Great Days of the Year မြန်မာ ဗုဒ္ဓ ဘာသာဝင် များ၏ ထူးခြားထင်ရှား နေ့ထူးနေ့မြတ်များ နှင့် ၁၂ လရာသီမြန်မာပြည် ။

ရီရီသန့်၏ ကဆုန်လပြည့်ဗုဒ္ဓနေ့ ဓမ္မသီချင်း

https://youtu.be/ANIfzAeRlwE?si=2BRvlHjapDNS_IzH

ကဆုန်လပြည့် (ဗုဒ္ဓနေ့) သည် ကမ္ဘာတစ်ဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ဤနေ့ကို “ဝိသာခါနေ့” (Vesak Day) ဟုလည်း ခေါ်ဆိုကြပြီး ထူးခြားချက် (၃) ရပ် ဆုံစည်းနေသောကြောင့် ဗုဒ္ဓနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည် –
ဖွားမြင်တော်မူခြင်း: ဂေါတမဗုဒ္ဓအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။
ဘုရားအဖြစ်သို့ ရောက်ရှိခြင်း: အလောင်းတော်မင်းသားသည် သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားအစစ် ဧကန်ဖြစ်တော်မူသည်မှာလည်း ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဖြစ်သည်။
ပရိနိဗ္ဗာန်စံတော်မူခြင်း: မြတ်စွာဘုရားရှင် သက်တော် (၈၀) အရွယ်၌ ပရိနိဗ္ဗာန်စံဝင်တော်မူသည်မှာလည်း ကဆုန်လပြည့် အင်္ဂါနေ့တွင် ဖြစ်သည်။
မြန်မာ့ရိုးရာအရ ဤနေ့တွင် ညောင်ရေသွန်းလောင်းပွဲ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ အလွန်ပူပြင်းသော ကဆုန်လရာသီတွင် မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေလောင်းကာ ပူဇော်ကြခြင်းဖြင့် ကုသိုလ်ယူကြလေ့ရှိသည်။
ထို့အပြင် ဗုဒ္ဓဘာသာဝင်များက ဤနေ့၌ သီလဆောက်တည်ခြင်း၊ ပုတီးစိပ်ခြင်း၊ မေတ္တာပို့သခြင်းနှင့် ကုသိုလ်ကောင်းမှုပြုခြင်းတို့ဖြင့် မြတ်စွာဘုရားကို ရည်မှန်းကာ ပူဇော်ကြလေ့ရှိပါသည်။

ကဆုန်လပြည့်

ရီရီသန့်

ဓမ္မသီချင်း

ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်း ၊( ပါမောက္ခချုပ်ဆရာတော် )

https://youtu.be/gdwjTXE0Mmo?si=8JIqRWtgrnEvYILI

ဗုဒ္ဓဘာသာတိုင်း သိသင့် သိထိုက်သည့်
ဗုဒ္ဓနေ့ ဖြစ်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့
အကြောင်းအရာတွေကို
သိထားသင့်ပါတယ်။
ကဆုန်လပြည့်နေ့ဟာ မြတ်ဗုဒ္ဓဂေါတမဘုရား
ဘယ်လို ကုသိုလ် ပါရမီတွေဖြည့်ခဲ့ရသလဲ
ဘာတွေလုပ်ခဲ့သလဲ ဆိုတာတွေ၊ ဗျာဒိတ်တော်ခံ၊
ဖွားမြင်တော်၊ ဘုရားဖြစ်၊ ပရိနိဗ္ဗာန်စံ စသည့်
အကြောင်းအရာတွေကို သိရှိရမှာပါ ဖြစ်ပါတယ်။

တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဆရာတော်ကြီး
ဟော်ကြားတော်မူသော ” ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းတရား”
ဒေသနာတော် ဖြစ်ပါတယ်။

ကဆုန်လပြည့်နေ့အကြောင်းသိကောင်းစရာများအပြည့်အစဒ့( ဓမ္မလုလင် Post)

https://youtu.be/AJcGAybpttg?si=xbrSl7yruJTF5ZgI

မှတ်ချက်။ စာတန်းထိုးဖြင့် ကြည့်ရှုလေ့လာမှတ်သားလိုပါက subtitles cc ကို နှိပ်ပါ။

ကဆုန်လပြည့် (၅)နေ့’

