
ဂီတစာဆိုမောင်ကြေးမုံ သည် ပဲခူးတိုင်း၊မင်းလှမြို့ဇာတိဖြစ်သည်၊”မောင်ကြေးမုံ” သည်ဂီတစာဆိုလည်းဟုတ်သည်၊ တေးပြုသူဆိုလျင်လည်းဟုတ်သည်။ ဂီတလောကတွင် ပထမဆုံးသော သူ့ဆရာ သူ့မိခင်သည် ဂီတမိခင်အလင်္ကာကျော်စွာဒေါ်စောမြအေးကြည်ပင်ဖြစ်သည်။ သူ၏ဂီတမိခင်သည် ဂီတအခြေခံ မဟာဂီတများကို သင်ကြားပေးသည်။ ၁၉၅၈ ခုနှစ်မှစ၍ မောင်ကြေးမုံ အမည်ဖြင့် စာပေလောကသို့ခြေချခဲ့သည်။ ၁၉၆၃ ခုနှစ်မှစ၍ ဂီတလောကထဲသို့ဝင်ရောက်ခဲ့သည်။ သူသည် ဂီတပဒေသာစင်မြင့်ပေါ်တွင် နေ့ကြီးရက်ကြီးများ၌ နှစ်စဉ်တင်ဆက်ခဲ့သောပြဇာတ်နှင့် တေးသရုပ်ဖော်များစွာတို့အနက် လူကြိုက်များထင်ရှားခဲ့သော တေးသရုပ်ဖော်များမှာ လမင်းသာချိန်နေကွယ်ချိန်၊ အိုဘယ့်တဏှာမိမာယာ၊ ဆယ် ပြန်ဆယ်သက်နှင်းဝံ့သည်။ အလှမာနကျဆုံးခန်း၊သွေးမျက်ရည်ဖြင့်သစ္စာနှံသည်၊ အိပ်မက်သူဇာမောင့်ကြင်ရာ၊ တိုက်ပွဲလမ်းမှချစ်ပန်းနီနီပြဇာတ် စသည်တို့ဖြစ်ပေသည်။ မောင်ကြေးမုံ၏ “ဒီထက်ပိုပြီး ပြောချင်ဘူး၊ ပြောချင်ဘူး”၊ ဂန္ထဝင်မောင်ဝိုင်း၏ “သူများအကြောင်းလည်း မပြောတတ်ပါ၊ စပ်မိစပ်ရာ၊ ကြုံတုန်း ဆုံတုန်း” ဆိုသော သံချပ်စာသားများအား တခေတ်တခါက သင်္ကြန်ချစ်သူများ အမှတ်ရနေကြ လိမ့်မည် ဟု ထင်မိပါသည်။ ထို့အပြင်ရုပ်ရှင်နောက်ခံတေးများ၊ ရောင်းတမ်းဝင်ဓာတ်ပြားတွဲပြဇာတ်များ၊ ကက်ဆက်ခွေဇာတ်လမ်းများ၊ ဇာတ်ဝင်တေးများရေးသားခြင်း၊ ကိုယ်တိုင်ပါဝင်၍ အသံဖြင့်သရုပ်ဆောင်ခြင်း၊ ရေဒီယိုဓာတ်ပြားတေးများကိုလည်း ရေးသားခဲ့သည်။ ဂီတစာဆိုပြည်သူချစ်သော မောင်ကြေးမုံသည် အသက် ၆၃ နှစ်အရွယ် ၂၀၀၄ ခုနှစ်၊ဇွန်လ၊ ၁၄ ရက် နံနက် ၆နာရီ၊ မိနစ်၄၀တွင် ကွယ်လွန်သွားခဲ့ပါသည်။
ကိုးကား
ဧရာဝတီမြန်မာပိုင်းတွင် မောင်မောင်ကျော် ရေးသားသည့်တခေတ်တခါက မဟာရန်ကုန် သင်္ကြန် မင်းသားကြီးများ ဆောင်းပါး
ဦးချစ်ဝင်းရေးသားသည် ဂီတစာဆိုမောင်ကြေးမုံအကြောင်း
ကဏ္ဍများ: ၂၀၁၄ ကွယ်လွန်သူများ
မြန်မာ တေးရေးဆရာများ
ဤစာမျက်နှာကို ၇ ဒီဇင်ဘာ ၂၀၂၄၊ ၀၇:၅၉ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။

https://youtu.be/n6TaawvOigY?si=DL9gnXtGsrfi2m3H
