မိလိန္ဒပညှာ အကျဉ်းချုပ် အမေးအဖြေ 2း09;42 hour
https://youtu.be/btgezr5waCg?is=ggOhooomveRM2mtT
တဓမ္မဂဝေသီ B.A Part (1) မိလိန္ဒပဉှာ အကျဉ်းချုပ် အမေးအဖြေ ဦးထွန်းထွန်းလင်း
………

၁
မိလီန္ဒပဥှာ မိလီန္ဒမင်းနှင့် ရှင်နာဂသေန တို့၏ ဗဒဒ္ဓဝါဒရေးရာ အချေအတင် ပြောဆိုချက်များ
ပါချုပ်ဆရာတော် 27 videos
https://youtube.com/playlist?list=PLJ1Dnq4cHL6h3qa8ly7vT8fcDF_HwCqoM&si=121brkN6EMMSK5RW


၂
မိလီန္ဒပဥှာ မိလီန္ဒမင်းနှင့် ရှင်နာဂသေန တို့၏ ဗဒဒ္ဓဝါဒရေးရာ အချေအတင် ပြောဆိုချက်များ
28 videos
https://youtube.com/playlist?list=PLDEjRKlGbYLnr-gOaPkO2BhUcUgHuBi6v&si=EDKudpUVuzycDKVI
…………
တရားဓမ္မ အမေးအဖြေများ 54 videos

၃
မိလိန္ဒပညာ Exam Revision 5 videos / အပိုင်း၁ မှ ၂၇ အထိ
https://youtube.com/playlist?list=PLvd8jBGA5DR2mVaceEXvUD19C5IBNpT35&si=von8UM5WCXGU4fNz

Thalun Dhamma Channel 5 videos အပိုင်း ၁ မှ ၂၇ အထိ


၄
ဒေါ် ခင်လှတင့် ၏ မိလိန္ဒပညာ 48videos
https://youtube.com/playlist?list=PLhBpPmdM2XXv_NWYdoXNkTv_BZzL3nYhN&si=gYS358OYoPS556uO
–
၅
မိလိန္ဒမင်း နှင့် အရှင်နာဂသေန တို့၏ ဗုဒ္ဓဝါဒရေးရာ အခြေအတင်ပြောဆျုချက်များ ။ 74 videos
ပါမောက္ခချုပ်ဆရာတော်။ အပိုင် ၁ မှ၂၇ ထိ / 27 videos
ဓမ္မဗျူဟာ ဒေါ်ခငိလှတင့် သင်တန်းများ ။သင်ခန်းစာ၁ မှ ၄၈ 48 videos ။
https://youtube.com/playlist?list=PLXCcRFa7t5gGL6xxVNQtmmwcrtOlbo_gA&si=vMkRZrS1VvG5l_4w
………?
စာရေးဆရာ ဦးကောင်းထွန်း ရေးသားခဲ့သော “မိလိန္ဒအမေးအဖြေ”
Ai message
စာရေးဆရာ ဦးကောင်းထွန်း ရေးသားခဲ့သော “မိလိန္ဒအမေးအဖြေ” စာအုပ်သည် ဗုဒ္ဓဘာသာ၏ ခက်ခဲနက်နဲပြီး သိမ်မွေ့လှသော သဘောတရားများကို သာမန်လူငယ်များနှင့် အများပြည်သူများ လွယ်လင့်တကူ နားလည်သဘောပေါက်နိုင်စေရန် ဆင်ခြင်တုံတရား၊ အကြောင်းအကျိုး ယုတ္တိဗေဒများဖြင့် ရေးသားရှင်းလင်းထားသည့် ထင်ရှားသော ဗုဒ္ဓဘာသာစာပေလက်ရာတစ်ခု ဖြစ်သည်။ [1]
