ဆရာဦးအောင်သင်းပြောပြတဲ့ ရှင်ဥက္ကဌ ဆိုတာဘယ်လို ဆရာတော်မျိုးလဲ
https://youtu.be/jNCTpvuExgg?si=vy21foqonjN9bfWM
ကျောက်ကွင်း အရေး တော်ပုံ
အပိုင်း ၁
https://youtu.be/KeID4gMsEf8?si=zDXqK7lQpus_pba9
https://youtu.be/KeID4gMsEf8?si=b9dgI7Y72HIAK4HE
အပိုင်း ၂
https://youtu.be/ExYSwNwTV5w?si=_6YRAKAS6X7BWvFD
ရှင်ဥက္ကဌ၏ကျောက်ကွင်း အရေး တော်ပုံ 2:14:02 hour
https://youtu.be/WhLnhGZyTEU?si=CV53hZ7xWhoX1mJE
သာသနာတော်အစစ်အမှတ် ဖေါ်ထုတ်ပွဲ သို့မဟုတ် ကျောက်ကွင်းအေ၇းတော်ပုံ 3:42:25 hour
https://youtu.be/CDp2-fOE7es?si=nKao3-G5LL0a5Hu3
https://youtu.be/rK_T9iL5nqA?si=N1Sf7X_QCNHbHoY5
ဆရာတော်ရှင်ဥက္ကဌနှင့် ကျောက်ကွင်းအရေးတော်ပုံ ။
https://youtu.be/c-1QLuroqpA?si=6TGwPCYLxlj2O-Lc
ကျောက်ကွင်း အရေး တော်ပုံနောက်ဆက်တွဲ -ရှင်ဥက္ကဌ၏ခြေပရှင်းလင်းချက်များ
https://youtu.be/pKxVOV6kq8o?si=lI3wC-YgX1f-GqDX
ခရစ်ယန်နှင့်ဗုဒ္ဓဘာသာ ဆွေးနွေးပွဲ 2:01:03 hour,
https://youtu.be/geG3YBp4Jg8?si=rKx5lwX9iV9lk2M-
ကျောက်ကွင်းအရေးတော်ပုံ စ/ဆုံး 3:42:25 hour
https://youtu.be/CDp2-fOE7es?si=GvtMQ5BMoTP5rVBR
ကျောက်ကွင်းအရေးတော်ပုံ နောက်ဆက်တွဲ – အရှင်ဥက္ကဌ၏ ချေပ ရှင်းလင်းချက်များ
ကျောက်ကွင်းအရေးတော်ပုံ
တောင်တွင်းဆရာတော်
အရှင်ဥက္ကဌ
တောင်တွင်းဆရာတော်အရှင်ဥက္ကဌ
ဗုဒ္ဓဘာသာဝင်
https://youtu.be/pKxVOV6kq8o?si=DQWIm1r1B6YrK1Jq
တောင်တွင်း ကြီး ဆရာတော် သျှင်ဥက္ကဌ နှငိ့ ခရစ် စယန်။ ဘာသာ ရေး ခေါင်းဆောင် တို့ ၏ ဝါဒပြိုင်ပွဲ ။ကျောက်ကွင်းအရေးတော်ပုံ https://youtu.be/9VI4sZBx3tI?si=4QtstQoduV_XZWed။ ကျောက်ကွင်းအရေးတော်ပုံ https://youtu.be/WhLnhGZyTEU?si=fTEbnnyCRGa387od https://youtu.be/geG3YBp4Jg8?si=o3lxYXv_G-xCdfwH
ရှင်ဥက္ကဌနှင့် ကျောက်ကွင်းအရေးတော်ပုံ။ https://youtu.be/AKdKYIa8V_E?si=fmoyKg46D9c5r6nk
သာသနာ တော် အစစ်အမှန် ဖေါ် ထုတ် ပွဲ ( သို့မဟုတ် ) ကျောက်ကွင်းအရေးတော်ပုံ (စ-ဆုံး ) https://youtu.be/CDp2-fOE7es?si=IH456_Jd7xLb9lMH
နတ်မှီတောရ ကျောက်ကွင်း အရေး တော်ပုံ သျှင်ဥက္ကဌ https://youtu.be/rknS-5k2ln4?si=enotUxbIkzcKstRe
ကျောက်ကွင်းအရေးတော်ပုံ သည် မြန်မာနိုင်ငံ၊ ဝက်ထီးကန်မြို့မှ လေးမိုင်ခန့်အကွာတွင်ရှိသော ကျောက်ကွင်းရွာတွင် ပေါ်ပေါက်ခဲ့သည့် ဘာသာနှစ်ခုအကြား စကားနိုင်လုပွဲတစ်ခု ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်များကတစ်ဖက် ဗုဒ္ဓဘာသာဝင်များကတစ်ဖက် ဖြစ်သည်။ ဤအရေးတော်ပုံသည် မြန်မာနိုင်ငံ တနှံ့တလျား ကျော်ကြားခဲ့သည်။[၁]
ကျောက်ကွင်းရွာ
ကျောက်ကွင်းရွာသည် ပြည်ခရိုင်၊ ဝက်ထီးကန်မြို့မှ လေးမိုင်ခန့်အကွာတွင် ရှိ၏။ ထိုအချိန်က အိမ်ခြေ ၇၀ ကျော်ခန့်ရှိကာ ချင်းလူမျိုးတို့နေထိုင်ကြ၏။ ခရစ်ယာန်ဘာသာဝင်များ နေထိုင်ကြသည့် ရွာဖြစ်ပြီး ဗုဒ္ဓဘာသာဝင် အိမ်ထောင်စု ၅ ခုသာရှိသည်။[၁]
သမိုင်းကြောင်း
ဦးလှောင်တို့ ဇနီးမောင်နှံ
ကျောက်ကွင်းရွာတွင် ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်ကြပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခု ရှိသည်။ ထိုဘုရားရှိခိုးကျောင်းတွင် ဓမ္မဆရာ ဦးရွှေအောင် နေထိုင်သည်။ ကျောက်ကွင်းရွာတွင် ရွာသူကြီးမှာ ဦးလှောင်ဖြစ်သည်။ ဦးလှောင်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း ဇနီးသည် ခရစ်ယာန်ဘာသာဝင် ဖြစ်၏။ ထိုသို့ ကိုးကွယ်သည့်ဘာသာ မတူသော်လည်း သူတို့ဇနီးမောင်နှံသည် တစ်ဦးနှင့်တစ်ဦး မစွက်ဖက်ဘဲ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ကြသည်။ ဇနီးဖြစ်သူသည် တနင်္ဂနွေနေ့များတွင် ဘုရားရှိခိုးကျောင်းသွားပြီး ယောက်ျားဖြစ်သူမှာ ဥပုသ်နေ့များတွင် အခြားရွာရှိ ဘုန်းကြီးကျောင်းသို့ သွားသည်။ ဘာသာရေးနှင့် ပတ်သက်လျှင် တစ်ဦးနှင့်တစ်ဦး သဘောထားကြီးကြ၏။[၁]
ပြဿနာ၏ အစ
ဦးလှောင်သည် ရွာလူကြီး ဖြစ်သည့်အတိုင်း ခရစ်ယာန်ဘက်မှသော်လည်းကောင်း၊ ဗုဒ္ဓဘာသာဘက်မှသော်လည်းကောင်း ကိစ္စရပ်များတွင် ဆောင်ရွက်ပေးရ၏။ နှစ်ဖက်သော ဘာသာရေးမှ ပုဂ္ဂိုလ်များ အိမ်သို့လာရောက်သည့်အခါ ဧည့်ခံကျွေးမွေးကြရသည်။ ဦးလှောင်တို့သည် ချမ်းသာကြွယ်ဝသူများ မဟုတ်သောကြောင့် ကြာလာသော် စီးပွားရေး ထိခိုက်လာ၏။
ထိုကြောင့် လင်မယားနှစ်ယောက်စလုံးဘာသာတစ်ခုတည်း ကိုးကွယ်ရန် တိုင်ပင်ကြ၏။ ထိုအခါ မယားဖြစ်သူသည် ဦးလှောင်အား ခရစ်ယာန်ဘာသာသို့ ဝင်စေချင်၏။ ဦးလှောင်ကလည်း ဇနီးဖြစ်သူအား ဗုဒ္ဓဘာသာသို့ ဝင်စေချင်၏။ ထို့သို့ လင်မယားနှစ်ယောက်တို့သည် လုံးလည်လိုက်နေလေသည်။
ထိုအခါ မယားဖြစ်သူက ခရစ်ယာန်ဓမ္မဆရာဖြစ်သည့် ဦးရွှေအောင်ကို အကူအညီတောင်း၏။ ထိုအခါ ဦးရွှေအောင်သည် ဦးလှောင်ဆီသို့ ညဘက်တွင်လာ၍ တရားဟော၏။ ထိုသို့ တရားဆွေးနွေးဟောပြောသည်မှာ ရက်၊ လ၊ နှစ်ပင် ချီကြာခဲ့၏။ ဦးလှောင်သည်လည်း ခရစ်ယာန်ဘာသာသို့ ဝင်ရောက်လိုစိတ် မရှိခဲ့ပေ။[၁]
ဦးလှောင်၏ အတွေး
