ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများအကြောင်း တစ်စေ့တစ်စောင်း
ဗိုလ်ချုပ်မွေးနေ့ အထူးအစီအစဉ်
အနေဖြင့် ဆောင်းပါးရှင် ခိုင်မြဲသူယျ ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်ကို ဒို့အညာယူကျုချန်နယ်တွင် ဗိုလ်ချုပ်မွေးနေ့အမှတ်တရ တင်ဆက်သွားမှာဖြစ်ပါတယ် (ထိုစာမူအားအသံစာအုပ်အဖြစ်အသုံးပြုခြင်းအား ရိုသေးစွာခွင့်တောင်းအပ်ပါတယ်ရှင်)
ဒီဆောင်းပါး တင်ဆက်မှုမှာ ဗိုလ်ချုပ်ရဲ့ စာပေအပေါ်သဘောထား ၊ ရေးသားခဲ့သည့် စာအုပ်များ ၊ဆောင်းပါများ ၊ မိတ်ဆက်စာများအကြောင်းကို စစေ့တစောင်း နားထောင်ကြရမှာဖြစ်ပါတယ်
ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာခင်လင်္ကျာ နဲ့ ဒေါက်တာလှကျော်ဖေဦတို့ ရေးတဲ့ သမိုင်း ။ -ဘိုဘို (BBC )
မြိုါမငြိမ်း၊ ကိုစောငြိမ်း ၊ စန္ဒရား လှထွဝ် ။ မြို့မငြိမ်းနှင့် သူ့အနုပညာ၊ ဂီတနက်သန်ကိုစောညိန်း၊ မြန်မာ့ဂီတရေစီးကြောင်း စာအုပ်သုံးဖတ်ပြီးသွားတဲ့အချိန်မှာ မြန်မာ့ဂီတအကြောင်း ကျနော် စဉ်းစားမိသမျှလေးတွေကို ဝေမျှပေးထားပါတယ်။ နိုင်ငံတကာဂီတတွေနဲ့ မြန်မာ့ဂီတက သက်တမ်းခြင်းမကွာပေမယ့် အခုအချိန်မှာ လူငယ်တွေ ဘာကြောင့်မြန်မာ့ဂီတကို နားမထောင်ကြတော့တာလဲဆိုတာတွေကိုလည်း ဆွေးနွေးပေးထားပါတယ်။
2021 တွင် ဖတ်ခဲ့သော စာအုပ်များ ။
အုပ် (၆၀) ဖတ်ခဲ့ပါတယ်။ ဘယ်နှအုပ်ဖတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖတ်တာမျိုးမဟုတ်ဘဲ၊ အားတဲ့အချိန်တွေတိုင်းမှာ စာဖတ်ဖြစ်အောင် ကြိုးစားရင်းနဲ့ပဲ အုပ် (၆၀) ထိ ရောက်သွားတယ်။ ဒီတပတ်က ၂၀၂၁ ရဲ့ နောက်ဆုံးအပတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်ဖတ်ခဲ့တဲ့ ဒီနှစ်မှာ ကျနော်ဖတ်ခဲ့တဲ့ စာအုပ်တွေထဲက (၁၂) အုပ်ကို အကျဉ်းချုပ်ပြီး ဆွေးနွေးထားပါတယ်။ Biography, Literature, Business, Comic အစရှိတဲ့ အုပ်စုလေးတွေခွဲပြီးတော့မှ ဆွေးနွေးထားပါတယ်။
စာဖတ်တာ တကယ်ရော အကျိုးရှိရဲ့လား စာဖတ်တာနဲ့ပတ်သက်ပြီး အခုထိ လူတွေမှာ အမြင်တွေ အမျိုးမျိုး ရှိကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း စာဖတ်တဲ့လူဖြစ်တဲ့အတွက် စာဖတ်တာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ reading #Lets_have_Conversations #Myanmar book
