
https://youtu.be/fecq0YTqTMM?is=3ceGE-U-YErCR5tT
မှုံရွှေရည်
https://youtu.be/JoF6pPw5Zio?is=Y_xjIRbt0IvjSybk
ချစ်ပြုံးနှင်းဆီ
https://youtu.be/novIFJgKm3Q?is=Pdzf7JPNOwz3aCPY
ကိုစောငြိမ်း ၏အချစ်ဇာတ်လမ်း
ဘဝနိဂုံး
https://youtu.be/L8cr206ImlU?is=Eoxz4PS7wWcX7798
https://youtu.be/fNZNwZD2_0Q?is=sqKeJ5B8OdYYOLsl
ပွင့် ဦး https://youtu.be/0LtCTLxA-Vo?si=aa-3wGvQLZJw1dIa။ https://youtu.be/lVNID6h68bA?si=YfZcSZyf1UkOJD_O
ဂီတနက်သန် ကိုစောညိန်း ရေးသားပြီး ပျော်ဘွယ်မြို့မသန်းနွယ် မူရင်းသီဆိုထားခဲ့တဲ့ အဘိဓမ္မာသဘောဆန်ဆန် သစ္စာအမည်ရတဲ့ သီချင်းဖြစ်ပါတယ်။ https://youtu.be/OHYc_GeMAKM?si=b9jqMER_l90egdOG
ကျွန် န်တော်တို့ သိသော ဂီတနက်သန် ကိုစောငြိမ်း https://youtu.be/MsAO6sSvQyM?si=ndMVFpa_PZWB6fyj
ညွှနိးပြုပါရစေ စခန်းအောင်မြေ https://youtu.be/CITspMjU34w?si=9opUcMvefT_FvAU7
မိုးသက်လေနှင် – https://youtu.be/kd73CyHlZDE?si=Y8eSqweDZNQT5eEM။ https://youtu.be/rz2lMMOC-k0?si=M2SvbfxvoU3UexAl
၇ပ်ကြီးသူသို့
Myanmar Song ( / burmesesongs )
Composed by???? (U Ta Lote? U Lu Ka Lay? or other one)
“နွားညီနောင်” (လေးချိုး) – သတိုးပီယ
ညို့ကုန်းယံ ချောက်နံဘေးမှာလ
တို့ဘုန်းကံအလျောက် မွေးရော့ထင်
တစ်ခေါက်ပြေးမှဖြင့် မိုးထိုးမယောင်
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။
နှစ်ကိုယ်ချို့တာကြောင့်
ချိုဘို့တူ နွားပြာတုတ်တွေနဲ့
ပျိုတို့လူ ယာမလုပ်တယ်
အားထုတ်မယ့် မောင်မှာနော်ကွယ်
၀ါးခုတ်တဲ့တောင်။
ဟဲ့ဆိုကာ ကြိမ်တံမြှောက်မှဖြင့်
လှည့်လိုရာ တိမ်ယံရောက်နိုင်ငဲ့
အိမ်ခြံပေါက်ပါတဲ့ နွားညီနောင်
စားအီအောင်ဗျ ညနေစောင်း
အားစည်အောင်ပ ၀စေကျောင်း။
ဆောင်ခွင့်ကိုရွယ်
မောင်နှင့်မယ် တူယှဉ်တွဲပါလို့
နောင်တင့်တယ် လူမြင်ရဲခါမှ
ယူငင်ကာ ချူဆင်လို့ ဆွဲပါ့မယ်
ပွဲဝင်မယ့် ချောင်းသူရဲ့
လှည်းယဉ်နဲ့မောင်း။
သတိုးပီယ
ခက်ဆစ်အဖွင့်
ညို့ကုန်းယံ= ညို့မှိုင်းသော ကုန်းရိုး။
ချိုဘို့တူ= ဦးချိုလည်းတူ၊ ဘို့လည်းတူသော။
နွားပြာတုတ်= တုတ်ခိုင်သော နွားပြာ။
တိမ်ယံရောက်= တိမ်ဖျားရောက်။
