ငါးမည်ရ ပြည်ရွှေဘို
https://youtu.be/49_xUpy39vQ?si=uoARFssFwJvatvOM
တတိယ မြန်မာနိုင်ငံ တော်ကြီးကို တည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင် ဇေယျ ( စာရေးသူ တင်ထွေး )
https://youtu.be/R0ny1UA6TCA?si=vTlqEQSqBdCsEhcM
တတိယ မြန်မာနိုင်ငံ တော်ကြီးကို ထူထောင်သူ အလောင်းမင်းတရားကြီး ဦးအောင် ဇေယျ အကျဉ်းချုပ် အစအဆူံး စာရေးသူတင်ထွေး

ဆရာတင်ထွေး ရေးသားထားသော တတိယမြန်မာနိုင်ငံတည်ထောင်ခဲ့သူအလောင်းမင်းတရားကြီး ဦးအောင်ဇေယျ စာအုပ်ကိုအကျဥ်းချုပ်ပြီးစဆုံးတင်ဆက်ထားပါတယ်ဗျ ဆရာ့ကိုလည်းဂါရဝပြုပါတယ်ဗျ 🙏🙏🙏
channel369youtubechannel
https://youtu.be/GaK2-spTPG4?si=3qWNxwrjrnuegHvn

သမိုင်ပညာရှင် ဆရာကြီး ဒေါက်တာတိုးလှရေးသားသည့် အလောင်းမင်းတရားကြီး ဦးအောင် ဇေယျ ၏ ကုန်းဘောင်ေ၇ွှပြည် အသံစာအုပ် အစ/အဆုံး
https://youtu.be/8ih3pynLuPQ?si=qc_jpX3rA8JgyVEI
အားလုံးပဲ မင်္ဂလာပါ Smart Flix ချန်နယ်လေးကနေ အားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာ၊ ဒီချန်နယ်လေးကနေ စိတ်၀င်စားဖွယ်ရာ အထွေထွေဗဟုသုတတွေကို မိတ်ဆွေတို့အကျိုးရှိစေဖို့ ရွေးချယ်တင်ဆက်ပေးသွားမှာပါ ကြိုက်နှစ်သတ်ရင် Like, share, Subscribe , လေးတွေ နှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာ။ မိတ်ဆွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။
@SmartFlix0
@SmartFlix0
smartflix #ဖျော်ဖြေရေး #အထွေထွေဗဟုသုတ #knowledge #ဒဂုန်ရွှေမျှား #ဘာသာပြန်စာအုပ်များ #အနှစ်ချုပ်စာအုပ်များ #အသံစာအုပ်ဖရီး #audiobookfree #ဒေါက်တာတိုးလှ #အလောင်းမင်းတရားကြီး၏ကုန်းဘောင်ရွှေပြည် #သမိုင်းကြောင်း
အလောင်းမင်းတရားကြီး ဦးအောင် ဇေယျ ဘုရင် ကြီး
အလောင်းမင်းတရားကြီး ဦးအောင် ဇေယျ ဘုရင် ကြီး
မိခင် နိုင်ငံတော်ကြီး ခေတ်ကောင်းချိန် ကာလ အခါသမယများ က လွမ်းမောဘွယ်ရာ များ
ကုန်းဘောင်မင်းဆက်၏ ဖခင်။ အလောင်း မင်းတရားကြီးဦးအောင်ဇေယျ https://www.facebook.com/reel/1994165851373581/?fs=e&fs=e
ရွှေဘို ။ ငါးမည်ရ ပြည် ရွှေ ဘို ၊ Composer ကိုလေးလွင် ၊ ဆို – ရွှေဖူး ပြည့်။ https://youtu.be/49_xUpy39vQ?si=W6v6nsXrgSyt6aNW
မြန်မာ့ စည်တော်ကြီး။ https://youtu.be/GQ_lwGEUAUM
မြန်မာ့ ရိုးရာ ယဉ်ကျေးမှု
မြန်မာ့ဂီတလောက
မြန်မာ သီချင်းချစ်သူ
နိုင်ငံချစ်သူ မြန်မာ မျိုးချစ်များအတွက်
ဒါတို့ ပြည်
ဒါ တို့မြေ
ရှေးခေတ်ဟောင်းခေတ်ကောင်ချိန်တွေက
အိမ်နီးချင်းနိုင်ငံတွေ ဖိန့်ဖိန့်တုန် ကြောက်ခဲ့ကြရတယ်ဆိုသော
ရှေးဘုရင်များခေတ်က ရွှေပြည်ကြီး
အကြောင်း
ရှေးခေတ်ဟောင်း ခေတ်ကောင်းချိန် တွေက
ပညာရပ် နယ်ပယ်စုံမှာ
မြန်မာ လူတော်တွေ များစွာထွက် ပေါ်ခဲ့ကြပေရာ
မြန်မာဂီတသမိုင်းလောကတွင်
ပြိုင်စံရှား တေးပြုစာဆိုကြီး
မန္တလေး နေပြည်တော် နနိးတော်ရှေ့က ဆရာတင်
ရေးဖွဲ့စပ်ဆိုပေးထားခံသော
ဂန္တဝင်သီချင်းကို
မြန်မာဂီတသမိုင်း မြန်မာဂိတလောကတွင်
သူလိုလူ
တစ်ခေတ်မှာတစ်ယောက် သာပေါ်ထွက်ခဲ့သည့်
ရှာမှရှား မြန်မာသံစဉ် တေးသံရှင် မြန်မာ့ဂီတ မိခင်ကြီး
ကွယ်လွန်သူ ဒေါ်မာမာအေး
သီဆိုကြူးရင့်ခဲ့သော
ရှေးခေတ်က ရွှေပြည်တော်ကြီးမှ
စည်တော်ကြီး အသံ
မျိုးချစ်စိတ် ဓာတ် ရှင်သန်ထက်မြက်ရေး
မြန်မာသံစဉ် တေးသီချင်း ကောင်းကြီးတစ်ပုဒ်
ရှေးရှေး က
ရှေး ခေတ် တစ်ခေတ် တစ်ချိန်က
နိုင်ငံတော်ကြီးမှာ
အောင်စည်အောင်မောင်းသံ တွေ
ဆူဝေညံ နေခဲ့ကြသောကာလ
တတိယမြန်မာနိုင်ငံတော်ကြီးကို
ထူထောင်တော်မူခဲ့သော
ရွှေဘိုက ရှေးဘုရင် ကောင်း လူတော်လူကောင်း
အလောင်းမင်းတရားကြီး ဦးအောင် ဇေယျ ဘုရင် ကြီး က
သူ့နိုင်ငံစည်ပင်သာယာဝပြောအောင် နဲ့
အိမ်နီးပါးချင်း တိုင်းတပါးရန် ၊အိမ်နားကိုကပ်မလာအောင်
နိုင်ငံ နေပြညသူတွေအတွက်
နိုင်ငံကိုကောင်းကောင်းစီမံခန့်ခွဲ အုပ်ချုပ် နေနိုင်ခဲ့သော
ရွှေဘို ဗုံ ကြီးသံတွေ ဆူဝေလျံ နေခဲ့ကြသော ခေတ်ကောင်း ကာလ
နိုင်ငံတော် ကြီး ခေတ်ကောင်းချိန် အခါသမယ များ က
မြန်မာ့အသံ MRTV မှ အခါအားလျော်စွာ ထုတိလွှင့်ပြသခဲ့သော
သီချင်း ကောင်းတစ်ပုဒ်
ဖွင့်ကြည့်နားဆင်ရန် youtube video Link
စည်တော်ကြီး
တေးရေး နန်းတော်ရှေ့ဆရာတင်
မူရင်း သီချင်းစာသား အပြည့်အစုံ
မာမာအေး ဆို စည်တော်ကြီး။
https://youtu.be/GQ_lwGEUAUM?si=Azske36uTvyGLRfj။
စည်တော်ကြီး HD MTV (စာသား စာတမ်းထိုး)
တေးပြုစာဆို နန်းတော်ရှေ့ဆရာတင်
တေးသံရှင် မာမာအေး
• စည်တော်ကြီး မာမာအေး HD MTV (စာသာ…
Myanmar MTV (စာတမ်းထိုး Closed Captions) Collection။ Lyric Typing by Mr. KH Lee
Closed Captions added by Dr. Khin Haw။
စည်တော်ကြီး သီချင်း
ချမ်းမြေ့မြေ့တဘောင်စာစီလို့မငြီးနိုင်ဘူး
မန်းရ၀ေရယ်တဲ့အောင်ချာမြေ
ပြည်တော်နှင့် နီးရော့မယ် ထင်ရဲ့
စည်တော်ကြီး စည်တော်ကြီး စည်တော်ကြီး
တီးသံကချို ငါးမည်ရတဲ့ ပြည်ရွှေဘို ….
ရွှေပြည်ကြီး ကွာ၀ေးသကို သြော် ကွာ၀ေးသကို
ရွှေပြည်ကြီး ကွာ၀ေးသကို သြော် ကွာ၀ေးသကို
ရွှေမောင်းတဒူဒူ ဆူ၀ေပင်ကောင်းလှသကို
ငွေမောင်းတဒူဒူ ဆူ၀ေပင်ကောင်းလှသကို
ရွှေမောင်းတဒူဒူ ဆူ၀ေပင်ကောင်းလှသကို
ငွေမောင်းတဒူဒူ ဆူ၀ေပင်ကောင်းလှသကို
ရွှေမောင်းတော်သံ ငွေမောင်းတော်သံ
စည်တော်ကြီး စည်တော်ကြီး
တီးသံကချို ငါးမည်ရတဲ့ ပြည်ရွှေဘို ….