ဆ၇ာကြီးမြသနိးတင့်အကြောင်း ။ ဆရာမြသန်းတင့်က မြန်မာ့စာပေလောကအတွက် အင်မတန်ကျေးဇူးကြီးမားလှတဲ့ ပုဂ္ဂိုလ်ဖြစ်သလို မြန်မာစာပေရှိနေသေးသရွေ့ အမြဲရှင်ကျန်ရစ်မယ့်သူလည်း ဖြစ်ပါတယ်။
ဒါကြောင့် ကျနော် ဆရာမြသန်းတင့်စာအုပ်တွေ ဘယ်လို ဖတ်ဖြစ်သွားခဲ့တဲ့အကြောင်းတွေနဲ့ ဆရာမြသန်းတင့်အကြောင်း အကျဉ်းချုပ်ကို ဆွေးနွေးပေးထားပါတယ်။ Lets_have_Conversations #မြသန်းတင့် #bookreview #briefbio
စစ်နှင့် ငြိမ်းချမ်းရေး – War & Peace ( Tolstoy ) ဒီတပတ်မှာတော့ ကျနော် ကမ္ဘာကျော် ဝတ္ထုရှည်ကြီး “စစ်နှင့်ငြိမ်းချမ်းရေး” စာအုပ်အကြောင်းအပါအဝင်၊ မူရင်းရေးသားသူ Tolstoy အကြောင်းအနည်းအကျဉ်းကိုပါ ထည့်ပြီးတော့ ဆွေးနွေးပေးထားပါတယ်။ ဒီစာအုပ်က ရသစာပေသမားတိုင်းမဖြစ်မနေ ဖတ်ထားသင့်တဲ့ စာအုပ်တွေထဲက တအုပ်ဖြစ်ပါတယ်။
သေခြင်းတရား အကြောင်း ။ မွေးလာတဲ့လူတိုင်းက တချိန်မှာ သေကြရမယ်ဆိုတာ ကျနော်တို့ အားလုံးက သိကြပေမယ့်လည်း သေခြင်းတရားကို သေခြာဆန်းစစ်ကြည့်တာမျိုးက နည်းပါးပါတယ်။ ဒါကြောင့် ဒီတပတ်မှာ သေခြင်းတရားအကြောင်းကို ဆွေးနွေးပေးထားပါတယ်။ Lets_have_Conversations #Death #Myanmar
ဆိုတာက သေဖို့ရာ အင်မတန်မှကို ကြောက်ကြတဲ့ သတ္တဝါတွေဖြစ်ကြတယ်။ ဒါကြောင့်လည်း ရှေးနှစ်ပေါင်းများစွာကတည်းက အသက်ရှည်ဖို့၊ မသေဖို့အတွက် ဘာသာရေးတွေ၊ ဝိဇ္ဇာနည်းတွေက ကြိုးစားကြံဆခဲ့ကြပေမယ့်လည်း အောင်မြင်မှုတော့ မရှိခဲ့ဘူး။ ဒါပေမယ့် အခုတိုးတက်လာတဲ့ခေတ်မှာတော့ နည်းပညာနဲ့ လူတွေရဲ့ အသက်ကို ဆွဲဆန့်လိုက်တာမျိုး၊ ဒါမှမဟုတ် မသေတော့တာမျိုးဖြစ်လာနိုင်ချေတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီတပတ်မှာ အနာဂတ်မှာ လူတွေမသေကြတော့ဘူးလားဆိုတာကို ဆွေးနွေးပေးထားပါတယ်။ Lets_have_Conversations #Science #Technology #Biotech #AI #Future
ဆရာကြီးပီမိုးနင်း -Brief Bio. ဆရာကြီး ပီမိုနင်းရဲ့ autobiography စာအုပ်ထဲက အချက်အလက်တချို့နဲ့ ကျနော် လေ့လာမိတဲ့ ဆရာကြီးအကြောင်းအချက်တချို့တို့ကို ပေါင်းပြီးတော့ ဝေမျှပေးထားတာဖြစ်ပါတယ်။ Lets_have_Conversations #Myanmar #ပီမိုနင်း။
