SONG WRITER SINGER စန္ဒယားလှ ထွဋ် ၏ သူရေးသီရာ တေး အလင်္ကာ ၊ တေးချစ်သူများအတွက်မြန်မာသံစဉ် သီချင်းကောင်းများ

စန္ဒယားလှ ထွဋ်သီချင်းကောင်းများ စုစည်းမှု

https://youtu.be/D6kwhAkeSuc?is=S6wa-WngON3pgp-S

ဝီကီပီးဒီးယား မှ

အလင်္ကာကျော်စွာ စန္ဒရား ချစ်ဆွေ (ဇွန် ၁၉၃၅-၂၀၀၅) သည် ရေး၊ ဆို၊ တီး စွယ်စုံရ မြန်မာ အနုပညာရှင် ဖြစ်သည်။

ငယ်ဘဝ

တေးရေးတေးဆို ဂီတပညာရှင် စန္ဒရား ချစ်ဆွေကို ၁၂၉၇ ခု နယုန်လ (၁၉၃၅ ဇွန်)နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ အဖ စန္ဒရားဆရာ ဦးဘလှိုင်၊ အမိ ဒေါ်ကျင်စိန်တို့မှ မွေးဖွားခဲ့သည်။[၁] မွေးချင်း ၄ ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ စန္ဒရား ချစ်ဆွေကို မွေးဖွားသည့်ညက ဟင်္သာတမြို့ရှိ ရှရာဖ်ရုပ်ရှင်ရုံ (နောင်တွင် ထွန်းလင်း စီနီမာရုံ)တွင် အေဝမ်းဖလင်မှ မြခွာညို အသံတိတ် ရုပ်ရှင်ဇာတ်ကားပြသနေချိန်နှင့် ကြုံကြိုက်၍ ယင်းဇာတ်ကားမှ အဓိကဇာတ်ကောင် မင်းသား ရဲခေါင်ချစ်ဆွေ (ချစ်ရွှေ)ကို အမှတ်အသားပြုကာ ထိုရုံတွင် တီးဝိုင်းခေါင်းဆောင်ဖြစ်သော ဖခင်ဦးဘလှိုင်က သားကြီးဩရသကို ချစ်ဆွေဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ [၂]

အနုပညာခရီး

စန္ဒရားတီးကို ဖခင်ထံမှ သင်ယူခဲ့ပြီး ၁၉၄၉ ခုတွင် ရန်ကုန်ရောက်လာသည်။ အသံတိတ်ရုပ်ရှင်၌ တီးနည်းကို စန္ဒရား ညွန့်လှိုင်၊ စစ်ကိုင်းလှရွှေတို့ထံမှ သင်သည်။ စန္ဒရားချစ်ဆွေ၏ ဂီတဆရာများမှာ ဖခင် ဦးဘလှိုင်၊ ဟင်္သတမြို့ ငွေတိုက်ဝန်ထောက် ဦးစု၊ စောင်းနှင့် စန္ဒရားဆရာကြီး ဦးထွန်းဖေတို့ ဖြစ်သည်။ စန္ဒရားချစ်ဆွေသည် ၁၀-နှစ်သားအရွယ်တွင် ဖခင်နှင့်အတူလိုက်ပြီး ရုပ်ရှင်ရုံတွင် စန္ဒရားတီးခတ်သည်။ ၁၉၄၉-ခုနှစ် အသက် ၁၄-နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ထိုတွင် မစ္စတာဘင်ဟုတ်နှင့် ခတ္တရာအေးတို့ထံတွင် ဂီတအနုပညာကို ဆည်းပူးသည်။ 

ထို့နောက် စန္ဒရားချစ်ဆွေသည် ပြဇာတ်ခေတ် ဝင်းဝင်းရုံတွင် ဂီတပညာရှင် ရွှေပြည်အေး၏ ကွတ်ကဲမှုအောက်ဝယ် စန္ဒရားကို ပထမဆုံးဝင်ရောက် တီးခတ်သည်။ ဆက်၍ စန္ဒရားဆရာ ဂီတာညွန့်ခေါ် ဦးဘညွန့်နှင့် စန္ဒရား စစ်ကိုင်းလှရွှေထံတွင် ရုပ်ရှင်နှင့် ပတ်သက်သော ဂီတအနုပညာရပ်များကို ဆည်းပူးသည်။ ဤသို့နှင့် စန္ဒရားချစ်ဆွေသည် သွင်၊ ဘုရင့်ရုံ၊ ရာဇ် (ရဲရင့်)၊ ရီဂျင့် (ရှေ့ဆောင်)၊ ဂျမား၊ လွင်လွင်၊ မော် ရုပ်ရှင်ရုံများတွင် လိုက်လံ၍ စန္ဒရားတီးခတ်ခဲ့သည်။ ဤတွင် ဥဩဘသောင်၊ သထုံဘသိန်း၊ ပဲရော့ဘသန်းလေး၊ ကိုသန်းဖေ၊ ကိုစောလှိုင်၊ တေးလုလင်ရဲနောင်၊ ကိုသန်းတင်၊ ကိုနီ၊ စိန်ပါတီ၊ ဟင်္သာကြည်၊ ဒေါ်နု၊ ဒဂုန်ခင်၊ ခင်ခင်ညွန့်၊ ရွှေမြိုင်ကြည် စသည့် ဂီတအနုပညာရှင်များနှင့် တွဲဖက်လုပ်ကိုင်ခဲ့၍ ဂီတပညာရပ်များကို လေ့လာသင်ကြားခွင့် ရခဲ့သည်။ 


