
( မန္ထလေး နေပြည်တော် လူထုစာအုပ်တိုက် မှ လူထူဒေါ်အမာမှ ပုံနှိပ် စာအုပ် ဖြင့် ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်သား စာအုပ်ကြီးအကြောင်း စတင် ရေးသား ဖေါ်ပြ ကာ စာအုပ်
ထုတ်ဝေ ဖေါ်ထုတ် ပြ ခဲ့သော နှစ် ( ၁၉၇၃ အောက်တိုဘာလ )

Kuthodaw Pagoda : The Workd’s Largest Book in Mandalay
https://youtu.be/jXYDNkxskVw?is=-ceyHQQwAjgtFegP
Join me on a serene journey to Kuthodaw Pagoda, located at the foot of Mandalay Hill in Myanmar.
Known as the World’s Largest Book, this pagoda houses 729 marble slabs inscribed with the complete Buddhist Tipitaka.
In this video, you’ll see:
• Stunning views of the white marble stupas
• The peaceful surroundings under shady trees
• Repairs after the 28th March 2025 earthquake
Recorded in September 2025
Please check the current situation in Myanmar before planning your visit.
🌿 Like, comment, and subscribe for more cultural and spiritual journeys!

kuthodawpagoda#kuthodaw #pagoda #mandalay #myanmar #myanmartravel #burma #travel #buddha #tipitaka #stupa #tourism

စာပေမိခင် လူထုဒေါ်အမာ ပထမဆုံး ဖေါ်ပြခဲ့သော မန္တလေးနေပြည်တော်ကုန်းဘောင်ခေတ် က မင်းတုန်းမင်းကြီး ကြံဆ တည် ထားကိုးကွယ်ခဲ့သော ကုသိုလ်တော်ဘုရားအတွင်းက စကျင် ကျောက်ပြားတွေပေါ်မှာ ရေးထိုး ထွင်းခဲ့သော ပိဋကတ် သုံးပုံ ကျောက်စာချပ်များ ၁၄၅၈ ချပ်
BBC Burmese News

၁
ကမ္ဘာ့အကြီးဆုံး စာအုပ် BBC Burmese News
https://www.facebook.com/reel/28855515114069731/?fs=e&fs=e

၂
ကျောက်သားပေါ်က ကမ္ဘာ့အကြီးဆုံး စာအုပ်
https://youtu.be/IasekXomIFE?is=gPSIGeJUvRcMcMaD
ကုသိုလ်တော်ဘုရားရဲ့ လျှို့ဝှက်သမိုင်း

https://youtu.be/IasekXomIFE?is=ZBEdXFU4dGsc0i1a

မန္တလေးတောင်ခြေက ကုသိုလ်တော်ဘုရားမှာ ပိဋကတ်တော်ကို စကျင်ကျောက် ခုနစ်ရာနှစ်ဆယ့်ကိုးချပ်ပေါ် ရေးထိုးထားပါတယ်။ မင်းတုန်းမင်းကြီးရဲ့ ရည်ရွယ်ချက်၊ ကျောက်ထုလုပ်ငန်း၊ ပဉ္စမသင်္ဂါယနာ၊ ကိုလိုနီခေတ်ပျက်စီးမှုနဲ့ ပြန်လည်ထိန်းသိမ်းခဲ့ပုံအထိ တင်ဆက်ထားပါတယ်။ သမိုင်းမြင်ကွင်းများသည် ဓာတ်ပုံအစစ်အထောက်အထားကို အခြေခံသော AI ပြန်လည်ပုံဖော်ချက်များ ဖြစ်ပါတယ်။ Hidden Document Myanmar

Explore Kuthodaw Pagoda in Mandalay, where 729 marble slabs preserve the Tipitaka as 1,458 stone pages. This documentary follows King Mindon’s vision, the carving process, the Fifth Buddhist Council, colonial-era damage, restoration, and UNESCO Memory of the World recognition. Myanmar narration with English subtitles; historical scenes are evidence-guided AI reconstructions.
KuthodawPagoda #WorldsLargestBook #Mandalay #KingMindon #Tipitaka #FifthBuddhistCouncil #MemoryOfTheWorld #MyanmarHistory #MyanmarCulture #BuddhistHistory #StoneInscriptions #HiddenDocsMM #ကုသိုလ်တော်ဘုရား #မင်းတုန်းမင်း #မြန်မာ့သမိုင်း
……………