ရွှေပြည်ကြီး ကွာ၀ေးသကို သြော် ကွာ၀ေးသကို
ရွှေပြည်ကြီး ကွာ၀ေးသကို သြော် ကွာ၀ေးသကို
ရွှေမောင်းတဒူဒူ ဆူ၀ေပင်ကောင်းလှသကို
ငွေမောင်းတဒူဒူ ဆူ၀ေပင်ကောင်းလှသကို
ရွှေမောင်းတဒူဒူ ဆူ၀ေပင်ကောင်းလှသကို
ငွေမောင်းတဒူဒူ ဆူ၀ေပင်ကောင်းလှသကို
ရွှေမောင်းတော်သံ ငွေမောင်းတော်သံ
စည်တော်ကြီး စည်တော်ကြီး
တီးသံကချို ငါးမည်ရတဲ့ ပြည်ရွှေဘို ….
ငါးမည်ရ ငါးမည်ရတဲ့ ရန်ကြီးအောင်မုဆိုးဘို
ရတနာ့သိင်္ခ ကုန်းဘောင်ပြည်ရွှေဘို
ဘေးရန်တို့ အေးရန်ဖို့ အောင်မြေနင်း မင်းထိုထို
ပန်းရေညို ပန်းရေညို ပန်းရေညို ပတ်လည်ဝိုင်းတယ်
မြို့ရွှေဘို တို့ရွှေဘို ကျုပ်တို့ရဲ့ရွှေဘို
ပြည်ကြီးစည်တီး နေပြည်ပဟိုရ်
စည်တော်ကြီး စည်တော်ကြီး
တီးသံကချို ငါးမည်ရတဲ့ ပြည်ရွှေဘို ….
ငါးမည်ရ ငါးမည်ရတဲ့ ရန်ကြီးအောင်မုဆိုးဘို
ရတနာ့သိင်္ခ ကုန်းဘောင်ပြည်ရွှေဘို
ဘေးရန်တို့ အေးရန်ဖို့ အောင်မြေနင်း မင်းထိုထို
ပန်းရေညို ပန်းရေညို ပန်းရေညို ပတ်လည်ဝိုင်းတယ်
မြို့ရွှေဘို တို့ရွှေဘို ကျုပ်တို့ရဲ့ရွှေဘို
ပြည်ကြီးစည်တီး နေပြည်ပဟိုရ်
စည်တော်ကြီး စည်တော်ကြီး
တီးသံကချို ငါးမည်ရတဲ့ ပြည်ရွှေဘို ….
တွေးမိတိုင်းရယ်တဲ့ လွမ်းပြန်သကို
တွေးမိတိုင်းရယ်တဲ့ လွမ်းပြန်သကို
ဟိုရှေးရှေးတုန်းက မိန်းကလေးဆိုလို့ရှိရင်
ခေတ်ကလည်း ပေါ်ပင်အင်္ကျီလည်း မဝတ်ခဲ့ကြပါဘူး
သူတို့ဖာသာသူတို့ ရက်ကန်းစင်ကလေးနှင့်
သပ်သပ်ရပ်ရပ် ခတ်ပြီးတော့မှ ဝတ်ကြတယ်။ လက်ခတ်သံလေးက ချိုချိုမြည်တယ် ချိုချိုမြည်တယ်။ ဟိုရှေးရှေးတုန်းက ပုစွန်လက်မ
ကက္ကရာရွှေစည်ကြီးဆိုပြန်ရင်လည်း
အင်မတန်မှ ကြီးကျယ်ခန်းနားတယ်လို့
သက်ကြီးစကား သက်ငယ်ကြားရတာကိုးရှင့်။ ရွှေပဟိုရ်စည်သံ မြို့တော်ဟိန်းတယ်
ရွှေပဟိုရ်စည်သံ မြို့တော်ဟိန်းတယ်
အဲဒါကြောင့် ကိန်းခန်းနှင့် အေးတဲ့ ပြည်ရွှေဘို
ငြိမ်းချမ်းလိုက်ပါတဲ့ ပြည်ရွှေဘို …
ကိန်းခန်းနှင့် အေးတဲ့ ပြည်ရွှေဘို
ငြိမ်းချမ်းလိုက်ပါတဲ့ ပြည်ရွှေဘို …
ရွှေပဟိုရ် အမည်ဆောင် သည်တဘောင်တေးကိုဖြင့်
ကြည်အောင်တွေးပါလို့ ရေးဖွဲ့ပါလို့ဆို အလို ရေးဖွဲ့ပါလို့ဆို။ ရွှေပဟိုရ် အမည်ဆောင် သည်တဘောင်တေးကိုဖြင့်
ကြည်အောင်တွေးပါလို့ ရေးဖွဲ့ပါလို့ဆို သြော် ရေးဖွဲ့ပါလို့ဆို။ မြန်မာပြည်ဗဟို စည်းရွမ်းတော့ လွမ်းပြန်သကို
တေးဖွဲ့လို့ဆို ရေးခဲ့သကို
စည်တော်သံဟိန်း ငြိမ်းချမ်းစေလို
ပြည်ကျွန်းပဟိုရ် စည်ယွန်းသကို
တီးသံကချို ငါးမည်ရတဲ့ ပြည်ရွှေဘို ….
ငါးမည်ရ ငါးမည်ရတဲ့ ရန်ကြီးအောင်မုဆိုးဘို
ရတနာ့သိင်္ခ ကုန်းဘောင်ပြည်ရွှေဘို
ဘေးရန်တို့ အေးရန်ဖို့ အောင်မြေနင်း မင်းထိုထို
ပန်းရေညို ပန်းရေညို ပန်းရေညို ပတ်လည်ဝိုင်းတယ်
မြို့ရွှေဘို တို့ရွှေဘို ကျုပ်တို့ရဲ့ရွှေဘို
ပြည်ကြီးစည်တီး နေပြည်ပဟိုရ်
စည်တော်ကြီး စည်တော်ကြီး
တီးသံကချို ငါးမည်ရတဲ့ ပြည်ရွှေဘို …. ။
စည်တော်ကြီး # မြန်မာပြည် ကျောက်စိမ်း # ကျောက်ပန်းတောင်း ခင်စိုးဦး https://youtu.be/fKskBSKdvuE?si=X7ey2TEbOamtiQ0L။
ဖွင့်ကြည့်နားဆင်၇န် youtube video Link
အလောင်းဘုရား ဆိုတဲ့လူ ဘယ်လောက် အစွမ်းထက် လဲ https://youtu.be/EP_0ClRICNU?si=y_laB0UzxrSH0iWs။ kitechannelv2 #KyawThuHlaing #ကျော်သူလှိုင်
ရွှေဘိုမိမိကြီး၏ ကုန်းဘောင်ဖြူဝန်းမိုးဝတ္ထုအား ကိုဘုန်းသွင်တင်ဆက်သည်

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ရဲ့ ဝါးရင်းတုတ်။ တပ်အကြောင်း https://youtu.be/iG1iMelVTq0?si=rYxu4InbSelUPov5
ဆရာတင်ထွေး ၏ တတိယမြန်မာနိုင်ငံတော်ကို တည် ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦး အောင် ဇေယျ 5 episodes https://youtube.com/playlist?list=PLEwYBpq7uZDLZxGauxPsDqxDi0jmPpaPC&si=k3crxt5BHMmpJidAအပိုင် ၁ https://youtu.be/R0ny1UA6TCA?si=dY4_3d25cM2K9B6P

အမျိုးသားပြတိုက် (ရန်ကုန်)ရှိ အလောင်းမင်းတရား၏ ရုပ်တုမြန်မာ ဘုရင်နန်းသက်၂၉ ဖေဖော်ဝါရီ ၁၇၅၂ – ၁၁ မေ ၁၇၆၀[၁][၂]နန်းတက်ချိန်၁၇ ဧပြီ ၁၇၅၂ရှေ့မင်းဆက်မဟာဓမ္မရာဇာဓိပတိဆက်ခံသူနောင်တော်ကြီးမင်းမွေးဖွား၂၄ ဩဂုတ် ၁၇၁၄
မြန်မာသက္ကရာဇ် ၁၀၇၆၊ တော်သလင်းလဆုတ် ၁၊ သောကြာ[၃]
မုဆိုးဘိုကွယ်လွန်၁၁ မေ၊ ၁၇၆၀ (အသက် ၄၅)
မြန်မာသက္ကရာဇ် ၁၁၂၂၊ ကဆုန်လဆုတ် ၁၂ ၊ တနင်္ဂနွေ[၃]
ကင်းရွာ၊ မုတ္တမထာဝရ အိပ်စက်ရာ နေရာမေ ၁၇၆၀
ရွှေဘိုအိမ်ထောင်ဖက်စန္ဒာဒေဝီ မိဖုရားခေါင်ကြီးသားသမီးများ
အခြား…နောင်တော်ကြီး
မြေဒူးမင်း
ဘိုးတော်ဘုရားအမည် အပြည့်အစုံသီရိ ပဝရ ဝိဇယ နန္ဒ ဇဌ မဟာ ဓမ္မရာဇစံအိမ်ကုန်းဘောင်ခမည်းတော်မင်းညိုစံမယ်တော်စောငြိမ်းဦးကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
အလောင်းမင်းတရား (ဝါ) အလောင်းဘုရား; (ခရစ်နှစ် ၂၄ ဩဂုတ် ၁၇၁၄ – ၁၁ မေ ၁၇၆၀) ၏ အမည်ရင်းမှာ ဦးအောင်ဇေယျ ဖြစ်သည်။ ထီးနန်းမစိုးစံခင်အချိန်က မုဆိုးဖိုရွာ၏ ရွာသူကြီးဖြစ်ပြီး ကုန်းဘောင်မင်းဆက် တတိယမြန်မာဧကရာဇ်နိုင်ငံတော် ကို စည်းရုံးထူထောင်သောမင်း ဖြစ်သည်။