နေ့ရက်တိုင်း မှာ ပျော်ရွှင်စွာ ရှင်သန်နိုင်ဖို့ဆိုရင်။ ကျနော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ ပျော်ရွှင်တဲ့အချိန်တွေနဲ့ မပျော်ရွှင်တဲ့အချိန်တွေကို ကြည့်လိုက်မယ်ဆိုရင် မပျော်ရွှင်တဲ့အချိန်တွေက ပိုများနေတတ်ပါတယ်။ ဒါကြောင့် ဒီတပတ်မှာ နေ့ရက်တိုင်းကို ပျော်ရွှင်စွာနဲ့ ရှင်သန်နေထိုင်နိုင်ဖို့အတွက်ဆိုရင် ဘာတွေ၊ ဘယ်လိုတွေ လိုအပ်တယ်ဆိုတဲ့အကြောင်းတွေကို ဆွေးနွေးထားပါတယ်။ Lets_have_Conversations #Happiness။ dailylifestyle #Myanmar
လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ ။ စာအုပ်ကိုဖတ်ဖူးတယ်၊ တက္ကသိုလ်လည်း တက်ဖူးတယ်ဆိုရင် ဒီစာအုပ်နဲ့ ပတ်သက်ပြီး အမှတ်တရတွေ အများကြီး ရှိနေနိုင်ပါတယ်။ ကျနော်ကတော့ ဒီစာအုပ်ဖတ်ပြီးတော့ တက္ကသိုလ်သွားတက်တဲ့အခါ ကျောင်းပထမဆုံးတက်ရမယ့်နေ့မတိုင်ခင်ညမှာ ရင်ခုန်လွန်းလို့ တညလုံး အိပ်လို့ကိုမရတာ။ ဒီစာအုပ်က ဆရာမြ ဘာသာပြန်ထားတဲ့ စာအုပ်တွေထဲမှာ ကျနော်တို့နိုင်ငံက စာဖတ်သူတွေကြားမှာ အတော်ကြီးကို ပေါက်ခဲ့တဲ့ စာအုပ်လို့လည်း ပြောလို့ရမယ် ထင်ပါတယ်။ Lets_have_Conversations #bookreview #မြသန်းတင့်
ကျွန်တော်အကြိုက်ဆုံး စာအုပ်တေါထဲက တစ်အုပ် ။ ကျနော်ဖတ်ခဲ့တဲ့ ရသစာပေတွေထဲမှာ ဆရာတင်မောင်မြင့်ရဲ့ “တောင်ပံမဲ့သင်းကွဲတေးဆိုငှက်” ကတော့ အကြိုက်ဆုံးတွေထဲက တအုပ်ဖြစ်ပြီး လူတွေကိုလည်း အများဆုံးညွှန်းပေးဖြစ်တဲ့ စာအုပ်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်လေးကို review လုပ်ပေးလိုက်ပါတယ်။ Lets_have_Conversations #bookreview #တင်မောင်မြင့် #tokillamockingbird #တောင်ပံမဲ့သင်းကွဲတေးဆိုငှက်
လူတွေမသီသေးတဲ့ ဗင်းဆင့် ဗန်ဂိုးအကြောင်း ။ (Part -1 +2 ) ဒီနေ့မှာတော့ ကမ္ဘာကျော် ပန်းချီဆရာကြီးဖြစ်တဲ့ Vincent van Gogh အကြောင်းကို လူတွေ မသိကြသေးတဲ့ အပိုင်းလေးတွေကို ဆွေးနွေးပေးချင်ပါတယ်။ အခုဒီအပိုင်း (၁) မှာတော့ Potato Eaters, Starry Night, Dr. Gachet အစရှိတဲ့ ပန်းချီကားတွေအကြောင်းကို လူတော်တော်များများမသိကြသေးတဲ့ ရှု့ထောင့်လေးတွေကနေ ဆွေးနွေးပေးထား ပါတယ်။ ဗန်ဂိုးမှာ ဘယ်လို စိတ်ရောဂါတွေရှိခဲ့တာလဲ ?
ဘယ်က စပြီးတော့ စိတ်ရောဂါတွေကို ရခဲ့တာလဲ ?