၁။ ‘နိယတဗျာဒိတ်ယူသည့်နေ့’🌸 လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

၂။ ‘ဘုရားမွေးဖွားသည့်နေ့’🌻 မဟာသက္ကရာဇ် - (၆၈)၊ ကဆုန်လပြည့်။ (သောကြာနေ့)

၃။ ‘ဘုရားဖြစ်သည့်နေ့’🌺 မဟာသက္ကရာဇ် - (၁၀၃)၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)

၄။ ‘ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့’ 🌷 မဟာသက္ကရာဇ် - (၁၀၄)၊ ကဆုန်လပြည့်။

၅။ ‘ပရိနိဗ္ဗာန်စံသည့်နေ့’ 🌼 မဟာသက္ကရာဇ် - (၁၄၈)၊ ကဆုန်လပြည့်။ (အင်္ဂါနေ့) 'ဖွား, ပွင့်, ဟော, စံ' ဗျာဒိတ်ခံ မှတ်ရန်

ကဆုန်လပြည့်နေ့’ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့

နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ဖြစ်ပါတယ်။
‘ဘာကြောင့်လဲ’ဆိုတော့

၁။ ‘ဆု’🌸 ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ

‘ဒီဘဒ္ဒကမ္ဘာမှ (လေးဆူ)မြှောက် ဂေါတမဘုရား
စင်စစ် ဖြစ်လိမ့်မယ်’လို့ ဒီပင်္ကရာမြတ်စွာဘုရား
ထံ ဘုရားဆုပန်ပြီး ဗျာဒိတ်ခံယူတဲ့နေ့ဟာ
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။

၂။ ‘ဖွား’🌻 ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထ

မင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့ဟာလည်း
မဟာသက္ကရာဇ်( ၆၈)ခု ကဆုန်လပြည့်နေ့
ဖြစ်ပါတယ်။

၃။ ‘ပွင့်’🌺 ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်

မှာ ဘုရားဖြစ်တဲ့နေ့လည်း မဟာသက္ကရာဇ်
(၁၀၃)ခု၊ ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ်။

၄။ ‘ဟော’🌷 ဂေါတမဘုရားရှင် ဗုဒ္ဓဝင်အကျဥ်းကို

ဟောသည့်နေဟာ မဟာသက္ကရာဇ် (၁၀၄)
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။

၄။ ‘စံ’🌼 ဂေါတမဘုရား ပရိနိဗ္ဗာန်စံတဲ့နေ့လည်း

မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်နေ့သာ
ဖြစ်ပါတယ်။

၅။ ‘ဗျာဒိတ်ခံ’🌸 ဘုရားလောင်းတော် သုမေဓာရှင်ရသေ့ဟာ

ဒီပင်္ကရာမြတ်စွာဘုရားထံ ဘုရာဆုပန်ရာ
‘ဒီဘဒ္ဒကမ္ဘာတွင် လေးဆူမြောက် ဂေါတမဘုရား
ဧကန်စင်စစ်ဖြစ်လိမ့်မယ်’ဟု နိယတဗျာဒိတ်
ခံယူတဲ့နေ့ဟာလည်း ဒီကဆုန်လပြည့်နေ့
ဖြစ်ပါတယ်။ ဒါကြောင့် နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်

လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်များအနေဖြင့်
ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားများကို
ပွားများလာအောင် အားထုတ်နိုင်ကြပါစေ။

‘ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်း
စရာများ’

၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်
နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိ
ပင်၊ စံဝင် နိဗ္ဗာန်နန်း)ဆိုသည်နှင့်အညီ သုံးလော
ကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍
ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း၊ ဖွားမြင်တော်မူ
သောနေ့ဖြစ်ခြင်း၊ ဘုရားဖြစ်တော်မူသောနေ့
ဖြစ်ခြင်း၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ခြင်း၊
ဤထူးခြားချက် လေးမျိုးတို့နှင့် တိုက်ဆိုင်နေ
ပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးတို့နှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို ‘ကဆုန်လပြည့်
ဗုဒ္ဓနေ့’ဟု အမွှန်းတင်ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို
အောင်မြင်တော်မူသောကြောင့် ဤနေ့ကို ‘ကဆုန်
လပြည့် မာန်အောင်နေ့’အဖြစ် ဗုဒ္ဓဘာသာဝင်တို့
၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြ၍
ကဆုန်လပြည့်နေ့ကို ‘ဝိဆခ်ဒေး’ဟု ခေါ်ကြပါ
သည်။ ‘ဝိသာခါဒေး’ဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော
နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့
၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို
ရေသွန်းလောင်းလေ့ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗုညုတဥာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖတ်တော်
(၇)ပါးတွင် စာရင်းဝင်ခြင်းဖြစ်သောကြောင့် ထူး
ခြားသော သစ်ပင်တစ်မျိုးဖြစ်ပါသည်။ ဤကဲ့သို့မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်
၌ ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ဆယ့်နှစ်ရာသီပွဲတော်များအနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲ
တော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်။

၇။ ‘အသနဗောဓိယမထေရ်’၏ အလောင်းသည်
တိဿဘုရားရှင်၏ ဗောဓ်ိပင်ကိုစိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌နတ်ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်လေးပါးမှ လွတ်
ကင်းရခြင်း အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်)ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည်
ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည့်၌
ဖြစ်ရခြင်း၊ အနာရောဂါမဖြစ်ခြင်း၊ သောကကင်း
ဝေးခြင်း၊ စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း
၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓ
အဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်၊ ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာ
အမူ့ကိုပြုလုပ်၍ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အမှတ်
တရ ဆင်နွှဲကြပါသည်။

မာဂဓီ(သာစည်)၏
[အခါတော်နေ့များ]စာအုပ်မှ

============================================================
မင်္ဂလာပါ … ဤချန်နယ်မှ တင်ဆက်သောဗီဒီယိုများသည် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဗဟုသုတ အကြောင်းအရာများအား လေ့လာသင်ယူနိုင်စေဖို့ နှင့် နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာ တရားအလုပ်များအားထုတ်နိုင်စေရန် ရည်ရွယ်ပါသည်။

Hello… The videos presented by this channel are intended to help you learn the knowledge related to Theravada Buddhism and to strive for enlightenment.

ကဆုန်လပြည့်ဗုဒ္ဓနေ့

https://youtu.be/hmv3qkVXTZU?si=DNMVgZ3hkiJis9C0

အောင်စင်္ကြာဆရာတော် (ဘဒ္ဒန္တစန္ဒောဘာသ) ဟောကြားတော်မူသော ‘ကဆုန်လပြည့် ဗုဒ္ဓနေ့’ တရားတော် ဖြစ်ပါသည်။
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ ထူးခြားသည့် မင်္ဂလာ (၄) ပါးနှင့် ပြည့်စုံသောနေ့ ဖြစ်ပါသည်။ ဆရာတော်ကြီးမှ ဤနေ့၏ အနှစ်သာရများကို ဗဟုသုတရဖွယ်၊ ကြည်ညိုဖွယ် ဖြစ်အောင် ဟောကြားထားပါသည်။ ညအိပ်ရာဝင်ချိန်တွင် နာယူခြင်းဖြင့် ဗုဒ္ဓါနုဿတိဘာဝနာပွားများရာ ရောက်ပြီး စိတ်အေးချမ်းမှုကို ရရှိစေနိုင်ပါသည်။

အောင်စင်္ကြာဆရာတော် #ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့ #တရားတော်များ #ညချမ်းတရားတော် #အသိတရား #DhammaTalk #MyanmarSayadaw #VesakDay #BuddhaDay”

အောင်စင်္ကြာဆရာတော် #ကဆုန်လပြည့် #ဗုဒ္ဓနေ့ #တရားတော် #ဓမ္မ #ညချမ်း #မင်္ဂလာ #Buddhism #Dhamma #Wisdom #Blessings#တရားတော်#တရားတော်များ#ငြိမ်းချမ်းရာလမ်း#thewayofpeace#ညချမ်းတရားတော်#ညချမ်း#ညခင်းတရားတော်#ညတိုင်းဖွင့်#ညခင်းတရား#လပြည့်

ဘာသာ

မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော် နေ့ တပေါင်းလပြည့် နေ့ ( သို့ ) အဖေများနေ့ # တပေါင်းလပြည့် #