
ဆရာကြီးဦးသောင်ကောင်းနှင့် BBC BBC ဘိုဘို အင်တာဗျူး Link
https://fb.watch/Jfy16Bt8hX/?fs=e
စာကြည့်တိုက်ပညာရှင်အဖြစ် လူသိများတဲ့ စည်သူ ဦးသော်ကောင်းဟာ ထောင်နဲ့ချီတဲ့ မြန်မာ့ရှေးဟောင်း ပေပုရပိုက်တွေကို ရှာဖွေဖော်ထုတ်ထိန်းသိမ်းခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီထဲမှာ မြန်မာဘုရင်တွေလက်ထက်က အယုဒ္ဓယ၊ ဇင်းမယ် (ဒီနေ့ခေတ် ထိုင်းနိုင်ငံ) တို့နဲ့ဆက်စပ်တဲ့ သမိုင်းဖြစ်စဥ်တွေ၊ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးသမိုင်းတွေလည်း ပါဝင်ခဲ့ပါတယ်။
ဇူလိုင်လ ၂၉ ရက် အသက် ၈၉ နှစ်မှာ ကွယ်လွန်သွားတဲ့ ဦးသော်ကောင်းဟာ ရန်ကုန်က တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကို အနှစ် ၃၀ နီးပါး ဦးစီးလုပ်ကိုင်ခဲ့ပြီး ပေပုရပိုက်ထိန်းသိမ်းရေးနဲ့ ရှေးဟောင်းစာပေထုတ်ဝေရေးကို အစဉ်တစိုက် ဆောင်ရွက်ခဲ့ပါတယ်။
ဒီလိုထိန်းသိမ်းစုဆောင်းမှုတွေကို သူ ဘယ်လို လုပ်ခဲ့ပါသလဲ။ ဦးသော်ကောင်းကို ကိုဘိုဘိုက ၂၀၁၈ ခုနှစ်တုန်းက ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဦးသော်ကောင်းအကြောင်း ဆောင်းပါးကိုလည်း BBC News မြန်မာ ဝက်ဘ်ဆိုက်မှာ ဖတ်နိုင်ကြပါတယ်။ https://www.bbc.com/burmese/articles/c2lqrnjrlxwo
ဘီဘီစီမြန်မာပိုင်း #ဦးသော်ကောင်း #စာကြည့်တိုက် #မြန်မာစာပေ #ပေပုရပိုက်
ဆရာကြီးဦးသော်ကောင်း
https://fb.watch/JfvefW5IgG/?fs=e
ဝီကီပီးဒီးယား မှစည်သူ
ဒေါက်တာ သော်ကောင်းမွေးဖွားဒီဇင်ဘာ ၁၇၊ ၁၉၃၇
ရန်ကုန်မြို့ကွယ်လွန်ဇူလိုင် ၂၉၊ ၂၀၂၆ (အသက် ၈၈)
ရန်ကုန်မြို့မိခင်ကျောင်းရန်ကုန်တက္ကသိုလ်၊ လန်ဒန်တက္ကသိုလ်အလုပ်အကိုင်စာကြည့်တိုက်ပညာရှင်၊ ပညာရေးပညာရှင်၊ သုတေသီမိဘများ
- စည်သူ ဦးကောင်း (ဖခင်)
- ဒေါ်သိန်း (မိခင်)
ရရှိသည့်ဆုများဖုကုအိုက အာရှဓလေ့ဆု (၂၀၀၅)၊ အနောက်ဆစ်ဒနီ တက္ကသိုလ် ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ (၁၉၉၉)
စည်သူ ဦးသော်ကောင်း (၁၇ ဒီဇင်ဘာ ၁၉၃၇ – ၂၉ ဇူလိုင် ၂၀၂၆) သည် အာရှတိုက်၏ စာကြည့်တိုက်ပညာရပ်နယ်ပယ်တွင် ဦးဆောင်ဦးရွက်ပြုခဲ့ပြီး ထင်ရှားကျော်ကြားသည့် မြန်မာနိုင်ငံသား စာကြည့်တိုက်ပညာရှင်နှင့် သုတေသီတစ်ဦး ဖြစ်သည်။[၁]
ငယ်ဘဝနှင့် ပညာရေး
ဦးသော်ကောင်းကို ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖခင် စည်သူ ဦးကောင်း နှင့် မိခင် ဒေါ်သိန်းတို့က မွေးဖွားခဲ့သည်။မွေးချင်းသုံးဦးအနက် အကြီးဆုံးသားဖြစ်သည်။ ဖခင်ဖြစ်သူသည် လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံတော် ငွေကြေးဘုတ်အဖွဲ့ဝင်ဖြစ်ပြီး ငွေစက္ကူများပေါ်တွင် “မောင်ကောင်း” ဟု လက်မှတ်ရေးထိုးခဲ့သူ ဖြစ်သည်။[၂]
ဦးသော်ကောင်း သည် ငယ်စဉ်ကလေးဘဝကို အရိုးအဆစ် နာကျင်ကိုက်ခဲသော ရောဂါကြောင့် အိမ်၌ပင် ပညာသင်ကြားခံရပြီး၊ တခြားကလေးများ ကဲ့သို့ ကစားခုန်စားမလုပ်နိုင်ခဲ့ဘဲ စာအုပ်များဖြင့်သာ ဖြတ်သန်းခဲ့ရသည်။သူသည် အသက် (၁၀) နှစ်အရွယ် ၁၉၄၇ ခုနှစ်တွင် အစိုးရက ဖခင်ဖြစ်သူ ဦးကောင်းအား အင်္ဂလန်သို့ မြန်မာပညာတော်သင်များအား ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ဖြင့် စေလွှတ်ခဲ့သဖြင့် မိသားစုနှင့်အတူ လန်ဒန်မြို့သို့ လိုက်ပါသွားခဲ့သည်။[၃]
