HEALTH MATTERS Bone Diseases အရိုးရောဂါ အရိုးအဆစ်နာ အဆစ်အမြစ်ရောင်ရမ်းနာ ဒူးနာ ခါးနာ ခြင်း၏နောက်ခံအဖြစ်များ

ဒူးကျန်းမာရေးသဘာဝနည်းလမ်းများ

ဒီဗီဒီယိုမှာ ဒူးကျန်းမာရေး ထိန်းသိမ်းဖို့ သဘာဝ နည်းလမ်းများ၊ လေ့ကျင့်ခန်းသေးသေးလေးများ၊ ရေသောက်ခြင်း၊ ရိုးရာ နည်းလမ်းများကို ပညာပေး ဗဟုသုတအဖြစ် မျှဝေထားပါတယ်။ ဤအကြောင်းအရာသည် ဆေးဘက်အကြံဉာဏ်မဟုတ်ဘဲ ကျန်းမာရေး အသိပညာ တိုးတက်စေရန်သာ ရည်ရွယ်ထားပါသည်။

This video shares natural insights for maintaining knee wellness, including gentle exercises, hydration, and traditional practices. The content is intended for educational purposes only and does not provide medical advice.

https://youtu.be/aR3PH0BFF_U?si=fEjrtbyXKqKegidv

https://youtu.be/aR3PH0BFF_U?si=fEjrtbyXKqKegidv

Dr. Aung Win Hein ဒူးနာတာကိုပျောက်စေတဲ့နည်း ၉ နည်း

လူတွေမှာ
ဒူးနာတာဟာ အဖြစ်များတဲ့
ဝေဒနာတစ်ခုဖြစ်ပါတယ်…။
ဒူးနာတဲ့ဝေဒနာဟာ
အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်…။

ထိခိုက်ဒဏ်ရာဟာ
လူတိုင်း ဖြစ်နိုင်တယ်…။
လူတိုင်းမှာ ဒူးနှစ်ဖက်ရှိတာမို့
ထိခိုက်ဒဏ်ရာကြောင့်
လူတိုင်း ဒူးနာ နိုင်ပါတယ်…။

ထိခိုက်ဒဏ်ရာ ဖြစ်တဲ့အခါ
ဒူးရဲ့ အရွတ် ပြဲသွားနိုင်တယ်…။
ဒူးရဲ့ အရိုးနုလည်း ထိခိုက်သွားနိုင်တယ်…။
ဒူးနားက ကြွက်သား စုတ်သွားနိုင်ပါတယ်…။

ဒူးနာစေနိုင်တဲ့
အခြားအကြောင်းတွေကတော့…
အရိုးအဆစ်ရောင်ရမ်းမှု ( arthritis )
ဂေါက်ရောဂါ ( gout ) နဲ့
ရောဂါပိုးတစ်မျိုးမျိုး
( infections ) ကြောင့်လည်း
ဒူးနာတဲ့ဝေဒနာကို
ခံစားရနိုင်ပါတယ်…။

xxxxx

Dr. Aung Win Hein.

https://youtu.be/adBaXE3mVHc?si=qED8xzRgS1yM_ajb

ဒူးနာခြင်းအကြောင်းသိကေ င်းစရာများ (အပိုင်း ၁ )

ဒူးနာခြင်းဆိုသည် မှာ အသက်အရွယ် မ‌ရွေး ကျား မ မရွေး ကြုံတွေ့ခံစားနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် မဖြစ်မနေ ကြုံတွေ့ခံစားရမယ့် ရောဂါတစ်ခုလဲဖြစ်ပါတယ်။ ဒူးနာခြင်းကြောင့် နေ့စဥ် လုပ်ငန်းဆောင်တာ များ ဆောင်ရွက်ရာမှာ အခက်အခဲဖြစ်ပြီး သက်တောင့်သက်သာ မရှိဘဲ ဖြစ်နေတတ်ပါတယ်။

ဒီ Video လေး ထဲမှာတော့ ပေါမောက္ခ ဆရာကြီး ဦးကျော်မြင့်နိုင် ( အရိူးနှင့် ထိခိုက်ခွဲစိတ်အထူးကုဆရာဝန်ကြီး ) မှ ဒူးနာခြင်းနဲ့ ပတ်သတ်တဲ့ ဖြစ်ပွားတတ်တဲ့ အ‌ကြောင်းအရာများ၊ ဒူးနာခြင်းရဲ့ ရောဂါ လက္ခဏာများ၊ ဒူးနာခြင်း ကို ကုသနိုင်မည့် နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန်များ အစရှိသည်များကို ပြည့်ပြည့် စုံစုံလေး ဟောပြရှင်းပြပေးထားပါတယ်။