လှည်းယဉ်= အမြန်မောင်းနှင်နိုင်ရန်နှင့် သက်သာစွာ စီးနင်းနိုင်ရန် ပြုပြင်တည်ဆောက်ထားသော ပေါ့ပါးသော လှည်း။
Credit to http://myanmarclassical.wordpres…
https://youtu.be/ubELix-W1hU?is=_y3hyvJ9rjLxLVDH
သစ္စာ ဝင်းဦး https://youtu.be/t5z17YzcK5k?si=MmlR3aEISq5whYvI
ဂိတနက်သန် ကိုစောငြိမ်း၏ ကြေကွဲဖွယ် ဘဝနိဂုံး https://youtu.be/L8cr206ImlU?si=TIxOixafbEOuUsAj
နွေနှောင်း တသန်။ https://youtu.be/yaFd3sgSWPc?si=A_9OcA2lUiDdJpK6
ဆောင်းညာဉ့် ။ ဆျု လှဠီ ထူး ( ၁၉၆၂ မတ်လ ၂၅ ) https://youtu.be/IepO8WWkieA?si=rN4okvkD2RhVzsSN
စပယ် ။ ဆို- မောင်မောင်ညွန့် https://youtu.be/tbhWH1sP-fA?si=-_rZba3pGashVYFi
စိန် https://youtu.be/-1aXZK0VY1o?si=-UAjjd_ACWQjIc1T
မိုးသက် လေဣှင် ။ ဆို -မောင်မောင်ညွန့်။ https://youtu.be/MjCh6a67KqI?si=0CzFpXNAayWg3pYZ
ဝသန်ခါဦး။ ဆို မာမာအေး ။ https://youtu.be/1zm8N0NGcp0?si=YYQeIZ–M49xAi6E
ကျောက်ပန်းတောင်းကျော်လွင် ၏ ဂိတနက်သန် တေးများ။ https://youtu.be/hgk8wnmskKw?si=JmA4-uYPZUoKs2cG
သုမောင် တင်တင်မြ -ဂှတနက်သန် ကိုစောညိမ်း ပြန်ခည် ဆန်းသစ် တေး များ https://youtu.be/N-zldtt1CW0?si=ppbGFizeqm6yfUNn
https://youtu.be/DNOXkbC_SyU?si=PFQhJh5nt4E8PoMs။ မိုးသက်လေနှင် ဆို မောင်မောင်ညွန့်
https://youtu.be/rEtrreYLupU?si=nyJBATO-2lFLabjj။ ဝသန်ခါဦး မောင်မောင်ညွန့်
ဝီကီပီးဒီးယား မှ

ဂီတနက်သန် ကိုစောညိန်း
ဂီတနက်သန် ကိုစောညိန်း (၁၉၂၅-၁၉၅၂) သည် မြန်မာလူမျိုး ဂီတပညာရှင် ဖြစ်သည်။
ငယ်ဘဝနှင့် ပညာရေး
၁၉၂၅ ခု၊ မတ်လ ၃၁ ရက်တွင် မြင်းခြံနယ်၊ နွားထိုးကြီးအပိုင် ရွာသာရွာ၌ ဦးမောင်ကြီး၊ ဒေါ်တင့်တို့မှ မွေးသည်။
မိဘများ ရန်ကုန်ပြောင်းလာရာ ၂၁ လမ်းရှိ ဦးဘိုးအေးကျောင်းတွင် ပညာသင်သည်။ (၇) တန်းအောင်ပြီးနောက် သရက်တောကျောင်း ဦးပရမ၏ တိုင်းရင်းသားဘာသာကျောင်းတွင် (၁၀) တန်းအထိ တက်သည်။
အနုပညာခရီး
သီချင်းစရေးသည်။ ဝဿန်ခါဦး (မုတ်သုန်လေဦး)၊ ငွေဝန်းသော်တာ၊ ဆောင်းနတ်မယ်၊ နွေဦး စသည်တို့မှာ ဆန်းသစ်စတွင် အသံလွှင့်ဖြစ်သော သီချင်းများဖြစ်သည်။[ဂီတကိုကဗျာမှုပြုသူ ဂီတနက်သန်ကိုစောညိန်း (ောနိုင်ဦး စုဆောင်းတင်ပြသည်) ၁]
