တစ်ခေတ်တစ်ချိန်က တော်ခဲ့ကြတဲ့မြန်မာတွေ
မောင်မာဃ Facebook post
ရင်ထဲအထိရောက်သွားသောစာတအုပ်၃
တဆက်တည်းမှာမြန်မာပြည်ရဲ့ဆေးပညာလောကဟာတချိန်တုန်းကဘယ်လောက်အဆင့်မြင့်ခဲ့တယ်ဆိုတာဒီစာအုပ်ဖတ်ရပြီးမှတအားအံ့သြလက်ဖျားခါမိတာကိုပြောပြချင်ပါတယ်
ဆရာကိုအကြောင်းအမျိုးမျိုးနဲ့ပြန်မတွေ့ရပေမဲ့
ဆင်စွယ်နဲ့အရိုးတုလုပ်ပြီးကမ္ဘာကျော်သွားတယ်ဆိုတာတွေတော့သိရပါတယ်
ဆရာနဲ့ကျန်တော်နဲ့ဒုတိယအကြိမ်ကြီးစွာပတ်သက်ရလိမ့်မယ်လို့တော့မထင်မိ
သို့သော်ပတ်သက်ရပြန်ပါတယ်
သူ့ပညာနဲ့ပါ
သူ့ပညာဟာအဲဒဖိအချိန်ကကမ္ဘာမှာပါရှေ့ပြေးနေတာ
နေရာအနှံ့ကသူ့လုပ်တာတွေပိုအတုယူလုပ်နေကြရတယ်
ကျန်တော်တို့နားကနိုင်ငံတွေအကုန်ပါတယ်
မောင်မာဃ၁၉၉၀ကျော်မှာစင်ကာပူကိုအလုပ်ကထွက်ပြီးသွားခဲ့ပါတယ်
သွားရတဲ့တခုတည်းသောရည်ရွယ်ချက်က
တအားနာနေပြီဖြစ်တဲ့တင်ပဆုံရိုးကိုအလုပ်လုပ်ရင်း
Total Hip Replacement
ခွဲစိတ်ကုသမှုရယူဖို့ပါ
အပြင်မြန်မာနိုင်ငံသားတယောက်အနေနဲ့စင်ကာပူကိုသွားကုသဖို့ငွေကျန်တော့်မတတ်နိုင်ပါ
အလုပ်လုပ်ရင်းသူတို့insurance
Medisaveတွေနဲ့ဆိုရင်ကုသနိုင်မယ်လို့မှန်းဆရလို့ထွက်လာခဲ့တာပါ
တကယ်တော့စင်ကာပူမသွားခင်မြန်မာပြည်မှာခွဲဖို့ပြသစီစဥ်ပြီးသား
အရိုးဆရာ၀န်ကိုကိုယိကလျှာရှည်ပြီးဆရာဘယ်လိုခွဲမှာလဲမေးမိတော့
ဂလိုလေ
ပေါင်ရိုးကိုဖြတ်
လှည့်
စားနေတဲ့နေရာကိုပြောင်း
၀က်အူနဲ့ပြန်စုပ်
ဂလိုလုပ်မှာ
ဟာ..ဆရာခွဲပုံကြီးကstrengthမကောင်းလိုက်တာ
ကဲ..ဘယ်နှစ်နှစ်လောက်
သက်တမ်းခံမလဲ
မေးတော့
၂နှစ်ခံမယ်တဲ့
၂နှစ်ပြီးတော့ရောဆိုတော့
ချိုင်းထောက်နဲ့ပေါ့ဗျာတဲ့
တော်ပါသေးရဲ့မခွဲဖြစ်
မဟုတ်ရင်အခုဆိုချိုင်းထောင့်မက wheel chairတောင်စီးရမလားမသိ
အဲဒါနဲ့total hip replacement
လုပ်နိုင်
ရာစင်ကာပူကိုချီတက်ရပါတယ်
နာကျင်လှတာတွေကိုအောင့်ခံပြီး၁၉၉၆ခုနှစ် National University Hospitalမှာခွဲနိုင်ခဲ့တယ်အခု၂၀၂၆ဆိုတော့အနှစ်၃၀ရှိပြီ
