MYANMAR BREAKING NEWS TODAY UPDATE 2025 from November to …..

ရနိကုန်လေဆိပ် အရေး ပေါ် ဆင်းသက်မှု ကို BBC ကဖေါ် ပြခဲ့သည်။ https://youtu.be/JD53H9Tox38?si=TXBO8SVz4VBzHgfg အရေးပေါ် အခြေအနေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည့် စွမ်းရည်ကြောင့် နိုင်ငံတကာ မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

“ဤ အတွေ့အကြု့ကို မြန်မာမှသာ ရနိုင်သည် “ ဟု အမေရိကန် သတင်းထောက် က အမြန်ရထားပေါ်တွင် ခံစားခဲ့သည်။ https://youtu.be/DKZs_BiHV8I?si=x3dn3AqyEhKEOgAK အမြန်ရထားပေါ်တွင် တွေ့ကြုံခဲ့သော အံ့အားသင့်ဖွယ် အခိုက်အတန့်တစ်ခုက သတင်းထောက်၏ အမြင်ကို ပြောင်းလဲစေခဲ့သည်။

Briefing နဲ့ Hearing ဘာကွာလည်း? Aung Khin Facebook post 23 Nov 2025
၁။
Briefing is informal တရားဝင် မဟုတ်
Hearing is formal တရားဝင် မဟုတ်ပါ
၂။
Brifing သည် ပြဿနာတခုကို ဖေါ်ပြရုံမှသာ ဖြစ်ပါတယ်။
Hearing မှာ သက်သေတွေ ကျမ်းကြိမ်ရတာတွေ အတည်ပြုတာတွေ အစရှိသဖြင့် အရေးကြီးတဲ့ အချက်တွေ တော်တော်များများ ပါလာပါတယ်။
အရေးစိုက်မှု အရေးပါမှုဟာ အလွန်ကွာပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်က Hearing လုပ်ခဲ့ အတိတ်မှာ မရှိခဲ့သေးဟု ဆိုပါသည်။ ယခုတကြိမ်သည် ပထမ ဆုံး ဖြစ်သည်ဟု ဆိုပါသည်။

မြန်မာကို ပြင်းပြင်းထန်ထန် အရေးယူရန် အမေရိကန် လွှန်တော် အမတ်များ တောင်းဆို https://www.youtube.com/live/iZP6qlGiFQo?si=qdbt4e_af6_upl-X

BBC News မြန်မာ အမေရိကန် အောက်လွှတ်တော် ကြားနာပွဲ နှင့်ပတ်သပ်၍ မေးမြန်းချက် https://youtu.be/nxX6OnkkfU8?si=fzdmrsa2UvWttQqm။ နိုဝင်ဘာ ၁၉ ရက်က အမေရိကန်အောက်လွှတ်တော်မှာ “No Exit Strategy: Burma’s Endless Crisis and America’s Limited Options” “ထွက်ပေါက်မရှိသော မဟာဗျူဟာ- မြန်မာနိုင်ငံ၏ အဆုံးမရှိသော အကျပ်အတည်းနှင့် အမေရိကန်၏ ကန့်သတ်မှုရှိနေသည့် ရွေးချယ်စရာများ” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီကြားနာမှုကို အမေရိကန် ရဲ့ ပါတီကြီး နှစ်ခုက လွှတ်တော်အမတ်တွေနဲ့ ကော်မတီဥက္ကဋ္ဌတွေနဲ့အတူ သက်သေထွက်ဆိုခဲ့သူ ၄ ဦးလည်း တက်ရောက်ခဲ့ပါတယ်။ အမေရိကန်အောက်လွှတ်တော်ကြားနာပွဲဆိုတာဘာလဲ။ ကြားနာပွဲဆွေးနွေးချက်တွေက ဘာဆက်ဖြစ်နိုင်လဲ ဆိုတာကို အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေနဲ့ မေးမြန်းထားပါတယ်။ ဦးဂျိမ်းရွှေ က အမေရိကန်လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ ကုလသမဂ္ဂမှာ မြန်မာအတွက် အကူအညီနဲ့အထောက်အပံ့တွေရဖို့ လှုံ့ဆော်နေသူဖြစ်သလို အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေနဲ့ မြန်မာ့အရေး လက်တွဲအလုပ်လုပ်နေသူလည်း ဖြစ်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း