ဂှတစာဆို မောင်ကြေးမုံ သမိုင်းကြောင်း
မောင်ကြေးမုံ” (ဂီတစာဆို)⭐🌟
ဂီတစာဆိုမောင်ကြေးမုံ သည် ပဲခူးတိုင်း၊မင်းလှမြို့ဇာတိဖြစ်သည်။
“မောင်ကြေးမုံ” သည်ဂီတစာဆိုလည်းဟုတ်သည်၊ တေးပြုသူဆိုလျင်လည်းဟုတ်သည်။ ဂီတလောကတွင် ပထမဆုံးသော သူ့ဆရာ သူ့မိခင်သည် ဂီတမိခင်အလင်္ကာကျော်စွာဒေါ်စောမြအေးကြည်ပင်ဖြစ်သည်။
သူ၏ဂီတမိခင်သည် ဂီတအခြေခံ မဟာဂီတများကို သင်ကြားပေးသည်။
၁၉၅၈ ခုနှစ်မှစ၍ မောင်ကြေးမုံ အမည်ဖြင့် စာပေလောကသို့ခြေချခဲ့သည်။
၁၉၆၃ ခုနှစ်မှစ၍ ဂီတလောကထဲသို့ဝင်ရောက်ခဲ့သည်။ သူသည် ဂီတပဒေသာစင်မြင့်ပေါ်တွင် နေ့ကြီးရက်ကြီးများ၌ နှစ်စဉ်တင်ဆက်ခဲ့သောပြဇာတ်နှင့် တေးသရုပ်ဖော်များစွာတို့အနက် လူကြိုက်များထင်ရှားခဲ့သော တေးသရုပ်ဖော်များမှာ လမင်းသာချိန်နေကွယ်ချိန်၊ အိုဘယ့်တဏှာမိမာယာ၊ ဆယ် ပြန်ဆယ်သက်နှင်းဝံ့သည်။ အလှမာနကျဆုံးခန်း၊သွေးမျက်ရည်ဖြင့်သစ္စာနှံသည်၊ အိပ်မက်သူဇာမောင့်ကြင်ရာ၊ တိုက်ပွဲလမ်းမှချစ်ပန်းနီနီပြဇာတ် စသည်တို့ဖြစ်ပေသည်။
မောင်ကြေးမုံ၏ “ဒီထက်ပိုပြီး ပြောချင်ဘူး၊ ပြောချင်ဘူး”၊ ဂန္ထဝင်မောင်ဝိုင်း၏ “သူများအကြောင်းလည်း မပြောတတ်ပါ၊ စပ်မိစပ်ရာ၊ ကြုံတုန်း ဆုံတုန်း” ဆိုသော သံချပ်စာသားများအား တခေတ်တခါက သင်္ကြန်ချစ်သူများ အမှတ်ရနေကြ လိမ့်မည် ဟု ထင်မိပါသည်။ ထို့အပြင်ရုပ်ရှင်နောက်ခံတေးများ၊ ရောင်းတမ်းဝင်ဓာတ်ပြားတွဲပြဇာတ်များ၊ ကက်ဆက်ခွေဇာတ်လမ်းများ၊ ဇာတ်ဝင်တေးများရေးသားခြင်း၊ ကိုယ်တိုင်ပါဝင်၍ အသံဖြင့်သရုပ်ဆောင်ခြင်း၊ ရေဒီယိုဓာတ်ပြားတေးများကိုလည်း ရေးသားခဲ့သည်။
ဂီတစာဆိုပြည်သူချစ်သော မောင်ကြေးမုံသည် အသက် ၆၃ နှစ်အရွယ် ၂၀၀၄ ခုနှစ်၊ဇွန်လ၊ ၁၄ ရက် နံနက် ၆နာရီ၊ မိနစ်၄၀တွင် ကွယ်လွန်သွားခဲ့ပါသည်။
ကိုးကား
1=ဧရာဝတီမြန်မာပိုင်းတွင် မောင်မောင်ကျော် ရေးသားသည့်တခေတ်တခါက မဟာရန်ကုန် သင်္ကြန် မင်းသားကြီးများ ဆောင်းပါး
2=ဦးချစ်ဝင်းရေးသားသည် ဂီတစာဆိုမောင်ကြေးမုံအကြောင်း
credit : သမိုင်းအကြောင်း
crd_to_owner_with_respectcrd
https://youtu.be/3x3pajXmSLY?si=nEvobvAa1rVtg4Lq