ချိုတေးရှင်၊ လေလှိုင်းသံ၊ တေးဗိမာန် တူရိယာအဖွဲ့များတွင် စန္ဒရားတီးသည်။

ရေးသား သီဆိုခဲ့သော သီချင်းများ

ခေါင်းစဉ်တေးရေးတေးဆိုမှတ်ချက်အင်းယား အမှာတော်ပုံ [၃]ကိုမြတ်လေးစန္ဒရား ချစ်ဆွေမောင့်အချစ်မြှားစန္ဒရား ချစ်ဆွေမာမာအေးခက်ခက်ကိုမှ လိုချင်တယ်ကိုလေးညွန့်စန္ဒရား ချစ်ဆွေချစ်ရက်ကယ်နှောင်းစန္ဒရား ချစ်ဆွေစန္ဒရား ချစ်ဆွေစိတ်တိုင်းကျဖြစ်ရစေမယ်ချစ်အား ငယ်ရသူမယ်စန္ဒရား ချစ်ဆွေစန္ဒရား ချစ်ဆွေချောကလျာပြည်သိမ်းဆွေစန္ဒရား ချစ်ဆွေချစ်သူ ဝေးဝေး မသွားပါနဲ့လားစန္ဒရား ချစ်ဆွေစန္ဒရား ချစ်ဆွေမေတ္တာအသဲလေးများစန္ဒရား ချစ်ဆွေစန္ဒရား ချစ်ဆွေမေတ္တာနုနု စေလိုသူစန္ဒရားချစ်ဆွေထားမေတ္တာနုနု စေလာရင်စန္ဒရားချစ်ဆွေမုန်းဆက်ဆက် မရွယ်စန္ဒရား ချစ်ဆွေစန္ဒရား ချစ်ဆွေ၊ထားမုန်းစိတ်မရည်ရွယ်ခင်ယုမေ

စန္ဒယား ချစ်ဆွေချစ်ရင်လဲ ပြုံးပါကွယ်စန္ဒရား ချစ်ဆွေနွဲ့လေးကြယ်ပွင့်ကလေးများ မချစ်ဝံ့ပြီစန္ဒရား ချစ်ဆွေပျဉ်းမနား ကိုမြင့်ချစ်သံသယစိတ် ဝင်မိတယ်စန္ဒရား ချစ်ဆွေကိုတင်လှိုင်တစ်ကမ္ဘာခြားလဲ ချစ်နေမယ် တစ်ယောက်တည်းစန္ဒရား ချစ်ဆွေကိုမင်းနောင်ဗေဒါရဲ့ ဗေဒါလမ်းစန္ဒရား ချစ်ဆွေကြည်ကြည်ဌေးသဇင်နှစ်ခက်ပြိုင်မွှေးလွန်းသည့် ပန်းဘိုကလေး တင့်အောင်စန္ဒရား ချစ်ဆွေသံသရာခရီးသည်စန္ဒရား ချစ်ဆွေအောင်လင်းမေ့ကွက်ကို ရှာစန္ဒရား ချစ်ဆွေမာမာအေးချစ်အရိပ်စန္ဒရား ချစ်ဆွေ