အလောင်းမင်းတရားသည် ရွှေဘိုမြို့မှအစပြုပြီး မြန်မာတနိုင်ငံလုံး သိမ်းပိုက်မင်းပြုခဲ့သည်။
အလောင်းမင်းတရား ကွယ်လွန်ချိန်တွင် သားတော်ကြီး နောင်တော်ကြီးမင်းက ထီးနန်းအရိုက်အရာ ဆက်ခံခဲ့သည်။ ဦးအောင်ဇေယျကို အင်းဝမြို့ ၏ အနောက်-မြောက်ဘက် မိုင် ၅၀ ခန့်ကွာဝေးသော မုဆိုးဖိုရွာငယ်လေးတွင် ခရစ်နှစ်၂၄ ဩဂုတ် ၁၇၁၄ တွင် ဖွားမြင်ခဲ့သည်။ သူ၏ ဘဝသည် ပထမတွင် ရိုးရိုးသာမန်အရပ်သားဘဝမှ ဇာတိရွာ၏ အကြီးအကဲဖြစ်လာပြီး ခရစ်နှစ်၁၇၅၂ ခုနှစ် ပဲခူး၊ နေပြည်တော်မှ မွန် များ ဗမာတို့ကို ချီတက်တိုက်ခိုက်သောအခါ သူ၏ ကျော်ကြားမှုကို အမြင့်ဆုံးသို့ရောက်စေရန် အခွင့်အရေးပေးရာ ရောက်ခဲ့သည်။ တစ်နိုင်ငံလုံး မွန်တို့ လက်အောက် ကျရောက်ပြီးနောက် ခေါင်းဆောင်များသည် သစ္စာတော်ခံ (သစ္စာရေသောက်) ခဲ့ကြသည်။ မည်သို့ပင် ဖြစ်စေ အလောင်းဘုရားသည် ပိုမို၍ လွတ်လပ်သော စိတ်ဓာတ်ဖြင့် သူ၏ရွာအား ပြန်လည် ရယူနိုင်ခဲ့သည့်အပြင် စစ်ဆင်ရေးအတွက် ဖွဲ့စည်းစေလွှတ်လိုက်သော ပဲခူးတပ်များကို အောင်မြင်စွာ တိုက်ထုတ်ချေမှုန်းခဲ့သည်။ ဤအပေါ်တွင်မူတည်၍ ထောင်ပေါင်းများစွာသော ဗမာတို့သည် သူ၏ အောင်လံတော်အောက်တွင် စုဝေးပြီး သူနှင့်အတူ အင်းဝသို့ ချီတက်ခဲ့ကြသည်။ ထိုနောက် အင်းဝအား ကျူးကျော်ဝင်ရောက်တိုက်ခိုက်သော လူများလက်မှ ၃ ဇန်နဝါရီ ၁၇၅၄ ခုနှစ် အချိန်တွင် ပြန်လည်ရယူခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာတိုင်အောင် သူသည် ထိုစစ်ပွဲအား တူညီသော အောင်မြင်မှုဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။ အလောင်းမင်းတရားကြီးဦးအောင်ဇေယျကို ခမည်းတော် မင်းညိုစံနှင့် မယ်တော်မဟာဒေဝီ စောညိမ်းဦးတို့မှ သက္ကရာဇ် ၁၀၇၆-ခုနှစ်တော်သလင်းလပြည့်ကျော်(၁)ရက် သောကြာနေ့ ညဉ့် တစ်ချက်တီးကျော် ဓနသိဒ္ဓိနက္ခတ် မွန်းတည့်မတ်ချိန်တွင် ဖွားမြင်သည်။ ပျိုရွယ်စဉ်က သုံးကြိမ်တိုင်တိုင် လက်ရုံးတော်မှ မီးတောက်ခဲ့သည်။ မြန်မာ သက္ကရာဇ် ၁၁၁၃-ခုနှစ် မွန်တို့လက်ချက်ဖြင့် အင်းဝပြည်ကြီး ပျက်စီးသောအခါ ဇာတိ မုဆိုးဘိုရွာမှနေပြီး မွန်တို့ရန်ကို တွန်းလှန်ကာ မြို့တည်၍ ၁၁၁၄-ခုနှစ်တွင် မင်းပြုသည်။ ဘုန်းကြီးသောမင်းယောက်ျားဖြစ်သည့်အပြင် ကြံရည်ဖန်ရည်လည်း ကောင်းလှသဖြင့် အင်အားအဆမတန်များပြားသော ရန်သူ့စစ်တပ်ကြီးများကိုပင် အံ့ဩလောက်အောင် ချေဖျက်သုတ်သင် ပစ်နိုင်ခဲ့သည်။
ဘုရင့်နောင်ကဲ့သို့ပင် အလောင်းမင်းတရားက လည်း …”..စစ်တို့၏ သဘောမှာ အင်အားကြီးသည် ငယ်သည် ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ် ကြွယ်၀မှုသာ ပဓာနဖြစ်သည်..” ဟူသော သဘောမျိုးကိုပင် မိန့်ကြားတော်မူခဲ့သည်။ ရန်သူအများအပြားကို သုတ်သင်ရှင်းလင်းပြီးနောက် မုဆိုးဘိုကို “ရွှေဘို”ဟု သမုတ်ကာ ထီးနန်းစိုက် တော်မူသည်။ “…. အမယ်ကြီးနှင့် ဘကြီးတား၍ လားလားမနိုင် သောကြာသားက စကားခိုင်၊ သံတိုင်ကျောက်ခဲ လူပျိုချင်းတွင် ပိုလို့ကဲ။ ပဲ နှင့် ပျောင်းကို ဟောင်းလျှင် ပစ်၍ အသစ်ရှာ အောင်ပါစေ သား သောကြာသား….” ဟူသော တဘောင်ဆန်ဆန် သီချင်းကို ပြည်သူတို့ ထပ်မနား ရွတ်ဆိုနေချိန်မှာပင် အလောင်းမင်းတရားကလည်း အောင်ပွဲများ တစ်ခုပြီးတစ်ခု ရရှိခဲ့သည်။ ရွှေဘိုမြို့တော်ကြီးမှာ အလောင်းမင်းတရား၏ ဘုန်းရိပ် ကံရိပ်အောက်တွင် သာယာစည်ကားပြီး ဘေးရန်အန္တရာယ်လည်း လုံခြံစိတ်ချရသဖြင့် ”..ဒို့မေလေး မကြေဖျက်၊ မြောက်ဘက်ကယ်တဲ့ ဟိုတခို၊ ပြေးစို့ နှစ်ကိုယ်၊ ဆိုင်းစိုစို ရန်လုံးပြိုပါတဲ့၊ ပြည့်ရွှေဘို ထိုမြို့မှာ မိုးခိုစို့လေး..” ဟူသောသီချင်းများ ပေါ်လာသည်။ အလောင်းမင်းတရားသည် မြန်မာ သက္ကရာဇ် ၁၁၁၇-ခုနှစ်တွင် ဒဂုံကို အောင်မြင်ပြီးနောက် ” ရန်အပေါင်းကို ကုန်စင်အောင် လုပ်ကြံတော်မူမည်”ဟု အမိန့်ရှိ၍ “ရန်ကုန်”ဟု သမုတ်တော်မူသည်။
မြန်မာနိုင်ငံတွင် ရန်သူ သူပုန်များ ကုန်စင်သလောက်ရှိသွားသောအခါ ထိုခေတ်စစ်ဘုရင်ကြီးများ၏ ထုံးစံအတိုင်း ယိုးဒယားသို့ပါ ချီတက်တိုက်ခိုက်ပြန်ရာ အောင်မြင်မှုအလီလီ ရရှိတော်မူခဲ့သည်။ မြန်မာ သက္ကရာဇ်၁၁၂၁-ခု၊ ဝါဆိုလဆုတ် (၁၀)ရက် ကြာသပတေးနေ့တွင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်ရန် အလောင်းမင်းတရားသည် ကျောက်မြောင်းဆိပ်တော်မှ အောက်ပြည်သို့ စုန်တော်မူသည်။ ဝါခေါင်လဆန်း(၁၁)ရက်နေ့၌ နေပြည်တော် ရွှေဘိုမြို့ပေါ်သို့ မိုးကြိုး (၁၃)ချက် ကျသည်။ မိုးကြိုးကျရာ ဌာနများကား……….ဆင်ချည်တိုင်.မြင်း.လွှစင်.ကျုံးနင်းကြမ်း.နဘဲပင်.တမာပင်.လက်ခုပ်ပင်.ပေါက်ပန်းဖြူပင်. ညောင်ပင်.ကျောင်း.မင်းကျော်သီရိအိမ်.