ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ ဂီတစာဆိုမောင်ကြေးမုံပြောပြသော”ကောလိပ်ဂျင် နေဝင်း၏နောက်ဆုံးခရီးနှင့်သူ၏စိတ်နေသဘောထား ဆိုတဲ့အကြောင်းလေးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
@The following article will present a story about “College Jin Ne Win’s last journey and his state of mind,” narrated by musician Maung Kyaw Mon.
မောင်ကြေးမုံနှင့်ကောလိပ်ဂျင်နေဝင်း
သို့ကောလိပ်ဂျင်နေဝင်း
ကောလိပ်ဂျင်၏စိတ်နေသဘောထား
ကောလိပ်ဂျင်အကြောင်း
ဂီတစာဆိုမောင်ကြေးမုံနှင့်ကောလိပ်ဂျင်နေဝင်း
ဂီတစာဆိုမောင်ကြေးမုံရေးသားသည်
မောင်ကြေးမုံ
ကောလိပ်ဂျင်နေဝင်း၏ဈာပန
ကောလိပ်ဂျင်နေဝင်း၏နောက်ဆုံးအချိန်
မင်းသားကြီးကောလိပ်ဂျင်နေဝင်း
ကောလိပ်ဂျင်နေဝင်း၏ဘဝနေဝင်ချိန်
မောင်ကြေးမုံပြောပြတဲ့ကောလိပ်ဂျင်နေဝင်း၏ဘဝနှင့်စိတ်သဘောထား
ကောလိပ်ဂျင်နေဝင်း၏စိတ်နေစိတ်ထား
ကောလိပ်ဂျင်နှင့်မောင်ကြေးမုံ
မောင်ကြေးမုံနှင့်ကောလိပ်ဂျင်
ကောလိပ်ဂျင်နေဝင်း ဂီတစာဆိုမောင်ကြေးမုံ
https://youtu.be/HeIm6_amSk8?si=-YUziYyAQNwZrLJk
တစ်ခါကကောလိပ်ဂျင်
https://youtu.be/3ceCCdGw5Ks?si=jR_pol26ZdafzLhm
အသည်းနုတဲ့မြို့ကကိုယ်ရင်
https://youtu.be/PGBr-YAIG5o?si=FYnUih4NdMtBy3_F
မောင်ကြေးမုံေ၇းဇာတ်လမ်းများ
https://youtu.be/3x3pajXmSLY?si=_yUOXmmqFaDfdApA
မေ င်ကြေးမုံ၏ တစ်ခါက ကောလိပ်ဂျင်
https://youtu.be/3ceCCdGw5Ks?si=u4b6c451P_Lu3G2O
မောင်ကြေးမုံရေးသေ သီချင်းများ Collection 13 videos
https://youtube.com/playlist?list=PLIkUkpOon6Q0wsP84tb0yN-EqpTx_vWYK&si=2DWnn0WyprRjk7pf
ဝီကီပီးဒီးယား မှ
မောင်ကေးမုံ၏မိခင် ဒေါ်စောမြအေးကြည်



ဒေါ် စောမြအေးကြည် (စောမြဧကြည်) (၁၈၉၂-၁၉၆၂) သည် မြန်မာ့ဂီတလောကတွင် ထင်ရှားကျော်ကြားသော အလင်္ကာကျော်စွာဘွဲ့ရ ဂီတပညာရှင်ကြီးတစ်ဦးဖြစ်သည်။ဒေါ်စောမြအေးကြည်ဂုဏ်ထူးဆောင်ဝတ်စုံဖြင့် ဒေါ်စောမြဧကြည် (မြန်မာ ၁၂၅၃-၁၃၂၉)မွေးဖွားခင်စိန်ကြည်
မတ်၊ ၁၈၉၂
မန္တလေးမြို့၊ ဗြိတိသျှဘားမားကွယ်လွန်၁၀၊ ဖေဖော်ဝါရီ၊ ၁၉၆၈
ရန်ကုန်မြို့၊ မြန်မာနိုင်ငံအလုပ်အကိုင်
- ဂီတပညာရှင်
- နည်းပြဆရာမ
- ဂီတသုတေသနမှူး(သမိုင်းကော်မရှင်ဌာန)
- မြန်မာ့အသံ မဟာဂီတ သီချင်းကြီးစိစစ်ရေးဘုတ်အဖွဲ့ဝင်
- တူရိယာဂီတအဖွဲ့ချုပ်ဥက္ကဋ္ဌ