၁၉၅၀ ပြည့်နှစ် နှစ်ကုန်ခါနီးတွင် မိသားစုနှင့်အတူ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ကျန်းမာရေး အခြေအနေကြောင့် ကျောင်းဆက်တက်နိုင်ခြင်း မရှိခဲ့ပေ။ ထို့နောက် ၁၉၅၂ ခုနှစ်ရောက်မှသာ အင်္ဂလိပ်မက်သဒစ်အထက်တန်းကျောင်း (လက်ရှိ အထက(၁) ဒဂုံ ) တွင် သတ္တမတန်း နှစ်ဝက်မှစ၍ ပညာသင်ကြားခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အင်္ဂလိပ်စာနှင့် ပထဝီဝင် ဘာသာရပ်တို့ဖြင့် ဂုဏ်ထူးထွက်ရှိကာ ပထမတန်း (1st Division) ဖြင့် အောင်မြင်ခဲ့သည်။ ဆက်လက်၍ ၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ပထမအဆင့်ဖြင့် ဆွတ်ခူးနိုင်ခဲ့သဖြင့် ဦးဘိုးနှစ်ရွှေတံဆိပ်ဆု ချီးမြှင့်ခံခဲ့ရသည်။၁၉၆၂ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်မှ စာကြည့်တိုက်ပညာဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာကို ဆွတ်ခူးရရှိခဲ့သည်။ ယင်းနောက် ဩစတြေးလျစာကြည့်တိုက်နှင့် သတင်းအချက်အလက်အသင်း၏ (AALIA) ဘွဲ့အပြင် အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်း၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော (FLA) ဘွဲ့တို့ကိုလည်း ထပ်မံရရှိခဲ့သည်။ ထို့အပြင် ၁၉၈၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်းက ၎င်းအား ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ်ပါ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။[၄]
ဝန်ထမ်းဘဝ
ဦးသော်ကောင်းသည် ၁၉၅၇ ခုနှစ်မှ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်အထိ ရန်ကုန်တက္ကသိုလ် ပင်မနယ်မြေရှိ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တို့တွင် စာကြည့်တိုက်မှူးအဖြစ် နှစ်ပေါင်း ၄၀ ခန့် တာဝန်ယူလုပ်ကိုင်ခဲ့သည်။ထို့အပြင် ၁၉၉၈ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်စာကြည့်တိုက်နှင့် သုတပညာဌာနတို့တွင် အချိန်ပိုင်းပါမောက္ခအဖြစ် စာကြည့်တိုက်ပညာများကို ဆက်လက်သင်ကြားပို့ချပေးခဲ့ပြီး၊ဖခင် တည်ထောင်ခဲ့သည့် မြန်မာ့သမိုင်းအဖွဲ့တွင် ၁၉၉၈ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကွယ်လွန်ချိန်အထိ မြန်မာ့သမိုင်းအဖွဲ့၏ အချိန်ပိုင်းအဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက်ပါဝင်ခဲ့သည်။[၅]
သူသည် ဝိဇ္ဇာဂုဏ်ထူးဘွဲ့မရမီ ၁၉၅၇ ခုနှစ် အသက် ၁၉ နှစ်အရွယ်က စတင်လျက် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန စာကြည့်တိုက်တွင် အချိန်ပိုင်း အလုပ်လုပ်ခဲ့သူဖြစ်သည်။ အသက် ၂၁ နှစ်ကျော် ၁၉၅၉ ခုနှစ် မတ်လတွင် ဝိဇ္ဇာဂုဏ်ထူးတန်းစာမေးပွဲ ဖြေဆိုခဲ့ပြီး ထိုနှစ် ဧပြီလ ၁ ရက်တွင် ဆရာဇော်ဂျီလက်အောက်ရှိ လူမှုရေးသိပ္ပံ စာကြည့်တိုက်(ယခုရန်ကုန် စီးပွားရေးတက္ကသိုလ် စာကြည့်တိုက်) တွင် အလုပ်စတင်ဝင်ရောက်ခဲ့သည်။ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး စာကြည့်တိုက်မှူးအဖြစ် ဦးခင်ဇော် (ကလောင်အမည် – K)သည် ၁၉၃၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ ၁၉၄၆ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ဦးသိန်းဟန် (ဆရာဇော်ဂျီ) က ဆက်လက် တာဝန်ယူခဲ့သည်။ ထို့နောက် ၁၉၆၄ ခုနှစ်တွင် အခေါ်အဝေါ် ပြောင်းလဲခဲ့ပြီးနောက် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၏ စာကြည့်တိုက်မှူးကြီးအဖြစ် ဆရာကြီး ဦးသိန်းဟန်၏ စာပေအမွေအနှစ်နှင့် စာကြည့်တိုက် အတတ်ပညာရပ်များကို ဦးသော်ကောင်းက ဆက်ခံခဲ့သည်။ဦးသော်ကောင်း လက်ထက်တွင် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သည် မြန်မာနိုင်ငံ၏ အားအထားရဆုံး စာကြည့်တိုက်အဖြစ်သာမက မြန်မာနိုင်ငံအကြောင်း လေ့လာလိုသူများအတွက် နိုင်ငံတကာပါ အားကိုးရာနေရာတစ်ခု ဖြစ်လာခဲ့သည်ဟု မှတ်တမ်းတင်ခံခဲ့ရသည်။ယင်းအပြင် မြန်မာစာပေနယ်ပယ်နှင့် ကမ္ဘာ့စာပေနယ်များကို ပေါင်းကူးတံတားခင်းပေးနိုင်ခဲ့သူအဖြစ် အပြင် ကမ္ဘာ့စာကြည့်တိုက်များနှင့် ချိတ်ဆက်ကာ စာအုပ်စာတမ်း၊ ဂျာနယ်နှင့် မဂ္ဂဇင်းများကို စာအုပ်လဲလှယ်ခြင်း၊ ငှားရမ်းဝယ်ယူခြင်းတို့ဖြင့် ဖြည့်ဆည်းပေးနိုင်ခဲ့သူလည်း ဖြစ်သည်။[၆]