မောင်ကြေးမုံရေူ/ ဆို သီချင်း အသည့်နုတဲ့တောက ကိုရငါ

https://youtu.be/PGBr-YAIG5o?si=4NHevLFDVebBOl8b
မောင်ကြေးမုံ ရေးသော သီချင်း Collection 13 videos


https://youtube.com/playlist?list=PLIkUkpOon6Q0wsP84tb0yN-EqpTx_vWYK&si=yF9eL8MFBqtLk73C
မေရွက်ဝါဆို မောင်ကြေးမုံေ၇း လင်္ကာဒီပချစ်သူ သီချင်း


” ဆရာ့ ပရိသတ်တွေရဲ့ အရှေ့ကို မောင်ကြေးမုံရဲ့ ဇနီးဆိုတာ ပထမဦးဆုံးအကြိမ် ထုတ်ပြခြင်း ဖြစ်ပါတယ်။ ဟိုအရင်ခေတ်က ကာတွန်းဆရာ , ကျောင်းဆရာ , တေးရေးဆရာ လုံးဝ မယူရဘူးလို့ မိဘတွေက ပြောခဲ့တယ်။ ဒါပေမယ့် ဆရာ မောင်ကြေးမုံရဲ့ အနုပညာကို ချစ်လို့ သူ့ကို လက်ခံပေးဖြစ်ခဲ့တယ်။ ခုချိန်ထိ ကျွန်မရင်ထဲမှာ မောင်ကြေးမုံ ရှိနေခဲ့တယ် “
….. လို့ဆိုပြီး ခင်ပွန်းဖြစ်သူ (ဂီတစာဆို မောင်ကြေးမုံ) ရဲ့ အကြောင်းတွေ ဂုဏ်ယူစွာ ပြောပြလာတဲ့ ဇနီးဖြစ်သူ ဒေါ်ထားသဉ္ဇာ နှင့် တွေ့ဆုံခြင်း
MediaQueenTV #MQTV
ဂီတစာဆိုမောင်ကြေးမုံ #ဇနီးဖြစ်သူ
ဒေါ်ထားသဉ္ဇာ #DawHtarThinzar
MQTVCelebrityNews
MQTVCelebrityInterview
ဂီတစာဆိုမောင်ကြေးမုံဆိုတာကျွန်မရင်ထဲမှာအသက်ရှင်နေဆဲပါပဲ
….. လို့ဆိုပြီး ခင်ပွန်းဖြစ်သူ (ဂီတစာဆို မောင်ကြေးမုံ) ရဲ့ အကြောင်းတွေ ဂုဏ်ယူစွာ ပြောပြလာတဲ့ ဇနီးဖြစ်သူ ဒေါ်ထားသဉ္ဇာ နှင့် တွေ့ဆုံခြင်း
ဂီတစာဆိုမောင်ကြေးမုံဆိုတာကျွန်မရင်ထဲမှာအသက်ရှင်နေဆဲပါပဲ


https://youtu.be/t8FJLNBuCAM?si=7CZxy9gSiooUW1Gz
” ဆရာဦးကြေးမုံရဲ့ ထူးခြားချက်တွေက ပြောလို့တောင် မကုန်နိုင်ပါဘူး။ ဆရာက သီချင်း (၁) ပုဒ်ကို အချိန်ယူပြီး မရေးဘူး။ ဇာတ်လမ်းတွေဆိုလည်း သူကိုယ်တိုင်ရေးပြီး ပေးတာ။ ကာတွန်း ပေါ်ဆန်းမွှေးဆိုပြီး ကာတွန်းတွေလည်း အများကြီး ရေးခဲ့တာ။ ဆရာ တပည့် ရှ်ိခဲ့တဲ့ အချိန်ကတော့ … ? “
….. လို့ပြောပြလာတဲ့ အသံ သရုပ်ဆောင် ဓနုဖြူ ကြည်ကြည်သိန်း နှင့် ” ဂီတစာဆို မောင်ကြေးမုံ ” အကြောင်း တစေ့တစောင်း
MediaQueenTV #MQTV
MyanmarVoiceActor #DaNuPhyuKyiKyiThein
မြန်မာအသံသရုပ်ဆောင် #ဓနုဖြူကြည်ကြည်သိန်း
MQTVCelebrityNews
