MOVIES MYANMAR မြန်မာရုပ်ရှင် ဇာတ်ကားကောင်းကြီးများ ။ တိမ်လွှာမို့မို့ လွင်

တိမ်လွှာ မို့မို့လွင်
မြန်မာရုပ်ရှင် ကားကောင်းတစ်ကား

ဝင်းဦး ကို စွဲလမ်းနှစ်သက်သူတစ်ဥိး မှ

အမှတ်တရရေးထားတဲ့စာတစ်ပုဒ်

တိမ်လွှာ မို့မို့လွင်
မြန်မာရုပ်ရှင် ဇာတ် ကားကောင်းတစ်ကား
အကြောင်း

တစ်ခါလာလဲ မဲပြာ ပုဆိုး မဟုတ် ဘဲ သမရိုးကျ ရုပ်၇ှင်ကားမဟုတ်ကြောင်း ဝင်းဦးအမှတ်တရ ချီးမွမ်း ရေးထားတဲ့
ရှေး က မြန်မာ့ ရှပ် ခေတ် ကောင်းကာလက
ရုပ်ရှင်ပရိသတ်များ စွဲမက်စေခဲ့တဲ့
ရုပ်၇ှင်ကားကောင်းတစ်ကားဖြစ် ခဲ့ တဲ့
တိမ်လွှာမို့မို့လွင် ရုပ်ရှင် ကားကြီးအကြောင်း
ဇာတ်လမ်း အသေးစိတ်

မြန်မာရဒပ်၇ှင်ချစ်သူများအတွက်
Youtube Video ရုပ်ရှင်ကားအစအဆုံး နှင့်အတူ
ကူးယူဖေါ်ပြပါသည်

တစ်ခေတ်ကနာမည်ကြီး
ဟောလိဝုဒ် ရုပ်ရှင်ကားကြီး ဖြစ်ခဲ့သော
Moment to Moment ကို
စွယ်စုံရ စာရေးဆရာ ရုပ်၇ှင် မင်းသားကြီးဝင်းဦးက
အးင်္လိပ် ဇာတ်ကား တစ်ကားလုံးကို မှိးထားသည်ဟုဆိုပါသည်

AM 20 /July 2024

💕 တိမ်လွှာမို့မို့လွင်ကို မြန်မာရုပ်ရှင်ဇာတ်ကားတွေလို
အမြင်မျိုးနဲ့မဟုတ်ဘဲ အမြင်တစ်မျိုးဖြင့်
ခံစားကြည့်မိခြင်း ။
.

‘‘ မဲပြာပုဆိုးမဟုတ်တဲ့ တိမ်လွှာမို့မို့လွင်’’

==========================================

▪မြန်မာစကားပုံတွေထဲမှာ ‘‘ တစ်ခါလာ မဲပြာပုဆိုး ’’ဆိုတဲ့စကားပုံလေးတစ်ခုရှိပါတယ်။ ဒီစကားပုံရဲ့ဆိုလိုရင်းက တစ်ခါဝတ်လာရင်လည်း မဲပြာပုဆိုး၊ နောက်တစ်ခါ ဝတ်လာရင်လည်း မဲပြာပုဆိုးပဲ ဖြစ်နေလို့ ထူးထူးခြားခြားမရှိဘဲ ထပ်တလဲလဲ ဖြစ်နေတတ်တဲ့သဘောကို ဆိုလိုတာပါ။

▪ဒီလိုသဘောမျိုးနဲ့တိုက်ဆိုင်တဲ့အကြောင်းအရာတွေရှိလာပြီဆိုရင် ဒီစကားပုံလေးနဲ့ ခိုင်းနှိုင်းပြောဆိုလေ့ရှိကြပါတယ်။အခုလည်း ‘‘ မဲပြာပုဆိုးမဟုတ်တဲ့ တိမ်လွှာမို့မို့လွင်’’ဆိုတဲ့ခေါင်းစဉ်ကို ရုတ်တရက်ဖတ်လိုက်မိရင် ဘာကိုဆိုလိုတာလဲ ဘာကြီးလဲ ဒီလိုတွေးတောမိကြမှာပါ။

▪အဓိကဆိုလိုချင်တာက ‘‘တိမ်လွှာမို့မို့လွင်’’ ဆိုတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားဟာ တခြားသမားရိုးကျ မြန်မာ့ရုပ်ရှင်တချို့လို တစ်ခါလာ မဲပြာပုဆိုး မဟုတ်ဘဲ ပုံမှန်ရိုက်ရိုးရိုက်စဉ် ဇာတ်လမ်းဇာတ်ကွက် အမြင်တွေကနေ ခွဲထွက်နေတာမို့ မဲပြာပုဆိုးမဟုတ်တဲ့ တိမ်လွှာမို့မို့လွင်ဆိုပြီး တင်စားမိတာဖြစ်ပါတယ်။

▪တိမ်လွှာမို့မို့လွင် ရုပ်ရှင်ဇာတ်ကားဟာ မြန်မာ့ရုပ်ရှင် အဖြူအမည်းခေတ်က အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးနှစ်သက်မှုကိုလည်း ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ စံရွှေမောင်(ရုပ်ရှင်မင်းသား အောင်လွင်)က ၁၉၆၈ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အဓိကသရုပ်ဆောင်တွေအဖြစ် ဝင်းဦး၊ အောင်လွင်၊ မြင့်မြင့်ခင်၊ ခင်လေးဆွေတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

▪ဇာတ်လမ်းထဲမှာ ဝင်းဦးက ကြယ်ငါးပွင့်သင်္ဘောရေကြောင်းအရာရှိလေး ကျော်စိုးမိုးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး အောင်လွင်ကတော့ စိတ္တဇကုဆရာဝန် ကိုသန့်ဇင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။အဲဒီလိုပဲ မြင့်မြင့်ခင်က ကိုသန့်ဇင်ရဲ့ဇနီးမကေသီအဖြစ် သရုပ်ဆောင်ထားပြီး ခင်လေးဆွေကတော့ ကိုသန့်ဇင်နဲ့မကေသီတို့ရဲ့ ကျောင်းနေဘက်သူငယ်ချင်းမမြခင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

▪ဇာတ်လမ်းအစမှာတော့ မကေသီတို့အိမ်ကို သူတို့ရဲ့မိတ်ဆွေ လင်မယားရောက်နေပါတယ်။ မိတ်ဆွေလင်မယားကို ရွှေတိဂုံဘုရားလိုက်ပို့ဖို့ ကိုသန့်ဇင်ကအလုပ်မအားတာကြောင့် မကေသီကပဲ ကားမောင်းပြီးလိုက်ပို့ပေးဖို့ အကြောင်းဖန်လာပါတယ်။ကံဆိုးချင်တော့ အဲဒီလိုလိုက်ပို့ရင်း ကားမတော်တဆမှုဖြစ်တာကြောင့် မကေသီရဲ့မိတ်ဆွေလင်မယားနှစ်ယောက်ထဲက အမျိုးသားကဆုံးပါးသွားခဲ့ပါတယ်။ကံကောင်းချင်တော့ အဲဒီနေ့က ကိုသန့်ဇင်နဲ့မကေသီတို့ရဲ့တစ်ဦးတည်းသောသားလေးဖြစ်တဲ့ ငါးနှစ် ခြောက်နှစ် အရွယ်လောက်ရှိတဲ့ အတာကို ခေါ်မသွားမိလိုက်တာပါ။