အပိုင်း ၁ အနေဖြင့် ဒူးနာခြင်းဆိုသည်မှာ ၊ ဒူးနာခြင်း ဖြစ်ပွားရသည့် အကြောင်းအရာများ၊ ဒူးနာခြင်း ကို စိမ်းသပ်နိုင်မည့် နည်းလမ်းများ အစရှိသည်တို့ကို ပြည့်ပြည်စုံစုံလေး ဟောပြော ရှင်းပြပေးထားပါတယ်ရှင့်
လာမယ့် အပတ်များမှာ လဲ ဒူးနာခြင်းနှင့် ပတ်သတ်သည့် သိကောင်းစရာများကို ဆက်လက်တင်ဆက်ဖော်ပြပေးသွားမှာဖြစ်လို့ MyanCare Facebook Page နှင့် Youtube Page ‌လေးကို Like and Follow လုပ်‌ပေးထားကြပါအုံးနော်

အားလုံးဘဲ ဒူးနာခြင်း ရောဂါ ကင်းဝေး၍ ကျန်းမာချမ်းသာ ကြပါစေကြောင်း MyanCare မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင့်

ကျန်းမာရေးဆောင်းပါးများကို အမြဲဖတ်ရှုနိုင်ဖို့အတွက် MyanCare Viber Group, Telegram Channel နှင့် YouTube Channel များကိုပါ join ထားနိုင်ပါပြီ…

Viber https://bit.ly/mcviber
Telegram https://bit.ly/myancaretelegram
YouTube https://bit.ly/myancareutube

https://youtu.be/iNl9lkFe6ME?si=XzpNGZhRWcu1N5bX

ဒူးနာခြင်းအကြောင်းသိကေ င်းစရာများ (အပိုင်း ၂ )

🤗ဒူးနာခြင်းအကြောင်း သိကောင်းရာများ ( အပိုင်း – ၂ )

👉ဒူးနာခြင်းဆိုသည် မှာ အသက်အရွယ် မ‌ရွေး ကျား/မ မရွေး ကြုံတွေ့ခံစားနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် မဖြစ်မနေ ကြုံတွေ့ခံစားရမယ့် ရောဂါတစ်ခုလဲဖြစ်ပါတယ်။ ဒူးနာခြင်းကြောင့် နေ့စဥ် လုပ်ငန်းဆောင်တာ များ ဆောင်ရွက်ရာမှာ အခက်အခဲဖြစ်ပြီး သက်တောင့်သက်သာ မရှိဘဲ ဖြစ်နေတတ်ပါတယ်။

🤗ဒီ Video လေး ထဲမှာတော့ ပေါမောက္ခ ဆရာကြီး ဦးကျော်မြင့်နိုင် ( အရိူးနှင့် ထိခိုက်ခွဲစိတ်အထူးကုဆရာဝန်ကြီး ) မှ ဒူးနာခြင်းနဲ့ ပတ်သတ်တဲ့ ဖြစ်ပွားတတ်တဲ့ အ‌ကြောင်းအရာများ၊ ဒူးနာခြင်းရဲ့ ရောဂါ လက္ခဏာများ၊ ဒူးနာခြင်း ကို ကုသနိုင်မည့် နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန်များ အစရှိသည်များကို ပြည့်ပြည့် စုံစုံလေး ဟောပြရှင်းပြပေးထားပါတယ်။

အပိုင်း ၂ အနေဖြင့် ဆင်တူရိုးမှား ရောဂါများ (သို့) အရိုးနုပျက်စီးခြင်း၊ ဒူးနာခြင်း ပြင်းထန်ပုံ၊ ဒူးနာခြင်း ကုသနည်းလမ်းများ အစရှိသည်တို့ကို ပြည့်ပြည်စုံစုံလေး ဟောပြော ရှင်းပြပေးထားပါတယ်ရှင့်

🤗လာမယ့် အပတ်များမှာ လဲ ဒူးနာခြင်းနှင့် ပတ်သတ်သည့် သိကောင်းစရာများကို ဆက်လက်တင်ဆက်ဖော်ပြပေးသွားမှာဖြစ်လို့ MyanCare Facebook Page နှင့် Youtube Page ‌လေးကို Like and Follow လုပ်‌ပေးထားကြပါအုံးနော်