ဗင်းဆင့်နဲ့ သီအိုတို့အကြောင်း
ဗင်းဆင့်ဗန်ဂိုးအကြောင်း စာအုပ်အညွှန်း (၃) အုပ်။ အစရှိတဲ့အကြောင်းအရာတွေကို ဒီဒုတိယအပိုင်းမှာ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ပထမပိုင်းရဲ့ Link
• လူတွေမသိသေးတဲ့ ဗင်းဆင့်ဗန်ဂိုး အ… Lets_have_Conversations #vincentvangogh #ဗင်းဆင့်ဗန်ဂိုး
ဗန်ဂိုးရဲ့ ပန်း ချီတွေက တရားသဘောပါတယ် ၊ဦးအောင်စိုးဦး ၊
“ဗင်းဆင့်ဗန်ဂိုးက မိန်းကလေး ပုံ ဆွဲရင်တောင် ခန္ဓာကိုယ် ယိုယွင်းနေတဲ့ မိန်းမသား ပုံစံ ကို ဆွဲတာ ဖြစ်လို့ တစ်ဖက်က ကြည့်ရင် တရားသဘောတွေ ပါတယ်” လို့ ပြောလာတဲ့ စာရေးဆရာ၊ ဒါရိုက်တာ ဦးအောင်စိုးဦး နှင့် ခဏတာ။
@MyanmarCelebrity Update: U Aung Soe Oo talks about Vincent Van Gogh’s Picture. #AungSoeOo #အောင်စိုးဦး #VincentVanGogh
ရသစာပေဖတ်ရင် ရနိုင်မယ့် ရလဒ် (၃)ချက် ၊၊
ရသစာပေတွေက စိတ်ကူးယဉ်စာတွေ
ရသစာတွေက စိတ်ကူးသပ်သပ်ပဲ
စိတ်ကူးယဉ်စာတွေကို ဖတ်တဲ့သူတွေကလည်း
စိတ်ကူးယဉ်သမားပဲ၊ တကယ့်လက်တွေ့မှာ
အသုံးမဝင်ဘူး – အစရှိသဖြင့်ပြောကြတာကို
မကြာခဏကြားဖူးနေကျဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ဒီနေ့မှာတော့ ရသစာပေတွေကနေ
ဘယ်လိုအကျိုးရလဒ်တွေကို ရနိုင်တယ်ဆိုတာကို
ဆွေးနွေးပေးချင်ပါ
ဝင်းဖေ၏ ဝတ္ထု တိုများ (၁+၂) မြန်မာနိုင်ငံရဲ့ အနုပညာရတနာလို့ တင်စားလို့ရမယ့် စွယ်စုံအနုပညာရှင်း (ဦး)ဝင်းဖေရဲ့ ဝတ္ထုတိုစာအုပ် နှစ်အုပ်ကို ဒီတပတ်မှာ review လုပ်ပေးချင်ပါတယ်။ ဝင်းဖေရဲ့ စာတွေ၊ ပန်းချီတွေ၊ ရုပ်ရှင်တွေကို မကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားပါ။ ဒီဝတ္ထုတိုတွေကိုလည်း ဖတ်ပြီးတဲ့သူတွေများမယ်လို့ ယူဆပါတယ်။ အဲတော့ အမြင်လေးတွေ ဝေမျှကြတာပေါ့
မြန်မာ့ ပထမဆုံး ဝတ္တု မောင်ရင်မောင် ၊မမယ်မ ၊ ဂျိမ်း(စ်)လှကျော်ရဲ့ မောင်ရင်မောင်၊ မမယ်မ ဝတ္ထုက မြန်မာ့ပထမဆုံး လုံးချင်းဝတ္ထုလို့ သိရပါတယ်။ တချို့တွေကတော့ သူ့အရင်ထွက်တဲ့ ဝတ္ထုရှိတယ်ပြောကြပေမယ့်လည်း ဒီစာအုပ်ကပဲ မြန်မာ့ပထမဆုံးလုံးချင်းဝတ္ထုအနေနဲ့ သိကြတာများပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ နှစ်ပေါင်း ၁၀၀ ကျော်အရင်က ဂျိမ်း(စ်)လှကျော် ရေးခဲ့တဲ့ မောင်ရင်မောင်၊ မမယ်မ ဝတ္ထုလေးအကြောင်းကို Review လုပ်ပေးထားပါ