သူသည် ရှေးဟောင်းစာပေများဖြစ်သည့် ပေ၊ ပုရပိုက် လက်ရေးစာများကို အထူးစိတ်ဝင်စားကာ ဘုန်းတော်ကြီးကျောင်းဟောင်းများနှင့် ကိုယ်ပိုင်စာကြည့်တိုက်များအထိ ကိုယ်တိုင်သွားရောက်၍ ဖုန်တက်နေသော ပေစာလက်ရေးမူများကို ရှာဖွေစုဆောင်းခဲ့သည်။ အချို့ကိုလည်း ငွေကြေးဖြင့် ဝယ်ယူ စုဆောင်းခဲ့သည်။ ထို့ပြင် အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်စဉ်က ယူဆောင်သွားခဲ့ကြသည့် ရှားပါးပေနှင့် ပုရပိုက်များကို လန်ဒန်မြို့ရှိ ဗြိတိသျှစာကြည့်တိုက်မှတစ်ဆင့် ပြန်လည်လှူဒါန်းလာအောင်လည်း ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် တွင် ပေ၊ ပုရပိုက်အစည်းပေါင်း ၁၆,၀၀၀ နီးပါးအထိ စုဆောင်းထိန်းသိမ်းနိုင်ခဲ့သည်။ထို့ကြောင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် ပေ၊ ပုရပိုက်နှင့် လက်ရေးဌာနစိတ်တစ်ခုကိုပါ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့သည်။[၇]
စာပေဘဝဖြတ်သန်းမှု
ဖခင်ဖြစ်သူနှင့် ဆရာရင်းများဖြစ်ကြသည့် ဦးသိန်းဟန် (ဆရာဇော်ဂျီ) နှင့် ဆရာ ဦးထင်ကြီး (တက္ကသိုလ်ထင်ကြီး) တို့၏ တိုက်တွန်းညွှန်ကြားချက်အရ ၁၉၆၄ ခုနှစ်ဝန်းကျင်မှစ၍ စာပေဗိမာန်၏ လုပ်ငန်းတာဝန်များတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုအချိန်က ဆရာကြီးသည် ဆရာဇော်ဂျီ၏ လက်ထောက်စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ဆဲ ဖြစ်သည်။ ဆရာဇော်ဂျီ၏ လမ်းညွှန်မှုနှင့်အတူ စာပေဗိမာန်၏ စာကြည့်တိုက်သင်တန်းများကိုလည်း ဆရာတိုက်စိုးနှင့် လက်တွဲ၍ တာဝန်ယူပေးခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ပြည်လမ်းရှိ စာပေဗိမာန်၌ စာကြည့်တိုက် နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပြီး၊ ယင်းဟောပြောဆွေးနွေးချက်များကို အခြေခံကာ စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ လက်စွဲစာအုပ်များကို ပြုစုထုတ်ဝေခဲ့သည်။ ထို့ပြင် ဆရာတိုက်စိုး၊ ဆရာမ စမ်းစမ်းမေတို့နှင့်အတူ ပူးပေါင်း၍ “မြန်မာစာပေ စာစုစာရင်း” ကို ပြုစုခဲ့ရာ ၁၉၈၃ ခုနှစ်တွင် စာပေဗိမာန်က စာအုပ်အဖြစ် ထုတ်ဝေပေးခဲ့သည်။ နောက်ပိုင်းတွင် စာတည်းမှူးချုပ် ဒေါ်အုန်းကြည် လက်ထက်၌ “မြန်မာ့ရည်ညွှန်းစာအုပ်ဟူသည်” စာတမ်းကို တင်သွင်းခဲ့ပြီး၊ ၁၉၈၇ ခုနှစ် ဘာသာပြန် စာပေစာတမ်းဖတ်ပွဲတွင် ဆရာငြိမ်းကျော်နှင့် ပူးတွဲ၍ အစောဆုံး ဘာသာပြန်ကျမ်းများနှင့် ပါဠိစာပေ၊ ဗုဒ္ဓသာသနာဆိုင်ရာ မြန်မာပြန်စာပေများကို အဓိကထားသော “ရှေးခေတ်ဘာသာပြန် သဘောနှင့် အထောက်အကူကျမ်းများ” စာတမ်းကို ဖတ်ကြားခဲ့သည်။[၈]