MQTVCelebrityInterview
“ဓညနုဖြူ ကြည်ကြည်သိန်း” ပြောပြလာတဲ့
” ဂီတစာဆို မောင်ကြေးမုံ ” ရဲ့ ထူးခြားချက်များ


https://youtu.be/EqsEvD98cL8?si=yFe3AIV4oL1qXUpw

မင်္ဂလာပါ ဒီချန်နယ်လေးကတော့ တစ်ခေတ်တစ်ချိန်အခါက ကက်ဆက်အသံဇတ်လမ်းများကို အမြဲမပြတ် တင်ဆက်ပေးနေတဲ့ချန်နယ်ဖြစ်တဲ့အတွက် ချန်နယ်ကို Subscribe, Like and Share လုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ဗျ အားလုံးကိုကျေးဇူးတင်ပါတယ်။
📌 Channel Description (Myanmar)
ဒီ Channel သည်
မြန်မာနိုင်ငံတွင် အရင်က အသုံးပြုခဲ့သော
အဟောင်းမြန်မာ အသံကက်ဆက်ဇာတ်လမ်းများကို
မပျောက်ကွယ်စေရန် အသံပြောင်းသိမ်းဆည်းပြီး မျှဝေတင်ဆက်ခြင်း ဖြစ်ပါသည်။
တင်ထားသော အသံများအားလုံးကို
အကျိုးအမြတ်မယူဘဲ (Non-Profit)
ပညာရေး၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး
ရည်ရွယ်ချက်ဖြင့်သာ အသုံးပြုထားပါသည်။
အကယ်၍ မည်သည့် အသံဖိုင်မဆို
မူပိုင်ခွင့် ပိုင်ရှင် သို့မဟုတ် ကိုယ်စားလှယ်ဖြစ်ပါက
ကျေးဇူးပြု၍ ဆက်သွယ်အကြောင်းကြားပါရန်။
တောင်းဆိုချက်အရ ဖယ်ရှားပေးပါမည်။
📌 Channel Description (English)
This channel is dedicated to preserving and sharing classic Myanmar audio cassette dramas by digitizing old cassette tapes to prevent cultural loss.
All content is shared for non-profit, educational, cultural preservation, and archival purposes only.
Some recordings were produced many decades ago, and identifying the original rights holders today may be difficult.
If you are the legitimate copyright owner or authorized representative of any content featured here,
please contact us. We will promptly remove or properly credit the material upon request.
📌 Copyright Disclaimer 📌
Copyright Disclaimer under Section 107 of the Copyright Act 1976 allows for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, and research.