အိမ်ထောင်ဖက်(များ)ရကန်ဦးတင်မိဘ(များ)ဦးမောင်မောင်တင် + ဒေါ်ခင်ဖွားရရှိသည့်ဆုများ
- အလင်္ကာကျော်စွာဘွဲ့(၁၉၅၂)
- အနုပညာဆိုင်ရာဂုဏ်ထူးဆောင်ဘီအေဘွဲ့(၁၉၅၄)
- စောဥက္ကာဘွဲ့
- သီရိဥက္ကဋ္ဌ်ဝတီဘွဲ့
ငယ်ဘဝနှင့် ပညာရေး
၁၈၉၂ မတ်လ၊ ၁၂၅၃-ခုနှစ်၊ တပေါင်းလတွင် အဖမှာ သီပေါမင်းလက်ထက် ဗြဲတိုက် သံတော်ဆင့်ရာထူးကို ထမ်းရွက်ရသော ဦးမောင်မောင်တင်[၁](အချို့စာအုပ်များတွင် မောင်မောင်ထင်ဟု ရေးသားသည်ကိုတွေ့ရသည်။)၊ အမိမှာ စောလှထိပ်ခေါင်တင်၏ ဘဏ္ဍာစိုး ဒေါ်ခင်ဖွား တို့ဖြစ်ပြီး မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ အမည်မှာ “ခင်စိန်ကြည်” မည်၏။ မန္တလေးနေပြည်တော်မှ ဆွေတော်အုပ်မင်းသားကြီး၏ သမီးဖြစ်သော ထိပ်တင်ရွှေသည် ဒေါ်စောမြအေးကြည်၏ ဖွားလေးပင်ဖြစ်သည်။ [၂]
ငယ်စဉ်ကပင် အဆိုအတီး အကဖက်၌ ဝါသနာထုံခဲ့၍ လေ့လာဆည်းပူးခဲ့သည်။ အသက်(၁၂)နှစ် အရွယ်တွင် သီဆိုမှုပညာကို သင်ကြားသည်။ ရှေးဦးစွာ မနုသဒ္ဒ ရွှေတောင်ကျော်သူ ဘွဲ့ခံ အဆိုကျော် ဦးလူကြီး (သီပေါမင်းလက်ထက် ဝဲဘက်အဆိုတော် အဖြစ်နှင့် အမှုထမ်းခဲ့သူ) ထံတွင် စတင်သင်ကြားခဲ့ရာ ပေါက်ပေါက်ရောက်ရောက် ရှိလှသည်ဟူ၏။ (၁၃)နှစ်အရွယ်တွင် ရှမ်းပြည်မြောက်ပိုင်း သီပေါစော်ဘွားဆာစောချယ်က ဆွေစဉ်မျိုးဆက်ကို စုံစမ်းပြီး နှစ်သက်သဖြင့် ကောက်ယူလေသည်။ ဂီတပညာရှင်ကြီးများကိုလည်း သီပေါဟော်နန်း၌ အသုံးတော်ခံကြရသော ပညာရှင်ကြီးများထံမှ ဆက်လက်သင်ယူ လေ့လာစေခဲ့သည်။(၁၆)နှစ်အရွယ်ရောက်သော် စော်ဘွားကြီးက ငယ်နာမည် ခင်စိန်ကြည်ကိုဖျောက်၍ စောမြအေးကြည် သခင်မ (အချို့စာအုပ်များတွင် စောမြဧကြည်ဟု ရေးသားသည်။) ဟူသော အမည်ကို ပေးအပ်ခြင်းခံခဲ့ရသည်။ အသက်(၂၀)နှစ်ကျော်တွင် ရတု၊ ဘောလယ်၊ တေးထပ်၊ ပတ်ပျိုး တို့ရေးသားသီကုံးနိုင်ပြီဖြစ်သည်နှင့်အညီ ရေးသားဆက်သွင်းခဲ့ရာ စော်ဘွားကြီးက သဘောကျလေသောကြောင့် စောဥက္ကာဘွဲ့ ပေးအပ်ခြင်းခံရသည်။ ၁၂၈၉ခုနှစ်၊ တန်ခူးလပြည့်ကျော်(၈)ရက်နေ့တွင် စော်ဘွားကြီး၏ တိုက်ဟော်နန်း သိမ်းပိုက်ပွဲ၌ စောဥက္ကာသည် သီရိဥက္ကဋ္ဌ်ဝတီ ဟူသောဘွဲ့ကို ထပ်မံချီးမြင့်ခြင်း ခံယူရရှိပြန်၏။ ထိုဟော်နန်းတွင်း၌ပင် ဆိုခဲ့ပြီးသည့်အတိုင်း ယိုးဒယားအကကို ရာမစင်တော်ဦးစီး ဆရာမောင်နှင့် ယိုးဒယားသီးခြားတတ်ကျွမ်းသည့် ဆရာဦးအုန်းပွင့်တို့ထံမှ လည်းကောင်း၊ အဆိုပညာကို တပယ်မင်းသား၏ ကိုယ်လုပ်တော် တပယ်ခင်ဥကြီး၊ ဆရာဦးလူကြီး၊ ဘီးလစ်စာရေးကြီး ဦးအောင်လှနှင့် ဆရာခန့်ကြီးတို့ထံမှ လည်းကောင်း နည်းယူမှတ်သားခဲ့ရ၏။ မိုးဒေဝါ နှင့် လမင်းသော်တာပတ်ပျိုးများ၏ ဖန်တီးရှင်ဖြစ်သည်။ မိုးဒေဝါရေးတော့ အသက်၂၃ နှစ်သာ ရှိသေးသည်။ အသက် ၃၆ နှစ်အရွယ်တွင် စော်ဘွားမရှိတော့၍ သီပေါဟော် ဖရိုဖရဲဖြစ်နေချိန် ဒီးဒုတ်ဦးဘချိုက ခင်ကြည်လာပါ၊ မဟာဂီတမှာ ဥက္ကဋ္ဌလုပ်ပါ၊ ဗရနံ့ပြန့်ကျဲနေတဲ့ သီချင်းတွေကိုပြန်စုကြပါဦးစို့ဟုခေါ်၍ အောက်ပြည်ကို ရောက်သည်။ ၁၉၂၈-ခုနှစ် တွင် သီပေါဟော်နန်းမှ ခွါခဲ့ပြီး နောက်တွင်လည်း ဂီတပညာအရပ်ရပ် တို့ကို ထပ်၍ ထပ်၍ ဆည်းပူးခဲ့သဖြင့် ဂီတပညာစုံတို့ဖြင့် ကုံလုံခဲ့သော ဂီတမိခင်ကြီးဖြစ်လာခဲ့သည်။
အလုပ်အကိုင်
ဒေါ်စောမြအေးကြည်သည် ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီ ကာလအထိ နိုင်ငံတော် ပန်တျာနည်းပြ၊ ၁၉၅၃ – ၅၈-ခုနှစ်တွင် ရန်ကုန်ဂီတနှင့် အနုပညာကျောင်း၊ ဆရာဖြစ်သင် ကောလိပ် နည်းပြများ အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ဂီတပညာဖြင့် နိုင်ငံ၏အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သဖြင့် ၁၉၅၂-ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ဖြင့် ပြည်ထောင်စုအစိုးရက ချီးမြှင့်ခဲ့၍ ၁၉၅၄-ခုနှစ်တွင် ကံဘဲ့ဆရာအတတ်သင်ကျောင်းတွင် သုခုမနည်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်စဉ် ရန်ကုန်တက္ကသိုလ်က အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင် ဘီအေဘွဲ့ကို ပေးအပ်ခဲ့ရာ ထိုဘွဲ့ကို မြန်မာနိုင်ငံ၌ ယခုတိုင် ဒေါ်စောမြအေးကြည် တစ်ဦးတည်းသာလျှင် ရရှိခဲ့ဖူးပေသည်။ ၁၉၆၂ ခုနှစ်တွင် သမိုင်းကော်မရှင်ဌာနမှ ဂီတသုတေသနရာထူးဖြင့် အမှုထမ်းခဲ့ပြီး မြန်မာ့အသံ မဟာဂီတ သီချင်းကြီးစိစစ်ရေးဘုတ်အဖွဲ့တွင် အဖွဲ့ဝင်လူကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ တူရိယာဂီတအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းလဲ ခံခဲ့ရသည်။ ဒေါ်စောမြအေးကြည်သည် မိမိဆည်းပူးခဲ့သမျှသော ဂီတပညာတို့ကို စေတနာထက်သန်စွာဖြင့် ဂီတပညာ ကို နှစ်ခြိုက်လိုလားသူများအား ဖြန့်ဝေပေးခဲ့သည်မှာ ကွယ်လွန်သည့်တိုင်အောင် ဖြစ်သည်။ ဒေါ်စောမြအေးကြည်ဂုဏ်ထူးဆောင်ဝတ်စုံဖြင့် ဒေါ်စောမြဧကြည် (မြန်မာ ၁၂၅၃-၁၃၂၉)မန္တလေးမြို့ အမျိုးသားကဇာတ်ရုံရှိ ဒေါ်စောမြအေးကြည် ကြေးရုပ်
မိသားစု
ရကန် ဦးတင်နှင့် လက်ထပ်ခဲ့ပြီး မြန်မာနိုင်ငံသမိုင်းကော်မရှင်တွင် ဂီတသုတေသနမှူးရာထူးဖြင့်လည်း ထမ်းရွက်သည်။
