မုန်းပါတယ်မောင့်ကို ရုပ်ရှင်
https://youtu.be/y747Mup3dFs?si=-UcP-FCIZdmklx_a

စည်သူဒေါ်မြင့်မြင့်ခင်သည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၆ ခု ပိုင်ဆိုင်ထားပြီး တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကို ရရှိထားသူ
ဘဝနှင့် အနုပညာ “ချစ်ညီမရဲ့ ဒိုင်ယာရီ (ထပ်ဆင့်အကယ်ဒမီဒေါ်မြင့်မြင့်ခင်) အပိုင်း – အစအဆုံး #StoriesFromMyanmar
https://youtu.be/0YO6EDEFfag?si=0-YB7NL1xbQwxlb3
https://youtu.be/0YO6EDEFfag?si=4aFhvunIf1PreOFW
ဘဝနှင့် အနုပညာ “ ချစ်ညီမရဲ့ ဒိုင်ယာရီ(အပိုင်း-၁)” ထပ်ဆင့်အကယ်ဒမီမြင့်မြင့်ခင်
https://youtu.be/LhkSC5N-E5w?si=w9j4lNpHAZ4Y0vso
အပိုင်း ၂
https://youtu.be/d8PqowyCFUc?si=vklc2-pMsAcDTkJu
ဘဝနှင့် အနုပညာ “ချစ်ညီမရဲ့ ဒိုင်ယာရီ (ထပ်ဆင့်အကယ်ဒမီဒေါ်မြင့်မြင့်ခင်) အပိုင်း – ၃
https://youtu.be/1-pYR0PEels?si=_CZYY9Q7XQ9xvmVs

မိခင် မြင့်မြင့်ခင်
https://youtu.be/1-pYR0PEels?si=znumHzPLCEaJDHnP
https://youtu.be/1-pYR0PEels?si=NoeoLIgQmhtzskge
ဤလူ့ဘောင်တွင် ရုပ်ရှင်
ဒါရိုက်တာရွှေဒုံးဘီအောင်၏လက်ရာ ဤ လူ့ဘောင်တွင်ဇာတ်ကားတွင် ထွန်းဝေ မောင်မောင်တာ မြင်မြင်ခင် နှင့် ဦးကျောက်လုံးတို့ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားကြပါသည် ဤဇာတ်ကားသည် သာမာန်အချစ်ဇာတ်လမ်းမျိုးမဟုတ်ဘဲ သစ်ထုတ်လုပ်ရေး လုပ်ငန်း နောက်ခံပါဝင်သော မှု့ခင်း နှင့် အချစ် ပေါင်စပ်ထားသော ဇာတ်လမ်းလေးဖြစ်ပါသည် တခေတ်တခါက ဗီလိန်ဇာတ်ရုပ်ဖြင်နံမည်ကြီးခဲ့သော ဦးကျောက်လုံး၏ ပီပြင်သောသရုပ် ဆောင်မှု ကိုလည်းတွေ့မြင်ကြရမှာဖြစ်ပါတယ် ဦးထွန်ဝေ က တည်ငြိမ်အေးဆေးသော ဇာတ်ကောင်စရိုက်ဖြင်ပြင်စွာသရုပ်ဆောင်သွားသလို မောင်မောင်တာ၏ခေတ်မှီသွက်လက်သော အပြောအဆိုရှိသည့် စစ်ဗိုလ်တယောက် အဖြစ် လိုက်ဖက်လှပါတယ် (ဒေါ်)မြင့်မြင့်ခင်ကတော့ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ပါ တဦးတည်းသော သူဌေးသမီး ခပ်စွာစွာ ဇတ်ဇတ်ကျဲ ထိုခေတ်ထိုအခါက ရွှေမန်းသူ သူဌေးသမီးစတိုင် ကျွန်တော်ကျွန်တော်နှင်ပြော တတ်သူ ရွှေခြေကျင်ဝတ်မိန်းခလေး အဖြစ် ပိုင်နိုင်လှပစွာလသရုပ်ဆောင်သွားခဲ့ပါတယ် အားပေးကြည်ရှုနိုင်ပါပြီ
https://youtu.be/9Q4l4oOOPtQ?si=g_eyuQd0wNG3Lot-
ချစ်ပန်းသဇင် HD
ချစ်ပန်းသဇင်ဇာတ်ကားသည် ဒါရိုက်တာ ဦးချစ်ခင် (ဗြိတိသျှ ဘားမားရုပ်ရှင် ကုမ္ပဏီမ ရိုက်ကူးခဲ့သော မြန်မာ့ရုပ်ရှင်းဇာတ်ကားကောင်းတစ်ကားဖြစ်ပါသည်။