ဒူးနာခြင်းအကြောင်း သိကောင်းရာများ အပိုင်း (၁) ကြည့်ရှုရန် –    • ဒူးနာခြင်းအကြောင်း သိကောင်းရာမျာ…  

🤗အားလုံးဘဲ ဒူးနာခြင်း ရောဂါ ကင်းဝေး၍ ကျန်းမာချမ်းသာ ကြပါစေကြောင်း MyanCare မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင့်

ကျန်းမာရေးဆောင်းပါးများကို အမြဲဖတ်ရှုနိုင်ဖို့အတွက် MyanCare Viber Group, Telegram Channel နှင့် YouTube Channel များကိုပါ join ထားနိုင်ပါပြီ…

Viber https://bit.ly/mcviber
Telegram https://bit.ly/myancaretelegram
YouTube https://bit.ly/myancareutube

https://youtu.be/qRHAi4k2Rzk?si=4OhuH1eYSfCYNFlc

ခါးနာခြင်းဒူးနာခြင်းအကြောင်းမေးသမျှဖြေမယ်

ဒီဗီဒီယိုလေးမှာ ဒီနေ့ခေတ် လူကြီးလူငယ်မရွေးအဖြစ်များတဲ့ ခါးနာခြင်း၊ ဒူးနာခြင်းအကြောင်းနဲ့အတူ ပရိသတ်တွေ မေးမြန်းထားကြတဲ့-
(1) အမေ ဒူးနာနေတာ တော်တော် ကြာပါပြီ။ ပျောက်အောင် ကုလို့ မရပါ။ သက်သာရုံလောက်ပဲ ရပါတယ်။ ဒါကြောင့် ဒူးနာတာက လုံးဝပျောက်ကင်းအောင် ကုသလို့ မရဘူးလားဆိုတာ သိချင်ပါတယ်။ ရဲရဲ (2မိနစ်၊ 57စက္ကန့်)
(2) လှေကားတက်ရင်း ဒူးစနာပြီး ဒူးရောင်နေတာလေးရက်ရှိပါပြီ။ ချောင်းဆိုးလိုက်တာ ခါးပါနာနေပါတယ်။ ထိုင်ရထရခက်ခဲနေပါတယ်။ ခါးပတ်နဲ့ဒူးစွပ်သာအသုံးပြုနေပါတယ်။ NSAIDs အကိုက်အခဲ ပျောက်ဆေး မတည့်လို့ပါ။ အသက် ၅၀၊ အရပ် ငါးပေလေးလက်မ၊ ပေါင်ချိန် ၁၅၂ ပေါင်၊ BMI 26ဖြစ်ပါတယ်။ creatinine 156 ဖြစ်နေသဖြင့် ဆေးဝါးသတိထားနေရသူတစ်ယောက်ဖြစ်နေလို့ပါ။ ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ်။ Ko Shwe Thant (5မိနစ်၊ 20စက္ကန့်)
(3) တခါတလေ ခါးနာ၊ဒူးနာ၊ပေါင်ကြောနာဖြစ်ပါတယ်၊ ဘယ်လို့ပြုမှုနေထိုင်ရပါသလဲရှင့်၊ ဘာဆေးများ မှီဝဲရင်ကောင်းမလဲ၊ ဘယ်လိုအစားအသောက်တွေရှောင်ကြဉ်ရမလဲရှင့်ဆရာ။ Nilar Thwin (7မိနစ်၊ 53စက္ကန့်)
(4) ခါးလည်းနာပါတယ်။ ခြေဖဝါးနှစ်ဖက်စလုံးလည်း ထုံကျဉ်နေပါတယ်။ ကျေးဇူးပြု၍ လမ်းညွှန်ပေးစေလိုပါတယ်။ ဦးတင်ရွှေ-မောင်နေလင်း (9မိနစ်၊ 45စက္ကန့်)
(5) ကျွန်တော်က သွေးလေးဖက်နာသမားပါ။ ဒါပေမဲ့ မကြာခဏ အဖုအပိမ့်တွေထွက်ပြီး ဒူးနာတာ လမ်းမလျှောက်နိုင်တဲ့အထိ ဖြစ်နေပါတယ်။ ဘာကြောင့် အဖုအပိမ့်တွေထွက်နေသလဲဆိုတာ ပြောပြပေးဦး။ Kyaw Yel Aung (10မိနစ်၊ 48စက္ကန့်)
(6) ကျွန်မမိုးလင်း အိပ်ရာနိုးရင် ခါးနေရာတခုတည်း နာတယ်ရှင်ဆရာ။ ကျွန်မကလေးနှစ်ယောက်မွေးပြီးပြီ။ နေ့တိုင်နာတယ်၊ မျက်နှာသစ်၊ ထမင်းချက်ပြီးရင် ကောင်းသွားပြန်ရော့ရှင်ဆရာ။ La Pyae (12မိနစ်၊ 28စက္ကန့်)
(7) ညာဘက်ဒူးကြွက်သားအားနည်းပြီးဒူးနာနေတာဘယ်လိုဆေးအမျိုးအစားနဲ့သင့်တော်မလည်းဆရာ Pauk Kyine(14မိနစ်၊ 02စက္ကန့်)တို့က မေးမြန်းထားကြတဲ့ မေးခွန်းလေးတွေကိုလည်း အထွေထွေရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ပြည့်ပြည့်စုံစုံ ဖြေကြားပေးထားပါတယ်။

