HEALTH MATERS 1 / နှလုံးရောဂါနှင့်နှလုံးသွေးကြောကျဉ်းပြဿနာ ၊ Heart Attackလေဖြတ်ရောဂါ ကြောက်စရာ ၊ ကျန်းမာရေားရာ အဖြေရှာ ။

နှလုံးသွေးကြောကျဉ်းရောဂါအကြောင်းသိကောင်းစရာ

နှလုံးသွေးကြောကျဥ်းရောဂါ အကြောင်း သိကောင်းစရာ

ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ မတူညီတဲ့ တာဝန်တွေကို လုပ်ဆောင်ကြတဲ့ မတူညီတဲ့ အင်္ဂါအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ အင်္ဂါအစိတ်အပိုင်းအသီးသီးဟာ မတူညီတဲ့ လုပ်ငန်းတာဝန်တွေကို လုပ်‌ဆောင်ပေးနေကြပြီး အဲ့ဒီထဲမှာမှ နှလုံးဟာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နှလုံးကတော့ ကျွန်တော်တို့ ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးလည်ပတ် စီးဆင်းနိုင်ဖို့အတွက် တာဝန်ယူပေးနေတဲ့ သွေးညှစ်စက် (Pump) တစ်ခုလိုပါပဲ။

SUBSCRIBES TO OUR ALL CHANNELS
   / thinyupar  
   / thinyuparhealthfitness  
   / thinyuparbiography  
   / thinyuparfashionbeauty  
   / thinyupargeneralknowledge  

WEBSITE
https://www.thinyupar.com

https://youtu.be/h8XUlMWX19s?si=iIGu17YHTPfwcT6o

နှလုံးသွေးကြောကျဉ်းရောဂါက ရောဂါတွေထဲမှာ အသေပျောက်အများဆုံးရောဂါဖြစ်တဲ့အတွက် သတိထားစရာအချက်တွေကိုပြောပြလာတဲ့ နှလုံးအထူးကုဆရာဝန်ကြီး ပါမောက္ခဦးတင်လတ်”

ဒီတစ်ပတ် မြန်မာ့ပလက်ဖောင်းရဲ့ ကျန်းမာရေးကဏ္ဍမှာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို ပါမောက္ခဦးတင်လတ်(နှလုံးရောဂါအထူးကု၊ အာရှတော်ဝင်ဆေးရုံ)မှ အသိပညာပေးသွားမှာဖြစ်ပါတယ်။

[ မြန်မာ့ပလက်ဖောင်း Myanma Platform Channel ကို Subscribe လုပ်ပေးပါအုံး နော် ]

