SINGER အဆိုတော် ထား ၏ လက်ရွေးစင် သီချင်းကောင်း များ

၁၂ လရာသီ မူရင်း မေမေဝင်း ဗိုလ်အောင်ဒင် ရေး ဂီတာသောင်း

https://youtu.be/sk0bUET6jIg?is=ZHEr_U0gapJ9IBCE

အော် . . . တစ်နေ့ တစ်နေ့ တရွေ့ရွေ့အချိန်ကုန်ပြီ . . နှစ်လတာရှည် . . ဘယ်အချိန်ကျခါမှ မြနဲ့ လေ. . ချစ်သူမောင်နဲ့ပေါင်းရမယ်လို့ မျှော်မှန်းဆကာပါ့ . . . တမ်းတကာနေမည် . . ဆယ့်နှစ်လရာသီ . .
တန်ခူးလသင်္ကြန်ခါမီ . . . ချစ်သူသက်လှယ် မောင်လာမယ်ပြော . . ပြော . . မျှော်ရသူ မြလေးမှာ တော့ စိတ်မအေးစရာ ကြုံပြန်လာသည် ကဆုန်လဝယ် ညောင်ရေပွဲမှာလည်း မောင်နဲ့လွဲရပြီ . . နယုန်လကုန် ဝါဆိုတွင်း ပုန်းညက်ညိုမာလာခင်းက သင်းလှတဲ့ ထိုအချိန်အခါမှာ မောင်မလာ . . ရှောင်ကာ ပြေး. . .ဝေးရပါပြီ သြော်. . လေးလရာသီ . . ရှိပြီမောင်ရဲ့ မေ့ကာနေသလား . . .ရက်စက်လေအားသည် ……
x x x x
( ရာသီသိဟ်ဝယ်. . နေမိန္ဒရ . . ဝါခေါင်လမို့ တမ်းတကာမြည် . . ကန်ရာသီ တော်သလင်းလမှာ သြော် . . . မျှော်ရင်း မြကဖြင့် လွမ်းရပါသည်)2 . . ဆီမီးရောင်ခြည် ထိန်ဝါလင်း . . (သီတင်းကျွတ်တော့ မည်)2 တန်ဆောင်မုန်းမှာ မောင်ဖုန်းမလာတော့ နှစ်လတာရှည် ရှစ်လရာသီ ရှိပြီမောင်ရဲ့ မေ့ကာနေသ လား . . . ရက်စက်လေအားသည် . . . .
x x x x
( မဟာပိန္နဲနဲ့ နတ်ပွဲအလီလီ သြော် . . . နတ်တော်လမှာတော့ ပျော်ကြပါးကြသည်)2 . . . ပြာသိုမှာ ခွာညိုသင်းတယ် . . . မြူနှင်းငယ်ဝေစီစီ . . . မောင်လာမယ်ဆိုတဲ့ရက်ကို မြကလေ . . မျှော်ဆဲ . . .တပို့တွဲ ပေါက်လဲငယ် ထိန်ထိန်လျှံတေးဖွဲ့သံ တစာစာနဲ့ ထမနဲပွဲနဲ့နွဲကြပြီ . . . မိန်ရာသီ ဂိမှာန်ရက်ပြောင်းလ တပေါင်းမှာ . . . ရွက်ဟောင်းကြွေလျက် . . . မောင်မလာ ရှောင်ကာထွက်တော့ ဆယ့်နှစ်လရာသီသြော် . . . ဆယ့်နှစ်လရာသီရှိပြီမောင်ရဲ့ မေ့ ကာနေသလား ရက်စက်လေအားသည် . . . . ။

မေတ္တာဟူသည် MRTV (စာသား စာတမ်းထိုး)
တေးပြုစာဆို ဘိုကလေးတင့်အောင်/ဂီတလုလင်မောင်ကိုကို
တေးသံရှင် ထား

https://youtu.be/A2pUJhSivfc?is=JDJXP3fTzIsdtSt3

MRTV (စာတမ်းထိုး Closed Captions) Collection

(Full Credit to Dr. Khin Haw for his Video Collection)

(မေတ္တာဟူသည် … စိမ့်စမ်းရည်သို့ … ငြိမ်တည်အေးမြ မြရောင်ဖန့်သား သန့်သန့်ရစ်ခြုံ … ကိုယ်၌လှုံမှု … နံ့ထုံမဉ္ဇူ … ပျံ့မွေးကြူလျက် မတူပြိုင်ကင်း သည်းထိချဉ်းလိမ့် … ညင်းညင်းငြိမ့်ငြိမ့် တသိမ့်သိမ့်ရှင့် … ဖိန့်ဖိန့်ပျောင်းပျ ဖျက်မရသည် … သာစွမေတ္တာ … အရသာ အရသာ)၂ …..

တဏာပေမ ပယောဂနဲ့ နှောထ အာရုံ ကာမဂုဏ် ခိုလှုံကြရှာ … များသူငှါ … မေတ္တာသဘော ရောယှက်ကာ … တစ်သက်တိုင်ခိုင်မြဲ မယိုင်လဲပါ … နှစ်ပါးချစ်တာ … စကားသစ္စာပြုတတ်ကြ ဓမ္မတာ … တစ်ဆင့်ဆို မြင်းမိုရ်အလား … တင်စားပမာ ချစ်တင်းဖွဲ့လာ ချစ်တင်းဖွဲ့လာ အပယ်ငရဲ ဟူသမျှတွင်မကြာ … ခံရပါစေသား … တကယ်ပဲ မြူမျှမတင်ပါ … ဟန်ပြတာတွေများ မုသားတွေသာ … လူ့တရားအခြေမှာ မသွေစစ်ပြန်တော့ … အနှစ်အရသာပြည့်စုံစွာ … သမုဒယနှောင်ဖွဲ့ ချစ်တဲ့မေတ္တာ … ရင်ဝယ် ရှိနိုင်မှ သေသည့် ဘဝတိုင် မြဲခိုင်ပေမှာ … ။

နက်ဖြန် သို့မဟုတ် ဘယ်သောအခါ https://m.facebook.com/groups/ritu70/permalink/3185740354941426/? တေးရေး ကိုလေးညွန့် ။ RIT U 70 မြန်မာသံစဉ်သီချင်းများ ။

အဆိုတော် ထား ၏ တေး သီချင်း များ https://youtu.be/hMKcUWYa2hE?si=bDaXU_1NKwFdGSm-

ထား 27 videos. https://youtube.com/playlist?list=PLukDVIjWlzoskrlrGPDt-7ES4R2yy61yu&si=buz0BZDIMjamfJd6။

ထား နှောင်ခေတ် သီချင်းများ 10 videos. https://youtube.com/playlist?list=PLIkUkpOon6Q31vBe2ueLy6DDUyp3GaXgz&si=IvjeHsjWrZBLOt7U