၃
ကုသိုလ်တော်ဘုရား၊ရွှေကျောင်းနဲ့ အတုမရှိကျောင်း
https://youtu.be/BLzNhj02VTU?is=TSn71JG30rJonele
၄
ရန်ကုန် – ပုဂံ – မန္တလေး – စစ်ကိုင်း ခရီးစဥ် ( ၁၃ )
Around Mandalay – 3
ကမ္ဘာ့အကြီးဆုံးစာအုပ်လို့ ခေါ်ကြသလို ကုလသမဂ္ဂ ယူနက်စကို အသိအမှတ်ပြု ကုသိုလ်တော်ဘုရား ရဲ့ မြင်ကွင်းများ နဲ့ ဘုရားသမိုင်းအကျဥ်း ။
ဒါမြန်မာ့ အနုလက်ရာလို့ ကြွေးကျော်ရတဲ့ ၊ ဂုဏ်ယူရဲတဲ့ မန္တလေး ရဲ့ နာမည်ကျော် ဖြစ်ပြီး ရုပ်လုံးရုပ်ကြွ လက်ရာတွေစုံလှတဲ့ ရွှေနန်းတော်ကျောင်း ရဲ့ မြင်ကွင်းတွေ နဲ့ သမိုင်းအကျဥ်း ။
ရှေးထဲက မန္တလေးရဲ့ ဖွားဘက်တော် ဖြစ်ခဲ့သလို နောက်ပိုင်း မီးဘေးသင့်ခဲ့ရပေမယ့် မူလလက်ရာအတိုင်း ပြန်လည် တည်ဆောက်ထားခဲ့တဲ့ အတုမရှိကျောင်းတော်ကြီး ။
မင်းကွန်းဘက်ကမ်း က နာမည်ကျော် မြန်မာ့စားစရာ ခိုတောင်မုန့်တီ ၊ ငါးစီဖောင်း ပိတ်စွယ် ငါးဖယ်တွေနဲ့ ခိုတောင်ဟင်းချို နဲ့ စကြာဒေဝီမိဖုရားကြီး ခိုတောင်မုန့်တီ အဆက်အစပ် ။

ဆက်စပ်ကြည့်ရှုရန်
Around Mandalay – 1
စိတ်ဝင်စားစရာအသုပ်စုံ ၊ ထိုးမုန့် နဲ့ မန္တလေးမြို့က လမ်းတွေ
Around Mandalay – 2
ရွှေမန်းညနေ ၊ ဧရာဆည်းဆာ နဲ့ ကျုံးညဦး
Around Mandalay – 3
ဘုရားကြီးမျက်နှာသစ်တော်ရေကပ် ၊ ဂေါဝိန်မနက်ကျောက်တော်ကြဖိးဘုရား
မန္တလေး

ခိုတောင်မုန့်တီ
ကုသိုလ်တော်ဘုရား
ရွှေကျောင်း
အတုမရှိကျောင်း
ခိုတောင်မုန့်တီသမိုင်း
ရွှေနန်းတော်ကျောင်း
မဟာအတုလဝေယန်ကျောင်းတော်ကြီး

မဟာလောကမာရဇိန်
ကမ္ဘာ့အကြီးဆုံးစာအုပ်
Mandalay
Pagodas_in_Mandalay
Golden_Monastery
Mandalay_Roads_View
Myanmar_Travel_Vlog
………

UNESCO အသိအမှတ်ပြုကမ္ဘာ့အကြီးဆုံး စာအုပ် World’s Biggest Book
https://youtu.be/TISjL9FGOiM?is=zJVL-w69g1dcJQ_O
၅
https://youtu.be/TISjL9FGOiM?is=Dc2Dp0KMbu_itWgJ
ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး (The World’s Largest Book) | မန္တလေး ကုသိုလ်တော်ဘုရား ကျောက်စာတော်များ သမိုင်းမှတ်တမ်း
စာအုပ်တစ်အုပ် ကြီးလိုက်တာဆိုရင် သင်တို့အနေနဲ့ ဘယ်လောက်အထိ ကြီးမားတဲ့ စာအုပ်မျိုးကို မြင်ဖူး၊ ကြားဖူးကြပါသလဲ။