တစ်ခုသောနေ့တွင် ဦးရွှေအောင်သည် ဦးလှောင်တို့အိမ်သို့ ရောက်လာ၏။ ထိုအခါ ဦးလှောင်က “မိမိတို့နှစ်ဦး ဒီအတိုင်းဆက်လက်ဆွေးနွေးနေပါက အဖြေထွက်မည်မဟုတ်ပေ။ မိမိတို့နှစ်သက်ရာ ဗုဒ္ဓဘာသာဘက်မှ တစ်ယောက်၊ ခရစ်ယာန်ဘက်မှတစ်ယောက်ကို အပြိုင်အဆိုင် ပြောပါစေ။ ထိုအခါ အဖြေတစ်ခုခုတော့ ထွက်မှာပဲ” ဟု မိမိ၏ အကြံကို ပြောပြ၏။
ထို့နောက် မိမိတို့ဘက်မှ လာရောက်ဟောပြောမည့်သူများအတွက် ကုန်ကျစရိတ်ကို မိမိတို့ဘာသာ တာဝန်ယူရမည်ဟု တိုင်ပင်ညှိနှိုင်းကာ သဘောတူကြလေ၏။ ဤသို့ပင် “ကျောက်ကွင်းအရေးတော်ပုံ” ဖြစ်လာရလေသည်။[၁]
စာချုပ်ပြုလုပ်ခြင်း
ဦးရွှေအောင်နှင့် ဦးလှောင်သည် သဘောတူညီပြီးနောက် ရွာထဲမှ ဗုဒ္ဓဘာသာဝင်လူကြီးများကို ခေါ်ခိုင်းလိုက်၏။ ထို့နောက် ခရစ်ယာန်ပရိသတ်၊ ဗုဒ္ဓဘာသာပရိသတ်ရှေ့တွင် အောက်ပါအတိုင်း စာရွက်ပေါ်တွင် သဘောတူညီချက်များကို စာချုပ်ရေးထိုးသည်။ ဗုဒ္ဓဘာသာဝင်ဘက်မှ ဦးလှောင်၊ ခရစ်ယာန်ဘက်မှ ဦးရွှေအောင်တို့က အသီးသီးလက်မှ ရေးထိုးကြ၏။ စာချုပ်တွင် ပါဝင်သည့်အချက်များမှ အောက်ပါအတိုင်း ဖြစ်သည်။
- ကျောက်ကွင်းရွာသူကြီး ဦးလှောင်အပါအဝင် ဗုဒ္ဓဘာသာဝင်များနှင့် ၎င်းရွာနေ ဓမ္မဆရာဦးရွှေအောင်ပါ ခရစ်ယာန်များက အောက်ပါအတိုင်း သဘောတူ စာချုပ်ပြုလုပ်၍ လက်မှတ်ရေးထိုးကြသည်။
- ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာနှစ်မျိုး၌ မည်သည့်တရားက ကောင်းသည် မှန်သည်ကို ယှဉ်ပြိုင်ဟောပြောပွဲကို ကျင်းပရန်။
- ပြိုင်ပွဲပြုလုပ်ရန် ကျောက်ကွင်းရွာ၏ အနောက်ဘက်လယ်ကွင်းကြီးထဲ၌ မဏ္ဍပ်တစ်ခုထိုးရန်။
- ထိုဏ္ဍပ်ထိုးရန်အတွက် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များက အညီအမျှ ထက်ဝက်စီအကုန်အကျခံရန်။
- မဏ္ဍပ်ကို ၁၅ ပင်၊ ၁၄ ခန်း ထိုးကြရန်။ ခရစ်ယာန်တို့က ၇ ခန်း၊ ဗုဒ္ဓဘာသာတို့က ၇ ခန်းစီ အညီအမျှ ပြုလုပ်ကြရန်။
- ခေါင်းဆောင်ဖိတ်ကြားသော ဘာသာဆိုင်ရာ ဆရာများကို ဗုဒ္ဓဘာသာအတွက် ဗုဒ္ဓဘာသာဝင်တို့က စရိတ်ခံ၍၊ ခရစ်ယာန်ဘာသာအတွက် ခရစ်ယာန်ဘာသာဝင်တို့က စုပေါင်းကျခံရန်။
- မိမိတို့အဖွဲ့ သဘောကျရာဆရာများကို မိမိတို့သဘောအတိုင်း ကြိုက်နှစ်သက်သလို ရှာဖွေခေါ်ဆောင်ကြရန်။
- ဟောပြောသောအခါ ဟောပြောချိန်နာရီကို အညီအမျှထား၍ ဟောပြောကြစေရန်။
- ထိုသို့ ပြောပြီးသော်အခါ တစ်ဖက်မှ တစ်ဖက်ဘာသာသို့ တစ်အိမ်ထောင်တိတိ ကူးပြောင်းကြောင်း ကြေညာနိုင်လျှင် ထိုသို့ကြေညာနိုင်သောဘက်က နိုင်သည်ဟု ဆုံးဖြတ်ရန်။
- ရှုံးသောဘာသာဘက်မှ လူကြီးများက နိုင်သောဘက်က လူကြီးများသို့ ငွေကျပ်ငါးဆယ်တိတိ ပေးရန်။
- ငါးဆယ်အနိုင်ရရှိသောဘက်က ထိုငွေဖြင့် အောင်ပွဲအဖြစ် ရွာပြင်၌ ဇာတ်ပွဲက၍ ရွာရှိလူကုန် ပွဲကြည့်ကြစေရန်။
- ယှဉ်ပြိုင်ဟောပြောပွဲကြီး ကျင်းပမည့်ရက်ကို ခရစ်သက္ကရာဇ် ၁၉၃၆ ခုနှစ်၊ မေလ (၁) ရက်နေ့( မြန်မာသက္ကရာဇ် ၁၂၉၈ ခု၊ ကဆုန်လဆန်း (၁၂) ရက်) သောကြာနေ့ကို သဘောတူသတ်မှတ်ရန်။
- ယခုသတ်မှတ်သော ပွဲနေ့တွင် ခေါင်းဆောင်တရားဟောဆရာ မလာနိုင်သောဘက်မှ အရှုံးဖြစ်သည်။
စသည့်အချက်အလက်များ ပါဝင်သည့်စာချုပ်ကို ချုပ်ဆိုသည့်နေ့မှာ မြန်မာသက္ကရာဇ် ၁၂၉၇ ခု၊ နှောင်းတန်ခူးလဆန်း (၁၄) ရက် (ခရစ်သက္ကရာဇ် ၁၉၃၆၊ ဧပြီလ ၄ ရက်နေ့) စနေနေ့ ဖြစ်သည်။[၁]
ဟောပြောမည့်သူ ရှာဖွေကြခြင်း
ထိုသို့ သဘောတူညီမှု ရရှိပြီးနောက် နှစ်ဖက်ဘာသာမှ ယှဉ်ပြိုင်ပြောဆိုမည့်သူများကို ရှာဖွေကြ၏။ ထိုသို့ ရှာဖွေရာတွင် မြို့ကြီးများရှိ ကျမ်းတတ်ပုဂ္ဂိုလ်အကျော်အမော်တို့ကို ရှာဖွေကြ၏။ ယှဉ်ပြိုင်ပြောဆိုမည့်သူများသည် မိမိတို့ဘာသာကို တတ်ကျွမ်းနာလည်နေရုံမျှဖြင့် မပြီးပေ။ တစ်ဖက်ဘာသာကိုလည်း နားလည်တတ်ကျွမ်းပါမှ ဖြစ်မည့်အတွက် နှစ်ဖက်စလုံး အသည်းအသန် ရှာဖွေကြလေသည်။[၁]
ခရစ်ယာန်
ခရစ်ယာန်တို့ဘက်မှ ဟောပြောမည့်သူစာရင်း ပေါ်ထွက်လာ၏။ ထိုစာရင်းတွင် ပါဝင်သူများမှာ ဦးရွှေမှန်၊ ဦးသာဒင် (ရန်ကုန်)၊ ဦးသာဒင် (မန္တလေး) တို့ ဖြစ်ကြသည်။ ထိုသုံးဦးစလုံးသည် ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသွားသူများ ဖြစ်၏။ ထို့ပြင် ပိဋကတ်ကို ထုံးလိုချေ ရေလိုနှောက် ပြောဆိုနိုင်၏။ သုံးဦးစလုံးသည် ဘုန်းကြီးလူထွက်များ ဖြစ်ပေသည်။[၁]
ဗုဒ္ဓဘာသာ
ခရစ်ယာန်ဘာသာဝင်တို့ဘက်မှ ဟောပြောမည့်သူများ ပေါ်ထွက်လာသော်လည်း ဗုဒ္ဓဘာသာဘက်တွင်မူ ဟောပြောမည့်သူ ရှာမရသေးပေ။ အစပထမတွင် ဦးရွှေလှောင်တို့ဘက်မှ ပေါ့ဆခဲ့၏။ နောက်ပိုင်း ပိဋကတတ်တစ်ခုတည်း တတ်နေရုံဖြင့် မရသည်ကို ရိပ်မိခဲ့သည်။ ကျောက်ကွင်းရွာအနီးတွင် အလိုတော်ရရွာ ရှိ၏။ ထိုရွာတွင် အလိုတော်ရဂိုဏ်း၏ ဂိုဏ်းချုပ်ဆရာတော်ရှိ၏။ ထိုဆရာတော်အား အကူအညီတောင်း၏။ အလိုတော်ရဂိုဏ်းတွင် ပိဋကတ်ကိုသာ ကျွမ်းကျင်သည့်ဆရာတော်များသာ ရှိပေရာ အဆင်မပြေဘဲ ဖြစ်နေ၏။ ဤသို့ဖြင့် ဆရာတော်က တာဝန်ယူကာ ယှဉ်ပြိုင်မည့်သူကို ရှာဖွေ၏။
ထိုအခါ ရန်ကုန်မှ ဆရာတော်အချို့က ဓမ္မကထိက ဦးဉေယျကို ပင့်ရန် ပြောကြား၏။ ဦးဉေယျသည် ထိုအချိန်တွင် လောကမျက်မှန်စာစောင်တွင် ခရစ်ယာန်ဘာသာကို ရှုတ်ချသည့် စာပေများ ရေးသား၍ လူသိများ၏။ ဦးဉေယျအား ယှဉ်ပြိုင်ပေးပါရန် တောင်းဆိုသော်လည်း ဦးဉေယျထံမှ မည်သည့်ပြန်ကြားမှုမျိုးမှ မပြုလုပ်ခဲ့ပေ။