ဤစာအုပ်သည် သမိုင်းဝင် မိလိန္ဒပဉှာကျမ်း ကို အခြေခံထားပြီး၊ သာဂလမြို့တော်၏ ဘုရင် မိလိန္ဒမင်းကြီး (ဂရိနွယ်ဖွား မီနန္ဒားမင်းကြီး) နှင့် ရဟန္တာအရှင်မြတ် ဖြစ်တော်မူသော အရှင်နာဂသေနမထေရ်တို့အကြား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည့် ဓမ္မရေးရာ Debate (စကားရည်လုပွဲ) အကြောင်းကို စိတ်ဝင်စားဖွယ် တင်ပြထားခြင်းဖြစ်သည်။ [1, 2]
စာအုပ်၏ အဓိကထူးခြားချက်များနှင့် အကြောင်းအရာများ
- ခက်ခဲသော တရားများကို အရပ်စကားဖြင့် ရှင်းလင်းခြင်း: ဗုဒ္ဓအဘိဓမ္မာနှင့် သက်ဆိုင်သည့် နက်နဲသော ပရမတ္ထသဘောတရားများ၊ ကံ၊ ကံ၏အကျိုး၊ အတ္တ၊ အနတ္တ၊ နိဗ္ဗာန် နှင့် လောကအကြောင်းအရာများကို ရှင်းလင်းပြတ်သားသော ဥပမာအလင်္ကာများဖြင့် ဖော်ပြထားသည်။ [1]
- အတွေးအခေါ်နှင့် ဆင်ခြင်တုံတရား: မိလိန္ဒမင်းကြီး၏ ထက်မြက်လှသော သံသယမေးခွန်းများကို အရှင်နာဂသေနမထေရ်က အဘက်ဘက်မှ လှည့်ပတ်ကာ ယုတ္တိဗေဒကျကျ၊ ဉာဏ်ပညာအမြော်အမြင်ကြီးမားစွာဖြင့် အနိုင်မခံအရှုံးမပေးဘဲ အဖြေပေးပုံများကို မြင်တွေ့ရမည် ဖြစ်သည်။ [1, 2]
- လူငယ်များအတွက် သင့်လျော်ခြင်း: ရှေးဟောင်းပါဠိတော် သို့မဟုတ် မြန်မာပြန်ကျမ်းကြီးများကဲ့သို့ ဖတ်ရခက်ခဲခြင်းမရှိဘဲ ယနေ့ခေတ်လူငယ်များ သိချင်တတ်ကြသည့် ဘာသာရေးနှင့် ဘဝခရီးလမ်းဆိုင်ရာ မေးခွန်းများကို ခေတ်စကားဖြင့် အဓိပ္ပာယ်ပေါ်လွင်အောင် ရေးသားထားသည်။ [1]
ဥပမာအားဖြင့် ကျမ်းစာထဲတွင် ပါဝင်သော အပြစ်ပြုလုပ်ရာ၌ “သိပြီးပြုလုပ်သူနှင့် မသိဘဲပြုလုပ်သူ မည်သူက ပို၍ အပြစ်ကြီးသနည်း” ဟူသော မေးခွန်းမျိုးတွင် မသိဘဲပြုလုပ်သူက သံတုံးပူကို မသိဘဲ ကိုင်မိသကဲ့သို့ ပို၍ အပြစ်ကြီးလေးရပွားကြောင်း စသည့် စိတ်ဝင်စားဖွယ် ဥပမာအဖြေများစွာ ပါဝင်သည်။ [1]
သင်သည် ဤ “မိလိန္ဒအမေးအဖြေ” စာအုပ်ထဲမှ သတ်မှတ်ထားသော အမေးအဖြေ ကဏ္ဍတစ်ခုခု (ဥပမာ- ရထားဥပမာဖြင့် ပုဂ္ဂိုလ်သတ္တဝါ ရှာမရပုံ၊ ကံအကျိုးပေးပုံ စသည်) ကို အသေးစိတ် သိရှိလိုပါသလား သို့မဟုတ် စာအုပ်ကို ဒေါင်းလုတ်ဆွဲရန်/ဝယ်ယူရန် လမ်းညွှန် ကို ရှာဖွေနေခြင်း ဖြစ်ပါသလား။ ကြိုက်နှစ်သက်ရာကို အသိပေးနိုင်ပါသည်။
—-
စာအုပ်အမည် – မိလိန္ဒအမေးအဖြေ
ရေးသားသူ-ဦးကောင်းထွန်း
ခုစာအုပ်ကတော့ လူငယ်တွေအများစု
