Canal Bank Protection Works

Gabion Boxes

ဖတ် စရာ မှတ်စရာ။ ( ၂၀၄ )
မှတ်ဖွယ် မှတ်ရာ
ဆည် မြောင်းရေးရာ
စာပဒေသာ

ရေ မြောင်း မြေသား နံ ရံ ကို ရေတိုက်စားပြီး မ ပြိုကျ ရေးမှာ
အသုံး ပြုခဲ့ သော သံစကာ ခြင်း Gabion Box

U Aye Myint Comments
And Experiences at ID Irrigation Department
On Gabion Box posted on Facebook by Min Aung Khaing

၂၁ ရာစုရဲ့အရုဏ်ဦး ကာလ ၂၀၀၂/၂၀၀၃ ခန့်မှာဆည်မြောင်းပင်စင်မယူခင်အချိန်တွေမှာ ပဲခူးစစ်တောင်း မြစ်အနီးက ရှမ်း ကိုင်းရွာဘေးနားမှာ စစ်တောင်းမြစ်အထွက် အဗျား ရှမ်းကိုင်း ေ၇နုတ် မြောင်းအဝမှာ ရှမ်း ကိုင်းရေတံခါး တည် ဆောက်ခဲ့ဘူးတယ် ။

စစ်တောင်းမြစ်ကလာတဲ့​ေရငန်မဝင်အောင်နဲ့ မိုးရာသီမှာရေထုတ်ဘို့ ရေငန်ဒေသမှာစိုက်ပျိုးရေ ရေချိုထိန်းလှောင်ဘို့ ဆောက်ခဲ့တာ ဖြစ် တယ် ။

ရှေ့ ကလူတွေ နေရာရွေးခဲ့ တဲ့ ရေတံခါးနေရာက မူလ စစ်တောင်းမြစ်ဟောင်းအကွေ့ ကြီးထဲမှာဖြစ်နေတာ နောက်မှသိ ခဲ့ရတယ်။
စစ်တောင်း မြစ်ဟောင်းကကောနေပြီးပင်လယ်နုန်းနှစ် နုနိး အနုတွေနဲ့ပြည့်နေလို့ ကုန်းမြေဖြစ်နေပြီ ။

ရေတံခါး ဆောက်တော့ ရေဝင်ရေထွက် ရေထုတ်ရတာ မို့ နုန်းနု ရေထွက်မြောင်းဘေးနံရံ ရေမတိုက်စားရအောင် မပျိုမလဲ ရအောင် ကြံဆခဲ့ရတယ် ။

ရန်ကုန်မှာ Geotextike ပစ္စည်း တွေမျိုးစုံ ရောင်းတဲ့ ကုမ္ပဏီ တစ်ခု ရှိနေပြီ ။ Gabion Box လို ပစ္စည်းတွေကို ကျိုက်ထီးရိုးတောင်ပေါ်မှာ မြေကာနံရံတွေမှာ သုံးနေပြီ ။

ကုမ္ပဏီ နဲ့ချိတ်ဆက်ပြီး Gabion Box ဝယ်သုံးဘို့ လုပ်ခဲ့တာ ၊ ရတဲ့ ခွင့်ပြု ရန်ပုံငွေနဲ့ဘယ်လိုမှ ဝယ်ယ်မသုံးနိုင်ခဲ့ဘူး။

နိုင်င့ခြားဖြစ်ာGabion Box ပုံစံနမူနာကို ကြည့်ပြီး ့မြန်ကောင်းသက်သာ နည်းနဲ့ ့ဗမာ ဖြစ် Gabion Box လုပ်ပြီး မုပ္ပလင်ကကျောက်တွေဝယ်ပြီး သံခြင်းထဲ ထဲထည့် ရေထုတ်ရေနုတ်မြောင်းနံရံတစ်လျောက် လေခါးထစ်ပုံ လုပ်ပြီး ပေ ၁၀၀ ခန့် မြေကာနံရံလုပ်ခဲ့တယ် ။

၂၀၀၉ မှာဆည်မြောင်း ပင်စင်ယူပြီး ၁၀နှစ်ကျော်အကြာမှာ ပြန်သွားကြည့်ခဲ့တာ မြောင်းဘေးနံရံ မြန်မာလုပ် Gabion box မှာ မြက်ပင်တွေနဲ့ဖုံးအုပ်လို့ နေတယ် ကျောက်ကြီးတွေမတွေ့ရတော့ဘူး ၊ ရှမ်းကိုင်းရေတံခါး ရေဝင်ထွက် မြော င်းတစ်လျောက် မှာ ရေတိုက်စားကမ်ူပြိုတာ မတွေ့ခဲ့ရဘူး။