▪ဒါပေမဲ့ဒီကားမတော်တဆမှုသတင်းက သတင်းစာတွေထဲမှာ သတင်းမှားတစ်ခုအဖြစ်ပါလာခဲ့ပါတယ်။ သတင်းရဲ့မှားယွင်းမှုက မကေသီရဲ့မိတ်ဆွေအမျိုးသမီးရဲ့ဓာတ်ပုံထည့်ရမယ့်အစား မကေသီပုံကိုထည့်ပြီး ခင်ပွန်းသေဆုံးသွားလို့ မုဆိုးမဖြစ်သွားတဲ့အမျိုးသမီးတစ်ဦးအဖြစ် ဖော်ပြခဲ့ကြပါတယ်။ဒါကြောင့်လည်း အဲဒီသတင်းကိုဖတ်မိသူတွေရဲ့အမြင်မှာ မကေသီကိုမုဆိုးမတစ်ယောက်အဖြစ်အထင်ရောက်သွားစေပါတယ်။

▪ဒီလိုကိစ္စတွေဖြစ်တော့ မကေသီစိတ်သက်သာရာရဖို့အရေး သတင်းစာတိုက်တွေကို ဖြေရှင်းချက်ပို့ဖို့အတွက် လင်မယားနှစ်ယောက်တိုင်ပင်ခဲ့ကြပါသေးတယ်။ဒါပေမဲ့ တစ်ဖက်သားဒုက္ခရောက်နေချိန်မှာ ပိုပြီးအလေးထိုးပေးလိုက်သလိုဖြစ်နေမှာစိုးတာကြောင့် ကိုသန့်ဇင်နဲ့မကေသီတို့ ဖြေရှင်းချက်မထည့်ဖြစ်ခဲ့ပါဘူး။

▪ဒါနဲ့မကေသီစိတ်ပြေလက်ပျောက်ဖြစ်ဖို့နဲ့ သူတို့သားလေးအတာကို သူ့အဘိုးအဘွားတွေကို ပြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကိုသန့်ဇင်ကခွင့်ယူပြီး သူ့ရဲ့မိဘတွေရှိရာ စစ်တွေမြို့ကို သွားနေကြဖို့စီစဉ်ကြပါတယ်။ သူတို့အိမ်ထောင်သက် ၁၀ နှစ်အတွင်း ဒုတိယအကြိမ်ပျားရည်စမ်းသဘော လေယာဉ်စီးပြီး စစ်တွေမြို့ကိုသွားကာ သုံးလကြာအောင်သွားနေဖို့ စီစဉ်တာလည်း ဖြစ်ပါတယ်။

▪ဒီဇာတ်လမ်းထဲက ဦးမောင်ပါကြီး(ခေါ်)ဦးပါကြီးနေရာမှာ ဝါရင့်သရုပ်ဆောင်ဖိုးပါကြီးက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းထဲမှာ ဦးပါကြီးက လေဆိပ်မှာစတိုးဆိုင်ဖွင့်ထားသူဖြစ်ပြီး သူ့မှာဇနီးရှိပါတယ်။သူက သမီးရည်းစားစုံတွဲတွေကို ဓာတ်ပုံလိုက်ရိုက်ရတာဝါသနာပါသူတစ်ယောက်လည်းဖြစ်ပါတယ်။ ကိုသန့်ဇင်တို့မိသားစု စစ်တွေလေဆိပ်ရောက်ရောက်ချင်း သူ့သားလေးအတာရဲ့ ယုန်လေးထည့်ထားတဲ့လှောင်အိမ် လေဆိပ်တစ်နေရာမှာ ကျန်နေခဲ့တာမို့ အတာကသွားပြန်ယူရင်း ဦးပါကြီးနဲ့ ဝင်တိုက်မိပါတယ်။ဦးပါကြီးက ဓာတ်ပြားနဲ့ပစ္စည်းတချို့သယ်လာတာမို့ ဝင်တိုက်မိတဲ့အရှိန်နဲ့ ဓာတ်ပြားတစ်ချပ်ထိပ်ပိုင်းပဲ့သွားခဲ့ပါတယ်။ အဲဒီဓာတ်ပြားက တိမ်လွှာမို့မို့လွင်သီချင်းပါတဲ့ဓာတ်ပြားပါ။

▪ခင်လေးဆွေပါဝင်သရုပ်ဆောင်ရတဲ့ တစ်ခုလပ်တစ်လင်ကွာဇာတ်ရုပ် မမြခင်ကတော့ စစ်တွေမှာ ကိုသန့်ဇင်နဲ့ကေသီတို့နေမယ့်အိမ်ရဲ့အိမ်နီးချင်းဖြစ်ပါတယ်။ ကျောင်းတုန်းကသူငယ်ချင်းဖြစ်သလို အခုလည်းစစ်တွေမှာ အိမ်နီးချင်းဖြစ်နေတာမို့ ကိုသန့်ဇင်နဲ့မကေသီတို့နှစ်ယောက်စလုံးအံ့ဩခဲ့ကြရပါတယ်။ ကိုသန့်ဇင်နဲ့မကေသီတို့ကလွတ်လွတ်လပ်လပ်နေချင်လို့ စစ်တွေရောက်တာတောင် မိဘတွေဆီမှာမနေဘဲခွဲနေတာပါ။ သူတို့နေတဲ့အိမ်နဲ့မိဘတွေအိမ်က မြို့အရှေ့ဖျားနဲ့ အနောက်စွန်းဖြစ်နေတော့ အလှမ်းဝေးပါတယ်။ကိုသန့်ဇင်တို့နေမယ့်အိမ်ရဲ့အိမ်ရှင်က ကျောက်ဖြူကသူ့အမျိုးတွေဆီအရေးကြီးတဲ့ကိစ္စနဲ့သွားနေတာကြောင့် အိမ်သော့ကို မမြခင်ဆီမှာအပ်ထားခဲ့တာပါ။ အခုလည်း စုံထောက်၀တ္ထုတွေဖတ်ရတာကြိုက်ပြီးစပ်စုတတ်တဲ့ မမြခင်တစ်ယောက် သူ့ရဲ့သူငယ်ချင်းမကေသီတို့လင်မယားဒီမှာနေမယ်ဆိုတာ အိမ်ရှင်ဆီကနေကြိုတင်စုံစမ်းသိရှိထားပါတယ်။ ကိုသန့်ဇင်တို့မိသားစု စစ်တွေက သူတို့နေမယ့်အိမ်ရှေ့လည်းရောက်လာရော မမြခင်ကသော့လာပေးရင်း အကျိုးအကြောင်းရှင်းပြလိုက်တာမို့ ကိုသန့်ဇင်နဲ့မကေသီတို့အံ့ဩသွားရတာဖြစ်ပါတယ်။

▪ကိုသန့်ဇင်နဲ့မကေသီတို့ စစ်တွေမှာနေတုန်းသိပ်မကြာပါဘူး ကိုသန့်ဇင်ဆီကို အလုပ်နဲ့ပတ်သက်တဲ့စာတစ်စောင်ရောက်လာပါတယ်။ တောင်ကြီးနဲ့ မော်လမြိုင်ကောလိပ်တို့မှာ စိတ္တဇကုပညာနဲ့ပတ်သက်ပြီး ဟောပြောပို့ချဖို့ ဆရာဝန်တစ်ယောက်လိုနေတယ်ဆိုပြီး အကူအညီတောင်းတဲ့စာ ရောက်လာတာပါ။ဒါနဲ့ ကိုသန့်ဇင်တစ်ယောက် စစ်တွေမြို့ကသူ့မိသားစုနဲ့ တစ်လကြာလောက်ခွဲပြီး တောင်ကြီးနဲ့ မော်လမြိုင်ကိုသွားနေရပါတယ်။