တပယင်းမြို့တံခါးနှင့် မြ၀တီပြအိုးတို့ဖြစ်သည်။ အလောင်းမင်းတရား ကြားသိ၍ ပညာရှိများအား ဖတ်ကြားတင်လျှောက်စေရာ စာဆိုတော်ပညာရှိ စိန္တကျော်သူက မိုးကြိုးကျခြင်းမှာ ဣဋ္ဌမင်္ဂလာများဖြစ်ကြောင်း ရတု ၆-ပုဒ်ဖြင့် မင်းတရားကြီး သဘောတော် မျှစေရန် မမှန်မကန် လျှောက်တင် လိုက်လေသည်။ စိန္တကျော်သူ၏ လျှောက်တင်ချက်ကို အဟုတ်မှတ်၍ သဘောတော်ကျကာ (ပြုသင့်သောယတြာများ မပြုဘဲ)အောက်ပြည်သို့ ဆက်လက်စုံဆင်းပြီး ယိုးဒယားကို ချီတက်တိုက်ခိုက်ရာ မအောင်မမြင်ဖြစ်ပြီးလျှင် မြန်မာ သက္ကရာဇ်၁၁၂၂-ခုနှစ် ကဆုန်လဆုတ် (၁၀)ရက် တနင်္ဂနွေနေ့တွင် မုတ္တမမြို့နယ် ကင်းရွာ၌ ရုတ်တရက်ဖျားနာ၍ နတ်ရွာစံတော်မူခဲ့ရလေသည်။ (ပထမမြန်မာနိုင်ငံတော် ပျက်စီးနေချိန်သည် နှစ်ပေါင်း ၁၈၀-ကျော်ကြာခဲ့သော်လည်း ဒုတိယမြန်မာ နိုင်ငံတော် ပျက်စီးချိန်ကမူ ၁-နှစ်သာကြာပြီး တတိယမြန်မာနိုင်ငံတော်ခေတ်သို့ ကူးပြောင်းရောက်ရှိခဲ့လေသည်။ အလောင်းမင်းတရားကြီး၏ စိတ်ဓာတ် ငါ၏ ရင်နှစ်သည်းချာ ချစ်လှစွာသော သားတော်ပင်ဖြစ်လင့်ကစား တိုင်းသူပြည်သားအကျိုး နိုင်ငံတော်အကျိုး သာသနာအကျိုးမဆောင်ရွက်လျှင် ငါ၏ အမျိုးနွယ်မဟုတ်၊၊ ငါ၏ ရင်နှစ်သည်းချာ သားသမီးလည်းမဟုတ်၊၊ မြန်မာနိုင်ငံ၌ပင် မွေးဖွားနေထိုင် ကြီးပြင်းလင့်ကစား ပြည်သူပြည်သားတို့၏ အကျိုးနှင့် မြန်မာနိုင်ငံ၏ အကျိုးအားမဆောင်ရွက်လျှင် မြန်မာနိုင်ငံသားမဟုတ်ပါ၊၊
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ အမူအရာ
- စကားနည်း၍ ပြောသောအခါ ပီပြင်လေးနက်ပြီးလျှင် မှတ်သားဖွယ်ဖြစ်သည်။
- ခန့်ငြားသောဣန္ဒြေရှိ၍၊ မျက်နှာထားမဆိုးသော်လည်း ဟက်ဟက်ပက်ပက် ရယ်ရွှင်ခြင်းမရှိ။
- အလုပ်တစ်ခုကို မလုပ်မီ စဉ်းစား၍၊ လုပ်သောအခါ မအောင်မြင်သော အလုပ်မရှိခဲ့လေ။
- မောဟနည်း၍ အအိပ်အနေ နည်းပြီးလျှင် အိပ်တော့မည်ဆိုသည်နှင့် တစ်ပြိုင်နက် အိပ်ပျော်၍ မှန်းထားသည်ထက် ပိုပြီးလျှင် အိပ်ပျော်လေ့မရှိတတ်။
- ကြောက်ရွံ့တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ ညည်းညူခြင်းမရှိ၊ ဝေဒနာအကြီးအကျယ်ကပ်ရောက်လာသောအခါ ထွက်သက်ဝင်သက်ကို သုံးသပ်လျက် ငြိမ်းချမ်းစေပြီးလျှင် ဘဝကူးတော်မူလေ၏။
- အသုံးအစွဲ အလွန်ကျစ်လျစ်၏။ တစ်နေ့သ၌ မိဖုရားခေါင်ကြီးသည် ပိုးထဘီနှင့် နိုင်ငံခြားအထည်ကို ဆင်၍ အဆောင်တော်တွင် ရံရွေတော်များနှင့် နေသည်ကို တွေ့လေရာ၊ “ဩော်…ရှင်မိဖုရားအတုကို ပြည်သူပြည်သားများ တုလေလျှင် ငါ့တိုင်းပြည်သည် မကြာမီ မွဲတော့မှာပဲ”ဟု မိန့်တော်မူဖူး၏။
- အပျော်အပါးနည်း၍ အလုပ်နှင့် မွေ့လျော်ခြင်းကို အလွန်နှစ်သက်၏ တစ်နေ့သ၌ မိဖုရားခေါင်းကြီးသည် အဆောင်တော်တွင် ငြိမ်းချမ်းသက်သာ ပျော်ရွှင်စွာ အဆိုတော်များနှင့် ရယ်မော် ပြောဆိုနေသည်ကို တွေ့လေရာ “ဩော်…ရှင်မင်းပုံလည်း မိဖုရားခေါင်ကြီးဖြစ်လို့၊ ဗိုင်းဝါတို့ကိုမေ့ပြီး အဆိုအကနှင့် အညီးပြေရှာရပေပေါ့၊ ဗိုင်းဝါကိုမုန်းတဲ့ မိန်းမဟာ လင်ကို မုန်းခြင်းအစစ်ပဲ ရှင်မင်းပုံရေ့၊ သည်အတုတွေကိုများ မှူးမတ်ကတော်တို့နှင့် ဆင်းရဲသူတွေ တုကြယင် ငါ့တိုင်းပြည်ဟာ နိုင်ငံခြားကို အလွန်ဆက်သရတော့မှာပေပဲ၊ အလုပ်မရှိတော့ လူတွေဟာ ပျင်းလာတတ်တယ်၊ ပျင်းလာတဲ့အခါ အကျိုးမရှိဘဲ အညောင်းကိုသာ ဖြစ်စေတတ်တဲ့ ကြွေအံပုဆစ်တို့ကို လေ့လာကစားတတ်ခြင်း၊ အပျော်အပါးလိုက်စားတတ်ခြင်းတို့ ပြုလာကြလို့ လူများဟာ ပေါ့ပျက်လာတတ်ကြတယ်။ အဲသည်လို လူပေါ့လူပျက်များ များလာလျှင် တိုင်းပြည်နိမ့်ကျတတ်ပါတယ်။ ဒါကြောင့် လူများဟာ အလုပ်နှင့် လက်မပြတ်ရှိသင့်ပါတယ်” ဟု မိန့်တော်မူဖူးလေ၏။
- မျက်နှာတံစိုးလိုက်လေ့မရှိ။ တစ်နေ့သ၌ မိဖုရားခေါင်ကြီးက သူ့မောင်မှာ ဘာမျှအရာအထူးမရှိပါဟု ပူဆာလေရာ အလောင်းမင်းတရားကြီးလည်း ကောင်းပြီဆို၍ မယ်မင်းမောင်ကို ခေါ်ပါဆိုပြီးလျှင် နန်းတော်အောက်၌ ခွေးမွေးနေသည်၊ ခွေးဘယ်နှစ်ကောင်မွေးသလဲ ကြည့်ချေဆို၍ မိဖုရား၏မောင်လည်းသွားရောက်ကြည့်ပြီးလျှင် ခွေး ငါးကောင်မွေးကြောင်းကို လျှောက်ထား၍၊ အထီးဘယ်နှစ်ကောင် အမဘယ်နှစ်ကောင်လဲ မေးပြန်ရာ တစ်ဖန်သွားရောက်ကြည့်ပြန်၍ အထီးနှစ်ကောင်၊ အမသုံးကောင်ပါဟု လျှောက်တင်ကာ၊ ကြံဘယ်နှစ်ကောင် စုံသလဲ မေးပြန်သဖြင့် တစ်ဖန်သွားရောက် ကြည့်ဦးမည်ပြုသောအခါ နေပါစေတော့ဟု ဆိုလျက်၊ ရွှေတိုက်စိုးကို ခေါ်တော်မူပြီးလျှင် နန်းတော်အောက်မှာ ခွေးမွေးနေတယ် သွားကြည့်ချေပါဟု ခိုင်းလိုက်ပြန်ရာ ရွှေတိုက်စိုးလည်း ပုရပိုက်နှင့်သွားရောက် မှတ်သားပြီးသော် အထီးမည်မျှ၊ အမမည်မျှ၊ မည်မျှကြံစုံသည်၊ မည်မျှကြံမစုံ၊ အမွေးမည်သို့ စသည်ဖြင့် တင်လျှောက်လေ၏။ ထိုအခါမှ ရှင်မရဲ့မောင်က ခွေးငါးကောင်ကို ငါးခါသွားကြည့်နေမည့်သူဖြစ်သောကြောင့် သူနှင့်တန်ရာ နန်းတော်ထက်တွင် အေးအေးချမ်းချမ်းပဲ စားသောက်နေထိုင်ပါစေတော့ဟု အမိန့်တော်ရှိလေ၏။ ထို့ပြင် အလောင်းမင်းတရားကြီး၏ နောက်ဆုံးမှာတမ်းတွင်….“ စကားသာများနေ၍ ငါကဲ့သို့ အလုပ်မလုပ်လျှင် ငါသားတော်များပင် ဖြစ်သော်လည်း ငါ့အဆက်အနွယ်မဟုတ်။” “တန်ခိုးကြီးသော တိုင်းပြည် အမျိုးသားဖြစ်နိုင်ရန် နိုင်ငံခြားသို့ ဆက်သွယ်ကူးလူးလမ်းပေါက်၍ တိုင်းပြည်ထွက် ကုန်စည်တို့ကို တန်ဖိုးမြှင့်စေပြီးလျှင် အမျိုးသားမျး ကြွယ်ဝကုံလုံလျက် သူဌေးသကြွယ်တို့ ပေါများစေရမည်” ဟု မိန့်တော်မူခဲ့လေသည်။
အလောင်းမင်းတရားကြီး
ကုန်းဘောင်ခေတ် မြန်မာပြည်မြေပုံ