Thank you for watching Myanma Platform Youtube Channel

MyanmaPlatform #Health

https://youtu.be/uKvmxh6MM80?si=LaBi-7qGEYHVUxi5

ကြေက်မက်ဖွယ်ရာ နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ

https://youtu.be/0_MS-gMjtlY?si=PZMM588bEbQiP5fB

သင့်ရဲ့နှလုံးပုံမှန် အလုပ်မလုပ်တော့ဘူးဆိုတာကို ညွှန်ပြလေ့ရှိတဲ့ လက္ခဏာ ၁၀ မျိုး

ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးစင်တာများရဲ့ စစ်တမ်းအရ US နိုင်ငံတစ်နိုင်ငံတည်းမှာတင် နှစ်စဉ်တစ်နှစ်ကိုလူပေါင်း ၆သိန်း ၁သောင်းခန့်ဟာ နှလုံးရောဂါကြောင့်သေဆုံးရပါတယ်။
လူတစ်ဦးကို နှလုံးရောဂါဖြစ်စေဖို့အတွက် အကြောင်းအရင်းတွေ အမြောက်အများ ရှိတဲ့အနက်မှ အများစုဟာ ညံ့ဖျင်းတဲ့ လူနေမှုပုံစံတွေကို ရွေးချယ်မှုတွေက စတင်ဆင်းသက်လာတာဖြစ်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ဒီရောဂါမဖြစ်မီ ဒီရောဂါနဲ့ ဆက်စပ်တဲ့ လက္ခဏာတွေနဲ့ သတိပေးတတ်ပါတယ်။ ဒါကြောင့် ဒီလက္ခဏာတွေဟာ ဘာတွေလဲလို့ သိထားခြင်းအားဖြင့် နှလုံးရောဂါမစတင်မီ အစောပိုင်းအဆင့်မှာတည်းက ကျွန်တော်တို့အနေနဲ့ သိရှိနိုင်သလို လုံးဝမဖြစ်နိုင်အောင်တောင် တားဆီးပေးနိုင်ပါတယ်။
အခုဒီဗီဒီယိုမှာတော့ ကျွန်တော်တို့ရဲ့ နှလုံးပုံမှန်အလုပ်မလုပ်တော့ဘူးဆိုတာကို ညွှန်ပြလေ့ရှိတဲ့ ယေဘုယျလက္ခဏာ ၁၀မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

https://youtu.be/z2lmdskPRgc?si=P3hmI74O9MGr0MgY

နှလုံးအထူးကုနဲ့မဖြစ်မနေ ပြသင့်တဲ့ လက္ခဏာ ၁၀ ခု

နှလုံးဟာ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့အင်္ဂါတစ်ခုဆိုတာ လူတိုင်းသိကြမှာပါ။ နှလုံးခုန်မြန်တာ နှေးတာ မောတာ ဒါတွေဟာဆိုရင်နှလုံးရဲ့အချက်ပြလက္ခဏာတွေပါ။ ဒီနေ့မှာတော့ ဒေါက်တာရူပက နှလုံးအထူးကုနဲ့ ဘယ်လိုအခြေအနေနွေမှာပြသင့်လဲဆိုတာကိုာပြောပြပေးထားပါတယ်။

နှလုံးရောဂါ #နှလုံးအထူးကု #cardiologist #heartdisease #heart #cardiology #အထူးကု #လက္ခဏာ #သတိပေး #dryupa #allaboutmedicine #allaboutmed

https://youtu.be/crJDjQFIN8c?si=sFONm3xDI-9bV42I

နှလုံးသွေးကြောကျဉ်း နှင့် နှလုံး ကျန်းမာရေး

World Heart Day အထိမ်းအမှတ်အဖြစ် အများပြည်သူ နှလုံးကျန်းမာရေးဗဟုသုတ ရရှိစေဖို့အတွက် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင် ပြောကြားတဲ့ ‘’နှလုံးသွေးကြောကျဉ်းခြင်းနှင့် နှလုံးကျန်းမာရေးအကြောင်း”ကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီဗီဒီယိုလေးမှာ…
• နှလုံးသွေးကြောကျဉ်းရောဂါက အဖြစ်များပါသလား
• နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းများ
• နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ရင် ပြသတတ်တဲ့ လက္ခဏာများ
• နှလုံးသွေးကြောကျဉ်းရောဂါ သေချာအောင် စစ်ဆေးနည်းများ
• နှလုံးသွေးကြောကျဉ်းရောဂါ ကုသနည်းနဲ့ ကာကွယ်နည်း စတာတွေကို ပြည့်ပြည့်စုံစုံ မျှဝေပေးထားပါတယ်။

healthylifejournal #WorldHeartDay2025 #Procard #myanmarhealth

https://youtu.be/lUm93IuDx10?si=zu1-qLnrKpuIkF4-

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာဘာလဲ

✨၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင် ကျရောက်သော🫀𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗿𝘁 𝗗𝗮𝘆 “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့”အထိမ်းအမှတ်အဖြစ် 𝗔𝗿 𝗬𝘂 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 နှင့် Heart-Q Myanmar တို့မှ ပူးပေါင်း၍ “နှလုံးသွေးကြောကျဉ်းရောဂါ”နှင့်ပတ်သက်သည့်ဆွေးနွေးပွဲလေးကို မိဘပြည်သူများ ဗဟုသုတရစေရန် ရည်ရွယ်၍ စီစဉ်တင်ဆက်ပေးလိုက်ပါသည်။💖💖💖

💫ယခုအစီအစဉ်တွင် အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ နှလုံးအထူးကုသမားတော်ကြီး 👨🏼‍⚕️ပါမောက္ခ ဒေါက်တာ မြင့်စိုးဝင်းမှ နှလုံးရဲ့အရေးပါပုံနှင့် အလုပ်လုပ်ဆောင်ပုံ၊ ဘာကြောင့်နှလုံးရောဂါဖြစ်ရသလဲ၊ နှလုံးရောဂါအမျိုးအစားဘယ်နှစ်မျိုးရှိသလဲ၊ နှလုံးသွေးကြောကျဉ်းရောဂါဆိုတာဘာလဲ၊ ဘယ်လိုအကြောင်းအရာတွေက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေနိုင်သလဲ ဆိုတာတွေကို အပိုင်း (၁) အနေဖြင့် ပြည့်ပြည့်စုံစုံ ဆွေးနွေးပြောကြားပေးထားတာပဲ ဖြစ်ပါတယ်။💫

🫶🏻နောက်အပတ်များတွင်လည်း “နှလုံးသွေးကြောကျဉ်းရောဂါ”နှင့်ပတ်သက်သည့် ကျန်းမာရေးဗဟုသုတရဖွယ်အကြောင်းအရာများကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်🫶🏻

🫀”𝗗𝗼𝗻’𝘁 𝗠𝗶𝘀𝘀 𝗔 𝗕𝗲𝗮𝘁”🫀

🏥#ArYuInternationalHospital
🌏#Global_Care_Within_Reach
🫶#WhyFly_BewithUs
🫀#WorldHeartDay2025
🫀#DontMissABeat

https://youtu.be/sHy4XthJ-Yg?si=kV4Ytao_81n1NQ2u

နှလုံးသွေးကြောကျဉ်းရောဂါ၏ေ၇ှ့ပြေးလက္ခဏာတွေကဘာတွေလဲ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင် ကျရောက်သော🫀𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗿𝘁 𝗗𝗮𝘆 “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့”အထိမ်းအမှတ်အဖြစ် 𝗔𝗿 𝗬𝘂 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 နှင့် Heart-Q Myanmar တို့မှ ပူးပေါင်း၍ “နှလုံးသွေးကြောကျဉ်းရောဂါ”နှင့်ပတ်သက်သည့်ဆွေးနွေးပွဲလေးကို မိဘပြည်သူများ ဗဟုသုတရစေရန် ရည်ရွယ်၍ စီစဉ်တင်ဆက်ပေးလိုက်ပါသည်။💖💖💖

💫ယခုအစီအစဉ်တွင် အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ နှလုံးအထူးကုသမားတော်ကြီး 👨🏼‍⚕️ပါမောက္ခ ဒေါက်တာ မြင့်စိုးဝင်းမှ နှလုံးသွေးကြောကျဉ်းရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေက ဘာတွေလဲ၊ နှလုံး‌သွေးကြောကျဉ်းရောဂါရှိနေလျှင် ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ရမလဲ၊ နှလုံးသွေးကြောကျဉ်းလူနာများအတွက် ဘယ်လိုကုသမှုခံယူသင့်သလဲ၊ နှလုံးသွေးကြောပိတ်ရောဂါဆိုတာဘာလဲ၊ ဘယ်လိုကုသမှုခံယူသင့်သလဲ၊ Stent ထည့်ပြီးကုသမလား၊ သွေးကြောအစားထိုးပြီးကုသမလား၊ နှလုံးရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်ရမလဲ ဆိုတာတွေကို အပိုင်း (၂) အနေဖြင့် ပြည့်ပြည့်စုံစုံ ဆွေးနွေးပြောကြားပေးထားတာပဲ ဖြစ်ပါတယ်။💫