ဤသို့ဖြင့် ဦးဉေယျက အကြောင်းမပြန်သဖြင့် အလိုတော်ရဂိုဏ်းချုပ်ဆရာတော်သည် ရတက်မအေး ရသေးပေ။ သို့သော် တစ်နေ့တွင် အောင်လံမြို့၊ ဗုဒ္ဓသာသနာပြုကျောင်း ကျောင်းအုပ်ဆရာတော် အရှင်မဟာနန္ဒသည် ကိစ္စတစ်ခုဖြင့် ဝက်ထီးကန်သို့ ရောက်လာ၏။ ထိုအခါ ပြိုင်ပွဲ၏ သတင်းကို ကြားသဖြင့် သေချာစုံစမ်းရာ ဗုဒ္ဓဘာသာဘက်မှ ယှဉ်ပြိုင်မည့်သူမရှိ ဖြစ်နေသည်ကို သိလေ၏။ ထိုအခါ အရှင်မဟာနန္ဒသည် အလိုတော်ရဂိုဏ်း ဆရာတော်အား ထိုကိစ္စအတွက် ဟောပြောမည့်သူကို စိတ်မပူရန် ပြော၏။ ထို့နောက်မှ အရှင်ဥက္ကဋ္ဌသည် ကျမ်းဂန်တက်ကျွမ်းနှံ့စပ်သူ ဖြစ်ကြောင်း ပြောပြလေ၏။
ထို့နောက် အရှင်မဟာနန္ဒသည် အရှင်ဥက္ကဋ္ဌထံသို့သွားကာ ကျိုးကြောင်းကုန်စင် ပြောပြ၏။ အရှင်ဥက္ကဋ္ဌလည်း ပါဝင်ယှဉ်ပြိုင်ရန် သဘောတူလက်ခံလိုက်၏။ ဤသို့ဖြင့် ဗုဒ္ဓဘာသာဘက်မှ ပါဝင်ယှဉ်ပြိုင်မည့်သူ ပေါ်ထွက်လာခဲ့ပေသည်။[၁]
ပြိုင်ပွဲအစီအစဉ်နှင့် ပါဝင်သူများ
ပြိုင်ပွဲကို အောက်ပါစဉ်းမျဉ်းများအတိုင်း ကျင်းပရန် နှစ်ဦးနှစ်ဖက် သဘောတူညီကြ၏။
- နံနက် (၇) နာရီတွင် ယှဉ်ပြိုင်ပွဲကို စရန်။
- သဘာပတိအနေဖြင့် ခရစ်ယာန်ဘက်က တစ်ဦး၊ ဗုဒ္ဓဘာသာဘက်က တစ်ဦး၊ နှစ်ဦးတင်ရန်။
- ၇ နာရီမှ ၇ နာရီ ၁၅ မိနစ်အထိ ခရစ်ယာန်ဘက်မှ သဘာပတိ မိန့်ခွန်းပြောရန်။
- ၇ နာရီ ၁၅ မိနစ်မှ ၇ နာရီ ၃၀ မိနစ်အထိ ဗုဒ္ဓဘာသာဝင် သဘာပတိက မိန့်ခွန်းပြောရန်။
- ၇ နာရီ ၃၀ မိနစ် မှ ၈ နာရီ ၁၅ မိနစ်အထိ ခရစ်ယာန်တို့ဘက်မှ ဗုဒ္ဓဘာသာကို ဝေဖန်ပြောကြားရန်။
- ၈ နာရီ ၁၅ မိနစ် မှ ၉ နာရီအထိ ဗုဒ္ဓဘာသာဘက်မှ ခရစ်ယာန်ဘာသာကို ဝေဖန်ပြောကြားရန်။
- ၉ နာရီ မှ ၁၂ နာရီအထိ ဟောပြောပွဲကို ရပ်နားရန်။
- နေ့လယ် ၁၂ နာရီတွင် ဟောပြောပွဲကို ပြန်လည်ဖွင့်လှစ်ရန်။
- ၁၂ နာရီ မှ ၂ နာရီအထိ ဗုဒ္ဓဘာသာဘက်မှ ဝေဖန်ပြောကြားရန်။
- ၂ နာရီ မှ ၄ နာရီအထိ ခရစ်ယာန်ဘက်မှ ဝေဖန်ပြောကြားရန်။
- ညနေ ၄ နာရီတွင် နှစ်ဖက်သဘာပတိများ လက်မှတ်ရေးထိုးထားသော ဟောပြောပွဲ ရုပ်သိမ်းစာကို ဖတ်၍ ဟောပြောပွဲကြီး ပြီးကြောင်း ကြေညာရန်တို့ ဖြစ်သည်။[၁]
ယှဉ်ပြိုင်ခြင်း
အထက်ပါ အစီအစဉ်များအတိုင်း ပြိုင်ပွဲကို ကျင်းပကြသည်။ နှစ်ဖက်သော ပြိုင်ဆိုင်သူများသည် အမျိုးမျိုးသော ကျမ်းဂန်တို့တွင် ပါရှိသည့် ယုတ္တိရှိသော အချက်အလက်များကို အဓိကထားတိုက်ခိုက်ပြောကြားကြသည်။[၁]
အနိုင်အရှုံး
အရှင်ဦးဥက္ကဋ္ဌ ဦးဆောင်သော ဗုဒ္ဓဘာသာဘက်မှ အနိုင်ရရှိခဲ့သည်။[ကိုးကားချက်လိုသည်]
ကိုးကား
ကဏ္ဍ:
- ဤစာမျက်နှာကို ၁၂ ဇူလိုင် ၂၀၂၄၊ ၀၆:၁၂ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။
- စာမျက်နှာကို Parsoid ဖြင့် လုပ်ဆောင်ထားပါသည်
သျှင်ဥက္ကဌ -ကာ လာမသုတ် ၁ … https://youtu.be/7CMMg7-xcyk?si=21jIzITLw1deZV9V။ ၃… https://youtu.be/FPsujN0uP6A?si=zn1zd3hTPO4y-tSP။ ၄… https://youtu.be/WA_j264P77o?si=CSPZqAHJMZpLUzMB
ကာ လာမသုတ်- အနေျစ်ချုပ် တရားတော် ၌ါ/ချုပ်ဆရာတော် https://youtu.be/qY9vYLB_RNM?si=z7z03oxsegY1PExI
ကာ လာမသုတ်- ရှင်းတမ်း အ ဆရာဦးဆနိးလင်း ( ဆည် မြောင်း ) အစ အဆုံး https://youtu.be/SCpKeFG_rzI?si=GHQujmalpxOjmq2O။ https://youtu.be/FhbqLLY88n0?si=TWusWEPd-Zo-O4cN။ 39:12 အပိုင်း (၁ ) … https://youtu.be/yEXPSeSkHbw?si=4_DUSHG1zs4R_6dV. အပိုင်း ( ၂) https://youtu.be/Alkpobu8efs?si=5blG8P_jxPf_g-ms။ https://youtu.be/Alkpobu8efs?si=5blG8P_jxPf_g-ms။ အပိုင်း (၃ ) … https://youtu.be/5FzYUK80TZU?si=Ee0w4nOeJDUBgbmM
ဆရာတော် သျှင်ဥက္ကဋ္ဌ၏ မိဘမျိုးရိုးဇာတိမှာ မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့ မြောက်ဘက် (၁၆)မိုင်အကွာရှိ မြို့သစ်မြို့မှ ဖြစ်သည်။ အင်္ဂလိပ်မြန်မာ နောက်ဆုံးစစ်ပွဲ၏ ဒဏ်ရာဒဏ်ချက်ဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရစဉ် တောင်တွင်းကြီးမြို့၏ အရှေ့မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ ဆီမီးထွန်းရွာငယ်တွင် ၁၂၅၉ ခုနှစ်တော်သလင်းလဆုတ် (၉)ရက် (၁၈၉၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်) တနင်္ဂနွေနေ့နံနက် (၄)နာရီအချိန်တွင် ဖွားမြင်သည်။ အဖ မွန်းရွှေထပ် ၊ အမိ မယ်လှဝါ တို့၏ သားသမီးငါးယောက်အနက် အငယ်ဆုံးဖြစ်သည်။ မွေးချင်းပေါက်ဖော်တို့မှာ ကိုပေါ၊ ကိုမင်းဟန်၊ ကိုဂေါ်ရာ၊ မဖွားမုန်း နှင့် ဆရာတော်လောင်းလျာ ကိုအောင်ဇံထွန်း တို့ဖြစ်ကြသည်။
ဆရာတော်အား ၁၉၆၃၊ ဇူလိုင် ၁၄ ရက်နေ့တွင် ပကာသနိယကံ ပြုခဲ့ကြသည်။ ၁၉၈၀ အထူးဝိနိစ္ဆယခုံရုံး အမှတ် ၂ ဆုံးဖြတ်ချက်အရ ဆရာတော်၏လူသေလူဖြစ်ဝါဒကို ဖျက်သိမ်းစေခဲ့သည်။
ငယ်ဘဝ
သူငယ်တော်ဘဝ၏ထူးခြားချက်မှာ အလွန်ဆော့သည်။ အငြိမ်မနေ အမြဲလှုပ်ရှားနေတတ်သည်။ ၂ နှစ်သားအရွယ်တွင် အိမ်နီးချင်းကစားဖော်တစ်ဦးနှင့် ဓားလုကြရာ တစ်ဘက်ကလေးမှ ခုတ်လိုက်သဖြင့် နဖူးတွင် သေရာပါအမာရွတ်ကြီးရှိသည်။ ထို့နောက် လှည်းနှင့်အလှူလိုက်သွားရာ မိခင်ဖြစ်သူမှာ လှည်းပေါ်မှ လက်တစ်ဖက်ကိုဆွဲ၍ချလိုက်ရာ လက်မောင်းရင်းအဆစ်လွဲသွားပြီး လက်ဝဲဘက်လက်မှာ ယောင်ယောင်သိမ်နေသည်။
သာမဏေဘဝ