ကမ္ဘာ့အံ့ဖွယ် အဆောက်အအုံကြီးတွေလို့ ဆိုလိုက်ရင် အီဂျစ်က ပိရမစ်ကြီးတွေ၊ တရုတ်ပြည်က မဟာတံတိုင်းကြီးတွေနဲ့ ရှေးခေတ် ရောမဗိမာန်ကြီးတွေကို ပြေးမြင်မိကြပါလိမ့်မယ်။ သို့သော် ကမ္ဘာပေါ်တွင် အကြီးဆုံး၊ အလေးဆုံးဖြစ်ပြီး UNESCO ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World) အဖြစ် တရားဝင် သတ်မှတ်ထားသော “ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး” အစစ်အမှန် တည်ရှိနေသည့် နေရာမှာ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၊ သမိုင်းဝင် ရတနာပုံ မန္တလေးမြို့တော်ကြီး၏ မန္တလေးတောင်ခြေရှိ “ကုသိုလ်တော်ဘုရား” ဝင်းအတွင်း၌ ဖြစ်ပါသည်။
အဆိုပါ မဟာစာအုပ်ကြီးကို ကုန်းဘောင်မင်းဆက်၏ ဒသမမြောက်မင်းဖြစ်သော မင်းတုန်းမင်းတရားကြီးက ဗုဒ္ဓသာသနာတော် အနှစ် ၅၀၀၀ တည်တံ့ခိုင်မြဲစေရန် ရည်သန်လျက် စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အနံ ၃ ပေခွဲ၊ အလျား ၅ ပေ၊ အထူ ၅ လက်မမှ ၆ လက်မအထိရှိသော စကျင်ကျောက်ဖြူချပ်ကြီးပေါင်း ၇၂၉ ချပ် (မှတ်တမ်းကျောက်စာ အပါအဝင် ၇၃၀ ချပ်) ပေါ်တွင် ပိဋကတ်သုံးပုံ ပါဠိတော်များကို စနစ်တကျ ထွင်းထုထားခြင်း
စာမျက်နှာပေါင်း ၁၄၆၀ ရှိပြီး အကယ်၍ တစ်ချပ်ပေါ်တစ်ချပ် ထပ်ထားပါက အထပ် ၂၀ မက မြင့်သော မိုးမျှော်တိုက်တစ်လုံးစာ အရွယ်အစားရှိခြင်း
ဧက ၁၃ ဧက ကျယ်ဝန်းသော မြေကွက်အတွင်း ကျောက်စာချပ် တစ်ချပ်စီကို အင်္ဂတေဂူကျောင်း (ဓမ္မစေတီ) တစ်ဆူစီဖြင့် စနစ်တကျ စိုက်ထူထားခြင်း
ပဉ္စမသင်္ဂါယနာတင် သံဃာတော်အပါး ၂၄၀၀ ကျော်တို့က ၅ လနှင့် ၃ ရက်တိုင်တိုင် သရဇ္ဈာယ် ရွတ်ဖတ်ပူဇော်ခဲ့ရခြင်း
နန်းတွင်းမှ စတင်ထွင်းထုခဲ့သည့် သမိုင်းကြောင်း၊ နယ်ချဲ့ခေတ် ရွှေမင်များ လုယက်ခံရမှုနှင့် သမိုင်းမုန်တိုင်းများကြားမှ ရသေ့ကြီး ဦးခန္တီနှင့် မြန်မာပြည်သူတို့၏ စုပေါင်းအားဖြင့် ပြန်လည်မွမ်းမံရှင်သန်လာခဲ့ပုံ၊ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးခိုရာ ဂေဟာငယ်လေးများ ဖြစ်ခဲ့ပုံနှင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကမ္ဘာသိ သတ်မှတ်ခံခဲ့ရသည့် အံ့မခန်း သမိုင်းဖြစ်ရပ်မှန် အပြည့်အစုံကို 3D Animation ရုပ်ကြွ ရသအပြည့်ဖြင့် ဤဗီဒီယိုတွင် စုစည်းတင်ဆက်ထားပါသည်။

ဗီဒီယိုကို ကြိုက်နှစ်သက်ပါက Like, Share နှင့် Subscribe ပြုလုပ်ပြီး အသစ်တင်သမျှ ဗီဒီယိုများကို ကြည့်ရှုနိုင်ရန် ခေါင်းလောင်းလေးကို နှိပ်ထားပေးပါဦးခင်ဗျာ။
ကမ္ဘာ့အကြီးဆုံးစာအုပ် #ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး #ကုသိုလ်တော်ဘုရား #ပိဋကတ်သုံးပုံကျောက်စာ #မန္တလေး #မင်းတုန်းမင်း #ပဉ္စမသင်္ဂါယနာ #မြန်မာ့သမိုင်း #သမိုင်းမှတ်တမ်း #ယူနက်စကို #ဗုဒ္ဓသာသနာ #ရတနာပုံ #စကျင်တောင် #ရသေ့ကြီးဦးခန္တီ #လူထုဒေါ်အမာ #မြန်မာ့ယဉ်ကျေးမှု #