မေ၊မီး၊ မြိုင် – စာအုပ် ဩံးအုပ်အကြောင်း
အမျိုးသမီးဇာတ်ကောင်နာမည်နဲ့ မြန်မာ့စာပေကို လှုပ်ခတ်သွားခဲ့တဲ့ စာအုပ်(၃) အုပ်ရှိပါတယ်။ အဲဒါက “မေ – ဒဂုန်တာရာ၊ မီ – ကြည်အေး၊ မြိုင် – ဗန်းမော်တင်အောင်” တို့ပဲ ဖြစ်ပါတယ်။
မေ၊ မီ၊ မြိုင်ဆိုတဲ့ ဒီဇာတ်ကောင် သုံးခုလုံးက သူ့နည်းသူ့ဟန်နဲ့ ထူးခြားနေတဲ့ ဇာတ်ကောင်တွေလည်း ဖြစ်ကြပါတယ်။ ပြီးတော့ ဒီစာအုပ်သုံးအုပ်က စာအုပ်သမားတွေ သဘောကျကြတဲ့ စာအုပ်တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျနော် ဒီစာအုပ်သုံးအုပ်ကို ကျနော့်အမြင်လေးတွေကို ဆွေးနွေးပေးသွားပါမယ်။
အတွေ့အကြုံတွေက ဘာကြောင့် အရေး ကြီးတာလဲ အတွေ့အကြုံတွေက အရေးကြီးတာတော့ မှန်ပါတယ်၊ ဒါပေမယ့် အတွေ့အကြုံတွေကို ဘယ်လိုအသုံးချရမှာလဲ၊ အတွေ့ကြုံရှိတိုင်းရော တိုးတက်တာလားဆိုတာတွေကို ဒီ video လေးထဲမှာ ဆွေးနွေးပေးထားပါတယ်။
နွမ်းလျအိမ်ပ့န် -Book Review နေ့မှာတော့ ဆရာမကြည်အေးရဲ့ နွမ်းလျအိမ်ပြန်ဆိုတဲ့ စာအုပ်လေးအကြောင်းကို ဆွေးနွေးပေးထားပါတယ်။
စန္ဒရားလှထွတ် သီချင်း ( ၂ ) ပုဒ် ဒီနေ့မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ စန္ဒရားလှထွတ်ရဲ့ သီချင်းပုဒ်ကို ခံစားမိတဲ့အကြောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။ ဒီနှစ်ပုဒ်က စန္ဒရားလှထွတ်ရဲ့ သီချင်းတွေထဲမှာ ကျနော် အကြွေဆုံးသီချင်းတွေလည်း ဖြစ်ပါတယ်။
တက္ကသိုလ် ဘုန်းနိုင်စာ ဒီနေ့မှာတော့ စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်နှစ်အုပ်အကြောင်းကို Review လုပ်ပေးချင်ပါတယ်။ Lets_have_Conversations #BookReview #တက္ကသိုလ်ဘုန်းနိုင် #books
စာဖတ်ရင် အောင်မြင်မှာလား “စာဖတ်ရင် အောင်မြင်မှာလား” ဆိုတဲ့ မေးခွန်းက စာသမားတွေ ကြုံတွေ့ရလေ့ရှိတဲ့ မေးခွန်းတခုဖြစ်ပါတယ်။ အဲအတွက် ကျနော် ကြိုးစားပြီး ဖြေပေးထား
ကာတွန်းစာအုပ် တေေါအကြောင်း ဒီနေ့မှာတော့ ကျနော့် စာအုပ်စင်မှာ ရှိနေတဲ့ ကာတွန်းစာအုပ်လေးတွေကို review လုပ်ပေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ ဘာကြောင့် ကာတွန်းတွေကို ဖတ်သင့်သလဲဆိုတာတွေနဲ့ ကာတွန်းစာအုပ်တွေက ကျနော့်အပေါ်မှာ ဘယ်လို လွှမ်းမိုးမှုတွေရှိနေသလဲဆိုတာတွေကိုပါ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