၇ နှစ်သားအရွယ်တွင် ရွာ၏တောင်ဘက်ရှိ ရတနာပင်စည်တောရရိပ်သာသို့ ပို့ဆောင်အပ်နှံ ပညာသင်ကြားသည်။ ကံ့ကူလက်လှည့်ငယ်ဆရာမှာ ဆရာတော်ဦးရာဇိန္ဒဖြစ်သည်။ (၈) နှစ်သားတွင် ရှင်ပြု၍ သာမဏေဘောင် သွတ်သွင်းသည်။ အသက် (၁၀)နှစ်သားတွင် သဒ္ဒါကြီး ရှစ်ဆောင်နှင့်တကွ သင်္ဂြိဟ်ကျမ်းပါ အာဂုံဆောင်နိုင်သည်။ သာမဏေဘဝတွင် နေ့စဉ်နံနက်စောစောတွင် တောင်တွင်းမြို့တွင်းသို့ ဆွမ်းခံဝင်ရသည်။ နေ့ပိုင်းတွင် စာအံရသည်။ ညနေပိုင်းတွင် အနောက်ဘက်တစ်ကျောင်းခြားရှိ ငှက်ပစ်တော်တောရမှ ဟံသာဝတီ သတင်းစာကို ယူပြီး ဆရာတော်ကြီးအား ဖတ်ပြရသည်။ ထို့ကြောင့်လည်း ထိုစဉ်ကစ၍ ဗမာ့ရေးရာ၊ ကမ္ဘာ့ရေးရာ၊ ဝံသာနုအရေး၊ ရုရှား-ဂျပန်စစ်ပွဲ၊ ပထမကမ္ဘာစစ်ပွဲကြီးများ စသော အရေးအခင်းများကို အာရုံသက်ဝင် ရင်းနှီးခဲ့သည်။ မြို့တွင်းဆွမ်းခံရာမှအပြန် ကန်ဘောင်ရိုးတွင် နံနက်ခင်းတိုင်း လမ်းလျှောက်လေ့ရှိသော အင်္ဂလိပ် မျက်နှာဖြူ သစ်တောဝန်ထောက် ဇနီးမောင်နှံတို့နှင့် နေ့စဉ်တွေ့ရှိရင်းနှီးခင်မင်ရာမှအစ ရှင်ကျင့်ဝတ်နှင့် သင်ကြားရသော ပညာရပ်များအကြောင်းကို ပြောပြယင်း နောက်ပိုင်းတွင် ဆရာတော်ကြီးထံမှောက် အရောက် ခေါ်ဆောင်သွားကာ ဗုဒ္ဓဘာသာအဖြစ် သက်ဝင်လက်ခံလာသည်အထိ ဆောင်ရွက်ခဲ့သည်။ ရဟန်းဘဝရောက်သည်အထိ အဆက်အသွယ်မပြတ် လေးစားကြည်ညိုလျက် ရှိသည်။
အသက် ၁၁ နှစ်သားတွင် ပညာဆက်လက်သင်ကြားရန် မန္တလေးသို့ပို့သည်။ ထိုစဉ်က မန္တလေးအရှေ့ပြင် အင်းကန်းတိုက် (မဟာဝိသုဒ္ဓါရာမတိုက်သစ်ဟောင်း) တွင် ဦးကြီးတော်စပ်သူ ဦးသုဒ္ဓမှာ တိုက်အုပ်ဖြစ်ခါစ၊ အစ်ကိုတစ်ဦးမှာ ဦးတေဇောဘာသအမည်ဖြင့် စာချပုဂ္ဂိုလ်အဖြစ်ရှိနေသည်။ အင်းကန်းတိုက်တွင် လအနည်းငယ်နေထိုင် စာလိုက်ပြီး အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သို့ ပြောင်းရွှေ့နေသည်။
မဟာဝိသုဒ္ဓါရုံတိုက်တွင် စာချဆရာတော် ဦးမာဂဝထံ သုံးနှစ်တိုင်တိုင် ဆည်းကပ်စာလိုက်ရာ ပိဋကတ်သုံးပုံကို နှုတ်ဂုံဆောင်နိုင်သည်အထိ ပေါက်မြောက်ခဲ့သည်။ ရွှေကျင်ဂိုဏ်းကြီး၏ ဦးစီးခေါင်းကိုင် သာသနာပိုင်ဖြစ်သော မဟာဝိသုဒ္ဓါရုံဆရာတော်ကြီး၏ ခြေရင်းသို့ ဝပ်စင်းချဉ်းကပ်ကာ ပညာရေနို့ သောက်စို့ခဲ့ရရုံမက ဆရာတော်ကြီး၏ ဆွမ်းကပ်ကွမ်းကပ်နီးစပ်သော အလုပ်အကျွေးလည်းဖြစ်ခဲ့သည်။ ထိုစဉ် ဒီပဲရင်းဆရာတော် အလုံဆရာတော် သရိုင်ဆရာတော် ကလေးဝဆရာတော်ကြီးများစသော ရွှေကျင်ဂိုဏ်းဆိုင်ရာဆရာတော်ကြီးများနှင့် ရင်းနှီးဆုံးမမှုများကို ခံယူခဲ့ရသည်။
သက်တော် ၁၃ နှစ်သား သာမဏေငယ်ဘဝတွင် ပိဋကရေးရာ သင်အံကုန်ဆုံးနေပြီး အခြားဗဟုသုတဖြစ်ဖွယ်ရာများကို ဆက်လက်ဆည်းပူးရင်း သာသနာပိုင် ဆရာတော်ဘုရားကြီးထံတွင် ပျံလွန်တော်မူချိန်အထိ နေထိုင်ခဲ့သည်။ ယင်းသို့နေထိုင်စဉ် စာသင်သံဃာတော်ငါးရာကျော်တို့ရှေ့တွင် ဆရာတော်ကြီးနှင့် စာမေးစာလျှောက်ပြုလုပ်ရသည်။ ရွှေကျင်ဂိုဏ်းကြီး၏ ထူးခြားချက်များတွင် ဆရာတော် သျှင်ဥက္ကဋ္ဌ လောင်းလျာသာမဏေငယ်၏ စွယ်စုံမြောက်ထူးခြားပုံကို ရွှေကျင်သာသနာဝင်ကျမ်းနှင့် စံကင်းဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကျမ်းများတွင် အထင်းအရှားဖော်ပြ၍ ထားသည်။
ဆရာတော်ဘုရားကြီးပျံလွန်တော်မူသောအခါ မန္တလေးမြို့ အနောက်ပြင်ချမ်းသာကြီးတိုက်သို့ ပြောင်းရွှေ့နေထိုင်ကာ ဆင်တဲဆရာတော်ကြီးခင်မကန်တိုက် စာချဆရာတော်ဦးသီလာစာရ၊ ဦးရေဝတ၊ နှင့် တကွခေမာသီဝံဆရာတော်တို့ ထံ ဆက်လက်စာလိုက်ခဲ့ပြီး ဆက်လက်၍ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်တွင် ဆရာတော် ဦးပညာ၊ ဆရာတော် ဦးဇဝန ဆရာတော် ဦးနန္ဒဝံသတို့ထံတွင် နှံ့စပ်ကုန်လွန်အောင် စာလိုက်ခဲ့သည်။ လောကရေးရာ ဗဟုသုတများကိုလည်း ရန်ကုန် မန္တလေး အထက်အောက်တခွင်တွင် လှည့်လည်လေ့လာသည်။ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ အဂ္ဂိရတ်ကျမ်း၊ ကဗျာလင်္ကာများကိုလည်း ဆက်လက် လေ့လာသည်။ ထို့ကြောင့်လည်း ရှင်သာမဏဘဝဖြင့် စိန်တင့်ကြီးဝတ္တုကို စတုတ္ထတွဲအထိ ရေးသားထုတ်ဝေခဲ့သည်။ သက်တော် ၁၇နှစ်သားအရွယ်တွင် မဟာဝိသုဒ္ဓါရုံ ဒုတိယသာသနာပိုင်ဆရာတော်ကြီး၏ စေလွှတ်ချက်အရ ရွှေဘိုမန်ကျည်းတန်းကျောင်းတွင် သာမဏေဘဝနှင့် နှစ်ဝါစာချခဲ့သည်။ ထို့နောက် တောင်တွင်းကြီးမြို့သို့ ပြန်ကာသာမဏေဘဝနှင့် နောက်ဆုံး ရတနာပင်စည်ကျောင်းတွင် တစ်ဝါဆိုပြီး ရဟန်းခံခဲ့သည်။
ရဟန်းဘဝ
ရဟန်းဒါယကာမမှာ တောင်တွင်းကြီးမြို့ မောင်တိုင်ရပ် ကန်တော်မင်းကျောင်းလမ်းမှ ဒေါ်ဖွားဖြစ်ပြီး ရှေ့အစဉ်အလာအရ ရှင်မဟာသီလဝံသသိမ်ဟုသမုတ် ထင်ရှားရာ ရတနာပင်စည်ကျောင်း၏ အရှေ့ဘက် (ယခုလမ်းဘေးရှိ) သိမ်တွင် ရတနာဗိမာန်ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းခံခဲ့သည်။ ရဟန်းဘဝ ပထမဝါကို မိဘဆွေမျိုးများအား ကျေးဇူးပေးဆပ်သည့်အနေဖြင့် မြို့သစ်မြို့ သရက်တောကျောင်းတွင် ဝါဆိုနေထိုင်ခဲ့သည်။ ဝါကျွတ်လျှင် မန္တလေးမြို့သို့ပြန်ကြွပြီး တောင်ပြင်ရွှေရေးဆောင်တိုက်တွင် နေထိုင်လျှက် စာချနာမည်ကြီးဆရာတော် ဦးကြည်ထံ စာဆက်လိုက်သည်။ ထို့နောက် ငယ်စဉ်က အတူတူနေခဲ့ဖူးသော ဓမ္မကတိက ဦးဝိစိတ္တ၏ ပင့်ဆောင်ချက်အရ ပဲခူးကြခတ်ဝိုင်းကျောင်းတွင် ၂ ဝါ စာချခဲ့သည်။ ကြခတ်ဝိုင်းကျောင်းတွင် စာချစဉ် ဦးပဉ္ဇင်းကလေးငယ်ငယ် နှစ်ဝါတည်းနှင့် စာကြီးပေကြီးတွေ ချပေးနေသည်ဟုဆိုကာ တမင်လာရောက်ကြည့်ကြသည့် အခြေအနေသို့ရောက်ခဲ့သည်။ ပဲခူးကြခတ်ဝိုင်းကျောင်းတွင် စာချရင်း သီဟိုဠ်ကျွန်းမှ ပြန်ကြွလာသော သထုံသားဘုန်းကြီး ဦးပါမောက္ခနှင့်တွေ့ရှိ၍ အင်္ဂလိပ်စာကို စသင်သည်။ သုံးလကြာ အင်္ဂလိပ်သင်ခန်းစာ ဒုတိယအုပ်သင်ကြားအပြီး၌ ဦးပါမောက္ခ လူထွက်သွားသဖြင့် အာသာမမြောက် ဆက်တငင့်ငင့်နှင့် ကျန်ရစ်ခဲ့သည်။
