမှာ လုံးချည်း၀တ္ထုတွေကို‌ပါ ရေးသားထုတ်ဝေခဲ့ကာ
ဇာတ်ညွန်းရေးဆရာအဖြစ် ရုပ်ရှင်လောကကို ဝင်ခဲ့ရောက်ပါတယ်။
ဗိုလ်အောင်ဒင် အသံထွက်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးခဲ့တဲ့
တစ်ခေတ်တခါက ကျော်ကြားအောင်မြင်ခဲ့တဲ့ ဒါရိုက်တာ ရွှေဒုံးဘီအောင် ရဲ့အကြောင်းကို တစ်ခေတ်တခါ အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ရပါတယ်။

ဗိုလ်အောင်ဒင် HD ရုပ်ရှင် စဆုံး။ https://youtu.be/3mjS6ZbAM-A?si=Ou-gtjjeoV7JMMZH

သားဗိုလ်အောင်ဒင် HD ရုပ်ရှင် စဆုံး။. https://youtu.be/tKSBqtDo5Rw?si=bfS8eQ7YegUh94Dj. ကျော်ဆွေ၊ခင်အုန်းမြင့်၊မြင့်မြင့်ခင်. ခေတ်ဟောင်းရုပ်ရှင်. ဂန္တဝင်ရုပ်ရှင်

မောင်ကြေးမုံ ၏ ဗိုလ်အောင်ဒင် အသံဖိုင် ဇာတ်လမ်း အစ/ အဆုံး Bo Aung Din https://youtu.be/cQOtIUgjV4k?si=l9o4A91drGWHwebg. 2:07: 45 hr

သားဗိုလ်အောင်ဒင် https://youtu.be/yKoxCLlAu44?si=RFw9WCuR-68x4TE4

ဗိုလ်အောင်ဒင် ဇာတ်လမ်းများစုစည်းမှု (စဆုံး ) 8:05:53 hr https://youtu.be/e5gObP4Bra8?si=9IwZAnOIyAHVLf6z ကက်ဆက် ဇာတ်လမ်းများ၊ ရေဒီယို ဇာတ်ထုပ် များ၊ အသံဇာတ်လမ်းများ စုစည်းမှု

ဗိုလ်အောင်ဒင် ဇာတ်လမ်းများ 7 videos https://youtube.com/playlist?list=PLhtsPxO3lGN7oqA42WpGcfi3y_Op4eV5J&si=tRgqIt2fJo48sEk7

စာပေ နှင့် ရုပ်ရှင် လောကရှေး က မြန်မာ လူတော်ကြီးများ။ ရွှေ ရတု နှစ် ၅၀ တိုင်သည့်တိုင်
ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့ အသံထွက် ရုပ်ရှင် ခေတ် ဦး က
ဗိုလ် အောင် ဒင် ရုပ်ရှင် ဖန်တီးရှင် ဒါရိုက်တာ စာရေးဆရာ ညောင်တုန်းသား
ရွှေဒုံးဘီအောင် အကြောင်း မြန်မာ့အသံ ဦးအောင်မြင့် နှင့် ဆွေးနွေးခန်း (အဆက် )

https://youtu.be/KkbQX0v_uAo?si=iJ29m38eT2TvTO2D

https://youtu.be/f-4VLSmM8Zw?si=EfUvfZw_6hAb25vp

https://youtu.be/KkbQX0v_uAo?si=j-r84DdEUgnkKDeX

https://youtu.be/KkbQX0v_uAo?si=C59ZFvXsjcvsjXse

https://youtu.be/-EsRPijxprM?si=m