အကောင်း
ချိုင်းမထောက်ရသေး
ဒီနေရာမှာပြောချင်တာက
စင်ကာပူမှာခွဲပြီးပြန်လာသည်အထိငါဟာမြန်မာပြည်မှာမရှိသေးတဲ့ကုသမှုကိုရအောင်စင်ကာပူကိုသွားလုပ်ရတာလို့ထင်ခဲ့မိတာပါ
ဆရာ့အကြောင်းတွေကိုစင်ကာပူကပြန်လာမှဖတ်မိတယ်
အခုစာအုပ်ဖတ်ရတော့အသေးစိတ်သိရတယ်
ဆရာကtotal hip replacementကိုဆင်စွယ်သုံးပြီးခွဲတာ၁၉၆၀ကတည်းကစနေတာတဲ့
သူတယောက်ထဲလူ၃၀၀လောက်ခွဲပေးတယ်
စင်ကာပူမှာမောင်မာဃခွဲပြီးတဲ့အခါ
ဆရာ၀န်က
၁.ဆောင့်ကြောင့်လုံး၀မထိုင်ပါနဲ့
၂.ပေါင်ကို၉၀ံထက်ပိုမချိုးပါနဲ့
၃.နဲနဲဖျားတာနဲ့antibiotic သောက်ပါ
၄.သက်တမ်းကအနှစ်၂၀လောက်ခံမယ်
ဆရာဦးစံဘော်လူနာတွေအကြောင်းဖတ်ရတယ်
ဟားဟား
ဆောင့်ကြောင့်ထိုင်စမ်း
တင်ပလ္လင်ခွေထိုင်စမ်း
ဘောလုံးကန်စမ်း
ခွင့်ပြုတယ်
သက်တမ်းလား၅၃နှစ်အခုရှိသေးတယ်
၁၉၆၀ခုနှစ်ရဲ့မြန်မာ့ဆေးပညာအဆင့်
လက်ဖျားခါမိတယ်
ဆရာသာမကွယ်လွန်ရင်total hip replacement
ဆရာနဲ့လုပ်ဖြစ်မှာသေချာတယ်
ဒီtechnologyကိုဆရာဦးကျော်မြင့်နိုင်ဆရာဦးမိတ်တို့လိုတပည့်တွေလဲတတ်
ထမင်းစားရေသောက်ခွဲနေကြတာ
၁၉၆၀လွန်..နေ၀င်းမဖျက်ခင်မြန်မာပြည်အဆင့်
နောက်တခုကုန်ကျစရိတ်
၁၉၆၀မှာပထမဆုံးခွဲတဲ့လူနာကအသက်၈၃နှစ်စစ်ကိုင်းကသီလရှင်ကြီးဒေါ်ပုည
သူ့အတွက်ဆင်စွယ်ရိုးကိုပန်းပုဆရာကြီးဦးတင်မောင်ဆိုသူကထုပေးတယ်
ကုန်ကျစရိတ်ကို
လူထုဒေါ်အမာကလှုပေးတယ်
ဘယ်လောက်ကျသလဲ
မြန်မာငွေ၁၀၀ိမကျော်
ထားပါလေ
ရွှေ၁ိသားဖိုးပေါ့
အခုစျေးနဲ့တွက်ရင်တောင်သိန်း၁၀၀ပတ်ချာလည်ဘဲကုန်မှာ
မောင်မာဃစင်ကာပူမှာခွဲတာ
ဘယ်လောက်ကုန်သလဲ
တချို့အချက်တွေကပြောမရပေမဲ့
အမတယောက်ဒူးခွဲတာစင်ကာပူဒေါ်လာ၈သောင်းကျော်ကုန်တယ်
HIPဆိုတော့ပိုခက်
ပိုကုန်တယ်ပေါ့
အဲလိုတိုးတက်ခဲ့တဲ့မြန်မာပြည်ပါ
နှမျောပါဘိ
ဆက်ရန်
မောင်မာဃ ၏ # ဆီးချိုမျှေ၀ #
၂၈နှစ်သက်တမ်းရှိ ဆီးချိုေ၀ဒနာသယ်တဦးရဲ့ မျှေ၀စေတနာ ။
၁ ။ ဆရာ၀န်ကောင်းတယောက်မွေးစားပါ….
