မြန်မာနိုင်ငံကိုရောက်ဖူးတဲ့ အမေရိကန်သမ္မတများ အပိုင်း(၂)၊ US President ၊ Ulysses S. Grant။ https://www.facebook.com/share/v/1Cammy47si/
သူ့မွေ သူ့ရေ
ကိုယ့်ေမြ ကိုယ့်ရွာ
မလွှဲသာလို့သာ
သွားလာနေကြရတာပါ
အဖြစ်သနစ်တွေမျိုးစုံ
အကောင်း အဆိုးတွေ က
ဒနရာတိုင်းမှာ ဒွန်တွဲရှိနေကြတာပါ
သူ့နေရာနဲ့သူ
ရှိနေကြတာချည်းပါဘဲ
ယူအက်စ်ရောက် မြန်မာတယောက် ရေးထားတာ …. အမှန်တွေ မို့လို့ မြန်မာပြည်က မိတ်ဆွေများ ဖတ်ရအောင် … copied and pasted
မူလ ရေးသားသူ – ခရက်ဒစ် ပေးပါတယ် ။
xxxxxxxxxxxxxxx
အမေရိကန်၏ အမှောင်ခြမ်းများ
တကယ်ဆို ကျနော်က အမေရိကန်ရဲ့ Darksides တွေကို ရေးခဲပါတယ်။ အရင်က တစ်ခါမှလည်း မရေးဖူးပါဘူး။ ဘာဖြစ်လို့လဲဆို နောက်က လာချင်တဲ့သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ပြီး အတားအဆီးတစ်ခုခု ဖြစ်သွားမှာစိုးလို့ပါ။
အဲဒီအမှောင်တွေက ရွှေပြည်ကြီးနဲ့ယှဥ်လိုက်ရင် အလင်းခြမ်းတွေပဲလေ။ ဒါ့ကြောင့် လာချင်တဲ့သူတွေ မိုတီပျက်သွားမှာစိုးလို့ တခါမှတောင် မရေးဖြစ်ခဲ့ပါဘူး။
အခုတော့ နည်းနည်းရေးချင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဖြူက Travel Ban list ထဲ ထည့်ထားတော့ သူ့သမ္မတသက်တမ်းအတွင်းတော့ ရွှေတွေ လာလို့ မရသေးလို့ပါပဲ။
၁။ ကိုယ်ထူ ကိုယ်ထ အမေရီးကား
တကယ်ပဲ ကိုယ်ထူမှ ကိုယ်ထရတာပါ။ လူတွေဟာ စက်ရုပ်တွေလို နေ့စဥ် အလုပ်လုပ်ရပါတယ်။ တချို့ Market ထဲ လုပ်ရသူတွေဆို နေကိုတောင် မမြင်ရပါဘူး။ ဘာလို့လဲဆိုတော့ မနက်စောစော အလုပ်သွား၊ ညနေ နောက်ကျမှ အိမ်ပြန်ရတော့ တချိန်လုံး Market ထဲ နေနေရလို့ပါပဲ။
လစဥ် Payment တွေက ရှိနေတာ့ နေထိုင်မကောင်းလည်း ဆေးသောက်ပြီး အလုပ်ပြေးကြရတာပါပဲ။ လူတွေက ပိုက်ဆံဘယ်လောက်ရတယ်ပဲ မြင်ကြတာပါ။ ဘယ်လောက်ပင်ပန်းတယ်၊ ဘယ်လို လုပ်ရတယ်ဆိုတာ မမြင်ကြပါဘူး။
၂။ သူခိုးနဲ့ ဂျပိုး
ရောက်ခါကစ အမေရိကန်ဆိုတာ တကယ့်နိဗ္ဗာန်ဘုံကြီးလို့ မြင်ထားတာပါ။ အရာရာဟာ စိန်စီထားတယ်ပေါ့။ သူခိုးမရှိဘူး။ ဂျပိုးမရှိဘူးလို့ ထင်ထားတာလေ။