Fair use is a use permitted by copyright statute that might otherwise be infringing.
audio cassette#အသံဇတ်လမ်း#ကက်ဆက်အသံဇတ်လမ်း#တာတေ#မဖဲဝါ#သုသာန်စောင့်#သရ#တစ္ဆေ#ပရလောက#ဖြစ်ရပ်ဆန်းကြယ်#ဂမ္ဘီရ#စန်း#သက်#သက်ဆက်#ပဌာန်းဆက်
https://youtu.be/gxqMnIqqFuw?si=QAdF9sXGE6trhw1H
ချစ်အမျှ ++++ 41 videos
မောင်ကြေးမုံေ၇းသော သိ ချ င်းများ Collection 13 videos
ဝီကီပီးဒီးယား မှ



ဒေါ် စောမြအေးကြည် (စောမြဧကြည်) (၁၈၉၂-၁၉၆၂) သည် မြန်မာ့ဂီတလောကတွင် ထင်ရှားကျော်ကြားသော အလင်္ကာကျော်စွာဘွဲ့ရ ဂီတပညာရှင်ကြီးတစ်ဦးဖြစ်သည်။ဒေါ်စောမြအေးကြည်ဂုဏ်ထူးဆောင်ဝတ်စုံဖြင့် ဒေါ်စောမြဧကြည် (မြန်မာ ၁၂၅၃-၁၃၂၉)မွေးဖွားခင်စိန်ကြည်
မတ်၊ ၁၈၉၂
မန္တလေးမြို့၊ ဗြိတိသျှဘားမားကွယ်လွန်၁၀၊ ဖေဖော်ဝါရီ၊ ၁၉၆၈
ရန်ကုန်မြို့၊ မြန်မာနိုင်ငံအလုပ်အကိုင်
- ဂီတပညာရှင်
- နည်းပြဆရာမ
- ဂီတသုတေသနမှူး(သမိုင်းကော်မရှင်ဌာန)
- မြန်မာ့အသံ မဟာဂီတ သီချင်းကြီးစိစစ်ရေးဘုတ်အဖွဲ့ဝင်
- တူရိယာဂီတအဖွဲ့ချုပ်ဥက္ကဋ္ဌ
အိမ်ထောင်ဖက်(များ)ရကန်ဦးတင်မိဘ(များ)ဦးမောင်မောင်တင် + ဒေါ်ခင်ဖွားရရှိသည့်ဆုများ
- အလင်္ကာကျော်စွာဘွဲ့(၁၉၅၂)
- အနုပညာဆိုင်ရာဂုဏ်ထူးဆောင်ဘီအေဘွဲ့(၁၉၅၄)
- စောဥက္ကာဘွဲ့
- သီရိဥက္ကဋ္ဌ်ဝတီဘွဲ့
ငယ်ဘဝနှင့် ပညာရေး
၁၈၉၂ မတ်လ၊ ၁၂၅၃-ခုနှစ်၊ တပေါင်းလတွင် အဖမှာ သီပေါမင်းလက်ထက် ဗြဲတိုက် သံတော်ဆင့်ရာထူးကို ထမ်းရွက်ရသော ဦးမောင်မောင်တင်[၁](အချို့စာအုပ်များတွင် မောင်မောင်ထင်ဟု ရေးသားသည်ကိုတွေ့ရသည်။)၊ အမိမှာ စောလှထိပ်ခေါင်တင်၏ ဘဏ္ဍာစိုး ဒေါ်ခင်ဖွား တို့ဖြစ်ပြီး မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ အမည်မှာ “ခင်စိန်ကြည်” မည်၏။ မန္တလေးနေပြည်တော်မှ ဆွေတော်အုပ်မင်းသားကြီး၏ သမီးဖြစ်သော ထိပ်တင်ရွှေသည် ဒေါ်စောမြအေးကြည်၏ ဖွားလေးပင်ဖြစ်သည်။ [၂]