၂ ။ ဆရာ၀န်ကောင်းဆိုတာ လူတယောက်စီဟာ သီးခြား characteristicရှိတာလက်ခံကြတယ် ။
၃ ။ ဆီးချိုနဲ့ဒုက္ခမတွေ့ရအောင်ဘယ်လိုနေမလဲ ။
၄ ။ monitoringအကြောင်း နှင့် Moniterလုပ်ရမှာထဲမှာ အရေးအကြီးဆုံးကHbA1C
၅ ။ စနစ်တကျ သွေးဖေါက်၍ ဆီးချိုစစ်နည်း ။
၆ ။ ဆီးချို အခြေအနေမှန်သိအောင် သေချာအာင်စစ်တဲ့နည်းများ ။
၇ ။ ဆီးချိုဖြစ်ရင် အရေးအကြီးဆုံးအချက်က အစားအသောက် ဖြစ်ပြီး အစားအစာကို ဘယ်လိုစားမလဲ ။
၈ ။ ကိုယ်လက် လှုပ်၇ှားလေ့ကျင့် ခန်းများလုပ်ပါ ။
၉ ။ ဆီးချိုကိို လန့်တာနဲ့တင်မရပ်ပါနဲ့ ။ ကြောက်ကိုကြောက်ပါ ။
#ဆီးချိုမျှဝေ နောက်ဆက်တွဲ- ၁
ဆီးချိုနဲ့metforminဆေး
Metforminဟာ တကယ်တော့ သိကြားဆေးဆိုရမလောက်ကောင်းတဲ့ဆေး ။
#ဆီးချိုမျှေ၀ နောက်ဆက်တွဲ – ၂
ဆီးချိုကြောင့်ကြွက်တက်တာ ဘယ်လို ကုစားဖြေ ရှင်းမလဲ ။
မောင်မာဃ ၏ # ဆီးချိုမျှေ၀ #
၂၈နှစ်သက်တမ်းရှိ ဆီးချိုေ၀ဒနာသယ်တဦးရဲ့ မျှေ၀စေတနာ ။
ဆီးချိုမျှေ၀ # ( ၁ )
ဆရာ၀န်ကောင်းတယောက်မွေးစားပါ….
(ကြိုက်သော်ယူလေ..ယူလျင်ဆီးချိုကိုအတော်တော့ထိန်းနိုင်ပါလိမ့်မယ်)
မောင်မာဃဆီးချိုဖြစ်တာ၂၈နှစ်ရှိပြီ ။
ကံကြမ္မာကြောင့်ဖြစ်တာလို့လဲပြောလို့ရပါတယ် ။
အမေ့ဘက်ကgeneticallyပါလာတာကတကြောင်း.. စင်ကာပူမှာကာလတခုကြာနေမိလို့တကြောင်းပါ ။
Geneကရှောင်မရပေမဲ့ စင်ကာပူမှာနေစဉ်ကာလမှာ အချိုရေတွေအများကြီးသောက်မိတာအများကြီးပါတယ် ။ သူကရှောင်လို့ရတယ် ။
ဘယ်လောက်သောက်သလဲဆိုရင် နေ့နေ့ညညအိမ်ပြန်ရောက်တာကလွဲလို့ရက်တိုင်းထမင်းစားတိုင်းအချိုရေနဲ့စားမိတယ် ။ ရေကအချိုရေထက်တဆလောက်စျေးကြီးသကိုး ။
မြန်မာပြည်မှာ သာဆက်နေဖြစ်ရင်ဆီးချိုဖြစ်ချင်မှဖြစ်မယ်ထင်ပါတယ် ။
အချိုရေကစျေးပိုကြီးတယ်လေ ။
အခုပြောချင်တာကဆီးချိုမဖြစ်အောင်ကာကွယ်တဲ့အကြောင်းမဟုတ် ။
ဖြစ်နေသူတွေ ကိုယ့်အသက်ကိုယ်ဘယ်လိုမွေးမလဲဆိုတဲ့အကြောင်းဖြစ်လို့
ကာကွယ်ဖို့မပြောတော့ဘဲ မဆိုးအောင်ထိန်းဖို့ဆက်ပြောပါ့မယ်ကိုယ်တွေ့ပါ ။
ကြိုက်သော်ယူလေ ။
၁.ဆရာ၀န်ကောင်းတယောက်မွေးစားပါ….