၁၉၈၇ ခုနှစ်တွင် စာပေဗိမာန်က “မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်” ကို စတင်ထုတ်ဝေချိန်၌ ဆရာဦးမျိုးမင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် စွယ်စုံကျမ်းနှစ်ချုပ် ပြုစုထုတ်ဝေရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ထိုမှတစ်ဆင့် ရည်ညွှန်းကျမ်းစာပေ ပြုစုထုတ်ဝေရေးအဖွဲ့သို့ ရောက်ရှိလာပြီး ယနေ့တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသည်။ ဆရာ ဦးမျိုးသန့် စာတည်းမှူးချုပ် ဖြစ်လာသည့်အခါ ဆရာကြီးသည် အမျိုးသားစာပေဆု အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး၊ အမျိုးသားစာပေ စိစစ်ရွေးချယ်ရေးကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဥက္ကဋ္ဌတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့ကာ ကျန်းမာရေး အခြေအနေကြောင့်သာ အဆိုပါတာဝန်မှ နားခဲ့ရခြင်း ဖြစ်သည်။ထို့အပြင် စာပေဗိမာန်၏ မြန်မာ့စွယ်စုံကျမ်းတွဲသစ်များ ပြန်လည်ထုတ်ဝေရေးနှင့် မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်များ ထုတ်ဝေရေးလုပ်ငန်းများတွင် စာတည်းအဖွဲ့၏ စာတည်းမှူးချုပ်အဖြစ် ဦးဆောင်ပါဝင်ခဲ့ပြီး စာပေဗိမာန်၏ လုပ်ငန်းမှန်သမျှတွင် ဆရာကြီး၏ အကြံဉာဏ်နှင့် အကူအညီများ အမြဲတမ်း ပါဝင်ခဲ့ပေသည်။[၉]
ဆရာကြီးသည် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှစ၍ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ဆရာဝန်တင်ရွှေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆု၊ ပခုက္ကူ ဦးအုံးဖေစာပေဆုနှင့် သုတစွယ်စုံစာပေဆု စသည့် ထင်ရှားသော စာပေဆုရွေးချယ်ရေးအဖွဲ့များတွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူပေးခဲ့သည်။ မြန်မာစာကော်မရှင်၏ အတွင်းရေးမှူးအဖြစ် ၁၉၇၁ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ လည်းကောင်း၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်ပြုစုရေးအဖွဲ့၏ ပထမဆုံးသဘာပတိအဖြစ် (၁၉၈၁–၁၉၈၂) ခုနှစ်တွင် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း ပေါ်ပေါက်လာစေရန် အစပြုတိုက်တွန်းပေးခဲ့ပြီး ယနေ့တိုင် အသင်းနာယកအဖြစ် ဆက်လက်တည်ရှိနေသည်။ ၁၉၉၃ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့နှင့် ပူးပေါင်း၍ ကျော်ကြားသော စာရေးဆရာကြီးများ၏ စာပေါင်းချုပ်များကို ထုတ်ဝေရာတွင် ဦးဆောင်စီစဉ်ပေးခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာ၌ ဆရာဇော်ဂျီ စာပေါင်းချုပ်၊ ပီမိုးနင်း စာပေါင်းချုပ်၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး စာပေါင်းချုပ်နှင့် မှော်ဘီဆရာသိန်းကြီး စာပေါင်းချုပ်တို့ ပါဝင်ခဲ့သည်။ ထို့ပြင် မြန်မာစာပေဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိကစာပေဆုများ တီထွင်ချီးမြှင့်ရာတွင်လည်း တက်ကြွစွာ ပါဝင်ကူညီခဲ့သည်။
ဆရာကြီးသည် စာကြည့်တိုက်မှူးတစ်ဦးအနေဖြင့် မြန်မာနိုင်ငံသာမက ဗြိတိသျှ၊ ဂျပန်နှင့် စင်ကာပူနိုင်ငံရှိ စာကြည့်တိုက်ကြီးများတွင်ပါ ကျောင်းသားများ၊ ပညာရှင်များနှင့် သုတေသီများကို ကူညီပံ့ပိုးပေးခဲ့ပြီး ကိုယ်တိုင်လည်း သုတေသနစာတမ်းများစွာ ရေးသားဖတ်ကြားခဲ့သည်။ အငြိမ်းစားယူပြီးနောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်းရှိ သုတေသီများ လွယ်ကူစွာ ကိုးကားနိုင်ရန် ရှေးဟောင်းပေစာ၊ ပုရပိုက်များကို ထိန်းသိမ်းစုဆောင်းကာ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုပေးခြင်းများ လုပ်ဆောင်ခဲ့သည်။ မြန်မာ့သမိုင်းနှင့် စာပေဆိုင်ရာ စာတမ်းနှင့်စာအုပ် စုစုပေါင်း ၁၈၀ ကျော်ကို ရေးသားထုတ်ဝေခဲ့ရာ အများစုမှာ နိုင်ငံတကာပါ လေ့လာဖတ်ရှုနိုင်ရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။