healthylifejournal #healthfood #myanmarhealth #myanmarknowledge #healtyfood #myanmarhealthyfoods

https://youtu.be/giw7PPM-tCc?si=jhJVLRMuDs7SGrHH

ဒူးနာခြင်းကိုလျှော့ချနိုင်မည့်နည်းလမ်းများ နှင့်လိမ်းဆေးများ

င့်ဒူးနာကို အမြန်လျှော့ချနိုင်သည့် အကောင်းဆုံးနည်းလမ်းများအကြောင်း

ဒူးနာခြင်းသည် လူများစွာ ကြုံတွေ့ရသည့် အဖြစ်အများဆုံး ပြဿနာများထဲမှ တစ်ခုလည်းဖြစ်ပါတယ်။ဒူးဆစ်သည် ကျွန်တော်တို့အား ကွေးရန်၊ ဖြောင့်ရန်နှင့် ခန္ဓာကိုယ်အလေးချိန်ကို ထမ်းရန် ကူညီပေးပါတယ်။

ဒူးနာခြင်းသည် အသက်အရွယ်ကြီးရင့်ခြင်း၊ အရိုးအဆစ်များ ထိခိုက်ဒဏ်ရာရခြင်း၊ လှုပ်ရှားမှု့များပီး ဒဏ်ပိခြင်းနှင့် အဝလွန်ခြင်းတို့ကြောင့် အဖြစ်များဆုံးဖြစ်ပါတယ်။

ရှိသင့်တဲ့အလေးချိန်ထက် ခန္ဓာကိုယ်အလေးချိန်အပိုထမ်းရခြင်းသည် ဒူးကို သိသိသာသာ ဝန်ပိမိစေပါသည်။ ကိုယ်အလေးချိန် ပေါင် 20 တက်လာခြင်းသည် ကျွန်တော်တို့ဒူးဆစ်များအပေါ် ဖိအား 80 ပေါင် ပိုတိုးလာခြင်းဖြစ်ပါသည်။

ဒူးနာ #ခါးနာ #အရိုးအဆစ်နာ #အဆစ်အမြစ်နာ #ကြွက်သား #ရေခဲကပ်ခြင်း #ရေနွေးအိတ်ကပ်ခြင်း #ငါးကြီးဆီ #အိုမီဂါ၃ #FattyAcids #ယောဂ #အကိုက်အခဲပျောက်ဆေး #လိမ်းဆေး #ပါတာဆီတမော #အကြောဆန့်ခြင်း #နနွင်း #ဂျင်း #အဆစ်အမြစ်ရောင် #ဗီတာမင်ဒီ #သံဓာတ် #သက်ကြီးရွယ်အို #သံလွင်ဆီ #ကယ်လ်စီယမ် #အရိုးနှင့်အဆစ် #everyday #health #healthknowledge #ကျန်းမာရေး #lifestyle #food #vitamins #omega3 #exercise #ရောင်ရမ်းခြင်း

https://youtu.be/gmf5mLFKQ2k?si=pv7W0kUra617zyiY

ခါး နာတယ်ဆိုတာဘာလဲ?