ကြခတ်ဝိုင်းကျောင်းတွင် နှစ်နှစ်မျှနေထိုင်ပြီး ကမာစဲရွာတွင် ဒေါ်ငြိမ်းဦး၊ ဒေါ်အေး၊ ဦးစံနွမ်းတို့၏ ပင့်လျှောက်ချက်အရ တစ်ဝါ သီတင်းသုံးနေထိုင်ပြီး ထိုမှ အိန္ဒိယသို့ကြွသွားသည်။ အိန္ဒိယနိုင်ငံသို့မကြွမီအရှင်ဥက္ကဋ္ဌသည် မြန်မာနိုင်ငံ စာနယ်ဇင်းများတွင် စာပေများရေးသားသည့် အပြင်စိန်တင့်ကြီးဝတ္ထုလေးတွဲကိုလည်း ရေးသားထုတ်ဝေခဲ့သည်။
အိန္ဒိယသို့
အိန္ဒိယသို့ကြွရန် စောစောပိုင်းကတည်းက မြို့သစ်မှ ဆွေမျိုးသားချင်းများ၊ ကမာစဲမှ ဒါယကာ ဒါယိကာမများထံမှ လစဉ် မူးစုပဲစု စုဆောင်းထောက်ပံ့ရန် စီစဉ်ခဲ့သည်။ ကိုယ်တိုင်လည်း ရန်ကုန် မန္တလေး စုန်ဆန်ကာ ထိုစဉ်က ထုတ်ဝေလျက် ရှိသော မဂ္ဂဇင်းဂျာနယ်များတွင် ဆောင်းပါးစာပေများ ရေးသားခြင်းဖြင့် စုဆောင်းခဲ့သည်။ အင်္ဂလိပ်စာသင်ခန်းစာ ဒုတိယအုပ်မျှသင်ကြားဖူးသော ရဟန်းငယ် ရှင်ဥက္ကဋ္ဌသည် အိန္ဒယသို့ သင်္ဘောခရီးဖြင့် သုံးရက်ကြာသွားရရာ လမ်းခရီးတွင် ဦးထွန်းငြိမ်းအဘိဓာန်ဖြင့် မီးနင်းစာလုံး ၅၅၀ နှုန်း အာဂုံဆောင် အရကျက်သွားခြင်းဖြင့် အသင့်စီစဉ်သွားသည်။ အိန္ဒိယသို့ရောက်သော် ကာလကတ္တားတွင် အရှင်အာဒိစ္စဝံသ အရှင်သေဋ္ဌိခလတို့နှင့် ၉ရက်ကြာ အတူနေထိုင်ပြီး ဗုဒ္ဓဂါယာသို့ကြွသွားသည်။ တိုက်တိုက်ဆိုင်ဆိုင် ဗုဒ္ဓဂါယာသို့ ရောက်မဆိုက် ဂါယာကွန်ဖရင့်ကြီးနှင့် ကြုံကြိုက်ပြီး ဧည့်ခံကော်မတီတွင် တာဝန်ကျကာ အိန္ဒိယ မြန်မာ သီဟိုဋ္ဌ် ဗုဒ္ဓဘာသာရေးခေါင်းဆောင်များနှင့် ရင်းနှီးခွင့်ရသည်။ ဗုဒ္ဓဘာသာ သုတေသီ ပညာရှင် အကျော်အမော်များဖြစ်ကြသည့် ဂါယာကွန်ဂရက်ကြီး၏ဥက္ကဋ္ဌ ဆီယာဒတ်စ်ပရာဒတ်စ်၊ ဘင်္ဂါလီခေတ်ပေါ်ပညာရှင် ရှေးဟောင်းပစ္စည်းစောင့်ရှောက်ရေးတာဝန်ခံ ကတ်စ်တိုးရီးယား၊ ရဟန်းဖြစ်ခါနီး ကိုရင်ကြီးဘဝနှင့် ရှိသေးသော ရာဟုလာသံကိစ္စည်း၊ သီဟိုဋ္ဌ်မှ အရှင်အာနန္ဒာကောသလ္လ တို့နှင့် အတူလက်တွဲဆောင်ရွက်ရင်း ရင်းနှီးချစ်ကြည်ခဲ့သည်။
အိန္ဒိယနိုင်ငံ ဗာရာဏသီတွင် သုံးနှစ်၊ လက်ခနောင်းတွင် ၂နှစ် ပန်ဂျပ်ပြည် အမရပ်တာတွင် ၁နှစ်ခွဲမျှနေထိုင်ပြီး အင်္ဂလိပ်၊ ဟင်ဒီ၊ အူရ်ဒူ၊ ဘင်္ဂါလီဘာသာ မျိုးစုံတို့ကို သင်ကြားခဲ့သည်။ တဖက်မှာလည်း ခရစ်ယာန်၊ မဟာမေဒင်၊ ဟိန္ဒူဘာသာရေးမျိုးစုံတို့ကို လေ့လာဆည်းပူးခဲ့သည်။ ဘာသာရေးဆိုင်ရာ အိန္ဒိယပညာရှင်များ၊ ကမ္ဘာ့သုတေသီများနှင့်တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ နှီးနှောခြင်း၊ ရှည်လျားသော ငြင်းခုံခြင်းများကို မပြတ်ပြုလုပ်ခဲ့ခြင်းဖြင့် စွယ်စုံမြောက် မိမိ၏ အရည်အသွေးကို မြှင့်တင်ခဲ့သည်။ ကမ္ဘာ့ဗုဒ္ဓဘာသာကွန်ဖရင့်များ၊ အိန္ဒိယဗုဒ္ဓဘာသာကွန်ဖရင့်များ၊ အစည်းအဝေးများ၊ ဟောပြောပွဲများကို ခေါင်းဆောင်ခဲ့သည်။ ဆက်လက်၍ တစ်နှစ်နီးပါးမျှ အိန္ဒိယနိုင်ငံတဝန်းလုံးလှည့်လည်သာသနာပြုခဲ့သည်။ ဘင်္ဂါလီ ဗုဒ္ဓဘာသာလောက၊ တမီလ်ဗုဒ္ဓဘာသာလောကတွင် ထင်ရှားသော ပုဂ္ဂိုလ်အဖြစ် ရောက်ရှိပြီး ဝိသုဒ္ဓိမဂ်၊ ကထာဝတ္ထုတို့ကို အင်္ဂလိပ်ဘာသာပြန်ဆိုထုတ်ဝေခြင်း၊ ဓမ္မပဒကို အူရ်ဒူ ဘာသာပြန်ဆို ထုတ်ဝေခြင်းများ ပြုလုပ်ခဲ့သည်။ လက်ခနောင်းမြို့တွင် နေထိုင်စဉ် တနင်္ဂနွေနေ့တိုင်း ညနေ ၆နာရီမှ ၈နာရီအထိ ဗုဒ္ဓဘာသာရေးဆိုင်ရာ သင်တန်းပို့ချသော ဟောပြောပွဲကို စီစဉ်ဆောင်ရွက်သည်။
တချိန်တွင် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ခရစ်ယန်ကွန်ဖရင့်ကြီးနှင့် ကြုံကြိုက်ရာ ထိုကွန်ဖရင့်တွင် ကမကထပြုသူများက ထက်မြက်သူ သျှင်ဥက္ကဋ္ဌအား ခရစ်ဇာတ်ထဲသွင်းရန် ရည်ရွယ်ချက်ဖြင့် ဖိတ်ကြားတတ်ရောက်ခဲ့စေရာ ခရစ်ယာန်နှင့်ပတ်သက်သော စောဒကမေးခွန်းမြောက်မြားစွာမေးခဲ့သည်။ ခရစ်ယာန်ခေါင်းဆောင်များ မဖြေနိုင်ကြသည့်အဆုံး (တကယ့် မာရ်နတ်) စေတန်ဟု သမုတ်ကာ ပထမဆုံး အိန္ဒိယခရစ်ယာန်ဂိုဏ်းပေါင်းစုံက ပကာသနီယကံပြုခြင်းခံခဲ့ရသည်။ အိန္ဒိယတွင် (၇)နှစ်ကျော်မျှ နေထိုင်ခဲ့စဉ် ဘာသာမျိုးစုံကို ပါရဂူမြောက် ကျွမ်းကျင်တတ်မြောက်ခြင်း၊ အဓိက ဘာသာရေးကြီး (၄)ဘာသာကို ထိုဘာသာဆိုင်ရာ ဘုန်းကြီးများ၊ ပဏ္ဍစ်များ၊ မော်လဝီများကဲ့သို့ ကျွမ်းကျင်မှုအခြေခံကို ရခဲ့သည်။ ဒေသန္တရဘာသန္တရစုံလင်စွာဖြင့် ကမ္ဘာ့ပညာရွှေအိုးကြီးဟု အမည်ရသော အိန္ဒိယပြည်မှ ပညာရှင်မျိုးစုံနှင့် တွေ့ဆုံရင်းနှီးပြီး မြန်မာနိုင်ငံသို့ပြန်ခဲ့သည်။
မြန်မာသို့ ပြန်လာ