WorldsLargestBook #KuthodawPagoda #Mandalay #MyanmarHistory #KingMindon #Tipitaka #UNESCO #MemoryOfTheWorld #FifthBuddhistCouncil #MyanmarDocumentary #BuddhistHeritage #HistoricalDocumentary #BurmeseHistory #AncientMyanmar #3DAnima
……………
၆
UNESCO စာရင်းဝင် ကမ္ဘာ့အကြီးဆုံးစာအုပ်
https://youtu.be/oabJD9Rf8RI?is=mjOlOx93djqCozB9
၇
သမိုင်းထဲကမန္တလေး
မန္တလေးထဲက သမိုင်း ၊ စာရေးသူ မြသန်းတင့်

https://youtu.be/0GGecv0ivVE?is=be_2oRo-5vatlBR1
သမိုင်းထဲကမန္တလေး၊ မန္တလေးထဲက သမိုင်း ၊ စာရေးသူ မြသန်းတင့်၊ အစ/အဆုံး
https://youtube.com/playlist?list=PLwt9CWzPhARyc2NpAiVb-lNYbxmcH7v0p&si=VCOFgYunmvFqvBTn

၈
မန္တလေးနန်းတော်၏နောက်ကွယ်က သမိုင်းအကျဉ်း
https://youtu.be/1wChXJkhOTk?is=HECUgpV8csxjKQfx
မန္တလေးနန်းတော်ဟာ မြန်မာ့သမိုင်းမှာ ဘုရင်တွေနေထိုင်ခဲ့တဲ့ နောက်ဆုံးနန်းတော်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနန်းတော်ရဲ့ နောက်ကွယ်မှာ ဘယ်လို သွေးထွက်သံယိုဖြစ်ရပ်တွေ၊ လုယက်မှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်ဆိုတာ သင်သိပါသလား။
ဒီဗီဒီယိုမှာ မင်းတုန်းမင်းက အမရပူရကနေ နန်းတော်ဟောင်းကို သယ်ယူပြီး မန္တလေးမြို့တော်သစ် တည်ဆောက်ခဲ့ပုံကနေ စတင်ပြီး ကနောင်မင်းသား လုပ်ကြံခံရမှု၊ ၁၈၇၉ ခုနှစ် တော်ဝင်မိသားစုဝင်တွေ အစုလိုက်အသတ်ခံရမှု၊ သီပေါမင်း နန်းချခံရပြီး မြန်မာ့ဘုရင်စနစ် အဆုံးသတ်သွားပုံတို့ကို လေ့လာသွားမှာပါ။
ဒါ့အပြင် ဗြိတိသျှတို့ နန်းတော်ကို သိမ်းပိုက်ခဲ့ပုံ၊ တော်ဝင်ပစ္စည်းတွေ ယူဆောင်သွားခဲ့ပုံ၊ ဒုတိယကမ္ဘာစစ်အတွင်း နန်းတော်ကြီး ပျက်စီးသွားခဲ့ပုံနဲ့ ယနေ့မြင်တွေ့နေရတဲ့ နန်းတော်ကို ပြန်လည်တည်ဆောက်ခဲ့ပုံတွေကိုလည်း စိတ်ဝင်စားဖွယ် တင်ဆက်ပေးထားပါတယ်။
ဒီနေ့ သင်မြင်နေရတဲ့ မန္တလေးနန်းတော်ဟာ မူလနန်းတော်အစစ် ဟုတ်ပါသလား။ နန်းတော်ရဲ့ သမိုင်းနောက်ကွယ်က အဖြစ်အပျက်တွေကို CurioSilo နဲ့အတူ လေ့လာကြည့်လိုက်ရအောင်ပါ။
📌 မြန်မာ့သမိုင်း၊ ပျောက်ဆုံးသွားတဲ့ အမွေအနှစ်တွေနဲ့ စိတ်ဝင်စားဖွယ် သမိုင်းဝင်ဖြစ်ရပ်တွေကို ဆက်လက်လေ့လာချင်တယ်ဆိုရင် CurioSilo ကို Subscribe လုပ်ထားဖို့ မမေ့ပါနဲ့။
