အာရှတိုက်ရဲ့ရေတာဝါ သို့မဟုတ် ဟိမဝန္တာ
မင်္ဂလာပါ ပရိသတ်ကြီးရေ၊ ဒီဗီဒီယိုမှာ ကမ္ဘာ့တတိယဝင်ရိုးစွန်းဟု တင်စားရတဲ့ ဟိမဝန္တာတောင်တန်းကြီးရဲ့ ရင်သပ်ရှုမောဖွယ် သဘာဝအလှအပ၊ ဝိညာဉ်ရေးရာ နက်နဲမှု၊ ယဉ်ကျေးမှုအမွေအနှစ်နဲ့ ဇီဝမျိုးစုံမှုရဲ့ ရတနာသိုက်ကို စူးစမ်းလေ့လာထားပါတယ်။ ဒါ့အပြင် အာရှတိုက်ရဲ့ ရေသယံဇာတအရင်းအမြစ်နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း အသေးစိတ် ရှင်းပြထားပါတယ်။
ဒီဗီဒီယိုကို သဘောကျရင် Like နှိပ်ပေးဖို့၊ ကျွန်မတို့ Channel ကို Subscribe လုပ်ပြီး သူငယ်ချင်းတွေနဲ့ မျှဝေပေးဖို့ မမေ့ပါနဲ့၊ ဟိမဝန္တာရဲ့ အံ့ဖွယ်လျှို့ဝှက်ချက်တွေကို အတူတကွ ရှာဖွေကြည့်ရအောင်။
Song: Indian Fusion
Composer: Shahed
Website:  / djshahmoneybeatz
License: Free To Use YouTube license youtube-free
Music powered by BreakingCopyright: https://breakingcopyright.com
Song: Filaments
Composer: Scott Buckley
Website: / musicbyscottb
License: Creative Commons (BY 3.0) https://creativecommons.org/lice…
Music powered by BreakingCopyright: https://breakingcopyright.com
ဆက်စပ် ခေါင်းစဉ်များ
ဟိမဝန္တာ ၊ ဧဝရက်တောင် ၊ဂင်္ဂါမြစ်
ရာသီဥတုပြောင်းလဲမှု ၊ဇီဝမျိုးစုံမှု
အာရှရေတာဝါ ၊ယဉ်ကျေးမှုအမွေအနှစ်
ဝိညာဉ်ရေးရာ
#ဆီးနှင်းကျားသစ် Himalaya
MountEverest / GangesRiver
ClimateChange / WaterTowerOfAsia
CulturalHeritage/Spirituality
MountKailash /Biodiversity
SnowLeopard /Yarsagumba
TigersNestMonastery /amazing
Season /Culture /Water Tower
………
https://youtu.be/tXk8NOjnjq0?is=a2B1PUfC_uE-SavK
ဟိမဝန္တာ ေ၂ာင်တန်းပေါ်က ထင်ရှားသောရေကန်ကြီး ၅ ကန်
https://youtu.be/nvrIp9kgO1U?is=tcDt-aG1E3LfHpqR
ဟိမဝန္တာက ထူးဆန်းသောရေအိုင်များ
Wai’s Vlog
ဟိမဝန္တာနဲ့ ပတ်သတ်ရင် ပြောစရာတွေ များလှပါတယ်။ ဒီအများကြီးထဲက ဆန်းကြယ်တဲ့သူရဲ့ရေအိုင်တွေ အကြောင်းကို ဒီဗီဒီယိုထဲမှာ ပြောပြထားပါတယ်။ အရိုးစုတွေရှိတဲ့ရေအိုင်၊ အစောင့်အရှောက်တွေရှိတယ်လို့ ပြောကြတဲ့ရေအိုင်၊ နတ်ဆေးရေအိုင်၊ အလင်းတန်းတွေ ထွက်တဲ့ရေအိုင် ဒါတွေအကြောင်းကို ဖြစ်ခြေနိုင်အရှိဆုံး အထောက်အထားတွေနဲ့ ချဉ်းကပ်ပြီး တင်ပြထားပါတယ်။
ဟိမဝန္တာ #ရေအိုင် #ဟိမဝန္တာတောင်တန်း #himalayan #knowledge #education #lake #himalyas
Disclosure: Some visuals in this video are AI-generated reconstructions used for educational and illustrative purposes.