အားလုံးပဲ မင်္ဂလာပါ
ဒီနေ့ပြောပြပေးမယ် အကြောင်းရာလေးကတော့
ခါးနာခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်✅

ခါးနာခြင်းက ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံး
ဖြစ်တတ်တဲ့ ရောဂါပဲ ဖြစ်ပါတယ်‼

လူတိုင်းနီးပါ ဘဝမှာတစ်ကြိမ်တော့
ခါးနာခြင်း ဖြစ်တတ်ပါတယ်✴

ဒါပေမဲ့ ခါးနာတာဟာ ပြန်ကောင်းတတ်ပါတယ်‼

ခါးနာခြင်းက အနည်းဆုံး ရက်သတ္တပတ်အတွင်း ပြန်ကောင်းပါတယ်✅

ခါးနာခြင်းကို ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့👇🏻

💥(1)ကြွက်သားနာခြင်း

💥(2)ဓားနဲ့ ထိုးထားသလို နာခြင်း

💥(3)နာကျင်မှုကခြေထောက်အထိ ပျံ့နှံခြင်း

💥(4)ကွေးခြင်း၊မခြင်း၊ရပ်ခြင်း ၊
လမ်းလျှောက်တဲ့အခါ အရမ်းနာခြင်း

ဒီလက္ခဏာတွေကတော့ ခါးနာခြင်းကို ဖြစ်စေတတ်တဲ့
လက္ခဏာတွေပဲ ဖြစ်ပါတယ်

ခါးနာရတဲ့ အကြောင်းအရင်းလေးတွေကတော့👇🏻

📍(1)အသက်အရွယ်ကြောင့်နာခြင်း(Age)

အသက်ကြီးလာတဲ့အခါ ခါးပိုနာစေပါတယ်
အသက် 30ကျော် 40နီးပါးသူတွေဟာ ခါးနာခြင်းပိုဖြစ်တတ်ပါတယ်…

📍(2)အားကစား မလုပ်ခြင်း (Lack of exercise)
အားကစားမလုပ်တဲ့သူတွေက ခါးနာခြင်းကို ပိုပြီး ဖြစ်စေတတ်ပါတယ်..

အလေး “မ”တဲ့အခါ ဗိုက်နဲ့ ခါးမှာရှိတဲ့
ကြွက်သာတွေအားနည်းတာ ဒါမှ မဟုတ်
အားနည်းတာကြောင့် ခါးနာပါတယ်

ဒါကြောင့်မို့ ကြွက်သာတွေး အားကောင်းအောင်
လေ့ကျင့်ခန်း လုပ်ပေးရပါမယ်

📍(3)အဝလွန်ခြင်း(Excess Weight)

အဝလွန်တဲ့သူတွေက ပုံမှန်လူတွေထက် ပိုပြီး ခါးနာတတ်ပါတယ်

အဝလွန်တဲ့သူတွေဟာ ခါးနာမှာ ဖိအားပိုများပါတယ် ‼

သူ့ရဲ့ အပေါ်ပိုင်း body weight က
ခါးနာမှာ ပိုပြီး သက်ရောက်မှု များပါတယ်✅

📍(4)ရောဂါကြောင့် ခါးနာခြင်း (Diseases)

တစ်ချို့သော ရောဂါတွေက ခါးနာခြင်းကို ဖြစ်စေပါတယ်✅

ဥပမာ-အဆစ်အမြစ်ယောင် ရောဂါ ၊ ကင်ဆာရောဂါ

📍(5)နည်းလမ်းအမှားနဲ့ ပစ္စည်း “မ”ခြင်း(Improper Lifting)

ပစ္စည်းတစ်ခုခုကို “မ”တဲ့အခါး ဒူးကိုကွေးပြီး
ခါးဆန့်ပြီး “မ”သင့်ပါတယ်‼

ဒီလိုမ.”မ”ဘဲ ခါးကိုပဲ အသုံးပြုပြီး
“မ”မယ်ဆိုရင် ခါးနာတတ်ပါတယ်✅

📍(6)စိတ်ပိုင်းဆိုင်ရာ အခြေအနေ (Psychological Conditions)

စိတ်ပိုင်းဆိုင်ရာအခြေအနေတွေက ခါးနာခြင်းကိုဖြစ်စေပါတယ်

ဥပမာ – စိတ်လှုပ်ရှားခြင်း ၊ စိတ်ဓာတ်ကျခြင်း ၊ ဒေါသထွက်ခြင်း

📍(7)ဆေးလိပ်သောက်ခြင်း (Smoking)

ခါးရိုး (သို့မဟုတ်) ကျောရိုးရဲ့ အောက်ပိုင်းမှာ
သွေးစီးဆင်းမှုက ဆေးလိပ်သောက်လိုက်ရင်
နည်းသွားစေပါတယ်…