မြန်မာနည်းမြန်မာ့ဟန်ဈေးသက်သက်သာသာနဲ့ ဆောင်ရွက်ခဲ့တဲ့ အကုန်အကျနည်းတဲ့နည်းက-
Gabion Box နိုင်ငံခြား သံစကာ တွေအစား အိမ်ခြံစည်းဂိုး ကာတဲ့ သံစကာ လိပ်ကို ဝယ် သုံး ခဲံံတယ်။ ခြ့စည်းရိုးသံစကာ၇ှည်ကြီးကို အလျား ၃ ပေ အမြင့် ၃ ပေ အလျားလိုက်ခေါက်၊ပြီး အလျား၃ ပေ အမြင့် ၃ ပေနြ့ ဘေးတိုက် ခေါက်ပြီး ၊ ၃ပေပတ်ခည် ခေါက်ထားတဲ့ အိမ်သု့း ခြံစည်းရိုး ၂ ခေါက်ကိုတွဲလိုက်တာ ဗမာဖြစ် Gabion Box ဖြစ်သွဦးပါလေရော။ မြန်ကောင်းသက်သာ အလွယ်လုပ်လို့ရခဲ့ပါတဘ်. ။

ထောင်လိုက်ခေါက်နဲ့ အလျားလိုက် ခေါက် သံစကာတွေကို တွဲပြီး ၃ ပေပတ်လည် သံစကာခြင်းအတွဲလိုက် လုပ်နိုင်ခဲ့တယ်. ခြင်းထဲကို မုပ္ပ ပလင်ကထွက်တဲ့ ကျောက် ကြီး တွေ သွားဝယ်ပြိး ခြင်းထဲ ထည့်သုံးခဲ့တာ ယနေ့တိုင် မပျက်မစီးရှိနေတာ​ေ တွ့ ခဲ့ရ ၊ သိနေခဲ့ ရပါတယ်

ဆည်မြောင်းက မြန်မာအင်ဂျင်နီယာရဲ့စိတ်ကူးပါ ။

၁၉၈၃ နယ်သာလန်မှာ နိုင်ငံခြား ပညာတော်သင် ဘဝမှာ ကျွန်တော် Geotextike တွေအကြောင်း စတင်တွေ့ခဲ့ဘူးပြီး ။ စတင်သင်ကြား ခဲ့ဘူးခဲ့ပါတယ် ။
ကိုယ့်နိုင်ငံမှာ လက်တွေ့ အသုံးချခွင့် ရခဲ့လိုက်တာ အခုပ်ကံကောင်းခဲ့ပါတယ်။

အေးမြင့် ( ညောင်တုန်း)
25 January 2025

ရည် ညွှနိး (၁)

Gabion Box
Posted by Min Aung Khaing on facebook

Gabion embankment ဆိုသည်မှာ မြေကုန်းမြင့်ကုန်းလျောတခု၏
အစွန်းတွင် မိုးရေတိုက်စားမှုကြောင့် ပြေလျောပျက်စီးလာနိုင်ခြင်းကို
ကာကွယ်ပေးသည့် အရံအတား တမျိုးဖြစ်သည်။

ခိုင်ခန့်သော
သံဇကာခြင်းကြီးထဲတွင် ကျောက်တုံးများကိုစီထည့်ထားကာ ကုန်းလျော
တလျောက်(သို့မဟုတ်) နံရံလျောက်တွင် (သို့) နံရံထိပ်တွင် ကာရံ
တည်ဆောက်ပေးထားခြင်းအားဖြင့် မိုးရေကြောင့် ပြိုပျက်ကျေမွလာသော
မြေမှုန်များ ပြင်ပသို့စီးဆင်းမသွားတော့ပဲ ကျောက်အကျိုအကြားတွင်
အရှိန်တန့်သွားခြင်း ကျောက်တုံးများကြား ပေါက်ရောက်သော
သစ်ပင်များတွင် ကပ်ငြိရပ်တန့်သွားခြင်းအားဖြင့် weathring / slope
protection ကို ကာကွယ်ရာလည်းရောက် မျက်စိပသာဒလည်း
တင့်တယ်စေပါသည်။

ရေကိုတားလိုလျှင် Geo fabric(textile)
ဟုခေါ်သော အဝတ်စကြီးကိုထည့်သွင်းကာရန်ထားပြီး ရေကိုစစ်
ကာ ဆက်စီးစေလိုလျှင် Geo textile မလိုအပ်ပေ။ကျနော်သွား
လာရင်း Bishan Park အတွင်းတွေ့ရသော Gabion Embankment
ကိုဖော်ပြလိုက်ပါသည်။

စင်ကာပူနေသူများ Marina Barrage
တွင်လည်း ထိုကဲ့သို့့ Gabion Embankment wall နံရံကြီး
ကိုတွေ့မြင်နိုင်ပါသည်..ချောင်းမြောင်းနံရံများတွင်
Gabion Embankment wall ကိုတည်ဆောက်ထားခြင်းဖြင့်
ရေကိုလည်း သန့်ရှင်းစေပါသည်။

ရည် ညွှန်း (၂ )

၂၁ ရာစုရဲ့ အာရုဏ္ကီးမှာတည် ဆောက် ခဲ့သော ဆည် မြောင်း ရေတံခါးများထဲမှ

ရှမ်းကိုင်းရေတံခါး၊ ဆည် မြောင်း ရေတံခါး သီချင်း

စံသွင် ( နမ္ပတူ ) ရေးဖွဲ့စပ်ဆို ခဲ့သည့် ဥဿာတိုင်းရဲ့ေရွှ ရှမ်းကိုင်း သီချင်း
( မြန်မာသီ ချင်းနှင့် English အင်္ဂလိပ် ဘာသာပြန် သီချင်း )