House Foreign Affairs Subcommittee Holds Hearing On The Humanitarian Crisis in Myanmar https://youtu.be/48c7n2yc4yI. On Wednesday, a House Foreign Affairs Subcommittee held a hearing discussing the humanitarian crisis in Myanmar. Fuel your success with Forbes. Gain unlimited access to premium journalism, including breaking news, groundbreaking in-depth reported stories, daily digests and more. Plus, members get a front-row seat at members-only events with leading thinkers and doers, access to premium video that can help you get ahead, an ad-light experience, early access to select products including NFT drops and more: https://account.forbes.com/membe… Stay Connected Forbes on Facebook: http://fb.com/forbes Forbes Video on Twitter: / forbes Forbes Video on Instagram: / forbes More From Forbes: http://forbes.comForbes Breaking News

No Exit Straregy:Burma’s Endless Crisis and America’s Limited Options

“အာဏာသိမ်းစစ်တပ် ပြုတ်ကျသွားစေနိုင်လောက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေး”

မြန်မာအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အကျယ်တဝင့် ဆွေးနွေးကြတာပါ ။

ဆွေနွေးမှု့မှာ

မြန်မာဟာ ကျရှုံးပျက်စီးနေတဲ့တိုင်းပြည် ။
မြန်မာဟာ ကံမကောင်းစွာနဲ့ ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းခံလိုက်ရတဲ့တိုင်းပြည် ။
မြန်မာမှာ ပြည်တွင်းရေးပဋိပက္ခတွေတင်မကပဲ နိုင်ငံတကာ ရာဇဝတ်မှု့တွေနဲ့ပါ ဆက်စပ်နေတယ်။
မြန်မာဟာ အမေရိကန်ပြည်သူတွေရဲ့ ဒေါ်လာဘီလီယံချီတဲ့ငွေတွေကို လိမ်လည်နေတယ်။
မြန်မာဟာ အွန်လိုင်းလိမ်လည်မှု့တွေရဲ့ အဓိက နေရာဖြစ်တယ်။
ကမ္ဘာကြီးကို အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု့တွေရဲ့ အဓိကနေရာဟာ မြန်မာပါဘဲ။
မြန်မာပြည်သူတွေဟာ ဒုက္ခမျိုးစုံ ခံစားနေရတယ်။
၃ သန်းကျော်လောက်ရှိတဲ့ မြန်မာပြည်သူတွေဟာ နေရပ်ကို စွန့်ခွါထွက်ပြေးနေရပြီး အိုးအိမ် ပျောက်ဆုံးနေကြတယ်။

မြန်မာဟာ ဒီလိုပြဿနာတွေရှိနေလျက်နဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်။
နိုဗယ်ဆုရှင် အောင်ဆန်းစုကြည်ဟာ အကျဉ်းချခံထားရတယ်။

( နိုင်ငံတကာအသိုင်းအဝန်းရဲ့ မပါမဖြစ်တဲ့ speak out လေးလည်းပါသေးပါတယ်။)

အဲ့ဒါကတော့ ရိုဟင်ဂျာပြဿနာပါ။

၂၀၂၀ ခုနှစ်က ရွေးကောက်ပွဲကိုလည်း တက်ရောက်လာသူတွေသိရအောင် အသေးစိတ် တင်ပြထားပါသေးတယ်။ လူထုထောက်ခံမှု့ရတဲ့ NLD ဟာ ၈၅% ကျော်နဲ့ အနိုင်ရခဲ့ပြီး ၊စစ်ဗိုလ်ချုပ်တွေ ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီကတော့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါသတဲ့။