မြန်မာနိုင်ငံကြီး ဒုတိယအကြိမ်မြောက် ပျက်စီးပြိုကွဲခဲ့ရသည်ကို တတိယအကြိမ် ပြန်လည် စည်းရုံးထူထောင်ခဲ့သူမှာ အလောင်းမင်းတရားကြီး ဖြစ်သည်။ ပုဂံပြည့်ရှင် ပျူစောထီးမှသည် ၄၇ယောက်သော မင်းတို့ နောက် ဖောင်စကြာရှင်နပရတိစည်သူ၏ သမီး ကျောင်းတော်သည် နှင့် နရသိင်္ဃမင်း၏ သားတော် အနန္တသူရိယတို့ စုံဖက်ရာတွင် ဖွားမြင်သည့်သား သိဒ္ဓိကာ၊ သားဘဲကြီးရတနာ၊ သားဘဲငယ်ရတနာ၊ သားလံဘူးအန္တရသူ၊ သားပေါက် မြိုင်မင်းပုလဲ၊ သားမြေနဲ စောသိင်္ဃာ၊ သားမိုးညှင်းမင်းတရားကြီး ညီ ဝါပနော်ရထား၊ သားမြောက်ဘက် နော်ရထာ၊ သားသင်္ခယာ သားမင်း နေဝန်း၊ သားမင်းရဲထွေး၊ သားမင်းကြီးရွှေ၊ သားတုရင်ကျော်သူ ခံမင်းဖိုးခင်၊ သားမင်းစစ်နိုင်၊ သား သီရိမဟာ ဓမ္မရာဇာ၊ သား အလောင်းမင်းတရားကို ဖွားသည်။ အလောင်းမင်းတရားကြီး ကား သက္ကရာဇ် ၁ဝ၇၆ ခုနှစ် တော်သလင်းလပြည့်ကျော် တစ်ရက်သောကြာနေ့ ညဉ့်တစ်ချက်တီးကျော်တွင် မုဆိုးဘို မြို့စား သီရိမဟာဓမ္မ ရာဇာဘွဲ့ခံ မင်းညိုစံနှင့် မဟာဒေဝီ စောငြိမ်းဦးတို့၌မြင်သည့် ဒုတိယသားတော် ဖြစ်သည်။ ငယ်မည် အောင်ဇေယျတည်း။
မြန်မာ သက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် ဟံသာဝတီက တိုက်ခိုက်သိမ်းယူသဖြင့် အင်းဝမပျက်မီကပင် ဦးအောင်ဇေယျသည် မုဆိုးဘိုရွာ၌ ဩဇာအာဏာရှိပြီး ဖြစ်သည်။ တန်ခိုးသတင်းထွက်ပြီးလည်း ဖြစ်သည်။ အင်းဝပျက်လျှင် မုဆိုးဘိုကို ထန်းလုံးတပ် ပတ်ဝိုက် တည်၍ အခိုင်အလုံ နေသည်။ မြင်းရည်တတ် ခြောက်ကျိပ် ရှစ်ယောက်ကိုလည်း ဖွဲ့စည်းခဲ့လေသည်။ ထိုအခါ အင်းဝမှ မွန်စစ်သူကြီး ဒလပန်းက လူစေလွှတ်၍ သစ္စာပေးလာသည်။ ကွေ့ဂုဏ္ဏအိမ်ကလည်း သစ္စာပေးလာသည်။ မည်သည့်သစ္စာကိုမျှ မခံချေ။ အမှုထမ်းတို့က အင်အား မရှိသေးသည့်အတွင်း ကွေ့တို့၏သစ္စာခံပြီးလျှင် မွန်လူမျိုးတို့ပြန်သောအခါမှ ကြုံကြိုက်ရာကြံမည်ဟုလျှောက်သည်ကိုလည်း ဤသို့ပြုလျှင် သားတော်မြေးတော်အစဉ်အဆက် သစ္စာမစောင့်သောအမျိုးဟု ပြောထုံးမကြေဖြစ်လေရာသည်ဟု မိန့်တော်မူလေသည်။
မွန်လူမျိုးတို့အပြန်တွင် ဟန်လင်းမြို့တောင်က ဆီး၍ တိုက်လိုက်ရာ မွန်အမြောက်အမြား သေလေသည်။ မုဆိုးဘိုကို မွန်လူမျိုးတို့ အကြိမ်ကြိမ် ချီတက် တိုက်ခိုက်လာသည်ကိုလည်း နိုင်သည်ချည်း ဖြစ်သည်။ မင်းတရားကြီးသည် မြန်မာ သက္ကရာဇ်၁၁၁၅ ခုနှစ်တွင် မုဆိုးဘိုကို ရွှေဘိုသမုတ်၍ မြို့နန်း တည်တော်မူသည်။ ထိုနှစ်တွင်ပင် ကွေ့လူမျိုးတို့ကို တိုက်ခိုက်အောင်နိုင်သည့်အပြင် အင်းဝကို သားတော်အလတ် သတိုးမင်းစော (ဆင်ဖြူရှင်မင်း) လုပ်ကြံ၍ အလွယ်တကူရသည်။ ဗန်းမော်၊ မိုးမိတ်၊ မိုးကောင်း၊ မိုးညှင်းတို့ကိုလည်း တိုက်၍ ရသည်။မြန်မာ သက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် မွန်မင်းညီတော် ဥပရာဇာ၊ စစ်သူကြီး ဒလပန်းတို့ကွပ်ကဲ၍ ကြည်းရေနှစ်ဘက် စစ်ကြီး ချီလာကာ တရုတ်မြို့တွင် မင်းတရားကြီး၏ သားတော်နှစ်ပါး တပ်ကို တိုက်၏။
တပ်တော်တို့ အပျက်နာ၍ ဆုတ်ရ၏။ ထိုနောက် မွန်တို့ အင်းဝကိုဝန်းရံလုပ်ကြံသည်။ ဒလပန်းသည် လှေတပ်ကို ကွပ်ကဲ၍ ကျောက်မြောင်းအရောက် ချီတက်သည်။ ကျောက်မြောင်းတွင် မင်းတရားကြီးနှင့် မင်းတရားကြီး၏ ညီတော်တို့ ဒလပန်း၏ လှေတပ်ပျက်၍ အပြင်းအထန် စုန်ပြေးရသည်။ ဟံသာဝတီ ဥပရာဇာလည်း အင်းဝကို ရံထားရာ အောက်သို့စုန်ဆင်းပြီးလျှင် ပြည်မြို့၌ ဒလပန်းကို အစောင့်အနေ ထားခဲ့သည်။ မွန်တို့ပျက်လျှင် ပုဂံ၊ ပုပ္ပား၊ ငသရောက်စသော တောင်ဘက်တစ်ခွင်မြို့များတွင် ခေါင်းအကြီးပြုသူတို့ သစ္စာတော်ခံကြသည်။ အောက်ပြည်တစ်လွှားတွင်လည်း အင်းဝဘုရင်ဟောင်း (ဟံသာဝတီရောက် မင်းတရားကြီး) ကို မွန်တို့ရေ၌ ဖျောက်ဖျက်ရုံ သာမက မြန်မာတို့ကို မွန်တို့သတ်ဖြတ် ညှဉ်းဆဲလွန်းသဖြင့် မြန်မာတို့စုရုံး၍ မြေလတ်တစ်လျှောက် မြို့ရွာများရှိ မွန်လူမျိုး အကြီးအကဲတို့ကို သတ်ဖြတ်ပြီးလျှင် ပြည်မြို့တွင် အခိုင်အလုံ နေကြသည်။ အလောင်းမင်းတရားကြီးသို့လည်း စစ်ကူတောင်းကြရာ မင်းတရားကြီး ကြည်းတပ် ရေတပ် ချီလာ၍တိုက်လျှင် မွန်တို့ပျက်သဖြင့် ဟံသာဝတီတိုင် ဆုတ်ရသည်။
ပြည်မြို့တွင် မွန်ရေတပ်ကို အလောင်းမင်းတရားကြီး အောင်တော်မူပြီးလျှင် ဂူထွတ်မည်သော လွန်ဆေးမြို့ကို သိမ်းသည်။ လွန်ဆေးမြို့၌ ခေတ္တစံနေစဉ် ကနောင်၊ ဟင်္သာတ၊ ဓနုဖြူ၊ မြောင်းမြ၊ ဥက္ကံ၊ သုံးဆယ်၊ လှိုင်၊ သာယာဝတီစသော ဧရာဝတီအရှေ့ဘက် အနောက်ဘက် မြို့ကြီးပြကြီး အကြီးအကဲတို့ ကျွန်တော် ခံလာကြသည်။ မွန်တို့ရန်ကို အလျင်အမြန်အောင်သည်ကိုစွဲ၍ လွန်ဆေးမြို့အား မြန်အောင်ဟု သမုတ်တော်မူသည်။