🫶🏻နောက်အပတ်များတွင်လည်း “နှလုံးခုန်မမှန်ခြင်းရောဂါ”နှင့်ပတ်သက်သည့် ကျန်းမာရေးဗဟုသုတရဖွယ်အကြောင်းအရာများကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်🫶🏻

🫀”𝗗𝗼𝗻’𝘁 𝗠𝗶𝘀𝘀 𝗔 𝗕𝗲𝗮𝘁”🫀

🏥#ArYuInternationalHospital
🌏#Global_Care_Within_Reach
🫶#WhyFly_BewithUs
🫀#WorldHeartDay2025
🫀#DontMissABeat

https://youtu.be/N390rmYgw68?si=sLzm2bW3MuIaeHL5

ဘာကြောငိ့ Heart Attack ဖြစ်ကြတာလဲ BBC News မြန်မာ

Heart Attack ရဲ့ ရှေ့ပြေးလက္ခဏာတွေက ဘာတွေလဲ

နှလုံးသွေးကြောကျဉ်းတဲ့ရောဂါ၊ နှလုံးအားနည်းတဲ့ရောဂါတွေကို ဘယ်လိုကုသမလဲ စတဲ့ နှလုံးနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းတွေကို ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ယူကေနိုင်ငံက နှလုံးရောဂါအထူးကု သမားတော်ကြီး ဒေါက်တာ သန္တာအေးက ရှင်းပြထားပါတယ်။

ဘီဘီစီမြန်မာပိုင်း

https://youtu.be/BXLCYbXOR0A?si=EoIoiT_gt6CuwUKd

လူ ၁၀ ယောက်မှာ ၁ ယောက် အသက်ဆုံးရှုံးတဲ့ နှလုံးသွေးကြောကျဉ်းရောဂါ

Coronary Artery Disease လို့ခေါ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါဟာ မြန်မာနိုင်ငံမှာ အသက်သေဆုံးမှု ဒုတိယအများဆုံး ရောဂါ ဖြစ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၂၀ ခုနှစ် ထုတ်ပြန်ချက်က ဆိုပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဘာ့ကြောင့် ဖြစ်ကြတာလဲ။
နှလုံးသွေးကြောကျဉ်းနေရင် ဘယ်လို လက္ခဏာတွေနဲ့ သိနိုင်သလဲ။
နှလုံးသွေးကြောကျဉ်းလို့ Stent ထည့်ထားရသူတွေ ငြိမ်ငြိမ်လေး နေသင့်သလား။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်နိုင်သလား။
နှလုံးသွေးကြော မပိတ်သွားအောင် ဘယ်လို ပြုမူနေထိုင်သင့်သလဲ ဆိုတာတွေကို ယူကေနိုင်ငံက နှလုံးအထူးကု သမားတော်ကြီး ဒေါက်တာဇော်မျိုးထက်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ဘီဘီစီမြန်မာပိုင်း