ဆီးချိုဖြစ်လာရင်ဆရာ၀န်လွန်စွာအရေးကြီးပါတယ် ။
ကိုယ့်ကိုဆေးဘယ်လိုသောက်ဆိုတာသူပြောရမှာ..
ဆေးတိုင်းမှာဆိုးကျိုးရှိတယ်လေ ။
နောက်ပြီးလူတဦးစီဟာတထပ်ထဲဘယ်တော့မှမတူ ၊
သူနဲ့တည့်တဲ့ဆေးဟာ ကိုယ်နဲ့တည့်ချင်မှတည့်မယ် ။
တခါက သမားတော်တယောက်ကိုပြပြဘူးတယ် ၊
သူကအဆီချဆေးတမျိုးပေးတယ် ၊
လက်ဖျံတွေညိုလာတာသတိထားမိတော့ ေဘာစိကအသည်းစစ်ခိုင်းတယ် ။
enzymeတွေတက်နေတယ် ။
သမားတော်ကိုပြန်ပြတော့ကျန်တော်အဲဒီဆေးနဲ့မတည့်ပါဘူးခင်ဗျာလို့ပြောတာ
ကိုယ့်ကိုဟောက်တယ်လေ ၊
မတည့်တာ တသက်လုံးတခါမတွေ့ဘူးဘူးတဲ့
သွေးစစ်တာတွေထုတ်ပြမှ ထူးဆန်းလိုက်တာလို့ရေရွတ်ပြီး ဆေးပေးတာရပ်တယ် ။
ကိုယ်လဲသူ့ကိုပြတာရပ်လိုက်ရတယ် ။
မရပ်ရင်တချိန်နှလုံးရပ်မှာစိုးလို့ပါ ၊
ပြမဲ့ဆရာ၀န်ရွေးတာတအားအရေးကြီးတယ် ။
ဆီးချိုဖြစ်ခါစကဆရာ၀န်တယောက်ကိုပြတယ်နာမည်ကြီးပါ ၊
ရေးဘူးပါတယ်
Metformin denkဆိုတာတိုက်တယ် ။
တပတ်လောက်၀မ်းချုပ်တယ် ။
၂ပတ်လောက်ချုပ်တော့လူကတအားမအီမသာဖြစ်ပြီးဆရာmetforminကြောင့်လားမသိ..ကျန်တော်တသက်လုံး၀မ်းမချုပ်တာအခု၂ပတ်လောက်ရှိပြီ ပြောတာကို ရီသွမ်းသွေးတယ် ။ ကြားဘူးပေါင်တဲ့ ။
ဆရာအခုကြားဖူးပြီလို့ မှတ်သာထားလိုက်တော့ဆရာရေ ၊
ဆိုသူ့ဆီလဲရပ်လိုက်ရတယ် ၊
လူနာကပညာတတ်…ချင့်ချိန်စွာပြောတာကို ရယ်သွမ်းသွေးတဲ့ဆရာ၀န်..
ငါဘဲမှန်တယ်မင်းမှားတယ်ဆိုတဲ့ဇွတ်ဆရာ၀န်..
ဘာပြောပြော ဟောက်မယ်ဆိုသူ ဆရာ၀န်တွေကိုမောင်မာဃရှောင်ပါတယ် ။
နောက်ဆုံး ဒေါ်သန်းသန်းအေးကို ကိုယ့်ဆရာ၀န်အဖြစ်ရွေးချယ်ဖြစ်ခဲ့တယ် ။
အခုဆို၂၇နှစ်ရှိပြီ ။
ဘာကြောင့်ေရွးဖြစ်တယ်ဆိုတာ အရင်ကလဲ ရေးပြဘူးတယ် အခု ထပ်ရေးပါ့မယ် ၊ နောက် တပိုစ်ပေါ့ ။