သိချင်နေကြတဲ့ ဗုဒ္ဓဘာသာရဲ့ ခက်ခဲနက်နဲသိမ်မွေ့တဲ့ အကြောင်းအရာများစွာနဲ့အတူ စဥ်းစားတွေးတောဖွယ်များစွာပါဝင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ မိလိန္ဒမင်းကြီးက ပါရမီဖြည့်ဖက် အရှင်နာဂသေနကို လောကအကြောင်း၊ ဓမ္မအကြောင်း၊ အကြောင်းအကျိုး ဆင်ခြင်တုံတရားတွေနဲ့ ပက်သတ်ပြီး ခက်ခဲနက်နဲတဲ့မေးခွန်းတွေ လျောက်ထားမေးမြန်းခဲ့ပါတယ်။တချို့မေးခွန်းတွေဟာ ကပ်သီးကတ်သတ်နိုင်တဲ့အတွက် ဘယ်လိုများဖြေကြားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။
အရှင်နာဂသေနကလည်း အကျိုးအကြောင်းနဲ့ သဘာဝကျကျဖြေကြားပေးခဲ့ပါတယ်။
လူငယ်တွေဖတ်သင့်တဲ့စာအုပ်ဖြစ်လို့ link ကိုခက်ခက်ခဲခဲရှာပီး Here’s my review ကနေ ဖတ်သင့်တဲ့စာအုပ်ကောင်းတစ်အုပ်အဖြစ်ညွှန်းလိုက်ပါတယ်ခင်ဗျာ။
https://drive.google.com/file/d/0BzNkQIH28mXKVEJhOGo3RnhkYVE/view?usp=drivesdk&resourcekey=0-ykIM7eH022uqp0f3UgBAFA
http://www.mediafire.com/file/tg17z781pto3bqw/000928.pdf/file
Here’s My Review
( အပိုင်း -၃ )။ ဗုဒ္ဓဘာသာ၏သိမ်မွေ့နက်နဲခြင်းများနှင့်အစွန်းနှစ်ဖက်ထွက်နေသောပြဿနာများ၏အဖြေကို ကြောင်းကျိုးလျော်ကန်ဖြောင့်မှန်တိကျစွာဆိုညွှန်းဖော်ပြထားသည်။
Timecodes
0:09 – မိလိန္ဒမင်း၏ကြောက်ရွှံ့ တုန်လှုပ်မှု
3:29 – ပထမဆုံးဆွေးနွေးခြင်း
3:53 – အမည်ပြဿနာ
7:35 – ရထားဟူသည်ကာအဘယ်နည်း
11:16 – ဝါအရေအတွက်
12:55 – ဆွေးနွေးရန်ဖိတ်ကြားခြင်း
14:42 -စကားပရိယာယ်
17:59 – နာဂသေနဟူသည်
19:38 – ဒုတိယအကြိမ်ဆွေးနွေးခြင်း
20:36 – ရဟန်းပြုရခြင်းအကြောင်း
22:23 – ပဋိသန္ဓေဟူသည်
23:36 – နှလုံးသွင်းမှုနှင့်ပဋိသန္ဓေ
24:32 – နှလုံးသွင်းဆင်ခြင်မှုနှင့်ပညာ၏သဘော
25:05 – စပါးရိတ်သည့်ပမာ
26:09 – သီလ၏လက္ခဏာ
26:56 – မြေကြီး၌တည်အပ်သောဥပမာ
ကျွန်တော်တို့ရဲ့ Channel လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် SUBSCRIBE လုပ်သွားနိုင်ပါတယ်ခင်ဗျာ။ ဇာတ်လမ်းလေးတွေမလွတ်တမ်း နာသောတဆင်နိုင်အောင် Noti ခေါင်းလောင်းလေးကိုလဲနှိပ်သွားပေး ကြပါဦး။
…………
၅
အရှင်နာဂသေန နှင့် မိလိန္ဒမင်း
အရှင်နာဂသေန သည် ထေရဝါဒဗုဒ္ဓဘာသာသမိုင်းတွင် ထင်ရှားသည့် ရဟန္တာတစ်ပါးဖြစ်၏။ မိလိန္ဒမင်း၏ ခက်ခဲနက်နဲသော ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အမေးပုစ္ဆာများကို ဖြေကြားခဲ့သည့် ရဟန္တာဖြစ်၏။ ဗုဒ္ဓဘာသာတွင် အရှင်နာဂသေနှင့် မိလိန္ဒမင်းတို့ အမေးအဖြေပြုခဲ့သည်ကို မှတ်တမ်းတင်ထားသည့် မိလိန္ဒပဉှာကျမ်းသည် အလွန်ထင်ရှားသည်။[၁]