ခါးကို အစာအာဟာရပို့တဲ့အချိန်မှာ
သွေးစီးဆင်းမှု နည်းတဲ့အတွက် ခါးနာတ

ဒီနေ့ပြောပြလိုက်တဲ့ ခါးနာခြင်းဆိုတဲ့
အကြောင်း အရာလေးဟာ ‼
အားလုံးအတွက် အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်🤗🤗🤗

နောက်လဲ ကျန်းမာရေးနဲ့ပတ်သက်တဲ့
ဗဟုသုတလေးတွေကို ဝေမျှပေးသွားမှာဖြစ်လို့
Like & followလေး လုပ်ပေးထားနော်✅

dochtet

drhtetwin

ကျန်းမာရေး

ရိုးရိုးခါးနာတာနဲ့ #ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။

✅ခါးအောက်ပိုင်းနာနေတာကြာပြီ။ ဟာ ဒါဆို ကျောက်ကပ်ဖြစ်နိုင်တယ်ဆိုတဲ့ စကားလေးတွေ ကြားဖူးကြမှာပါ။

✅ဒါက မှားနေတာတော့မဟုတ်ပါဘူး။ ကျောက်ကပ်ပြဿနာရဲ့ လက္ခဏာတွေထဲမှာ ခါးနာတာပါတတ်ပေမယ့် အခြား ကျောက်ကပ်မဟုတ်ဘဲခါးကိုယ်တိုင်ဒဏ်ရာရနေလို့ ခါးနာတာတွေလည်း ရှိပါသေးတယ်။

✅ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။

✅ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။

✅ဒီနှစ်ခုက မှားလည်း မှားချင်စရာပါပဲ။ ကျောက်ကပ် နှစ်လုံးကလည်း ခါးအောက်ပိုင်းပတ်လည်မှာပဲ ရှိနေတာမလား။

✅ဒီတော့ နှစ်ခုလုံးက ရောချင်စရာပဲပေါ့ ။ ဒါပေမယ့် ခုပြောပြမယ့် နည်းလေးတွေနဲ့ ခွဲလို့ရပါတယ်။ အကြမ်းအားဖြင့်ပေါ့။

✅ဘာကြောင့် ဖြစ်ရတာလဲ ✅

✅ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊ ကျောက်ကပ်ပိုးဝင်တာတွေကြောင့် ကျောက်ကပ်အောင့်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

✅ခါးနာတာကျတော့ ခါးပတ်လည်မှာရှိတဲ့ အရိုး၊ ကြွက်သား နဲ့ အကြောတစ်ခုခု ဒဏ်ရာရသွားတာကြောင့် ခါးနာခြင်းဖြစ်ရတာပါ။

နာကျင်မှုပုံစံ။

✅ကျောက်ကပ်ထဲ ကျောက်တည်ရင် စူးကနဲ နာတာမျိုးခံစားရပြီး ကျောက်ကပ် ပိုးဝင်နေတာဆိုရင်တော့ ခါးအောက်ပိုင်း အောင့်တောင့်တောင့် ဝေဒနာကို ခံစားရမှာပါ။

✅လှုပ်ရှားမှုကြောင့် ခါးပိုနာတာမျိုး မရှိသလို သူ့ဘာသာသူလည်း သက်သာမသွားတတ်ပါဘူး။ ဒါပေမယ့် အထဲက ကျောက်ကလေး နေရာရာရွေ့သွားတဲ့အချိန်မျိုးမှာတော့ နာကျင်မှု ပြင်းထန်တတ်ပါတယ်။

✅ခါးနာတာမှာကျတော့ ကြွက်သားဒဏ်ဖြစ်နေတာဆိုရင် အောင့်တောင့်တောင့် ဝေဒနာခံစားရတတ်ပြီး အာရုံကြောထိတဲ့ ခါးနာခြင်းမှာကျတော့ တင်ပါးပတ်လည် ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးတို့မှာပါ စူးကနဲ ကျင်ခနဲ နာကျင်တဲ့ခံစားမှုမျိုး ခံစားရတတ်ပါတယ်။

✅ကြွက်သားထိလို့ နာတာဆိုရင် ခါး ၂ ဘက်လုံးနာတတ်ပေမယ့် အကြောထိလို့ နာတာဆိုရင်တော့ ခါးတစ်ဘက်တည်းက နာနေတတ်ပါတယ်။

နာကျင်မှု ပျံ့နှံ့ခြင်း။

✅ကျောက်ကပ်ကြောင့်ဖြစ်တဲ ခါးနာခြင်းဟာ ပေါင်အတွင်းပိုင်းနဲ့ ဗိုက်အောက်ပိုင်းတွေကို ပျံ့သွားပြီး အဲဒီနေရာတွေမှာပါ နာနေတတ်ပါတယ်။