ရရှိခဲ့သော ဆုတံဆိပ်များ
၁၉၉၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ အနောက်ဆစ်ဒနီတက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor of Letters (Honori – Scausa) ကို ချီးမြှင့်ခဲ့ပြီး၊ ၂၀၀၅ခုနှစ်တွင် ဂျပန်နိုင်ငံ ဖုကုအိုက အာရှဓလေ့ဆုရွေးချယ်ရေးကော်မတီက ဖုကုအိုက ပညာရှင်ဆု (Fukuoka Asian Culture Prize (Academis Laureate))ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ထို့အပြင် ၂၀၀၈ ခုနှစ်တွင် ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု၊ ၂၀၁၀ ပြည့်နှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊ ၂၀၁၆ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆု၊ ၂၀၁၅ ခုနှစ်တွင် သုတစွယ်စုံစာပေတစ်သက်တာဆု၊ ၂၀၁၆ ခုနှစ်တွင် ဆရာဝန်တင်ရွှေ စာပေတစ်သက်တာဆု တို့ကိုလည်း ရရှိခဲ့သူဖြစ်သည်။ ထို့နောက် ၂၀၁၂ ခုနှစ်တွင် ဆရာကြီးကို ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ဒုတိယ အဆင့်)နှင့် စည်သူဘွဲ့တို့ကို နိုင်ငံတော်အစိုးရ ကချီးမြှင့်ခဲ့သည်။[၁၀]
မိသားစုဘဝနှင့် ကွယ်လွန်ခြင်း
ဆရာကြီး ဦးသော်ကောင်းသည် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၉ ရက် (ဝါဆိုလပြည့်နေ့) မနက် ၅ နာရီ ၂၇ မိနစ်တွင် ကွယ်လွန်သွားခဲ့သည်။ဦးသော်ကောင်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။၁၉၆၄ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနမှ စာရင်းကိုင်ချုပ် ဒေါ်ခင်သန်းနှင့် အိမ်ထောင်ပြုခဲ့ပြီး မင်းသော်ကောင်း၊ သန့်သော် ကောင်း၊ မြတ်သော်ကောင်း သားသုံးဦး မွေးဖွားခဲ့သည်။ [၁၁]
ကိုးကား
- Dr. Thaw Kaung Collection – Universities’ Central Library (in en-US)။ 2026-07-29 တွင် ပြန်စစ်ပြီး။
- စည်သူဦးသော်ကောင်းရဲ့ စာကြည့်တိုက်ထဲက ဘဝ။ မော်ကွန်း။ 12 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၉ ဇူလိုင် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- စာကြည့်တိုက်ပညာ၏ ဖခင် ဆရာကြီး ဒေါက်တာ စည်သူသော်ကောင်း | News and Periodical Enterprise။ 2026-07-29 တွင် ပြန်စစ်ပြီး။
- စာကြည့်တိုက်ပညာ၏ဖခင် ဆရာကြီး ဒေါက်တာစည်သူသော်ကောင်း (in en)။ 2026-07-29 တွင် ပြန်စစ်ပြီး။
- မောင်စွမ်းရည် – ဦးသော်ကောင်း – MoeMaKa Burmese News & Media (in en-US)။2026-07-29 တွင် ပြန်စစ်ပြီး။
- စာကြည့်တိုက်ပညာ၏ဖခင် ဆရာကြီး ဒေါက်တာစည်သူသော်ကောင်း (in en)။ 2026-07-29 တွင် ပြန်စစ်ပြီး။
- မျိုးသန့်ထွန်း(စစ်ကိုင်း) – ဆရာကြီးဦးသော်ကောင်း-စာပေါင်းစု။ 2026-07-29 တွင် ပြန်စစ်ပြီး။
- မြန်မာပြည်နဲ့ မြန်မာ့ယဉ်ကျေးမှုစာပေသမိုင်းကို ပိုပြီးအတိအကျ သိစေချင်လို့ပါ။ နိုင်ငံတကာမှာ ရေးတာတွေက မှားတာတွေ တွေ့ရတာမို့ တိကျစွာရေးဖြစ်တာပါ စည်သူဒေါက်တာသော်ကောင်း | News and Periodical Enterprise။ 2026-07-29 တွင် ပြန်စစ်ပြီး။
- ဧရာဝတီ (2026-07-29)။ စာကြည့်တိုက်ပညာရှင် ဆရာကြီး စည်သူ ဦးသော်ကောင်း ကွယ်လွန် (in en-US)။ 2026-07-29 တွင် ပြန်စစ်ပြီး။
- အမျိုးသားစာပေ တစ်သက်တာဆု၏ အတိတ်ခြေရာ (in my)။ 2026-07-29 တွင် ပြန်စစ်ပြီး။
- Journal၊ Popular (2026-07-29)။ စာကြည့်တိုက်ပညာရှင် ဆရာကြီး စည်သူ ဦးသော်ကောင်း အသက် ၈၉ နှစ်အရွယ်တွင် ကွယ်လွန် (in en-US)။ 2026-07-29 တွင် ပြန်စစ်ပြီး။
- ၁၉၃၇ မွေးဖွားသူများ