အရှင်နာဂသေန နှင့် မိလိန္ဒမင်းတို့၏ အတိတ်သမိုင်း
မှ

ကဿပမြတ်စွာဘုရားလက်ထက် ဂင်္ဂါမြစ်အနီးရှိ ကျောင်းတိုက်တွင်ဖြစ်၏။ တစ်ခုသော နံနက်တွင် ရဟန်းတစ်ပါးသည် သာမဏေတစ်ဦးကို “ဤတံမြက်ချေးများကို စွန့်ပစ်ချေလော့” ဟု ဆို၏။ ထိုသို့ ခေါ်ပါသော်လည်း သာမဏေသည် မကြားယောင်ပြုကာ သွားမြဲအတိုင်းသွား၏။ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် ပြောပါသော်လည်း မကြားချင်ယောင် ပြုနေသဖြင့် ရဟန်းသည် အမျက်ထွက်လာ၏။ ထို့ကြောင့် သာမဏေအား တံမြက်စည်းရိုးဖြင့် ရိုက်ပုတ်၏။[၂]
သာမဏေ၏ ဆုတောင်း
ထိုအခါ သာမဏေသည် ကြောက်ရွံ့ကာ တံမြက်ချေးကို စွန့်ပစ်၏။ ထိုသို့စွန့်ပစ်သည့်အခါ “တံမြက်ချေးစွန့်ပစ်ရသော ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာဘဝတိုင်း၌ မွန်းတည့်နေကဲ့သို့ ဘုန်းကံကြီးသူ၊ တန်ခိုးတေဇော်ကြီးသူ ဖြစ်ရပါလို၏” ဟု ပထမအကြိမ် ဆုတောင်း၏။ တံမြက်ချေးကိုစွန့်ပစ်ပြီး ဂင်္ဂါမြစ်သို့ ရေးချိုးရန်သွားသောအခါ တဝုန်းဝုန်းမြည်နေသည့် လှိုင်းတံပိုးတို့ကို မြင်ကာ “အကျွန်ုပ်သည် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤဖြစ်လေရာဘဝတိုင်း၌ ဤလှိုင်းတံပိုး အဟုန်ကဲ့သို့ အရာအားလျော်စွာ ဖြစ်ပေါ်လာသော ဉာဏ်ပဋိဘာန်ရှိသူ၊ မကုန်နိုင်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏” ဟု ဒုတိယအကြိမ် ဆုတောင်း၏။[၃]
ရဟန်း၏ ဆုတောင်း
စေခိုင်းသောရဟန်းသည် ဂင်္ဂါမြစ်သို့ ရေချိုးရန်သွားသောအခါ သာမဏေ၏ ဆုတောင်းသံကို ကြားရ၏။ ထိုအခါ ရဟန်းသည် “ငါစေခိုင်းသော သာမဏေသည်ပင် ဤမျှဆုတောင်း၏။ ငါ့ကား အဘယ်မှာ ဆုတောင်း မပြည့်စုံဘဲ ရှိလိမ့်မည်နည်း” ဟု ကြံကာ “ငါသည် နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာရာဘဝ၌ ဤဂင်္ဂါမြစ်၏ လှိုင်းတံပိုးအဟုန်ကဲ့သို့ မကုန်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏။ ဤသာမဏေ မေးတိုင်းမြန်းတိုင်းသော ပြဿနာအလုံးစုံကို ရှင်းလင်းရန်၊ ဖြေရှင်းရန် စွမ်းနိုင်သူ ဖြစ်ရပါလို၏” ဟု ဆုတောင်း၏။