တကယ့်လက်တွေ့ဘဝမှာတော့ သူခိုးလည်းရှိ ဂျပိုးလည်း ရှိပါတယ်။ မြန်မာပြည်မှာ ရွှေတိဂုံဘုရားက သောက်ရေအိုးတွေမှာတောင် ခွက်တွေကို ကြိုးနဲ့ချည်ထားသလိုမျိုး ဒီမှာလည်း အမှိုက်ပုံးတွေတောင် သံကြိုးနဲ့ချည်ထားရပါတယ်။
Scooter တွေ စက်ဘီးတွေကိုလည်း လမ်းဘေးဒီအတိုင်း ရပ်ထားခဲ့လို့ မရပါဘူး။ သံကြိုးတွေနဲ့ အသေချည်ထားရပါတယ်။ မဟုတ်ရင် ပါသွားပြီသာ မှတ်။
၃။ လူမျိုးရေးခွဲခြားမှု Racism
ဒီမိုကရေစီဘိုးအေနိုင်ငံကြီးဆိုပေသိ လူမျိုးရေးခွဲခြားမှုတွေက အခုထိ အမြစ်တွယ်နေဆဲပါ။ အထူးသဖြင့် လူဖြူ လူမဲကိစ္စပေါ့။ အာဏာ၊ လုပ်ပိုင်ခွင့်ရှိသူတွေက လူမျိုးရေးအလိုက် အလွန်အကျွံအသုံးပြုတာတွေ ရှိပါတယ်။ ဥပမာ- ရဲတွေက အသက်ရှူမရဖြစ်ပြီး သေလောက်အောင် လည်မြိုညှစ်ဖမ်းချုပ်ပစ်တဲ့ George Floyd လို ဖြစ်စဥ်မျိုးပေါ့။
အခုဆို မဘသခေါင်းဖြူလက်ထက် ပိုဆိုးတာပေါ့။ တချို့ပြည်နယ်တွေမှာ Asian တွေကို အဓိကနောက်ယောင်ခံ စစ်ဆေးတာတွေတောင် ရှိပါတယ်။
အဲဒီပြည်နယ်တွေက Asian လူဦးရေနည်းတော့ သူတို့က ထင်းထင်းကြီးဖြစ်နေတာလေ။
၄။ Public Area တွေ ညစ်ပတ်မှု
မြေအောက်ရထားတွေ၊ တချို့ ကားပါကင်နေရာတွေဟာ သိပ်ကို ညစ်ပတ်ပါတယ်။ အထူးသဖြင့် သေးစော်နံတာ၊ အမှိုက်တွေ ညစ်ပတ်နေတာမျိုးပေါ့။ ကျနော်တို့ မျက်စိထဲမှာက အမေရိကန်ဆိုတာ ဟောလီးဝုဒ်ရုပ်ရှင်ထဲကလို နီယွန်မီးရောင်စုံနဲ့ တကယ့် ကောင်းကင်ဘုံလိုမျိုး ထင်ထားတာလေ။
ရထားတစ်တွဲမှာ အိမ်ရာမဲ့တစ်ယောက်ပါလာပြီဆိုရင် အကုန်လုံး တခြားတွဲကို ပြောင်းပြေးကြရတာပါပဲ။ သူတို့က တအား နံ ပါတယ်။ တချို့ရထားတွဲတွေဆို ကြွက်တွေပါ တွေ့ရတတ်ပါတယ်။
နယူးယောက်ဟာ ၂၄-နာရီ မအိပ်ဘဲ လှုပ်ရှားနေတယ်ဆိုပေမဲ့ ကိုယ်တိုင် လုံခြုံမှုရှိဖို့ကိုတော့ ကိုယ်တိုင်ပဲ ဂရုစိုက်ရပါတယ်။ နောက်ယောင်ခံလိုက်ပြီး ပိုက်ဆံအိတ်လုပြေးတာ၊ ဖုန်းလုပြေးတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် ဆေးခြောက်သုံးတဲ့လူတွေပေါ့။
911 ခေါ်ရင် ရဲက ၅/၁၀ မိနစ်အတွင်းရောက်တယ်ဆိုပေမဲ့ ပါသွားမှာက အရင်ပါ။ ရထားပေါ်မှာဆိုလည်း မကြာခဏ ကြေငြာပါတယ်။ ကိုယ့်ပစ္စည်းတွေကို ကိုယ်နဲ့မကွာထားဖို့နဲ့ သံသဖြစ်စရာရှိရင် သူတို့ကို အကြောင်းကြားဖို့ပါ။
၅။ အများသုံးအိမ်သာ
နယူးယောက်မှာ အများသုံးအိမ်သာတွေက အတော်ရှားပါတယ်။ တနေရာရာကိုသွားတဲ့အခါ အဲဒီပြဿနာကလည်း အတော်ကြီးပါတယ်။ မြန်မာပြည်လို ဓာတ်ဆီဆိုင်တွေကလည်း အိမ်သာကိုထားပေး မထားပါဘူး။
စားသောက်ဆိုင်တွေ စတိုးတွေကလည်း ခွင့်တောင်းရင်တောင် ပေးမသုံးကြပါဘူး။ အတော်ဆိုးပါတယ်။ အထူးသဖြင့် ကားသမားတွေဟာ ကုန်တိုက်ကြီးတွေ မောကြီးတွေကို မှတ်ထားရလေ့ရှိပါတယ်။ အဲဒီမှာတော့ သုံးလို့ရပါတယ်။ တချို့ဆို ရေဗူးကြီးကြီး ကားပေါ်ဆောင်ထားရပါတယ်။ တောရုံအပေါ့သွားချင်တာမျိုးဆို ကားထဲမှာပဲ မှန်အလုံပိတ် ပန်းလိုက်ရတာတွေ ရှိပါတယ်။
၆။ သေနတ်ပြဿနာ Gun Violence
လူစည်စည်ရှိရင် နောက်တစ်ခုကြောက်ရတာက သေနတ်ပြဿနာပါ။ ဒီမှာ “ပန်းနဲ့မကြို၊ ဂန်းနဲ့ကြိုမှာ” ဘာညာ လေနဲ့မဟုတ်ဘူး။ စိတ်ရူးပေါက်ပြီး ပစ်ချင်ရင် တွေ့ကရာ အကုန်ပစ်တာ။ စာသင်ကျောင်းတွေ၊ လူစည်ကားတဲ့နေရာတွေမှာ မကြာခဏဖြစ်နေတာပါပဲ။
အဲဒီတော့ အမေရိကန်မှာ ဘယ်သွားသွား ဘာလုပ်လုပ် အသိသတိနဲ့ နေနေရတာပါပဲ။
ဒီမှာက လူတွေက အရမ်း Stress များပါတယ်။ အလုပ်အကိုင်၊ ငွေရေးကြေးရေးအပြင်၊ အထီးကျန်မှုတွေကအစ ဖိအားတွေက အမျိုးမျိုးပါပဲ။ ဝန်ကြီးတစ်ဦးစကားငှားပြောရယင် “တော်ရုံဆို ရူးတောင်သွားဦးမယ်”ဆိုတာ အမေရိီးကားမှာ တကယ်ပါ။
ဒါ့ကြောင့် Mental Disorder စိတ်မူမမှန်တဲ့လူတွေကို နေရာတိုင်းမှာ တွေ့ရတတ်ပါတယ်။ တစ်ယောက်တည်း စကားပြောနေတာ၊ လမ်းပေါ် အောဟစ်ဆဲဆိုနေတာ၊ လမ်းဘေးငိုင်ငိုင်ကြီး တစ်ယောက်တည်း ကြောင်နေတာ စသဖြင့် အမျိုးမျိုးပါပဲ။
ခက်တာက လူတွေက Shine in public, sad in private ဆိုတဲ့စကားအတိုင်း နေနေကြတော့ အဝေးကနေ အပျော်တွေပဲ မြင်ရပြီး မျက်ရည်တွေကို မမြင်ရတော့ နဂိုအထင်ကြီးပြီးအခံနဲ့ အမေရီးကားးကြီးကို ပိုပိုပြီး လေးစားအထင်ကြီးကြတော့တာပါပဲ။
ဒါတွေကတော့ ကျနော်သိတဲ့ အမေရိကန်ရဲ့ အမှောင်ခြမ်းတွေပါပဲ။ ကျန်ခဲ့တာတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ထပ်ဖြည့်ပေးကြပါဦး။
အဆင်ပြေကြပါစေ။
Joe
07.24.2025