၁၉၅၆ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုမှ ဝယ်သွားသော မြန့်မာရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်သည်။ မကြာသေးမှီကာလမှ ၄င်းရုပ်ရှင်းဇာတ်ကားအား ရုရှားအွန်လိုင်းရုပ်ရှင်ဝက်ဆိုက်များမှာ ပြန်လည်တွေ့ရှိလိုက်ရပါသဖြင့် အမှတ်တရအနေဖြင့် ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည်။
ထိုခေတ်ကာလက မြန်မာ့အလင်းသတင်းစာမှ ဖော်ပြရာတွင်…..ဤဇာတ်ကားတွင် ဗမာ့ စာပေများကို အခါအားလျော်စွာ သရုပ်ဖော်ပြသွားကာ လယ်ယာမြေပြဿနာနှင့် မြန်မာများ၏ စိတ်နေသဘောထားကို အဓိကထား ဖော်ပြထားသည်မှာလည်း မှတ်သားလောက်စရာဖြစ်ရပါသည်။
ဟံသာဝတီသတင်းစာမှညွှန်းဆိုမှုတွင် …. ငယ်ကလေးနှင့်ဆန်းနေသော ချစ်ပန်းသဇင်ဟု တမ်းတမိပါစို့ ဟူ၍လည်းကောင်း
သမာဓိ သတင်းစာမှဖော်ပြရာတွင်…. ချစ်ပန်းသဇင်သည် ဇာတ်လမ်းအားဖြင့် အနုပညာ ကလေး ပန်းချီ ဗမာ့ သဘာဝကိုသရုပ်ဖော်ထားပုံ က အလွန်ပင်ရသမြောက်လှပါသည်။
မဏ္ဍိုင်သတင်းစာမှ ….ချစ်ပန်းသဇင် ဇာတ်ကားသည် လယ်သမားများ၏ ဓလေ့နှင့် အပြောအဆို အမူအရာ သဘာဝကျကျ ရိုက်ကူးထားသည်ကို တွေ့ရကြောင်း သိရသည်။
ရန်ကုန်သတင်းစာမှ …(ယင်းဇာတ်ကားတွင် ဇေယျနှင့် မြင့်မြင့်ခိုင်ခင်တို့သည် ရိုးသားသော တောသူတောင်သား လယ်သမား စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ခဲ့ကြ သည်ကို မှတ်သားမိကြောင်းနှင့် ချစ်ပန်းသဇင် ဇာတ်ကားကို ဆိုဗီယက် ရုရှားနိုင်ငံ မှ စတာလင်ပေါင် ဖြင့် ဝယ်ယူသွားကြောင်း အသီးသီးဖော်ပြထားခဲ့ဖူးကြောင်းကြားသိရပါသည်
https://youtu.be/p2Hb2UyJnlI?si=lS50VBDgoQj87nzS
ချစ်ညီမ ရုပ်ရှင်
Chit Nyima (1957) ချစ်ညီမ in Interpretation in English ‘Dear Sister’ is Old Burmese Classic Film.
Cast: Zaya, May Shin, Myint Aung, Myint Myint Khin, Kyaw Phay, U Ba Chit, Thar Gaung, Than Nwae, Phoe Par Lay, Daw Khin Nyunt, Maung Maung Soe’s crew. . .
Cinematographer: U Hla Maung and U Ngwe Yee
Music: A-1 Khin Maung and Soe Myint
Lyrics: Shwe Pye Aye, Maung Ko Ko, Maung Maung Latt
Script: University Chit Shwe, Min Shin, Than Nwae
Director: U Maung Maung Soe
Cause this movie was uploaded by the intention of entertainment and amusement. Only those who intrigued by Burmese Classics Films.
Not for Commerical use.