https://youtu.be/sByWz5rACSQ?si=RI7pDfC3rUB9zYHK
kyawoo.comMENU
kyawoo.com မှ ကူးယူ မျှ ဝေပါသည်



ရေခဲမြစ်များ အရည်ပျော်ခြင်းက မြန်မာ့ရေအရင်းအမြစ်များအပေါ် သက်ရောက်မှုကို လေ့လာချက်
နှစ်တစ်နှစ်၏ မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ကာ နှစ်အလိုက် ရေနေ့ဆောင်ပုဒ်များ ရွေးချယ်ပြီး ယင်းဆောင်ပုဒ်များအတိုင်း လိုက်နာအကောင်အထည်ဖော်ကြရန် ပညာပေးလှုံ့ဆော်မှုများ ပြုလုပ်လာခဲ့ရာ ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်မှာ “ရေခဲမြစ်များအား ကာကွယ်ထိန်းသိမ်းရေး”(Glacier Preservation) ဖြစ်သည်။
ကမ္ဘာပေါ်တွင် လက်ရှိမြင်တွေ့နိုင်သော ရေခဲမြစ်အများစုမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀ဝဝဝ ခန့်က ကုန်ဆုံးခဲ့သော ရေခဲခေတ်၏ လက်ကျန်အမွေအနှစ်များ ဖြစ်ကြသည်။ သြစတေးလျတိုက်မှလွဲ၍ ကျန်တိုက်များအားလုံးတွင် ရေခဲမြစ်များ ရှိကြသည်။ ရေခဲမြစ်များသည် မြင့်တက်လာသော ကမ္ဘာ့အပူချိန်ကြောင့် တတိတိ အရည်ပျော်လာလျက် ရှိရာ အရည်ပျော်နှုန်းသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြန်ဆန်လာနေသည်။ အချို့ရေခဲမြစ်ငယ်များသည် လုံးဝအရည်ပျော်ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ရေခဲမြစ်ကြီးများသည်ပင် သိသာစွာ ကျုံ့ဝင် သေးငယ် တိုတောင်းလာလျက် ရှိသည်။
ရေခဲမြစ်က ဆောင်ကြဉ်းပေးသော ကောင်းကျိုးအများအပြားအနက် တစ်ခုမှာ တောင်ထိပ်ရေခဲမြစ်များမှ နွေအခါ အရည်ပျော်ကျဆင်းလာကာ မြစ်ချောင်းများအတွင်း စီးဝင်လာသော ရေများသည် သောက်သုံးရန်၊ စိုက်ပျိုးရန်အတွက်သာမက ရေအားလျှပ်စစ်အတွက်ပါ အသုံးတည့်နေမှု ဖြစ်သည်။ အဆိုပါရေခဲမြစ်များ လျော့နည်းလာလျှင် ဆိုင်ရာကဏ္ဍအသီးသီး၌ ရေအခက်အခဲများ ပေါ်ပေါက်လာမည့်အပြင် ရာသီဥတုပြောင်းလဲခြင်းကို ပိုမိုဆိုးရွားစေမည်ဖြစ်ခြင်း၊ ဂေဟစနစ်အချို့ကို ထိခိုက်သက်ရောက်ခြင်း စသည်တို့ကြောင့် ရေခဲမြစ်များအား ကာကွယ်ထိန်းသိမ်းရေးကို ယခုနှစ်ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်အဖြစ် ရွေးချယ်တပ်လှန့်ရခြင်း ဖြစ်သည်။
ဆောင်ပုဒ်၌ ရေခဲမြစ်ဟု အကျဉ်းရုံး ဆိုထားရာ သာမန်အမြင်တွင် ရေခဲမြစ်(glacier)နှင့် အသွင်တူသော်လည်း ပညာရပ်အမြင်အရ ကွဲပြားသော ရေခဲပြင်(ice cap)၊ ရေခဲပြင်ကျယ်(ice sheet) များလည်း ပါဝင်သည်ဟု မှတ်ယူသင့်သည်။ ရေခဲမြစ်သည် လားရာတစ်ခုတည်းသို့ ဖြည်းညင်းစွာ ရွေ့လျားနေသော ရေခဲထု ဖြစ်ကာ ရေခဲပြင်နှင့် ရေခဲပြင်ကျယ်တို့သည် အလယ်ဗဟိုတစ်နေရာမှ ပတ်ပတ်လည်သို့ ဖြည်းညင်းစွာ ဖြာထွက်ရွေ့လျားနေသည့် ရေခဲထုများ ဖြစ်ကြသည်။ မျက်နှာပြင်ဧရိယာ စတုရန်းကီလိုမီတာ ၅၀ဝဝဝ ထက်ငယ်လျှင် ရေခဲပြင်၊ မျက်နှာပြင်ဧရိယာ စတုရန်း ကီလိုမီတာ ၅၀ဝဝဝ နှင့်အထက် ကျယ်ဝန်းလျှင် ရေခဲပြင်ကျယ်ဟု သတ်မှတ်သည်။ နေရာအများအပြားတွင် ရေခဲမြစ်နှင့်ရေခဲပြင်တို့ကို အဓိပ္ပာယ်တူဟု ယူဆကာ အလဲအလှယ် သုံးစွဲကြသည်။