မြန်အောင်တွင်ရှိစဉ် ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်တို့ကိုလည်း အမိန့်တော်နှင့် စေခေါ်တော်မူရာ အင်္ဂလိပ်တို့ အဖူးအမြော် ရောက်ကြသည်။ အလောင်းမင်းတရား ကိုင်ရန် Blunderbusses pistol တစ်လက်၊ [၄]အမြှောက်များ၊ လက်ဆောင်များ ပေးအပ်ဆက်သ ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။[၄] အင်္ဂလိပ်တို့က ဟိုင်းကြီးကျွန်းတွင် ဖွင့်လှစ်ထားသော မိမိတို့ကုန်တိုက်ကို အသိအမှတ်ပြုရန် တောင်းသည်ကိုလည်း မင်းတရားကြီးသည် အင်္ဂလိပ်တို့ထံမှ အမြောက်ယမ်း ကျည်ဆန်ကို အလိုရှိသဖြင့် အင်္ဂလိပ်တို့လိုအင်ကို လိုက်လျောဖြည့်စွမ်းလိုက်လေသည်။ ၂၈-၇-၁၇၅၇ ရက်နေ့တွင် မြန်မာ-အင်္ဂလိပ် မဟာမိတ် စာချုပ်ကို ချုပ်ဆိုဖြစ်ခဲ့သည့် ကိစ္စမှာ ယခုထက်ထိ လူသိနည်းလှသည့် ဖြစ်ရပ် တစ်ခုအဖြစ် ကျန်ရှိသည်။[၅][၆] သို့ရာတွင် နောင်အခါ အင်္ဂလိပ်တို့သည် မြန်မာတို့နှင့် တိုက်ခိုက်နေသော မွန်တို့ကို သေနတ်လက်နက်များ ရောင်းချကြောင်း သိသောအခါ ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်စခန်းကို ပုသိမ်မြို့ဝန်အား လုံးလုံးလျားလျား သုတ်သင်ရန် ခိုင်းသဖြင့် ထိုအရပ်ရှိ အင်္ဂလိပ်အများအပြားပင် အသက်ဆုံးကြရလေသည်။
မြန်အောင်မြို့မှ ဆက်လက်စုန်ပြန်ရာ ၁၁၁၇ ခုနှစ်တွင် အလောင်းမင်းတရားကြီးသည် ဒဂုန်ကိုရ၍ မြို့သစ်တည်ပြီးလျှင် ရန်ကုန်ဟု သမုတ်တော်မူသည်။ ရန်ကုန်တွင် ဆူးလေစေတီတော်၏ အရှေ့တောင် အရပ်ဖြစ်သော မြို့ဟောင်းရာ၌ တောရှင်းကျင်းဖို့၍ သစ်တပ်မြို့ တည်သည်။ မိုးကျလျှင် ရန်ကုန်တွင် အစောင့်အနေထားခဲ့၍ ရွှေဘိုသို့ ပြန်တော်မူသည်။ ထိုနောက် ရှမ်းပြည်တစ်လွှားသို့ စေလွှတ်ခန့်ထား၍ သစ္စာတော်ပေးပြီးလျှင် မိုးစဲသည်နှင့် ရန်ကုန်တွင် မွန်တို့ထနေသည်ကို ဆင်း၍နှိမ်နင်းရာ မွန်တို့ ဆုတ်ခွာရပြန်သည်။ မွန်တို့ဘက်မှ အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဝင်ကူကြသည်။ အလောင်းမင်းတရားကြီးသည် ရန်ကုန်မြို့တွင် သင်္ဘောများကိုလည်း ကောင်း၊ တိုက်လှေများကိုလည်းကောင်း တည်သည်။ စစ်သည်တို့ကိုလည်း ဖြည့်တင်းသည်။ ထိုနောက် ၁၁၁၈ ခုနှစ်တွင် မင်းတရားကြီးသည် သံလျင်မြို့ကို ဝန်းရံလုပ်ကြံတော်မူစေသည်။ ကိုယ်တော်တိုင်လည်း သံလျက်စွန်းသို့ သင်္ဘောဖြင့်ထွက်၍ သံလျင်တိုက်ပွဲကို အဝေးကြည့် မှန်ပြောင်းဖြင့်ကြည့်လျှက် စစ်ရေးကို မိမိကိုယ်တိုင် စီရင်လေသည်။ မွန်တို့ဘက်မှ ပြင်သစ်တို့ ကူညီတိုက်ခိုက်သဖြင့် ခြောက်လတိုင်တိုင် အဖိတ်အစင်များစွာနှင့် ခဲယဉ်းစွာ လုပ်ကြံရသည်။ နောက်ဆုံး အသေခံသူရဲကောင်း ၉၃ ယောက်ကိုရွေးချယ်၍ လက်နက်များကို သိမ်းယူသည်။ အမြောက်ကြီး ၁ဝ ကျော်၊ အမြောက်ငယ် တစ်ရာကျော်၊ သေနတ်တစ်ထောင်ကျော် ရလိုက်သည်။ မွန်တို့အား စစ်ကူလာသော ပြင်သစ်တိုက်သင်္ဘော နှစ်စင်းကိုလည်း သိမ်းယူ၍ ပြင်သစ် ကိုယ်စားလှယ် ဗူရနိုနှင့်တကွ ပြင်သစ် အကြီးအကဲတို့ကို ကွပ်မျက်တော်မူသည်။ ထိုသူတို့၏ အဆွေအမျိုးများနှင့် သန်လျင်တွင်ဖမ်းမိသော ပေါ်တူဂီ လူမျိုးတို့ကို ရွှေဘိုနယ် ဗရင်ဂျီရွာများသို့ပို၍ နေထိုင်စေသည်။ မိမိတို့ အယူဝါဒအတိုင်း ကိုးကွယ်နေထိုင်ရန်လည်း ခွင့်ပြုတော်မူသည်။ ဗရင်ဂျီ အမြောက်အမြားကိုလည်း အမြောက်တပ်သားအဖြစ် အမှုထမ်း စေသည်။
မြန်မာ သက္ကရာဇ် ၁၁၁၈ ခုနှစ်တွင် ဟံသာဝတီမြို့ကို မင်းတရားကြီး လုပ်ကြံသည်။ ၁၁၁၉ ခုနှစ်တွင် ဟံသာဝတီတစ်မြို့လုံးကို မင်းနှင့်တကွ ရတော်မူရာ မြို့ကိုဖျက်စေ၍ ရာမညတိုင်းအလုံးနှင့် အရှေ့တစ်လွှားမြို့စားများကို သစ္စာပေးပြီးနောက် ပဲခူးဘုရင်ကိုဆောင်ယူကာ ရွှေဘိုသို့ ပြန်တော်မူသည်။
၁၁၂ဝ ပြည့်နှစ်တွင် မဏိပူရကသည်းပြည်ကို တိုက်ခိုက်သိမ်းယူ၍ ကသည်းအမတ် စန္ဒရော်မော်နီကို အအုပ်အချုပ် ခန့်ခဲ့သည်။ ထိုနောက် တမူးနှင့် သောင်သွပ်တွင် မြန်မာတပ်များ အစောင့်အနေထား၍ ပြန်တော်မူသည်။ မဏိပူရကို အောင်နိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် မဏိပူရမှ အနုပညာ၊ လက်မှုပညာ၊ အသိပညာရပ်များကို ရရှိလေသည်။ အထက်တန်းကျလှသော ရက်ကန်းပညာ၊ ပန်းတိမ်ပညာ၊ နက္ခတ်ပညာ စသော အတတ်ပညာများကိုပါ ရရှိလိုက်သည်။
မြန်မာ သက္ကရာဇ် ၁၁၂၁ ခုနှစ်တွင် ယိုးဒယားကျေးကျွန်တို့ ထားဝယ်မြို့ ကျေးစွန်ရွာလက်ကို ထိပါးကြောင်း ကြားတော်မူ၍ မင်းတရားကြီး ကိုယ်တော်တိုင် ထားဝယ်ကြောင်း ချီတော်မူသည်။ ချီတော်မူစဉ် မြိတ်မြို့၊ တနင်္သာရီမြို့များသို့ အလျင်သိမ်းယူသည်။ အယုဓျာမြို့သို့ရောက်လျှင် ဝန်းရံလုပ်ကြံသည်။ လုပ်ကြံစဉ် ကိုယ်တော် မကျန်းမာသည်နှင့် ပြန်လာရာ ၁၁၂၂ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် မုတ္တမကျေးကင်းရွာ၌ သက်တော် ၄၅ နှစ် စည်းစိမ်တော် ရှစ်နှစ်တွင် မင်းတရားကြီး နတ်ရွာစံတော်မူသည်။ မင်းတရားကြီး၏ သင်္ချိုင်းပြာသာဒ်ကို ယခု ရွှေဘိုခရိုင် ဝန်ရုံးအနီးတွင် တွေ့နိုင်သည်။
မင်းတရားကြီးကား ရဲရင့်တည်ကြည်၍ အမြော်အမြင် ရှိသည်။ သူရသတ္တိနှင့် လုပ်ရည်ကြံရည်လည်း ရှိသည်။ မွန်တို့ကို တိုက်မည်ဟု တိုင်ပင်ရာတွင် ယောက်ျားတို့မည်သည့် လုံ့လ ဝီရိယ အကြံအစည်ကို လျှော့မြဲမဟုတ်၊ လက်ရုံးနှလုံး၊ လုပ်ရည်၊ ကြံရည်မှာသာ အကြောင်းဖြစ်သည်ဟု မင်းတရားကြီးက မိန့်တော်မူသည်။ စစ်ရေးစစ်မှုတို့၌ အကြပ်အတည်း စည်းကမ်းထားသော်မူပြီးလျှင် ရန်သူတော်တို့ကို အပြင်းအထန် နှိမ်နင်းသုတ်သင်တတ်ရုံမက တိုင်းပြည် အုပ်ချုပ် ခန့်ခွဲ ဝေဖန်ရာ၌လည်း လိမ္မာတော်မူသည်။ လူတို့ အကျင့်စာရိတ္တကို ပျက်ပြားစေသည့် သေရည်သေရက်မှစ၍ မူးယစ်စသော အသောက်အစား အရှူတို့ကို ပြင်းထန်စွာ တားမြစ်ပိတ်ပင်တော်မူသည်။ လယ်ယာကိုင်းကျွန်း စပါး၊ ပြောင်း၊ ဝါများကို လုပ်ဆောင်ရိတ်သိမ်းသည့်ကာလ ကြက်သေတင်ဝက်သေတင်၍ ရိတ်သိမ်းရိုးဖြစ်သော မိစ္ဆာဒိဋ္ဌိအယူများကိုလည်း လုံးလုံးပယ်စေကာ မြစ်တားတော်မူသည်။ လွန်ဆန်၍ ပြုကျင့်သည် ကြားတော်မူလျှင် အပြစ်အလျောက် ကွပ်မျက်တော်မူသည်။ ခိုးဝှက်လုယက်ခြင်းကိုလည်း အလားတူ တားမြစ်တော်မူလေသည်။