✅အာရုံကြောထိလို့ နာတဲ့ခါးနာခြင်းမှာတော့ နာကျင်မှုဟာ ခြေထောက် အောက်ပိုင်းအထိ ပျံ့သွားတတ်ပြီး ကြွက်သားထိလို့ နာတဲ့ခါးနာခြင်းကတော့ ခါးပတ်လည်မှာပဲ နာကျင်မှု ဝေဒနာ ရှိနေတတ်ပါတယ်။

✅သက်သာသွားတာ ပိုးဆိုးသွားတာ။
ကျောက်ကပ် ကြောင့်ဖြစ်တဲ့ ခါးနာခြင်းက ဆေးကုသမှု မခံယူမချင်း သက်သာသွားမယ့် နာကျင်မှု မျိုး မဟုတ်ပါဘူး။

✅ကိုယ့်ခန္ဓာပုံစံအမှန်လေး ပြင်လိုက်ရုံနဲ့ သက်သာသွားမှာမဟုတ်သလို လှုပ်လှုပ်ရှားရှား လုပ်လွန်းလို့ ပိုဆိုးသွားတာမျိုးလည်း မရှိပါဘူး။

✅ရိုးရိုးခါးနာတာကျတော့ တစ်ချိန်လုံး ခါးကိုအားပြုထိုင်နေတာ၊ မတ်တပ်ရပ်တာ ကြာတဲ့ အခါမျိုးတွေမှာ ပိုဆိုးတတ်ပြီး ကိုယ်အနေအထားကို ပြင်လိုက်တဲ့အချိန် လေ့ကျင့်ခန်းလေး လုပ်ပေးတဲ့အချိန်မှာ သက်သာသွားတတ်ပါတယ်။

ခါးနာတာနဲ့အတူ ရှိနေတတ်တဲ့ အခြားလက္ခဏာတွေ

✅ကျောက်ကပ် ကျောက်တည်တာ၊ ပိုးဝင်တာမျိုးတွေမှာ – ချမ်းတုန်ပြီး ဖျားတာ၊ ပျို့အန်တာ၊ ဆီးသွားရင်နာတာ၊ ဆီးအနည်ထိုင်တာ၊ ဆီးထဲ သွေးပါတာ၊ ဆီးမထိန်းနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။

✅ကျောက်တည်တဲ့ ပြဿနာ၊ ကျောက်ကပ် ပိုးဝင်တဲ့ ပြဿနာတွေဟာ ဆေးစား၊ ဆေးသောက်၊ ခွဲစိတ်မှုတွေ လုပ်မှ ပျောက်တဲ့ ပြဿနာတွေဖြစ်တာကြောင့် ဆရာဝန်ဆီ သွားပြီး ကုသဖို့လိုပါတယ်။

✅ရိုးရိုး ခါးနာတာမှာကျတော့ နာနေတဲ့ ခါးနေရာက ရောင်နေတာ၊ ထိလိုက်ရင် ပိုနာတာ၊ ကြွက်သားကြီးတွေ တင်းနေတာနဲ့ ခါးအောက်ပိုင်း အားမရှိတာ စတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။

✅ခါးနာတာနဲ့အတူ ဆီးတွေ၊ ဝမ်းတွေ မထိန်းနိုင်တာတွေပါရှိနေတယ်ဆိုရင်တော့ ခါးဆစ်ရိုးထဲက အကြောတွေ ထိနေတဲ့ ပြဿနာဖြစ်နိုင်တာကြောင့် ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုပါတယ်။

ကျန်းမာရေးဗဟုသုတရကြပါစေ

yyo

CreditToTheOwner

dxnpyay

ခါးနာ

ကျောက်ကပ်

ကျန်းမာရေးဗဟုသုတ

ခါးနာတာ အဖြေရှာ Lower Back Pain

တင်ပါးခွက် နာ၊ ခါးအျကြာညပ် Sciatica အတွက် Physiotherapy ကုထုံးများ

ခါးကြောညပ်ခြင်း -Sciatica

ခါးနာသက်သာစေမယ့် နည်းလမ်းကောင်းများ

ခါးနာခြင်း အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းများ ( ၁၁ ) ခု

၂ မိနစ် အတွင်းခါးနာ သက်သာနည်း

ခါးနာခြင်း ခါးနာတယ်ဆိုတာ ဘာလဲ

ခါးနှင့် တင်ပဆုံပိုင်း နာကျင် ကိုက်ခဲခြင်း ( Low Back Pain )