တောင်ထိပ်ရေခဲပြင်များ
ရေခဲမြစ် သို့မဟုတ် ရေခဲမြစ်၊ ရေခဲပြင်နှင့် ရေခဲပြင်ကျယ်များ စုဝေးထားသော ရေခဲထုအများဆုံး တည်ရှိရာ ဒေသမှာ တောင်ဝင်ရိုးစွန်း အန္တာတိကတိုက် ဖြစ်ပြီး ရေခဲကုဗကီလိုမီတာ သန်း ၃၀ ခန့်ကို ပိုင်ဆိုင်သည်။ မြောက်ဝင်ရိုးစွန်း အာတိတ်သမုဒ္ဒရာ၏ ရေခဲထုသည် ကုဗကီလိုမီတာ ၁၀ဝဝဝ ခန့် ရှိသည်။ ကုန်းမြေပေါ်နှင့် သမုဒ္ဒရာထဲတွင် ရေခဲပြင်များ ရှိသကဲ့သို့ တောင်ထိပ်ရေခဲပြင်များလည်း ရှိရာ ယင်းတို့ထဲတွင် အကြီးဆုံးမှာ အာရှတိုက် ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာ (Hindu Kush Himalaya) တောင်တန်းများပေါ်ရှိ ရေခဲပြင်များ ဖြစ်သည်။ ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ မြန်မာနိုင်ငံ၏ မြောက်ဘက်၊ တရုတ်နိုင်ငံ၏ အနောက်ဘက် တစ်စိတ်တစ်ပိုင်းတို့ဖြင့် ဖွဲ့စည်းထားသည့် ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာတောင်တန်းများပေါ်ရှိ ရေခဲပြင်များတွင် ရေခဲကုဗကီလိုမီတာ ၇၆၀ဝ ခန့်မျှ ဖြစ်ပေါ်တည်ရှိနေသောကြောင့် ‘တတိယဝင်ရိုးစွန်း’ဟု တင်စားခေါ်ဝေါ်သည်။

ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသနှင့် မြစ်ဝှမ်း ၁၀ ခု
ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာရေခဲပြင်များမှ နွေအခါ အရည်ပျော်စီးဆင်းလာသော ရေများသည် အရှေ့မှအနောက်သို့ နာရီလက်တံ လည်သည့်အတိုင်း ကြည့်လျှင် အစဉ်အတိုင်းမြင်ရမည့် မြစ်ဝါ(Yellow River)၊ ယန်ဇီ(Yangtze)၊ မဲခေါင်၊ သံလွင်၊ ဧရာဝတီ၊ ဗြဟ္မပုတ္တရ၊ ဂင်္ဂါ၊ အိန္ဒု၊ အာမူဒါရီယ(Amu Darya)၊ တာရင်(Tarim) အာရှမြစ်ကြီး ဆယ်စင်းထဲသို့ စီးဝင်ကာ လူပေါင်း သန်း ၂၀ဝ၀ ခန့်တို့၏ သောက်သုံးရေ စိုက်ပျိုးရေ ရေအားလျှပ်စစ်တို့အတွက် အကျိုးပြုနေသည်။ အချို့မြစ်များ၏ မြစ်ညာပိုင်းတွင် ရေခဲပျော်ရည်များသည် အချိန်အခါကို လိုက်၍ စုစုပေါင်းရေစီး၏ ၇၀ ရာခိုင်နှုန်းခန့်အထိ စီးဆင်းသည်။
အခြားသော ကမ္ဘာ့ရေခဲပြင် ရေခဲမြစ်များနည်းတူ ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာရေခဲပြင်သည် ကမ္ဘာကြီး သိသာစွာ အပူချိန် မတက်လာမီကာလအထိ အရည်ပျော်လိုက်၊ ဆီးနှင်းနှင့် ရေခဲပြန်ဖြစ်လိုက်နှင့် သံသရာလည်နေခဲ့သည်။ ယေဘုယျအားဖြင့် ဧပြီမှ ဇွန်လအတွင်း ဆီးနှင်းများ ပျော်ကျစီးဆင်းလာကာ ဇွန်လမှ အောက်တိုဘာလအတွင်း ပျော်ကျလာသောရေများသည် ရေခဲပျော်ရည်များ ဖြစ်ကြသည်။ နိုဝင်ဘာလမှစ၍ ဆီးနှင်းများ ကျဆင်းလာပြီး ရေခဲပြန်ဖြစ်သည်။ ရေခဲပြင်များသည် ယင်းနည်းအတိုင်း မလျော့မတိုး ရှိနေခဲ့ရာမှ ကမ္ဘာ့အပူချိန်တက်လာသောအခါ ရေခဲပြန်ဖြစ်သည်က နည်းပြီး အရည်ပျော်သည်က များလာနေသည်။ ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်အတွင်း ရိုက်ယူခဲ့သော ဂြိုဟ်တုဓာတ်ပုံများကို လေ့လာချက်အရ တောင်ထိပ်ရေခဲမြစ်အားလုံး အနည်းနှင့် အများ အရည်ပျော်နေကြရာ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် တစ်နှစ်လျှင် တောင်ထိပ် ရေခဲ ၃၂၈ ဘီလျံတန်ခန့် အရည်ပျော် ဆုံးရှုံးနေသည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြားတွင် အရည်ပျော်မှု ပမာဏသည် တစ်နှစ်လျှင် ၇၈ ဘီလျံတန် ပိုလာခဲ့သည်။

ရည်ညွှန်းရေခဲမြစ်များ ၁၉၄၅ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ဒြပ်ထု လျော့နည်းလာပုံ
အရည်ပိုပျော်လာနေခြင်းသည် တောင်အောက်မြစ်ချောင်းများထဲသို့ နွေအခါ ရေပိုမိုစီးဆင်းဝင်ရောက်သဖြင့် ရေတိုအကျိုးရှိသည်ဟု ဆိုနိုင်သည်။ သို့သော် ရေခဲပြန်ဖြစ်မှု နည်းလာသဖြင့် ရေရှည်တွင် ရေခဲမြစ်များ၏ အကျယ်အဝန်းနှင့် အရေအတွက် လျော့နည်းလာမည်ဖြစ်ကာ နွေရေစီးသည်လည်း လိုက်နည်းလာမည် ဖြစ်၍ စိုးရိမ်ဖွယ်ရာ အခြေအနေပင် ဖြစ်သည်။
ဖြစ်လာနိုင်သောရေအခက်အခဲ
ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသ၏ လေထုအပူချိန်တက်မှု ပမာဏသည် ကမ္ဘာ့ပျမ်းမျှထက် နှစ်ဆခန့် ပိုမိုများပြားသည်။ အကျိုးဆက်အဖြစ် ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာ ရေခဲမြစ်ပေါင်း ၆၀ဝဝဝ ခန့်၏ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်ကြားကာလ အရည်ပျော်နှုန်းသည် ၂၀ဝ၀ ပြည့်နှစ်နှင့် ၂၀ဝ၉ ခုနှစ်ကြား အရည်ပျော်နှုန်းထက် ၆၅ ရာခိုင်နှုန်းမျှ ပိုလွန်ခဲ့သည်။
ရေခဲအရည်ပျော်မှု ပိုလာခြင်းကြောင့် ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာရေခဲပြင်များကို မှီခိုနေသော မြစ်ကြီးဆယ်စင်းထဲတွင် ရေအများဆုံးလျော့နည်းသွားမည့် မြစ်မှာ အိန္ဒုမြစ်ဖြစ်သည်။ အိန္ဒုမြစ်ရေဝေဒေသ၏ ခြောက်ရာခိုင်နှုန်းခန့်သည် ရေခဲမြစ်များ ဖြစ်နေသည်။ လူဦးရေအလိုက် ပြောလျှင် မြစ်ဝါ၊ ယန်ဇီ၊ ဗြဟ္မပုတ္တရ၊ ဂင်္ဂါမြစ်ဝှမ်းများတွင် အခြားမြစ်ဝှမ်းများတွင်ထက် လူဦးရေ ပိုမိုသိပ်သည်းသည့်အတွက် ရေအခက်အခဲ တွေ့သည့် လူဦးရေ ပိုများမည်။
မြန်မာ့မြစ်များ ဖြစ်ကြသော သံလွင်မြစ်နှင့် ဧရာဝတီမြစ်တို့၏ ရေဝေဒေသအပေါ်ပိုင်းသည် ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာရေခဲပြင်များထဲတွင် ပါဝင်သည့်အတွက် ယင်းမြစ်နှစ်စင်း၏ ရေစီးဆင်းမှုများလည်း အထိုက်အလျောက် လျော့နည်းလာမည် ဖြစ်သည်။
သံလွင်မြစ်