All Copyrights reserved by its original owner.
https://youtu.be/FZxQ7IMDM3o?si=lTfQbeNL1gJEmNPY
ချွေးနဲ့သွေးနဲ့ရင်းသည့်မြေ
https://youtu.be/ns6n4VkbOBo?si=poCIX6goPyJqtVIY

ဒေါ်မြင့်မြင့်ခင်
၁၉၅၀ ဆယ်စုနှစ်ဝန်းကျင်က ဒေါ်မြင့်မြင့်ခင်မွေးဖွားခင်ကြည်
၁၃ ဩဂုတ်၊ ၁၉၃၄(အသက် ၉၁)
သန်လျင်မြို့၊ ပဲခူးစီရင်စု
ဗြိတိသျှဘားမားအခြား အမည်များRita Fairmenတက်ကြွလှုပ်ရှားနှစ်များ၁၉၄၉–၁၉၉၆အိမ်ထောင်ဖက်(များ)ဦးခင်မောင်ညွန့် (၁၉၅၆–၂၀၁၀)သားသမီးတင်အေးမြင့် (သီရိကေခိုင်)၊ ခင်အေးမြင့်၊ အေးအေးမြင့်၊ ဆွေအေးမြင့် (မေဆွိ)၊ လဲ့ရည်မြင့်မိဘ(များ)ဦးဖိုးမြင့်၊ ဒေါ်စောကြည်ရရှိသည့်ဆုများ
- ချစ်ညီမ (၁၉၅၇)
(အမျိုးသမီး ပညာသည်ဆု) - ဖြေလျော့ခွင့်(၁၉၅၈)
(အမျိုးသမီး ပညာသည်ဆု) - မုန်းပါတယ်မောင့်ကို(၁၉၇၃)
(အမျိုးသမီး ဇာတ်ဆောင်ဆု) - မှတပါး အခြားမရှိပြီ (၁၉၈၀)
(ပထမဆုံး အမျိုးသမီး ဇာတ်ပို့ဆု) - မြင့်မိုရ်တောင်ဦး မကကျူးသား (၁၉၉၆)
(အမျိုးသမီး ဇာတ်ဆောင်ဆု) - တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု (၂၀၁၈)
- စည်သူဘွဲ့
စည်သူဒေါ်မြင့်မြင့်ခင်သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ၆ ခုအား ပိုင်ဆိုင်ထားသော အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကို ရရှိထားသူလည်းဖြစ်သည်။ သူမအား ဩဂုတ်လ ၁၄ ရက်နေ့၊ ၁၉၃၄ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ သူမသည် မြန်မာ့ရုပ်ရှင်လောကတွင် ပါရမီရှင်အများအပြားအထဲမှ တစ်ဦးဖြစ်သည်ဟုဆိုနိုင်ပေသည်။ သူမအား ပရိသတ်များက ဘေဘီမြင့်မြင့်ခင် ဟူ၍လည်း ချစ်စနိုး ခေါ်ကြသေးသည်။ ထို့အပြင် သူမသည် မြန်မာ့ ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုရှင် မေဆွိ၏ အမေလည်း ဖြစ်သည်။
၁၉၃၄ ခုနှစ်တွင် အဖ ဦးဖိုးမြင့်၊ အမိ ဒေါ်စောကြည်တို့မှ ဒေါ်မြင့်မြင့်ခင်အား သန်လျင်မြို့တွင် မွေးဖွားခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ် နယ်ချဲ့လက်အောက်တွင် ရှိနေသေးသည်။၁၉၄၉ ခုနှစ်တွင် ရန်ကုန် မိန်းကလေးကျောင်းတွင် သတ္တမတန်းကို တတ်ရောက်သင်ကြားခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် မာယာရှင်ဇာတ်ကားကို အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့လေသည်။ ဒေါ်မြင့်မြင့်ခင်သည် ၁၉၅၀ ခုနှစ်အတွင်း မြန်မာ့အမျိုးသမီး ရုပ်ရှင်လောက၌ ပြိုင်ဘက်ကင်းသော အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည်။ သူမ၏ ရုပ်ရှင်သက်တမ်း ဆယ်စုနှစ်အတွင်း အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း စွမ်းဆောင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်အကယ်ဒမီ ၆ ခုအား ထိုက်တန်စွာ ရရှိခဲ့သည်။
ဆုချီးမြှင့် ခံရခြင်း
ဒေါ်မြင့်မြင့်ခင်က ရုပ်ရှင်လောကတည်းကို ဒါရိုက်တာ ဦးအောင်ကြီး ရိုက်ကူးတဲ့ မာယာရှင် အသံတိတ် ဇာတ်ကားနဲ့ ဝင်ရောက် လာခဲ့သူဖြစ်ပြီး သူ့ကြိုးစားမှုကြောင့် ၁၉၅၇ ခုနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် ချစ်ညီမ ဇာတ်ကားနဲ့ အမျိုးသမီး ပညာသည်ဆု (အကယ်ဒမီ) ကို ရရှိခဲ့သည်။
၁၉၅၈ ခုနှစ်မှာ ဒုတိယ အကြိမ်မြောက် အမျိုးသမီး ပညာသည်ဆုကို ဖြေလျော့ခွေ ဇာတ်ကားနဲ့ ဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ ဒါရိုက်တာ ဝင်းဦး ရိုက်ကူးခဲ့တဲ့ မုန်းပါတယ်မောင့်ကို ဇာတ်ကားနဲ့ တတိယ အကြိမ်မြောက် အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ ပြန်ပါသည်။
အဲဒီနောက်မှာတော့ ဒေါ်မြင့်မြင့်ခင်ဟာ အမေခန်းများမှာ ပါဝင် သရုပ်ဆောင် လာရပြီး ၁၉၈၀ ပြည့် နှစ်မှာ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့က စာရေးဆရာမ မိုးမိုး(အင်းလျား) ရဲ့ ဝတ္ထုကို ရေးသားရိုက်ကူးတဲ့ မှတစ်ပါး အခြားမရှိပြီ ဇာတ်ကားနဲ့ ပထမဆုံး အမျိုးသမီး ဇာတ်ပို့ဆု (စတုတ္ထအကြိမ် မြောက် အကယ်ဒမီဆု)ကို ဆွတ်ခူးရရှိခဲ့သည်။
အမေခန်းများမှာ ဆက်တိုက်ပါဝင် သရုပ်ဆောင်ရင်း ၁၉၉၆ ခုနှစ်မှာ ဒါရိုက်တာ ဦးခင်ဇော် (ကေသီပန်) ရိုက်ကူးခဲ့တဲ့ မြင့်မိုရ်တောင်ဦး မကကျူးသား ဆေးရောင်စုံ ရုပ်ရှင်ကားနဲ့ ဒုတိယအကြိမ် မြောက် အမျိုးသမီးဇာတ် ဆောင်ဆု (ပဉ္စမအကြိမ် မြောက် အကယ်ဒမီဆု) ကို ဆွတ်ခူး ရရှိခဲ့သည်။
ဒီဆုယူအပြီး ကျေးဇူးတင်စကား ပြောကြားစဉ် သမီးငါးယောက်ရှိတဲ့ အတွက် ရွှေစင်ရုပ် တစ်ဆုစီ အမွေပေးနိုင်ပြီ ဖြစ်ကြောင်း ဒါပေမယ့် မြေးများ ရှိသေးတဲ့အတွက် သူတို့ကိုပေးနိုင်ဖို့ ဆက်လက်ကြိုးစားသွားပါဦးမယ်လို့ ဒေါ်မြင့်မြင့်ခင်က ထည့်သွင်း ပြောကြားသွားသည်။
ဒေါ်မြင့်မြင့်ခင် လျှမ်းလျှမ်းတောက်စဉ် ကာလမှာ ရန်ကုန်မြို့ ဦးဝိစာရ အိမ်ရာ စခန်းမှာ နေထိုင်သူ မောင်မျိုးသော် (စက်မှုတက္ကသိုလ်) က ရုပ်ရှင် မင်းသား၊ မင်းသမီးများကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်များ အတွက် ဓာတ်ပုံများ အလွယ် တကူ ရရှိနိုင်အောင် Fan Club ဖွဲ့စည်းကာ လစဉ် မင်းသား၊ မင်းသမီးများရဲ့ ပုံများ အဖွဲ့ဝင်များထံသို့ ပေးပို့ ခဲ့ပါတယ်။ အဲဒီ ကာလတုန်းက ဒေါ်မြင့်မြင့်ခင် နုပျိုစဉ် ဖြစ်တဲ့အတွက် ဖက်ရှင် အမျိုးမျိုး၊ ဆံပင်ပုံစံ အမျိုးမျိုးနဲ့ တွေ့မြင်နိုင်သည်။