မြို့သစ်မြို့တွင် ပြန်လည်၍သီတင်းသုံးကာ အမျိုးသားရေး စိတ်ဓာတ်မြင့်မားရင့်သန်စေမှုအတွက် အင်္ဂလိပ်-မြန်မာဘာသာများကို သရက်တောကျောင်း၌ ကျောင်းဖွင့်သင်ကြားပေးသည်။ ထိုစဉ် တဘက်မှ ဒိုင်အာတီဝံသာနုအကွဲဇာတ်ကြီးနှင့် ကြုံကြိုက်ခဲ့ရာ၊ ဆရာတော်ကျောင်းဖွင့်သည့် သရက်တောကျောင်းမှာလည်း ဝံသာနုဂိုဏ်း၊ ဆရာတော်၏ လုပ်ငန်းမှာလည်း အမျိုးသားတိုးတက်မှုဖြစ်ခြင်းဖြင့် ပိုမိုပြဿနာ ကြီးမားကာ နိုင်ငံရေးလုပ်ကြံမှု၊ ပုဂ္ဂိုလ်ရေးလုပ်ကြံခံရမှု နည်းမျိုးစုံနှင့် ရင်ဆိုင်ရတော့သည်။ အဆုံးတွင် ဗုဒ္ဓဘုရားရှင်၏ သားတော်ရင်းပီပီ ဗုဒ္ဓဘုရားရှင်အား ဘုရားကြီး (၆)ဆူဂိုဏ်းက လုပ်ကြံခဲ့သည့် နည်းမျိုးစုံအလားကဲ့သို့ ရင်ဆိုင်ခံစားခဲ့ရသည်။ ၁၉၃၁-၃၂ ခုနှစ်တွင် တောင်တွင်းကြီးမြို့သို့ပြောင်းရွှေ့ပြီး ဗုဒ္ဓသာသနာပြုကျောင်း (နေရှင်နယ် ခေါ် အမျိုးသားကျောင်း)ကို တည်ထောင်ကာ နှစ်စဉ် ရဟန်းသံဃာ ၂၀၀ ကျော် ကျောင်းသား/ကျောင်းသူ ၇၀၀ ကျော်တို့ကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာ အခြေခံထား၍ သင်ကြားပို့ချပေးသည်။ တဖက်တလမ်းမှ နိုင်ငံတွင်းလှည့်လည်၍ သာသနာပြုခြင်း၊ တရားဓမ္မများ ဟောပြောပို့ချခြင်း၊ ဘာသာရေးဆိုင်ရာဆွေးနွေးပွဲများကျင်းပခြင်း၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်တို့တွင် ဆောင်းပါးစာပေများရေးသားခြင်းတို့ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် နယူးဘားမားဂျာနယ်၊ တိုးတက်ရေးမဂ္ဂဇင်း၊ လယ်တီတရားသတင်းစာ၊ ဟံသာဝတီမဂ္ဂဇင်း၊ စာဆိုတော်မဂ္ဂဇင်း၊ အိန္ဒိယနိုင်ငံထုတ် မဟာဗောဓိဂျာနယ် (en)တို့တွင် မပြတ် စာပေများ ရေးသားခဲ့သည်။ ယင်းဆောင်းပါးများကို အရှင်ဥက္ကဋ္ဌဟူသောအမည် အပြင် မောင်မေတ္တာ’ဘိုးမေတ္တာ ဆာဒူးကြီး စသော ကလောင် အမျိုးမျိုးတို့ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံမှ ထုတ်ဝေသော မဟာဗောဓိဂျာနယ်၌ကား အရှင်ဥက္ကဋ္ဌ ဟူသော အမည်ဖြင့်ပင် ရေးသားခဲ့သည်။ ထို့ပြင် နယူးဘားမား အင်္ဂလိပ်သတင်းစာ၌ ဗုဒ္ဓဘာသာအကြောင်း အင်္ဂလိပ်ဘာသာဖြင့် မေးမြန်းသည်များကိုလည်း အင်္ဂလိပ်ဘာသာဖြင့်ပင် ပြန်လည်ဖြေဆိုခဲ့သည်။
အမျိုးသားရေးတွင် ကျောင်းသား/ကျောင်းသူများ တပည့်များ၊ ကျောင်းမှ ဆရာ/ဆရာမ များ ပတ်ဝန်းကျင် ဒါယကာ ဒါယိကာမများပါ တက်ကြွစွာ စည်းရုံးစုစည်း ထားခြင်းဖြင့် ထိုစဉ်က သခင်အစည်းအရုံးကြီး၏ ဗမာပြည်အလယ်ပိုင်းတွင် အခြေစိုက်ရာ စခန်းကြီးတစ်ခုဖြစ်ခဲ့သည်။ သခင်များ မွေးထုတ်ပေးရာ တော်လှန်ရေးသမား လူငယ်များ မွေးထုတ်ပေးရာ ဖြစ်ခဲ့သည်။ နိုင်ငံရေးခေါင်းဆောင်တိုင်း၏ လဲလျောင်းရာ အခြေစိုက်စခန်းဖြစ်ခဲ့သည်။ အင်္ဂလိပ်အစိုးရများ အုပ်ချုပ်သူ လူတန်းစားများ အလိုတော်ရိများ၊ ဓနရှင်များနှင့် တကျက်ကျက်ရှိခဲ့ပြီး မကြာခဏ စစ်တပ်နှင့် ဝိုင်းခြင်း၊ ကျောင်းသားထဲ ဆရာများထဲမှ အဖမ်းစီးခံရခြင်းများဖြင့် ကြုံခဲ့ရသည်။
ကျောက်ကွင်းအရေးတော်ပုံ
ဘာသာရေးဘက်တွင် ဆရာတော်ကိုယ်တိုင် ဦးဆောင်လျှက် တောင်တန်းသာသနာပြုလုပ်ငန်းများ ပရဟိတ သံဃာ့လုပ်ငန်းများ၊ ဟောပြောပွဲများကို နိုင်ငံနှင့် အနှံ့လုပ်ဆောင်ခဲ့သည်။ အထူးသဖြင့် ၁၉၃၆−ခုနှစ်တွင် ပြည်ခရိုင် ဝက်ထီးကန်နယ် ကျောက်ကွင်းရွာ၌ ခရစ်ယန်နှင့် ဗုဒ္ဓဘာသာဝါဒပြိုင်ပွဲကြီးတွင် ဦးစီးခေါင်းဆောင် ပြု၍ ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရယူခဲ့ခြင်း၊ တောင်ငူခရိုင် ကျွဲပွဲတွင် ခရစ်ယာန်ဝါဒကို မကျေနပ်၍ ဖိုးသူတော်ဂိုဏ်းထောင်နေသော မစ္စတာသွန်မဆင်နှင့် နောက်လိုက်များကို အမှန်လမ်းကြောင်းသို့ ရောက်ရှိအောင် ဆောင်ရွက်ခဲ့ခြင်း၊ ရွှေဖီအရေးတော်ပုံ နောက်ဆက်တွဲ ပေါ်ပေါက်လျက် ရှိသော မဟာမေဒင် ဗုဒ္ဓဘာသာပြဿနာများကို ယှဉ်ပြိုင်ဟောပြောခြင်း၊ ရေးသားခြင်းများပြုလုပ်ခဲ့သည်။ ပလက်ဝကျောင်း ဆရာဦးဘိုးလှ၏ပန်ကြားချက်အရ ခရစ်ယန်ဂိုဏ်းများမှ စွဲချက်တင်ထားသော ရွှေချိန်ခွင် စာအုပ်ကို အဖြေလွှာထုတ်၍ ရေးသားပေးခြင်း၊ ဗုဒ္ဓဘာသာ သံဃာဂိုဏ်းပေါင်းစုံ နိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်ခေါင်းဆောင်တို့က ရွှေတိဂုံစေတီတော် တောင်ဘက် စောင်းတန်းအတွင်း ဘာသာကြီး လေးဘာသာအကြောင်းကို မေးမြန်းရာ၌ တာဝန်ခံ ဖြေကြားရှင်းလင်းပေးခဲ့ခြင်း၊ (ထိုရှင်းလင်းချက်မှာ ကပ္ပပြဿနာ စာအုပ်ဖြစ်သည်။) ဆာဦးသွင်၊ ဗြိတိသျှဘားမားဦးညွှန့်၊ ပဲရော့ဦးဆန်နီတို့နှင့် ဗုဒ္ဓဘာသာပြန့်ပွားရေးကိစ္စရပ်များကို လက်တွဲဆောင်ရွက်သည်။
ဂျပန်ခေတ်
၁၉၄၂−ခုနှစ် အင်္ဂလိပ်များ ဆုတ်ခွာချိန်တွင် အင်္ဂလိပ်စစ်တပ်မှ ဖမ်းဆီး၍ လေးလကြာ ထောင်ထဲတွင် ချုပ်နှောင်ထားခြင်းခံခဲ့ရသည်။ အင်္ဂလိပ်အပြေး ဂျပန်အဝင်မှစ၍ မြို့တွင်းကျောင်းကို ဆရာတော် အသျှင်ဇဝနသို့ လွှဲအပ်ကာ နတ်မှီတောရတွင် သီတင်းသုံးနေထိုင်သည်။ ယင်းသို့နေထိုင်စဉ် ရန်ကုန်သာသနာရေးဌာနမှ ပင့်သဖြင့် ကြွလာပြီး ဒေါက်တာဘမော် အစိုးရ၏ စီမံချက်ဖြစ်သော ဂျပန်စစ်တပ်၏အလိုကျ ဂျပန်ဘုန်းကြီး နာဂအီဆန်၊ သာဓုဆရာတော်တို့၏ အာဏာ လက်နက်လွှမ်းမိုးသော သာသနာပြုလုပ်ငန်းကို တာဝန်ပေးအပ်သည်။ အာဏာလက်နက်နှင့် ဗုဒ္ဓဘာသာမည်သို့မျှမအပ်စပ်ကြောင်း တာဝန်ကိုလက်မခံနိုင်ကြောင်း ငြင်းပယ်လိုက်ရာ ဂျပန်စစ်ဗိုလ်ချုပ် ဗိုလ်မိုးကြိုး ကိုယ်တိုင် အာဏာဖီဆန်မှုဖြင့် လည်ပင်းပေါ်ဓားတင်၍ စစ်ဆေးခြင်းခံခဲ့ရသည်။