ဤသို့ဖြင့် ထိုသူနှစ်ဦးတို့သည် နတ်ဘုံ၊ လူ့ဘုံတို့တွင် ကျင်လည်ကြကုန်လျက် ကဿပမြတ်စွာဘုရား နှင့် ဂေါတမမြတ်စွာဘုရားတို့၏ ကြားကာလများကို လွန်လေ၏။[၄]
ဂေါတမမြတ်စွာဘုရား၏ ဗျာဒိတ်တော်
မြတ်စွာဘုရားသည် မောဂ္ဂလိပုတ္တတိဿထေရ်ကို ဗျာဒိတ်ညွှန်ကြားတော်မူသကဲ့သို့ မိလိန္ဒမင်းနှင့် အရှင်နာဂသေနတို့ကိုလည်း အောက်ပါအတိုင်း ဗျာဒိတ်ညွှန်ကြားတော်မူခဲ့သည်။
“ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသည်မှနောက် နှစ်ငါးရာကျော်သောအခါ ထိုသူနှစ်ဦးတို့သည် ဖြစ်ပေါ်လာလတ္တံ့။ ထိုသူနှစ်ဦးသည် နက်နဲစွာပြု၍ ငါဟောကြားအပ်သော ထို သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်တို့ကို ပြဿနာမေးခွန်း၊ ဥပမာ ဥပမေယျ၊ ညီမျှသင့်တင့်သော နည်းတို့၏အစွမ်းဖြင့် အရှုပ်အထွေးမရှိအောင်ပြု၍ ဝေဖန်ကြကုန်လတ္တံ့” ဟု ဗျာဒိတ်မြွက်ကြားတော်မူ၏။[၅]
မိလိန္ဒမင်း
နောင်အခါတွင် ထို ကဿပဘုရားရှင်လက်ထက် သာမဏေလေးသည် ဇမ္ဗူဒိပ်ကျွန်း၊ သာဂလမြို့တွင် မိလိန္ဒအမည်ဖြင့် မင်းဖြစ်၏။ မိလိန္ဒမင်းသည် လိမ္မာ၏၊ အသိဉာဏ်ရှိ၏၊ ကျမ်းဂန်တို့ကို သင်ယူ၏။ မိလိန္ဒမင်းသည် မြို့တွင်းရှိ သမ္မာသမ္ဗုဒ္ဓဟု ဝန်ခံသော သာမဏ၊ ဗြာဟ္မဏ၊ ဂိုဏ်းဆရာတို့ကို ခေါ်ယူကာ မေးခွန်းပုစ္ဆာတို့ကို မေးမြန်း၏။ ထိုမေးမြန်းသည့် အမေးပုစ္ဆာများကို ဖြေကြားနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် သာမဏ၊ ဗြာဟ္မဏတို့သည် မင်းကြီးမေးသည်ကို မတတ်နိုင်သဖြင့် ဖဲသွားကြ၏။ အရပ်တပါးသို့ မသွားသောသူတို့သည် တိတ်ဆိတ်စွာ နေကြရကုန်၏။ ရဟန်းတို့သည် များသောအားဖြင့် ဟိမဝန္တာသို့ ကြွကုန်ကြ၏။[၆]
မဟာသေနနတ်သား
ထိုအခါ ဟိမဝန္တာတောင်၊ ရက္ခိတမည်သော ကုန်းပြင်တွင် သီတင်းသုံးနေသော ရဟန္တာတို့သည် ရှိ၏။ ထိုရဟန္တာတို့ထဲတွင် အရှင်အဿဂုတ္တမထေရ်သည် ဒိဗ္ဗသောတအဘိဉာဏ်ဖြင့် မိလိန္ဒမင်း၏ ညည်းတွားသံကို ကြားရ၏။ ထို့နောက် ယုဂန္ဓိုရ်တောင်ထိပ်တွင် ရဟန်းတို့ကို စုဝေးကာ “မင်းကြီး၏ ယုံမှားသံသယကို ပယ်ဖျောက်ပေးနိုင်သော ရဟန်းရှိပါသလား” ဟု မေးမြန်း၏။ သုံးကြိမ်တိုင် မေးမြန်းသော်လည်း ရဟန်းတို့သည် ဆိတ်ဆိတ်နေကုန်၏။ ထိုအခါ အရှင်အဿဂုတ္တသည် “တာဝတိံသာနတ်ဘုံရှိ မဟာသေနနတ်သားသည် မင်းကြီး၏ ယုံမှားသံသယကို ပယ်ဖျောက်ရန် စွမ်းဆာင်နိုင်၏” ဟု ပြောကြား၏။ ထို့နောက် ရဟန္တာတို့သည် ယုဂန္ဓိုရ်တောင်ထိပ်မှ တာဝတိံသာနတ်ပြည်သို့ ရောက်၏။ ထို့နောက် နတ်သားအား မင်းကြီး၏ ယုံမှားသံသယကို ပယ်ဖျောက်နိုင်ရန် လူ့ပြည်သို့ လာရောက်ပါလော့” ဟု ဆို၏။ ထိုအခါ နတ်သားသည် ငြင်းပယ်၏။ ရဟန်းတို့သည် သုံးကြိမ်တိုင်တိုင် ပြောဆိုသည့်တိုင်အောင် ငြင်းပယ်နေ၏။ ထိုအခါ အရှင်အဿဂုတ္တသည် နတ်သားကို ဖျောင်းဖျပြောဆိုရာ နတ်သားလည်း “လူ့ပြည်၌ ဖြစ်ပါတော့အံ့” ဟု ဝန်ခံ၏။[၇]
နာဂသေနသူငယ်
ဖွားမြင်ခြင်း
မဟာသေနနတ်သားသည် နတ်ပြည်မှ လွန်ခဲ့၍ လူ့ပြည်တွင် လူဖြစ်လာ၏။ ဖခင် သောဏုတ္တရပုဏ္ဏား၏ ဇနီးဖြစ်သူဝမ်းတွင် ပဋိသန္ဓေယူ၏။ ထိုသို့ ပဋိသန္ဓေယူသည်နှင့် တစ်ပြိုင်နက် လက်နက်ဘဏ္ဍာတို့၏ ထွန်းတောက်ခြင်း၊ ကောက်စပါးနှင့် ပြည့်စုံခြင်း၊ မိုးသည်းထန်စွာရွာခြင်းတို့သည် ဖြစ်ပေါ်၏။[၈]
ပညာသင်ကြားခြင်း
နာဂသေနပုဏ္ဏားလေး ခုနစ်နှစ်သား ရောက်လာသည့်အခါတွင် ဖခင်က ပညာသင်ကြားစေ၏။ နာဂသေနသည် တစ်ကြိမ်သင့်ရုံဖြင့် ဗေဒင်သုံးပုံ၊ (အဘိဓာန်) နိဃဏ္ဍုကျမ်း၊ (အလင်္ကာ) ကေဋုဘကျမ်း၊ (သဒ္ဒါ) အက္ခရပ္ပဘေဒကျမ်းနှင့် ဣတိဟာသကျမ်းတို့ကို တတ်မြောက်၏။ ထို့ပြင် ပဒကျမ်း၊ ဗျာကရုဏ်းကျမ်း၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့ကို တတ်မြောက်၏။
ထိုအခါ နာဂသေနသည် ဖခင်ကို ဗေဒင်သုံးပုံထက် သင်ကြားဖွယ်ရှိပါသလားဟု မေးရာ “မရှိပါ” ဟု ဖခင်က ဖြေကြား၏။ နာဂသေနသည် မိမိသင်ယူတတ်မြောက်ထားသည်များ၏ အစ၊ အလယ်၊ အဆုံးကို ဆင်ခြင်သောအခါ အနှစ်သာရကို မတွေ့ဘဲ ဖြစ်နေသည်ကို တွေ့သဖြင့် စိတ်နှလုံးမသာမယာဖြစ်နေ၏။[၉]
ရောဟဏမထေရ်နှင့် တွေ့ဆုံခြင်း
ထိုသို့ နှလုံးမသာမယာ ဖြစ်နေသည်ကို အရှင်ရောဟဏသည် စိတ်အကြံဖြင့် သိလေ၏။ ထို့နောက် နာဂသေန၏ အိမ်တံခါးမုဒ်တွင် ရပ်နေ၏။ နာဂသေနသည် ထိုမထေရ်ကို မြင်သောအခါ “အရှင်သည် ဦးပြည်းလျက် ဖန်ရည်ဆိုးအဝတ် ဝတ်၏။ အဘယ်လူမျိုး ဖြစ်သနည်း” ဟု မေး၏။ ထိုအခါ အရှင်ရောဟဏသည် “အကုသိုလ်အညစ်ကြေးတို့ကို နှင်ထုတ်သောကြောင့် ရဟန်းဖြစ်၏” အစချီကာ စသဖြင့် ပြောလေ၏။ ထို့နောက် နာဂသေနသူငယ်သည် အရှင်ရောဟဏအား အိမ်ထဲသို့ ပင့်ဆောင်ကာ ဆွမ်းလုပ်ကျွေး၏။ ထို့နောက် အရှင်ရောဟဏကို မိမိအား မန္တန်များ သင်ကြားပေးရန် တောင်းဆို၏။ အရှင်ရောဟဏသည် အမိအဖတို့က ခွင်ပြုသဖြင့် ရဟန်းအသွင်ကို ယူပြီးသောအခါ၌ သင်ကြားပေးမည်ဟု မိန့်တော်မူ၏။[၁၀]