သံလွင်မြစ်ရေစီးတွင် ရေခဲအရည်ပျော်ရာမှ ၈ ရာခိုင်နှုန်း၊ ဆီးနှင်းအရည်ပျော်ရာမှ ၂၈ ရာခိုင်နှုန်း၊ မြေအောက်ရေ ၂၂ ရာခိုင်နှုန်းနှင့် မိုးရွာသွန်းမှုမှ ၄၂ ရာခိုင်နှုန်းတို့ ပါဝင်သည်။ သံလွင်နှင့် ဆက်စပ်သည့် ရေခဲမြစ်အကျယ်အဝန်းမှာ ၁၃၅၂ စတုရန်းကီလိုမီတာ ရှိခဲ့ရာမှ ၁၉၇၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြားတွင် စတုရန်း ကီလိုမီတာ ၄၈၀ ခန့်အရည်ပျော်လျော့နည်းသွားခဲ့သည်။ အကယ်၍ ဆက်စပ် ရေခဲပြင်များ လုံးဝ ပျောက်ကွယ်သွားလျှင် သံလွင်မြစ်အပေါ်ပိုင်း (တရုတ်နိုင်ငံအပိုင်း)တွင် ရေစီးပမာဏ ၂၆ ရာခိုင်နှုန်းမှ ၃၆ ရာခိုင်နှုန်း အထိ လျော့နည်းမည်ဟု ဆိုသည်။ သံလွင်မြစ်အောက်ပိုင်း (မြန်မာနိုင်ငံအပိုင်း) တွင်မူ ထိုမျှ မများသော်လည်း အတိုင်းအတာတစ်ခုအထိ နည်းသွားနိုင်သည်။
ဧရာဝတီမြစ်
ဧရာဝတီမြစ်ဖျား ရေခဲမြစ်များ အရည်ပျော်မှုကို လေ့လာသော သုတေသနစာတမ်းတစ်စောင် ၂၀၁၈ ခုနှစ်က ထွက်ပေါ်လာခဲ့သည်၊ ”မြန်မာနိုင်ငံ ဧရာဝတီမြစ်ဖျားဒေသ ရေခဲမြစ်များ ၁၉၇၆ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် အကြား ပြောင်းလဲမှု” အမည်ရသော ယင်းစာတမ်းသည် ဧရာဝတီ၏ မြစ်လက်တက်များ ဖြစ်ကြသော မေခနှင့်မလိခမြစ်များ မြစ်ဖျားခံရာ တိဘက်ကုန်းမြင့်ရှိ ရေခဲမြစ်ပေါင်း ၁၃၀ ကို ဂြိုဟ်တုများမှ ၁၉၇၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်းပေးပို့သော ဓာတ်ပုံများကို အခြေခံ၍ ပြုစုခဲ့ခြင်းဖြစ်သည်။ ၃၉ နှစ်ကြာကာလအတွင်း အဆိုပါ ရေခဲမြစ်များ၏ ဧရိယာသည် ၅၅ ရာခိုင်နှုန်းခန့်၊ ဒြပ်ထုနှင့် ထုထည်သည် ၆၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်း၊ ရေခဲမြစ် လျော့နည်းပျောက်ကွယ်မှု အများဆုံးသည် ၂၀ဝ၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ဧရာဝတီမြစ်ဖျားဒေသတွင် ရေခဲထု တစ်ကုဗကီလိုမီတာခန့် ကျန်နေသေးကြောင်း စာတမ်းက ဖော်ပြသည်။ တွေ့ရှိချက်များသည် ဂြိုဟ်တုဓာတ်ပုံများကိုသာ လေ့လာခဲ့ရပြီး ကွင်းဆင်းတိုင်းတာခြင်း မလုပ်နိုင်သဖြင့် အထက်ပါ ကိန်းဂဏန်းများတွင် မတိကျမှု၊ အနည်းငယ်လွဲချော်မှု ရှိနိုင်သည်ဟု သူတို့က ဝန်ခံထားသည်။

ဧရာဝတီမြစ်ဖျားဒေသရှိရေခဲမြစ်များ
ဧရာဝတီမြစ်ဖျားဒေသ၏ ရေခဲမြစ်များသည် အရွယ်အစားသေးငယ်သော ရေခဲမြစ်များ ဖြစ်နေခြင်းက ယင်းတို့ ပို၍ အရည်ပျော်လွယ်သော အကြောင်းတစ်ရပ် ဖြစ်သည်။ အိန္ဒိယပညာရှင်အချို့က ဟိမဝန္တာ ချန်ဒရာဒေသ ရေခဲမြစ်များကို လေ့လာရာတွင် ရေခဲမြစ်ပေါင်း ၁၄၆ စင်း၏ ၁၉၈၄ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်ကြား ပျမ်းမျှအရည်ပျော်နှုန်းသည် ၁၉ ရာခိုင်နှုန်း ရှိသော်လည်း အနိမ့်ပိုင်းရှိ အငယ်စား ရေခဲမြစ်များသည်မူ ၆၇ ရာခိုင်နှုန်းခန့် အရည်ပျော် ဆုံးရှုံးခဲ့သည်ဟု တွေ့ရသည်။ အထက်ပါ တွေ့ရှိချက် နှစ်ခုကို အခြေပြု၍ ကောက်ချက်ဆွဲယူလျှင် ဧရာဝတီ မြစ်ဖျားဒေသ ရေခဲမြစ်များသည် လျင်မြန်စွာ အရည်ပျော်နေသည်ကို ယုံကြည်လက်ခံရမည် ဖြစ်သည်။
ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသ၏ ဖွံ့ဖြိုးမှုကို အထူးပြုလေ့လာနေသည့် ICIMOD အဖွဲ့၏ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ဖျားဒေသ ရေခဲမြစ်များ အရည်ပျော်ရာမှ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်နေသည့် ရေပမာဏသည် မြစ်တစ်စင်းလုံးရေစီး၏ ငါးရာခိုင်နှုန်းမျှ ဖြစ်ကြောင်း သိရသည်။ ရေစီးငါးရာခိုင်နှုန်းသည် မြစ်ဝှမ်းဒေသတစ်ခုလုံးအတွက် ဆိုလျှင် မများလှသော်လည်း ဧရာဝတီအထက်ပိုင်း ဖြစ်သည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းကိုသာ စဉ်းစားပါက များပြားကြောင်း တွေ့နိုင်သည်။
တဖြည်းဖြည်း များပြားလာနေသည့် ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာရေခဲမြစ်များ အရည်ပျော်မှုသည် ၂၀၅၀ ပြည့်နှစ်ခန့်တွင် အမြင့်ဆုံးသို့ ရောက်ပြီး ထိုမှလွန်သော် တောက်လျှောက်လျော့ကျသွားမည်ဟု ခန့်မှန်းထားရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသရှိ ဧရာဝတီမြစ်ရေစီးသည် ၂၀၅၀ ပြည့်နှစ်နောက်ပိုင်း၌ သိသာစွာ လျော့နည်းသွားမည် ဖြစ်သည်။
ရန်ကုန် နည်းပညာတက္ကသိုလ်မှ ပညာရှင်သုံးဦးတို့ သုတေသနပြုထားသော စာတမ်းအရ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၌ မိုးရာသီနှင့် ဆောင်းရာသီများတွင် မိုးရွာသွန်းမှုပမာဏ ပိုမိုလာနိုင်ပြီး နွေရာသီတွင် မိုးရွာသွန်းမှု လျော့နည်းသွားမည်ဟု ခန့်မှန်းထားသည်။ နွေရာသီ၌ ရေခဲပျော်ရည် နည်းသွားမည့် အခြေအနေတွင် မိုးရွာသွန်းမှုကပါ လျော့နည်းသွားခြင်းသည် ဧရာဝတီအထက်ပိုင်းဒေသ ရေဖူလုံရေးအတွက် စိုးရိမ်ဖွယ်ရာများ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းဖြစ်စဉ်အပေါ် အသေးစိတ် လေ့လာပြီး ဧရာဝတီမြစ်ရေ အပေါ် အတော်များများ သို့မဟုတ် လုံးလုံးမှီခိုနေရသော အထက်ပိုင်းမြို့ရွာများသည် အခြားသော ရေအရင်းအမြစ်များမှလည်း ရယူနိုင်ရန် ကြိုတင်ပြင်ဆင်သင့်သည်။
(ကြော်ငြာ)
ရေခဲမြစ်အရည်ပျော်ခြင်း၊ ပင်လယ်ရေပြင်မြင့်တက်ခြင်း အပါအဝင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များ၊ အကြောင်းရင်းများအပြင် ဆက်စပ်အကြောင်းအရာ ၁၄၈ ခုကို ခိုင်လုံပြည့်စုံစွာ တင်ပြထားသည့် စာအုပ်။

(တစ်အုပ် ၁၅၀ဝ၀ ကျပ်)
မြင့်တက်လာသောပင်လယ်ပြင်နှင့် မြန်မာ့ကမ်းရိုးတန်း
အရည်ပျော်သောကြောင့် ရေခဲပြင်၊ ရေခဲမြစ်များ လျော့နည်းသွားခြင်း၏ အကျိုးဆက်များအနက် တစ်ခုမှာ လက်ကျန်ရေခဲပြင်ကို ထပ်၍အရည်ပျော်စေခြင်း ဖြစ်သည်။ ဆီးနှင်းနှင့် ရေခဲပြင်များသည် နေရောင်ကို ရောင်ပြန်ဟပ်ထုတ်နိုင်စွမ်း ကောင်းကြသည်။ ကမ္ဘာ့အပူချိန် မြင့်တက်လာ၍ ရေခဲပြင် အရည်ပျော်မှု များလာသောအခါ အောက်ခံမြေသား သို့မဟုတ် အောက်ခံရေပြင် ပေါ်လာသည်။ ပေါ်လာသော မြေသားနှင့် ရေပြင်တို့သည် ရေခဲပြင်ကဲ့သို့ နေရောင်ကို ပြန်ဟပ်ထုတ်အား မကောင်းတော့ဘဲ စုပ်ယူအားသာ များသည်။ နေရောင်ကို ပိုစုပ်ယူလာခြင်းကြောင့် ပိုမိုပူလာလျက် လက်ကျန်ရေခဲပြင်ကို ထပ်၍ အရည်ပျော်စေသည်။ ထို့ကြောင့် ရေခဲပြင်၊ ရေခဲမြစ်များအား မလျော့နည်းအောင် ထိန်းသိမ်းခြင်းဖြင့် မူလအတိုင်း ရှိနေစေရန် လုပ်ဆောင်ဖို့ လိုအပ်သည်။