ဂျပန်အထွက် အင်္ဂလိပ်အဝင် အမျိုးသားလွှတ်မြောက်ရေး အုံကြွလှုပ်ရှားမှုကြီးမှ ပေါ်ပေါက်ခဲ့သည့် ၁၉၄၅ ခုနှစ် နေသူရိန်အစည်းအဝေး (ဖဆပလ ပထမ အစည်းအဝေးကြီးတွင်) ရဟန်းသံဃာထဲမှ ဆရာတော်သျှင်ဥက္ကဋ္ဌနှင့် မန္တလေး အရှင်ပဝရတို့နှစ်ပါးကိုယ်စားလှယ်အဖြစ် ပါဝင်တတ်ရောက်ခွင့်ရသည်။ ထိုအစည်းအဝေးမှာပင် ဗြိတိသျှစစ်တပ်လက်အောက်ခံ ဆာပေါ်ထွန်း၏ ပြန်ကြားရေးတာဝန်ခံ ခရစ်ယန်ဘုန်းကြီး မစ္စတာအက်ပဲလ်တန်က ဆရာတော် သျှင်ဥက္ကဋ္ဌ နှင့် ဦးပဝရ တို့နှစ်ပါးအား ဖိတ်ခေါ်ပြီး ပြည်လမ်းဘူတာအနီးနေ ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းကြီး ဘစ်ရှော့ပ်ဝက်စ်နှင့် တွေ့ဆုံဆွေးနွေးကြသည်။ ဆွေးနွေးသည့်ပြဿနာမှာ ကွန်မြူနစ်ဝါဒသည် ကမ္ဘာတွင်နေရာအနှံ့ဝင်ရောက်နေရာယူနေကြောင်း၊ ဗမာနိုင်ငံတွင်လည်း ဝင်စပြုနေကြောင်း၊ ယင်းကွန်မြူနစ်ဝါဒမှာ ဘုန်းကြီးမဲ့ ဘာသာမဲ့ဝါဒဖြစ်ကြောင်း ထို့ကြောင့် ဘာသာပေါင်းစုံတို့က စုပေါင်းဆန့်ကျင်၍ ခုခံတိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း ယင်းသို့တိုက်ပွဲဝင်ရာတွင် ဗုဒ္ဓဘာသာဘက်က ခေါင်းဆောင်တာဝန်ယူစေလိုကြောင်း ထိုသို့ခေါင်းဆောင်ခြင်းဖြင့် ကမ္ဘာ့သုစရိတ (အမ်အာရ်အေ) အဖွဲ့မှ စရိတ်စက ထုတ်ပေးမည်ဖြစ်ကြောင်း ယခုလည်း လုပ်ငန်းအစတွင် ငွေသိန်း(၂၀) မတည်ထုတ်ပေးပြီး ဗုဒ္ဓဘာသာဘုန်းကြီးနှင့် ဘာသာရေးအဖွဲ့အစည်းများကို စုစည်းဆောင်ရွက်ပေးစေလိုကြောင်း တင်ပြသည်။ ဆရာတော်သည် ဗုဒ္ဓဘာသာရေးကို သန့်စင်စွာ ဆောင်ရွက်လိုသည်။ အခြားဘာသာများနှင့် ရောနှောဆောင်ရွက်ရန် မဖြစ်နိုင်။ ငွေကြေး အထောက်အပံ့ကိုလည်း လက်မခံ။ မမှန်ဟုဆိုကာ ငြင်းပယ်လိုက်သည်။
၁၉၄၇−ခုနှစ်ထဲတွင် အိန္ဒိယနိုင်ငံသို့ကြွသွားပြီး တစ်နှစ်ကြာမျှ သာသနာပြုခဲ့သည်။ ထိုစဉ် လမ်းနှစ်သွယ်စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့သည်။ အိန္ဒိယမှ ပြန်လာသောအခါ မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရခြင်း၊ ကွန်မြူနစ်ပြည်သူ့ရဲဘော်လှုပ်ရှားမှုများ စသည်တို့ကာလအတွင်း နတ်မှီတောရ၌သာ တရားဓမ္မများ ဟောပြောသီတင်းသုံးနေသည်။ ၁၉၅၂- ၅၃ ခုနှစ်တွင် ဗုဒ္ဓအဘိဓမ္မာမှစ၍ ဆရာတော်ရေးသားပြုစုသောကျမ်းများ အစဉ်တစိုက် ထွက်ပေါ်လာသည်။ ကိုယ်တိုင်လည်း နိုင်ငံအနှံ့ လှည့်လည်ဟောပြောနေသည်။ အရှင်အာဒိစ္စဝံသ ရှိစဉ်ကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့သော ပါဠိပိဋကစာပေများကို စိစစ်ခြင်းကိစ္စ ဆက်လက်ဆောင်ရွက်သည်။ အရှင်အာဒိစ္စဝံသ၏ သာသနာပြုဘက်များဖြစ်ကြသော လွယ်ကော်ဆရာတော်၊ ကမာကလိတ်ဆရာတော်၊ အရှင်သေဠိလ၊ အရှင်ဣဿရိယ၊ အရှင်ဝိလာသတို့နှင့် တကွ ဂိုဏ်းပေါင်းစုံမှ ဂိုဏ်းပေါင်းစုံမှ ပိဋကကျွမ်းကျင်သော ဆရာများ ပါဝင်ကြသည်။
ဆဋ္ဌသံဃာယနာတင်ပွဲကြီးတွင် ပါဠိများကို စစ်ဆေးပေးရန် တာဝန်ယူဆောင်ရွက်ရသော ပါဠိဝိသောဒကအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ရသည်။ သို့သော် ယင်းပါဠိတော်များတွင် ဗြဟ္မဏဝါဒ နှင့် အတ္တလမ်းစဉ်များ ယောဂလမ်းစဉ်များ ရောနှောရှုပ်ထွေးနေသည်ကို သန့်စင်ဖယ်ထုတ်တင်ပြလိုက်သောအခါ ဝန်ဆောင်ဆရာတော်များက ထုတ်နေ နှုတ်နေရန်မလို ပဉ္စမသံဃာယနာတင် မန္တလေးကျောက်စာမူအတိုင်း တည်းဖြတ်ပြုပြင်ပေးရန် ဆုံးဖြတ်မိန့်ကြားသဖြင့် သဘောထားကွဲလွဲကာ တာဝန်မှထွက်ခဲ့သည်။ ၁၉၅၆−နှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသော အာရှ-အာဖရိက စာပေညီလာခံတွင် မြန်မာနိုင်ငံ စာရေးဆရာအဖွဲ့ကို ဦးစီးခေါင်းဆောင်ပြု၍ တတ်ရောက်ခဲ့သည်။ ၁၉၅၈- ၅၇ ခုနှစ်တွင် ဆွီဒင်နိုင်င စတော့ဟုန်းမြို့တွင် ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့်သို့ မြန်မာအဖွဲ့ကို ခေါင်းဆောင်တက်ရောက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးပြဿနားများကို တင်ပြဆွေးနွေးခဲ့သည်။ တဆက်တည်းမှာပင် ဥရောပ ဆိုရှယ်လစ်နိုင်ငံများ ဆိုဗီယက်ယူနီယံ၊ တရုတ်ပြည်၊ ဗီယက်နမ်နိုင်ငံများသို့ လှည့်လည်လေ့လာခဲ့သည်။ ၁၉၅၈-၁၉၅၉ ခုနှစ် ဖဆပလ နိုင်ငံရေးအကွဲလှိုင်း ဂယက်ကြောင့် ကြားဖြတ် အိမ်စောင့်အစိုးရလက်ထက်တွင် ကွန်မြူနစ်ဆန့်ကျင်ရေး ဓမ္မအန္တရာယ်လှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့သည်။ ဆရာတော်၏ စစ်မှန်သော ဗုဒ္ဓဝါဒဆိုင်ရာ အဘိဓမ္မာများကလည်း ပျံ့နှံ့လျက်ရှိရာ မိရိုးဖလာ အတ္တစွဲသမားတို့ အထိနာကြလျက် ရှိနေချိန်လည်း ဖြစ်သည်။ ဗြဟ္မဏ လောင်းရိပ်မကင်းသူ ဘာသာရေး ဩဇာခံကြီးများ၊ ဖဆပလ ပထစ နိုင်ငံရေးသမားများအားလုံး ဆူစရာပွတ်စရာ အကွက်ရကြပြီး ဆရာတော်အား ဓမ္မအန္တရာယ်ဇာတ်ထဲသို့ အသွင်းခံလိုက်ရသည်။ အစိုးရကလည်း ဖမ်းဆီးကာ (၁၀)[၁]လတိုင်တိုင် ထောင်ထဲချုပ်နှောင်ထားသည်။