- ၂၀၂၆ ကွယ်လွန်သူများ
- မြန်မာ အမျိုးသား စာရေးဆရာများ
- မြန်မာ စာကြည့်တိုက်ပညာရှင်များ
- အမျိုးသားစာပေတစ်သက်တာဆုရှင်များ
- ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများ
ချစ်လိုက်၊ ပစ်လိုက်၊ ပြန်ချစ်လိုက်
ကျွန်တော့်ရဲ့ဘဝမှာ ဘာသာရပ်ပေါင်းစုံသော စာအုပ်များကို ရှာဖွေစုဆောင်းခဲ့ပါတယ်။ ထိုစာအုပ်များကို မက်မက်မောမော ဖတ်ရှုလေ့လာခဲ့ပါတယ်။ တစ်ကြိမ်ထက်မက အကြိမ်ကြိမ် ပြန်ဖတ်လေ့ ရှိပါတယ်။ တရိုတသေ သိမ်းဆည်းထားလေ့ရှိခဲ့ပါတယ်။

နှစ်ကာလပေါင်းကြာရှည်လာတဲ့အခါ ဝယ်ယူစုဆောင်းခဲ့တဲ့ စာအုပ်ပေါင်းများစွာရဲ့ အလေးချိန်ကို ခံနိုင်ရည် မရှိတော့တဲ့အခါ ကျွန်တော်နေနေတဲ့ သစ်သားအိမ် ခြေတံရှည်မဲမဲလေးက မြေကြီးထဲကို အိမ်တခြမ်းစောင်း နိမ့်ဝင်သွားခဲ့တဲ့အထိပါပဲ။
အိမ်တစ်ခြမ်းစောင်းချင် စောင်းပါစေ၊ စာအုပ်စုတာကို ဆက်လုပ်နေခဲ့မြဲပါ။ လူတွေအတွက် နေစရာ ကျဉ်းကျပ်နေရင်တောင် စာအုပ်တွေအတွက် နေစရာ ပေးမြဲပါ။

၂၀၁၃ ခုအတွင်းမှာ နှစ်ကာလပေါင်းကြာရှည်စွာ မိမိရှာဖွေစုဆောင်းခဲ့သော၊ အမြတ်တနိုးရှိသော စာအုပ်ပေါင်းများစွာကို မိမိအတွက် ဆက်ထားရှိခြင်းထက်၊ တက်လူငယ်တို့အတွက် လက်လွှဲပေးခြင်းက ပို၍တန်ဖိုးရှိမည်ဟူသော အတွေးပေါ်ကာ၊ ချက်ခြင်းဆုံးဖြတ်၊ ချက်ခြင်း ကြိုက်ရာယူစေ ပေးပစ်ခဲ့ပါတယ်။
ကျွန်တော်ချစ်သော စာအုပ်များကို ကျွန်တော်ပစ်ခဲ့မိပါတယ်။

စာအုပ်များမရှိတော့သော်လည်း စာဖတ်ခြင်းကို မစွန့်လွှတ်နိုင်ခဲ့ပါ။ e-Books များ စုဆောင်းကာ စာဆက်ဖတ်ဖြစ်ခဲ့ပါတယ်။
ထူးခြားတာက ကိုယ်တိုင် စာတွေရေးဖြစ်ရင်းက မိတ်ဆွေများရဲ့ တိုက်တွန်း အားပေးကူညီမှုများဖြင့် စာအုပ်တွေ ထုတ်ဖြစ်ခဲ့ပါတယ်။
ဒီလိုနေရင်းကပဲ၊ e-Book တွေအပြင် စာအုပ်တွေက နည်းလမ်းပေါင်းစုံဖြင့် ပြန်လည်စုဆောင်းရောက်ရှိလာပြန်ပါတယ်။
အခု နေစရာအိမ်ကို ရွှေ့ပြောင်းရတဲ့ကိစ္စကြောင့် ဒီနှစ်ကာလ တိုတိုလေးအတွင်းမှာ ပြန်လည်စုဆောင်းမိနေတဲ့ စာအုပ်များကို ထုတ်ပိုးရွှေ့ပြောင်းရပါတယ်။
သယ်ရွှေ့ပေးတဲ့လူတတွေ၊ လက်ပန်းကျအောင် သယ်ပေးခဲ့ကြရပြီး၊ ကြမ်းပြင်မှာပဲ စုပုံထားရတဲ့ စာအုပ်တွေကို ကိုယ်တိုင် ပြန်လည်နေရာချခဲ့ရလေရဲ့။
တချိန်က ပစ်ခဲ့ဖူးသော စာအုပ်များကို အခုတော့ ပြန်ချစ်နေရပြန်ပါတယ်။
ချစ်လိုက်၊ ပစ်လိုက်၊ ပြန်ချစ်လိုက်နဲ့နေတဲ့၊ စာအုပ်များနှင့် ကျွန်တော့်ဘဝကို မသည်းအူက ပြောချင်ရက်နဲ့ မပြောတာလား၊ လက်မြှောက်ထားတာလား၊ မသိ။ တစ်ခုခုပဲ သူပဲသိမယ်။
ဘာစာတွေ ဘတ်ဖြစ်ကြသလဲ
ငယ်ငယ်က ဆယ်တန်း ကျောင်းသားဘဝမှာ
မှတ်မှတ်ရရ စာအုပ်တစ်အုပ်လုံး ဆက်တိုက် အပြီး ပထမဆုံးဘတ်ဖြစ်ခဲ့တဲ့စာအုပ်က Dale Carnegie ရေးပြီး ဆရာ တက်တိုးဘာသာပြန်ခဲ့တဲ့ သောက ကင်းဝေး နေနိုင်ရေးပါဘဲ ။
စာအုပ်ကဘဲ ကောင်းလို့လား အလွမ်းမိုးခံရလို့လားတော့ မသိဘူး ၁၉၆၆ ခန့်က စာအုပ်ကို ဘတ်ပြီးကတည်းက ဒီနေ့ထိ ထူးထူးထွေထွေ သောက ဖြစ်တယ် လို့ မရှိခဲ့ဘူးထင်ပါတယ် ။
စာအုပ်ကို ကြိုက်တာနဲ့ ဦးနုဘာသာပြန် တဲ့ မူ ူလက လူပေါ် လူဇော် လုပ် နည်း နာမည် ကိုပြောင်းထားတဲ့ မိတ္တဗလ ငီုကာ စာအုပ်ကိုရှာဖတ်ဖြစ်တယ် ။သဘောလဲကျခဲ့တယ် ။အင်္ဂလိပ် စာလေး အတန်အသင့် ဘတ်တတ် လာတော့ မူရင်း စာအုပ်တွေ ရှာဘတ်တယ် စုသိမ်းထားတယ် ။
မတိုင်ခင်ကတော့ ပီမိုးနင်းရဲ့ တက်ကြမ်း စာအုပ်တွေ အကုန်နီးပါး လေ့လာဘတ်ဖြစ်တယ်
စွယ်စုံကျမ်းတွေကိုလဲသဘောကျလို့ ကျွန်တော်တို့ခေတ်က တစ်အုပ်ကို ၂၅ ကျပ်နဲ့ အရစ်ကျပေူဝယ်ပြီး အတွဲ၁၅ တွဲလုံးစာပေဗိမာန်က ကြို ရလို့ သိချင်တာတွေ လိုတာတွေ ရှာဖွေ ဖတ်ဖြစ်ခဲ့တယ် ။