အစာလဲဆေးကျန်းမာရေး နှလုံးရောဂါ ကာကွယ်ရေး

https://www.facebook.com/reel/1425109349296419/?fs=e&fs=e

Bo Bo KoGyi ၏ နှလုံးရေးရာ ပြဿနာ 4 June 2025

ယခု ပုံမှန်သောက်နေကြ နှလုံးဆေးများအပြင်ဤဆေး ကိုမနက်တခြမ်းညတခြမ်း ဒေါက်တာကျော်စိုးဝင်း မှထပ် on ပါသည်။
နှလုံးဝေဒနာရှင်ဖြစ်သော်ငြား
(ကျနော်ကနှလုံးနေရာမအောင့်တတ်ပါ)ရုတ်တရက် မခံမရပ်နိုင် အောင်မေးရိုးကြီးများတင်းကားနေအောင်နာပြီး ချွေးစီးများ အများကြီးထွက်ကျင့်သာရှိပါသည်။
(၄/၆/၂၅)မနက်ပိုင်းမှာ မနေနိုင်လောက်အောင်ထိုသို့ စ ဖြစ်လိုက်ကထည်းက
ကိုယ့်ဖာသာ သတိဖြင့်Nitorol တလုံးလျှာအောက်ထည့်ပါသည်။ မသက်သာသဖြင့် နေ့လည်ပိုင်းနောက်တလုံးထပ်ထည့်ပါသည်။ စိတ်မလျှော့ပါ၊ ဘာမှမဖြစ်ဘူးဆိုပြီး
ကိုယ့်စိတ်ကို ခပ်တင်းတင်းထားပါသည်။ ဘေးအိမ်မှာဆရာဝန်ရှိပါသည်။ကျနော့်နှမဖြစ်သူက စိုးရိမ်စိတ်ဖြင့်
ပြေးခေါ်ပါသည်။ဆရာဝန်ကအလုပ်သွားနေ၍ ဆရာ့ဝန်အမေကြီးပြေးလိုက်လာပြီး ကျနော်ဖြစ်နေပုံကြည့်၍
မန္တလာဆေးရုံတင်ဘို့စီစဉ်ပါသည်၊ ကျနော်က လက်မခံ
သွားမည်ဆိုလျင် မန္တလေးဆေးရုံကြီး OPDဘဲသွားမည်။
သို့သော်ခဏစောင့်ကြည့်ပါဦးမည်ဆိုပြီး စိတ်ကိုသာတည်ငြိမ်အောင်ထားပါသည်။ ဒီလိုနှင့် (၃)နာရီထိုးသည့်အချိန်ရောက်တော့ SMS ဆေးခန်းphoneဆက်ပြီး ကျနော့်နလုံးကုသမားတော်ကြီး ဒေါက်တာကျော်စိုးဝင်းကိုပြသဘို့ booking တင်တော့ 46 တဲ့ခင်ဗျ။
မတတ်နိုင်ပေဘူး၊ အိမ်ကကိုကျော်သိန်းနှင့်တူမတော်
ထက်ထက်တို့နှင့်ချီတက်ကြတော့ အခြေအနေကြည့်ပြီး
ကျနော့်ကို သူတို့ဆီကဘဲဦးစားပေးလိုက်တော့ ကျနော်
စောစောပြလိုက်နိုင်ပါတယ်။ ထုံးစံအတိုင်း ECG ဆွဲ တာဘာညာက ရောက်ကထည်းကလုပ်ထားပြီးမို့ ဆရာကကြည့်ရှုစစ်ဆေး မေးသင့်တာမေး ကိုယ်ကဖြစ်စဉ်တွေ
ပြောပြ Nitorolလျှာအောက်ထည့်ဖြစ်ကြောင်းပြောပြတော့ ခု ဖေါ့်ပြပါ ဆေးထပ်တိုးပေးပြီး တခုခုဖြစ်သည်ဆိုတာ ကိုယ့်ဖာသာ ခံစားမိရင် Nitorol ငုံပါ၊ဆောင်ထားပါဟုညွှန်ကြားပါသည်။
ဒီတခါလည်း ဘိုဘိုဘ တုံးကျော် လို့သွားပြန်ပါသညိ။
အဓိက က တော့ သတိဖြင့် ကြောက်စိတ်မဝင်အောင်
စိတ်ကိုတင်းထားနိုင်ခြင်းကြောင့်ဖြစ်မည်ထင်ပါသည်။
သို့သော် တနေ့ တော့ go went gone ရမည်ပင်ဖြစ်ပါသည် ။
ကျနော် ‌နေလို့ထိုင်လို့မကောင်းသရိုးသရီဖြစ်နေတာတော့အတန်ကြာပါပြီ(၄/၆/၂၅)ကျမှ ခဲမှန်ပါ‌တော့သည်။
သမား‌တော်က လုံးဝနားပါဟုညွှန်ကြားပါသည်။
မဖြစ်မနေ သွားရမည့် သူငယ်ချင်းနာရေး မနေ့ကဖြစ်‌အောင်ပို့ပြီး ယနေ့က စ ၍ နားပါပြီခင်ဗျာ။
ချစ်ခင်ရသူများအားလုံးကျန်းမာအေးချမ်းကြပါစေခင်ဗျာ။
စကားချပ်။ ကျနော့်မှာ Nitorol က (၆)လုံးထဲရှိတော့တာမို့ မနေ့ကဝယ်ခိုင်းရာ ဘယ်ကမှမရခဲ့ပါ၍ ပိုပိုသာသာ
ရှိသူများမျဝေပေးကြစေလိုပါသည်။