ဤသို့ တားမြစ်ရာ၌ အလောင်းဘုရား၏ အပြစ်ပေးပုံမှာ အတုယူဖွယ်ဖြစ်သည်။ မြို့ရွာတွင် သူခိုး သူဝှက်တို့ကြောင့် ဥစ္စာပစ္စည်း ပျောက်ခဲ့သော် ထိုမြို့ရွာကို အုပ်ချုပ်သော အကြီးအကဲတို့က ဥစ္စာပျောက်သူကို လျော်ရသည်။ ရွာနှစ်ရွာစပ်ကြားတွင် ဓားပြတိုက်ပါမူ နီးသောရွာမှ ရွာသူကြီးက လျော်ရလေသည်။ ဤသို့ ပြုလုပ်ပေးခြင်း အားဖြင့် အစိုးရ အမှုထမ်းတို့သည် မိမိတို့ တာဝန်ကို ပိုမို ဂရုစိုက် ဆောင်ရွက်လာစေရန် ဖြစ်သည်။
မိုးရှားပါးသော ရွှေဘိုနယ်တစ်ဝိုက်တွင် ပြည်သူပြည်သားတို့ စိုက်ပျိုးနိုင်ရန် မင်းတရားကြီးသည် အမြော်အမြင်ရှိစွာနှင့် မူးမြစ်ကို ဆည်တော်မူသည်။ ရွှေဘိုမြို့ကို ရေပေးနိုင်ရန်လည်း မဟာနန္ဒာကန်တော်ကြီးကို တူးဖော်စေသည်။ မင်းတရားကြီး၌ ဆွေတော်မျိုးတော်စသော အမှုထမ်းကောင်း ပေါများသည်။ မင်းဆွေမင်းမျိုး အင်းဝမှူးဟောင်း မတ်ဟောင်းများကပါ မင်းတရားကြီး ဘုန်းလက်ရုံး လုပ်ရည်ကြံရည်တို့ကို ယုံကြည်သဖြင့် အကွဲအပြားမရှိ တညီတညွတ်တည်း အမှုထမ်းကြခြင်း ဖြစ်သည်။ နှုတ်ရေး၌လည်းကောင်း၊ လက်ရေး၌လည်းကောင်း လူရည်သွားကို သိတော်မူတတ်သည်။ မှူးတော်မတ်တော် သူရဲသူခက်တို့ကို အလိုက်အထိုက် ဝေဖန်နှိုင်းချိန် ချီးမြှောက်မစ ပြုလုပ်ပေးကမ်းလေ့ရှိသည်။ ထိုကြောင့် ကြံတော်မူသမျှ အောင်မြင်၍ အပြီးသို့ ရောက်သည်ချည်း ဖြစ်သည်။
အလောင်းမင်းတရားကြီးအား ဖူးမြင်ရသော ကက်ပတိန် ဘေကာ၏ မှတ်တမ်းအရ မင်းတရားကြီး၏ အရပ်တော်သည် ငါးပေ ၁၁ လက်မခန့်ရှိ၍ ကျန်းမာသော ရုပ်လက္ခဏာရှိကြောင်း၊ သန်မာ၍ တင့်တယ်ညီညွတ်သော လုံးရပ်သဏ္ဌာန်ရှိကြောင်း၊ အသားညို၍ မျက်နှာသွယ်ကာ ကျောက်ပေါက်မာ သက်သက်ရှိကြောင်း၊ မျက်နှာထားတည်ကြည် မာတင်းကြောင်း၊ ရာဇဣန္ဒြေနှင့် ပြည့်စုံတော်မူကြောင်း ရေးသားထားလေသည်။
မင်းတရားကြီးသည် ရတနာသုံးပါးကိုလည်း ကြည်ညိုတော် မူသည်။ ရွှေဘိုမြို့တွင် မော်ဓောမြင်သာခေါ် ရွှေစေတီကြီး၊ ရွှေချက်သိုစေတီ၊ ရွှေဂူကြီးစသော စေတီပုထိုးများ၊ တကောင်းမြို့ အရပ်၌ ဇိနအောင်ချာ ရွှေဘုံသာစေတီတော်၊ တိဂုံဆံတော် ရှင်၌ စောင်းတန်းတော်၊ ဇရပ်တော်များ၊ ဟံသာဝတီ၊ ပြည်၊ အင်းဝ၊ စစ်ကိုင်းမြို့များနှင့် အကြေအညာမြစ်စဉ်တစ်လျှောက် ဘုရားပုထိုးဟောင်း နွမ်းပြိုပျက်သည်များကို ကံကျွေးလက်ခပေး၍ ပြင်ဆင်စေတော်မူသည်ကား များလှ၏။ ထို့ပြင် မဟာဒါန်ဝန်ခန့်၍ ဝိနည်းကျမ်းဂန်နှင့်အညီ မကျင့်သော ရဟန်းတို့ကို မပြတ်သုတ်သင် ရှင်းလင်းစစ်ကြောစေသည်။ သာသနာရေးဘက်၌သာမက စာပေဘက်၌လည်း မင်းတရားကြီးသည် ချီးမြှောက်တော်မူသည်။ တရားဌာန အုပ်ချုပ်မှု အတွက် အစဉ်အလာအားဖြင့် ဓမ္မသတ်ဖြတ်ထုံးကျမ်းများစွာ ရှိခဲ့ပါသော်လည်း ပါဠိဘာသာနှင့်သာ များ၍ မြန်မာဘာသာနှင့် ပြန်ဆိုရေးသားပါလည်း ပါဠိစကားလုံးများစွာ ညှပ်ထားသဖြင့် လွယ်ကူစွာ ဖတ်ရှုနိုင်ရန် မိမိ၏ စစ်သူကြီး အမတ်တစ်ဦးဖြစ်သော မဟာသီရိဥတ္တမဇေယျအား မနုကျယ် ဓမ္မသတ်ကို စီရင်စေသည်။ တရားသူကြီးလက်ဝဲ ဘိနန္ဒသူက ဓမ္မဝိနိစ္ဆယဓမ္မသတ်ကျမ်းကို စီရင်သည်။ မင်းတရားကြီးလက်ထက်ထင်ရှားသော အခြားစာဆိုတို့ကား မင်းတရားကြီး ဟံသာဝတီကို စုန်တော်မူစဉ် ကမ်းပြို၍ ဖောင်တော်ပေါ်သို့ ထန်းပင်လဲကျသည်ကို ရုတ်ခြည်း စပ်ဆို၍ သစ်သစ်မင်္ဂလာ၊ နစ်နစ်နာလော့ ချီသည့် နိမိတ်ဖတ်လင်္ကာကို ရွတ်ဆိုလျှောက်တင်သည်တွင် ထင်ရှားလာသော ရန်အောင်ဗလအမတ်၊ ကဝိ လက္ခဏာ သတ်ပုံ၊ ရတနာသိင်္ဃ ကန်တော်ဘွဲ့မင်္ဂလာရတု၊ ဧချင်း၊ လင်္ကာ စသည်တို့ကို ရေးသားသည့် စိန္တကျော်သူဘွဲ့ခံ ဦးဩ၊ အာဒါသမုခပျို့သစ်၊ သာဓိနပျို့ စသည်တို့ကို ရေးသားခဲ့သော လက်ဝဲသုန္ဒရဘွဲ့ခံ ဦမြတ်စံတို့ ဖြစ်သည်။
ကြင်ယာဖက်များ
ကြင်ယာဖက်အနေဖြင့် ငယ်အမည် ခင်ယွန်းစံ အမည်ရှိ မိဖုရားခေါင်ကြီး တစ်ဦ:နှင့် ကိုယ်လုပ်တော် ခြောက်ဦး ရှိခဲ့သည်။
ခင်ယွန်းစံ
မင်းတရားကြီး၏ မိဖုရားကြီးမှာ ခင်ယွန်းစံ ဖြစ်သည်။ မြန်မာ သက္ကရာဇ် ၁၁၁၅-ခုနှစ်တွင် မဟာမင်္ဂလာ ရတနာဓိပတိ သီရိရာဇာ စန္ဒာဒေဝီ အမည်ခံသည်။ ရတနာသိင်္ဃမြို့ အောင်မြေဘုံသာကျောင်း၊ ရတနာပူရမြို့ ဘုံသာတုလွတ်ကျောင်း တို့ ဆောက်လုပ်လှူဒါန်းသည်။
သားတော်ခုနစ်ပါး၊ သမီးတော်သုံးပါး ဖွားမြင်သည်။ သားတော်များမှာ −
- မောင်လောက် (သတိုးဓမ္မရာဇာဘွဲ့၊ သီရိသုဓမ္မာရာဇာဘွဲ့ခံ။ ဒီပဲယင်းမြို့၊ တောင်တွင်းကြီးမြို့၊ ငစဉ့်ကူးမြို့ သုံးမြို့စား မင်းသား နောင်တော်ကြီးမင်း)၊
- မောင်ရွ (သတိုးမင်းစောဘွဲ့၊ သီရိဓမ္မရာဇဘွဲ့ခံ မြေဒူးမြို့နှင့် စလင်းမြို့စား မင်းသား ဆင်ဖြူရှင်မင်း)၊