ခင့ညွှန့်ရည်

အမုန်းခွန်အား ပေးသနားပါ

မောင်ဆွေနွယ်

တချစ်ရှာရှာမေတ္တာစေကျွန်စန္ဒရား လှထွတ်စန္ဒရား ချစ်ဆွေတိမ်တမန်စန္ဒရား လှထွဋ်စန္ဒရားချစ်ဆွေမိုးအလင်ကာကျော်စွာရွှေပြည်အေးခရေပင်အောက်က ပိတောက်ချစ်သူပျဉ်းမနားမြင့်လှိုင်စန္ဒရား ချစ်ဆွေအလွမ်းနွေကို စမ်းရေထဲမှာ မျှောလိုက် မယ်အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇောစန္ဒရား ချစ်ဆွေငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာစန္ဒရား ချစ်ဆွေမာမာအေးပုံပမာစန္ဒရား ချစ်ဆွေချစ်လိုလျက်နဲ့ ဝေးစန္ဒရား လှထွတ်စန္ဒရား ချစ်ဆွေချစ်ရသည်က အသက်ထက်ဆုံးကိုသန်းလှိုင်စန္ဒရား ချစ်ဆွေတူတူညီညီ ရီရီပြုံးပြုံးစန္ဒရား ချစ်ဆွေအေးလွင်အောင်၊နှင်းရီသန့်စိန်ပန်းပြာနဲ့ ဝေးသူရယ်စန္ဒရား ချစ်ဆွေကိုတင်လှိုင်ဒီမွေးနေ့မင်္ဂလာငြင်းပယ်မှာပဲ စိုးမိတယ်ကိုမြတ်လင်းစန္ဒရား ချစ်ဆွေပြန်လည်ဆုံစည်းကြမယ် အချစ်ရယ်အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇောစန္ဒရား ချစ်ဆွေမျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါဂီတာဖေဝင်းစန္ဒရား ချစ်ဆွေအိပ်မပျော်သော ညများစန္ဒရား လှထွတ်စန္ဒရား ချစ်ဆွေပိတောက်လမ်းစန္ဒရား ချစ်ဆွေစန္ဒရား ချစ်ဆွေချစ်သူတို့ဘဝစန္ဒရားကိုလေးလှိုင်စန္ဒရားချစ်ဆွေအိုဘယ့်ဌက်ငယ်ချစ်ဧည့်သည်စန္ဒရား ချစ်ဆွေလက်ပံတန်း သန်းတင်နံ့သာမြိုင်ကချစ်ဧည့်သည်အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇောစန္ဒရား ချစ်ဆွေတိတ်တခိုးမေတ္တာစန္ဒရား ချစ်ဆွေစန္ဒရား ချစ်ဆွေ

္|ဆောင်းစန္ဒရား ချစ်ဆွေမာမာအေးရေလိုအေးတဲ့

ေနွလေးတစ်နွေမောင်ဆွေနွယ်စန္ဒရား ချစ်ဆွေမနက်ဖြန်မှဆက်၍ငိုမယ်စန္ဒရားချစ်ဆွေမာမာအေး?ချစ်ရေးခက်ခက်ကိုလေးညွန့်စန္ဒရား ချစ်ဆွေမင်းမျက်လုံးအိမ်ထဲမှာကိုယ့်အရိပ်အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇောစန္ဒရား ချစ်ဆွေဆောင်ဘုရင်မလေးနှင်းကိုလေးညွန့်စန္ဒရား ချစ်ဆွေချစ်သူ့ဝိညာဉ်ချိုတေးဆက် ကိုအောင်ကိုးစန္ဒရား ချစ်ဆွေမေ့အချစ်မစစ်လို့လားစန္ဒရား ချစ်ဆွေဟေမာန်နှင်းကြွေ မှာတမ်းစေစန္ဒရား ချစ်ဆွေထားကြင်နာသူနှင့် ထျှောက်ပါမည်စန္ဒရား ချစ်ဆွေကိုတင်ကိုး၊တငိတင်မြပန်းတံတားလေးဝယ်ဂီတစာဆို စိန်မောင်မြင့်စန္ဒရား ချစ်ဆွေ+

အေဝမ်းတင်တင်လှယောကျ္ားတွေကိုမမုန်းမိသေးပါစန္ဒရားချစ်ဆွေမာမာအေးသည်နွေ မိုးဆောင်းပြောင်းသော်လည်းစန္ဒရား မြဦးစန္ဒရား ချစ်ဆွေတစ်ကမ္ဘာမခြားသေးပါဘူးကိုမြတ်လင်းစန္ဒရား ချစ်ဆွေမေတ္တာမွန်ဖြင့်အောင်နိုင်သူမောင်လွမ်းပြေစန္ဒရား ချစ်ဆွေလှယမင်းနှင့်တွေ့ဆုံခြင်းရွှေဖြူးလွင်သစ္စာစန္ဒရား ချစ်ဆွေချစ်သောသူတစ်ယောက်ဦးကျော့မှူးစန္ဒရား ချစ်ဆွေ

ကိုးကား

  1. ဝန်ဇင်း (၁၉၇၅) “ဂီတအဘိဓာန်”
  2. (၂၀၀၆)စွယ်စုံကျမ်းနှစ်ချုပ်၊ စာ-၁၈၀
  3. မောင်ခင်မင် (ဓနုဖြူ)။ “အင်းယား အမှာတော်ပုံနှင့်အတူ”။ ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း။ အတွဲ ၂၂၊ အမှတ် ၆။ ၂၀၀၈၊ ဇွန်။

ကဏ္ဍများ

ရေးသား သီဆိုခဲ့သော သီချင်းများ









ဆေင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် https://youtu.be/dZhUJAZe0Vw?si=Vl4GYix8PCyn6za7