ဥိးကျော်ဦး ၏ Facebook post 5 June 2025 ကျွန်တော်ကဲ့သို့ နှလုံးသွေးကြောကျဉ်းနေသူ မိတ်ဆွေတစ်ဦးက ၂၀၂၂ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်ကြား ကျန်းမာရေးစစ်ဆေးချက်များအရ ကျွန်တော့ နှလုံးသွေးကြောအခြေအနေပြောင်းလဲမှုနှင့် calcium score ထပ်တက်မတက် မေးလာသဖြင့် ပြန်လည်ဖြေကြားရင်း ကျန်းမာရေးစစ်ဆေးသူ များလာကြောင်း သတိပြုမိပါသည်။ မကြာခဏ ပေါ်လာတတ်သော ပြည်တွင်းပြည်ပ ဆေးရုံများ၏ ကျန်းမာရေးစစ်ဆေးခြင်း ကြော်ငြာများက ယင်းအချက်ကို သက်သေခံနေသည်။. ကျွန်တော်က ၂၀၁၁ ခုနှစ်မှစကာ တကိုယ်လုံး ကျန်းမာရေးနှင့် နှလုံးကျန်းမာရေးစစ်ဆေးမှု စုစုပေါင်း ခြောက်ကြိမ် ပြည်တွင်းပြည်ပဆေးရုံများ၌ လုပ်ဖူးသည်။ စစ်ဆေးပြီး၍ တွေ့ရှိချက်များကို ဆရာဝန်များက လူနာများအား ရှင်းပြရာတွင် ”ယေဘုယျကျန်းမာရေးကတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီဓာတ်က များနေ၊ ဟိုဓာတ်က နည်းနေတယ်၊ ဘယ်အထူးကုနဲ့ ပြဖို့သင့်တယ်” ဟု အကြံပေးကြသည်။ တွေ့ဖူးသလောက် ပြောရလျှင် ယင်းသို့အကြံပေးခြင်းသည် လေးလေးနက်နက် မဟုတ်လှပါ။ ရှင်းပြသောဆရာဝန်သည် ရှင်းပြရန် တာဝန်သာ ရှိသည်။ ရောဂါကုမည့်ဆရာဝန် မဟုတ်ခြင်းကြောင့် အလေးအနက်မထားခြင်း ဖြစ်နိုင်သည်။ နောက်တစ်ခုက ထွက်လာသောအဖြေ အရေအတွက်က များလွန်းသဖြင့် သေသေချာချာ မကြည့်နိုင်၊ high သို့မဟုတ် low ပြနေသည်တို့ကိုသာ ရှင်းပြတာ ဖြစ်နိုင်သည်။ (မိမိတွေ့ဖူးသလောက်ကိုသာ ပြောခြင်းဖြစ်သည်။ စေတနာအပြည့်နှင့် အချိန်များစွာပေး၍ ရှင်းပြသည့် ဆရာဝန်များလည်း ရှိနိုင်ပါသည်။). လွန်ခဲ့သည့်သုံးနှစ်လောက်အထိ ကျန်းမာရေးစစ်ဆေးပြီး၍ ဆရာဝန်က ”ယေဘုယျကျန်းမာရေးကတော့ ကောင်းပါတယ်”ဟု ပြောလိုက်လျှင် အတော်စိတ်ချမ်းသာသွားသည်။ ”ဒီဓာတ်က