ပါဝင်သော ရုပ်ရှင်ဇာတ်ကားများ
- မာယာရှင် (၁၉၅၀)
- အနိုင်မခံ
- ချစ်ပန်းသခင်
- ဖြေလျှော့ခွေ (၁၉၅၈)
- ဤလူ့ဘောင်တွင်
- တောပုန်းကြီးစံဖဲ
- ကောလိပ်ဂျင်
- မမထားနှင့်အပါ
- ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ
- တိမ်လွှာမို့မိုလွင်
- မုန်းပါတယ်မောင့်ကို (၁၉၇၃)
- မှတပါးအခြားမရှိပြီ (၁၉၈၀)
- မြင်းမိုရ်တောင်ဦး မကကျူးသား (၁၉၉၆)
- ချစ်ညီမ (၁၉၅၇)
အဆိုရှင်ဘဝ
ဒေါ်မြင့်မြင့်ခင်ဟာ သရုပ်ဆောင်မှုသာမက သီချင်းလည်း သီဆိုနိုင်သူဖြစ် တဲ့အတွက် ရုပ်ရှင်သီချင်း များစွာကို သီဆိုခဲ့သူ ဖြစ်ပါတယ်။ ဒေါ်မြင့်မြင့်ခင်ရဲ့ သီချင်းများထဲက ဖြေလျော့ခွေ ဇာတ်ကား ဇာတ်ဝင် သီချင်းဖြစ်တဲ့ “ဧရာဝတီ”၊ “ဂျက်အေး” ဤလူ့ဘောင်တွင် ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်တေး တစ်ပုဒ်ဖြစ်တဲ့ “စန္ဒာ”၊ ပဏာမတေး “ရွှေမန်းဆီသို့” အစ ရှိတဲ့ သီချင်းများအပြင် တေးရေးဆရာ ရွှေပြည်အေး ရေးသားပြီး ဒေါ်မြင့်မြင့်ခင် သီဆိုခဲ့တဲ့ “နားပန်းဆံ” သီချင်း မှာ ယနေ့ထက်တိုင် ရေပန်းစားဆဲ ဖြစ်ပါတယ်။ ထိုသီချင်းအား သူမ၏ သမီးဖြစ်သူ အမျိုးသမီး အဆိုရှင် မေဆွိ မှ ပြန်လည် သီဆိုခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့လေသည်။ ဒေါ်မြင့်မြင့်ခင်သည် သီချင်း သီဆိုနိုင်မှုကြောင့် သူနဲ့အတွဲ ညီတဲ့ စာရေးဆရာ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုကျော် ဝင်းဦးနဲ့တွဲဖက်ပြီးလည်း သီဆို ဖျော်ဖြေပွဲများမှာ သီဆို ဖျော်ဖြေခဲ့သေးပါသည်။
ဒေါ်မြင့်မြင့်ခင် ခေတ်က ဇာတ်ဝင်တေးဖြစ်တဲ့ “ချစ်သူ့နယ်မြေ”၊ “…..” တို့ဟာလည်း ရုပ်ရှင် သီချင်းများဖြစ်ပေမယ့် ဓာတ်ပြား သွင်းရာမှာတော့ ရောင်းတန်းဝင် အဆိုကျော်များနဲ့ သွင်းယူခဲ့ကြတာကြောင့် မူရင်းသီဆိုသူ ဒေါ်မြင့်မြင့်ခင် အမည်ပျောက်ပြီး ဓာတ်ပြား သီချင်းသီဆိုသူများ အမည်နဲ့သာ လူသိများခဲ့သည်။
အသက်အရွယ် ရလာတဲ့ ဒေါ်မြင့်မြင့်ခင်ဟာ ဒါရိုက်တာ လူမင်း ရိုက်ကူးခဲ့တဲ့ အိုပယ် ဒီဗီဒီကားမှာ သားနဲ့ ချွေးမတို့ရဲ့ အပစ်ပယ်ခံ မိခင် အိုကြီးအဖြစ် ပိုင်နိုင်စွာ သရုပ်ဆောင်နိုင် ခဲ့သလို ဒေါ်မြင့်မြင့်ခင် အသက် ၇၅ နှစ်ပြည့် ဂုဏ်ပြု အစီအစဉ်အဖြစ် ဒါရိုက်တာ မောင်ဗေဒါ ရိုက်ကူးခဲ့တဲ့ အမေ ဒီဗီဒီ ကားမှာ လည်း သားနှစ်ယောက် မိခင်အဖြစ် ပါဝင်သရုပ်ဆောင် ထားသည်။ ဒီနေ့ခေတ် ဗီဒီယို၊ ဒီဗီ ဒီ၊ ရုပ်ရှင်များမှာ အမျိုးသမီး သရုပ်ဆောင်များ ကိုယ်တိုင်က အမေနေရာကနေ ပါဝင် သရုပ်ဆောင်နေကြတာကြောင့် တစ်ကြောင်း အသက်အရွယ် ရလာတဲ့အတွက် မင်းသား၊ မင်းသမီးတို့ အမေနေရာထက် အဘွားနေရာနဲ့သာ ပိုမိုလိုက်ဖက်ခြင်းကြောင့် တစ်ကြောင်း ဒေါ်မြင့်မြင့် ခင်အနေနဲ့ ကားရိုက်နည်းပါး သွားပြီး အိမ်မှာနေရင်း နာမကျန်းဖြစ်နေတဲ့ ခင်ပွန်းသည်ကို ပြုစုစောင့်ရှောက်ရင်း တရားဘာဝနာ ပွားများနေခဲ့သည်။