ခါးနာ တင်ပါးခွက်နာ ပေါင်ကြောနာ ခါး အကြောညပ် ရေဂွအတွက် မသိမဖြစ် ကုထုံးးများ

သင်ဘာကြောင့်ခါး နာနေ လည်း ဆိုတာ

ခါးနာတာဟာကျောက်ကပ်ကြောင့်လားရိုးရိုးလား


ခါးနာတာဟာ ကျောက်ကပ်ကျောက်တည်၊ ကျောက်ကပ်ပိုးဝင်၊ ကျောက်ကပ်အောင့်တာနဲ့ အာရုံကြော ပြဿနာတွေကြောင့် ဖြစ်နိုင်သလို ရိုးရိုးခါးနာတာလည်း ရှိပါတယ်..

ခါးပတ်လည်မှာရှိတဲ့ အရိုး၊ ကြွက်သား နဲ့ အကြောတစ်ခုခု ဒဏ်ရာရလို့ ခါးနာတာပါ။

ကြွက်သားဒဏ်ကြောင့်ဆို အောင့်တောင့်တောင့် ခံစားရပြီး ခါးပတ်လည်မှာပဲ နာတာပါ။

အာရုံကြောထိတဲ့ ခါးနာခြင်းက တင်ပါးပတ်လည် ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးတို့မှာပါ စူးကနဲကျင်ကနဲနဲ့ ခါး ၂ ဘက်လုံး နာတာမျိုးပါ။ အကြောဆို ခါးတစ်ဘက်တည်းပါ။

ကျောက်ကပ်ကြောင့်ဆို ပေါင်အတွင်းပိုင်းနဲ့ ဗိုက်အောက်ပိုင်းတွေပါ နာတတ်ပြီး ကုသမှု ခံယူမှ သက်သာပါမယ်။

ကျောက်ကပ်ကျောက်တည်လျင် စူးကနဲနာတာမျိုး ခံစားရပြီး၊ ကျောက်ကပ် ပိုးဝင်တာဆိုရင်တော့ ခါးအောက်ပိုင်း အောင့်တောင့်တောင့် ဝေဒနာကို ခံစားရမှာပါ။ လှုပ်ရှားမှုကြောင့် ပိုမနာ သူ့ဘာသူလည်း မသက်သာသလို အထဲကကျောက် နေရာရွေ့နေလျင် ပိုနာတတ်ပါတယ်။

ကျောက်တည်နဲ့ပိုးဝင်ခြင်းတွေက ချမ်းတုန်ပြီးဖျား၊ ပျို့အန်၊ ဆီးသွားရင်နာတာ၊ ဆီးအနည်ထိုင်၊ ဆီးထဲသွေးပါ၊ ဆီးမထိန်းနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဆေးသောက်၊ ခွဲစိတ်မှုတွေလုပ်မှ ပျောက်တာမျိုးမို့ ဆရာဝန်နဲ့ ကုသဖို့လိုပါတယ်။

ရိုးရိုးခါးနာတာက နာနေတဲ့ ခါးနေရာက ရောင်နေတာ၊ ထိရင် ပိုနာတာ၊ ကြွက်သားတွေတင်း၍ ခါးအောက်ပိုင်း အားမရှိသလို ခံစားရတာ စတဲ့ဝေဒနာမျိုးတွေပါ။ အမှီမပါဘဲ ခါးကိုအားပြုထိုင်တာ၊ ရပ်တာကြောင့်တွေပါ။ ကြာတဲ့အခါ ပိုဆိုးတတ်ပြီး ကိုယ်အနေအထားပြင်ခြင်း လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။

ခါးနာတာနဲ့အတူ ဆီး၊ ဝမ်းတွေ မထိန်းနိုင်တာမျိုးဆို ခါးဆစ်ရိုးထဲက အကြောတွေ ထိနေတာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ပြဖို့ လိုပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏

အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆေးပညာတွေနေတိုင်းတင်သွားပေးမှာဖြစ်တဲ့ အတွက် ကျွန်တော်ရဲ့postလေးကို like and shareလေသွားမို့မမေ့နဲ့နော် အားလုံးဘဲကျန်းမာပျော်ရွှင်ကြပါစေ၊၊ လေးစားစွာဖြင့်မူရင်ရေးသားသူအား Creditပေးပါသည် 🙏🙏🙏 ကျန်းမာရေးဗဟုသုများ PyaeSoneAung ကျန်းမာရေး