HEALTH MATTERS BBC ကျန်းမာရေးရာ အဖြာဖြာ

ဘီဘီစီမြန်မာပိုင်း #ဦးနှောက်ကျန်းမာရေး #healthmatters

သတိမေ့လျော့တတ်တာ ဘာ့ကြောင့်လဲ၊ ဦးနှောက် ထိခိုက်ပျက်စီးရင် ဘာတွေ ဖြစ်လာနိုင်သလဲ။ မွေးကင်းစအရွယ်ကစလို့ အသက်ကြီးချိန်အထိ အရွယ်သုံးပါး သတိထား လိုက်နာသင့်တဲ့ ဦးနှောက်ကျန်းမာရေးအကြောင်း ယူကေနိုင်ငံက ဦးနှောက်နဲ့ အာရုံကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာ မင်းထွဋ်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။

ဘီဘီစီမြန်မာပိုင်း #ဦးနှောက်ကျန်းမာရေး #healthmatters

https://youtu.be/llQLRGZUcO8?si=lJT-h26I5aGxXbLU

ဆီးချို ရောဂွပိုဆိုးမလာအောင် ဘယ်လိုထိန်းမလဲ ။ BBC News Myanmar 2022


Likes 394,365Views 202214 Nov

နိုဝင်ဘာလ ၁၄ ရက်နေ့ဟာ ဆီးချို ရောဂါအကြောင်း ကမ္ဘာတဝန်း အသိပညာပေးတဲ့နေ့ဖြစ်ပါတယ်။ ဆီးချိုရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေ၊ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ရောဂါတွေ အကြောင်းနဲ့အတူ အထူးသဖြင့် ကိုဗစ်ကာလမှာ ခံနိုင်ရည်စွမ်း နည်းတဲ့ ဆီးချိုရောဂါသည်တွေအတွက် ဆီးချိုရောဂါ ပိုဆိုးမလာအောင် ဘယ်လို ထိန်းမလဲ ဆိုတာကို ယူကေနိုင်ငံက ဆီးချိုနဲ့ ဟော်မုန်း အထူးကု သမားတော်ကြီး ဒေါက်တာ ခင်ဆွေမြင့်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။ ဘီဘီစီမြန်မာပိုင်း

ဆီး ချို သွေးချိုအကြောင်းသိကောင်းစရာ

ဆီးချိုသွေးချိုအကြောင်း သိကောင်းစရာ ဆီးချိုသွေးချို အမျိုးအစားဘယ်နှစ်မျိုးရှိသလဲ… ဆီးချိုသွေးချိုကို ဘယ်လိုထိန်းသိမ်းကုသရမလဲ… ဆီးချိုသွေးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေလဲ… ဆိုတဲ့အကြောင်းအရာများနှင့် ပတ်သက်ပြီး ဆီးချိုနှင့် ဟော်မုန်းအထူးကုဆရာဝန်ကြီး ဒေါက်တာတင်နီလာဝင်း ပြောကြားထားတဲ့ ဗီဒီယိုကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီအစီအစဉ်ကို Metnova-500/850 နှင့် Ziglip-50/100 တို့မှ ဆီးချိုသွေးချို ကျန်းမာရေးဗဟုသုတအဖြစ် တင်ဆက်ပေးထားပါတယ်။