▪စစ်တွေမှာကိုသန့်ဇင်မရှိတဲ့အချိန် မကေသီရဲ့အိမ်မှာ မမြခင်ကအတူလာနေပေးပါတယ်။မမြခင်က မကေသီတို့သားအမိကို စစ်တွေမြို့အနီးတစ်ဝိုက်က လည်ပတ်စရာနေရာတွေကို လိုက်ပြရင်း တစ်နေ့မှာတော့ ကြယ်ငါးပွင့်သင်္ဘောရေကြောင်းအရာရှိလေး ကျော်စိုးမိုးနဲ့ဆုံဖို့အကြောင်းဖန်လာပါတယ်။ ကမ်းခြေမှာအတာရဲ့ယုန်လေးလွတ်သွားတာကို ကျော်စိုးမိုးက ဖမ်းပေးလိုက်ရာကနေ မမြခင်အပါအဝင် မကေသီတို့သားအမိနဲ့ ကျော်စိုးမိုးတို့ ရင်းနှီးသွားကြပါတယ်။

▪မမြခင်က ကျော်စိုးမိုးကိုစိတ်ဝင်စားနေပြီး ကျော်စိုးမိုးကတော့ မကေသီကို စိတ်ဝင်စားနေပါတယ်။ ကျော်စိုးမိုးက မကေသီကို ကလေးတစ်ယောက်အမေမှန်းသိပါတယ်။ ဒါပေမဲ့ သတင်းစာထဲက ကားမတော်တဆမှုသတင်းမှာ မုဆိုးမအဖြစ် မကေသီရဲ့ဓာတ်ပုံပါလာကတည်းက ကျော်စိုးမိုးက စိတ်ဝင်စားနေတာပါ။ ဒါကြောင့်မို့ အခုလည်း စစ်တွေမှာ မကေသီနဲ့ အမှတ်မထင် ဆုံတွေ့ခွင့်ရလိုက်လို့ ကျော်စိုးမိုးက ပီတိဖြစ်နေခဲ့တာပါ။ကျော်စိုးမိုးတို့သင်္ဘော စစ်တွေကိုရောက်နေချိန် စက်ကိရိယာချို့ယွင်းလို့ ပြင်နေတုန်း ကျော်စိုးမိုးက စစ်တွေမှာ အနားရနေတာဖြစ်ပါတယ်။

▪နောက်ပိုင်းမှာ အတာလေးကို အဘိုးအဘွားအိမ်မှာ ၁၀ ရက်လောက်သွားပို့ထားပြီး မမြခင်ကလည်း ကျော်စိုးမိုးနဲ့နီးစပ်ချင်တာမို့ စစ်တွေတစ်ဝိုက်သွားလည်ပတ်ချိန်တွေမှာ မကေသီ၊မမြခင်နဲ့ ကျော်စိုးမိုးတို့ တပူးတွဲတွဲလိုဖြစ်နေခဲ့ပါတယ်။ကိုသန့်ဇင်မရှိတုန်း လမ်းခဏခဏထွက်လို့မကောင်းကြောင်း၊ ကိုသန့်ဇင်ဘက်ကအပြစ်တင်မှာစိုးတာထက် လူအများမြင်ရင်မကောင်းကြောင်း စသဖြင့် မကေသီက မမြခင်ကိုပြောပါတယ်။ဒီတော့ သူ့အတွက်အကျိုးဆောင်ပေးတာပါလို့ ကိုသန့်ဇင်ပြန်လာရင် ပြောလိုက်ဖို့ မမြခင်က ဆိုပါတယ်။ နောက်ပြီး ဒီမြို့မှာမကေသီကိုလူသိနည်းကြောင်းနဲ့ မကေသီကလူများများမမြင်စေချင်ဘူးဆိုလည်း လူများများမမြင်တဲ့နေရာမျိုး အချိန်မျိုးကိုရွေးပြီးသွားကြမယ်လို့ မမြခင်က ပြောလာပါတယ်။ဒါကြောင့်ပဲ မမြခင်နဲ့ကျော်စိုးမိုးနီးစပ်ဖို့ မကေသီက အဖော်လိုက်ပေးနေခဲ့တာ ဖြစ်ပါတယ်။

▪မမြခင်က ကျော်စိုးမိုးနဲ့အနေနီးစပ်ဖို့ ဘယ်လောက်တောင် ကြိုးပမ်းခဲ့သလဲဆိုရင် ကျော်စိုးမိုးမတိုင်ခင် မမြခင်ရဲ့ဖူးစာရေးပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ ဝန်ထောက်မင်းကိုကျော်နိုင်ဆိုသူကိုတောင် ခပ်ခွာခွာပဲနေပါတော့တယ်။ ဒီကြားထဲ ကျော်စိုးမိုးရဲ့သူငယ်ချင်း ကြယ်ငါးပွင့်သင်္ဘောရေကြောင်းအရာရှိနှစ်ယောက်ကလည်း ကျော်စိုးမိုးက စစ်တွေမှာ ဘယ်အမျိုးသမီးနဲ့ လျှောက်လည်နေသလဲသိချင်နေကြပြန်ပါတယ်။ဒါကြောင့်မို့ ကျော်စိုးမိုးနဲ့ သူ့သူငယ်ချင်းနှစ်ယောက် အလောင်းအစားတစ်ခုလုပ်ပါတယ်။ စစ်တွေမှာ ကျော်စိုးမိုးက ဘယ်သူနဲ့လျှောက်လည်နေသလဲဆိုတာ ရန်ကုန်မပြန်ခင် သူတို့စုံစမ်းဖော်ထုတ်နိုင်ရင် သူတို့နိုင်တယ်၊ဒါပေမဲ့ရန်ကုန်ပြန်တဲ့အချိန်အထိ သူတို့မစုံစမ်း မဖော်ထုတ်နိုင်ဘူးဆိုရင် ကျော်စိုးမိုးနိုင်တယ်ပေါ့။ရှုံးတဲ့သူက နိုင်တဲ့သူကို အရက်အ၀တိုက်ကြေးလောင်းကြတာပါ။စုံတွဲတွေကိုဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ဦးပါကြီးကို ကျော်စိုးမိုးရဲ့ သူငယ်ချင်းနှစ်ယောက်က အကူအညီတောင်းပြီး ကျော်စိုးမိုးကိုခြေရာခံစုံစမ်းခိုင်းပါတယ်။