စကားပြော ကောင်ူတဲ့သူ ဖြစ်ဖို့အတွက် အချက် ( ၄ ) ချက် စကားပြောတယ်ဆိုတာက လူတိုင်းအတွက် အရေးကြီးတဲ့ ပညာရပ်တခုဖြစ်ပါတယ်။ စနစ်တကျသာလေ့ကျင့်သင်ယူမယ်ဆိုရင် လူတိုင်းလိုလိုက စကားပြောကောင်းတဲ့သူ ဖြစ်လာနိုင်ပါတယ်။ အဲအတွက် စကားပြောကောင်းတဲ့သူ ဖြစ်ဖို့အတွက် အဓိက ဦးစားပေးပြီး လုပ်ဆောင်ရမယ့် အချက်(၄)ချက်ကို ဆွေးနွေးပေးထားပါတယ်။
ကျနောတို့ စိတ်တွေက တခါတလေမှာ အင်မတန်တက်ကြွသွားလိုက်၊ သိပ်မကြာခင်မှာပဲ မျှော်လင့်ချက်မရှိတော့သလိုကို စိတ်ဓာတ်တွေကျသွားလိုက်ဖြစ်ပေါ်တတ်တာတွေရှိပါတယ်။ ဒါကို bipolar disorder လို့ ခေါ်ပါတယ်။
ဘာကြောင့် bipolar disorder ဖြစ်ပေါ်ရသလဲ၊ ဘယ်အရွယ်တွေမှာဖြစ်သလဲနဲ့ ဘယ်လိုကုသဖို့လိုအပ်သလဲဆိုတာတွေကို ဆွေးနွေးပေးထားပါ
ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့တဲ့ စာအုပ်တအုပ်”။ စည်းအပြင်ကလူ ( Book Review ) ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့တဲ့ စာအုပ်တအုပ်” ထုတ်ဝေဖို့အတွက် ရည်ရွယ်ထားတာ မဟုတ်တဲ့ စာအုပ်တအုပ်က နှစ်စဉ်နှစ်တိုင်း သိန်းနဲ့ ပရိသတ်တွေ ရနေခဲ့သလို၊ Albert Camus ကို စာပေနိုဘယ်လ်ဆုရစေဖို့အတွက်လည်း အဓိက အရေးပါခဲ့တဲ့ စာအုပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျနော် ဒီရက်ပိုင်းအတွင်းမှာပဲ ပြန်ဖတ်ထားတဲ့ The Stranger ကို Review လုပ်ပေးထားပါတယ်။ English နဲ့ မြန်မာပြန်တွေမှာ ကျနော်ခံစားရတာလေးတွေကိုပါ ထည့်သွင်းဆွေးနွေးထားပါတယ်။ Lets_have_Conversations #BookReview #TheStranger #AlberCamus #Review
ချစ်ခြင်းအကြောင်း ပြောကြမယ် ချစ်ခြင်းဆိုတာက လူသားတွေ ရှင်သန်မှုယန္တရားအတွက် အင်မတန်မှကို အရေးကြီးတဲ့အရာ ဖြစ်ပါတယ်။ ချစ်ခြင်းတခုဖြစ်ပေါ်လာတဲ့အခါမှာ ဘာတွေပါဝင်လာသလဲ။ ပြီးတော့ အင်မတန်မှကို လှပသိမ်မွေ့တဲ့ ချစ်ခြင်းမှာ ဘာကြောင့် ပြဿနာတွေ ဖြစ်ပေါ်လာရသလဲဆိုတာတွေကို ဒီတပတ်မှာ ဆွေးနွေးပေးထားပါတယ်။ Lets_have_Conversations #Love #Lust #Attraction #Attachment