သို့သော် လက်တွေ့တွင် ယင်းကဲ့သို့ မထိန်းသိမ်းနိုင်သဖြင့် ရေခဲပြင်၊ ရေခဲမြစ်များ အရည်ပျော်ရာမှ ပင်လယ်ထဲသို့ စီးဆင်းဝင်ရောက်ခြင်း၊ အပူချိန်မြင့်တက်ကာ ရေထု ပွယောင်းလာခြင်းတို့ကြောင့် မြင့်တက်လာသည့် ပင်လယ်ရေသည် ကမ်းရိုးတန်း မြေအောက် ရေကြောများထဲသို့ ဝင်ရောက်ကာ ယင်းဒေသများရှိ ရေချိုအရင်းအမြစ်များကို ပျက်စီးစေလျက် ရှိသည်။
၁၉၉၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်ကြားနှစ်ပေါင်း ၃၀ အတွင်း ကမ္ဘာ့ပျမ်းမျှပင်လယ်ရေပြင်သည် ၉၈ ဒသမ ၅ မီလီမီတာတက်ခဲ့သည်ဟု အမေရိကန် အာကာသ အဖွဲ့အစည်း (နာဆာ)၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဘင်္ဂလားပင်လယ်အော်၏အချို့နေရာများတွင် ရေပြင်သည် တစ်နှစ်လျှင် ၃ ဒသမ ၁၄ မီလီမီတာ တက်နေရာ ကမ္ဘာ့ပျမ်းမျှရေပြင်တက်နှုန်းထက် မြင့်မားသည်။ မြန်မာ့ကမ်းရိုးတန်း၌ ပင်လယ်ရေပြင်သည် ၂၀၅၀ ပြည့်နှစ်တွင် ၂၀ စင်တီမီတာ မှ ၄၀ စင်တီမီတာ အထိ တက်လာနိုင်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်၏ မြေပြင်အနေအထားကို မူတည်တွက်ချက်မှုအရ အကယ်၍ ပင်လယ်ရေပြင်သည် ယခုထက် ဝ ဒသမ ၅ မီတာမျှ ပိုမြင့်လာလျှင် ဧရာဝတီမြစ်ဝကျွန်းပေါ်၏ ရေစပ်သည် ယခုထက် ၁၀ ကီလိုမီတာမျှ ကုန်းတွင်းပိုင်းသို့ တိုးဝင်လာမည်ဟု သိရသည်။
ပင်လယ်ရေပြင်မြင့်တက်လာခြင်းကြောင့်ဟု ယူဆနိုင်သော ဖြစ်စဉ်ကြောင့် ၂၀၂၁ ခုနှစ်က မြန်မာ့ ကမ်းရိုးတန်းတစ်နေရာတွင် အသက်ဆုံးရှုံးမှု ပေါ်ပေါက်ခဲ့သည်။ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာကြားရှိ ကျိုက်နဲရေလယ်ဘုရားသည် ကမ်းခြေမှ ၁ မိုင် ၆ ဖာလုံခန့် အကွာ ပင်လယ်ထဲ၌ တည်ရှိသည်။ နှစ်စဉ်ကျင်းပသည့် ကျိုက်နဲဘုရားပွဲတော်သို့ သွားရောက်သော ဘုရားဖူးများသည် ကမ်းခြေနှင့်ဘုရားကြားတွင် ပထဝီဝင်ဝေါဟာရဖြင့် ‘သဲခုံစွယ်’ဟုခေါ်သော ဒီရေ အတက်အကျပေါ် မူတည်ပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့် လမ်းပေါ်မှ ဖြတ်လျှောက်ကာ ဖူးမြော်ကြသည်။ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာကတည်းက မည်သည့်အန္တရာယ်မျှ မရှိဘဲ ယင်းသို့ ဖြတ်လျှောက် ဖူးမြော်ခဲ့ကြသော်လည်း ၂၀၂၁ နိုဝင်ဘာ ၂၁ နေ့က ဘုရားဖူးသွားသူအချို့ သဲခုံစွယ်ပေါ်တွင် ပင်လယ်လှိုင်းပုတ်၍ အသက်ဆုံးခဲ့ရသည်။ ၂၀၂၁ ခုနှစ်အတွင်း ပေါ်သော သဲခုံစွယ်သည် ခါတိုင်းထက် ကျဉ်းသည်ဟုသိရရာ ယင်းဖြစ်ရပ်သည် ပင်လယ်ရေပြင်မြင့်တက်လာနေခြင်းနှင့် ဆက်စပ်နေဖွယ်ရာ ရှိသည်။