ငယ်စဉ်ကပင် အဆိုအတီး အကဖက်၌ ဝါသနာထုံခဲ့၍ လေ့လာဆည်းပူးခဲ့သည်။ အသက်(၁၂)နှစ် အရွယ်တွင် သီဆိုမှုပညာကို သင်ကြားသည်။ ရှေးဦးစွာ မနုသဒ္ဒ ရွှေတောင်ကျော်သူ ဘွဲ့ခံ အဆိုကျော် ဦးလူကြီး (သီပေါမင်းလက်ထက် ဝဲဘက်အဆိုတော် အဖြစ်နှင့် အမှုထမ်းခဲ့သူ) ထံတွင် စတင်သင်ကြားခဲ့ရာ ပေါက်ပေါက်ရောက်ရောက် ရှိလှသည်ဟူ၏။ (၁၃)နှစ်အရွယ်တွင် ရှမ်းပြည်မြောက်ပိုင်း သီပေါစော်ဘွားဆာစောချယ်က ဆွေစဉ်မျိုးဆက်ကို စုံစမ်းပြီး နှစ်သက်သဖြင့် ကောက်ယူလေသည်။ ဂီတပညာရှင်ကြီးများကိုလည်း သီပေါဟော်နန်း၌ အသုံးတော်ခံကြရသော ပညာရှင်ကြီးများထံမှ ဆက်လက်သင်ယူ လေ့လာစေခဲ့သည်။(၁၆)နှစ်အရွယ်ရောက်သော် စော်ဘွားကြီးက ငယ်နာမည် ခင်စိန်ကြည်ကိုဖျောက်၍ စောမြအေးကြည် သခင်မ (အချို့စာအုပ်များတွင် စောမြဧကြည်ဟု ရေးသားသည်။) ဟူသော အမည်ကို ပေးအပ်ခြင်းခံခဲ့ရသည်။ အသက်(၂၀)နှစ်ကျော်တွင် ရတု၊ ဘောလယ်၊ တေးထပ်၊ ပတ်ပျိုး တို့ရေးသားသီကုံးနိုင်ပြီဖြစ်သည်နှင့်အညီ ရေးသားဆက်သွင်းခဲ့ရာ စော်ဘွားကြီးက သဘောကျလေသောကြောင့် စောဥက္ကာဘွဲ့ ပေးအပ်ခြင်းခံရသည်။ ၁၂၈၉ခုနှစ်၊ တန်ခူးလပြည့်ကျော်(၈)ရက်နေ့တွင် စော်ဘွားကြီး၏ တိုက်ဟော်နန်း သိမ်းပိုက်ပွဲ၌ စောဥက္ကာသည် သီရိဥက္ကဋ္ဌ်ဝတီ ဟူသောဘွဲ့ကို ထပ်မံချီးမြင့်ခြင်း ခံယူရရှိပြန်၏။ ထိုဟော်နန်းတွင်း၌ပင် ဆိုခဲ့ပြီးသည့်အတိုင်း ယိုးဒယားအကကို ရာမစင်တော်ဦးစီး ဆရာမောင်နှင့် ယိုးဒယားသီးခြားတတ်ကျွမ်းသည့် ဆရာဦးအုန်းပွင့်တို့ထံမှ လည်းကောင်း၊ အဆိုပညာကို တပယ်မင်းသား၏ ကိုယ်လုပ်တော် တပယ်ခင်ဥကြီး၊ ဆရာဦးလူကြီး၊ ဘီးလစ်စာရေးကြီး ဦးအောင်လှနှင့် ဆရာခန့်ကြီးတို့ထံမှ လည်းကောင်း နည်းယူမှတ်သားခဲ့ရ၏။ မိုးဒေဝါ နှင့် လမင်းသော်တာပတ်ပျိုးများ၏ ဖန်တီးရှင်ဖြစ်သည်။ မိုးဒေဝါရေးတော့ အသက်၂၃ နှစ်သာ ရှိသေးသည်။ အသက် ၃၆ နှစ်အရွယ်တွင် စော်ဘွားမရှိတော့၍ သီပေါဟော် ဖရိုဖရဲဖြစ်နေချိန် ဒီးဒုတ်ဦးဘချိုက ခင်ကြည်လာပါ၊ မဟာဂီတမှာ ဥက္ကဋ္ဌလုပ်ပါ၊ ဗရနံ့ပြန့်ကျဲနေတဲ့ သီချင်းတွေကိုပြန်စုကြပါဦးစို့ဟုခေါ်၍ အောက်ပြည်ကို ရောက်သည်။ ၁၉၂၈-ခုနှစ် တွင် သီပေါဟော်နန်းမှ ခွါခဲ့ပြီး နောက်တွင်လည်း ဂီတပညာအရပ်ရပ် တို့ကို ထပ်၍ ထပ်၍ ဆည်းပူးခဲ့သဖြင့် ဂီတပညာစုံတို့ဖြင့် ကုံလုံခဲ့သော ဂီတမိခင်ကြီးဖြစ်လာခဲ့သည်။