▪တစ်နေ့ မြို့ဟောင်းဘက်သွားတော့ မကေသီနဲ့မမြခင်တို့က သင်္ဘောနဲ့သွားပြီး ကျော်စိုးမိုးက သူငယ်ချင်းတွေကို ရှောင်ဖို့ စက်လှေနဲ့နောက်ကလိုက်ပါတယ်။ ကျော်စိုးမိုးက အဲဒီစက်လှေပေါ်မှာ ဦးပါကြီးနဲ့ဆုံပါတယ်။ ရေထဲကျမလိုဖြစ်သွားတဲ့ ဦးပါကြီးကို ကျော်စိုးမိုးကဝင်ကယ်ရာက တစ်ဦးနဲ့တစ်ဦးရင်းနှီးသွားပါတယ်။ နာမည်ပြောမိတ်ဆက်လိုက်ရာက ကျော်စိုးမိုးဆိုတဲ့နာမည်ပါလာတော့ သူစုံစမ်းရမယ့် ကျော်စိုးမိုးဆိုသူဖြစ်နေမှန်း ဦးပါကြီးရိပ်မိသွားပါတယ်။ ဒီလိုနဲ့ မြို့ဟောင်းမှာ လျှောက်လည်ကြတုန်း ကျော်စိုးမိုးနဲ့ မကေသီတို့စကားစမြည်ပြောနေတာကို ဦးပါကြီးက မြင်သွားပြီး ဓာတ်ပုံရိုက်နိုင်ခဲ့ပါတယ်။ ညဘက်လည်းရောက်ရော သူ့ကိုလိုက်ချောင်းနေတဲ့ သူငယ်ချင်းနှစ်ယောက်ကို ခြေရာဖျောက်ချင်တာနဲ့ ကျော်စိုးမိုးက ဦးပါကြီးရှိတဲ့နေရာဆီမှာ သွားတည်းခိုပါတယ်။ ကျော်စိုးမိုးရဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ကိုအုန်းကြည်နဲ့ ကိုမြင့်သိန်းတို့ဟာ နောက်နေ့မှာ စက်လှေပေါ်အတူတူရှိနေတဲ့ ဦးပါကြီးနဲ့ကျော်စိုးမိုးတို့ကို တွေ့သွားပါတယ်။ဒါနဲ့ ကျော်စိုးမိုး ဘယ်သူနဲ့လျှောက်လည်တယ်ဆိုတာ သိရပြီလားလို့ သူငယ်ချင်းနှစ်ယောက်က ဦးပါကြီးကို မေးပါတယ်။ဦးပါကြီးကအကြောင်းရင်းမှန်ကိုသိနေပေမဲ့ မသိချင်ဟန်ဆောင်ကာ ကျော်စိုးမိုးတစ်ယောက်ထဲကိုပဲ တွေ့ကြောင်း ကျော်စိုးမိုးဘက်ကနေ ဖုံးကွယ်ပြောပေးလိုက်ပါတယ်။

▪ကျော်စိုးမိုးက မကေသီအပေါ် မရိုးသားဘူးဆိုတာကို စစ်တွေမှာ လျှောက်သွားနေကြတဲ့ကာလတစ်လျှောက်လုံး မကေသီက မရိပ်မိခဲ့ပါဘူး။ မမြခင်နဲ့ကျော်စိုးမိုးအဆင်ပြေနီးစပ်အောင် သူကအဖော်လိုက်ပေးနေရတယ်လို့ပဲ မကေသီက ထင်နေတာပါ။တစ်ခါတလေမှာ စကားဆက်စပ်မိလို့ မကေသီက သူဟာ အိမ်ထောင်ရှိကြောင်း ပြောမလို့ စကားစတာမျိုးတွေရှိပါတယ်။ဒါပေမဲ့ စကားစက ပြတ်ပြတ်သွားပြီး လိုရင်းမရောက်ခဲ့တာမို့ ဆက်မပြောဖြစ်ခဲ့ပါဘူး။ကျော်စိုးမိုးဘက်ကလည်း မကေသီအပေါ် တိမ်းညွတ်နေကြောင်း သိသိသာသာကြိုးစားချဉ်းကပ်တာမျိုးတွေမလုပ်ဖြစ်ခဲ့ပါဘူး။ဒါကြောင့်လည်း အဆိုးရွားဆုံးပြဿနာဖြစ်လာဖို့အကြောင်းဖန်လာတယ်လို့ပဲ ပြောရမှာပါ။
စစ်တွေမြို့ပြန်ရောက်တော့ မကေသီက သူ့သားကို အဘိုးအဘွားအိမ်ကနေ သွားပြန်ခေါ်ပါတယ်။သူ့သားက အဘွားဖြစ်သူနဲ့အတူ ကျောက်တော်ကအမျိုးတွေဆီလိုက်သွားတာမို့ ပြန်ခေါ်လာလို့မရဘဲဖြစ်သွားပါတယ်။ဒီအချိန်အတောတွင်းမှာပဲ ကျော်စိုးမိုးကလည်း အလုပ်ကိစ္စကြောင့်ရန်ကုန်ပြန်ဖို့ ဖြစ်လာပါတယ်။ရန်ကုန်ပြန်ဖို့ စစ်တွေလေဆိပ်မဆင်းခင်မှာ ကျော်စိုးမိုးက မကေသီရဲ့အိမ်ကိုသွားပါသေးတယ်။မကေသီက သူ့သားလေးကိုပြန်ခေါ်ဖို့အဘိုးအဘွားအိမ်ကိုသွားနေတာကြောင့် ကျော်စိုးမိုးတစ်ယောက် သူရန်ကုန်ပြန်တော့မယ့်အကြောင်းရေးထားတဲ့စာတစ်စောင်သာ တံခါးကြားထဲထည့်ပြီး ထားခဲ့ရပါတယ်။

▪စစ်တွေမှာ ကျော်စိုးမိုးက ဘယ်သူနဲ့လျှောက်သွားတယ်ဆိုတာရန်ကုန်ပြန်တဲ့အထိမစုံစမ်းနိုင်တာကြောင့် သူ့သူငယ်ချင်းတွေ ရှုံးပြီး ရန်ကုန်ပြန်မယ့် အဲဒီနေ့မှာပဲ အရက်တိုက်ကြပါတယ်။ သူငယ်ချင်းတွေနဲ့အရက်သောက်ပြီး လေဆိပ်ရောက်လာတဲ့ကျော်စိုးမိုးကို ဦးပါကြီးက အုန်းသီးထဲထည့်ထားတဲ့အရက်နဲ့ ထပ်ဧည့်ခံပြန်ပါတယ်။ ဒါနဲ့ကျော်စိုးမိုးလည်းအတော်မူးနေပါပြီ။ဒီကြားထဲရာသီဥတုဆိုးလို့ လေယာဉ်ကမလာဖြစ်တော့ပါဘူး။

▪ကျော်စိုးမိုးဟာ လေယာဉ်စောင့်ရင်း ဦးပါကြီးရဲ့စတိုးဆိုင်မှာ ရှိနေတုန်း ဓာတ်စက်နဲ့ဖွင့်ထားတဲ့ တိမ်လွှာမို့မို့လွင်သီချင်းသံကထွက်ပေါ်နေပါတယ်။ မကေသီအဲဒီသီချင်းညည်းနေတာ ကျော်စိုးမိုးကြားဖူးပါတယ်။အခုလည်း အဲဒီသီချင်းဓာတ်ပြားကိုတွေ့တော့ မကေသီကြိုက်တဲ့သီချင်းမှန်းသိတာကြောင့် ပဲ့နေတဲ့ဓာတ်ပြားကို စက်ကဆွဲချွတ်လို့ ဦးပါကြီးဆီကနေအတင်းဝယ်ပါတယ်။ပဲ့နေလို့မရောင်းချင်ကြောင်း ဦးပါကြီးကပြောတော့ အသစ်လာရင်ပြန်လာလဲပါ့မယ်ပြောပြီး အတင်းဝယ်သွားခဲ့ပါတယ်။