ပင်လယ်ရေငန်များ စိမ့်ဝင်ရောနှောသဖြင့် ရေတွင်းများ သောက်သုံး၍ မရတော့သည့်အဖြစ်နှင့် ကြုံတွေ့နေရသော သာဓကတစ်ခုအနေဖြင့် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာကို ပြနိုင်သည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသဖြင့် ဂေါ်ဒူရွာ၏ လူနေအိမ်အချို့အပြင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကိုလည်း ရွှေ့ပြောင်းတည်ဆောက်နေရသည်။ မွေးကတည်းက ဂေါ်ဒူရွာတွင် နေထိုင်လာခဲ့သူ အသက် ၄၅ နှစ်အရွယ် ဒေါ်မဝင်းဌေးက ”ပင်လယ်ရေမျက်နှာပြင် မြင့်လာတာကတော့ အခုနောက်ပိုင်းမှာ သိသာလာတယ်။ ကျွန်မတို့ နေခဲ့တဲ့ ရွာအနောက်ပိုင်းက ရွာနဲ့ အဝေးကြီးမှာ ကျန်ခဲ့ပြီ။ အခု ရေပြင်ကြီးဖြစ်သွားပြီ။ ကျွန်မ ငယ်ငယ်တုန်းက ရေချိုခပ်ခဲ့တဲ့ ရွာဘုန်းကြီးကျောင်းဝင်းထဲက လက်ယက်တွင်းတွေလည်း ပင်လယ်အောက် ရောက်သွားခဲ့ပါပြီ။ ရှိနေတဲ့ အဝီစိတွင်းရေတချို့လည်း ငန်လာတယ်”ဟု ပြောသည်။

ဂေါ်ဒူရွာအတွက် သောက်ရေကို အနီးရှိရွာများမှ လှေဖြင့် သယ်ယူနေရသည်။ (ဓာတ်ပုံ – အောင်မျိုးထွဋ် – DVB)
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာက လူနေအိမ် ၄၀ ခန့်သည် ၂၀၁၈ ခုနှစ် သြဂုတ်လက ပင်လယ်လှိုင်းတိုက်စားခံရ၍ ပျက်စီးခဲ့သည်။ ယင်းကျေးရွာသည် သံလွင်မြစ်ဝတွင် ပင်လယ်ဘက်ကို မျက်နှာမူ တည်ရှိနေပြီး တဖြည်းဖြည်း ပင်လယ်၏ ဝါးမျိုမှုဒဏ်ကို ခံနေရသည်။ ရွာသားများ၏ အဆိုအရ ရွာရှိ ရေတွင်းတစ်တွင်းသည် ပင်လယ်အောက် ရောက်သွားပြီ။ ယခင်က ဒီရေတက်၊ ရေကြီးသည်မျိုး ကြုံဖူးသော်လည်း ယခုအကြိမ်လောက် လျင်လျင်မြန်မြန် ပင်လယ်ဒီရေတက်သည့် ဖြစ်စဉ်မျိုး မကြုံဖူးကြောင်း ဒေသခံများက ဆိုသည်။
အထက်ပါဖြစ်စဉ်များသည် မြင့်တက်လာနေသော ပင်လယ်ရေပြင်ကြောင့်ဟု အတိအကျ မပြောနိုင်သော်လည်း ယင်းကြောင့် ဖြစ်ရန် အလားအလာ မြင့်မားသည်။ ကီလိုမီတာ ၂၃၀ဝ ရှည်သော မြန်မာ့ကမ်းရိုးတန်းအချို့ဒေသများတွင် ဖော်ပြပါဖြစ်ရပ်မျိုး အများအပြား ပေါ်ပေါက်နေမည်မှာ သေချာသည်။ အနာဂတ်တွင် ပင်လယ်ရေအောက်ရောက်သည့်ဒေသ များသထက် များလာလိမ့်မည်။
ကမ္ဘာ့အပူချိန်မြင့်တက်လာနေမှုကြောင့် မြန်မာနိုင်ငံ၏ မြောက်ဖျားတွင် ကပ်လျက် တည်ရှိသော ဟိမဝန္တာရေခဲမြစ်များ အရည်ပျော်မှုသည် ဧရာဝတီမြစ်နှင့် သံလွင်မြစ်များအပေါ် သက်ရောက်နေသကဲ့သို့ ကမ္ဘာ့ပင်လယ်ရေမြင့်တက်လာနေမှုကြောင့် မြန်မာနှင့် မိုင်ပေါင်းထောင်ချီဝေးကွာသည့် အန္တာတိကတိုက်နှင့် ဂရင်းလန်းကျွန်းတို့၏ ရေခဲအရည်ပျော်ခြင်းသည်လည်း မြန်မာ့ကမ်းရိုးတန်းကို လှမ်း၍ အန္တရာယ်ပြုနေသည်။
PUBLISHED BY
ukyawoo
View all posts by ukyawooLEAVE A COMMENT
SHARE THIS:
RELATED

အရည်ပျော်တောင်ထိပ်များ
October 6, 2021
In “Climate Change”

အရည်ပျော်တောင်ထိပ်များ
May 29, 2023
In “Climate Change”

ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များလျော့နည်းတိုဝင်လာခြင်း
September 24, 2021
In “Climate Change”