အလုပ်အကိုင်
ဒေါ်စောမြအေးကြည်သည် ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီ ကာလအထိ နိုင်ငံတော် ပန်တျာနည်းပြ၊ ၁၉၅၃ – ၅၈-ခုနှစ်တွင် ရန်ကုန်ဂီတနှင့် အနုပညာကျောင်း၊ ဆရာဖြစ်သင် ကောလိပ် နည်းပြများ အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ဂီတပညာဖြင့် နိုင်ငံ၏အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သဖြင့် ၁၉၅၂-ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ဖြင့် ပြည်ထောင်စုအစိုးရက ချီးမြှင့်ခဲ့၍ ၁၉၅၄-ခုနှစ်တွင် ကံဘဲ့ဆရာအတတ်သင်ကျောင်းတွင် သုခုမနည်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်စဉ် ရန်ကုန်တက္ကသိုလ်က အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင် ဘီအေဘွဲ့ကို ပေးအပ်ခဲ့ရာ ထိုဘွဲ့ကို မြန်မာနိုင်ငံ၌ ယခုတိုင် ဒေါ်စောမြအေးကြည် တစ်ဦးတည်းသာလျှင် ရရှိခဲ့ဖူးပေသည်။ ၁၉၆၂ ခုနှစ်တွင် သမိုင်းကော်မရှင်ဌာနမှ ဂီတသုတေသနရာထူးဖြင့် အမှုထမ်းခဲ့ပြီး မြန်မာ့အသံ မဟာဂီတ သီချင်းကြီးစိစစ်ရေးဘုတ်အဖွဲ့တွင် အဖွဲ့ဝင်လူကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ တူရိယာဂီတအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းလဲ ခံခဲ့ရသည်။ ဒေါ်စောမြအေးကြည်သည် မိမိဆည်းပူးခဲ့သမျှသော ဂီတပညာတို့ကို စေတနာထက်သန်စွာဖြင့် ဂီတပညာ ကို နှစ်ခြိုက်လိုလားသူများအား ဖြန့်ဝေပေးခဲ့သည်မှာ ကွယ်လွန်သည့်တိုင်အောင် ဖြစ်သည်။ ဒေါ်စောမြအေးကြည်ဂုဏ်ထူးဆောင်ဝတ်စုံဖြင့် ဒေါ်စောမြဧကြည် (မြန်မာ ၁၂၅၃-၁၃၂၉)မန္တလေးမြို့ အမျိုးသားကဇာတ်ရုံရှိ ဒေါ်စောမြအေးကြည် ကြေးရုပ်
မိသားစု
ရကန် ဦးတင်နှင့် လက်ထပ်ခဲ့ပြီး မြန်မာနိုင်ငံသမိုင်းကော်မရှင်တွင် ဂီတသုတေသနမှူးရာထူးဖြင့်လည်း ထမ်းရွက်သည်။
ဘဝနိဂုံး
၁၃၂၉-ခုနှစ် တပို့တွဲလဆန်း ၁၂ ရက် (၁၉၆၈ ခု၊ ဖေဖော်ရီလ ၁ဝ ရက်) တွင် ရန်ကုန်၌ ကွယ်လွန်ခဲ့သည်။[၃]