ယ္ခုအချိန် အတုအယောင်ရွေးကောက်ပွဲမှာတော့ စစ်ဗိုလ်ချုပ်တွေဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကို ပြိုင်ဘက်မရှိ ပြိုင်ခိုင်းဖို့ ကြံစည်နေပါသတဲ့။
မြန်မာဟာ ဒီလိုပြဿနာတွေကနေ ရုန်းထွက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အမြန်ဆုံးဖော်ဆောင်နိုင်မှ အဆင်ပြေလိမ့်မယ်လို့ ထင်ပါသတဲ့။

“ မြန်မာအာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို အမေရိကန်အစိုးရအနေနဲ့ ဘယ်လို တုံ့ပြန်သင့်သလဲ “

ဆိုတဲ့မေးခွန်းကိုတော့ လုံးဝ အသိအမှတ်မပြုသင့်ပါဘူးလို့ ဖြေသွားပါတယ်။

ဆိုတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ BURMA လို့ သူတို့သုံးတဲ့ မြန်မာ့အရေးကို အကျယ်တဝင့် ဆွေးနွေးနေကြပါပြီ ။

အာဏာသိမ်းမှု့
အတုအယောင်ရွေးကောက်ပွဲ
အွန်လိုင်းငွေလိမ်ဂိုဏ်း
မူးယစ်ဆေးဝါး
ဒုက္ခသည်ကိစ္စ
ရိုဟင်ဂျာပြဿနာတွေ ပါဝင်နေပါတယ်။

ဘကြီးအောင် LA
19 November,2025

ကျားဖြန့် ကနေ မြန်မာစစ်တပ် အကျိုးအမြတ် ရနေတယ် လို့ အမေရိကန် ပြော ( ရုပ်/သံ ) https://youtu.be/tB98UyQ3MRM?si=B_fRUiIrA8_U2JxP The Irrawaddy News အမေရိကန်နိုင်ငံသားတွေဆီက ငွေကြေးခိုးယူနေတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေကနေတဆင့် မြန်မာ စစ်တပ်က အကျိုးအမြတ်ရနေတယ်လို့ အမေရိကန်အောက်လွှတ်တော်ကြားနာပွဲမှာ ရီပါ့ပလစ်ကန် လွှတ်တော် ကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။. ရီပါ့ပလစ်ကန်ပါတီ လွှတ်တော်ကိုယ်စားလှယ်၊ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာဆပ်ကော်မတီဥက္ကဋ္ဌ ယန်းကင်မ် (Young Kim) က အောက်လွှတ်တော် နိုင်ငံခြားရေးရာဌာနရဲ့ အရှေ့အာရှ၊ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၊ တောင်အာရှနဲ့ ဗဟိုအာရှဆပ်ကော်မတီတို့ရဲ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာအရေး ကြားနာပွဲမှာ ပြောသွားခဲ့ တာပါ။. ကျားဖြန့်လုပ်ငန်းတွေကနေ တဆင့်ရရှိတဲ့ ရန်ပုံငွေတွေဟာ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေအတွက်သာမက စစ်အာဏာရှင်ရဲ့အိတ်ကပ်ထဲကိုပါ ရောက်နေတယ်လို့ ပြောသွားခဲ့တာပါ။. ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရုတ်နဲ့ ရုရှားတို့အတွက် တဆင့်ခံကြိုးကိုင်အုပ်ချုပ်တဲ့ စစ်အစိုးရဖြစ်လာဖို့ ဖန်တီးထားတဲ့ ရွေးကောက်ပွဲသာဖြစ်တယ်လို့လည်း ဆပ်ကော်မတီဥက္ကဌ ယန်းကင််မ်က ပြောပါတယ်။. မြန်မာ #ဧရာဝတီ #အမေရိကန် #ကြားနာပွဲ #ကျားဖြန့် #ရွေးကောက်ပွဲ #စစ်အစိုးရ #တရုတ် #ရုရှား #WhathappensInMyanmar