မောင်ထင်စာတွေဘတ်ဖြစ် တယ် ကြိုက်တယ် ငဘကို အကြိုက်ဆုံး
ဆရာ ဇေယျစာတွေ သိပ္ပံ မောင်ဝစာတွေ အားလုံးလို လို ဘတ် ဖြစ်ခဲ့တယ် ။
၈ တန်းမှာ ဘာသာခွဲတော့ သမိုင်းမှာ သက္ကရာဇ် တွေ မှတ်ရတာ စိတ်ပျက်လို့ သမိုင်း မယူရတဲ့ သိပ္ပံလိုင်း လိုက်ခဲ့ရာက အင်ဂျင်နီယာ ပညာနဲ့ ဒီနေ့အထိ အချိန်တွေ ကုန်နေတုံး
ဒါပေမဲ့ သမိုင်းကို ပြန်စိတ်ဝင်စားတော့ ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့ သမိုင်းစာအုပ်တွေအပြင် အခြား မြန်မာ သမိုင်းဆိုင်ရာတွေ ဘတ်နေဖြစ် လေ့လာနေဖြစ်ပြန်တယ် ။
သမိုင်း ပညာရှင် ဆရာကြီး ဒေါက်တာ တိုးလှရေးပေးနေတဲ့ ဆည်မြောင်းသမိုင်းစာအုပ်တွေ ထုတ်ဝေနိုင်ဘို့ ဝိုင်းကူလုပ်ပေးနေတယ် ၂ အုပ်ထွက်ပြီးပြီ ။တတိယစာအုပ် ထွက်တော့မယ် အပိုင်း ၇ အထိ ဆက် ထုတ်ဘို့ ကြိုးစားကုညီပေးနေပါတယ် ။
စာဘတ်သူဟာ စာမဘတ်သူထက်သာတယ်။
စာများများဘတ်သူဟာ စာနည်းနည်းဘတ်သူထက် ပိုသာတယ် ။
ဘတ်တဲ့ စာတွေက စာဘတ်သူရဲ့ ဘဝကို အရိပ်ထိုးနေပြီး နေ့စဉ် ကြံဆတွေးတော စီစဉ်ဆုံးဖြတ်ချက် တွေမှာ ဘတ်ထားသိထားတာတွေက များ စွာ အထောက်အကူ ပြုနေတယ်ဆိုတာ လုံးဝယုံပါတယ်။
Zaw Naing 25 Nov 2025 fb post
လူတစ်ယောက်ဖတ်တဲ့ စာတွေ၊ စာအုပ်တွေက သူ့ရဲ့ စဉ်းစား တွေးခေါ်ပုံကို ၊ သူ့ရဲ့ ဘဝကို လွှမ်းမိုးပါတယ်။
ကျွန်တော် ဖတ်ခဲ့မိတဲ့ စာတွေ၊ စာအုပ်တွေ အကြောင်း ချရေးကြည့် ပါရစေ။
(၁) ငယ်ငယ်တုန်းက ရွှေသွေး တေဇ မိုးသောက်ပန်းတွေ ဖတ်ခဲ့ရ ပါတယ်။ ဇာတ်တော်ကြီး ဆယ်ဖွဲ့တို့ ဇာတက ဝတ္ထုတို့ လည်း ပါတာပေါ့။
(၂) နောက်တော့ ပီမိုးနင်းရဲ့ စာအုပ်တွေ၊ နန္ဒာ သိန်းဇံ စာအုပ်တွေ တော်တော် များများ ဖတ်ဖြစ်ပါတယ်။ တက္ကသိုလ် ဘုန်းနိုင်တို့ မင်းသိင်္ခ တို့ရဲ့ ဝတ္ထုတွေနဲ့ အပြိုင်ပေါ့လေ။
(၃) မြန်မာ့ စွယ်စုံကျမ်းတွေလည်း တစ်နှစ်ကျော်ကျော်လောက် တောက်လျှောက် ဖတ်ခဲ့သေးတယ်။
တဖြည်းဖြည်းနဲ့ ဘာသာရေး စာပေတွေဖက် ရောက်သွားပြန် ပါတယ်။
(၄) ချမ်းမြေ့ဆရာတော် ရဲ့ “ချမ်းမြေ့ မင်္ဂလာ သင်စရာ” နဲ့ “ဆင်းရဲ ငြိမ်းအေး ချမ်းသာရေး တရားတော်”
(၅) ဓမ္မာစရိယ ဦးဌေးလှိုင်ရဲ့ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ
(၆) ဆရာတော် အရှင် ဇနကာ ဘိဝံသရဲ့ ကိုယ်ကျင့် အဘိဓမ္မာ
ဧနာက်ပိုင်းကျတော့ တက်ကျမ်းတွေ၊ အောင်မြင်ရေး စာအုပ်တွေ နဲ့ စီးပွားရေး ၊ စီမံခန့်ခွဲမှု စာအုပ်တွေဖက် ရောက်သွားပြန်ပါလေရော။
(၇) Dale Carnegie ရဲ့ How to Win Friends and Influence People ကို ဦးနု ဘာသာပြန်တဲ့ မိတ္တဗလ ဋီကာ
(၈) The 7 Habits of highly effective people (Steven Covey)
(၉)The 8th Habit (Steven Covey)
(၁၀) The Five Most Important Questions You Will Ever Ask About Your Organization (Peter Drucker)
(၁၁) In Search of Excellence
Knowledge Knights book club လေး လုပ်ဖြစ်တော့ ဦးဘွား ( Hlaing Bwa), မသူဇာချယ် (Thuzar Chai) , မယဉ် (Yinyin Aye) , မသီတာသန့် (Thida Thant) , ဦးမင်းခင် ( Min Khin) , Chief (Myin Maung Htun), မလင်း ( Lynn Tin Htun) စတဲ့ သူငယ်ချင်းတွေနဲ့ အတူဖတ်ဖြစ်ကြတယ်။
(၁၂) Good to Great ( Jim Collins)
(Good is the enemy of Great ဆိုတာကြိုက်လို့ ဖတ်လိုက်တာ တစ်ခါပြီး တစ်ခါ အပြန်ပြန် အလှန်လှန် ဖတ်ဖြစ်သွားတယ်။)
(၁၃) Banker to the Poor ( Yunus)
( Micro- finance လုပ်ဖြစ်အောင် တွန်းအားပေးခဲ့တဲ့ စာအုပ်ပေါ့။)