ဒုတိယကမ္ဘာစစ်အတွင်း ခရမ်းသို့ စစ်ရှောင်စဉ် ဦးငွေစိုးထံမှ တယော၊ မယ်ဒလင်နှင့် သီချင်းရေးခြင်းကို သင်ယူသည်။
၁၉၄၈ ခုတွင် ရန်ကုန်ပြန်လာ၍ မြန်မာညွန့် ဦးချစ်မောင်၊ ဒေါ်အောင်ကြည်၊ စန္ဒယား ဆရာမြိုင်၊ စောင်း ဦးဘသောင်း၊ ဂီတာ ဦးစိမ်းမောင်၊ ရွှေတိုင်အေးတို့ထံတွင် တပည့်ခံသည်။
၁၉၅၀ ပြည့်တွင် စန္ဒယား ကိုလှသွင် ဦးစီးသော ဆန်းသစ်စ အပျော်တမ်းတူရိယာအဖွဲ့၌ ထို့နောက် ဂီတနက်သန် ကို ဖွဲ့စည်းကာ ကိုလှထွန်း၊ (စာရေးဆရာ) သန်းဆွေ၊ အောင်လင်း၊ မသန်းမြင့်၊ စန်းစန်းတင့်၊ လှလှထွန်း စသူတို့ဖြင့် အသံလွှင့်သည်။
အေဝမ်းရုပ်ရှင် သက်ဝေ၊ ဗြိတိသျှဘားမားရုပ်ရှင် သည်ဆောင်းဟေမန် တို့အတွက် ဇာတ်ဝင်တေး ရေးပေးခဲ့သည်။
ကာတွန်းဆရာဘဝ ကို သိသူနည်းပါးသည်။ ၁၉၃၈ ခုနှစ်ခန့်က ကာတွန်းရုပ်စုံ ကာတွန်းမဂ္ဂဇင်း ၏ မောင်ကျဘမ်း အခန်းဆက် ကာတွန်းများကို ပင်တိုင် ရေးဆွဲခဲ့သည်။ စစ်ပြီးခေတ် အဆိုပါ မဂ္ဂဇင်းတိုက်တွင်ပင် စာရေးအလုပ်ကိုလည်း လုပ်ကိုင်ခဲ့သည်။ [၁]
ရေးသားသော သီချင်းများ
- ချစ်ကန္တာရ
- ချစ်ခွန်းဆက်တေး လွှာ
- ချစ်တိုင်းမညား
- ချစ်ပြုံးနှင်းဆီ
- ငွေဝန်းသော်တာ (မှာလိုက်စမ်းပါရစေ) (ကိုယ်တိုင်ဆိုသည်)
- စာဆိုရှင်
- စိန်
- စံပယ်
- ဆောင်းညဉ့်
- ဆောင်းနတ်မယ်
- ဆောင်းလတ်မွန်ဦး
- ဆည်းဆာ
- ဆည်းဆာသိင်္ဂီ
- ထီးကျန်ဘဝ
- နွေနှောင်းဝသန်
- နွေဦး
- ပွင့်ဦး
- မဗေဒါ
- မိုး
- မိုးသက်လေနှင် (မြန်မာ့ အသံမှ နောက်ဆုံးအသံလွှင့်သော သီချင်း)
- မေတ္တာနှောင်ကြိုး
- မယ့်ကြမ္မာ
- မြနဒီ
- မြန်မာ့တေးသံ
- မှာလိုက်စမ်းပါရစေ
- ရတုဘုရင်
- ရွှင်ပြုံးချိုချို
- လွမ်းဓလေ့
- လှိုင်းရေယာဉ်ဦး
- ဝသန်ခါဦး (မုတ်သုန်လေဦး)
- ဝိဇယ
- ဝဏ္ဏပဘာ
- သပြေရွက်ရေ
- သစ္စာ
- သစ္စာတော်ဦး
- သည်ဆောင်းဟေမန်
- သည်းကြွေလုပြီ
- အရုဏ်
ရေးသားသော စာအုပ်
ကဗျာ၊ ဆောင်းပါးများ ရေးခဲ့ပြီး မရဏမောင်းသံ ဝတ္ထုမှာလည်း ထင်ရှားသည်။
ဘဝနိဂုံး
၁၉၅၂ ခု၊ အောက်တိုဘာလ ၃၁ ရက်တွင် လူမှား ရန်ပြုခံရ၍ ကွယ်လွန်သည်။
ကိုးကား အမှား – <ref> tags exist for a group named “ဂီတကိုကဗျာမှုပြုသူ ဂီတနက်သန်ကိုစောညိန်း (ောနိုင်ဦး စုဆောင်းတင်ပြသည်)”, but no corresponding <references group="ဂီတကိုကဗျာမှုပြုသူ ဂီတနက်သန်ကိုစောညိန်း (ောနိုင်ဦး စုဆောင်းတင်ပြသည်)"/> tag was found.
ကဏ္ဍ:
