တို့ဗမာ ၊ ဗမာ့ သူရဲကောင်းကြီး များ ။

မေလှမြိုင်၏ ပြည်သူ့ဖခင်

မေလှမြိုင် (၁၉၂၂-၁၉၇၃) သည် မြန်မာနိုင်ငံသား နိုင်ငံကျော် ဓာတ်ပြားအဆိုတော်၊ ရုပ်ရှင်မင်းသမီး၊ ပြဇာတ်မင်းသမီး ဖြစ်သည်။ မေလှမြိုင်၏ အသံသည် တစ်မူထူးခြားသည်။ မြန်မာ့အသံရေဒီယိုတွင် အမှုထမ်းခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးခေတ် မြန်မာ့ဂီတ​လောကတွင် ထင်ရှား​​သော ဓာတ်ပြားအဆိုတော် ဖြစ်သည်။ စစ်ပြီးခေတ် မြန်မာ့အသံတွင် ထင်ရှားသော ပညာရှင်တစ်ဦးဖြစ်သည့်အပြင် အလေးပြုပါတယ် (အာဇာနည် ခေါင်းဆောင်ကြီးများအတွက်)၊ ဗမာ့ကြွေးကျော်သံ၊ ဆောင်းအမီ စသောတေးသီချင်းများ၏ မူရင်းအဆိုရှင် ဖြစ်သည်။[၁]

ငယ်စဉ်ဘဝ

၁၉၂၂ ခုနှစ်ဖွား မေလှမြိုင်၏ အမည်ရင်းမှာ မလှမြိုင်ဖြစ်ပြီး အေဝမ်းရုပ်ရှင်သို့ ရောက်ရှိချိန်တွင် မေလှမြိုင် ဖြစ်ခဲ့သည်။

ရုပ်ရှင်

မေလှမြိုင်သည် ရုပ်ရှင်နှင့် ပြဇာတ်လောကတွင် စစ်ပြီးခေတ် ကျင်လည်ခဲ့ပြီးမှ ဂီတလောကထဲ ရောက်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် အေဝမ်း ရုပ်ရှင်ကုမ္ပဏီက ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားအချို့တွင် ဇာတ်ရံမင်းသမီးအဖြစ် မထင်မရှား စတင်ပါဝင်ခဲ့သည်။ ရန်နိုင်စိန် တင်ဆက်ခဲ့သောပြဇာတ်တစ်ခုတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ပြီး စတင်လူသိများလာသည်။ ဒို့အိမ်ကြီး၊ ယမမေမယ်၊ အနန္တသူရိယ၊ ဝေသာလီ စတဲ့ ပြဇာတ်များတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဂီတ

ရန်နိုင်ဆွေရေးသော ချစ်မိုးနှောင်း သီချင်းအား သီဆိုခဲ့ရာမှ ထင်ရှားလာခဲ့သည်။ မေလှမြိုင်သီဆိုခဲ့သော ရွဲ့လိုက်တာလား စန္ဒာရယ်၊ စိမ်းလဲ့ကန်သာ၊ တိမ်ညိုနဲ့ လခြမ်း၊ နွေဦးတေးသံ၊ ဗမာ့ကြွေးကျော်သံ၊ ဆောင်းအမီ၊  မြိုင် ၊ ကိုမြကြီးနှင့် စုံတွဲသီဆိုခဲ့သော ကန်သင်းဆယ်မှာလား စသည့် သီချင်းများမှာ ထင်ရှားသည်။

ကိုမြကြီး၊ မေသစ်တို့နှင့်အတူ အောင်မြင်ကျော်ကြားခဲ့သော မေလှမြိုင်သည် ၁၉၆၀ ပြည့်နှစ်တဝိုက် ရောင်းတန်း ဓာတ်ပြားခေတ် မာမာအေး၊ တင်တင်မြ၊ ထား၊ ချစ်စပယ်၊ အေဝမ်းတင်တင်လှတို့ ခေတ်တိုင် ဆက်လက် အောင်မြင်ထင်ရှားခဲ့သော တေးသံရှင်ဖြစ်သည်။

မြန်မာ့အသံရေဒီယိုတွင် အလုပ်လုပ်နေစဉ် ၁၉၇၃ ခုနှစ်၊ အသက် (၅၁) နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား

  1. https://burma.irrawaddy.com/article/2022/07/19/253277.html

ကဏ္ဍများ

https://youtu.be/zpDynVWHn10?si=ljw6mw1RCySnZgSD

ဒေါ်မေလှမြိုင်၏ အလေးပြုပါသည် သီချင်း

https://youtu.be/2yHU8TP8AGQ?si=jIfpHQeHD-5nxcnd

မာမာအေး၏ ဇူလိုင်မျက်ရည်မိုး

https://youtu.be/nwGhKkRj1L8?si=E82I-6875QL5M7z7

ကျေးဇူးအထူးတင်ပါသည် အခုလိုကြည့်ရှူပေးသည့်အတွက်။

တွေးမိတွေးရာ

ဒါ တို့တိုင်း တို့ ပြည်
တို့ မြန် မာပြည်

တစ်သီးပုဂ္ဂလ တစ်ဥိးတည်းပိုင်မဟုတ်
တစ်ဦးးတည်းလုပ်ချင်တိုင်းလုပ် နေလို့မရ မဖြစ်
တို့ မြေ တို့ရေ
တောင်ပေါ် မြေ ပြန့် နေ
ပြည်ထောင်စုဖွားတိုင်းရင်းသားတွေ အားလုံး
ကောင်းတူဆိုးဖက် သာတူညီမျှ ပိုင်ဆိုင်ကြတဲ့
တိုပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး
နိုင်ံငံတွင်းမှာ
တစ်ဦးတည်းလူမျိုးတစ်မျိုးတည်း နေကြတာမဟုတ်

နိုင်ငံတော်ကြီး ကမ္ဘာနဲ့ရင်ဘောင်တန်း လိုက်ပြီး
တိုးတက် ဖွ့ဖြိုးစည်ပင် အေးချမ်း သာယာဝပြောဘို့ အရေး က
ပြည်တွင်း/ပြည်ပ မြန်မာ ပြည်ထောင်စုသားနိုင်ငံသားအားလုံးမှာ
တာဝန်ကိုယ်စီရှိကြတယ်

နိုင်ငံ တော် ကြီး အေးချမ်းသာယာ စည်ပင်ဝပြောတိုးတက်ရေး
တစ်ကိုယ်ကောင်းး တစ်ဦး တစ်ယောက်ကောင်းနဲ
ဘယ်လိုမှလုပ်မရ

မြန်မာ့ လွတ်လပ်ရေး သမိုင်း ထဲက
မြန်မာ့လွတ်လပ်ရေတိုက်ပွဲနဲ့
ဂျပန်တော်လှနန်ရေးတိုက်ပွဲတွေရဲ့
အောင်မြင်မှု သရဖူ တွေက
အတိတ်သမိုင်းထဲက လက်တွေနမူနာ သာဓကတွေ

နိုင်ငံတွင်း နေ တိုင်းရင်းသားပြည်သူတွေ အားလုံး နဲ့အတူ
ကမ္ဘာပေါ်က. ပြည် ပနိင်ငံတွေ အများမှာ
မလွှဲသာလိုရေကြည်ရာမြက်နုရာရောက်နေကြသူ
ပြည်ထောင်စုဖွား တိုင်းရင်း သားတွေအားလုံး က
နိုင်ငံ တိုးတက်ခေတ်မီပြောင်းလဲနိုင်ရေးတွေကို
စုပေါင်းညီညာဝိုင်း လုပ်ကြမှသာ
စုပေါင်းညီညာ အောင်ကြောင်းဖြာကြပါလိမ့်မယ်
နိုင်ငံရဲ့ ခေတ်ဟောင်းတွေ က ခေတ်တွေစနစ်တွေ
ပြောင်းလဲဘို့ အချိန် တန်နေပါပြီိ

ယနေ့ ၂၁ ရာစုမျိုးဆက်သစ် လူကြီးလူငယ် တွေရဲ့
သူတို့ရဲ့ အနာဂတ် ရေး အတွက်
သူတို့ရဲ့အနာဂတ် နိုင်ငံတော်ပြည်အရေးအတွက်တွေပါ

အဆိုတေိာကြီး ဒေါ်မာမာအေး လှုံ့ဆော်လိုက်လို့
ပေါ်လာတဲ့ အတွေး မျှင်တန်း အစများ ပါ

ဒေါ်မာမာအေး သီဆို ဇာတိမာန် သီချင်း
Youtube video ရုပ်သံသီချင်း ( Link )

ရည်ညွှန်း

စစ်အာဏာရဖျင်တွေကို ဂီတဣဲ့တောါလှန်ခဲ့တဲ့ တေးသံရှင်မာမာအေးဆိုတာ ဘယ်လို လူမျိုးလဲ

https://youtu.be/moSJkShnWGg?si=GbpHTre-e-jwDxWR

https://youtu.be/moSJkShnWGg?si=n9kJ7snJbgsMQXa1

တေးရေးနိုင်မြန်မာသီဆိုမာမာအေး

ကမ္ဘာကိုကိုင်လှုပ်မည့်လက်သံ

https://youtu.be/FJqLAjKIZiY?si=LuXfMbQOKvHHVHX9

ခေတ်ပြောင်းချိန်မှာ
အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး
ပေါ် ထွန်းလာရေး မျှောတွေးလျက်

အေးမြင့် ( ညောင်တုန်း)
3 September 2025

ဆက်စပ် သီချင်းများ ။ ရုပ်သံ သတင်းဗီဒိယိုများ 

ဗိုလ် ရှု သဘင် သီ ချင်း ။ တေးရေး – ဂီတာ တင်အုန်းတေးဆို – မြသက်မူ ( မူရင်း မြန်မာ့အသံ ရေဒီယို ဗားရှင်း)

https://youtu.be/Vii-7fxEo9U?si=7fZMqX_2sITNiIUl

ခင်ညွန့်ရီဆို

https://youtu.be/lLeijfk0-24?si=9MeAwqlo1Quq96v7

မြန်မာ့အသံစိန်ရတုအထိမ်းအမှတ်

https://youtu.be/yw81d1W8v0c?si=DWhKpyfQ-PCz98Ox

ဇူလိုင်မျက်ရည်မိုး

https://youtu.be/YdYC1a65iH8?si=ibvmNkCOgBz-Q4k8

ပါတော်မူ နေ့

https://youtu.be/CGaVeouHiKE?si=DLmJCv2iUTL58_8K

ခင်ညွန့်ရီ ဆ်ု ပြည်သူ့အရိုင်းပန်း

https://youtu.be/Z1U0OpR07Sc?si=QBXWs72hFOYGOytV