(၁၄) The Present (Spenser Johnson)
(မသီတာသန့် မွေးနေ့လက်ဆောင် ပေးတဲ့ စာအုပ်လေးပေါ့။ နေ့စဉ် ဘဝမှာ အသုံးဝင်ပါတယ်။)
(၁၅) Who moved my cheese (Ken Blanchard and Spenser Johnson)
(အပြောင်းအလဲ ကို ကြောက်နေကြရမည့် အစား အပြောင်းအလဲ ကို တမင်တကာ ရှာဖွေတတ်အောင်၊ အပြောင်းအလဲ ကို အခွင့် အလမ်း အဖြစ် မြင်အောင်နဲ့ ပြောင်းလဲတတ်အောင် လမ်းညွှန်ပေးတဲ့ စာအုပ်ပေါ့။)
(၁၇) Blink: : The Power of Thinking Without Thinking (Malcolm Gladwell)
(ဦးဘွား ညွှန်းလို့ ဖတ်မိတဲ့ စာအုပ်။ ကောင်းလိုက်တာ။ လက်တွေ့ အသုံးချ လူမှု စိတ်ပညာ စာအုပ် တစ်အုပ်လို့ ပြောလို့ ရမယ် ထင်တယ်။)
(၁၇) Rich Dad Poor Dad (Robert Kiyosaki)
(၁၈) Retire Young, Retire Rich (Robert Kiyosaki)
(ESBI Model က ဒီစာအုပ် နှစ်အုပ်က ပေးတာပေါ့။)
(၁၉) ဆရာကြီး ရွှေဥဒေါင်းရဲ့ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ
(၂၀) ဖေမြင့်ရဲ့ နှလုံးသား အာဟာရ
(၂၁) ဖေမြင့်ရဲ့ လူနာဆောင် အမှတ် ၆
(၂၂) ဖေမြင့်ရဲ့ ဘာဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်
(၂၃) မြသန်းတင့်ရဲ့ ဧကရာဇ်တို့၏ ဘဏ္ဋာတိုက်များ
ကျောင်းတွေတက်တော့ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေလည်း မဖတ် မနေ ဖတ်ရတာပေါ့။ အင်ဂျင်နီယာ၊ နည်းပညာ၊ စီမံ ခန့်ခွဲမှု၊ ခေါင်းဆောင်မှု၊ စီးပွားရေး စီမံ ခန့်ခွဲမှု၊ နိုင်ငံတကာ ဆက်ဆံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေး၊ မြို့ပြ စီမံ ခန့်ခွဲမှု အစရှိသည်ဖြင့်ပေါ့။
အမေရိကားမှာ ကျောင်းတက်တုန်းက Thu ZarThwin က ကောနဲလ် တက္ကသိုလ်မှာ ကွန်ဖရင့် တစ်ခု ရှိလို့ သွားကြတော့ အားနေတာနဲ့ ကောနဲလ် တက္ကသိုလ်မ စာကြည့်တိုက် ရောက်သွား ပြီး လျှောက်ကြည့်ရင်း မြေအောက်ထပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်တွေ၊ မှတ်တမ်းတွေနဲ့ သူ့ရဲ့ လက်ရေးမူတွေ တွေ့လို နှစ်ရက်လောက် တောက်လျှောက် ထိုင်ဖတ်ဖြစ်တာ အမှတ် တရ ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း တကယ် လေးစားသွားမိ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ ၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရေးတဲ့ စာအုပ်တွေလည်း ဝယ်ဖြစ်၊ ဖတ်ဖြစ်ပါတယ်။ (၂၄) Freedom from Fear ဆိုတဲ့ စာအုပ် ကြိုက်တယ်။ ဒီနေ့ သူ့နားက ဝန်ကြီးတွေကို ပေးဖတ်ရမယ်။
ဆရာ ခင်မောင်ညို (ဘောဂဗေဒ) (Khin Maung Nyo) နဲ့ KK (Smart) Kyaw KyawHlaing တို့ရဲ့ စာအုပ်တွေလည်း ဝယ်တာ ရှိသလို၊ ဆရာတွေ ကိုယ်တိုင် လက်ဆောင်ပေး တာတွေ လည်း ရှိပါ တယ်။ ဖတ်ဖြစ်ပါတယ်။ ကောင်းပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ဖတ်ဖြစ်သလို သူများတွေကိုလည်း လက်ဆောင်တွေ ပြန်ပေး ဖြစ်တဲ့ စာအုပ်တွေပေါ့။
(၂၅) ဆရာညိုရဲ့ မန်နေဂျာ ပေါက်စ ဆိုတဲ့ စာအုပ်လေးကတော့ ကိုယ် မန်နေဂျာ ဖြစ်စက အဖန်ဖန် ဖတ်ဖြစ်တဲ့ စာအုပ်လေးပေါ့။
(၂၆) ဆရာ ဦးကျော်ကျော်လှိုင်ရဲ့ စာအုပ်တွေထဲကတော့ ရှေးမြန်မာမင်းများရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို လေ့လာခြင်းစာအုပ်ကို နှစ်သက်မိတယ်။ ကျန်တဲ့ စာအုပ်တွေလည်း ပေါ့ပေါ့ပါးပါး ရေးထားပြီး ပေါ့ပေါ့ပါးပါး ဖတ်ရလို့ ကောင်းပါတယ်။
မိတ်ဆွေတို့ရော ဘာ စာအုပ်တွေ ဖတ်ကြပါသလဲ။
ဖတ်လို့ ကောင်းလွန်းလို့ ညွှန်းချင်တဲ့ စာအုပ်လေးများ ရှိရင်လည်း ညွှန်းကြပါဦး။