ထို့နောက် ဒေါ်မြင့်မြင့်ခင်သည် ရုပ်ရှင်လောကမှ အနားယူခဲ့ပြီး ရန်ကုန်မြို့တွင် နေထိုင်လျက် ရှိသည်။
မိသားစုဘဝ
တရားရုံးချုပ်ရှေ့နေ ခင်မောင်ညွန့် (- ၂၀၁၀ ဖေဖေါ်ဝါရီ) နှင့် အိမ်ထောင်ပြုရာ သမီး ၅ ဦး ရသည်။ ၎င်းတို့မှာ
- တင်အေးမြင့် (သီရိကေခိုင်)
- ခင်အေးမြင့်
- အေးအေးမြင့်
- ဆွေအေးမြင့် (မေဆွိ)
- လဲ့ရည်မြင့်
ကျန်းမာရေး
ဒေါ်မြင့်မြင့်ခင်သည် အသက် ၈၀ ကျော်တိုင် ကျန်းမာစွာ နေထိုင်လျက်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဇာတ်ကားများ အကဲဖြတ်ကြည့်ရှုရန် လာရောက်ရင်း ချော်လဲကျသောကြောင့် လက်ကျိုးခဲ့ရသည်။[၃]
ကိုးကား
- မော်ကွန်းတင်ပြီးမိတ္တူ။ 22 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 September 2010 တွင် ပြန်စစ်ပြီး။
- (ဝင်းငြိမ်း)ရွှေအမြူတေ
- အကယ်ဒမီအတွက် ဇာတ်ကားကြည့်ဖို့လာရင်း ချော်လဲပြီး လက်ကျိုးသွားတဲ့ ဒေါ်မြင့်မြင့်ခင်။ 7 daily news (၁၇ ဖေဖော်ဝါရီ ၂၀၁၉)။[လင့်ခ်သေ]
- ၁၉၃၄ မွေးဖွားသူများ
- သက်ရှိထင်ရှားပုဂ္ဂိုလ်များ
- မြန်မာ အမျိုးသမီး အဆိုတော်များ
- မြန်မာ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်များ
- မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များ
၁၉၅၀ ဆယ်စုနှစ်ဝန်းကျင်က ဒေါ်မြင့်မြင့်ခင်မွေးဖွားခင်ကြည်
၁၃ ဩဂုတ်၊ ၁၉၃၄(အသက် ၉၁)
သန်လျင်မြို့၊ ပဲခူးစီရင်စု
ဗြိတိသျှဘားမားအခြား အမည်များRita Fairmenတက်ကြွလှုပ်ရှားနှစ်များ၁၉၄၉–၁၉၉၆အိမ်ထောင်ဖက်(များ)ဦးခင်မောင်ညွန့် (၁၉၅၆–၂၀၁၀)သားသမီးတင်အေးမြင့် (သီရိကေခိုင်)၊ ခင်အေးမြင့်၊ အေးအေးမြင့်၊ ဆွေအေးမြင့် (မေဆွိ)၊ လဲ့ရည်မြင့်မိဘ(များ)ဦးဖိုးမြင့်၊ ဒေါ်စောကြည်ရရှိသည့်ဆုများ
- ချစ်ညီမ (၁၉၅၇)
(အမျိုးသမီး ပညာသည်ဆု) - ဖြေလျော့ခွင့်(၁၉၅၈)
(အမျိုးသမီး ပညာသည်ဆု) - မုန်းပါတယ်မောင့်ကို(၁၉၇၃)
(အမျိုးသမီး ဇာတ်ဆောင်ဆု) - မှတပါး အခြားမရှိပြီ (၁၉၈၀)
(ပထမဆုံး အမျိုးသမီး ဇာတ်ပို့ဆု) - မြင့်မိုရ်တောင်ဦး မကကျူးသား (၁၉၉၆)
(အမျိုးသမီး ဇာတ်ဆောင်ဆု) - တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု (၂၀၁၈)
- စည်သူဘွဲ့