မန္တလေးနန်းတော် #မြန်မာ့သမိုင်း #မင်းတုန်းမင်း #သီပေါမင်း #ကနောင်မင်းသား #မန္တလေးသမိုင်း #ကုန်းဘောင်မင်းဆက် #မြန်မာ့ယဉ်ကျေးမှု #သမိုင်းဝင်နေရာများ #CurioSilo #MyanmarHistory #MandalayPalace #KingThibaw #KingMindon
၉
လှိုင်ထိပ်ခေါင်တင် ( ဝီကီပီးဒီးယား မှ)
ဘောလယ်သီချင်းကို ကြားရတိုင်း ဘောလယ်အဖွဲ့အနွဲ့ စတင်တီထွင်ခဲ့သည်ဟု ယူဆရသူ လှိုင်ထိပ်ခေါင်တင်အား သတိရအပ်ပေသည်။
မာတိကာ
• လှိုင်ထိပ်ခေါင်တင်(မြန်မာ ၁၁၉၅-၁၂၃၇)
• ရေးသားခဲ့သော စာပေများ
• ကိုးကား
လှိုင်ထိပ်ခေါင်တင်(မြန်မာ ၁၁၉၅-၁၂၃၇)
နာဂဆဒ္ဒန်-ချီ မျက်ဖြေ ဘောလယ်ရေးသူ လှိုင်ထိပ်ခေါင်တင်မင်းသမီးမှာ သက္ကရာဇ် ၁၁၈၈-ခုနှစ်တွင် (ရွှေဘိုမင်း)သာယာဝတီမင်း အိမ်နိမ့်စံနေတော်မူခိုက် ဟင်္သာတမြို့သူ အနောက်နန်း မိဖုရားမမြလေးကို သိမ်းပိုက်ပြီးနောက် သက္ကရာဇ် ၁၁၉၅-ခုနှစ်တွင် သမီးတော်ကို ဖွားမြင်သည်။ ငယ်မည်မှာ မဖွားဖြစ်၏။ (မဖွားကြီးလည်းဟူ၏။) ၁၁၉၉ ခုနှစ်တွင် ခမည်းတော် ရွှေဘိုမင်းတရားကြီး အထွတ်အထိပ်သို့ရောက်သောအခါ မယ်တော်မမြလေးအား ဟင်္သာတမြို့ကို အပိုင်စားပေးတော်မူ၍ သမီးတော် ထိပ်ခေါင်တင်တင်အားလည်း သီရိသုမြတ်စွာ ရတနာဒေဝီဘွဲ့နှင့် လှိုင်မြို့ကို အပိုင်စားပေးသနားတော်မူသည်။ သို့ဖြင့် လှိုင်မင်းသမီးဟူ၍လည်းကောင်း၊ လှိုင်ထိပ်ခေါင်တင် ဟူ၍လည်းကောင်း ကျော်စောထင်ရှားလာသည်။ လှိုင်မင်းသမီးသည် အဆင်းအင်္ဂါနှင့် ပြည့်စုံသူဖြစ်၍ မြင်သူတိုင်း မင်းသမီးကို ချစ်ခင်မြတ်နိုး ကြကုန်၏။ ၁၂ဝ၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်နေ့ကစ၍ သျှောင်ထုံးနားထွင်း၊ တစ်ဘက်ဝတ်၊ ဒက်ဆင်မင်္ဂလာ ဆောင်တော်မူရာတွင် လှိုင်ထိပ်ခေါင်တင်မင်းသမီးကိုလည်း မိဖုရားခေါင်ကြီး၏ သမီးတော်များနှင့်အတူ မှန်နန်းတော် ဘမရာသန ပလ္လင်တော် ရှေ့တွင် ဆင်ယင်ကျင်းပစေသည်။ မယ်တော်မမြလေး ကွပ်မျက်ခံရသောအခါတွင် လှိုင်ထိပ်ခေါင်တင်မှာ အသက် ၁၂-နှစ်မျှသာရှိသေး၍ မင်းတုန်းမင်းသား၏ မိဖုရားက သနားတော်မူသည် အလျောက် ကောက်ယူကျွေးမွေးထားလေသည်။
သက္ကရာဇ် ၁၂၁၄-ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး နန်းတက်တော် မူပြီးနောက် တနှစ်ခန့်အကြာ ၁၂၁၅ ခုနှစ်၌ ကနောင်မင်းသားနှင့် အသက် ၂၀ အရွယ်ရှိ လှိုင်ထိပ်ခေါင်တင်မင်းသမီးတို့အား စုလျားရစ်ပတ် လက်ထပ်ထိမ်းမြား၍ ညီတော်အား အိမ်ရှေ့အရာပေးသဖြင့် လှိုင်ထိပ်ခေါင်တင် မှာလည်း အိမ်ရှေ့မင်း၏မိဖုရားဖြစ်လာတော့သည်။ ထန်းတစ်ပင် မင်းသားဟူသော သားတော်တစ်ပါး ထွန်းကားခဲ့၏။ ထိုမင်းသားသည် ၁၂၄ဝ ပြည့်နှစ် သီပေါမင်းလက်ထက် ထောင်မှာလွန်သည်။ ၁၂၂၈ ခုနှစ် မြင်းကွန်းမြင်းခုံတိုင် အရေးတော်ပုံတွင် မောင်တော် ကနောင်မင်းသား နတ်ရွာစံလေသည်။မြင်ကွန်း၊ မြင်းခုံတိုင် မင်းသားများ