ရှင်သာမဏေပြုခြင်း
ထိုအခါ နာဂသေနသူငယ်သည် မိဘတို့အား မန္တန်များကို သင်ကြားရန် ရဟန်းပြုခွင့် တောင်း၏။ မိဘတို့သည် “သင်ယူရန် ခွင့်ပြု၏၊ သင်ယူပြီးပါက တစ်ဖန်ပြန်လာလိမ့်မည်” ဟု ထင်မှတ်ကာ ခွင့်ပြု၏။ ထိုအခါ အရှင်ရောဟဏသည် နာဂသေနသူငယ်ကို ဝိဇမ္ဘဝတ္ထုကျောင်းတိုက်၊ ဝတ္တနိယကျောင်းသို့ ခေါ်ဆောင်သွား၏။ တစ်ညဉ့်နေပြီးနောက် ရက္ခိတကုန်းပြင်တွင် ရဟန်းများစွာတို့၏ အလယ်၌ နာဂသေနသူငယ်ကို ရှင်ပြုပေး၏။ ထို့နောက် အရှင်နာဂသေသည် အဘိဓမ္မာ (၇) ကျမ်းကို ခုနစ်လအတွင်း အကျယ်သင်ယူပြီးမြောက်၏။[၁၁]
သောတာပန်ဖြစ်တော်မူခြင်း
အရှင်နာဂသေနသည် အသက်နှစ်ဆယ်ပြည့်သော် ရဟန်းပြု၏။ တစ်နေ့သောအခါ ဥပဇ္ဈာယ်ဆရာဖြစ်သော အရှင်ရောဟဏနှင့်အတူ ဆွမ်းခံထွက်၏။ ထိုအချိန်တွင် အရှင်နာဂသေနသည် “ငါ၏ ဆရာသည် ငါ့အား အဘိဓမ္မာမှ ကြွင်းသောတရားတို့ကို ရှေးဦးစွာ သင်ပေး၏၊ ငါ၏ ဆရာသည် အချည်းနှီးပေတကား” ဟု တွေး၏။ ထိုအခါ အရှင်ရောဟဏသည် အရှင်နာဂသေန၏ စိတ်အကြံကို သိတော်မူသဖြင့် ထိုသို့ကြံစည်ခြင်းသည် မသင့်တော်ကြောင်း ပြော၏။ ထိုအခါ အရှင်နာဂသေနသည် “သည်းခံတော်မူရန်” လျှောက်၏။ ထိုအခါ အရှင်ရောဟဏသည် “သာဂလမြို့တွင် အမေးပုစ္ဆာတို့ကို မေး၍ ရဟန်းသံဃာတို့ကို ညှဉ်းဆဲနေသော မိလိန္ဒမင်းအား ဆုံးမပါက သည်းခံမည်” ဟု မိန့်တော်မူ၏။ ထို့နောက် အရှင်ရောဟဏသည် အရှင်နာဂသေနအား ဝါတွင်းကာလတွင် အရှင်အဿဂုတ္တထံသို့ သွားရောက်နေထိုင်ရန် မိန့်တော်မူ၏။
ထို့နောက် အရှင်နာဂသေနသည် အရှင်အဿဂုတ္တထံသို့ ရောက်သွား၏။ တစ်နေ့သော် ဒါကာမတစ်ဦးသည် အရှင်နာဂသေနနှင့် အရှင်အဿဂုတ္တအား ဆွမ်းလုပ်ကျွေး၏။ ဆွမ်းစားပြီးသော် အရှင်အဿဂုတ္တသည် အရှင်နာဂသေနအား ဆွမ်းအနုမောဒနာတရား ဟောကြားရန်မိန့်တော်မူကာ ကြွသွား၏။ အရှင်နာဂသေနသည် ဒါကာမအား တရားဟောကြားတော်မူရာ ထိုနေရာတွင်ပင် ဒါယိကာမသည် သောတာပန် ဖြစ်လေ၏။ အရှင်နာဂသေနသည်လည်း မိမိဟောကြားသော တရားကို ပြန်လည်ဆင်ခြင်သုံးသပ်သော် သောတာပန်ဖြစ်တော်မူ၏။[၁၂]
ပိဋကတ်သင်ကြားတော်မူခြင်း