ဘဝနိဂုံး
၁၃၂၉-ခုနှစ် တပို့တွဲလဆန်း ၁၂ ရက် (၁၉၆၈ ခု၊ ဖေဖော်ရီလ ၁ဝ ရက်) တွင် ရန်ကုန်၌ ကွယ်လွန်ခဲ့သည်။[၃]
ကိုးကား
- (အလင်္ကာကျော်စွာ ဒေါ်စောမြဧကြည်(ဘီ-အေ)ရေးသော ဂီတနှင့်အက စာအုပ်)
- မြန်မာ့တူရိယာဂီတပညာကျော်များ – ၁၉၆၂ ပန်တျာမြင့်အောင်
- (အလင်္ကာကျော်စွာ ဒေါ်စောမြဧကြည်(ဘီ-အေ)ရေးသော ဂီတနှင့်အက စာအုပ်)
ဂီတစာဆိုမောင်ကြေးမုံ သည် ပဲခူးတိုင်း၊မင်းလှမြို့ဇာတိဖြစ်သည်၊”မောင်ကြေးမုံ” သည်ဂီတစာဆိုလည်းဟုတ်သည်၊ တေးပြုသူဆိုလျင်လည်းဟုတ်သည်။ ဂီတလောကတွင် ပထမဆုံးသော သူ့ဆရာ သူ့မိခင်သည် ဂီတမိခင်အလင်္ကာကျော်စွာဒေါ်စောမြအေးကြည်ပင်ဖြစ်သည်။ သူ၏ဂီတမိခင်သည် ဂီတအခြေခံ မဟာဂီတများကို သင်ကြားပေးသည်။ ၁၉၅၈ ခုနှစ်မှစ၍ မောင်ကြေးမုံ အမည်ဖြင့် စာပေလောကသို့ခြေချခဲ့သည်။ ၁၉၆၃ ခုနှစ်မှစ၍ ဂီတလောကထဲသို့ဝင်ရောက်ခဲ့သည်။ သူသည် ဂီတပဒေသာစင်မြင့်ပေါ်တွင် နေ့ကြီးရက်ကြီးများ၌ နှစ်စဉ်တင်ဆက်ခဲ့သောပြဇာတ်နှင့် တေးသရုပ်ဖော်များစွာတို့အနက် လူကြိုက်များထင်ရှားခဲ့သော တေးသရုပ်ဖော်များမှာ လမင်းသာချိန်နေကွယ်ချိန်၊ အိုဘယ့်တဏှာမိမာယာ၊ ဆယ် ပြန်ဆယ်သက်နှင်းဝံ့သည်။ အလှမာနကျဆုံးခန်း၊သွေးမျက်ရည်ဖြင့်သစ္စာနှံသည်၊ အိပ်မက်သူဇာမောင့်ကြင်ရာ၊ တိုက်ပွဲလမ်းမှချစ်ပန်းနီနီပြဇာတ် စသည်တို့ဖြစ်ပေသည်။ မောင်ကြေးမုံ၏ “ဒီထက်ပိုပြီး ပြောချင်ဘူး၊ ပြောချင်ဘူး”၊ ဂန္ထဝင်မောင်ဝိုင်း၏ “သူများအကြောင်းလည်း မပြောတတ်ပါ၊ စပ်မိစပ်ရာ၊ ကြုံတုန်း ဆုံတုန်း” ဆိုသော သံချပ်စာသားများအား တခေတ်တခါက သင်္ကြန်ချစ်သူများ အမှတ်ရနေကြ လိမ့်မည် ဟု ထင်မိပါသည်။ ထို့အပြင်ရုပ်ရှင်နောက်ခံတေးများ၊ ရောင်းတမ်းဝင်ဓာတ်ပြားတွဲပြဇာတ်များ၊ ကက်ဆက်ခွေဇာတ်လမ်းများ၊ ဇာတ်ဝင်တေးများရေးသားခြင်း၊ ကိုယ်တိုင်ပါဝင်၍ အသံဖြင့်သရုပ်ဆောင်ခြင်း၊ ရေဒီယိုဓာတ်ပြားတေးများကိုလည်း ရေးသားခဲ့သည်။ ဂီတစာဆိုပြည်သူချစ်သော မောင်ကြေးမုံသည် အသက် ၆၃ နှစ်အရွယ် ၂၀၀၄ ခုနှစ်၊ဇွန်လ၊ ၁၄ ရက် နံနက် ၆နာရီ၊ မိနစ်၄၀တွင် ကွယ်လွန်သွားခဲ့ပါသည်။
ကိုးကား
- ဧရာဝတီမြန်မာပိုင်းတွင် မောင်မောင်ကျော် ရေးသားသည့်တခေတ်တခါက မဟာရန်ကုန် သင်္ကြန် မင်းသားကြီးများ ဆောင်းပါး
- ဦးချစ်ဝင်းရေးသားသည် ဂီတစာဆိုမောင်ကြေးမုံအကြောင်း
- ဤစာမျက်နှာကို ၇ ဒီဇင်ဘာ ၂၀၂၄၊ ၀၇:၅၉ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။

https://youtu.be/JdMlKHKVW5M?si=i2lXQKed_mu8jG9o