- မောင်ပိုး (အတိုးမင်းလှကျော်ဘွဲ့၊ သုသီရိဓမ္မရာဇာဘွဲ့ခံ အမြင့်မြို့နှင့် တလုပ်မြို့စား မင်းသား)၊
- မောင်ဝိုင်း (သတိုးမင်းလှရွှေတောင်ဘွဲ့၊ သီရိသုဓမ္မရာဇာဘွဲ့ခံ ဗဒုံမြို့စားမင်းသား ဘိုးတော်ဘုရား)၊
- မောင်စိုး (သတိုးဓမ္မရာဇာဘွဲ့ခံ မင်းလှ မင်းရဲကျော်စွာဘွဲ့ခံ ပုခန်းကြီးမြို့စားမင်းသား)၊
- မောင်ဖိုးရှင် (သတိုးမင်းစော ဘွဲ့ခံ၊ မင်းလှမင်းရဲကျော်စွာဘွဲ့ခံ ပင်းတလဲ မြင်စိုင်းမြို့စား) နှင့်
- စည်သာမင်းသား ငယ်ကလွန်သော မင်းသားတစ်ပါးတို့ ဖြစ်သည်။
သမီးတော်များမှာ −
- မယ်သာ (သီရိမဟာမင်္ဂလာဒေဝီဘွဲ့ခံ ကန္နီမြို့စား)၊
- မယ်မြတ်လှ (သီရိမဟာရတနာဒေဝီဘွဲ့ခံ မင်းခင်းမြို့၊ ပန်းတောင်းမြို့စား)၊
- မယ်အိပ် (သီရိရတနာ မင်္ဂလာဒေဝီဘွဲ့ခံ စကုမြို့စား) တို့ ဖြစ်ကြသည်။
ရှင်မင်းသူ
သမီးတော် ပဒုမ္မဒေဝီကို ဖွားမြင်ပေးသည်။[၇]
ကျောက်မြောင်းကတော်
သားတော် မင်းရဲဖျားကို ဖွားမြင်ပေးသည်။[၇]
စိတ္တမဟေ
သားတော် မင်းရဲညွန့်ကို ဖွားမြင်ပေးသည်။[၇]
ရှင်မင်းပြေ
မင်းလှစည်သူ၏ သမီးဖြစ်သည်။[၇]
ရှင်ရွှေခဲကြီး
သမီးတော် မင်းရွှေမြကို ဖွားမြင်ပေးသည်။[၇]
ရှင်ရွှေငယ်
ရှင်ရွှေငယ်သည်အလောင်းမင်းတရားကြီး၏ဒုတိယမြောက်မိဖုရားဖြစ်သည်။နာမည်ရင်းမှာရှင်မိငယ်ဖြစ်သည်။သမီးတော် မင်းညိုမြကို ဖွားမြင်ပေးသည်။[၇]
ကိုးကား
- Maung Maung Tin Vol. 1 1905: 52
- Buyers, Alaungpaya
- Maung Maung Tin Vol. 1 1905: 246
- အလောင်းမင်းတရားအား အင်္ဂလိပ်တို့ ဆက်သသည့် လက်ဆောင်စာရင်း
- ၁၇၅၇ မြန်မာ-အင်္ဂလိပ် မဟာမိတ်စာချုပ်
- Treaty of Friendship and Alliance between British India Company and King Allaum Praw (Page 223)
- ညိုမြ, “ကုန်းဘောင် ရှာပုံတော်”, မြန်မာစာပေတိုက်, ၁၉၈၂
ပြင်ပလင့်ခ်များ

ဝီကီမီဒီယာ ကွန်မွန်းစ်တွင် Alaungpaya နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
- Myanmar History – King Alaungpaya 28 June 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Alaungpaya (king of Myanmar) — Britannica Online Encyclopedia
ကုန်းဘောင်ခေတ် (အေဒီ ၁၇၅၂-၁၈၈၅)မင်းမျိုးမင်းနွယ်များဘုရင်များ
- အလောင်းမင်းတရား
- နောင်တော်ကြီးမင်း
- မြေဒူးမင်း
- စဉ့်ကူးမင်း
- ဖောင်းကားစား မောင်မောင်
- ဘိုးတော်ဘုရား(ဗဒုံမင်း)
- ဘကြီးတော်(စစ်ကိုင်းမင်း)
- သာယာဝတီမင်း
- ပုဂံမင်း
- မင်းတုန်းမင်း
- သီပေါမင်း
မိဖုရားများ
- စန္ဒာဒေဝီ မိဖုရားခေါင်ကြီး
- ဆင်ဖြူရှင်မယ်
- နန်းမတော်မယ်နု
- နန်းမတော် မမြလေး
- မင်းရွှေကျူ
- စကြာဒေဝီ
- ခင်သဲ (မြောက်နန်းမိဖုရား)
- ဆင်ဖြူမရှင်
- စိန်တုံးမိဖုရား
- စားပွဲတောင်တိုက်စားမိဖုရား
- ကျောက်တလုံးရွာစားမိဖုရား
- ရွာပုလဲမိဖုရား
- မိုင်းနောင်စုဖုရားကြီး
- စုဖုရားလတ်
အိမ်ရှေ့မင်းသားများ
မင်းညီမင်းသားများ
- မြင်ကွန်းမင်းသား
- မြင်းခုန်တိုင်မင်းသား
- စကြာမင်းသား
- အမြင့်မင်းသား
- တပယ်မင်းသား
- မောင်ရွှေအိုင် (ပြင်စည်မင်းသား)
- မောင်နဂါး (ပြင်စည်မင်းသား)
- မောင်မျိုးစစ် (ပြင်စည်မင်းသား)
- ထိပ်တင်ပု (ပြင်စည်မင်းသား)
- သတိုးမင်းရဲ (ပြင်စည်မင်းသား)
မင်းသမီးများ
- ကန္နီမြို့စားမင်းသမီး
- လှိုင်ထိပ်ခေါင်တင်
- ပင်တိုင်စံမင်းသမီး
- မြောင်လှမင်းသမီး
- ပင်းထိပ်ခေါင်တင်
- မိုးမိတ်ထိပ်ခေါင်တင်
အခြား
ပုဂ္ဂိုလ်များဆရာတော်ကြီးများ
စစ်သူကြီးများ
အမတ်များ
- ဦးပေါ်ဦး
- ပခန်းမင်းကြီးဦးရန်ဝေး
- ယင်းတောဝန်ကြီး ဦးရွှေတုတ်
- တိုင်တားမင်းကြီး
- ကင်းဝန်မင်းကြီး
- ယောမင်းကြီး ဦးဘိုးလှိုင်
- လက်ဝဲနော်ရထာ
- လက်ဝဲသုန္ဒရ
- မင်းလက်ဝါး
စာဆိုတော်များ
- စလေဦးပုည
- အချုပ်တန်းဆရာဖေ
- ဖိုးသူတော်ဦးမင်း
- စာဆိုတော်ဦးမင်း
- မဟာအတုလမင်းကြီး
- ဦးကြင်ဥ
- ကျည်းကန်ရှင်ကြီး
- တောင်သမန်လယ်စား ဦးဖေငယ်
- ဒုတိယ နဝဒေး
- စိန္ဒကျော်သူဦးဩ
- ဦးတိုး
- ဦးကြော့
- မောင်းထောင် ဦးကျော်လှ
- ဦးကြီး
- ဦးယာ
- ဆောမြို့စား ဦးစီ
- မယ်ခွေ
အခြား
- ကျုံးဝန်ဘုမ္မဇေယျ
- ရနောင်မောင်မောင်တုတ်
- အယူတော်မင်္ဂလာ ဦးနိုး
- ဦးချစ်ညို
- စားတော်ဝန်ဦးခဲ
- စလင်းမင်းသားကြီးမောင်အို
- ဒိုင်းခင်ခင်
- ဘိုးဘိုးအောင်
- ဆင်ခိုးမကလေး
- မင်းဂျူအီ
- မယ်ကောင်းစံ
ဒေသ
အကြောင်းအရာများ
- တရုတ် – မြန်မာ စစ်ပွဲများ
- ကောင်းတုံစာချုပ်
- ပထမ အင်္ဂလိပ် – မြန်မာစစ်
- ရန္တပိုစာချုပ်
- ဒုတိယ အင်္ဂလိပ် – မြန်မာစစ်
- တတိယ အင်္ဂလိပ် – မြန်မာစစ်
- ပါတော်မူခြင်း
- ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း
- မှန်နန်း ရာဇဝင်
- ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး
- ပြည်မင်းသားအရေးတော်ပုံ
- မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း
- ပန်းထိမ်းမင်းသား အရေးအခင်း
- အိမ်ရှေ့မင်းထန်းတော
- ရတနာပုံ စက်ရုံများ
- သပြေတန်း ခံတပ်
- စဉ့်ကူးမင်း ခေါင်းလောင်းတော်
- သာယာဝတီမင်း ခေါင်းလောင်းတော်