ထောင်မှထွက်လာသောအခါ နှစ်နှစ်ကျော်သုံးနှစ်မျှတရားရုံးတွင် အမှုကို ရင်ဆိုင်ဖြေရှင်းနေရသည်။ အမ်အာရ်အေ ဩဇာခံဘာသာရေးအဖွဲ့အစည်း ခေါင်းဆောင်များက တရားလိုပြ သက်သေပြု၍ ဥပဒေတွင်း တိုက်ပွဲဆင်ကြသည်။ တရားသူကြီး လေးဆက်ပြောင်းသည်တိုင် ပြီးပြတ်ခြင်းမရှိ နောက်ဆုံး (၁၉၆၂)ခုနှစ် တော်လှန်ရေး အစိုးရတက်လာပြီး လွတ်ငြိမ်းချမ်းသာခွင့်ကြီးနှင့်အတူ တရားရုံးတွင် အမှုကို ပလပ်လိုက်သည်။ သို့စဉ်ဆရာတော်သည် ဟောမြဲဟောလျှက်၊ ရေးမြဲရေးလျှက် သာသနာပြုလုပ်ငန်းများကို မနားမနေ ကြိုးပမ်းလုပ်ဆောင်လျှက်ပင် ၁၉၆၂−ခုနှစ် တော်လှန်ရေးအစိုးရ တက်လာပြီး နိုင်ငံရေးဝါဒ (အညမည)လမ်းစဉ်ထွက်၍ လာသည်။ ဤတွင် သျှင်ဥက္ကဋ္ဌ၏ လက်ရာဟု ဇွတ်အမည်တပ်လျှက် အစိုးရ၏ ဆရာ သျှင်ဥက္ဋ္ဌကို အလျင်တိုက်မည်ဆိုပြီး (ပကာသနိယကံပြုပွဲတွင် မန္တလေးရဟန်းပျိုခေါင်းဆောင် ဦးကေသရ၏ မိန့်ခွန်း) လှုပ်ရှားတော့သည်။ ပထစ ကျောင်းထိုင်ဘုန်းကြီးများ၊ ဖဆပလ ရဟန်းပျိုများ၊ ဖဆပလ ပထစ အာဏာပြုတ်နိုင်ငံရေးသမားများ အမ်အာရ်အေ (MRA) (en) ခေါ် ခရစ်ယန်တဖြစ်လဲ ကွန်မြူနစ်ဆန့်ကျင်ရေး ကမ္ဘာ့သုစရိယအဖွဲ့ကြီးမှ ထောက်ပံ့ကြေး ရယူထားသော ဘာသာရေးအသင်းအဖွဲ့များ၊ ဓနရှင်အမြတ်ကြီးစား စီးပွားရေးသမားများ၊ ပေါင်းစီးလျှက် အစိုးရဆန့်ကျင်ရေးအခြေခံ အသျှင်ဥက္ကဋ္ဌ ရှုတ်ချပွဲ ပကာသနီယကံပြုပွဲများကို နိုင်ငံနှင့်အဝန်း လုပ်ကြလေတော့သည်။
မြန်မာနိုင်ငံတွင် သုဓမ္မာ၊ ရွှေကျင်၊ ကံ၊ ဒွါရ၊ ငှက်တွင်းဟူ၍ သံဃာဂိုဏ်းမကြီးများရှိကြသည်။ ထိုအထဲတွင် သုဓမ္မာတစ်ဂိုဏ်းတည်းမှာပင် နိုင်ငံတော် ကျောင်းထိုင်ဆရာတော်များအဖွဲ့ (ပထစ) တတိယကျောင်းထိုင်ဆရာတော်များအဖွဲ့ဟူ၍ သုံးဖွဲ့ရှိသည်။ ဤထဲတွင် သုဓမ္မလက်အောက်ခံ ပထစကျောင်းထိုင် တစ်ဖွဲ့တည်း၏ သဘောဖြင့်ဦးစီးပြုလုပ်သော ပထစ ဖဆပလ စီးပွားရေးသများ၏ လုပ်ကြံပွဲ ပကာသနီယကံသည် ကံမမြောက်ကြောင်း ဓမ္မကြောင်း၊ ဝိနည်းကြောင်း၊ ဥပဒေကြောင်းများစွာဖြင့် သံဃာ့အဖွဲ့များစွာက စောဒကတက်လျက် ရှိကြသည်။ ဆရာတော် သျှင်ဥက္ကဋ္ဌကမူ ရေးမြဲရေးလျှက်၊ ပြောမြဲပြောလျှက် စစ်မှန်သော ဗုဒ္ဓဝါဒထွန်းပြောင်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျှက် ဝါတွင်းကာလများ၌ တောင်တွင်းကြီးမြို့၊ နတ်မှီတောရ၌ တရားဟောလျှက် ဝါပကာလများတွင် မြန်မာနိုင်ငံအရပ်ရပ်တွင် လှည့်လည်ဟောပြောလျှက် သံဃာတော်များအား အဘိဓမ္မာရေးရာကို နတ်မှီတောရ၌ ပို့ချပေးလျှက် ပါဠိပိဋကများကို အထက်အောက်နိုင်ငံ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် စုပေါင်းလျက် ဒေဒရဲမြို့၊ ကွင်းကျောင်းတွင် နှစ်စဉ်စိစစ်လျက် ရှိပြီး ဆရာတော်ကြီး၏ သက်ရှင်ပြုပြင်မှု အာယုသင်္ခါရသည် လွန်ခဲ့သော သုံးနှစ်မှစ၍ တစတစလျော့နည်း လာခဲ့သည်။
ဘဝနိဂုံး
ဆရာတော်ကြီးသည် အိပ်ယာနှင့် ထိုင်ခုံတွင်သာ တလှည့်စီ သီတင်းသုံးခဲ့သလို အစာကိုလည်း ငြင်းပယ်ခဲ့သည်။ အားဆေးမသွင်းတော့ရန် ပြောခဲ့သည်။ ၁၃၄၀−ခုနှစ် တန်ဆောင်မုန်းလဆုတ် (၈)ရက်၊ ဗုဒ္ဓဟူးနေ့ မိမိကိုယ်ကို သေခြင်းတရား၏လက်သို့ အပ်နှံကြောင်း လူသိရှင်ကြား လက်မှတ်ထိုးလိုက်သည်။ ထိုအချိန်မှစ၍ အိပ်ယာ၏ အပြင်ဘက်သို့ တဖဝါးမှ မရွေ့လျားတော့ပေ။ ၁၃၄၀−ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁၃)ရက်၊ (၁၉၇၈ နိုဝင်ဘာလ ၂၇ ရက်) တနင်္လာနေ့ မနက်ပိုင်းတွင် ဆရာတော်ကြီး၏ ဘယ်ဘက်ဒူးသည် စတင်၍ လှုပ်ရှားရပ်သွားခဲ့သည်။ သုံးနာရီခန့်တွင် ညာဘက်ဒူးပါ လှုပ်ရှားမှု ကင်းသွားပြန်သည်။ နေ့လယ်(၁)နာရီတွင် ပက်လက်အနေအထားမှ လက်ဝဲဘက်သို့ စောင်းငဲ့၍ ပေးလိုက်ကြသည်။ လှုပ်ရှားငြင်းဆန်မှုမပြု အေးငြိမ်းမှုကိုသာ မျက်မှောက်ပြုနေဟန်ရှိ၏။ ညနေ(၃)နာရီခွဲတွင် ဆရာတော်ကြီး၏ အထက်အောက် နှုတ်ခမ်းအစုံတို့သည် စဉ်းငယ်မျှ ငါးကြိမ်တိုင်ဟလျှက် ငါကားအစဉ်ငြိမ်းချမ်းပြီဟု ကြွေးကြော်ကာ (၃)နာရီ (၃၅)မိနစ်တွင် ရှူထုတ်မှုကို ရပ်တန့်လိုက်ပြီးနောက် (၃)နာရီ(၄၅)မိနစ်အချိန်တွင် ခန္ဓာဝန်ချခဲ့သည်။
ကျွမ်းကျင်တတ်မြောက်သော ဘာသာ(စာနှင့် စကား)များ
- သက္ကတ
- ဟင်ဒီ
- နာဂရီ
- အူရ်ဒူ
- အာရ်တီ
- ဘင်္ဂါလီ
- ပါဠိ
- အင်္ဂလိပ်
- မြန်မာ
- ပြင်သစ်
- လက်တင်
- ဆစ်ဂ်
ဆရာတော် ရေးသားပြုစုခဲ့သောကျမ်းများ
- ရွှေချိန်ခွင်စာအဖြေ
- တကယ့်စာတန်
- ကပ္ပပြဿနာ
- စိန်တင့်ကြီးဝတ္တု ( ပ-ဒု-တ-စ)
- စင်ပြိုင်သာသနာ (ပ-ဒု)
- ကန်တော့ပန်း
- နတ်မှီရေးစမ်းမှ ရေပန်းကလေးများ
- ဓမ္မစကြာတရား (နတ်မှီဟောစဉ်)
- စစ်တွင်းကြုံရ ငါ့ဘဝ
- ဗုဒ္ဓအဘိဓမ္မာ
- ဗုဒ္ဓဝါဒ
- ဗုဒ္ဓလမ်းစဉ်
- ဗုဒ္ဓစာခ ဗုဒ္ဓမှတ်ကျောက်
- အသင်လူသားဘာမှားနေသလဲ
- အို ယောဂီ သင်ဘယ်ကိုသွားမလဲ
- ကြိုက်ရာရွေးလမ်းနှစ်သွယ်
- အစွဲပြုတ် တဲကုပ်ရွှေနန်းတော်
- အနတ္တရောင်ခြည်
- ဗုဒ္ဓသိနည်း
- နိဗ္ဗာန်ဆိုတာ
- လက်ဝဲနိုင်ငံများနှင့် ဘာသာလွတ်လပ်မှု
- လူသေလူဖြစ်
- မဟာယနဗုဒ္ဓဝင်
- ဘဝရေစီး
- လူသားနှင့်မြေလွှာ
- သမ္မာသမဂ္ဂဝါဒ
- မဟာသမဂ္ဂဝါဒ
- ကမ္ဘာ့အဘိဓမ္မာလက်စွဲ
- ယုဒ္ဓအဘိဓမ္မာ (တပ်မတော်မော်ကွန်းတိုက်စာမူ)
- အဘိဓမ္မာ၏ အဘိဓမ္မာ (ကမ္ဘာ့ဒဿနိကကျမ်းကြီး)
အခြားဘာသာဖြင့်ရေးသားခြင်းများ
- ဝိသုဒ္ဓိမဂ် (အင်္ဂလိပ်ဘာသာ)
- ကထာဝတ္တု (အင်္ဂလိပ်ဘာသာ)
- မိဂဒါဝုန်တရား (အင်္ဂလိပ်ဘာသာ)
- လမ်းနှစ်သွယ် (အင်္ဂလိပ်ဘာသာ)
- ဓမ္မပဒ (အူရ်ဒူဘာသာ)
အခြား မောင်မေတ္တာ၊ ဘိုးမေတ္တာ၊ ဆာဒူးကြီး၊ သျှင်ဥက္ကဋ္ဌ စသော အမည်မျိုးစုံဖြင့် လယ်တီတရားသီတင်းစာ တိုးတက်ရေးမဂ္ဂဇင်း၊ ပြုပြင်ရေးမဂ္ဂဇင်း၊ဟံသာဝတီမဂ္ဂဇင်း၊ ဘားမားဂျာနယ် အိန္ဒိယနိုင်ငံထုတ် မဟာဗောဓိဂျာနယ်တို့တွင် အပတ်စဉ် ဆောင်းပါးများ ရေးခဲ့သည်။