▪အဲဒီနေ့ညတွင်းချင်းပဲ ကျော်စိုးမိုးက လေဆိပ်ကနေ မကေသီအိမ်ကိုသွားပါတော့တယ်။အဲဒီနေ့ညက မကေသီက အိမ်မှာတစ်ယောက်တည်းပါ။မမြခင်က ကိုကျော်နိုင်နဲ့ချိန်းထားလို့ သွားတွေ့နေသလို အိမ်ကကူဖော်လောင်ဖက်နှစ်ယောက်ကလည်း ရခိုင်ယဉ်ကျေးမှုကပွဲသွားကြည့်ဖို့ခွင့်တောင်းပြီး ထွက်သွားနေချိန်ဖြစ်ပါတယ်။ ကိုအုန်းကြည်နဲ့ ကိုမြင့်သိန်းတို့ကလည်း ကျော်စိုးမိုးကိုအရက်တိုက်ပြီး အဲဒီပွဲကိုပဲသွားနေကြတာပါ။

▪အဲဒီညမှာ ကျော်စိုးမိုးက မကေသီအံ့ဩသွားအောင်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူ့ကိုလိုက်ပို့ခိုင်းတဲ့ကားကို မကေသီရဲ့အိမ်နဲ့နှစ်လမ်းသုံးလမ်းကျော်လောက်မှာပဲရပ်ခိုင်းပြီးသူကလမ်းဆင်းလျှောက်လာပါတယ်။ဒီလိုနဲ့ မကေသီဆီသွားပြီး ဓာတ်ပြားလက်ဆောင်ပေး ချစ်ရေးဆိုတော့ အပြန်အလှန်စကားများ ဆွဲလားရမ်းလားဖြစ်ကြရင်း ကျော်စိုးမိုးပါလာတဲ့ သေနတ်နဲ့ပဲ မကေသီက ကျော်စိုးမိုးကို ပစ်မိလိုက်ပါတယ်။ကျော်စိုးမိုးမှာကိုယ်ပိုင်သေနတ်ရှိကြောင်းနဲ့ အဲဒီသေနတ်ကိုဆောင်ထားလေ့ရှိကြောင်းကို ဇာတ်လမ်းအလယ်လောက်မှာ ပြထားပြီးဖြစ်ပါတယ်။ဒါကြောင့် အဲဒီနေ့က ကျော်စိုးမိုးသေနတ်ပါသွားတာဟာ ဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ဒါပေမဲ့ဆန်းတာက မကေသီမထင်မှတ်ထားတဲ့အချိန်မှာ ကျော်စိုးမိုးကချစ်ရေးဆိုလိုက်တာပါ။မကေသီကမဖြစ်နိုင်ကြောင်း သူ့မှာ အိမ်ထောင်ရှိကြောင်းအကျိုးအကြောင်းပြောပြီး ငြင်းတော့ ကျော်စိုးမိုးကမယုံဘဲ နောက်ပိုင်းမှာ ဆွဲလားရမ်းလားလုပ်လာပါတယ်။ဒါနဲ့မကေသီက ကျော်စိုးမိုးကို ပါးရိုက်လိုက်ပါတယ်။ဒီအခါမှာ ကျော်စိုးမိုးက ချစ်တယ်ပြောလို့ သူ့ကိုရိုက်မယ်ဆို ရိုက်ရုံသာမက သေနတ်နဲ့ပါပစ်လိုက်ပါဆိုပြီး ပါလာတဲ့သေနတ်ကိုထုတ်လို့ သူ့ကိုပစ်ခိုင်းသလို သူ့ကိုယ်သူလည်း ပစ်မယ်လုပ်ပါတော့တယ်။ မကေသီလည်းသေနတ်မြင်တော့ တုန်လှုပ်သွားပြီး လုပ်မိလုပ်ရာတွေလုပ်မိရင်းဆွဲကြလွဲကြရင်း အမှတ်မထင်ပစ်မိသွားရာက ကျော်စိုးမိုးကိုသေနတ်မှန်ပြီး လဲကျသွားတာပါ။

▪အဲဒီလိုတွေဖြစ်ပြီးသိပ်မကြာခင်မှာပဲ မမြခင်တစ်ယောက်ပြန်ရောက်လာပြီး အကျိုးအကြောင်းအားလုံးသိသွားပါတယ်။ဒါနဲ့သူငယ်ချင်းနှစ်ယောက်ကျော်စိုးမိုးသေပြီအထင်နဲ့ ကြောက်ကြောက်လန့်လန့်ဖြစ်ရင်း ခြေရာလက်ရာတွေမကျန်အောင်လုပ်လို့ အလောင်းကိုကားနဲ့တိတ်တဆိတ်သယ်သွားပြီး မြို့စွန်က အုန်းတောထဲမှာ သွားပစ်လိုက်ကြပါတယ်။

▪နောက်တော့မကေသီတစ်ယောက် လိပ်ပြာမလုံတာနဲ့ အုန်းတောထဲမှာ အလောင်းရှိမရှိ ထပ်သွားကြည့်တော့ အလောင်းကိုမတွေ့တော့ပါဘူး။သူ့အိမ်ကိုလည်း ပြန်ရောက်ရော ရဲတွေကဆီးကြိုနေပါတယ်။ လွန်ခဲ့တဲ့ရက်တွေအတွင်းက ကြယ်ငါးပွင့်သင်္ဘောကရေကြောင်းအရာရှိကျော်စိုးမိုးကို သေနတ်နဲ့ပစ်ပြီးလူမမြင်တဲ့နေရာမှာအလောင်းကို လာစွန့်ပစ်တဲ့အမှုနဲ့ပတ်သက်လို့ လာစုံစမ်းတာဖြစ်ကြောင်း ရဲအရာရှိ ဦးကျော်ဇံက ပြောလာပါတယ်။ သဲလွန်စကအစရှာမတွေ့အောင်အတော်လေးပိရိတယ်လို့ဆိုပါတယ်။အလောင်းပစ်တဲ့နေရာမှာဘယ်သူများလာ ကြည့်မလဲဆိုပြီးရဲအစောင့်တွေထားပြီးနေ့စဉ်စောင့်ကြည့်ခဲ့တော့ ဘယ်သူမှရောက်မလာဘဲ ဒီနေ့မှဒေါ်ကေသီတစ်ယောက်ပဲရောက်လာတဲ့အတွက်လာစစ်မေးရတယ်လို့ ဆိုပါတယ်။

