My Memory Post
တွေးမိတွေးရာ
ရေးမိရေးရာ
သစ်တောသစ်ပင်
တကယ်ချစ်ခင်လို့ နေပြီ။
( သစ်တောသစ်ပင် တကယ် ချစ်ခင် သူများ
နှင့်
ခွေးချစ်သူများအတွက် )
သီးချိန်တန်သီး
ပွင့်ချိန်တန် ပွင့်နေကြပြီ။
အိမ်မှာ ကျွန်တော်က တောဖြစ်ပြီးရော အစုံစိုက်ထားတယ်။ရန်ကုန်လို အောက်ပြည် အောက်ရီာ မှာ
ရှားပါး ဖြစ်ခဲတဲ့ မကျည်းပင် ၂ ပင်စိုက်ထားတာ ကြီးနေ သီးနေပြီ ။ခြံ ပြင် ပလက်ဖေါ င်းပေါ်မှာ လဲ ဖန်တီးတယ်။
သူများတကာ ခြံစည်းရိုးလုံခြုံရေး သံဘလိတ်ဓား ဆူးခွေတွေနဲ့ ခြံစည်ရိုးကာနေချိန် မှာ အိမ်တပတ်လုံးကို ဆူးတွေပါတဲ့ စက္ကူပန်းပင် မျိုးစုံနဲ့ ရှောက် သံ ပယိုပင် တွေ အများအပြား စိုက်ခဲ့တယ် ၁၀ နှစ်ကျော်အကြာ မှာ လမ်းပေါ်က နေ ကြည့်ရင် အိမ်ကို ကောင်းကောင်းမမြင်ရတော့ဘူး တော တွေ ဖုံးသွားတယ် ။ မြက်ခင်းပြင် နဲသစ်တော သစ်ပင် ဘဲ တွေ့မယ် ။ သစ်တောဆရာတွေတော့မသိ။
ကျွန်တော်က သူတို့ရေးတဲ့ဆောင်ပုဒ်အတိုင်း လိုက်လုပ်တယ် ။
သစ် တော သစ်ပင် တကယ် ချစ် တဲ့ လူ ဖြစ်နေပြီ။
မြန်မာပြည်ရဲ့ စီမံကိန်းအလုပ် တွေ ၊
ဖွံ့ ဖြို းရေး အလုပ်တွေ၊စက်ရုံ အလုပ်ရုံလုပ်ငန်းတွေကြာင့်
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို ဆန်းစစ်တဲ့ EIA/SIA အလုပ်မျိုးစုံ ကို
၁၂ နှစ်ကျော်ကြာအောင် ခုချိန်အထိ နေ့ တစ်ဓူဝ လုပ်နေဆဲ့ မို့
သဘာဝအပင်တွေရော
သဘာဝ တိရစ္ဆာန်ကလေးတွေကိုပါပြီး ချစ်တတ် ခင် တတ်နေပါတယ်။
အိမ်မွေး ခွေးငယ်လေးတွေကတော့ တကယ့် အိမ် ဖေါ် တွေ ဖြစ်နေကြတယ် ။
်
အိမ်မှာ အိမ်ဖေါ်
ခွေးမိသားတစ်စု ရှိနေရာက
အမေခွေးမကလေး မာစီ
၃/၄/၂၀၂၂ နေ့က
ဘဝတစ်ပါး ပြောင်းသွားခဲ့ပါတယ်။
ကွယိလွန်ချိန်မှာ
အသက် ၁၂ ကျော် အရွယ်အိုနေပါ ပြီ
မကွယ်လွန်မီ ၂ပတ်ခန့်မှာဘဲ အစားစတင်ပျက်ပြီး ကျန်အချိန်တွေပကတီကောင်းနေတာပါ
သူ့သားသမီး ခွေး လေးတွေ မောင်နှမတစ်တွေ ၅ ကောင် ကို
ချန်ရစ်ထားခဲ့ပါတယ်
ပြန် လ ည်ကူးယူဖေါ်ပြပါသည် ။
အေးမြင့် ( ညောင်တုန်း )
2 February 2025 ( edited )
ရည်ညွှန်း
My Hungry Dogs Facebook post 20 July 2019( and edited 2 January 2025 )
https://m.facebook.com/story.php?story_fbid=10162062234073150&id=573223149
My Dog Family ခွေ းမိသားတစ်စု
( ၆ နှစ်တာကာလအတွင်းမှာ သေဆုံးကွယ်လွန်သွးခဲကြတဲ့ အိမ်ဖေါ် အကောင်လေးတွေ )
1 -Mother Mercy အေမ မာစီ ( ဒုတိယ မြောက်ဆုံးပါးခဲ့ )
2-Father Paul ( Deceased ) အဖေ ပေါ ( ပထမ ဆုံး (ဆုံးပါးသွားတဲ့အကောင် )
3-Daughter Brownie သမီ း ကြီး ညိ ုမ( ဆုံးခဲ့ပြီ )
4- Son Blackie သား ကြီး အောင်နက် ( ဆုံးသွားပြီ )
5- Son Fatty သားလတ် ဖိုးဝတုတ် ( စားကောင်း သောက်ကောင်းနေကောင်းနေဆဲ)
6-Daughter Beauty သမီး ငယ် ချောချော ( နောက် ဆုံး/ ဆုံးပါးခဲ့ )
7-Son Lucky သားငယ် ဖိုးကံကောင်း ( နားပြည်ယိုတာကလွဲလို့ ကျန်းမာနေဆဲ)