များနေ၊ ဟိုဓာတ်က နည်းနေတယ်”ဟု ဆရာဝန်က ပြောသော်လည်း အလေးအနက်မဟုတ်သဖြင့် ပေါ့ပေါ့ပဲ နေခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အတွေးတစ်ခုပေါ်လာသည်။ ”ကျန်းမာရေးစစ်ခဲ့တယ်။ စစ်တဲ့အဖြေတွေက လက်ထဲရောက်နေပြီ။ ဆရာဝန် ပြောလိုက်တာနဲ့တင် မဟုတ်ဘဲ အဖြေတွေကို ရသလောက်လေ့လာပြီး ဘယ်လိုလုပ်သင့်သလဲ ဆိုတာ သိအောင်လုပ်ရမယ်။ ဒါမှ ကျန်းမာရေးစစ်ရကျိုး နပ်တော့မပေါ့”. ဥပမာ ကိုလက်စထရောဆိုပါတော့။ 200 mg/dL ထက်နည်းရမည်။ သွေးစစ်အဖြေက 190 mg/dL ဟု ပြသည်။ ပုံမှန်ဖြစ်နေသော်လည်း အစားအသောက် အနေအထိုင် မဆင်ခြင်ပါက ပုံမှန်ထက်ကျော်သွားနိုင်ကြောင်း သိလာသည်။ အဆီအအိမ့်လျှော့စား၊ လေ့ကျင့်ခန်းမှန်မှန်လုပ်လျှင် ကိုလက်စထရော ကျသွားမည်။ နောက်ဥပမာတစ်ခု Vitamin D၊ 20 and 40 ng/mL ကြား ဖြစ်ရမည်။ သွေးစစ်အဖြေက 22 ng/mL ဟု ပြသည်။ ယခုပုံမှန်ဖြစ်နေသော်လည်း မကြာမီ ပုံမှန်ထက်နည်းသွားနိုင်သည်။ နေရောင်ခံလျှင် တက်လာမည်။. လွယ်လွယ်သိ၊ လွယ်လွယ်ပြင်နိုင်သည်တို့ကို ဥပမာပြခြင်း ဖြစ်ပါသည်။ ဆေးစစ်အဖြေစာရွက်များတွင် ဘယ်ဓာတ်က ဘယ်လောက်အတွင်းမှာ ရှိသင့်သည်ဆိုတာတွေ အများအားဖြင့် ပါပါသည်။ ငွေအကုန်ခံ၍ ကျန်းမာရေးစစ်ပြီးမှ ဆရာဝန်ပြောသမျှဖြင့်သာ ကျေနပ်မနေဘဲ မိမိဘာသာလည်း ရသလောက် လေ့လာသင့်ပါသည်။ အဖြေစာရွက်တွင် high များ၊ low များ ပြထားပါလျက်နှင့် ဆရာဝန်က မပြောလိုက်သည်တို့ ရှိနေလျှင် နီးစပ်ရာဆရာဝန်များထံသို့သွား၍ အကြံဉာဏ်တောင်းခံသင့်သည်။ ကုသဖို့လိုလျှင် စောစောစီးစီး ကုသခြင်းဖြင့် မဖြစ်သင့်တာမဖြစ်အောင် ရှောင်နိုင်သည်။ ဆေးစစ်ချက်တွင် high ပြနေသော်လည်း ဆရာဝန်က ဘာမျှမပြော၊ လူနာကိုယ်တိုင်ကလည်း ကုသမှုခံရကောင်းမှန်း မသိ၍ ”ဒုက္ခရောက်”သွားသော သာဓကများ ရှိပါသည်။