▪နောက်ပိုင်းမှာ ကိုသန့်ဇင်ပြန်ရောက်လာပါတယ်။ အမှုမှာ အသက်မသေဘဲအတိတ်မေ့သွားတဲ့ကျော်စိုးမိုးကို မှတ်ဉာဏ်တွေပြန်ရအောင်ကုသပေးရတဲ့ ဆရာဝန်အဖြစ် တာဝန်ယူရပါတယ်။ ရဲအရာရှိ ဦးကျော်ဇံကလည်း မကေသီတို့ကို သိပ်မသင်္ကာတဲ့ပုံပေါ်ပါတယ်။ ကိုသန့်ဇင်က ကျော်စိုးမိုးကို သူ့အိမ်မှာပဲ မေးမြန်းကုသတာတွေလုပ်နေတဲ့အပြင် ရဲအရာရှိ ဦးကျော်ဇံလည်း ရှိနေတတ်တာမို့ မကေသီနဲ့မမြခင်တို့ ကျော်စိုးမိုးက အတိတ်ကိုပြန်မှတ်မိသွားမှာ စိုးရိမ်ထိတ်လန့်နေခဲ့ရပါတယ်။
ဒီလိုနဲ့ ပြန်မှတ်မိမလိုဖြစ်လိုက် ပြန်မေ့သွားလိုက်နဲ့ နောက်ဆုံးကုသဖို့မလွယ်ကူတော့တာကြောင့် ကျော်စိုးမိုးရန်ကုန်ပြန်ဖို့ဖြစ်လာပါတယ်။အမှုမှန်ပေါ်ရေး နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ရဲအရာရှိ ဦးကျော်ဇံက သားလေးအတာကို ဘိုးဘွားအိမ်ကနေသွားခေါ်ပြီး မကေသီတို့အိမ်ရောက်နေတဲ့ ကျော်စိုးမိုးနဲ့ပေးတွေ့လိုက်ပါတယ်။ဖြစ်ချင်တော့ အတာပြန်လာချိန်မှာ သူတို့အိမ်ရှေ့မှာ မျက်လှည့်ဝိုင်းရှိနေပါတယ်။ကလေးက မျက်လှည့်ဆီစိတ်ရောက်နေတာမို့ ကျော်စိုးမိုးကိုသာမန်ပဲနှုတ်ဆက်ပြီး မျက်လှည့်ဝိုင်းဆီပြန်ထွက်သွားပါတယ်။ဒါနဲ့ ရဲအရာရှိ ဦးကျော်ဇံလည်း ဘာမှမထူးတော့ဘူးဆိုပြီးပြန်သွားပါတယ်။ဒီအချိန်မှာပဲ မျက်လှည့်ဝိုင်းထဲမှာယုန်လေးတစ်ကောင်ကိုတွေ့ပြီး အတာကအိမ်ထဲပြန်ဝင်လာရင်း သူ့ယုန်လေးကတော့ အဘိုးအိမ်မှာသေသွားပြီဖြစ်တဲ့အကြောင်း ယုန်လေးကိုအစာကျွေးရင်းအိမ်နားကခွေးကလာကိုက်သွားတာဖြစ်ကြောင်း၊နောက်တစ်ခါယုန်လေးတစ်ကောင်ဝယ်ခဲ့ပေးစေချင်ကြောင်း စသဖြင့်ကျော်စိုးမိုးကို ပြောလာပါတယ်။ဒါကို မကေသီကတွေ့ပြီး စကားလမ်းကြောင်းပြောင်းကာ ကလေးကို မျက်လှည့်ဝိုင်းရှိရာဆီ အတင်းပြန်လွှတ်လိုက်ရပါတယ်။
အဲဒီနေ့မှာပဲ ကိုသန့်ဇင်နဲ့မကေသီတို့က ကျော်စိုးမိုးရန်ကုန်ပြန်ဖို့အတွက် စစ်တွေလေဆိပ်ကို လိုက်ပို့ကြပါတယ်။လေဆိပ်ရောက်တော့ကိုသန့်ဇင်က စာအုပ်နဲ့လက်ဆောင်ပစ္စည်းတချို့သွားဝယ်နေပါတယ်။ အဲဒီအချိန်မှာ ကျော်စိုးမိုးက သူအားလုံးကိုမှတ်မိပြီဖြစ်ကြောင်းနဲ့ အိမ်ထောင်ရှိသူကိုချစ်ကြိုက်မိလို့တောင်းပန်ကြောင်း၊အတာကယုန်လေးအကြောင်းလာပြောချိန်မှာအကုန်မှတ်မိသွားတာဖြစ်ကြောင်း သူမှတ်မိတဲ့ကိစ္စကိုလည်း မကေသီကလွဲလို့ဘယ်သူမှမသိစေရဘူးဆိုတဲ့အကြောင်းစသဖြင့် ပြောလာတာကြောင့် မကေသီကလည်း သူ့ရဲ့လုပ်ရပ်တချို့အတွက်ပြန်တောင်းပန်နေလိုက်ပါတယ်။ သူတို့ အပြန်အလှန်ပြောဆိုနေကြချိန်မှာ နှစ်ဦးစလုံးရဲ့မျက်ဝန်းအိမ်ထဲမှာ မျက်ရည်စတို့ ကိုယ်စီနဲ့ပါ။အဲဒီအချိန်မှာပဲ သူတို့နှစ်ဦးပြောသမျှဇာတ်လမ်းအစအဆုံးဖြစ်ကြောင်းကုန်စင်ကို ကြားသွားတာကတော့ ရဲအရာရှိ ဦးကျော်ဇံပါ။ဦးကျော်ဇံဝင်လာချိန်မှာ မကေသီမေးလိုက်တာကတော့ သေနတ်ပစ်မှုနဲ့ သူ့ကိုဖမ်းတော့မလို့လားဆိုပြီး မေးလိုက်တာဖြစ်ပါတယ်။ဦးကျော်ဇံပြန်ပြောလိုက်တဲ့ စကားတွေကြောင့်ပဲ တိမ်လွှာမို့မို့လွင်ဟာ တချို့မြန်မာဇာတ်ကားတွေလို တစ်ခါလာ မဲပြာပုဆိုး ဘာကြောင့်မဖြစ်ခဲ့သလဲဆိုတာကို အကောင်းဆုံးသက်သေထူလိုက်နိုင်တာပါ။

▪ဦးကျော်ဇံပြောလိုက်တာကတော့အခုလိုပါ။
‘‘ကျွန်တော်တို့မှာတာဝန်၀တ္တရားအရအမှုထမ်းရွက်နေရတယ်ဆိုပေမဲ့ လူသားတို့ရဲ့အကျိုးခံစားခွင့်ကိုတော့ လုံး၀ပေယျာလကန်ပြုထားခြင်းမရှိခဲ့ပါဘူး။အခုဒီကိစ္စမှာလည်း တရားဥပဒေအရ ကျွန်တော်တို့ဆောင်ရွက်ရမယ့်တာဝန်တွေရှိနေပေမဲ့ ဘယ်သူ့ဂုဏ်သိက္ခာ ဘယ်သူ့နာမည်ကိုမှ ထိခိုက်နစ်မွန်းစေခြင်းမရှိရဘဲနဲ့ ကျွန်တော်တို့ထိန်းသိမ်းဆောင်ရွက်သွားဖို့၊ အဲဒါအပြင်ကျွန်တော်တို့လိုနိုင်ငံ့ဝန်ထမ်းတိုင်းက ပြည်သူတိုင်းအပေါ်မှာ ထားရှိကြတဲ့စေတနာပါဗျ။ယုတ်စွအဆုံးပြောရလို့ရှိရင် ဒေါက်တာသန့်ဇင်မသိရှိစေရဘဲနဲ့ ဒီကိစ္စကိုပြီးပြတ်သင့်တယ်။ ပြီးပြတ်သွားအောင်ကျွန်တော်တို့ဆောင်ရွက်ပေးပါမယ်။ ဝမ်းလည်းသာပါတယ်။ဇာတ်လမ်းလည်းပြီးဆုံးပြီမို့ ကျွန်တော်ကပဲနှုတ်ဆက်ထွက်ခွာပေးပါမယ်။’’