ရေးသားခဲ့သော စာပေများ
လှိုင်မင်းသမီးသည် ကဗျာ၊ လင်္ကာ၊ ပတ်ပျိုး၊ သီချင်းကြီး၊ သီချင်းခံ၊ ယိုးဒယား၊ ဘောလယ်၊ တေးထပ်တို့ကို စီကုံးရေးသားရာ၌ ထီး သုံးနန်းသုံး အနှုန်းအဖွဲ့ ယဉ်ကျေးလှသောကြောင့် မယ်တော်ဘုရားကဲ့သို့ပင် စာဆိုလောကတွင် ကျော်စောထင်ရှားလေသည်။ အထူးသဖြင့် ဘောလယ်နှင့် နန်းတွင်း ဇာတ်များရေးရာတွင် ကျော်စောလှ၏။ ‘ဘောလယ်’ ဟူသော အဖွဲ့အနွဲ့မှာ လှိုင်မင်းသမီးက စတင်တီထွင်ခဲ့သော သီချင်းဆန်းဟုပင် ဆို ကြလေသည်။ ထိုသီချင်းမျိုးကို စည်းဝါးလွတ်သော်လည်းကောင်း၊ တူရိယာ နှင့် တွဲဖက်၍သော်လည်းကောင်း သီဆိုနိုင်သည်။
မောင်တော် ကနောင်မင်းသားသည် ကိုယ်လုပ်တော် အများအပြား နှင့်သာ ပျော်ပါးနေတတ်၏။ ထိုအခါများတွင် လှိုင်မင်းသမီးသည် မောင်တော်အား မျှော်ခေါ်တမ်းတ၍ နေကြောင်းများကို ဘောလယ်များ ရေးစပ်၍ ဆက်သွင်းလေ့ရှိ၏။ မင်းသားသည် ဘောလယ်ကိုဖတ်ရသည့်အခါ လှိုင်မင်းသမီးအပေါ်၌ သနားကရုဏာ သက်ရောက်တော်မူပြီးလျှင် ပြန်လည် ယုယပိုက်ဖြားလေ၏။ ဤသည်ကိုထောက်၍ မင်းသမီး၏ အဖွဲ့အနွဲ့ စာသားတို့မှာ မည်မျှကောင်းမွန်သည်ကို သိနိုင်ပေသည်။ ‘စိန်ခြူးကြာညောင်‘ ချီ ဘောလယ်ဖြင့် မောင်တော်မင်းသားအား မိမိဘက်သို့ စိတ်လည်လာအောင် ချော့မြှူနိုင်ပုံ၊ မောင်တော်က မျက်မာန်တော်ရှသည့်အခါ မိမိမှာ အပြစ်မရှိ ကြောင်း၊ တစ်ပါးသူတို့ ချောပစ်ဂုံးတိုက်ခြင်းများကို ယုံတော်မမူသင့် ကြောင်းများ ‘နာဂဆဒ္ဒန်’၊ ‘ပဏ္ဍုသေလာ’ အစချီသော ဘောလယ်များဖြင့် ဖြောင်းဖျနိုင်ပုံတို့ကိုကြည့်လျှင် လှိုင်မင်းသမီးသည် စာဆိုမှုဖြင့် သူတစ်ပါး စိတ်ကို ဆွဲဆောင်နိုင်ကြောင်း ထင်ရှားစေသည်။ ယင်းသည့် ဘောလယ်များ အပြင် ‘ပုလဲမြိတ်စုံ’ ချီဘောလယ်၊ ‘ထုံပန်းမာလာ’ ချီဘောလယ်၊ ‘ရှုလဲသာ ထွေ’ ချီဘောလယ်၊ ‘ပြဒုငယ်ချပ်ရံ’ ချီဘောလယ်တို့ကိုလည်း စပ်ဆိုခဲ့သေး သည်။ လှိုင်ထပ်ခေါင်တင်သည် ‘ပန်းသည်လယ်’ ချီ ပတ်ပျိုး၊ ‘ညဉ့်သုံး ယံခါ’ချီ ပတ်ပျိုးနှင့် ‘ရေယမုန်’ချီ ပတ်ပျိုး စသည်တို့ကိုလည်း ဖွဲ့နွဲ့သီကုံး