ထို့နောက်တွင် အရှင်အဿဂုတ္တသည် အရှင်နာဂသေနအား ယူဇနာတစ်ရာဝေးသော ပါဋလိပုတ်ပြည်၊ အသောကာရုံကျောင်းရှိ အရှင်ဓမ္မရက္ခိတထံတွင် မြတ်စွာဘုရား၏ စကားတော်များကို သင်ကြားပါဟု လွှတ်လိုက်၏။
အရှင်ဓမ္မရက္ခိတထံသို့ရောက်သော် ပိဋကတ်သုံးပုံကို သင်ယူတတ်မြောက်၏။ အရှင်ဓမ္မရက္ခိတသည် အရှင်နာဂသေနအား “နွားကျောင်းသားသည် နွားတို့ကို ထိန်းကျောင်းရသော်လည်း နွားနို့မှဖြစ်သော အရသာကိုမူ အခြားသောသူတို့သည်သာ သုံးဆောင်ကြရကုန်သကဲ့သို့၊ နာဂသေန သင်သည် ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို ဆောင်ယူသော်လည်း မဂ်ဖိုလ်အစု ရရှိသူ မဖြစ်ခဲ့” ဟု မိန့်၏။ ထို့နောက် ထိုညဉ့်တွင်ပင် အရှင်နာဂသေနသည် ရဟန္တာဖြစ်တော်မူ၏။[၁၃]
ရဟန်းတို့၏ တောင်းဆိုခြင်း
ထို့နောက် ရာပေါင်းများစွာသော ရဟန်းတို့သည် ရက္ခိတကုန်းပြင်တွင် စုဝေးနေ၏။ ထိုရဟန်းတို့သည် အရှင်နာဂသေနအား “မိလိန္ဒမင်းသည် အမေးပြဿနာတို့ဖြင့် ရဟန်းသံဃာတို့အား ညှဉ်းဆဲနေပါသည်၊ အရှင် သွား၍ စီမံပါလော့” ဟု တောင်းဆိုကြ၏။ ထိုအခါ အရှင်နာဂသေနလည်း တာဝန်ယူကာ သာဂလမြို့သို့ ကြွတော်မူ၏။[၁၄]
မိလိန္ဒမင်းနှင့် တွေ့ဆုံခြင်း
ဤသို့ဖြင့် မင်းကြီးသည် ဝါဒအမေးပုစ္ဆာတို့ဖြင့် ရဟန်းသံဃာတို့ကို မေးမြန်း၏။ ရဟန်းတို့လည်း မဖြေနိုင် ရှိနေကြ၏။ ထို့နောက် မင်းကြီးသည် အမတ်တို့အား “မိမိ၏ အမေးကို ဖြေနိုင်မည့်သူ ရှိပါသေးသလော” ဟု မေး၏။ အမတ်တို့လည်း “အရှင်နာဂသေန ရှိပါ၏” ဟု ဖြေလေ၏။ ထိုအခါ မင်းကြီးသည် ဒေဝမန္တိယအမတ်ကို ခေါ်ရန် စေခိုင်းလိုက်၏။
ဤသို့ဖြင့် အရှင်နာဂသေနနှင့် မိလိန္ဒမင်းကြီးတို့သည် တွေ့ဆုံကြလေ၏။ ထို့နောက် မင်းကြီးသည် မေးခွန်းတို့ကို မေးမြန်း၏။ မထေရ်လည်း ဖြေကြား၏။ ဤတွင် [၁၅]အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။ နောက်ဆုံးတွင် မိလိန္ဒမင်းသည် စည်းစိမ်ကိုစွန့်ကာ ရဟန်းပြု၍ တရားအားထုတ်လေရာ အာသဝတရားကုန်ခမ်းပြီး ရဟန္တာ ဖြစ်တော်မူ၏။
ကိုးကား
- မိလိန္ဒပဉှာပါဠိတော်မြန်မာပြန်။
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ“
ကဏ္ဍ:
- ဤစာမျက်နှာကို ၂၆ စက်တင်ဘာ ၂၀၂၄၊ ၀၆:၄၉ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်