▪ရဲအရာရှိ ဦးကျော်ဇံထွက်သွားပြီးသိပ်မကြာခင် ကိုသန့်ဇင်ကလက်ဆောင်တွေနဲ့အတူ ကျော်စိုးမိုးနဲ့မကေသီတို့နားရောက်လာပါတယ်။ကျန်ရစ်ခဲ့သူကိုလက်ပြပြီးထွက်သွားတာမျိုး မခံစားတတ်တာကြောင့် သူလေယာဉ်ပျံပေါ်မတက်ခင် ဒေါက်တာတို့ စောစောပြန်ကြပါလို့ ကျော်စိုးမိုးက တောင်းပန်လာတာမို့ လေယာဉ်မထွက်ခင်မှာပဲ ကိုသန့်ဇင်နဲ့မကေသီတို့ ထွက်လာခဲ့လိုက်ကြပါတယ်။

▪ကျော်စိုးမိုးစီးသွားတဲ့လေယာဉ် ကောင်းကင်ပေါ်ပျံတက်သွားချိန်မှာတော့ ကိုသန့်ဇင်က ‘‘အဲဒီလေယာဉ်ပျံထဲမှာ လူငယ်သလောက်သဘောထားပြည့်၀ပြီး အိမ်ထောင်တစ်ခုမပြိုကွဲမပျက်စီးရအောင် ထိန်းသိမ်းစောင့်ရှောက်ပေးသွားတဲ့ ကျော်စိုးမိုးလေးတစ်ယောက်ပါသွားတယ်ဆိုတာ ခရီးသည်ချင်းသိချင်မှသိကြမယ်’’ လို့ မကေသီကို ပြောလိုက်ပါတယ်။

▪မောင်ဒါတွေသိနေသလားလို့ မကေသီကပြန်မေးတော့ သူသိတယ်ဆိုတဲ့အကြောင်း ပြောလာပါတယ်။ကိုသန့်ဇင်အနေနဲ့ ဓာတ်ပြားပဲ့ကို အိမ်မှာတွေ့စဉ်တုန်းက မကေသီ မြို့ထဲကဝယ်ထားတယ်ဆိုတာနဲ့ မမြခင်ယူဖွင့်ရင်းပဲ့သွားတယ်ဆိုတာကိုပဲ သိထားတာပါ။

▪ဒါပေမဲ့ လေယာဉ်ကွင်းဆိုင်မှာသူစာအုပ်သွားဝယ်တော့ ဆိုင်ရှင်က ဓာတ်ပြားအသစ်တစ်ချပ်ရပြီဖြစ်ကြောင်းနဲ့ ဟိုအရင်တစ်ခါကျော်စိုးမိုးဝယ်သွားတဲ့ဓာတ်ပြားအပဲ့လေးနဲ့အချိန်မီလဲပေးလိုက်ပါရစေဆိုတဲ့အကြောင်း ပြောလာတာကြောင့် သူသိလိုက်တာဖြစ်တယ်လို့ မကေသီကို ပြောလိုက်တာဖြစ်ပါတယ်။

▪မြန်မာရုပ်ရှင်ဇာတ်ကားအများစုမှာတော့ ပြစ်မှုကျူးလွန်သူတွေဟာ သေဆုံးရင်သေဆုံး မသေဆုံးရင် နောက်ဆုံးမှာ အဖမ်းခံရတာနဲ့ပဲအဆုံးသတ်ပါတယ်။ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ တရားခံဘယ်သူလဲပေါ်နေတာတောင် လူ့ဂုဏ်သိက္ခာနဲ့ နှစ်ဖက်အကျိုးကိုငဲ့ပြီး ကျူးလွန်သူကို အရေးမယူဘဲ လွတ်လပ်ခွင့်ပေးခဲ့တာတွေ့ရပါတယ်။ဒါကြောင့်လည်း မဲပြာပုဆိုးမဟုတ်တဲ့ တိမ်လွှာမို့မို့လွင်လို့ တင်စားရတာဖြစ်ပါတယ်။

▪ဇာတ်ကားတစ်ခုလုံးက အပြစ်ပြောစရာလုံး၀မရှိအောင်ကောင်းတဲ့ကားလို့ ပြောလို့မရပေမဲ့ အားနည်းချက်လိုအပ်ချက် နည်းတယ်လို့တော့ တစ်သီးပုဂ္ဂလအမြင်နဲ့ ယူဆမိပါတယ်။တချို့နေရာလေးမှာ ဦးစံရှားလို့ပြောရမယ့်နေရာမှာ ဦးရှန်စားလို့ဖြစ်နေတာလေးတွေ့ရပါတယ်။ဇာတ်ဝင်ခန်းတစ်ခုမှာ သူ့သားကို ရှဉ့် လေးနဲ့သွားကစားလို့ပြောမယ့်အစား ယုန်လေးနဲ့သွားကစားလို့ပြောရင် ဇာတ်လမ်းအရ ပိုလိုက်ဖက်မှာပါ။ဘာလို့လဲဆိုတော့ ဇာတ်လမ်းထဲမှာက သူ့သားလေးမွေးထားတာက ယုန်လေးဖြစ်နေလို့ပါ။ကိုသန့်ဇင်နဲ့ မကေသီတို့က ကျော်စိုးမိုးကို စစ်တွေလေဆိပ်လိုက်ပို့တဲ့အခန်းမှာလည်း ကိုသန့်ဇင်မရှိတုန်း ကျော်စိုးမိုးနဲ့ မကေသီတို့ အပြန်အလှန်စကားတွေပြောကြရင်း မကေသီက ကျော်စိုးမိုးကို မျက်ရည်သုတ်ပေးနေတာတွေ့ရပါတယ်။တကယ်ဆိုရင်အဲဒီအခန်းမျိုးက ဇာတ်လမ်းရဲ့အနှစ်သာရနဲ့တန်ဖိုးကို အနည်းငယ်ထိခိုက်နိုင်တယ်လို့ ယူဆမိပါတယ်။

▪ဘာလို့လဲဆိုတော့ ဒီအမျိုးသားကြောင့်ပဲပြဿနာအကြီးကြီးကြုံတယ်။ ကိုယ့်ခင်ပွန်းရဲ့အထင်လွဲခံရတာမျိုးကြုံရနိုင်သလို လူသတ်အလောင်းဖျောက်မှုနဲ့လည်း အဖမ်းခံရနိုင်တယ်။ဒါတောင် အမှတ်မရှိဘဲ ကိုယ့်ကိုပြဿနာဖြစ်စေခဲ့ပြီး ကိုယ့်အပေါ်မရိုးသားတဲ့ ယောက်ျားတစ်ယောက်ကို လူမြင်ကွင်း လေဆိပ်လိုနေရာမှာ အိမ်ထောင်သည်မိန်းမတစ်ယောက်အနေနဲ့ မျက်ရည်သုတ်ပေးနေပြန်ပါတယ်။ ဒီဇာတ်ဝင်ခန်းကိုတော့ မကြိုက်မိပါဘူး။