ခဲ့၏။ ထိုရေယမုန်ပတ်ပျိုးကို ဗိမ္ဗာလွှဲချင်းပတ်ပျိုးဟုလည်းခေါ်သည်။ ထို ပတ်ပျိုးမှာ မိမိ၏သားတော် မြပုခက်တင်မင်္ဂလာဆင်ယင် ကျင်းပသည့်အခါ အထိန်းတော် အချီတော်တို့ သီဆိုရွှေနားတော်သွင်းရန်အတွက် ‘ရွှေဗျိုင်းညို’၊ ‘ကြောင်ဖားရယ်မြီးတံတို’၊ ‘ဟီးလေးပေါက်ပင် ကန်စွန်းပင်’ ဟူသော အရပ် သုံး သားချော့သီချင်းသုံးပုဒ်ကို ထီးသုံးနန်းသုံးအဖြစ် ဖွဲ့နွဲ့စပ်ဆိုထားသော ပတ်ပျိုးတစ်ပုဒ်ဖြစ်လေသည်။
လှိုင်မင်းသမီးသည် ဝိဇယကာရီနှင့် ဣန္ဒာဝံသ နန်းတွင်းဇာတ် တော်ကြီး နှစ်စောင်ကိုလည်း ရေးသားခဲ့သေး၏။ အရေးအသားမှာ ထီးသံ နန်းသံပါ၍ အလွန်ယဉ်ကျေးသိမ်မွေ့လှပေသည်။ အဖွဲ့အနွဲ့ အလွန်စေ့စပ်လှ ၏။ မင်းသမီးရေးသွားအပ်သော ဘောလယ်နှင့် ပတ်ပျိုးမှာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီဖြစ်သော်လည်း လူတို့၏နှုတ်ဖျားတွင် မရိုးနိုင်၊ လက် မလွတ်နိုင်အောင်ရှိသည်ကား အထူးဆိုဖွယ်ရာမရှိချေ။ ယင်းသို့လျှင် မယ် တော်၏ ခြေရာကိုနင်း၍ စာဆိုလောကတွင် ကျော်စောခဲ့သော မင်းသမီး သည် ၁၂၃၇ ခုနှစ်၊ပြာသိုလဆန်း ၅ရက်နေ့၊ သက်တော် ၄၂ နှစ်တွင် ကံကုန်လေသည်။[၁]
ကိုးကား
1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
ကုန်းဘောင်ခေတ် (အေဒီ ၁၇၅၂-၁၈၈၅)
မင်းမျိုးမင်းနွယ်များ
ဘုရင်များ
• အလောင်းမင်းတရား နောင်တော်ကြီးမင်း မြေဒူးမင်း စဉ့်ကူးမင်း ဖောင်းကားစား မောင်မောင် ဘိုးတော်ဘုရား(ဗဒုံမင်း) ဘကြီးတော်(စစ်ကိုင်းမင်း) သာယာဝတီမင်း ပုဂံမင်း မင်းတုန်းမင်း သီပေါမင်း
မိဖုရားများ
• စန္ဒာဒေဝီ မိဖုရားခေါင်ကြီး ဆင်ဖြူရှင်မယ် နန်းမတော်မယ်နု နန်းမတော် မမြလေး မင်းရွှေကျူ စကြာဒေဝီ ခင်သဲ (မြောက်နန်းမိဖုရား) ဆင်ဖြူမရှင် စိန်တုံးမိဖုရား စားပွဲတောင်တိုက်စားမိဖုရား ကျောက်တလုံးရွာစားမိဖုရား ရွာပုလဲမိဖုရား မိုင်းနောင်စုဖုရားကြီး စုဖုရားလတ်
အိမ်ရှေ့မင်းသားများ
မင်းညီမင်းသားများ
• မြင်ကွန်းမင်းသား မြင်းခုန်တိုင်မင်းသား စကြာမင်းသား အမြင့်မင်းသား တပယ်မင်းသား မောင်ရွှေအိုင် (ပြင်စည်မင်းသား) မောင်နဂါး (ပြင်စည်မင်းသား) မောင်မျိုးစစ် (ပြင်စည်မင်းသား) ထိပ်တင်ပု (ပြင်စည်မင်းသား) သတိုးမင်းရဲ (ပြင်စည်မင်းသား)
မင်းသမီးများ
• ကန္နီမြို့စားမင်းသမီး လှိုင်ထိပ်ခေါင်တင် ပင်တိုင်စံမင်းသမီး မြောင်လှမင်းသမီး ပင်းထိပ်ခေါင်တင် မိုးမိတ်ထိပ်ခေါင်တင်