▪နောက်ဆုံး ဇာတ်လမ်းပြီးခါနီးမှာလည်း ကျော်စိုးမိုးနဲ့ မကေသီတို့အကြောင်းကို ကိုသန့်ဇင် သိသွားရတဲ့ အကြောင်းပြချက်က သိပ်ပြီးလုံလောက်ခိုင်မာမှုမရှိတာတွေ့ ရပါတယ်။ ဆိုင်ရှင်က ဓာတ်ပြားအသစ်တစ်ချပ်ရပြီဆိုတာရယ်၊ ဟိုအရင်တစ်ခါကျော်စိုးမိုးဝယ်သွားတဲ့ဓာတ်ပြား အပဲ့လေးနဲ့အချိန်မီလဲပေးလိုက်ပါရစေဆိုတာရယ် ဒီနှစ်ကြောင်းလောက်ပြောရုံနဲ့ မကေသီ၊မမြခင်နဲ့ ကျော်စိုးမိုးတို့ကြားက ပြဿနာကိစ္စရပ်အ၀၀ကိုခန့်မှန်းမိဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။အဲဒီနေရာလေးကလည်း သဘာ၀ယုတ္တိသိပ်မရှိဘူးလားလို့ ထင်မိပါတယ်။

▪ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တိမ်လွှာမို့မို့လွင်ဇာတ်ကားတစ်ခုလုံးမှာက အားနည်းချက်ထက် တခြားအားသာချက်တွေ ဇာတ်လမ်းဇာတ်အိမ်ခိုင်တာတွေအပြင် ကြည့်ရှုသူပရိသတ်တွေအတွက်အဆိပ်မဖြစ်ရလေအောင် ပညာပေးသဘောလေးတွေကို အတတ်နိုင်ဆုံးထည့် သွင်းရိုက်ကူးထားတာမို့ ချီးကျူးရမယ့်တကယ့်ရုပ်ရှင်ကားကောင်းတစ်ကားပါ။ဒါပေမဲ့ ဒီရုပ်ရှင်ဇာတ်ကားထဲက ဇာတ်လမ်းအကြောင်းအရာတွေကို ပိုမိုချိတ်ဆက် အသေးစိတ်သိရှိနိုင်ဖို့ဆိုရင်တော့ မကြည့်ရသေးတဲ့သူတွေအတွက် ကိုယ်တိုင် ကြည့်လိုက်တာက အကောင်းဆုံးပါပဲလို့ ပြောလိုက်ပါရစေ…

MyanmarMicroFilm #WinOo #TeinHlyorMohMohLwin #MyintMyintKhin #KhinLaySwe #AungLwin

From Wikipedia, the free encyclopedia

This article is about the 1966 film. For the albums, see Moment to Moment (The Jazztet album) and Moment to Moment (Houston Person album).Moment to MomentDirected byMervyn LeRoyScreenplay byJohn Lee Mahin
Alec CoppelBased on”Laughs with a Stranger”
by Alec Coppel story byProduced byMervyn LeRoyStarringJean Seberg
Honor Blackman
Sean GarrisonCinematographyHarry StradlingEdited byPhilip W. AndersonMusic byHenry ManciniColor processTechnicolor

Production
company

Mervyn LeRoy ProductionsDistributed byUniversal Pictures

Release dates

  • January 27, 1966(Miami, Florida)

Running time108 minutesCountryUnited StatesLanguageEnglishBox office$1 million (est. US/ Canada rentals)[1]

Moment to Moment is a 1966 American neo-noir psychological thriller film directed by Mervyn LeRoyand starring Jean SebergHonor Blackman and Sean Garrison.[2]

Plot

Kay Stanton lives on the French Riviera with her psychiatrist husband Neil Stanton and son Tommy. One day while Neil is away, Kay meets American naval ensign Mark, and they begin an affair. Kay realizes that she does love her husband and tries to discontinue the relationship. While arguing with Mark, Kay accidentally shoots him. With the help of her friend Daphne, she dumps Mark’s body into a ravine and then calls the police anonymously to report its location.

Later, the police ask Neil to help an amnesiac gunshot victim. The man is revealed to be Mark, who regains his memory but does not betray Kay. Neil realizes the truth as well but is certain that his wife really loves him.

Cast

Production

The film was based on a story by Alec Coppel that had been purchased by Mervyn LeRoy,[3] who described the film as a “woman’s picture.”[4]

LeRoy faced difficulty casting the lead roles because “… it’s so hard to find actresses who really look like ladies.” Jean Seberg was selected for the part of Kay, but she had not acted in a Hollywood film for several years.[5][6] Other candidates for the role included Grace KellyAudrey Hepburn and Julie Andrews.[4]

Honor Blackman was cast on the basis of her success in Goldfinger. “If I’m ever to make an international name, now is the time to cash in on it,” said Blackman.[4]Arthur Hill was cast after his recent Broadway success in Who’s Afraid of Virginia Woolf?. Sean Garrison had just toured around the country in a production of Camelot and signed long-term contracts with LeRoy and Universal. LeRoy found difficulty casting the male roles, saying, “There are few young men who really look manly.”[4][7]

Shooting occurred partly on location in the South of France in NiceMouginsCannes and Saint-Paul-de-Vence, but most filming occurred at Universal Pictureson a $350,000 set designed to resemble the French Riviera.[8] Costumes were provided by Yves Saint Laurent.

The film’s title song was written by Henry Mancini and Johnny Mercer.

Reception

In a contemporary review for The New York Times, critic Howard Thompson wrote: “[A] good, tingling plot manages to flesh out some persuasive characterizations and convincing human behavior—up to a point.” Thompson criticized the film’s plot and direction: “Having transported, with the aid of her neighbor, Miss Blackman, the body of Mr. Garrison into the woods, why would the otherwise sensible heroine drive back to the site, poke and pry around and lead the police straight back to the villa? It’s hard to forgive her fatal curiosity or stupidity. … If only Mr. LeRoy had run a tight wire through his handsome production. Instead, his direction is rather slack and circular, like a standard fishing reel. The bait is all there, but don’t expect to be hooked.”[9]

See also

References

  1.  “Big Rental Pictures of 1966”, Variety, 4 January 1967 p 8
  2.  Leroy, Mervyn (Aug 29, 1965). “Moviemaker Wants to Know: Where Has Love Gone?”. Los Angeles Times. p. b9.
  3.  Tinee, Mae (Oct 18, 1964). “‘Lilith’ Producer Uses Varied Sites”. Chicago Tribune. p. g11.
  4.  “Romance Rides High in MomentThe Pittsburgh Press. Jan 26, 1966. p. 17. Retrieved 7 September 2014.
  5.  Alpert, Don (Feb 14, 1965). “Jean Seberg: Out of Fiery Furnace”. Los Angeles Times. p. B4.
  6.  PETER BART (Mar 21, 1965). “Paris to Hollywood With No Stop at Marshalltown”. New York Times. p. X11.
  7.  Hopper, Hedda (May 25, 1965). “Looking at Hollywood: Sean Garrison of TV, Stage Set for Films”. Chicago Tribune. p. A1 – via ProQuest.
  8.  Scheuer, Philip K. (Jan 26, 1965). “Tad Mosel Scripts ‘Wapshot Scandals’: Cheever Novels Combined; Cannes ‘Moment to Moment'”. Los Angeles Times. p. c7.
  9.  Thompson, Howard (1966-03-03). “Screen: Suspense Drama”. The New York Times. p. 28.

External links

Films directed by Mervyn LeRoy

Works by Alec Coppel

Categories