အခြား
• မင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော်၊ သမီးတော်များ စာရင်း
ပုဂ္ဂိုလ်များ
ဆရာတော်ကြီးများ
• ဆရာတော်ဦးဗုဓ် ဗန်းမော်ဆရာတော် သင်္ဂဇာဆရာတော် မောင်းထောင်ဆရာတော်များ ခင်ကြီးဖျော်
စစ်သူကြီးများ
• မဟာနော်ရထာ မဟာသီဟသူရ မဟာဗန္ဓုလ မြဝတီ ဝန်ကြီး ဦးစ ဗိုလ်မြတ်ထွန်း
အမတ်များ
• ဦးပေါ်ဦး ပခန်းမင်းကြီးဦးရန်ဝေး ယင်းတောဝန်ကြီး ဦးရွှေတုတ် တိုင်တားမင်းကြီး ကင်းဝန်မင်းကြီး ယောမင်းကြီး ဦးဘိုးလှိုင် လက်ဝဲနော်ရထာ လက်ဝဲသုန္ဒရ မင်းလက်ဝါး
စာဆိုတော်များ
• စလေဦးပုည အချုပ်တန်းဆရာဖေ ဖိုးသူတော်ဦးမင်း စာဆိုတော်ဦးမင်း မဟာအတုလမင်းကြီး ဦးကြင်ဥ ကျည်းကန်ရှင်ကြီး တောင်သမန်လယ်စား ဦးဖေငယ် ဒုတိယ နဝဒေး စိန္ဒကျော်သူဦးဩ ဦးတိုး ဦးကြော့ မောင်းထောင် ဦးကျော်လှ ဦးကြီး ဦးယာ ဆောမြို့စား ဦးစီ မယ်ခွေ
ဒေသ
• ရွှေဘို စစ်ကိုင်း အင်းဝ အမရပူရ မန္တလေး
အကြောင်းအရာများ
• တရုတ် – မြန်မာ စစ်ပွဲများ ကောင်းတုံစာချုပ် ပထမ အင်္ဂလိပ် – မြန်မာစစ် ရန္တပိုစာချုပ် ဒုတိယ အင်္ဂလိပ် – မြန်မာစစ် တတိယ အင်္ဂလိပ် – မြန်မာစစ် ပါတော်မူခြင်း ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း မှန်နန်း ရာဇဝင် ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ပြည်မင်းသားအရေးတော်ပုံ မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ပန်းထိမ်းမင်းသား အရေးအခင်း အိမ်ရှေ့မင်းထန်းတော ရတနာပုံ စက်ရုံများ သပြေတန်း ခံတပ် စဉ့်ကူးမင်း ခေါင်းလောင်းတော် သာယာဝတီမင်း ခေါင်းလောင်းတော်
• ပုဂံခေတ် ပင်းယခေတ် အင်းဝခေတ် တောင်ငူခေတ် ညောင်ရမ်းခေတ် ကုန်းဘောင်ခေတ် ရတနာပုံခေတ် ကိုလိုနီခေတ် ဂျပန်ခေတ် ပါလီမန်ဒီမိုကရေစီခေတ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ခေတ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ် မျက်မှောက်ခေတ်
အခြား
• ကျုံးဝန်ဘုမ္မဇေယျ ရနောင်မောင်မောင်တုတ် အယူတော်မင်္ဂလာ ဦးနိုး ဦးချစ်ညို စားတော်ဝန်ဦးခဲ စလင်းမင်းသားကြီးမောင်အို ဒိုင်းခင်ခင် ဘိုးဘိုးအောင် ဆင်ခိုးမကလေး မင်းဂျူအီ မယ်ကောင်းစံ
• ကဏ္ဍများ: မြန်မာ အမျိုးသမီး စာဆိုတော်များကုန်းဘောင်ခေတ် မင်းသမီးများ
• ဤစာမျက်နှာကို ၂၀ ဩဂုတ် ၂၀၂၄၊ ၁၂:၂၅ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။
